← Chapters

လက်သီးတစ်လုံးရဲ့ ပြင်းအား

Vol. 6 Ch. 79

လက်သီးတစ်လုံးရဲ့ ပြင်းအား

Vol. 6 Ch. 79

~“အစ်ကို ဖုန်း … အစ်ကိုလျိုက ဖန်ထျန်းတောင်ကြားထဲမှာ ရှိမရှိမှ မသေချာတာ၊ ကျွန်မတို့ ဒီအတိုင်းပဲ ဖန်ထျန်းတောင်ကြားကို သွားကြမှာလားဟင်” တောင်ပေါ်မှ ဆင်းလာသော လမ်းတွင် မြောင်ချင်းချင်းက စိတ်ပူဟန်ဖြင့် မေးလိုက်သည်။

ဖုန်းဝူချန်နှင့် အခြားသူများ ဖန်ထျန်းတောင်ကြားသို့ သွားလျှင် ဘာဖြစ်မည်ကို ထားလိုက်ဦး၊ ထိုနေရာသို့ သွားရာ ခရီးလမ်းသည်ပင် ချောမွေ့မည် မဟုတ်ချေ။

ဖုန်းဝူချန်ကို သတ်ရန် လူလွှတ်ခဲ့သော အင်အားစုများသည် ပထမအကြိမ် မအောင်မြင်ခဲ့လျှင်တောင် ဒုတိယအကြိမ် ကြိုးစားဦးမည်မှာ သေချာသည်။ ဖုန်းဝူချန် ပေါ်လာသည်နှင့် သူ့ကိုသတ်လိုသော အင်အားစုများက လူလွှတ်၍ သတ်ဖြတ်ကြပေလိမ့်မည်။

“ဒါဆို ဘာလုပ်ရဦးမှာလဲ”

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

သူ သိပ်ပြီး စိုးရိမ်မနေခဲ့ပါ။

သူတို့ ထျန်းယွင်တောင် ပတ်ဝန်းကျင်အားလုံးကို ရှာဖွေခဲ့ကြသော်လည်း လျိုချင်းယန်၏ တည်နေရာကို မတွေ့ခဲ့ကြချေ။ ဖုန်းဝူချန် သံသယရှိသော တစ်ခုတည်းသော နေရာမှာ ဖန်ထျန်းတောင်ကြားသာ ဖြစ်တော့သည်။

လျိုချင်းယန် ဖန်ထျန်းတောင်ကြားထဲတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ.. သွား၍ အတည်ပြုရပေမည်။

မြောင်ချင်းချင်းသည် တစ်လကျော်တိုင် စောင့်ဆိုင်းခဲ့ပြီး လက်မလျှော့ခဲ့ပေ။ သူ့တွင် လက်လျှော့ရန် အကြောင်းပြချက် မည်သို့ ရှိနိုင်ပါမည်နည်း။

“အစ်ကို ဖုန်း … တကယ်ပဲ စိတ်မပူဘူးလားဟင်”

မြောင်ချင်းချင်းက ဖုန်းဝူချန်ကို သံသယဖြင့် ကြည့်လိုက်သော်လည်း ဆက်မမေးတော့ပေ။

ဖုန်းဝူချန်၏ နောက်ကျောကို ကြည့်ရင်း မြောင်ချင်းချင်းမှာ အတော်ပင် စိတ်လှုပ်ရှားသွားခဲ့ရ၏။

ဖုန်းဝူချန်သည် ခင်မင်မှုနှင့် သစ္စာတရားကို တန်ဖိုးထားသူ ဖြစ်သည်။ လျိုချင်းယန်အတွက် သူသည် ဝိညာဉ်ခွဲဆေးလုံးကို မျိုချရန် စွန့်စားခြင်းနှင့် လင်ယွင်ချုံးနှင့် အသက်စွန့် တိုက်ခိုက်ခြင်းတို့ကို မဆိုင်းမတွ ပြုလုပ်ခဲ့သည်။ ယခုလည်း သူသည် လျိုချင်းယန်အတွက် ဖန်ထျန်းတောင်ကြားသို့ သွားရန် စွန့်စားနေဆဲပင်။

မြောင်ချင်းချင်း စကားမပြောသည်ကို မြင်သောအခါ ဖုန်းဝူချန်က အရှိန်လျှော့လိုက်ပြီး ခပ်ပေါ့ပေါ့ ဆိုလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်ရမှာပဲ။ ဓားတောင် မီးပင်လယ် ဖြစ်နေရင်တောင် ငါ သွားမယ်"

ဤစကားကို ကြားသောအခါ မြောင်ချင်းချင်းမှာ မျက်ရည်မထိန်းနိုင်တော့ချေ။

“အစ်ကိုလျို အသက်ရှင်နေသေးတယ်လို့ ကျွန်မ ယုံတယ်”

မြောင်ချင်းချင်းက ရှိုက်ကြီးတငင် ငိုရင်း ပြောလိုက်သည်။

…..

အမည်မသိ အင်အားစု တစ်ခု၏ မြေအောက်ထောင်ထဲတွင် လူတစ်ယောက်သည် ကြာပွတ်ရှည် တစ်ချောင်းကို ကိုင်ဆောင်လျက် လက်ခြေများ သံကြိုးခတ်ခံထားရသော လူငယ် တစ်ယောက်ကို အရူးအမူး ရိုက်နှက်နေ၏။

သူ၏ ဆံပင်ရှည်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ထိုလူငယ်၏ တစ်ကိုယ်လုံးတွင် သွေးစွန်းနေသော ကြာပွတ်ရာများ ပြည့်နှက်နေသည်။

သွေးမည်းညစ်များနှင့် သွေးခဲများမှာလည်း ရှိနေဆဲပင်။ ထင်ရှားစွာပင် သူသည် အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပေသည်။

ထိုလူငယ်မှာ ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက် ခံထားရသည်။ သူ၏ ဖြူဖျော့သော မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး နှုတ်ခမ်းများမှာ အလွန်တရာ ခြောက်သွေ့ကာ ကွဲအက်လျက် ရှိ၏။ သူသည် သေလုမျောပါး အခြေအနေသို့ ရောက်နေလေပြီ။

ကြာပွတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခံရသော်ငြား ထိုလူငယ်မှာ အော်ဟစ်နိုင်စွမ်း မရှိတော့ချေ။

“တော်ပြီ၊ ရပ်လိုက်တော့။ ဆက်ရိုက်နေရင် သူ သေသွားလိမ့်မယ်”

လူငယ် တစ်ယောက် မြေအောက်ထောင်ထဲမှ ထွက်လာခဲ့သည်။ သူ၏ ချောမောသော မျက်နှာမှာ အေးစက်ပြီး မောက်မာနေ၏။

သူက မာနကြီးစွာ ပြောလိုက်သည်။

“သူက ငါတို့အတွက် အသက်ကယ် ဂါထာပဲ"

“သခင်လေး..”

မြေအောက်ထောင်ထဲတွင် ထိုလူငယ် ပေါ်လာသည်နှင့် လူတိုင်းက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော် အရွယ်ခန့် ရှိပေမည်။ သူ၏ ဆံပင်နက်ရှည်များက ပခုံးပေါ်တွင် ဝဲကျနေပြီး သူသည် လှပသော အပြာရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ချမ်းသာပြီး ဂုဏ်သရေရှိသူ ဖြစ်ကြောင်း သိနိုင်ပေသည်။

“မင်း… မင်း ဘယ်… ဘယ်သူလဲ.. ဘာ… ဘာလိုချင်တာလဲ..”

ညှဉ်းပန်း နှိပ်စက်ခံနေရသော လူငယ်က သူ၏ ဦးခေါင်းကို အားယူ မော့လိုက်ပြီး ထိုလူငယ်ကို မျက်လုံးတစ်ဝက်ဖွင့်ကာ အားယူ မေးလိုက်သည်။

“ဆရာဖုန်းသာ အသက်ရှင်နေသရွေ့တော့ မင်း အလင်းရောင်ကို ဘယ်တော့မှ ပြန်မြင်ရမှာ မဟုတ်ဘူး”

ထိုလူငယ်က မာနကြီးစွာ လှောင်ပြောင်လိုက်သည်။

“ဖျန်း..”

သူ စကားဆုံးသည်နှင့် ထိုလူငယ်၏ လက်ဝါးက သံကြိုးခတ်ခံထားရသော လူငယ်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။

‘ဘုန်း’ ခနဲ အသံနှင့်အတူ သံကြိုးခတ်ခံထားရသော လူငယ်မှာ ချက်ချင်း သတိလစ်သွားတော့၏။

“သခင်လေး၊ ဒီကောင်လေးရဲ့ ဒဏ်ရာတွေက အရမ်းမြန်မြန် ပြန်ကောင်းနေတယ်။ ဘာဖြစ်လို့လဲ မသိဘူး” လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်

ထိုလူငယ်က လှောင်ပြောင်လိုက်သည်။

“သူ့ကို ထပ်ပြီး ဒဏ်ရာရအောင် လုပ်လိုက်ပေါ့။ ဒါပေမဲ့ မနက်ဖြန်ကစပြီး သတိထားရမယ်။ ခုနက လက်ဝါးချက်က သူ့သွေးကြောတွေကို ဖရိုဖရဲ ဖြစ်သွားစေပြီ။ သူ ရူးသွပ်ပြီး ကြမ်းတမ်းလာလိမ့်မယ်”

“ဟုတ်ကဲ့ပါ.. သခင်လေး..”

လူအများအပြားက လေးစားစွာ ပြန်ဖြေလိုက်ကြသည်။

…..

ဖန်ထျန်းတောင်ကြား၏ တောင်ခြေတွင် ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။

သူတို့ လမ်းတစ်လျှောက်တွင် အားကောင်းသော ရန်သူများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း အားလုံးကို ဖုန်းဝူချန်က သတ်ဖြတ်ပစ်ခဲ့သည်။ တစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိခဲ့ချေ။

ယခု ဖုန်းဝူချန်၏ ကျင့်ကြံမှုမှာ အသွင်ပြောင်းဘုံ ဆဌမအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ တကယ့်အစွမ်းသတ္တိမှာ အသွင်ပြောင်းဘုံ နဝမအလွှာနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သူ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

“ဖန်ထျန်းတောင်ကြားက တကယ်ပဲ အင်အားကြီး အဖွဲ့အစည်းပဲ။ သူတို့မှာ တကယ်ပဲ ဒီလောက်များတဲ့ ကျွမ်းကျင်သူတွေ ရှိနေတာကိုး။ ရွှမ်းထျန်းဂိုဏ်းနဲ့ တိုက်ခိုက်ဖို့ အင်အားရှိတာတော့ အမှန်ပဲ”

သူတို့ ဖန်ထျန်းတောင်ကြား၏ တောင်တန်းဂိတ်သို့ ရောက်ရှိလာသောအခါ ဖုန်းဝူချန်က အမှုမထားသလို မှတ်ချက်ပေးလိုက်သည်။

ဖန်ထျန်းတောင်ကြားမှ ပျံ့နှံ့ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါမှ ဖန်ထျန်းတောင်ကြား၏ အင်အားကို မြင်တွေ့နိုင်ပေသည်။

“အစ်ကို ဖုန်း ၊ ဖန်ထျန်းတောင်ကြားရဲ့ အင်အားက ရွှမ်းထျန်းဂိုဏ်းပြီးရင် ဒုတိယလိုက်တယ်။ သူတို့က ကျွန်မတို့ ယွင်ကျိုးနယ်မှာ ဒုတိယ အင်အားအကြီးဆုံး အဖွဲ့အစည်းပဲ” မြောင်ချင်းချင်းက ပြောလိုက်သည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

“ရပ်.. မင်းတို့နှစ်ယောက် ဘယ်သူတွေလဲ..”

ဖုန်းဝူချန်နှင့် မြောင်ချင်းချင်း ပေါ်လာသည်ကို မြင်သောအခါ တောင်တန်းကို စောင့်ကြပ်နေသော တပည့်က သူတို့ကို တားဆီးကာ မေးလိုက်ခြင်း ဖြစ်သည်။

“ဆရာဖုန်းက ဖန်ထျန်းတောင်ကြားရဲ့ တောင်ကြားသခင်ကို တွေ့ခွင့်တောင်းပါတယ်..”

ဖုန်းဝူချန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဆရာဖုန်း..” တပည့်နှစ်ယောက်မှာ အစပိုင်းတွင် မှင်တက်သွားကြပြီးနောက် သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဝမ်းမြောက်မှုနှင့် လေးစားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

သူတို့ထဲမှ တစ်ယောက်က လေးစားစွာ ပြန်ပြောလိုက်၏။ “ဆရာဖုန်း၊ ကျေးဇူးပြုပြီး ကြွပါ.. ကျွန်တော် တောင်ကြားသခင်ကို ချက်ချင်း သတင်းပို့လိုက်ပါ့မယ်..”

“တောင်ကြားသခင်.. အကြီးအကဲ.. ဆရာဖုန်း ရောက်လာပါပြီ.. ဆရာဖုန်း ရောက်လာပါပြီ..”

အခြားတပည့်တစ်ယောက်မှာ စိတ်လှုပ်ရှားစွာဖြင့် အတွင်းသို့ ပြေးဝင်သွားပြီး ပြေးရင်း အော်ဟစ်နေတော့သည်။

“ဆရာဖုန်း..”

တောင်ကြား၏ ရင်ပြင်တွင် တပည့်များစွာမှာ တောင်တန်းဂိတ်ဘက်သို့ အံ့ဩတကြီး ကြည့်လိုက်ကြသည်။ သူတို့အားလုံး အလွန် အံ့အားသင့်နေကြ၏။

ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ လျှောက်လှမ်းဝင်ရောက်လာသောအခါ ဖန်ထျန်းတောင်ကြားမှ တပည့်များစွာက သူတို့ကို ဝန်းရံလိုက်ကြသည်။

“သူက ယွင်ကျိုးနယ်ကို တုန်လှုပ်စေခဲ့တဲ့ ဆရာဖုန်းလား.. သူ ငါနဲ့ အသက်အတူတူလောက်ပဲ ရှိတာပဲ..”

“သူပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဘယ်သူက ဆရာဖုန်းလို့ ဟန်ဆောင်ပြီး ငါတို့ ဖန်ထျန်းတောင်ကြားကို လာရဲမှာလဲ..”

“အသွင်ပြောင်းဘုံ ဆဌမအလွှာ.. တော်တော် အားကောင်းတဲ့ ကျင့်ကြံမှုပဲ။ စီနီယာ အစ်ကိုလင်ကို သူသတ်ခဲ့တာ မဆန်းတော့ပါဘူး။ ဆရာဖုန်းက ပါရမီရှင်တွေထဲက ပါရမီရှင်ပဲ..”

ဖန်ထျန်းတောင်ကြားမှ တပည့်များစွာမှာ စိတ်လှုပ်ရှားနေကြသော်လည်း အချို့တပည့်များ၏ မျက်လုံးများတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များလည်း ရှိနေခဲ့သည်။

သူတို့သည် ဆရာဖုန်း၏ ‘စိတ်တစ်ချက်ဖြင့် အောင်မြင်ခြင်း’ ဟူသော ကျော်ကြားမှုကို ကြားဖူးကြသည်။

လင်ယွင်ထျန်းကို ဆရာဖုန်းက သတ်ခဲ့သည်ကိုလည်း သူတို့ သိကြ၏။

သို့သော် ဆရာဖုန်း၏ တကယ့်မျက်နှာကို မည်သူမျှ မမြင်ဖူးခဲ့ကြပေ။

ယနေ့တော့ သူတို့ နောက်ဆုံးတွင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

“ဟမ့်..”

တပည့်များစွာ စိတ်လှုပ်ရှားနေချိန်တွင် လေးလံသော အေးစက်သည့် ဟမ့်ခနဲ အသံတစ်ခုက ရုတ်တရက် သူတို့ကို ကြောက်လန့်တကြား ပါးစပ်ပိတ်သွားစေခဲ့သည်။

“ဆရာဖုန်းက ညီလေးလင်ကို သတ်ခဲ့တာ မမေ့ကြနဲ့.. သူက ငါတို့ ဖန်ထျန်းတောင်ကြားရဲ့ ရန်သူပဲ..” ပါရမီရှင် တပည့်တစ်ဦးနှင့်တူသော လူငယ်တစ်ယောက်က အေးစက်စွာ ဟမ့်ခနဲအော်လိုက်ပြီး သူ၏ အေးစက်သော အကြည့်ကို ဖုန်းဝူချန်ထံသို့ ပစ်လွှတ်လိုက်သည်။

‘ဟမ့်.. ငါ လင်ယွင်ထျန်းကို မကျေနပ်တာ ကြာပြီ။ မောက်မာပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ကောင်၊ သတ်ခံရတာ ထိုက်တန်တယ်’

အချို့တပည့်များက စိတ်ပျက်စွာ တီးတိုးရေရွတ်

လိုက်ကြသော်လည်း အသံကျယ်ကျယ် ပြောမထွက်ရဲကြပေ။

လင်ယွင်ထျန်းသည် ဖန်ထျန်းတောင်ကြား၏ ပါရမီရှင် တပည့်တစ်ဦး မဟုတ်သော်ငြားလည်း သူသည် တပည့်အားလုံး၏ ကြိုဆိုခြင်းကို မခံခဲ့ရပုံ ပေါ်သည်။

ဖုန်းဝူချန်နှင့် မြောင်ချင်းချင်းတို့ တောင်ကြား၏ ရင်ပြင်သို့ ရောက်ရှိလာသောအခါ တပည့်တစ်ယောက်က သူတို့ကို ချက်ချင်း တားဆီးလိုက်သည်။

“ဆရာဖုန်း၊ ညီလေးလင်ကို သတ်ပြီးသွားတာတောင် ဖန်ထျန်းတောင်ကြားကို လာရဲသေးတယ်ပေါ့ ဟုတ်လား..” ထိုလူက အေးစက်စွာ မေးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ထိုလူမှာ မလိုလားအပ်သော ဟန်ပန်ရှိသည်ကို မြင်သောအခါ ဖုန်းဝူချန်က လှောင်ပြောင်လိုက်ပြီး ဆိုလိုက်၏။ “သူက သေလမ်းရှာခဲ့တာပဲလေ။ ငါ ဘာလို့ မလာရဲရမှာလဲ.. ဘာလဲ.. မင်းက သူ့အတွက် လက်စားချေချင်လို့လား..”

“ဒါ ငါတွေးနေတာ အတိအကျပဲ..” ထိုလူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချက်ချင်း တိုက်ခိုက်မည့် ဟန်ပန်ပြုလိုက်သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ကွဲထွက်လာ၏။

“အသွင်ပြောင်းဘုံ အဌမအလွှာပဲ၊ မဆိုးပါဘူး။ စလိုက်လေ” ဖုန်းဝူချန်က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။

“ကိုယ့်အစွမ်းကိုယ် မသိဘူး..” မြောင်ချင်းချင်းက ခေါင်းခါလိုက်ပြီး အလိုအလျောက် ဘေးသို့ ဆုတ်သွား၏။

ထိုလူ၏ မျက်နှာမှာ ပုပ်သိုးသွားပြီး သူ၏ အသွင်ပြောင်းဘုံ အဌမအလွှာ အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။

ရင်ပြင်မှ ဖုန်မှုန့်များ လေထဲသို့ လွင့်တက်သွားပြီး တပည့်အားလုံး နောက်သို့ ဆုတ်သွားကြသည်။

“ဝူခွန်း.. ရပ်လိုက်.. ဆရာဖုန်းကို မရိုင်းစိုင်းနဲ့..”

ဤအခိုက်အတန့်တွင် စုယွမ်ရှန်းနှင့် အကြီးအကဲ အနည်းငယ်တို့ ခန်းမထဲမှ ထွက်လာခဲ့ကြသည်။ အကြီးအကဲတစ်ဦးက ဝူခွန်းကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“ဆရာဖုန်း၊ ကျုပ် အပြင်ထွက် မကြိုဆိုမိတာကို ခွင့်လွှတ်ပါ” စုယွမ်ရှန်းက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပြုမူနေ

လေ၏

အပေါ်ယံ မျက်နှာပန်းတွင် ထိုသို့ ပြုမူနေသော်လည်း စိတ်ထဲတွင်မူ တွေးတောနေခဲ့သည်။

'အသွင်ပြောင်းဘုံ ဆဌမအလွှာပဲ။ ဒီကောင်လေးရဲ့ ကျင့်ကြံမှု မြန်နှုန်းက တော်တော် ကြောက်စရာကောင်းတာပဲ။ ဒီအတိုင်း ဆက်သွားနေရင် ဖန်ထျန်းတောင်ကြားက အခြေအနေကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ လင်ယွင်ချုံး ကျရှုံးသွားပြီနဲ့ တူတယ်'။

လင်ယွင်ချုံး ထွက်သွားသည်မှာ နှစ်လနီးပါး ရှိနေပြီ ဖြစ်ပြီး ပြန်မလာသေးပေ။ စုယွမ်ရှန်းက လင်ယွင်ချုံး သတ်ဖြတ်ခံလိုက်ရပြီဟု ခန့်မှန်းမိလိုက်သည်။

ပြီးတော့ လင်ယွင်ချုံးကို သတ်လိုက်သူမှာ ဖုန်းဝူချန်သာ ဖြစ်ရမည်။

“တောင်ကြားသခင်စု ကျွန်တော့်ရဲ့ ရုတ်တရက် အလည်အပတ်ကို စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်” ဖုန်းဝူချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

ထိုစဉ် စုယွမ်ရှန်းက ဝူခွန်းကို ကြည့်လိုက်ပြီး ဆူပူလိုက်သည်။

“ဝူခွန်း၊ သွားတော့..”

“တောင်ကြားသခင်.. ကျွန်တော် ညီလေးလင်အတွက် လက်စားချေချင်ပါတယ်..”

ဝူခွန်းက ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူ ဖုန်းဝူချန်ကို ရင်ဆိုင်ရန် အမိန့်ကိုပင် ဖီဆန်လိုစိတ် ရှိနေသည်။

သူက ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်၏။

“ငါနဲ့ တိုက်ခိုက်ရဲလား..”

“ဒီလိုဖြစ်မှတော့ စလိုက်လေ” ဖုန်းဝူချန်က မထီတရီ ပြုံးလိုက်သည်။

စုယွမ်ရှန်းနှင့် အခြားအကြီးအကဲများက သူ့ကို မတားဆီးခဲ့ကြပေ။ သူတို့လည်း ဖုန်းဝူချန် မည်မျှ အားကောင်းသည်ကို သိချင်နေကြသည်။

“ဒီကောင်လေး သတ္တိရှိသားပဲ။ လင်ယွင်ထျန်းကို သတ်ပြီးတာတောင် ဖန်ထျန်းတောင်ကြားကို လာရဲသေးတယ်။ သူ ပြန်မထွက်နိုင်မှာ မကြောက်ဘူးလားမသိဘူး..”

အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများတွင် မမြင်နိုင်သော ကြမ်းတမ်းမှု အရိပ်အယောင် တစ်ခု လင်းလက်သွားသည်။

ရင်ပြင်ပေါ်တွင် ဝူခွန်းက သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ယွမ်အားလုံးကို လှည့်ပတ်လိုက်ပြီး ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ် ချီစွမ်းအင်တစ်ခု လေပြင်းကဲ့သို့ ပျံ့နှံ့ထွက်သွား၏။ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လှသည်။

ဖုန်းဝူချန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ၏ ညာလက်က အနီရောင် မီးလျှံဓားကို မသိလိုက်မသိဘာသာ ထုတ်ယူထားပြီး ဖြစ်သည်။

“ဝုန်း..”

ဝူခွန်းက ပြင်းထန်စွာ ဦးခေါင်းမော့လိုက်ပြီး ဖုန်းဝူချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ မကြာမီ ‘ဝုန်း’ ခနဲ အသံနှင့်အတူ ဝူခွန်းသည် အံ့မခန်း မြန်နှုန်းဖြင့် ပေါက်ကွဲထွက်သွားတော့သည်။

ဝူခွန်းသည် ဘယ်ညာ ယိမ်းနွဲ့ကာ သူ၏ တိုက်ခိုက်ဟန်ပန်ကို အဆက်မပြတ် ပြောင်းလဲနေသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်တရာ ခန့်ညားလှပ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ ဖုန်းဝူချန်အနီးသို့ ချဉ်းကပ်သွားသောအခါ အနီရောင် မီးလျှံဓားသည် သူ၏ နဖူးကို ချိန်ရွယ်ထားပြီးဖြစ်သည်ကို သူ တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ အကယ်၍ ၎င်းသာ လက်မဝက်ခန့် ရှေ့သို့ တိုးဝင်သွားခဲ့လျှင် ဝူခွန်း အသက်ဆုံးရှုံးသွားပေလိမ့်မည်။

ဝူခွန်းက ဓားသွားထိပ်ကို လှမ်းကြည့်ရင်း မှင်တက်နေမိသည်။ သူ၏ မျက်နှာမှာ ချက်ချင်း သုန်မှုန်သွား၏။ သူ၏ ခန္ဓာကိုယ် နောက်တစ်ကြိမ် ယိမ်းနွဲ့ကာ ဖုန်းဝူချန်ကို ပတ်၍ လှည့်ပတ်လိုက်သည်။

ဝူခွန်းသည် သူ၏ မြန်နှုန်းအပေါ် အလွန် ယုံကြည်မှုရှိပုံရသည်။

သို့သော် ဝူခွန်းကို စိတ်ပျက်ပြီး တုန်လှုပ်သွားစေသည်မှာ သူ မည်သည့်ဘက်မှ တိုက်ခိုက်လိုသည်ဖြစ်စေ ဖုန်းဝူချန်က သူ့ထက် တစ်လှမ်း ပိုမြန်နေခြင်းပင်။ အနီရောင် မီးလျှံဓားက သူ့ကို ချိန်ရွယ်ထားဆဲပင်။

“မင်း အကြိမ်တစ်ရာ ကြိုးစားရင်တောင် အသုံးမဝင်ဘူး..” ဖုန်းဝူချန်က ဘယ်ဘက်မှ ဝူခွန်းကို ကြည့်ရင်း အမူအရာကင်းမဲ့စွာ ဆိုလိုက်သည်။

ဖန်ထျန်းတောင်ကြားမှ တပည့်အားလုံး မှင်တက်သွားကြသည်။

စုယွမ်ရှန်းနှင့် အကြီးအကဲများလည်း မှင်တက်သွားကြ၏။ ဖုန်းဝူချန် လုံးဝ မလှုပ်ရှားဘဲ ဝူခွန်း၏ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

“ဒါ မဖြစ်နိုင်ဘူး..” ဝူခွန်းက ယောင်ယမ်းကာ ခေါင်းခါလိုက်သည်။ သူ၏ မျက်လုံးများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။

မြန်နှုန်း၌ အမြဲတမ်း ထူးချွန်ခဲ့သော ဝူခွန်းသည် သူ၏ ကိုယ်ပိုင်မြန်နှုန်းအပေါ် အတော်အတန် ယုံကြည်မှုရှိခဲ့သည်။ သို့သော် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ၎င်းမှာ လုံးဝ အသုံးမဝင်ခဲ့ချေ။ သူ ဤသည်ကို မည်သို့ လက်ခံနိုင်ပါမည်နည်း။

“မင်းရဲ့ အင်အားက အရမ်းနည်းလွန်းတယ်။ လင်ယွင်ချုံးကတော့ အင်အားနည်းနည်း ရှိသားပဲ” ဖုန်းဝူချန်က လှောင်ပြောင်သလို ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။

ဤစကားကို ကြားသောအခါ စုယွမ်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ဆိုလိုက်သည်။ “လင်ယွင်ချုံးကို သူ တကယ်ပဲ သတ်ခဲ့တာပဲ.. ဒီကောင်လေးရဲ့ အစွမ်းက တကယ်ပဲ ကြောက်စရာကောင်းတာပဲ..”

အကြီးအကဲများလည်း တုန်လှုပ်သွားကြပြီး အခြားတပည့်များမှာမူ နားမလည်နိုင် ဖြစ်နေကြသည်။

“အင်အားက အရမ်းနည်းလွန်းတယ်..” ဝူခွန်းမှာ ဤစကားများကြောင့် ချက်ချင်း ဒေါသထွက်သွားသည်။ သူ၏ ခန္ဓာကိုယ် တုန်ရီလာပြီး ဒေါသလှိုင်းတစ်ခု သူ၏ နှလုံးသားထဲသို့ တိုးဝင်လာ၏။

အပြာရောင် သွေးကြောများ သူ၏ မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာပြီး သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေတော့သည်။ ဝူခွန်းက ဒေါသတကြီး ဆိုလိုက်၏။ “ငါ့ကို အင်အားနည်းလွန်းတယ်လို့ ပြောရဲတယ်ပေါ့..”

ဝူခွန်း တိုက်ခိုက်တော့မည် အပြုတွင် ဖုန်းဝူချန်က ရုတ်တရက် တိုက်ခိုက်မှုတစ်ခု စတင်လိုက်သည်။ သူ၏ မြန်နှုန်းမှာ တောင်တစ်လုံးကဲ့သို့ လျင်မြန်လှ၏။ လက်သီး တစ်လုံး ဝူခွန်း၏ ဝမ်းဗိုက်သို့ ချိန်ရွယ်ပစ်သွင်းလိုက်ခြင်း ဖြစ်၏။

ဘုန်း..

ဝေါ့..

‘ဘုန်း’ ခနဲ အသံနှင့်အတူ ပြင်းထန်သော စွမ်းအားက ဝူခွန်းကို တုန်ခါသွားစေပြီး သွေးများ ဝေါ့ခနဲ အန်ထွက်စေခဲ့သည်။

သူ၏ ခန္ဓာကိုယ် လွင့်စဉ်ထွက်သွားကာ အပြာရောင်ကျောက်လှေကားများကို ဒလိမ့်‌ခေါက်ကွေးဖြင့် တိုက်မိပြီး ထိုနေရာမှာပင် သတိလစ်သွားတော့၏။

All Chapters