← Chapters

ထိုက်ယွင်ဂိုဏ်း၏ ကျဆုံးခြင်း

Vol. 6 Ch. 83

ထိုက်ယွင်ဂိုဏ်း၏ ကျဆုံးခြင်း

Vol. 6 Ch. 83

~လင်ယွင်ချုံးနှင့် ထိုက်ယွင်ဂိုဏ်းက ဖုန်းဝူချန်ကို အလိုရှိ၍ ရောက်လာခဲ့ကြသည်။

သို့သော် ဒီကိစ္စကြောင့်ပဲ လျိုချင်းယန်က နှိပ်စက်ခံရပြီး သေလုမျောပါး ဖြစ်သွားခဲ့ရ၏။ ဒီအဖြစ်ကတော့ ဖုန်းဝူချန်၏ ဒေါသမီးကို အဆုံးစွန်ထိ တောက်လောင်စေခဲ့တော့သည်။

သူတို့နှစ်ယောက်က ရင်းနှီးသည့် သူငယ်ချင်းတွေ ဖြစ်နှင့်ပြီးသား မဟုတ်လား။

ဖုန်းဝူချန်အတွက်ဆို လျိုချင်းယန်က သူ့မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်တာကိုပင် အမှုမထားဘဲ ရပ်တည်ပေးခဲ့သည်။ သူက ဖုန်းဝူချန်ကို ရိုးရိုးသားသားပင် သူ့၏ အချစ်ဆုံးသူငယ်ချင်း၊ ညီအစ်ကိုအရင်းတစ်ယောက်လို သဘောထားခဲ့၏။

ထို့ကြောင့်လည်း ဖုန်းဝူချန်က သူတို့ကို ခေါ်ထုတ်ပြီး သိုင်းပညာတွေ သင်ပေးဖို့အထိ စိတ်ကူးထားခဲ့သည်ပင်။

သို့ရာတွင် ဒီလို မမျှော်လင့်ထားသည့် အဖြစ်ဆိုးကြီး ကြုံလာလိမ့်မည်ဟု ဘယ်သူက ကြိုသိနိုင်မှာတဲ့လဲ။

လင်ယွင်ချုံးက လျိုချင်းယန်ကို ဖမ်းဆီးပြီး ထိုက်ယွင်ဂိုဏ်းထဲမှာ ဝှက်ထားခဲ့သည်။ ထိုနေရာမှာ လျိုချင်းယန်က နှိပ်စက်ခံရပြီး သေလုမျောပါး ဖြစ်သွားခဲ့ရသည်..

ဒီလို အဖြစ်ဆိုးမျိုးကို ဖုန်းဝူချန် ဘယ်လိုနည်းနှင့်မှ လက်မခံနိုင်ပါလေ။

ဖုန်းဝူချန်၏ ဒေါသတကြီး ဟိန်းဟောက်သံက ထိုက်ယွင်ဂိုဏ်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး တပည့်တွေအားလုံး ကြောက်လွန်း၍ သတိလစ်မတတ် ဖြစ်ကုန်ကြသည်။

‘…သေစမ်း… ဒါ ဘယ်လိုတောင် ဒေါသထွက်နေတဲ့ ... ဟိန်းဟောက်သံကြီးလဲဟ။ ငါတို့တော့ သွားပြီထင်တယ်…’

ဂိုဏ်းသားတွေ တုန်တုန်လှုပ်လှုပ် တွေးနေမိကြ၏။

ဒါ ဘယ်လိုလူမျိုး၏ ဒေါသဟိန်းသံကြီးပါလိမ့်။

ချူဝူဟန်တို့ပင် လန့်ဖျပ်သွားပြီး အသံလာရာကို တစ်ပြိုင်နက် လှမ်းကြည့်မိကြသည်။

"ဟော်လင်.."

ဟော်ယွင်က ထိတ်လန့်တကြား အော်လိုက်၏။ သူ ဟော်လင်၏ အရှိန်အဝါကို လုံးဝ မခံစားမိတော့ပြီ။

‘…သွားပြီ... ငါ့သား... ငါ့သားတော့ အသတ်ခံလိုက်ရပြီပဲ။ ဖုန်းဝူချန်... လူယုတ်မာ…’

ဟော်ယွင့်ရင်ထဲမှာ မီးတောက်တွေ လောင်မြိုက်သွား၏။

ဟော်လင်ကို ဖုန်းဝူချန် သတ်လိုက်ပြီဆိုတာ ထင်ရှားနေပြီလေ။

"တိုက်ကြ.."

ချူဝူဟန်တို့ သတိပြန်ဝင်လာတော့ ရုတ်တရက် ဟိန်းဟောက်ကြသည်။

ကြောက်မက်ဖွယ် အစစ်အမှန်ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး ဟော်ယွင်တို့ကို ချက်ချင်း ဝင်တိုက်ကြတော့၏။

ပြင်းထန်လွန်းသည့် အစစ်အမှန်ချီစွမ်းအင်တွေ အရှိန်ဖြင့် ပျံ့နှံ့ထွက်လာသဖြင့် ထိုက်ယွင်ဂိုဏ်းသားတွေ ကြောက်လန့်တကြား နောက်ဆုတ်ကုန်ကြ၏။ မည်သူမှ အနားမကပ်ရဲကြပေ။

ထိုအချိန်မှာပဲ ဖုန်းဝူချန်က လျိုချင်းယန်ကို ကျောပိုးပြီး မြေအောက်ထောင်ထဲက ထွက်လာသည်။

သူ့ထံမှ အေးစက်စက် သတ်ဖြတ်လိုသည့် အရှိန်အဝါတွေ တဖွားဖွားထွက်နေ၏။ သူ့မျက်လုံးတွေက သွေးလိုနီရဲနေပြီး မကောင်းဆိုးဝါး ပူးကပ်ခံထားရသူလို အလွန်ပဲ ကြောက်စရာကောင်းနေသည်။

ဖုန်းဝူချန်၏ ကြောက်စရာကောင်းသည့် ပုံစံကိုမြင်တော့ မြောင်ချင်းချင်းနှင့် ချူဝူဟန်တို့ပင် တုန်လှုပ်သွားကြ၏။

‘…အလို... ဒါ ဆရာ ဖုန်းမှ ဟုတ်ရဲ့လား ...။ ဘယ်လိုဖြစ်သွားတာလဲ...’

သူတို့ သိသည့် ဖုန်းဝူချန်က ဒီလို ပုံစံမှ မဟုတ်သည်ကိုး။

ဖုန်းဝူချန်၏ ဒီလောက် ကြောက်စရာကောင်းသည့် ပုံစံမျိုးကို သူတို့တစ်ခါမှ မမြင်ဖူးခဲ့ကြ‌ပေ။

သို့သော် ဖုန်းဝူချန် ကျောပေါ်က လျိုချင်းယန်ကို မြင်လိုက်ရသည့်

အခါမှာတော့ ဖုန်းဝူချန် ဘာကြောင့် ဒီလောက် ဒေါသပေါက်ကွဲ

နေရသလဲဆိုတာ သူတို့ သဘောပေါက်သွားကြတော့၏။

လျိုချင်းယန်ကို ဒီလောက်အထိ နှိပ်စက်ထားတာ... ။ ဆရာဖုန်း မရူးသွပ်သွားလျှင်သာ ထူးဆန်းတော့မည်။

"ရက်စက်လိုက်ကြတာ.. သူက ကလေးပဲ ရှိသေးတာကို.." ဝေ့ယွင်က ဒေါသတကြီးရေရွတ်လိုက်သည်။

ချူဝူဟန်က အမျက်ဒေါသဖြင့် မျက်နှာမည်းမှောင်ကာ အံကြိတ်ရင်း ဆိုလိုက်သည်။

“ဟော့ယွင်..ခင်ဗျားတို့ ရူးနေကြပြီ! ခင်ဗျားတို့က တိရစ္ဆာန်ထက်တောင် ယုတ်မာတဲ့ကောင်တွေ”

“ဟမ့်.. လူဆိုတာ ကိုယ့်ကျိုးကိုယ်မရှာရင် မိုးဒဏ်သင့်တတ်တယ်..အပြစ်တင်ချင်

ရင်တောင် ဟိုသောက်ကလေးကိုပဲ သွားတင်ကြ၊ သူက ယွင်ကျိုး နယ်မြေတစ်ခုလုံးကို စိုးမိုးချုပ်ကိုင်ချင်လို့၊ ယွင်ကျိုး နယ်မြေက အင်အားကြီး

အဖွဲ့အစည်း မှန်သမျှကို တစ်လုပ်တည်း မျိုချချင်လို့ ဒီလို ဖြစ်ရတာ”

ဟော့လင် အသတ်ခံလိုက်ရသည့်အတွက် ဟော့ယွင်သည်လည်း အလွန်တရာ ဒေါသထွက်နေခဲ့ပြီးဖြစ်ရာ သူက အားကုန်ဟစ်အော်လိုက်ခြင်း ဖြစ်လေသည်

"လူမဆန်တဲ့ သတ္တဝါတွေ.. ဒီနေ့ ခင်ဗျားတို့ ထိုက်ယွင်ဂိုဏ်းကို ကျုပ်ကိုယ်တိုင် အပြတ်ရှင်းပစ်မယ်"

ရှန်းယန်က ကျားဟိန်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး၊ သူ၏တစ်ကိုယ်လုံးမှ အစွမ်းကုန် ထိန်းချုပ်မရသော သတ်ဖြတ်လိုစိတ်များ လှိုင်းလုံးကြီးများအသွင် ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

[ဘာသာပြန်သူ၏ မှတ်ချက်-

ခုနက စကားထဲမှာပါတဲ့ "လူဆိုတာ ကိုယ့်ကျိုးကိုယ်မရှာရင် မိုးဒဏ်သင့်တတ်တယ်" ဆိုတဲ့ စကားပုံက တရုတ်လို "人不为己,天诛地灭" (rén bù wéi jǐ, tiān zhū dì miè) ကနေ လာတာပါ။ လူတစ်ယောက်က ကိုယ့်အကျိုးအတွက် မကြိုးစားဘူးဆိုရင်၊ ကောင်းကင်နဲ့ မြေကြီးကပါ သူ့ကို ဖျက်ဆီးပစ်လိမ့်မယ်" ဆိုတဲ့ သဘောပါပဲ။

ရှင်းရှင်းပြောရရင်၊ ကိုယ်လုပ်တဲ့အလုပ်က မှန်သလား မှားသလားဆိုတာကို အဓိကမထားဘဲ၊ ကိုယ့်အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရမယ်၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရမယ် ဆိုတဲ့ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်မျိုးကို ဖော်ပြချင်တဲ့အခါ ဒီစကားပုံကို သုံးနှုန်းကြတာ ဖြစ်ပါတယ်။]

ထိုက်ယွင်ဂိုဏ်းသားတွေ ကြောက်လွန်း၍ တံတွေးတွေ အကြိမ်ကြိမ် မျိုချနေကြရသည်။ ဒီအချိန်မှာ သူတို့စိတ်ထဲမှာ ထွက်ပြေးဖို့ကလွဲပြီး ဘာမှမရှိတော့ပေ။

ဖုန်းဝူချန် ဒေါသမထွက်ခင်ကတောင် သည်လောက် ကြောက်စရာကောင်းနေသည်။

ယခု လုံးဝ ရူးသွပ်သွားပြီဆိုတော့... ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမည်လဲဆိုတာ သူတို့ မတွေးရဲတော့ချေ။

ဖုန်းဝူချန်က လျိုချင်းယန်ကို အောက်သို့ ချလိုက်သည်။ လျိုချင်းယန်၏ တစ်ကိုယ်လုံးမှာ သွေးမည်းတွေ စွန်းထင်းနေပြီး အသက် မရှိတော့ပေ။

"အစ်ကို လျို.."

မြောင်ချင်းချင်းက ဝမ်းနည်းပက်လက် အော်ဟစ်ပြီး ပြေးသွားသည်။

ပါးထက်မှ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ စီးကျလာတော့၏။

ဖုန်းဝူချန်က ဒေါသကို ထိန်းချုပ်ရင်း မြောင်ချင်းချင်းကို ပြောလိုက်သည်။

“ချင်းယန်ကို စောင့်ရှောက်ထား။”

သူသည် သတိနည်းနည်းတော့ ကပ်နေသေးပုံရသော်လည်း သူ့ဒေါသကိုတော့ လုံးဝ ထိန်းချုပ်နိုင်ပုံ မပေါ်တော့ပေ။

‘…ထိန်းထားစမ်း... ဖုန်းဝူချန်... စိတ်ကိုထိန်းထား... မဖြစ်ဘူး... ချင်းယန်အတွက် လက်စားချေရမယ်... ဒါပေမဲ့ ငါ ရူးသွားလို့တော့ မဖြစ်ဘူး…’

ဖုန်းဝူချန်က မူးနေသည့် စစ်သည်တော် တစ်ယောက်လိုပင်။

ဒေါသ ပေါက်ကွဲသွားသည်နှင့် ဦးနှောက်ကို လုံးဝ ထိန်းချုပ်နိုင်တော့မည် မဟုတ်။

"အစ်ကို လျို.. အစ်ကို လျို.."

မြောင်ချင်းချင်းက အလွန်အမင်း ဝမ်းနည်းပက်လက် ဖြစ်နေသည်။ သူမက လျိုချင်းယန်ကို လှုပ်နှိုးရင်း ငိုယိုနေ၏။

ဒေါသထွက်နေသော ဖုန်းဝူချန်က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ထိုက်ယွင်ဂိုဏ်း တပည့်များဘက်သို့ ဝေ့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အလွန် ကြမ်းတမ်းသော စွမ်းအား တစ်ခု ပေါက်ကွဲထွက်လာကာ သူက ဟိန်းဟောက်လိုက်သည်။

"မင်းတို့ အားလုံး သေ ရ မယ်.."

"ဘုန်း.."

ဖုန်းဝူချန်က မီးလျှံဓားကိုကိုင်ကာ ပြေးထွက်သွား၏။ သူ့အရှိန်က အလွန်မြန်ပြီး ပြင်းထန်သော တဝုန်းဝုန်း အသံကြီး ထွက်ပေါ်နေသည်။

"ပြေးကြ ဟေး.."

ထိုက်ယွင်ဂိုဏ်းသားတွေ ကြောက်လန့်တကြား အော်ဟစ်ကုန်ကြသည်။

"သေစမ်း.."

ဖုန်းဝူချန် ဟိန်းဟောက်ရင်း ဓားဖြင့် ဝှေ့ယမ်းပစ်လိုက်သည်။

မဆိုင်းမတွပင် မီတာငါးမီတာလောက် ရှည်သော ရွှေရောင်ဓား အလင်းတန်း တစ်ခု ပျံထွက်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာ တပည့် ဆယ်ယောက်ကျော် ဝိဉာဉ်ကင်းမဲ့သွားလေသည်။ သူ့နည်းလမ်းက အလွန် ရက်စက်လှ၏။

"ရွှစ် ရွှစ် ရွှစ်.."

နဂါးနတ်ဘုရားအရိပ် သိုင်းကွက်ကို ထုတ်သုံးလိုက်လျက် ဖုန်းဝူချန်က လျင်မြန်စွာ ဝိုးတဝါး ပျောက်လိုက်၊ ပေါ်လိုက် ဖြစ်နေ၏။

ရွှေရောင်ဓားအရိပ်များ လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။ ထိုက်ယွင်ဂို ဏ်းသားတွေ အော်ဟစ်ရင်း သွေးများ ပတ်ဝန်းကျင်သို့ ရေပန်းနှယ် ပန်းထွက်ကုန်၏။

ဖုန်းဝူချန် သတ်ဖြတ်နေပြီ။ သူ ထိုက်ယွင်ဂိုဏ်းသားတွေကို ရူးသွပ်စွာ သတ်ဖြတ်နေလေပြီ။

သွေးစီးများက ရင်ပြင်ကို တဖြည်းဖြည်း နီရဲလာစေ၏။

ဒေါသထွက်နေသော ဖုန်းဝူချန်၏ အစွမ်းသည် အသွင်ပြောင်းဘုံ နဝမအလွှာနှင့်ပင် ယှဉ်နိုင်လေသည်။ ထိုက်ယွင်ဂိုဏ်းသားထဲမှ ဘယ်သူတစ်ဦး တစ်ယောက်မှ သူ့ပြိုင်ဘက်မဟုတ်ပေ။

ချူဝူဟန်တို့က ဟော်ယွင်တို့ကို တားဆီးထားသည်။ ဖုန်းဝူချန်က ဘာအနှောင့်အယှက်မှ မရှိဘဲ သတ်ဖြတ်နိုင်၏။

ထိုက်ယွင်ဂိုဏ်းသားတွေ ထိတ်လန့်တုန်လှုပ်ကာ စိတ်ဓာတ်ကျနေကြသည်။

သူတို့ အဆက်မပြတ် အကူအညီတောင်း အော်ဟစ်နေကြ၏။

"အီးဟီးဟီး…ဆရာဖုန်း၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ.. ဆရာဖုန်း.."

"အဟင့် …အဟင့်…ဆရာဖုန်း.. ကျွန်တော်တို့က အပြစ်မရှိပါဘူး.."

ကြောက်လန့်နေသော တပည့်များက အသနားခံကြသည်။

မည်သို့ပင်ဖြစ်ဖြစ် ဒေါသထွက်နေသော ဖုန်းဝူချန်က သူတို့ကို ဘာအခွင့်အရေးမှ မပေးခဲ့။ သူတို့ ဒူးထောက် တောင်းပန်နေလျှင်တောင်မှ လည်ပင်းက ဓားနှင့် လှီးဖြတ်ခံရတုန်းပင်။

‘…သေစမ်း... အကုန်သေ... ချင်းယန်ကို နှိပ်စက်ခဲ့တဲ့ ... လူတွေ... တစ်ယောက်မှ မကျန်စေရဘူး..’

ဖုန်းဝူချန် စိတ်ထဲမှာ အေးစက်စွာ ကြိမ်းဝါးနေသည်။

ရူးသွပ်စွာ သတ်ဖြတ်ပြီး မိနစ်အနည်းငယ်ကြာတော့ ထိုက်ယွင်ဂိုဏ်း ရင်ပြင်သည် ကြေကွဲဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေလေပြီ။

နေရာတိုင်းမှာ အလောင်းတွေ၊ အပိုင်းပိုင်း ပြတ်ထွက်နေသည့် ခြေလက်တွေ။ သွေးချောင်း စီးနေသည်။

ရူးသွပ်စွာ သတ်ဖြတ်မှုက လူတွေကို သွေးပျက်စေတော့၏။

ဒဏ်ရာရနေသော ဟော်ယွင်က ထိုက်ယွင်ဂိုဏ်း တပည့်များ ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရူးသွပ်စွာ အသတ်ခံနေရသည်ကို ကြည့်နေရသည်။ သူ့နှလုံးသားက သွေးများ ယိုစီးကျနေပြီး မျက်လုံးထဲမှ ဒေါသများက ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသည်။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဟော်ယွင်၊ ထိုက်ယွင်ဂိုဏ်း အကြီးအကဲများနှင့် ယွမ်တန်ဘုံ ပညာရှင်များအားလုံး ဒဏ်ရာရနေကြ၏။ သူတို့အစွမ်းနှင့် ချူဝူဟန်၊ ရှန်းယန်တို့ကို မယှဉ်နိုင်ပေ။

"ရပ်.. ငါ ပြောနေတယ် ရပ်စမ်း.. သူတို့အားလုံး အပြစ်မရှိဘူး.. လူယုတ်မာလေး အရည်အချင်း ရှိရင် ငါ့ဆီလာခဲ့.."

ဟော်ယွင်က ဖုန်းဝူချန်ကို ဟိန်းဟောက်လိုက်သည်။

"လျိုချင်းယန်ကရော အပြစ်ရှိလို့လား.." ဖုန်းဝူချန်က ပြန်ဟိန်းဟောက်သည်။

သူ၏ ... သွေးရောင်လွှမ်းနေပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေသည့် မျက်လုံးတွေက ဟော်ယွင်တို့ဘက်ကို ဝေ့ကြည့်လိုက်ကာ အော်ဟစ်လိုက်၏။

“သူတို့အားလုံးကို သတ်.. ကျုပ် ထိုက်ယွင်ဂိုဏ်းက လူတိုင်းရဲ့ ... သွေးနဲ့ လျိုချင်းယန်ရဲ့ ... ကောင်းကင်ဘုံက ဝိညာဉ်ကို ယဇ်ပူဇော်မယ်.."

"မင်း..... တော်တော် ရမ်းကားတဲ့လူ.."

ဟော်ယွင်၏ မျက်နှာပေါ်မှ သွေးကြောတွေ ထောင်ထလာ၏။ သူ့ဒေါသက ကောင်းကင်ဘုံကိုတောင် လွှမ်းမိုးသွားတော့မတတ်ပင်။

ကံဆိုးစွာပဲ သူက ချူဝူဟန်ကို ဘာမှလုပ်၍ မရခဲ့။

ကျင့်ကြံခြင်း ကွာခြားချက်က ကြီးမားလွန်းသည်။ သူ့တပည့်တွေကို ကယ်တင်နိုင်ခြင်းမရှိခဲ့ပေ။

"ဂိုဏ်းချုပ်၊ ကယ်ပါဦး.."

"ဂိုဏ်းချုပ်.. ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး.. လျိုချင်းယန် ထိုက်ယွင်ဂိုဏ်းထဲမှာ ရှိတာ ကျွန်တော်တို့ မသိခဲ့ပါဘူး.. အီးဟီးဟီး.. ဂိုဏ်းချုပ်၊ ဆရာဖုန်းကို တောင်းပန်ပေးပါဦး.."

" အီးဟီးဟီး..ဂိုဏ်းချုပ်.. ဥက္ကဋ္ဌရှန်း.. အကြီးအကဲဝေ့.. ဒါ ကျွန်တော်တို့အတွက် မတရားပါဘူး.. ကျွန်တော်တို့ လုံးဝမသိခဲ့ပါဘူး.."

ကြောက်လန့်နေသော ထိုက်ယွင်ဂိုဏ်း တပည့်များက ဒူးထောက်ကာ တောင်းပန်ကြသည်။ ဖုန်းဝူချန်က ရူးသွပ်နေသော အခြေအနေတွင်ရှိပြီး ဘာကိုမှ နားထောင်နိုင်ခြင်းမရှိ။ သူတို့ ချူဝူဟန်တို့ အပေါ်မှာသာ မျှော်လင့်ချက် ထားနိုင်တော့သည်။

သို့သော်လည်း ချူဝူဟန်တို့မှာ လုံးဝ စကားပြောပိုင်ခွင့်မရှိ။ သူတို့လည်း ဒီအချိန်မှာ ဖုန်းဝူချန်ကို ဆန့်ကျင်ရဲခြင်း မရှိပေ။

ရူးသွပ်နေသည့် အခြေအနေမှာရှိသည့် ဖုန်းဝူချန်ကို ဘယ်သူက ရဲရဲဝင်စမှာလဲ။

ဒီတပည့်တွေ၏ တောင်းပန်သံတွေကို ချူဝူဟန်တို့ မကြားသလိုပင်။ ဘယ်သူမှ တုံ့ပြန်ခြင်းမရှိခဲ့။

" သေစမ်း.. သေစမ်း.. သေစမ်း.."

"ဝှစ် ဝှစ် ဝှစ်.."

သတ်ဖြတ်မှုက ဆက်လက် ဖြစ်ပွားနေသည်။ ဖုန်းဝူချန်က မီးလျှံဓားကို ရူးသွပ်စွာ ဝှေ့ယမ်းရင်း

"သေစမ်း" ဟု အဆက်မပြတ် ဟစ်အော်နေ၏။

ထိုက်ယွင်ဂိုဏ်း တပည့် တစ်ရာကျော် ဖုန်းဝူချန်၏ ဓားအောက်တွင် အသက်ပျောက်ခဲ့ရလေပြီ။

သွေးနံ့ ပြင်းပြင်းက ရင်ပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

လွတ်မြောက်သွားသော မည်သည့်တပည့်မဆို ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

သူ၏ ရက်စက်သော နည်းလမ်းများသည် အားလုံးကို သတ်ဖြတ်ပစ်မည့် အရှိန်အဟုန် အမှန်ပင် ရှိနေခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ထိုက်ယွင်ဂိုဏ်း တပည့်များအားလုံး ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရက်စက်စွာ သေဆုံးခဲ့ရသည်။ ရင်ပြင်တစ်ခုလုံး ဖုံးလွှမ်းသွားအောင် အလောင်းများက တောင်ကဲ့သို့ စုပုံနေ၏။ မြင်ကွင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုက်ယွင်ဂိုဏ်း အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရ၏။ ဟော်ယွင်ကတော့ ဒဏ်ရာအပြင်းအထန် ရရှိနေလေပြီ။

နောက်ဆုံးတော့ ထိုက်ယွင်ဂိုဏ်းမှ လူရာပေါင်းများစွာထဲတွင် ဟော်ယွင် တစ်ယောက်တည်းသာ ကျန်တော့သည်။ ကျန်သူများအားလုံး ရက်စက်စွာ အသတ်ခံခဲ့ရလေပြီ။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဟော်ယွင်က သူ့ရှေ့မှ အရာအားလုံးကို ကြောင်ငေးကာ ကြည့်နေသည်။ သူ စိတ်ထဲ နောင်တရမိ၏။

ကံဆိုးစွာပင်၊ ဤအရာအားလုံးက နောက်ကျသွားခဲ့ပါပြီ။

‘…ငါ... ငါမှားခဲ့တာပဲ...။ ဒီလူငယ်လေးကို လျှော့တွက်ခဲ့မိတာ...။ အခုတော့... ဂိုဏ်း တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းသွားပြီ…’

ဟော်ယွင်ရင်ထဲမှာ ဆို့နင့်ကြေကွဲသွားသည်။ ကမ္ဘာပေါ်မှာ နောင်တအတွက် ဆေးမရှိ။ အမှားတစ်ခု လုပ်မိသည်နှင့် တန်ရာတန်ကြေးကို ပေးဆပ်ရမည်သာ ဖြစ်သည်။

ချူဝူဟန်က ဟော်ယွင်ကို မသတ်ဘဲ ဖုန်းဝူချန် စီရင်ဖို့ ချန်ထားပေးလိုက်၏။

"ဆရာဖုန်း၊ ဟော်ယွင်ရဲ့ ... အသက် သေခြင်းရှင်ခြင်းက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်။" ချူဝူဟန်က ဖုန်းဝူချန်ကို ကြည့်ရင်း ပြောလိုက်သည်။

ထိုက်ယွင်ဂိုဏ်း တပည့်အားလုံးကို သတ်ပြီးသည့်တိုင် ဖုန်းဝူချန်၏ ဒေါသက မပြေသေး။ သူ့မျက်လုံးတွေက သွေးရောင် လွှမ်းနေဆဲ။

ထိုအခိုက်အတန့်မှာ ဖုန်းဝူချန်က တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

မီးလျှံဓားအသွားက မြေပြင်ကို ခြစ်ကာ လျှောက်လာသဖြင့် မီးပွားများ လွင့်စင်ထွက်ကာ မြေပြင်ပေါ်တွင် ဓားရာတစ်ခု ကျန်ခဲ့၏။

ဟော်ယွင်၏ ပြင်းထန်သော မျက်လုံးများက ဖုန်းဝူချန်ကို စိုက်ကြည့်နေ၏။ ဒီနေ့ လွတ်လမ်းမ ရှိတော့မှန်း သိသည့်တိုင် ဖုန်းဝူချန်အပေါ် သူ၏ သတ်ဖြတ်လိုစိတ်က တစ်ခါမှ မပြောင်းလဲခဲ့ပေ။

"ငါ့ထိုက်ယွင်ဂိုဏ်းက မင်းလို လူငယ် တစ်ယောက် လက်ထဲမှာ ကျဆုံးသွားလိမ့်မယ်လို့ ငါ တကယ် မထင်ခဲ့ဘူး.." ဟော်ယွင်က ဖုန်းဝူချန်ကို စူးစူးဝါးဝါး ကြည့်ရင်း အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

‘…ခင်ဗျားကြီး မထင်တာတွေ အများကြီး ကျန်သေးတယ်…’

ဖုန်းဝူချန်က စိတ်ထဲမှ ရန်တွေ့လိုက်ပြီး စကားတစ်ခွန်းမှ မဆို။ သူ ဟော်ယွင်ရှေ့ကို လျှောက်လာပြီး မီးလျှံဓားကို မဆိုင်းမတွ ဝှေ့ယမ်းကာ ဟော်ယွင်၏ ခေါင်းကို တိုက်ရိုက် ဖြတ်ချလိုက်လေသည်။

သူ့တိုက်ကွက်က ရက်စက်ပြီး ပြတ်သားလှ၏။

ဤမျှ ကြောက်မက်ဖွယ် သတ်ဖြတ်မှုကြောင့် ချူဝူဟန်နှင့် ရှန်းယန်တို့ပင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြသည်။

သူတို့ကို ပို၍ ကြောက်ရွံ့စေသည်မှာ ဖုန်းဝူချန်က အလွန်ငယ်ရွယ်သေးခြင်း ဖြစ်သည်။ ဆရာဖုန်းက ဆယ့်ခုနစ်နှစ်ပင် မပြည့်သေး။

‘…သေစမ်း... ဒီလူငယ်လေးက တကယ့်မိစ္ဆာပဲ...။ ဒီအသက်အရွယ်နဲ့ ဒီလောက် ရက်စက်တတ်နေရင်... နောင်ကျရင် ဘယ်လိုဖြစ်လာမလဲ မသိဘူး…’

ချူဝူဟန်တို့ ရင်ထဲမှာ ကြက်သီးဖြန်းဖြန်းထသွား၏။

ဖုန်းဝူချန်ကို နောက်ထပ်နှစ်အနည်းငယ် လေ့ကျင့်ခွင့်ပေးလိုက်လျှင် သူ ဘယ်လောက် ကြောက်စရာ

ကောင်းလာမည်ကို သူတို့ မယုံကြည်နိုင်ကြ။

သူသည် လူတွေကို ကြောက်ရွံ့တုန်လှုပ်စေမည့် ဖြစ်တည်မှု တစ်ခု အသေအချာ ဖြစ်လာလိမ့်မည်။

"ချင်းယန်.. မင်းအတွက် ငါ လက်စားချေပေးခဲ့ပြီ။ မင်း အခု စိတ်အေးလက်အေး နားနေနိုင်ပါပြီ.."

ဖုန်းဝူချန်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။

မျက်ရည်စီးကြောင်း နှစ်ကြောင်းက သူ့ပါးပြင်ပေါ် စီးကျလာခဲ့၏။

မြောင်ချင်းချင်း၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေသည်။ သူမ လျိုချင်းယန်၏ အလောင်းကို စိတ်နှင့်လူ မကပ်သသလို ကြောင်ငေးကာ ပွေ့ဖက်ထား၏။

"ဒုတ်... ဒုတ်.."

ဤအခိုက်အတန့်တွင် မြောင်ချင်းချင်း၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကလေး ရုတ်တရက် တုန်ခါသွားသည်။

သူမ နှလုံးခုန်သံတစ်ခု ကြားလိုက်ရ၏။

‘…ဟင်... ငါ ကြားတာ မှားနေတာလား…’ မြောင်ချင်းချင်း မသေချာ။

သူမ အလျင်အမြန် လျိုချင်းယန်၏ နှလုံးသားနေရာတွင် နားကပ်လိုက်သည်။

ဟုတ်သည်။ သူမ လျိုချင်းယန်၏ အားနည်းသော နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

"အစ်ကို လျို.."

မြောင်ချင်းချင်း အံ့သြဝမ်းသာသွား၏။ သူမ ဖုန်းဝူချန်ကို အလျင်အမြန် အော်ခေါ်လိုက်သည်။

"အစ်ကိုဖုန်း.. အစ်ကို လျို အသက်ရှင်နေသေးတယ်.. ရှင်နေသေးတယ်.."

"ဘာလဲ.. ရှင်နေသေးတယ်.."

ဖုန်းဝူချန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လျှပ်တစ်ပြက် ရောက်လာခဲ့သည်။

ချူဝူဟန်နှင့် အခြားသူများလည်း လျှပ်တစ်ပြက် ရောက်လာကြသည်။ စစ်ဆေးပြီးနောက် လျိုချင်းယန် အသက်ရှင်နေသေးကြောင်း သူတို့ အလွန်သေချာသွားကြသည်။

သူ၏ နှလုံးခုန်သံက ခုန်နေဆဲ ဖြစ်ပြီး အလွန် အားနည်းသော အရှိန်အဝါ တစ်ခု ရှိနေသေးသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ.."

ချူဝူဟန်က နားမလည်နိုင်စွာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

စောစောက သူတို့ လျိုချင်းယန်၏ အရှိန်အဝါကို လုံးဝ မခံစားမိတော့ပေ။

‘…သေသွားတဲ့ ... လူက ဘယ်လိုလုပ်ပြန်ရှင်လာတာလဲ.. ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ…’

အရှိန်အဝါ မရှိသော လျိုချင်းယန်သည် သေဆုံးသင့်သည် မဟုတ်လား။

သို့ဆိုလျှင် သူ ဘာကြောင့် ရုတ်တရက် ပြန်လည်ရှင်သန်လာရသနည်း။ ချူဝူဟန်နှင့် အခြားသူများ လုံးဝ နားမလည်နိုင်ကြပေ။

‘…သြော်... ဒီလိုကိုး။ ဒဏ်ရာတွေက အလျင်အမြန် ပြန်ကောင်းနေပါလား။ ’

ဒါ အထွတ်အထိပ် ခန္ဓာကိုယ်ကြောင့် ဖြစ်ရမည်။ ချင်းယန်က နှစ်လကြာ နှိပ်စက်ခံခဲ့ရသော်လည်း ဆန့်ကျင်ဘက်အနေနှင့် သူ၏ အထွတ်အထိပ် ခန္ဓာကိုယ်က လှုံ့ဆော်ခံလိုက်ရသည်ပင်။

ထိုမျှမက သူ၏ ခန္ဓာကိုယ်က အဆင့်များစွာ တိုးတက်ခိုင်မာလာသည်။ ဒါကို ‘ကံဆိုးထဲက ကံကောင်း’ဟု ပြောရမည်ပင်။

ဖုန်းဝူချန် စစ်ဆေးပြီးနောက် ချက်ချင်းပင် အထွတ်အထိပ် ခန္ဓာ ကျင့်စဉ် ကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

ထိုရှင်းပြချက် တစ်ခုတည်းကသာ လျိုချင်းယန် ဘာကြောင့် ရုတ်တရက် ပြန်လည်ရှင်သန်လာရသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

လျိုချင်းယန်သည် ထိုက်ယွင်ဂိုဏ်း၏ လက်ထဲတွင် နှစ်လကြာ နှိပ်စက်ခံခဲ့ရသည်။ ကြိမ်လုံးများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရူးသွပ်စွာ ကျရောက်ခဲ့၏။ သူ၏ ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် သူ ထပ်မံ ကြိမ်ဒဏ်ခံရပြန်သည်။ နှစ်လကြာပြီးနောက် လျိုချင်းယန်၏ ခန္ဓာကိုယ်သည် အလွန်အမင်း ခိုင်မာတောင့်တင်းလာခဲ့လေပြီ။

‘…ဒီကလေး တော်တော်ကံကောင်းတာပဲ... ဒီလိုနှိပ်စက်ခံရတာတောင်မှ သူ့အတွက် အကျိုးဖြစ်သွားသေးတယ်…’

ဖုန်းဝူချန် စိတ်ထဲမှာ ကျိတ်၍ ချီးကျူးလိုက်မိသည်။

ထို့နောက် ဖုန်းဝူချန်က ထိုက်ယွင်ဂိုဏ်းတွင် ရေချိုးစည်တစ်ခု ရှာတွေ့ပြီး ချူဝူဟန်နှင့် အခြားသူများရှေ့တွင် အံ့ဖွယ် ဝိညာဉ်အရည်တစ်မျိုးကို သန့်စင်ဖော်စပ်လိုက်သည်။

ရေချိုးစည်ထဲသို့ လောင်းထည့်ပြီးနောက် သူ လျိုချင်းယန်ကို ရေချိုးစည်ထဲ ထည့်ကာ ဒဏ်ရာများကို ကုသပေးလိုက်သည်။

လျိုချင်းယန်ကို အရိုးဆက် ချီစွမ်းအင် ဆေးလုံး အနည်းငယ် တိုက်ကျွေးပြီးနောက် ဖုန်းဝူချန် လုံးဝ စိတ်အေးသွားတော့၏။

"ချင်းချင်း၊ စိတ်မပူနဲ့တော့။ အထွတ်အထိပ် ခန္ဓာကိုယ်က လုံးဝ လှုံ့ဆော်ခံလိုက်ရပြီ။ ချင်းယန် မကြာခင် ပြန်ကောင်းလာတော့မှာ.."

ဖုန်းဝူချန်က နှစ်သိမ့်လိုက်သည်။

သူ၏ နှလုံးသားထဲမှ ဒေါသသည် တဖြည်းဖြည်း ပြေလျော့သွားခဲ့လေပြီ။

All Chapters