← Chapters

တရားမျှတစွာ ရှုံးနိမ့်ခြင်း

Vol. 6 Ch. 90

တရားမျှတစွာ ရှုံးနိမ့်ခြင်း

Vol. 6 Ch. 90

~ဖုန်းဝူချန်က မီးလျှံဓားကို လက်ထဲတွင် ကိုင်ဆောင်ကာ ပြေးထွက်သွား၏။

ပျောက်ကွယ်သွားလို

ဖျတ်ခနဲ ပျောက်ကွယ်သွားလိုက်၊ လှံကို ရှောင်တိမ်းလိုက်နှင့်၊ သူ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး သွက်လက်လှသည်။

သူ၏ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်ရာ၊ ဖုန်းဝူချန် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။

ရွှေရောင်ဓားအလင်းတန်း တစ်ခု ပျံထွက်သွားပြီး၊ တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်က အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးဝင်သွားလေသည်။

"ဘုန်း.."

ကျန်းကျွင့်လန်က သူ၏ လှံရှည်ကို အလျားလိုက် ဝှေ့ယမ်းရန် မြှောက်လိုက်ရာ၊ တိုးညှင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဖုန်းဝူချန်၏ ဓားအလင်းတန်းကို ချေမှုန်းပစ်လိုက်သည်။ သူ၏ ပြင်းထန်ရက်စက်မှုကို ပြသလိုက်သတည်း။

"လာခဲ့.."

ဖုန်းဝူချန် လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လျှင် ကျန်းကျွင့်လန် ဟိန်းဟောက်လိုက်သည်။ သွေးနီရောင်မီးလျှံလှံက နောက်တစ်ကြိမ် ဝှေ့ယမ်းထွက်လာပြန်သည်။

"ချွင်.."

ဖုန်းဝူချန်က မီးလျှံဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ၊ စူးရှတောက်ပလှသော ‘ချွင်’ ဟူသည့် အသံနှင့်အတူ အလွန်ကြမ်းတမ်းသော စွမ်းအားတစ်ခု တဟုန်ထိုး ထွက်ပေါ်လာပြီး၊ မြေပြင်တွင် ဒါဇင်ပေါင်းများစွာသော အက်ရာအစင်းလေးများကို ဖြစ်ပေါ်စေခဲ့သည်။

ဤ ခေါင်းချင်းဆိုင် တိုက်မိမှုတွင် နှစ်ဦးလုံး နောက်သို့ တွန်းထုတ်ခြင်း မခံခဲ့ရပေ။ သူတို့၏ ခွန်အားမှာ အညီအမျှ ရှိနေခဲ့သည်ပင်..။

ကျန်းကျွင့်လန်၏ လှံသိုင်းပညာ ကျွမ်းကျင်မှုမှာ နက်ရှိုင်းလှသည်။ သူက လှံအတွက် အသက်ရှင်နေသူနှယ်။ သူ၏ လက်ထဲမှ သွေးနီရောင်မီးလျှံလှံမှာ သက်ရှိအရာတစ်ခုကဲ့သို့၊ မာကျောမှုနှင့် နူးညံ့မှု နှစ်မျိုးလုံးကို ပေါင်းစပ်ထားလေသည်။

"တော်တဲ့ ...ကောင်လေးပဲ.. ငါ့ရဲ့ ... သွေးနီရောင်မီးလျှံလှံက အလေးချိန် ကျင်းသုံးရာတောင် ရှိတယ်ကွ.. ဒါကို မင်းရဲ့ ... အဆင့်မြင့် ရတနာလက်နက်က တကယ်ပဲ တားဆီးနိုင်ခဲ့တယ်.." ကျန်းကျွင့်လန် အံ့အားသင့်စွာ ထုတ်ပြောလိုက်သည်။

"ထန် ထန် ထန်.."

ကျန်းကျွင့်လန်က သွေးနီရောင်မီးလျှံလှံကို ရူးသွပ်စွာ ဝှေ့ယမ်းရင်း ပြင်းထန်သော ထိုးစစ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်လှသော တိုက်ပွဲတွင် မီးပွားများ လွင့်စဉ်နေပြီး၊ အားကောင်းလှသော ချီစွမ်းအား လှိုင်းဂယက်များ ပျံ့နှံ့ထွက်နေလေသည်။

ကျန်းကျွင့်လန်၏ တိုက်ကွက်များ မည်မျှပင် ပြင်းထန်ကြမ်းတမ်းစေကာမူ၊ ဖုန်းဝူချန်က ၎င်းတို့အားလုံးကို ပါးနပ်စွာ တားဆီးကာ ပျက်ပြယ်စေခဲ့ပြီး၊ ထိမှန်ခြင်း မခံရဘဲ သို့မဟုတ် အသာစီးဆုံးရှုံးခြင်း မရှိဘဲ တိုက်ကွက်များကို လုံးဝ ရှောင်တိမ်းနိုင်ခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားများ ဆက်လက် ပျံ့နှံ့ထွက်နေပြီး၊ တောင်ကြားကို ပျက်စီး

ယိုယွင်းစေခဲ့သည်။

"သူ တကယ်ပဲ အစ်ကိုဖုန်းနဲ့ ယှဉ်နိုင်တာပဲ.."

လျိုချင်းယန်၏ မျက်နှာမှာ မယုံကြည်နိုင်ခြင်းဖြင့် အံ့အားသင့်ကာ ပြောင်းလဲသွားသည်။

အဆင့်တူ တစ်စုံတစ်ယောက်က ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ရန် ခက်ခဲနေခဲ့၏။

"အစ်ကိုဖုန်း ခုနကပဲ ပြောလိုက်တယ် မဟုတ်လား။ ဒီ ကျန်းကျွင့်လန်က ပင်ကိုယ်ခန္ဓာ ရှိပြီး ပင်ကိုယ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ သူ အရမ်း အားကောင်းတယ်။ ကြည့်လေ၊ သူသုံးနေတဲ့ ... သိုင်းပညာတွေ အားလုံးက မြေကမ္ဘာအဆင့်တွေချည်းပဲ၊ သူ့ရဲ့ ... သွေးနီရောင်မီးလျှံလှံတောင် အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်ပဲ။"

မြောင်ချင်းချင်းက ပြောလိုက်ရင်း၊ သူမ၏ စိတ်နှလုံးထဲတွင် အနည်းငယ် စိုးရိမ်မှု ရှိနေခဲ့သည်။

ကျန်းကျွင့်လန်၏ အစွမ်းမှာ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပင်ကိုယ်စွမ်းအား၊ အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်၊ နှင့် မြေကမ္ဘာအဆင့် သိုင်းပညာများဖြင့်။ သူ အားမကောင်းလျှင်သာ ထူးဆန်းတော့မည်။

မဟုတ်ပါက သူ ဖုန်းဝူချန်၏ လက်ချက်ဖြင့် ကြာမြင့်စွာကတည်းက ရှုံးနိမ့်ပြီးလောက်ပေပြီ။

"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး.."

ပြင်းထန်သော တိုက်ပွဲအတွင်း၊ ဖုန်းဝူချန်က အခွင့်အရေးတစ်ခုကို ရှာတွေ့လိုက်ပြီး မဆိုင်းမတွပင်၊ သုံးဆင့်ထပ် လက်ဝါးများဖြင့် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ အံ့မခန်း စွမ်းအားတစ်ခုကို ထုတ်လုပ်ပေးခဲ့သည်။

"ချေမှုန်းစမ်း.."

ကျန်းကျွင့်လန် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ သွေးနီရောင်မီးလျှံလှံကို ရူးသွပ်သော လှုပ်ရှားမှုဖြင့် ထိုးစိုက်ထုတ်လိုက်သည်။

"ဘုန်း.."

လှံထိပ်က စွမ်းအင်လက်ဝါးကို ထိုးဖောက်ဝင်သွားပြီး ဘုန်းခနဲ ပေါက်ကွဲထွက်သွားရာ၊ စွမ်းအင်လှိုင်းဂယက်များကို ဂရုမစိုက်ဘဲ သွေးနီရောင်မီးလျှံလှံက တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ဖုန်းဝူချန်ထံသို့ ဆက်လက် ထိုးစိုက်ဝင်သွားလေသည်။

“

ဖုန်းဝူချန်က အားနည်းမှုကို မပြလိုဘဲ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

စူးရှသော ‘ချလွင်’ ဟူသည့် အသံ ထွက်ပေါ်လာပြီး ဓားထိပ်နှင့် လှံထိပ်တို့ တိုက်မိကြရာ၊ ရွှေရောင်နှင့် အပြာရောင်အလင်းတန်းများ တစ်ဖက်စီ နေရာယူထားကြသည်။

ခဏတာအတွင်းမှာပင် အားကောင်းလှသော စွမ်းအားတစ်ခု ပျံ့နှံ့ထွက်သွားသည်။

"ဘုန်း.."

ခေတ္တ တိုက်မိပြီးနောက်၊ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး နှစ်ဦးလုံး နောက်တစ်ကြိမ် တုန်ခါ နောက်ဆုတ်သွားကြပြန်သည်။

"ထပ်လာဦးမယ်.." ကျန်းကျွင့်လန် ဟိန်းဟောက်လိုက်ရာ၊ တိုက်ပွဲစိတ်ဓာတ် အပြည့်အဝ နိုးကြားလာပြီး၊ အလွန် စိတ်လှုပ်ရှားနေဟန် ပေါ်သည်။၊ သူသည် ဒီလောက် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲမျိုးကို အချိန်အတော်ကြာ မတိုက်ခိုက်ခဲ့ရသကဲ့သို့ပင်။

"ဝှစ်.."

ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်က မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာပြီး မီးလျှံဓားဖြင့် အထက်သို့ ပင့်ကာ ထိုး လိုက်သည်။

"ဘာလဲ.."

ကျန်းကျွင့်လန်၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ ကြောက်လန့်မှုကြောင့် ချွေးအေးများ ထွက်လာသည်။

သူ၏ ထိတ်လန့်မှုကြားတွင် ကျန်းကျွင့်လန်က မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းလိုက်ပြီး၊

လျင်မြန်စွာ နောက်ဆုတ်သွားကာ ဖုန်းဝူချန်၏ လိမ္မာပါးနပ်သော ထိုးချက်ကို လက်မတင်လေး ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။

‘…အမြန်နှုန်း ရုတ်တရက် တိုးလာတယ်.. ဒါ ဘယ်လို လှုပ်ရှားမှု သိုင်းပညာမျိုးလဲ၊ ကြောက်စရာကောင်းလိုက်တာ..’

ကျန်းကျွင့်လန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုကြောက်လန့်မှုမှာ အလွန် အစစ်အမှန်ဆန်လှပြီး၊ သေလုနီးပါးပင်။

ကျန်းကျွင့်လန်ကို ကြည့်ရင်း ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ဆိုသည်။

"တုံ့ပြန်မှု မြန်သားပဲ။"

"ဟမ့်.."

ကျန်းကျွင့်လန် ပြင်းထန်စွာ နှာမှုတ်လိုက်ပြီး၊ ပင်ကိုယ်စွမ်းအားကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ရာ၊ အပြာရောင်အလင်းတန်းများ ရူးသွပ်စွာ လင်းလက်လာပြန်သည်။

"နဝမကောင်းကင် စစ်နတ်ဘုရားလှံ.. ထောင်ပေါင်းများစွာကို တိုက်ချစမ်း.." ကျန်းကျွင့်လန် ဟိန်းဟောက်လိုက်သည်နှင့်၊ အလွန်အားကောင်းသော လှံအလင်း တစ်ခု လေထုထဲတွင် ပျံ့နှံ့လာပြီး၊ သူ၏ အရှိန်အဝါ ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။

"နောက်ထပ် မြေကမ္ဘာ အဆင့် အောက်တန်းစား သိုင်းပညာ.."

လျိုချင်းယန် တုန်လှုပ်စွာ ဟစ်အော်လိုက်ရာ၊ သူ၏ မျက်နှာ ဖြူဖျော့သွား၏။

မြောင်ချင်းချင်း အလျင်အမြန် ခေါ်လိုက်သည်။

"အစ်ကိုလျို၊ မြန်မြန် ဝေးဝေး သွားကြရအောင်.."

"ဝှစ်.."

ကျန်းကျွင့်လန် သူ၏ ဟစ်ကြွေးသံ ဆုံးသည်နှင့်၊ သွေးနီရောင်မီးလျှံလှံဖြင့် ဝှေ့ယမ်းလိုက်ရာ၊ ကြီးမားလှသော အပြာရောင် လှံအလင်းတစ်ခု တားဆီး၍မရနိုင်သော အရှိန်အဟုန် သယ်ဆောင်လျက် ပစ်လွှတ်ထွက်သွားသည်။

ထောင်ပေါင်းများစွာကို တိုက်ချနိုင်သည့် စွမ်းအားကို အမှန်ပင် ပုံဖော်နေသည်တကား..။

အားကောင်းလှသော လှံသိုင်းပညာကို ဝိညာဉ်လက်နက်ဖြင့် အသုံးပြုလိုက်သည့်အခါ၊ ၎င်း၏ အစွမ်းမှာ ပို၍ပင် အားကောင်းပြီး ကြမ်းတမ်းလာခဲ့သည်။

"ကောင်းကောင်း လက်ခံလိုက်မယ်.."

ဖုန်းဝူချန် ဟိန်းဟောက်လိုက်ပြီး၊ သူ၏ နဂါးနတ်ဘုရား စွမ်းအား တိုးပွားလာကာ၊ ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ လင်းလက်လာပြီး၊ ကြမ်းတမ်းလှသော စွမ်းအားတစ်ခုကို မီးလျှံဓားအတွင်းသို့ လှည့်ပတ်သွင်းလိုက်သည်။

"ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း ဓားသိုင်းပညာ.. ကောင်းကင်နှင့် မြေကြီးကို ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း.."

ဖုန်းဝူချန် ဟိန်းဟောက်လိုက်သည်နှင့်၊ အလွန်အားကောင်းသော ဓားအလင်းတန်းတစ်ခု တိုးပွားထွက်ပေါ်လာပြီး၊ မီးလျှံဓားမှ တောက်ပလှသော ဓားအလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ရာ တောင်ကြားတစ်ခုလုံးကို လင်းထိန်သွားစေသည်။

"လာစမ်း.. မင်းရဲ့ ... ဓားသိုင်းပညာက ပိုကြောက်ဖို့ကောင်းမလား၊ ဒါမှမဟုတ် ငါ့ရဲ့ ... လှံသိုင်းပညာက ပိုအားကောင်းမလား ကြည့်ကြတာပေါ့.." ကျန်းကျွင့်လန်က စိတ်လှုပ်ရှားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဟစ်ကြွေးစိန်ခေါ်သည်။

"ဝှစ်.."

မီးလျှံဓား ပြင်းထန်စွာ ဝှေ့ယမ်းထွက်လာပြီး၊ ကြမ်းတမ်းစွာ ဟိန်းဟောက်နေသော ရွှေရောင်ဓားအလင်းတန်းတစ်ခု ဓားထိပ်မှ လျှပ်စီးကဲ့သို့ ပစ်လွှတ်ထွက်သွားကာ၊ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

"ဘုန်း.."

"ဝူး..ဝူး.."

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအလင်းတန်းနှင့် လှံရောင်ခြည်တို့ ပြင်းထန်စွာ တိုက်မိကြပြီး၊ နားကွဲလုမတတ် ပေါက်ကွဲသံကြီး တောင်ကြားအတွင်း ပဲ့တင်ထပ်သွားသည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂ အစအနများ ရူးသွပ်စွာ ပျံ့နှံ့ထွက်သွားပြီး၊ သူတို့နှစ်ဦးလုံး သွေးများ အန်ထွက်ကာ နောက်သို့ လွင့်စဉ်သွားစေခဲ့သည်။

ကြောက်မက်ဖွယ် အားလှိုင်းများက

တောင်ကြား တစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားပြီး၊ တောင်ကြားအတွင်းမှ ပန်းများ အားလုံး ပျက်စီးသွားခဲ့ရသည်။

ဤခေါင်းချင်းဆိုင် တိုက်မိမှုမှာ ယခင်ကထက်ပင် ပိုမိုအားကောင်းလှပြီး၊ နှစ်ဖက်စလုံး တုန်ခါမှုကြောင့် ဒဏ်ရာ ရရှိသွားကြ၏။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သွေးနီရောင် မီးလျှံလှံက အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်လေ၊ အဆင့်မြင့် ရတနာလက်နက် တစ်ခုကို ဘယ်လိုလုပ် မကျော်လွှားနိုင်ရတာလဲ။"

ကျန်းကျွင့်လန် လုံးဝ တုန်လှုပ်သွားပြီး၊ ဖုန်းဝူချန်ကို ကြောင်ငေးကာ စိုက်ကြည့်နေမိသည်။

သူတို့နှစ်ဦးလုံး၏ ကျင့်ကြံမှုမှာ အသွင်ပြောင်းဘုံ သတ္တမအလွှာတွင် ရှိပြီး၊ နှစ်ဦးလုံး ကြောက်မက်ဖွယ် တိုက်ခိုက်ရေးအစွမ်းကို ပိုင်ဆိုင်ထားကြသည်။

ကျန်းကျွင့်လန် နားမလည်နိုင်ခဲ့ပေ၊ ဖုန်းဝူချန်၏ အစွမ်းက သူ့ထက် ပိုကြီးမားခဲ့လျှင်ပင်၊ များစွာ ကွာခြားနိုင်မည် မဟုတ်ပေ။

အကြောင်းမှာ သူက သူ၏ ပင်ကိုယ်စွမ်းရည်များ၏ စွမ်းအားကို လှည့်ပတ်သုံးစွဲနေပြီး၊ သွေးနီရောင် မီးလျှံလှံက ထိုကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်သင့်၏။

သို့သော် သူ ဘာကြောင့် ဖုန်းဝူချန်ကို အနိုင်မယူနိုင်သေးသည်ကို သူ နားမလည်နိုင်ခဲ့ချေ။

‘…ဒီလောက် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ... လှံသိုင်းပညာ၊ ငါ့ရဲ့ ... ရုပ်ခန္ဓာတောင်မှ မနည်း ခုခံလိုက်ရတယ်.. တကယ်ပဲ မှတ်သားလောက်စရာပဲ…’

ဖုန်းဝူချန် စိတ်ထဲမှ အံ့ဩသွားသည်။

ဒဏ်ရာရရှိခဲ့သော်လည်း၊ သူ့အတွက်တော့ ၎င်းမှာ အသေးအဖွဲမျှသာ။

"အစ်ကိုဖုန်း၊ ခင်ဗျား ဒဏ်ရာရသွားသေးလား။" လျိုချင်းယန် တောင်စောင်းတစ်ဝက်မှ ဟစ်အော်မေးလိုက်သည်။

"ငါ ဘာမှမဖြစ်ဘူး။"

ဖုန်းဝူချန် ခေါင်းခါပြလိုက်သည်။

"ခွေးကောင် ဖုန်းဝူချန်.. ငါ အစွမ်းကုန် ထုတ်သုံးရင်တောင် မင်းကို မနိုင်ဘူးလို့.. ငါ မယုံဘူး.." အခြားတစ်ဖက်တွင် ကျန်းကျွင့်လန် ဟစ်အော်လိုက်ပြီး၊ သူ၏ ပင်ကိုယ်စွမ်းအားကို အပြည့်အဝ နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။

"မင်း ကြိုးစားကြည့်နိုင်တယ်.."

ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်ရာ၊ သူ၏ မျက်နှာ အမူအရာ မပြောင်းလဲပေ။

"နဝမကောင်းကင် စစ်နတ်ဘုရားလှံ.. ကောင်းကင်ကို ချေမှုန်းမယ်.."

ကျန်းကျွင့်လန် နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ၊ သူ၏ အရှိန်အဝါက တိုးမြင့်လာပြီး၊ ပို၍ပင် အားကောင်းသော လှံအလင်းတန်း တစ်ခု လေထုထဲတွင် ပြည့်နှက်သွားပြန်သည်။ အပြာရောင် အရောင်အဝါမှာ လူတို့ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

"ဝှစ်.."

ကျန်းကျွင့်လန် လေထဲသို့ လွှားခနဲ ခုန်တက်လိုက်ပြီး၊ ဖျက်ဆီး၍ မရနိုင်သည့် အရှိန်အဝါဖြင့် လှံကို ထိုးစိုက်လိုက်သည်။

"ထန်.."

ဖုန်းဝူချန်ကမူ မီးလျှံဓားကို မြေကြီးထဲသို့ စိုက်ထားလိုက်ပြီး၊ သူ၏ လက်များကို ပူးယှက်လိုက်ရာ၊ ရွှေရောင် အခင်းအကျင်း တစ်ခု သူ၏ ခြေထောက်အောက်တွင် ပေါ်ထွက်လာသည်။

ချက်ချင်းပင် ထို့နောက်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများ ပေါ်လာ၏။ တပြိုင်နက်တည်းပင် တောက်ပလှသော ရွှေရောင်အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ၊ ၎င်း၏ ကြမ်းတမ်းသော အရှိန်အဝါမှာ အစွန်းရောက်လှသည်။

"အဲ့ဒါ ဘာဓားသိုင်းပညာလဲ။"

ကျန်းကျွင့်လန် ဖုန်းဝူချန်ကို အံ့အားသင့်စွာ ကြည့်မိသည်။

အခင်းအကျင်း သွန်းလုပ်ခြင်း ပါဝင်သည့် ဓားသိုင်းပညာကို သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ ၎င်းမှာ ဓား အခင်းအကျင်း မဟုတ်လျှင်ပေါ့။

သို့သော် ဖုန်းဝူချန် အသုံးပြုနေသည်မှာ ဓား အခင်းအကျင်း ဟုတ်ခဲ့။

"ထင်ယောင်ထင်မှား နဝမကောင်းကင် ဖျက်ဆီးခြင်း.."

ဖုန်းဝူချန် ဟစ်ကြွေးလိုက်သည်နှင့်၊ ကောင်းကင်သို့ ထိုးတက်သွားသည့် ရွှေရောင်အလင်းတန်းက ချက်ချင်းပင် ဓားချီတစ်လက်အသွင် ပြောင်းလဲသွားသည်။ ဖုန်းဝူချန်၏ လမ်းညွှန်မှုအောက်တွင် ၎င်းက လေကို ထိုးဖောက်သွားသည့် ရွှေရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ် ဖွဲ့တည်သည်။

"ဘုန်း.."

"ဝှီး.."

"ဝှစ် ဝှစ်.."

ကြမ်းတမ်းသော စွမ်းအားနှစ်ခု နောက်တစ်ကြိမ် တိုက်မိကြပြန်ပြီး၊ နားကွဲလုမတတ် ပေါက်ကွဲသံကြီးဖြင့် ပေါက်ကွဲထွက်သွားကာ တောင်ကြားကို နောက်တစ်ကြိမ် လွှမ်းခြုံသွားသည်။

ကြောက်မက်ဖွယ် ပေါက်ကွဲစွမ်းအင်က သူတို့နှစ်ဦးလုံးကို နောက်တစ်ကြိမ် ဒဏ်ရာရရှိစေပြီး၊ တောင်ကြားမှာ တဟူးဟူး.. တုန်ခါသံကြီးဖြင့် ပဲ့တင်ထပ်နေတော့သည်။

လွင့်စဉ်သွားသည့် ကျန်းကျွင့်လန်မှာ တောင်ခြေရင်းမှ ကြီးမားသော ကျောက်တုံးကြီးတစ်ခုနှင့် ဆောင့်မိသွားပြီး၊ ကျောက်တုံးကြီးမှာမူ ကြေမွသွားခဲ့ရသည်။

ထိုစဉ် ဖုန်းဝူချန်က မြေကြီးထဲ စိုက်ထားသည့် မီးလျှံဓားကို အသုံးပြုကာ ဆယ်မီတာကျော်ခန့် နောက်သို့ လျှောတိုက်သွားပြီးမှသာ ရပ်တန့်လိုက်နိုင်ခဲ့သည်။

ဤ ဒုတိယအကြိမ် ခေါင်းချင်းဆိုင် တိုက်မိမှုတွင် နှစ်ဦးလုံး ပိုမိုပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြသည်။ ဖုန်းဝူချန်မှာ အတော်လေး ထိခိုက်မှု မရှိလှသော်လည်း၊ ကျန်းကျွင့်လန်၏ ဒဏ်ရာများမှာမူ အတော်လေး ပြင်းထန်လှသည်။

"ငါ နိုင်သွားပြီနဲ့ တူတယ်။"

ဖုန်းဝူချန်က သူ၏ ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ခပ်ဖွဖွ ပြုံးကာ ဆိုသည်။

"အစ်ကိုဖုန်း၊ ရှင့်ရဲ့ ... ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။"

မြောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

သူတို့နှစ်ဦးလုံး အလျင်အမြန် ပြေးလာကြ၏။

"ဘာမှ ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။"

ဖုန်းဝူချန်က ဆိုလိုက်ပြီး၊ ကျန်းကျွင့်လန်ရှိရာဘက်သို့ လှမ်းလျှောက်သွားသည်။

ပြင်းထန်သော ဒဏ်ရာများဖြင့် ကျန်းကျွင့်လန်မှာ ထရပ်ရန် ကြိုးစားရုန်းကန်နေရပြီး၊ သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း နာကျင်နေကာ၊ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ဝေဒနာများဖြင့် ပြည့်နှက်နေသည်။

"ဖုန်းဝူချန်.. မင်း နည်းနည်းလောက် ညင်ညင်သာသာ လုပ်လို့ မရဘူးလား။ ငါ ငါ့အစွမ်းရဲ့ ... ကိုးဆယ်ရာခိုင်နှုန်းပဲ သုံးခဲ့တာကို.." ကျန်းကျွင့်လန်က ခါးသီးစွာ ညည်းညူရင်း၊ ယိုင်နဲ့ယိုင်နဲ့ လမ်းလျှောက်လာသည်။

"ဒီမှာ ကုစားဆေးလုံး။" ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်သည်။ "ငါ သက်ညှာခဲ့ပါတယ်။ ငါ့အစွမ်းရဲ့ ... ခုနစ်ဆယ်ရာခိုင်နှုန်းပဲ သုံးခဲ့တာ။"

"ခုနစ်ဆယ်ရာခိုင်နှုန်း.."

ဆေးလုံးကို မျိုချလိုက်ရင်း ကျန်းကျွင့်လန်၏ ဖြူဖျော့နေသော မျက်နှာ ချက်ချင်း တောင့်တင်းသွားသည်။

သူ ကြားမှားသွားသလားဟု ကျန်းကျွင့်လန် တွေးမိသည်။

နှစ်ဦးလုံး အသွင်ပြောင်းဘုံ သတ္တမအလွှာတွင် ရှိကြပြီး၊ ဖုန်းဝူချန်က သူ၏ အစွမ်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းသာ အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း၊ သူ့ကို အနိုင်ယူသွားခဲ့သည်လား။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်၏ ဒဏ်ရာများမှာ ပြင်းထန်ခြင်း မရှိဘဲ၊ အသေးစား ဒဏ်ရာအချို့သာ ဖြစ်ကြောင်း သတိပြုမိလိုက်ရာ၊ ကျန်းကျွင့်လန် ပို၍ပင် တုန်လှုပ်သွားရသည်။

ဤမျှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များက ဖုန်းဝူချန်ကို အပြင်းအထန် ဒဏ်ရာရရှိအောင် မလုပ်နိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။

သူ ဘယ်လောက်တောင် မိစ္ဆာဆန်နေပါလိမ့်။

"မင်း မျှမျှတတ ရှုံးခဲ့တာပါ။ မင်း တကယ်ပဲ ဘယ်သူလဲ။ ... ဒီလောက် အစွမ်းထက်တယ်၊ ပြီးတော့ မင်းမှာ ပင်ကိုယ်ခန္ဓာတောင် ပိုင်ဆိုင်ထားသေးတာ၊ မင်းက ခပ်သေးသေး ... အသိုင်းအဝိုင်းက မဟုတ်တာ သေချာတယ်။"

ဖုန်းဝူချန်က ကျန်းကျွင့်လန်အပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့သဖြင့် စူးစမ်းစွာ မေးမြန်းလိုက်သည်။

"တိုက်ကြီးရဲ့ ... ကျန်းမိသားစုက"

ကျန်းကျွင့်လန်က တိုတိုတုတ်တုတ် ပြန်ဖြေရင်း၊ ဖုန်းဝူချန်နှင့် မျက်လုံးချင်း ဆုံလိုက်သည်။

“အခု မင်းရဲ့ ... အဲ့ဒီ မီးတောက်က ဘာလဲဆိုတာ ငါ့ကို ပြောပြနိုင်လောက်ပြီ ထင်တယ်၊ ဟုတ်တယ်မလား”

"ဒီလောက် မြင့်မြတ်တဲ့ ... မိသားစုက တစ်ယောက်ယောက်က အိမ်မှာ ဘာလို့ မနေတာလဲ။ ယန်ဟော်အင်ပါယာမှာ ဘာလုပ်နေတာလဲ။" ဖုန်းဝူချန်က ဆက်လက် ဖိအားပေးမေးမြန်းသည်။

"တိုက်ကြီးက ပါရမီရှင်တွေ ပြည့်နေတာ။ ငါ သူတို့ကို မနိုင်ရင်၊ ဝေးလံတဲ့ ... နေရာကို လာပြီး ကလေးတွေကို အနိုင်ကျင့်မယ်လို့ စိတ်ကူးတာ ပေါ့ဟ၊ မင်းရဲ့ ... လက်ချက်နဲ့ အရင်ဆုံး လဲကျသွားလိမ့်မယ်လို့တော့ ဘယ် မျှော်လင့်ထားမလဲ"

ကျန်းကျွင့်လန်က စိတ်တိုတိုဖြင့် ပြန်ဖြေရင်း၊ ဖုန်းဝူချန်ကို ရှုတည်တည် ကြည့်လိုက်သည်။

"ဟားဟား.. မင်း ကံဆိုးတာနဲ့ ထိုက်တန်တာပေါ့၊ အစ်ကိုဖုန်းကို သွားစရဲသေးတာ၊ မင်းက ဒုက္ခရှာနေတာပဲ။"

လျိုချင်းယန် ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဒီလောက် သေးငယ်တဲ့ ... ယန်ဟော် အင်ပါယာလေးထဲမှာ သူ့လို အံ့ဖွယ်သတ္တဝါ တစ်ကောင် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။" ကျန်းကျွင့်လန်က မကျေမနပ် ဆိုသည်။

သူ၏ အဝတ်အစားများပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ကာ၊ ကျန်းကျွင့်လန်က စိန်ခေါ်သလို ကြေညာလိုက်သည်။

"နောက်တစ်ကြိမ်ကျရင် ငါ မင်းကို သေချာပေါက် အနိုင်တိုက်မယ်.. ဟမ့်.."

"အဲ့ဒီ မီးတောက်က ဘာလဲဆိုတာ မင်း ငါ့ကို မပြောရသေးဘူးနော်။" ကျန်းကျွင့်လန်က ဆက်လက် တောင်းဆိုလိုက်သည်။

ဖုန်းဝူချန်က လက်ဖြန့်လိုက်သည်။

"တကယ်တော့ ငါကိုယ်တိုင်လည်း မသိဘူး၊ မရည်ရွယ်ဘဲ ရခဲ့တာ။"

သူ သိခဲ့လျှင်ပင် ဖုန်းဝူချန် ပြောမည် မဟုတ်ပေ။

သူ၏ လျှို့ဝှက်ချက်ကို သိသူ နည်းလေလေ၊ သူ ကြုံတွေ့ရမည့် အန္တရာယ် နည်းလေလေပင်။

"ဟုတ်သားပဲ၊ ဖုန်းဝူချန်၊ မင်း ဆရာဖုန်းအကြောင်း ကြားဖူးလား။" ကျန်းကျွင့်လန်က ရုတ်တရက် မေးလိုက်သည်။

"ဆရာဖုန်း.."

လျိုချင်းယန်က ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြန်မေးလိုက်၏။

"ကြားဖူးတာပေါ့၊ မင်း ဆရာဖုန်းနဲ့ ဘာလုပ်ချင်လို့လဲ။"

" ယန်ဟော် အင်ပါယာကို ဖြတ်သွားရင်းနဲ့၊ သန့်စင်ခြင်းဖို မလိုအပ်ဘဲ စိတ်အာရုံတစ်ခုတည်းနဲ့ လက်နက်တွေ ပုံဖော်နိုင်တဲ့ ... ပဉ္စမတန်းစား လက်နက်သန့်စင်သူ တစ်ယောက် ရှိတယ်လို့ ငါ ကြားလိုက်ရတယ်၊ အရမ်း အထင်ကြီးစရာပဲ။ ငါ သူ့ကို ကိုယ်တိုင် တွေ့ချင်တယ်၊ ဆရာဖုန်းကို ဘယ်မှာ ရှာတွေ့နိုင်မလဲ ငါ့ကို ပြောပြပါ။"

ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ တိုက်တွန်းလာသည်။

All Chapters