ယန်ကျုံးထျန်း
Vol. 7 Ch. 94
~"ချန်အာ။ တကယ်ပဲ ချန်အာပါလား" ရှောင်ချင်းချင်းသည် သူမ၏သားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကာ ဝမ်းမြောက်မျက်ရည်များဖြင့် ပြေးလာပြီး ဖုန်းဝူချန်ကို သူမ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်တော့သည်။
"တတိယညီလေး" ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့လည်း အလျင်အမြန် ပြေးထွက်လာကြလေ၏။
"တတိယသခင်လေး တကယ် ပြန်လာတာပဲ" ဖုန်းမိသားစုဝင်အားလုံး အတိုင်းမသိ ဝမ်းမြောက်သွားကြပြီး လူအများအပြားမှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ကျလာကြသည်။
"မေမေ" ဖုန်းဝူချန်၏ မျက်လုံးများ နီရဲလာလေသည်။ သူမည်မျှပင် သန်မာသည်ဖြစ်စေ မိသားစုသံယောဇဉ်၏ ရိုက်ခတ်မှုကိုတော့ သူ မတွန်းလှန်နိုင်ခဲ့ပေ။
မျက်ရည်များကြားမှ ရှောင်ချင်းချင်းက ဆိုသည်။ "မေမေ့ကို သားမျက်နှာလေး သေချာကြည့်ပါရစေဦး"
" ဒေါ်လေးရှောင်" လင်ရှောင်ရှောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
...
"ရှောင်ရှောင်။ သမီးလေးလည်း ပြန်လာတာလား။ ကောင်းလိုက်တာ။ သမီးလေးက ပိုပြီးတောင် လှလာသေးတယ်"
ရှောင်ချင်းချင်းသည် အလွန်ဝမ်းမြောက်သွားကာ လင်ရှောင်ရှောင်ကို ပွေ့ဖက်ရင်း သူမ၏ သမီးအရင်းလေး တစ်ယောက်ကဲ့သို့ ဆက်ဆံလေသည်။
"ဒေါ်လေးရှောင်... ကျွန်တော်တို့က အစ်ကိုဖုန်းရဲ့ သူငယ်ချင်းတွေပါ...။ ကျွန်တော့်နာမည်က လျိုချင်းယန်ပါ...။ သူ့နာမည်က မြောင်ချင်းချင်းပါ" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့လည်း ဝင်ရောက် နှုတ်ဆက်လိုက်ကြသည်။
ရှောင်ချင်းချင်းသည် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး တစ်နှစ်တာလုံး စိုးရိမ်ပူပန်ခဲ့ရမှုများကို နောက်ဆုံးတွင် ဘေးဖယ်ထားလိုက်နိုင်တော့သည်။
"ဖေဖေ။ အကြီးအကဲတို့"
ဖုန်းဝူချန်က ဖုန်းကျိန့်ရှုံးကို ကြည့်ရင်း ပျော်ရွှင်စွာ နှုတ်ဆက်လိုက်၏။
"မင်း ပြန်လာတာ ကောင်းတယ်ကွာ" ဖုန်းကျိန့်ရှုံးက စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။ ဖုန်းဝူချန် ဘေးမသီရန်မခ ပြန်ရောက်လာသည်ကို မြင်တွေ့ရသောအခါ သူ၏ မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝေ့သီလာခဲ့သည်။
"ဦးလေးဖုန်း။ အကြီးအကဲသုံးပါး" လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့က ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏။
ဖုန်းဝူချန်က လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို မိတ်ဆက်ပေးပြီးနောက် အားလုံး ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။
ဖုန်းဝူချန် ပြန်ရောက်လာသဖြင့် ရှောင်ချင်းချင်းကိုယ်တိုင် စားသောက်ပွဲတစ်ခုကို စီစဉ်ပေးခဲ့ပြီး ဖုန်းမိသားစုဝင်များမှာလည်း ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် အလုပ်ရှုပ်နေကြတော့သည်။
ခန်းမဆောင်ထဲတွင် ဖုန်းကျိန့်ရှုံးက ဖုန်းဝူချန်၏ လွန်ခဲ့သော တစ်နှစ်တာအကြောင်းကို မေးမြန်းလေ၏။
စစ်သူကြီးချုပ်နှင့် ဆရာဖုန်းတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ချန်လှပ်ထားသည်မှလွဲ၍ ဖုန်းဝူချန်က ယေဘုယျအားဖြင့် အရာအားလုံးကို ရှင်းပြခဲ့သည်။
လျိုချင်းယန်ကလည်း ဖုန်းဝူချန် တမင်တကာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားမှန်း ရိပ်မိသဖြင့် ဖွင့်ချခြင်း မပြုခဲ့ပါ။
"အသွင်ပြောင်းဘုံ နဝမအလွှာ ဟုတ်လား။ မင်းက အဖေ့ကိုတောင် မီတော့မလို့ပါလား"
ဖုန်းကျိန့်ရှုံးသည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ စိတ်ကူးကြည့်၍ပင် မရနိုင်ခဲ့ပေ။
တစ်နှစ်တာကာလအတွင်းမှာပင် ဖုန်းဝူချန်၏ ကျင့်ကြံမှုသည် အကြီးအကဲများကို ကျော်လွန်သွားခဲ့ပြီး သူသည် ဖုန်းမိသားစု၏ ဒုတိယအသန်မာဆုံး ပညာရှင် ဖြစ်လာခဲ့သည်။
ဖုန်းဝူချန်သည် သူ၏ အရှိန်အဝါအား ဖုံးကွယ်ထားသဖြင့် အခြားသူများ သူ၏ တိကျသော ကျင့်ကြံမှုအဆင့်ကို ခွဲခြားသိမြင်နိုင်ခြင်း မရှိခဲ့။ အကယ်၍ ဖုန်းကျိန့်ရှုံးသာ မမေးခဲ့ပါက ဖုန်းဝူချန် ဤမျှ အစွမ်းထက်လာသည်ကို မည်သူမျှ သိရှိကြမည်မဟုတ်ပေ။
ဖုန်းမိသားစု၏ အကြီးတန်းပုဂ္ဂိုလ်များမှာ တုန်လှုပ်သွားကြပြီး ပါးစပ်အဟောင်းသားဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်နေကြ၏။
"တတိယသခင်လေး... မင်းရဲ့ ဆေးပညာအဆင့်က တတိယအဆင့်ကို ရောက်နေပုံပဲ...။ ပြီးတော့ မင်းရဲ့ ဝိညာဉ်စွမ်းအားကလည်း တော်တော်လေး အားကောင်းနေတယ်" ဖုန်းချန်ယန်က တုန်လှုပ်စွာ ဆိုလိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည်။
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း ဆို၏။ "ဟုတ်ပါတယ်။ ကျွန်တော် တတိယအဆင့်ကို ရောက်သွားပါပြီ"
"အိုး"
ဖုန်းမိသားစု၏ အထက်ပိုင်းပုဂ္ဂိုလ်များ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြီး အားလုံးစုပေါင်း၍ အေးစက်သော လေကို ရှူသွင်းလိုက်ကြသည်။
တတိယအဆင့် ဆေးပညာရှင်တဲ့။
ဖုန်းမိသားစုက တတိယအဆင့် ဆေးပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ။
"တတိယသခင်လေးက တကယ်ပဲ တတိယအဆင့် ဆေးပညာရှင်အဆင့်ကို ရောက်သွားပြီပဲ"
ခန်းမဆောင်အပြင်ဘက်မှ လူများမှာ အလွန်တုန်လှုပ်သွားကြပြီး ဆူညံပွက်လောရိုက်ကာ ကျယ်လောင်စွာ အော်ဟစ် အားပေးကြတော့သည်။
ဖုန်းကျိန့်ရှုံးလည်း ဝမ်းမြောက်ဝမ်းသာ ရယ်မောလိုက်တော့သည်။
တတိယအဆင့် ဆေးပညာရှင် တစ်ယောက် ရှိနေခြင်း၏ အဓိပ္ပာယ်ကို သူ ကောင်းကောင်းသိရှိပြီး ဖြစ်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ တိုးတက်မှုက ဖုန်းမိသားစုဝင်အားလုံးကို အံ့အားသင့်စေခဲ့သည်။
တစ်နှစ်ပင် မပြည့်သေးသော ကာလအတွင်း ဖုန်းဝူချန်သည် ဤမျှ အံ့အားသင့်ဖွယ်ရာ တိုးတက်မှုကို ရရှိခဲ့ပြီး လူအများအပြားကို နောက်တွင် ချန်ထားရစ်ခဲ့သည်။
“ဒီလိုဆိုရင် တို့တွေ လူအင်အား ပိုပြီး ဆွဲဆောင်နိုင်ပြီ”
ဖုန်းကျိန့်ရှုံးက မျှော်လင့်ချက် မြင်တွေ့ရဟန်ဖြင့် ဝမ်းမြောက်စွာ ဆိုလိုက်သည်။
"ဆွဲဆောင်တယ် ဟုတ်လား" ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။
"ဖေဖေ... ဘာဖြစ်ခဲ့တာလဲ။ ဖုန်းမိသားစုရဲ့ အခြေအနေရယ်... မော့မိသားစုအကြောင်းရယ် ကျွန်တော့်ကို ပြောပြပါ"
ဤစကားကို ကြားသောအခါ ဖုန်းကျိန့်ရှုံးသည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး လေးနက်သော အသံဖြင့် ဆိုသည်။
“ငါတို့ အခြေအနေက အခု တော်တော်အန္တရာယ်များနေတယ်။ အကယ်ဒမီကို ငါတို့ ဖုန်းမိသားစုကို တစ်နှစ်တာ ကာကွယ်ပေးဖို့ မင်း တောင်းဆိုမထားခဲ့ရင် ငါတို့ ဖုန်းမိသားစု ကြာမြင့်စွာကတည်းက ပျက်စီးသွားလောက်ပြီ”
ဤစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်နှာအမူအရာ အေးစက်သွားသော်လည်း သူ ကြားဖြတ်မပြောခဲ့ပေ။
ထို့နောက် ဖုန်းကျိန့်ရှုံးက လွန်ခဲ့သော တစ်နှစ်နီးပါးအတွင်း ပြိုင်ဘက်ကင်းမြို့တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဖုန်းဝူချန်အား ပြောပြလေသည်။
"ယန်မိသားစုက လင်းမိသားစုကို ပစ်မှတ်ထားတယ်...။ မော့မိသားစုက ဝမ်ပေါင်ကုန်တိုက်ကို ပစ်မှတ်ထားတယ်...။ သူတို့က သားတို့ ဖုန်းမိသားစုကို တစ်ယောက်တည်း အထီးကျန် ဖြစ်အောင် လုပ်ပြီး သားတို့ကို လှုပ်ရှားလာအောင် ဖိအားပေးနေကြတာပဲ"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
ဖုန်းကျိန့်ရှုံးက လေးနက်သော အသံဖြင့် ထောက်ခံသည်။ "ဟုတ်တယ်ကွ။ မော့ခွန်း ယွမ်တန်ဘုံကို ချိုးဖြတ်သွားပြီးတဲ့နောက်ပိုင်း တစ်နှစ်နီးပါးလောက် အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်နေခဲ့တာ။ ဟွမ်ဖူမိသားစုကတောင် ယန်မိသားစု ခေါင်းဆောင်ကို ယွမ်တန်ဘုံ အဆင့် ချိုးဖြတ်နိုင်အောင် ကူညီပေးခဲ့သေးတယ်။ ဒီလဝက်အတွင်း အကယ်ဒမီရဲ့ အကူအညီကြောင့်သာ တော်သေးတာ... ဒါပေမယ့် အချိန်အများကြီး မကျန်တော့ဘူး"
"ဒါဆို ဖုန်းမိသားစု ကြုံတွေ့နေရတဲ့ အန္တရာယ်များတဲ့ အခြေအနေက ဒီလိုကိုး...။ အစ်ကိုဖုန်း ဒီလောက် အသည်းအသန် ပြန်လာချင်နေတာ အံ့ဩစရာမရှိတော့ဘူး။ ကြည့်ရတာ သူလည်း မော့မိသားစု လှုပ်ရှားလာတော့မယ်လို့ ခန့်မှန်းမိခဲ့ပုံပဲ" လျိုချင်းယန်က လေးနက်စွာ မှတ်ချက်ချလိုက်သည်။
"အစ်ကိုဖုန်း ပြောခဲ့တဲ့ အန္တရာယ်က ထျန်းယွင်ဂိုဏ်းနဲ့ ပတ်သက်နေရမယ်" မြောင်ချင်းချင်းက ဆို၏။
ထိုအခါ ဖုန်းဝူချန်က ပြောပြလိုက်သည်။ "ထျန်းယွင်ဂိုဏ်းက အင်ပါယာရဲ့ အသန်မာဆုံးဂိုဏ်းပဲ။ အင်ပါယာတောင်မှ နည်းနည်းတော့ လေးစားမှုပြရတယ်။ တကယ်လို့ စစ်ပွဲတကယ်ဖြစ်လာရင် အင်ပါယာက ထျန်းယွင်ဂိုဏ်းကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ထျန်းယွင်ဂိုဏ်း ပါဝင်လာမလား ဆိုတာတော့ ငါတို့ အခုထိ မသိသေးဘူး။ အထူးသဖြင့် မော့လင်အာက အခု ထျန်းယွင်ဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီ ဆိုတော့"
"ဟွမ်ဖူမိသားစုတောင်မှ ယှဉ်ပြိုင်ဖို့ အင်အားမရှိတော့ဘူး...။ ထျန်းယွင်ဂိုဏ်းကို ထည့်မပြောနဲ့တော့။ အကယ်ဒမီတောင်မှ ငါတို့ ဖုန်းမိသားစုကို ဆက်ပြီး ကာကွယ်ပေးဝံ့မှာ မဟုတ်တော့ဘူး" ဖုန်းချန်ယန်က ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ဆိုလိုက်သည်။
တစ်ခဏရပ်ပြီးနောက် ဖုန်းချန်ယန်က ထပ်ပြောသည်။
"ဒါပေမဲ့ တတိယသခင်လေးရဲ့ တတိယအဆင့် ဆေးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင်တော့ အဲဒါတစ်ခုတည်းနဲ့တင် မော့မိသားစုကို နှိမ်နင်းဖို့ လုံလောက်ပါတယ်"
"အဘိုး... အကြီးအကဲ... ဒီကိစ္စတွေအတွက် လောလောဆယ် စိတ်ပူနေဖို့ မလိုပါဘူး။ ဖေဖေ့ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲကိုပဲ အေးအေးချမ်းချမ်း စောင့်လိုက်ပါ။ ဟွမ်ဖူမိသားစု လှုပ်ရှားမှု မပြုသေးသရွေ့တော့ စိတ်ပူစရာ ဘာမှမရှိပါဘူး"
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း အာမခံလိုက်သည်။
ကြည့်ရသည်မှာ သူ သိပ်ပြီး စိုးရိမ်ပူပန်ပုံ မရပေ။
အမှန်အတိုင်းပြောရလျှင် ဖုန်းဝူချန်သည် ဟွမ်ဖူမိသားစုကို အမှန်တကယ်ပင် အလေးအနက်မထားခဲ့ပါ။
အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ထျန်းယွင်ဂိုဏ်းသာ ဖြစ်သည်။
"အစ်ကိုကြီးဖုန်း ပြောတာမှန်ပါတယ် နော်။ ဦးလေးဖုန်းရဲ့ မွေးနေ့က အဓိကပဲ" လင်ရှောင်ရှောင်က ရယ်မောရင်း ဆိုလိုက်သည်။
ဖုန်းကျိန့်ရှုံးက ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။
"ဒီနေ့ ချန်အာ ပြန်ရောက်လာတာနဲ့ စိတ်မချမ်းသာစရာ ကိစ္စတွေကို စိတ်မပူကြနဲ့တော့။ စားသောက်ပွဲက အသင့်ဖြစ် နေပြီပဲ။ ချန်အာ... ဒီအဘိုးကြီးနဲ့ နှစ်ခွက်လောက် သောက်ရအောင်"
သားဖြစ်သူ ပြန်ရောက်လာသည့်အတွက် ဖုန်းကျိန့်ရှုံး အလွန်ပျော်ရွှင်နေပြီး သူ၏ နှလုံးသားထဲတွင် ရှင်းပြ၍မရသော သက်သာရာရမှု တစ်ခုကို ခံစားနေရသည်မှာ ထင်ရှားလေသည်။
ရှောင်ချင်းချင်း ကိုယ်တိုင် စီစဉ်မှုအောက်တွင် စားသောက်ပွဲသည် လျင်မြန်စွာ အသင့်ဖြစ်သွားခဲ့ပြီး ဖုန်းမိသားစု တစ်ခုလုံးမှာ ဖုန်းဝူချန် ပြန်ရောက်လာသည်ကို ကြိုဆိုရန် အားလုံးစုရုံးကြသဖြင့် ပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့သည်။
ဖုန်းဝူချန်သည် ပုံမှန်အားဖြင့် အရက် မသောက်သော်လည်း ယနေ့တွင်မူ ခြွင်းချက်ပြုကာ ဖုန်းကျိန့်ရှုံးနှင့် နှစ်ခွက်သုံးခွက် သောက်ခဲ့၏။
ဤ ရိုးရှင်းသော အရက်ခွက်များမှ တဆင့် လွန်ခဲ့သော နှစ်များအတွင်း ဖုန်းကျိန့်ရှုံး ထမ်းပိုးခဲ့ရသော ခက်ခဲပင်ပန်းမှုများကို ဖုန်းဝူချန် ခံစားသိရှိနိုင်ခဲ့သည်။
ဖုန်းမိသားစုအတွက် ဖုန်းကျိန့်ရှုံးသည် သူ၏ အရာအားလုံးကို ပေးဆပ်ခဲ့ပြီး ဖုန်းမိသားစု၏ ယနေ့ ငြိမ်းချမ်းမှုကို သေချာစေရန် မရေမတွက်နိုင်သော ဝေဒနာများကို တိတ်ဆိတ်စွာ ခံစားရင်း မရေမတွက်နိုင်သော အန္တရာယ်များကို ဖယ်ရှားပေးခဲ့၏။
"ဖေဖေ... ဒီခွက်က ဖေဖေ့ကို ဂုဏ်ပြုဖို့ပါ။ ဒီနှစ်တွေအားလုံးမှာ ဖေဖေ ဖုန်းမိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးခဲ့ရတယ်။ ကျွန်တော် ပြောချင်တာက... ဒီနေ့ကစပြီး ကျွန်တော် ဖေဖေ့ကို ကူညီပြီး ထမ်းပိုးပေးပါ့မယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ ဘယ်သူမှ ကျွန်တော် တို့ ဖုန်းမိသားစုရဲ့ ဆံတစ်ပင်ကိုတောင် ထိခိုက်ဖို့ စိတ်မကူးစေရပါဘူး"
ဖုန်းဝူချန်က သူ၏ ခွက်ကို မြင့်မြင့်မြှောက်ကိုင်ရင်း ကြွေးကြော်လိုက်သည်။
သူ၏ စကားလုံးများတွင် သူ၏ ဖခင်အပေါ် ထားရှိသော လေးစားမှုတို့ ပြည့်နှက်နေသည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်"
ဤစကားကို ကြားသောအခါ ဖုန်းကျိန့်ရှုံး အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
ကြီးမားသော ခန္ဓာကိုယ်ရှိသော ယောက်ျား တစ်ယောက်ပင် ဖြစ်လင့်ကစား သူသည် မိသားစုသံယောဇဉ်၏ တိုးဝှေ့မှုကို မတားဆီးနိုင်ခဲ့ဘဲ မျက်လုံးများ နီရဲလာခဲ့သည်။
သူက “ကောင်းတယ်” ဟု သုံးကြိမ်တိုင်တိုင် ဆိုလိုက်ပြီး စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်သည်။
"ချန်အာ ကြီးပြင်းလာပြီ"
ရှောင်ချင်းချင်းသည် စိတ်လှုပ်ရှားစွာဖြင့် သနားကရုဏာသက်စွာ ပြောရင်း သူမ၏ မျက်ရည်များကို အဆက်မပြတ် သုတ်နေခဲ့သည်။
"ချန်အာ တကယ်ပဲ ကြီးပြင်းလာပြီပဲ။ ဒီတစ်နှစ်အတွင်း သူ အများကြီး ကြုံတွေ့ခဲ့ရမှာပဲ"
ဖုန်းမိသားစုတစ်ခုလုံး ကျေနပ်မှုကို ခံစားနေကြရပြီး လူအများအပြား သူတို့၏ မျက်ရည်များကို သုတ်နေကြသည်။ အစေခံမလေး ရှောင်လန်မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေသည်အထိပင်။
"ယို့။ ဒီနေ့ ဘာထူးလို့ ဖုန်းမိသားစုက ဒီလောက် စည်ကားနေရတာလဲ" ဖုန်းမိသားစုဝင်အားလုံး စိတ်လှုပ်ရှားနေကြချိန်မှာပင် တံခါးအပြင်ဘက်မှ သရော်လှောင်ပြောင်ပြီး ထူးဆန်းသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်လုံးအားလုံး လှည့်ကြည့်လိုက်ကြသည်။ ဖုန်းကျိန့်ရှုံးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ "ယန်ကျုံးထျန်း။ မင်း ဒီကို ဘာလာလုပ်တာလဲ"
လာရောက်သူမှာ ယန်မိသားစုမှ ယန်ကျုံးထျန်း ဖြစ်ပြီး အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ အသက် လေးဆယ်ကျော်အရွယ် ရှိနေပြီ။ သူ၏ ကျင့်ကြံမှုမှာ အသွင်ပြောင်းဘုံ နဝမ အလွီာသို့ ရောက်ရှိနေခဲ့သည်။ ဟုတ်ပါသည်။ သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ကို ရရှိခဲ့ခြင်းမှာ ဟွမ်ဖူမိသားစု၏ အကူအညီဖြင့်သာ ဖြစ်သည်။
သူ၏ ကျင့်ကြံမှုအဆင့်အရ ဖုန်းကျိန့်ရှုံးမှလွဲ၍ ဖုန်းမိသားစုတွင် အမှန်တကယ်ပင် သူ့ကို ဘာမှလုပ်နိုင်မည့်သူ အခြားတစ်ယောက်မှ မရှိခဲ့ပေ။ ထို့အပြင် ဖုန်းကျိန့်ရှုံးကလည်း မဆင်မခြင် ပြုမူဝံ့မည်မဟုတ်ပေ။
ဤသည်မှာ အတိအကျပင် လွန်ခဲ့သော ခြောက်လအတွင်း မော့မိသားစုနှင့် ဟွမ်ဖူမိသားစုတို့၏ ကျောထောက်နောက်ခံဖြင့် ယန်ကျုံးထျန်းသည် အလွန်တရာ မောက်မာရောင့်တက်လာခဲ့ပြီး ဖုန်းမိသားစုကို လုံးဝ အလေးမထားတော့သည့် အကြောင်းရင်းပင် ဖြစ်သည်။
အကယ်ဒမီမှ ဖုန်းမိသားစုအား ကမ်းလှမ်းထားသော ကာကွယ်မှုကာလ ကုန်ဆုံးလုနီးပါး ဖြစ်လာသည်နှင့် သူသည် ပို၍ပင် ရဲတင်းလာခဲ့ပြီး ပြဿနာရှာရန် ဖုန်းအိမ်တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"မိသားစုခေါင်းဆောင်ဖုန်း... ကျွန်တော် ဒီကိုလာတာက ဖုန်းမိသားစုမှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတာကို သတိပေးဖို့ပါပဲ။ ဒါပေမဲ့ ကြည့်ရတာ ခင်ဗျားတို့အားလုံး တော်တော်လေး အေးအေးလူလူ နေနိုင်ကြပုံပဲ" ယန်ကျုံးထျန်းက အနည်းငယ် သရော်လှောင်ပြောင်သော လှောင်ပြုံးဖြင့် ဆိုလိုက်သည်။ ကြည့်ရသည်မှာ အလွန်ပင် စိတ်ပျက်ဖွယ်ရာ ကောင်းလှသည်။
"ခင်ဗျား စကားပြောပြီးပြီလား။ ပြီးရင်တော့ လစ်လိုက်တော့။ ဖုန်းမိသားစုက ခင်ဗျားကို မကြိုဆိုဘူး"
ဖုန်းဝူချန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။ ယန်ကျုံးထျန်းကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပေ။
ဤ တည်ငြိမ်သော တုံ့ပြန်မှုကို ကြားသောအခါ ယန်ကျုံးထျန်း၏ အေးစက်သော အကြည့်က ဝေ့ကြည့်လာခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ သူ အံ့အားသင့်သွားခဲ့သည်။
"ဖုန်းဝူချန်"
သူ မည်သူမည်ဝါဖြစ်သည်ကို မှတ်မိသွားသောအခါ ယန်ကျုံးထျန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
သေချာမ
ဂရုစိုက်၍ ကြည့်ပါက အချို့သူများ ဖုန်းဝူချန်ကို မှတ်မိကြမည်ပင် မဟုတ်ချေ။
ဖုန်းဝူချန် ဘယ်အချိန်က ပြန်ရောက်လာခဲ့သနည်း။
သူ တစ်နှစ်နီးပါး ပျောက်ဆုံးနေခဲ့သည်။
ဖုန်းမိသားစုမှလွဲ၍ ဖုန်းဝူချန် ဘယ်ကို သွားခဲ့သည်ကို မည်သူမျှ မသိခဲ့ကြ။
"ကျုပ်ကို မြင်ရလို့ အံ့ဩသွားတာလား" ဖုန်းဝူချန်က စိတ်ခံစားမှု ကင်းမဲ့စွာ မေးလိုက်သည်။
"ဒါဆို ဒီလိုကိုး...။ ဒီစားသောက်ပွဲက ဖုန်းမိသားစုရဲ့ တတိယသခင်လေးကို ကြိုဆိုဖို့ပဲ"
ယန်ကျုံးထျန်းက သရော်လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
"သေဖို့ ရောက်လာတဲ့ နောက်တစ်ယောက်ပဲ"
ဖုန်းဝူချန် ပေါ်လာခြင်းသည် ယန်နှင့် မော့မိသားစုတို့ အတွက် သတင်းဆိုးတစ်ခု သေချာပေါက် ဖြစ်ပေသည်။
ဖုန်းဝူချန်သည် ယန်နှင့် မော့မိသားစုတို့၏ ဘေးမှ ဆူးငြောင့်တစ်ခု အမြဲဖြစ်ခဲ့သည်။
ယခင်က ပြသခဲ့သော သူ၏ ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှု တိုးတက်နှုန်းက မိသားစုနှစ်ခုလုံးကို ဖုန်းဝူချန် ကြီးပြင်းလာသည်
နှင့်တစ်ပြိုင်နက် သူတို့ သူ့ကို မဖယ်ရှားနိုင်မည်ကို စိုးရိမ်နေကြရ၏။
"သေဖို့ ဟုတ်လား။ ခင်ဗျား ကိုယ့်ကိုယ်ကို ပြောနေတာလား"
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောရင်း မေးလိုက်သည်။
ထိုအခါ ယန်ကျုံးထျန်းက ဟားတိုက်လိုက်သည်။
"သခင်လေး... တစ်နှစ်လောက် မတွေ့ရတဲ့အတွင်း တော်တော် မောက်မာလာတာပဲ။ ဒါပေမဲ့ မင်းကို ပြောပြရစေဦးမယ်။ ယန်မိသားစုက လွန်ခဲ့တဲ့ တစ်နှစ်ကလို မဟုတ်တော့ဘူး။ မင်း ပြန်လာတာက ငါတို့ရဲ့ သားအကြီးဆုံး အရင်က အရှက်ရခဲ့တာအတွက် လက်စားချေဖို့ အချိန်ကိုက်ပဲ"
" အခုမထွက်သွားရင် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်" ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
သူ၏ အေးစက်သော အကြည့်က ဝေ့ကြည့်လိုက်ရာ ချက်ချင်းပင် ယန်ကျုံးထျန်းကို တုန်လှုပ်သွားစေခဲ့သည်။
'ဘာ... ဘာလို ကြောက်စရာ ကောင်းတဲ့ အကြည့်မျိုးလဲ။ ဘာဖြစ်နေတာလဲ။ ငါ တကယ်ပဲ ဒီကောင်စုတ်လေးကြောင့် ကြောက်လန့်သွားခဲ့တာလား’
ယန်ကျုံးထျန်းက တုန်လှုပ်စွာ တွေးလိုက်သည်။
ဤမျှ အေးစက်ပြီး လူ့စိတ်ခံစားမှု ကင်းမဲ့သော စိုက်ကြည့်မှုကို သူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ယန်ကျုံးထျန်းသည် လွယ်လွယ်ကူကူ ကြောက်လန့်တတ်သူ တစ်ယောက် မဟုတ်သော်လည်း သူ လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ပြန်ရယူလိုက်ပြီး မထီမဲ့မြင် ဆိုလိုက်သည်။
"ဟွန်း… မင်းအဖေတောင် ငါ့ကို မထိရဲဘူး။ မင်းက ဘာမို့လို့လဲ"
"ကျုပ်က ဘာမှမဟုတ်ဘူး"
ဖုန်းဝူချန်က စိတ်ခံစားမှု ကင်းမဲ့စွာ ဆိုလိုက်ပြီး သူ၏ ခွက်ကို ဖြည်းညှင်းစွာ ချလိုက်ကာ ဆက်ပြောသည်။
"ဒါပေမဲ့ ခင်ဗျားကို သတ်ပစ်ဖို့က ကျုပ်အတွက်တော့ ပုရွက်ဆိတ် တစ်ကောင်ကို နင်းခြေပစ်လိုက်တာနဲ့ ဘာမှမခြားဘူး"
“တတိယသခင်လေး... ဒါ တော်တော်ကြီးမားတဲ့ ကြွေးကြော်မှုပဲ နော်..”
ယန်ကျုံးထျန်းက မထီမဲ့မြင် ဆိုလိုက်သော်လည်း သူ့ စကားမဆုံးမီမှာပင် သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"ဝှစ်"
တစ်ခဏအတွင်းမှာပင် ဖုန်းဝူချန်သည် ယန်ကျုံးထျန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့ခြင်းပင်။ သူ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး ရှိနေသူများထဲမှ မည်သူမျှ သတိမပြုမိလိုက်ကြပေ။
"ဒါ ဘယ်လို လှုပ်ရှားမှုသိုင်းကွက်မျိုးလဲ"
ဖုန်းကျိန့်ရှုံးသည် သူ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ချက်ချင်း မတုံ့ပြန်နိုင်ခဲ့သဖြင့် သူ၏ နှလုံးသားထဲတွင် အလွန်တရာ တုန်လှုပ်သွားခဲ့သည်။
"မြန်လိုက်တာ"
ဖုန်းမိသားစုဝင်အားလုံး မှင်တက်သွားကြပြီး အလွန်အမင်း တုန်လှုပ်သွားကြသည်။ ဖုန်းဝူချန် မည်သည့် လှုပ်ရှားမှုသိုင်းကွက်ကို အသုံးပြုလိုက်သည်ကို သူတို့ မသိခဲ့ကြပေ။
ဖုန်းဝူချန် ယန်ကျုံးထျန်းရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည့်အခါမှသာ သူတို့ သတိပြုမိလိုက်ကြသည်။
"အစ်ကိုကြီးဖုန်း... အဲ့ဒါ လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက် တစ်မျိုးမျိုးနဲ့ တူတယ်" လင်ရှောင်ရှောင်က အံ့အားသင့်စွာ ကြွေးကြော်လိုက်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ လှုပ်ရှားမှုသိုင်းကွက်ကို အံ့ဩနေပုံရသည်။
လင်ရှောင်ရှောင် ထိုသိုင်းကွက်ကို လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းဟု အတပ်သိနိုင်ခြင်းက သူမတွင် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော နောက်ခံရှိကြောင်း သက်သေပြနေလေသည်။