← Chapters

ထိုက်ယွင်ဂိုဏ်းကို နင်းခြေခြင်း

Vol. 6 Ch. 82

ထိုက်ယွင်ဂိုဏ်းကို နင်းခြေခြင်း

Vol. 6 Ch. 82

~ထိုက်ယွင်ဂိုဏ်းမှ တပည့်များက ဘာမှပင် မတုံ့ပြန်နိုင်သေးခင်မှာ ဖုန်းဝူချန်က သူတို့အနားမှ မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် လျှပ်ခနဲ ဖြတ်ကျော် သွားခဲ့လေပြီ။

ထိုလူ၏ အမည်မှာ ကျန်းရှုံးဖြစ်ပြီး၊ ထိုက်ယွင်ဂိုဏ်း၏ သိုင်းဆရာ ဦးလေး တစ်ဦး ဖြစ်ပေ၏။ သူ၏ ကျင့်ကြံမှု အဆင့်မှာ အသွင်ပြောင်းဘုံ အဋ္ဌမ အလွှာသို့ပင် ရောက်နေပြီ ဖြစ်ရာ၊ အတော်လေး အထင်ကြီးစရာ ကောင်းလှပေသည်။

ထိုက်ယွင်ဂိုဏ်းက အင်အားကြီးသည် ဆိုသော်ငြား သာမန် အဖွဲ့အစည်း တစ်ခုမျှသာဖြစ်ပြီး၊ ဖန်ထျန်းတောင်ကြားနှင့်တော့ ယှဉ်၍ ရမည်မဟုတ်ပေ။

ဖုန်းဝူချန်၏ ရုတ်တရက် ပေါ်ထွက်လာမှုက ကျန်းရှုံးကို သွေးပျက် သွားစေတော့သည်။

ဖုန်းဝူချန်က ဘာညှာတာမှုမှ မပြဘဲ ကျန်းရှုံး၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးသွင်း လိုက်၏။ အားပြင်းလှသော လက်သီးကြောင့် ကျန်းရှုံးမှာ သွေးများပင် အန်ထွက် လာတော့သည်။

သူ၏ ခန္ဓာကိုယ်သည် ပုစွန်တစ်ကောင်လို ကွေးညွတ် သွားကာ နာကျင်သည့် အော်သံကြီးက ရင်ပြင်တစ်ခုလုံးကို လွှမ်းသွား လေတော့၏။

ထို့နောက် ဖုန်းဝူချန်က ကျန်းရှုံး၏ ဦးခေါင်းနောက်စေ့ကို တံတောင်ဖြင့် တိုက်ကာ မြေပြင်ပေါ်သို့ ကိုင်ဆောင့်လိုက်လေသည်။

ထိုနှစ်ချက် ထိမှန်ရုံဖြင့်ပင် ကျန်းရှုံးမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်ပြီး၊ တစ်ကိုယ်လုံး နာကျင်မှုများ ပျံ့နှံ့ သွားတော့သည်။

"ဘုန်း"

"အား"

..ဖုန်းဝူချန်က လက်သီးတစ်လုံး ထပ်ဆင့်လိုက်ပြန်ရာ၊ ဘုန်းခနဲ အသံနှင့်အတူ ကျန်းရှုံး၏ ကျောပြင်ကို မိတ်ဆက်သွားတော့သည်။

သွေးများ ပန်းထွက်လာပြီး၊ ပြင်းထန်သော အားအရှိန်ကြောင့် ရင်ပြင် မြေကြီးပင် ဟက်တက်ကွဲကာ အက်ကွဲရာများ အရပ်ရပ်သို့ ပျံ့နှံ့သွားလေ၏။

ဝေဝါးသော ဖုန်လုံးများလည်း လွင့်ပျံတက်လာသည်။

ဒီ တိုက်ခိုက်မှု တစ်ချက်နှင့်ပင် ကျန်းရှုံးမှာ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံး သွားလေတော့၏..။

ကျန်းရှုံး၏ ကျောပြင်မှာ သွေးများဖြင့် ရွှဲနစ်ကာ ကြေမွနေလေပြီ။

သေသည်ထက်ပင် ပိုသေနေပြီဟု ဆိုနိုင်လောက်သည်။ ဖုန်းဝူချန်၏ လက်ဆ မည်မျှ ကြမ်းတမ်းသည်ကို မြင်နိုင်ပါ၏။

'သေစမ်း... ငါ့လက်တွေ နည်းနည်း ပြင်းသွားပြီလား မသိဘူး။ ဒါပေမဲ့ ဒီလူက ငါ့ကို သတ်ချင်နေတာလေ။ သနားလို့မှ မဖြစ်တာ။'

"ကျုပ်ကို သတ်ချင်တဲ့ လူတွေရဲ့ ကံကြမ္မာပဲ" ဟု ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

စကားလုံးတိုင်းတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် လူသတ် အရှိန်အဝါတို့ ပါဝင်နေကာ၊ ကြားရသူတိုင်း ကိုယ်ရော ၊စိတ်ပါ ခဲသွားစေတော့သည်။

"သိုင်း... သိုင်းဆရာဦးလေး ကျန်း... သေပြီ"

ထိုက်ယွင်ဂိုဏ်းမှ တပည့်များမှာ ကြောက်ရွံ့တုန်လှုပ်ကာ လုံးဝပင် မှင်တက် သွားကြတော့သည်။

တပည့်များမှာ ကစဉ့်ကလျား ဖြစ်ကုန်ကြလေပြီ။

သူတို့မှာ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အင်အားကြောင့် သွေးပျက်ကာ ထိတ်လန့်တကြား နောက်ဆုတ်ကုန်ကြ၏။ မည်သူမှ ဖုန်းဝူချန်အနား မကပ်ရဲတော့ပေ။

သူတို့မှာ ဆရာဖုန်း၏ ကျော်ကြားမှုကို ကြားဖူးထားပြီး ဖြစ်သည်။ ဘယ်သူမှ သူ့ကို ပြဿနာ မရှာရဲကြပါ။ ရန်မူဖို့ ဆိုလျှင် ပို၍ပင် ဝေးစွ။

ထို့အပြင်၊ သူတို့မှာ ဖုန်းဝူချန်ကို ရင်ဆိုင်နိုင်စွမ်းလည်း မရှိကြပေ။

ဖုန်းဝူချန်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ထိုက်ယွင်ဂိုဏ်း၏ နန်းတော်ဆောင်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူက နဂါးနတ်ဘုရား စွမ်းအားကို ဖွင့်လှစ်ကာ ဟိန်းဟောက် လိုက်လေတော့၏။

"လူကို လွှတ်ပေးလိုက်"

ဤရိုးရှင်းသော စကားလုံးများတွင် သတ်ဖြတ်လိုစိတ်နှင့် မာန်တို့ အပြည့်ပါသည်။

ဒါဟာ လုံးဝ အမိန့်ပေးလိုက်ခြင်းပင်တည်း..။

ကျယ်လောင်သော ဟိန်းဟောက်သံက ထိုက်ယွင်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေတော့၏။

"ဂိုဏ်းချုပ်၊ သိုင်း... သိုင်းဆရာဦးလေး ကျန်း သေပြီ။ သိုင်းဆရာဦးလေး ကျန်း အသတ်ခံလိုက်ရပါပြီ"

တပည့်များစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အဓိက ခန်းမဆောင်ထဲမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ဝုန်းခနဲ ခုန်ထွက်လာကြလေ၏။

အစောက ဟိန်းဟောက်သံကို ကြားကတည်းက ဘယ်သူ ရောက်လာသည်ကို သူတို့ ခန့်မှန်းမိပြီးသား ဖြစ်လေသည်။

ရင်ပြင်တွင် ကျန်းရှုံး၏ ဝမ်းနည်းဖွယ် သေဆုံးနေပုံကို မြင်လိုက်ရသည့်အခါ သူတို့ မျက်နှာများ မည်းမှောင် သွားကြပြီး မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လာတော့သည်..။

ဖုန်းဝူချန်က သူတို့ တံခါးဝအထိ ရောက်လာပြီး လျိုချင်းယန်ကို လွှတ်ပေးရန် တောင်းဆိုသည် ဆိုကတည်းက၊ လျိုချင်းယန်သည် ထိုက်ယွင်ဂိုဏ်းတွင် ပုန်းအောင်းနေသည်ကို သူ သိနှင့်နေပြီ ဖြစ်မှန်း ထင်ရှားနေ၏။

ထို့ကြောင့် ထိုက်ယွင်ဂိုဏ်းချုပ် အနေဖြင့် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

"ဆရာဖုန်း၊ မင်း တော်တော် သတ္တိရှိတာပဲ။ ငါတို့ ထိုက်ယွင်ဂိုဏ်းကို လာတိုက်ခိုက်ရဲတယ်ပေါ့လေ။ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်းသိရဲ့လား"

လူငယ် တစ်ဦးက အေးစက်စွာ ငေါက်ငမ်းရင်း ဖုန်းဝူချန်ကို မထီမဲ့မြင် ကြည့်နေလေသည်။

သူကား ထိုက်ယွင်ဂိုဏ်း၏ သခင်လေး ဟော့လင် ဖြစ်၏..။

‘ဒီကောင်လေးကတော့ သေချင်နေတာပဲ။ သူ့အဆင့်နဲ့များ ငါ့ကိုလာပြီး…

"လွှတ်ပေးလိုက်"

ဖုန်းဝူချန်က ဟော့လင်ကို လုံးဝ အရေးမလုပ်ဘဲ အေးစက်စွာ ဆိုလိုက်သည်။

ဖုန်းဝူချန်၏ အရေးမထားမှုကြောင့် ဟော့လင် မျက်နှာ မည်းမှောင်သွား၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"မင်းက ထိုက်ယွင်ဂိုဏ်းကို ကြိုက်သလို ဝင်ထွက်လို့ရတဲ့ နေရာများ မှတ်နေသလား"..

ထိုအခါ ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ဆိုလိုက်၏။

“ငါ စိတ်မပြောင်းခင် အခုချက်ချင်း လွှတ်ပေးလိုက်”

ဖုန်းဝူချန်၏ စကားမှာ အလွန် တင်းမာလှသည်။ အကယ်၍ ထိုက်ယွင်ဂိုဏ်းက လျိုချင်းယန်ကို မလွှတ်ပေးပါက သူ ထိုက်ယွင်ဂိုဏ်းကို ဖျက်ဆီးပစ်မည်သာ ဖြစ်ပေ၏။

ထိုစဉ် အကြီးအကဲ တစ်ဦးက ညည်းညူလိုက်သည်။

"ဂိုဏ်းချုပ်၊ ဒီကောင်စုတ်က ကျုပ်တို့ ထိုက်ယွင်ဂိုဏ်းကို တိုက်ခိုက်ရဲတယ် ဆိုကတည်းက ကြိုတင်ပြင်ဆင်မှုတော့ ရှိမှာပဲ"

ဖုန်းဝူချန်၏ နောက်ခံက သာမန်မဟုတ်ရာ သူတို့ မကြောက်ဘဲ နေနိုင်ပါမည်လား.။

"သူ သိသွားပြီဆိုကတည်းက၊ ဒီနေ့ သူ့ကို အရှင် ပြန်လွှတ်လို့ မဖြစ်တော့ဘူး"

ဂိုဏ်းချုပ် ဟော့ယွင်က ဒေါသတကြီး ကြုံးဝါးလိုက်၏။ သူ၏ သတ်ဖြတ်လိုစိတ်က သူ၏ ဆုံးဖြတ်ချက်နှင့် သတ်ဖြတ်လိုစိတ် ပြင်းပြမှုကို ပြသနေလေပြီ..။

ကျန်းရှုံးက ဖုန်းဝူချန်နောက် လိုက်ခဲ့ခြင်းဖြင့် ထိုက်ယွင်ဂိုဏ်းက လျိုချင်းယန်ကို ဖွက်ထားခြင်းတို့ကို ဖုန်းဝူချန် သိသွားခဲ့ပြီ ဖြစ်သည်။

ယဉ်ကျေးသော စကားလုံးများ ဆက်ပြောနေလျှင်လည်း အသုံးဝင်တော့မည် မဟုတ်ပေ။

"ဆရာဖုန်း၊ ဒီလိုလုပ်ရတာ ကျုပ်တို့လည်း ရွေးချယ်စရာ မရှိလို့ပါ။ အပြစ်တင်ချင်ရင်တော့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့။ မင်းက သိပ်ပြီး ရည်မှန်းချက် ကြီးလွန်းခဲ့တာကိုး"

ဂိုဏ်းချုပ် ဟော့ယွင်က ဒေါသတကြီး ဆိုလိုက်သည်။

"မင်းသာ ယွင်ကျိုးကို စိုးမိုးဖို့ မကြိုးစားဘဲ အင်အားကြီး အဖွဲ့အစည်း အားလုံးကို မင်းလက်အောက်ခံ ဖြစ်အောင် မလုပ်ခဲ့ဘူးဆိုရင်၊ ကျုပ်တို့က ဘာလို့ မင်းရဲ့ ရန်သူ ဖြစ်ရမှာလဲ"..

“ထိုက်ယွင်ဂိုဏ်း ဆိုတာက ကျုပ်တို့ တစ်သက်တာ ကြိုးစား

တည်ထောင်ခဲ့ရတာ။ ဘယ်လိုလုပ်ပြီး မင်းလက်ထဲ အလွယ်တကူ ထည့်ပေးနိုင်မှာလဲ”

အကြီးအကဲ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဟော့ယွင်နှင့် အခြားသူများကို အေးစက်စွာ တစ်ချက်ကြည့်ရင်း ဖုန်းဝူချန်က ပြောလိုက်သည်က..

"အဓိပ္ပာယ် မရှိတာတွေ ပြောပြီးပြီလား။ အခု လွှတ်ပေးလိုက်တော့"

"ဆုတောင်းလိုက်စမ်း"

ဟော့ယွင် ဒေါသ

ပေါက်ကွဲသွားတော့သည်။

ဖုန်းဝူချန်၏ မောက်မာသော ပုံစံကို ကြည့်လေလေ သူ စိတ်ဆိုးလေလေ ဖြစ်လာ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"မင်းက ထိုက်ယွင်ဂိုဏ်းကို လာပြီး လူတောင်းတယ်ပေါ့ ဟုတ်လား။ သူ့ကို သတ်လိုက်ကြစမ်း"..

ဂိုဏ်းချုပ် ဟော့ယွင်က အမိန့်ပေးလိုက် လေပြီ။

တပည့်များ ကြောက်ရွံ့နေကြသော်လည်း သူတို့မှာ တိုက်ခိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။

"သတ်"

ထိုက်ယွင်ဂိုဏ်း တပည့်များ ရှေ့သို့ ပြုံတိုးလာကြရင်း ညာသံပေး၍ အော်ဟစ်လိုက်ကြသည်။

"မင်းတို့ သေလမ်းရှာနေတာပဲ"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

သူက မီးလျှံဓားကို ထုတ်ယူလိုက်ပြီး နဂါးနတ်ဘုရား အရိပ်သိုင်းကွက်ကို သုံးကာ ရှေ့သို့ ပြေးထွက်သွားတော့၏။

“ဝှစ်… ဝှစ်…”

“ဝီ….”

ဖုန်းဝူချန်၏ အရှိန်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ၏ ခွန်အားကုန် ထုတ် သုံးလိုက်ရာ၊ အသွင်ပြောင်းဘုံ နဝမ အလွှာနှင့်ပင် ယှဉ်နိုင်လေ၏။ သူ၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားလိုက် ပေါ်လာလိုက် ဖြစ်နေသည်။

ဖြတ်သွားလေရာရာတွင် မီးလျှံဓားက ထိုက်ယွင်ဂိုဏ်း တပည့်များကို ရက်စက်စွာ ချေမှုန်းသွား၏။

နီစွေးသော သွေးများ လေထုထဲ ပန်းထွက်ကုန်ကြသည်။

တစ်မိနစ်ပင် မပြည့်သေးခင်မှာ ထိုက်ယွင်ဂိုဏ်း တပည့် နှစ်ဆယ်ကျော် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးသွားကြလေပြီ။

အခြားတပည့်များမှာ သွေးပျက်မတတ် ကြောက်လန့်ကုန်ကြတော့သည်။

"မင်း..."

ဟော့ယွင်မှာ ဒေါသထွက်လွန်း၍ မ မ‌ထိန်းနိုင်တော့။ သတ်ဖြတ်လိုစိတ်နှင့် အစစ်အမှန်ယွမ်တို့ သူ့ကိုယ်မှ ပေါက်ကွဲထွက်လာ၏။

အရှေ့သို့ ပြေးထွက်ကာ ဖုန်းဝူချန်ကို ကိုယ်တိုင် သတ်ဖြတ်ရန် ကြံရွယ်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် ထိုက်ယွင်ဂိုဏ်း အပြင်ဘက်မှ ပုံရိပ်အချို့ ရုတ်တရက် ပေါ်ထွက်လာကြ၏။ သူတို့၏ အရှိန်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျင့်ကြံမှု အဆင့် နိမ့်သူများမှာ သူတို့ကို သတိပင် မထားမိလိုက်ကြပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ချူဝူဟန်၊ ရှန်းယန်နှင့် အခြားသူများ ပေါ်လာကြခြင်းတည်း။

ချူဝူဟန်က ဟော့ယွင်ကို တားဆီးလိုက်ပြီး၊ ရှန်းယန်က ထိုက်ယွင်ဂိုဏ်း အကြီးအကဲများကို တားဆီးထားလိုက်လေ၏။

“ချူဝူဟန်"

ရောက်လာသူများကို မြင်လိုက်ရသည့်အခါ ဟော့ယွင်နှင့် အခြား အကြီးအကဲများ၏ မျက်နှာများ တင်းမာသွားတော့သည်။

ချူဝူဟန်နှင့် အခြားသူများက ဖုန်းဝူချန်အတွက် တိုက်ခိုက်လိမ့်မည်ဟု သူတို့ စိုးစဉ်းမျှ မ‌တွေးထားခဲ့ကြပေ။

ဖုန်းဝူချန် ကြိုတင်ပြင်ဆင်မှုဖြင့် လာမှန်း သိသော်လည်း၊ ရောက်လာသူများက ချူဝူဟန်နှင့် ရှန်းယန်တို့ ဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပါ။

ချူဝူဟန်က အင်အားကြီးသော ကျင့်ကြံမှုဖြင့် ထျန်းတုမြို့ မြို့သခင် ဖြစ်သည်။

ရှန်းယန်က လေလံရုံ၏ ဥက္ကဌ ဖြစ်၏။

ဝေ့ယွင်က ယွင်ကျိုးနယ်တွင် ကျော်ကြားသော ဆေးပညာရှင် တစ်ဦး ဖြစ်သည်။

သာမန်အားဖြင့် သူတို့သည် ဟော့ယွင်နှင့် ဆက်ဆံရေး ကောင်းမွန်ကြပါ၏။

သို့သော် အကျိုးအမြတ် ရှေ့တွင်တော့ ခင်မင်မှု ဟူသည်မှာ တစ်ချက်တည်းနှင့် ပျက်စီးသွားနိုင်သည် မဟုတ်ပါလား..။

ထိုက်ယွင်ဂိုဏ်းနှင့် ယှဉ်လိုက်လျှင် ဖုန်းဝူချန်၏ အကျိုးအမြတ်က သိသိသာသာ ပိုများနေပေသည်။

ဟော့လင်က ဒေါသတကြီးဖြင့် ချူဝူဟန်နှင့် အခြားသူများကို စူးစိုက်ကြည့်ကာ အော်လိုက်သည်။

"မြို့သခင်၊ ခင်ဗျားက ဒီကောင်စုတ်လေး အတွက် ကျွန်‌တော်တို့ ထိုက်ယွင်ဂိုဏ်းကို တိုက်ခိုက်တယ်ပေါ့လေ"

"ချူဝူဟန်၊ ရှန်းယန်၊ ခင်ဗျားတို့က ကျုပ်တို့ရဲ့ ခင်မင်မှုဟောင်းကို ဂရုမစိုက်တော့ဘူးလား"

ဟော့ယွင်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဒေါသထွက်လွန်း၍ အဆုတ်များပင် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေလေပြီ။

"အို..ဒီလို ဖြစ်လာမှန်း သိခဲ့ရင်၊ ခင်ဗျားတို့ အစကတည်းက ဒီလို မလုပ်ခဲ့သင့်ဘူးလေ"

ချူဝူဟန်က ခေါင်းခါရင်း ပြန်ပြောလိုက်သည်။

ဖုန်းဝူချန်ကမူ သူတို့ကို လုံးဝ ဂရုမစိုက်ပေ။

သူ၏ ပုံရိပ်က ရုတ်တရက် တိမ်လို၊ လေလို ပျောက်ကွယ်သွားပြီး ဟော့လင်၏ ရှေ့မှောက်သို့ ရောက်ရှိသွား လေသည်။

ဖုန်းဝူချန်၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

"ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှုပါလား"

ချူဝူဟန်၊ ရှန်းယန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

သူတို့ ဒီလို ကြောက်မက်ဖွယ် လှုပ်ရှားမှု သိုင်းကွက်မျိုးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ..

ဟော့လင်လည်း တုန်လှုပ်သွားသည်။

သူ၏ ကျောပြင်တွင် ချွေးစေးများ စို့တက်လာပြီး ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်နေမိတော့၏..။

ဖုန်းဝူချန်က ကျန်းရှုံးကို သတ်နိုင်ခဲ့သည် ဆိုကတည်းက၊ သူ၏ အင်အားမှာ ဟော့လင်ထက် သာလွန်နေမှန်း ထင်ရှားနေသည်။ ဟော့လင်က အသွင်ပြောင်းဘုံ ပဉ္စမ အလွှာတွင်သာ ရှိသေးသည် မဟုတ်လား။

ဖုန်းဝူချန်က ဟော့လင်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

"ဘုန်း"..

"ဝေါ့"..

ဘုန်းခနဲ အသံနှင့်အတူ ဟော့လင်မှာ သွေးတစ်လုပ် အန်ထွက်သွားတော့သည်.။

“လင်အာ”

ဟော့ယွင် စိတ်ပူသွားသည်။ ဖုန်းဝူချန် သူ့ သားကို သတ်ပစ်မည်ကို သူ ကြောက်ရွံ့နေမိ၏..။

"လျိုချင်းယန်ဆီ ငါ့ကို ခေါ်သွား"

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ခွေးကောင်"

ဟော့လင်က ဒေါသတကြီးဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။

"ဟမ့်"

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ ဟော့လင် မတ်တပ်ထရပ်လိုက်သည့် အခိုက်တွင်၊ မီးလျှံဓားက ဟော့လင်၏ နဖူးကို ချိန်ရွယ်ထားပြီးသား ဖြစ်နေလေပြီ..။

ဟော့လင် ထိတ်လန့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်ရသည်။ နောက်ဆုံးတွင် သူက ဖုန်းဝူချန်ကို လျိုချင်းယန်ရှိရာသို့ ငြိမ်သက်စွာပင် ခေါ်ဆောင်သွားရတော့၏..။

ထိုက်ယွင်ဂိုဏ်းမှ ဘယ်သူမှ မလှုပ်ရဲကြတော့ပေ။ ဟော့ယွင်နှင့် အခြားသူများလည်း မလှုပ်ရဲကြ..။

"ချူဝူဟန်၊ ငါ့သား တစ်ခုခု ဖြစ်သွားရင်၊ မင်းကို ငါ လုံးဝ အလွတ်မပေးဘူး" ဟော့ယွင်က ချူဝူဟန်ကို စားမတတ်၊ ဝါးမတတ် ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"ဟားဟား၊ ခင်ဗျားရဲ့ ယွမ်တန်ဘုံ ဒုတိယ အလွှာ ကျင့်ကြံမှုနဲ့တော့၊ ကျွန်တော့်ကို ဘာမှ လုပ်နိုင်ပုံ မရဘူး"

ချူဝူဟန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ပြန်ပြောလိုက်သည်။

"မင်း..."

ဟော့ယွင်က အံကြိတ်လိုက်ရာ သူ၏ မျက်နှာပေါ်မှ ကြွက်သားများပင် ပြင်းထန်စွာ တုန်ခါနေတော့သည်။

ဟော့လင်က ဖုန်းဝူချန်ကို ထိုက်ယွင်ဂိုဏ်း၏ မြေအောက်ထောင်ထဲသို့ တောက်လျှောက် ခေါ်ဆောင်သွားသည်။

မြေအောက်ထောင်ကို စောင့်ကြပ်နေသော တပည့်များက ဟော့လင် ဓားဖြင့် ချိန်ရွယ်ခံထားရသည်ကို မြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြ၏..။

ကံဆိုးစွာပင် သူတို့ ပြန်မလာနိုင်ကြတော့ပေ..။ဖုန်းဝူချန်က သူတို့ တစ်ယောက်ချင်းစီကို ဓားတစ်ချက်တည်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်သတည်း။

ဘယ်နှစ်ယောက် လာလာ၊ အားလုံး သေဆုံးသွားကြရ၏..။

"ဒီမှာပဲ"

ဟော့လင်က ဒေါသတကြီး ညွှန်ပြလိုက်သည်။

မြေအောက်ထောင် အတွင်းတွင်၊ သွေးများနှင့် သွေးခဲများဖြင့် ဖုံးလွှမ်းနေသော လူတစ်ယောက်ကို လက်ရောခြေရော သံကြိုးများဖြင့် ချည်နှောင်ထားသည်။

သူ၏ တစ်ကိုယ်လုံးတွင် သွေးချင်းချင်းနီနေသော ကြာပွတ်ရာများဖြင့် ပြည့်နှက်နေ၏။

အလွန် ဝမ်းနည်းဖွယ် မြင်ကွင်းပါတကား။

ထိုလူမှာ သတိလစ်မေ့မြောနေပြီး သူ၏ စိတ်ဓာတ်ဖြင့်သာ အသက်ကို ဆွဲဆန့်ထားပုံ ရလေသည်။

"ချင်းယန်၊ ချင်းယန်"

ထိုလူကို မြင်လိုက်ရသောအခါ ဖုန်းဝူချန် မျက်နှာ ဖြူဖျော့သွားကာ အလျင်အမြန် ပြေးသွားမိတော့သည်။

သူ၏ နှလုံးသားထဲမှ ထိန်းချုပ်မရသော ဒေါသမီးတောက်တစ်ခု ဟုန်းခနဲ လောင်ကျွမ်းလာ၏။

"အစ်... အစ်ကို ဖုန်း ..."

ထိုလူမှာ လျိုချင်းယန်ပင် ဖြစ်သည်။ သူ၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်လှပြီး မည်သည့်အချိန်တွင်မဆို အသက် ဆုံးရှုံးသွားနိုင်ပေသည်။ သူ၏ အသံမှာ အလွန် တိုးညှင်းလှသဖြင့် လုံးဝ မကြားရသလောက်ပင် ဖြစ်နေတော့၏..။

ထိတ်လန့်နေသော ဖုန်းဝူချန်က အလျင်အမြန် ဆေးလုံးတစ်လုံး ထုတ်ယူကာ လျိုချင်းယန်ကို တိုက်ကျွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သံကြိုးများကို ဖြတ်တောက်ပြီး လျိုချင်းယန်ကို အောက်သို့ ချပေးလိုက်လေ၏..။

လျိုချင်းယန် မည်မျှ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်ကို ဖုန်းဝူချန် လုံးဝ မသိနိုင်ပေ။ လျိုချင်းယန်၏ ပုံစံကို မြင်သောအခါ သူ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။

“ချင်းယန်၊ ငါ အစ်ကို ဖုန်း လေ။ မင်းကို ကယ်ဖို့ ငါလာပြီ။ အားတင်းထား။ အားတင်းထားစမ်းပါ”

ဖုန်းဝူချန်က ထိတ်လန့်တကြား အားပေးရင်း အလျင်အမြန်ပင် နဂါးနတ်ဘုရား စွမ်းအင်ကို ထုတ်လွှတ်ကာ လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲသို့ သွင်းပေးပြီး သူ၏ ဒဏ်ရာများကို ကုသပေးနေတော့သည်..။

"အစ်... အစ်ကို ဖုန်း ၊ ကျွန်... ကျွန်တော် မသေခင်မှာ... ခင်ဗျားကို... တွေ့ရလိမ့်မယ်လို့... မထင်ခဲ့ဘူး"

လျိုချင်းယန်က အားနည်းစွာ ဆိုရင်း သူ၏ တင်းမာနေသော မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခုကို အားယူကာ ပြုံးပြလိုက်သည်။

"စကားမပြောနဲ့တော့။ အားတင်းထား။ ချင်းချင်းက မင်းကို စောင့်နေတုန်းပဲ"

ဖုန်းဝူချန်က စိုးရိမ်တကြီး ဆိုလိုက်သည်။

“ပြန်လည်နုပျိုခြင်း မြက်နတ်ပင်၊ ပြန်လည်နုပျိုခြင်း မြက်နတ်ပင်၊ ဟုတ်တယ်... ဒါပဲ လိုတာ”*

"အစ်... အစ်ကို ဖုန်း ... ကျွန်... ကျွန်တော် မခံနိုင်တော့ဘူး..." လျိုချင်းယန်က အားနည်းစွာ ဆိုလိုက်သည်။

"ပါးစပ်ပိတ်ထား။ မင်းကို အားတင်းထားလို့ ငါပြောနေတယ်။ ကြားလား" ဖုန်းဝူချန် ဟိန်းဟောက်လိုက်သည်။

ဖုန်းဝူချန် စိုးရိမ်တကြီးဖြင့် ဆေးပင်များကို အလျင်အမြန် ရှာဖွေနေတော့သည်..။

မြေအောက်ထောင် အပြင်ဘက်မှ ဟော့လင်က ဖုန်းဝူချန်ကို ဆိုးယုတ်စွာ စူးစိုက်ကြည့်နေ၏။

ဒါက ဖုန်းဝူချန်ကို သတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်..။

ဖုန်းဝူချန်၏ ထိတ်လန့်နေမှုကို အခွင့်ကောင်းယူကာ ဟော့လင်က ရုတ်တရက် လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်..။

"ထန်"

သို့သော် ဟော့လင် မမျှော်လင့်ထားသည်မှာ ဖုန်းဝူချန်၏ မီးလျှံဓားက သူ၏ ပခုံးကို ပို၍ လျင်မြန်သော အရှိန်ဖြင့် ထိုးဖောက်ဝင်ရောက် သွားခြင်းပင် ဖြစ်ရာ၊ သွေးများ ပန်းထွက်လာတော့သည်..။

ဖုန်းဝူချန် ဆေးပင်များကို ထုတ်ယူလိုက်သည့် အခိုက်တွင်၊ လျိုချင်းယန်၏ လက်မောင်းမှာ အောက်သို့ ပျော့ခွေကျသွားပြီး၊ သူ၏ ဦးခေါင်းမှာ ဘေးသို့ လည်ထွက်သွားကာ အသက်၏ လက္ခဏာများ ပျောက်ကွယ်သွားလေပြီ။

“ချင်းယန်၊ ချင်းယန်၊ အား”

ဖုန်းဝူချန် ဝမ်းနည်းပက်လက် အော်ဟစ်လိုက်ရာ မျက်လုံးအိမ်ထဲမှ မျက်ရည်များ တပေါက်ပေါက် စီးကျလာတော့သည်။

ထိုစဉ် အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ထိန်းချုပ်မရဘဲ ပေါက်ကွဲထွက်လာပြီး သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲသွားတော့၏..။

ဖုန်းဝူချန် ဒေါသကြောင့် ရူးသွပ်သွားလေပြီ..။

သူ၏ ဒေါသတကြီး ဟိန်းဟောက်သံက မြေအောက်ထောင်ထဲမှ ထွက်ပေါ်လာသည်။ မြောင်ချင်းချင်း၏ မျက်ရည်များ တသွင်သွင် စီးဆင်းလာပြီး သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်..။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ပုံစံကို မြင်သောအခါ ဟော့လင် ကြောက်ရွံ့တုန်လှုပ်သွားပြီး ထိတ်လန့်တကြား တောင်းပန်လိုက်သည်။

"မ... မသတ်ပါနဲ့..."..

သူ့စကားမဆုံးခင်မှာပင် ဖုန်းဝူချန်က မီးလျှံဓားကို ဆွဲထုတ်ကာ ဟော့လင်၏ ဦးခေါင်းကို တိခနဲ ပိုင်းလိုက်လေတော့သည်..။

All Chapters