← Chapters

ရိုက်ချက် သုံးချက် ခံမည်

Vol. 7 Ch. 98

ရိုက်ချက် သုံးချက် ခံမည်

Vol. 7 Ch. 98

~အားလုံး၏ အကြည့်များမှာ ဖုန်းဝူချန်နှင့် ယန်ထျန်းထံသို့ ကျရောက်သွားလေ၏။

"အား..."

အရိုးကျိုးသံနှင့်အတူ ယန်ထျန်း၏ မျက်နှာ ရှုံ့မဲ့သွားပြီး ဝက်တစ်ကောင်လို အူလိုက်သည့် အသံနက်ကြီး ထွက်ပေါ်လာတော့သည်။

ဖုန်းဝူချန် ဤမျှ အစွမ်းထက်လာလိမ့်မည်ဟု ယန်ထျန်း မှာ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင် ဖြစ်နေခဲ့၏။

သူ လွန်ခဲ့သည့် တစ်နှစ်လုံး ဖုန်းဝူချန်ကို လက်စားချေရန် အစွမ်းကုန် ကျင့်ကြံခဲ့သည် မဟုတ်ပါလား။

အသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ကျင့်ကြံခဲ့ပြီးသော ယန်ထျန်းသည် ဖုန်းဝူချန်နှင့် ထပ်မံရင်ဆိုင်ရသည့်အခါ ဤမျှ အားနည်းနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"ထျန်းအာ"

ယန်ချင်းယွင်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားလေ၏။

ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုဝင်များမှာလည်း သူတို့၏ မျက်လုံးများ ပြူးကျယ်သွားအောင်ပင် တုန်လှုပ်သွားကြသည်။

ဖုန်းဝူချန်သည် လက်သီးတစ်ချက်တည်းဖြင့် ယန်ထျန်း၏ ညာလက်မောင်းကို ချိုးဖဲ့လိုက်သည်တဲ့။ ဒါ ဘယ်လို ကြောက်မက်ဖွယ်ရာ အင်အားမျိုးလဲ။

‘လက်မောင်းကို ကြမ်းကြမ်းတမ်းတမ်း အားသုံးပြီး ချိုးလိုက်တာပဲ’

မော့ခွန်း မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကိုမူ သူ မခန့်မှန်းနိုင်သေးပေ။

ဖုန်းဝူချန်သည် သာမန်လက်သီး တစ်ချက်သာ ပစ်သွင်းခဲ့ပြီး မည်သည့် အစစ်အမှန်ယွမ်ကိုမျှ အသုံးမပြုခဲ့သဖြင့် မည်သူမျှ ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်ကို မခန့်မှန်းနိုင်ခဲ့ကြပေ။

မော့လင်အာမှာလည်း မယုံကြည်နိုင်စွာဖြင့် သူမ၏ မျက်နှာတွင် အေးစက်ခက်ထန်မှုတို့ ဖုံးလွှမ်းသွားတော့၏။

ဖုန်းဝူချန် ပို၍ အစွမ်းထက်လေလေ၊ မော့လင်အာ ပို၍ မကျေမနပ် ဖြစ်လေလေပင်။ အကြောင်းမူကား သူမသည် ပြိုင်ဘက်ကင်းမြို့၏ နံပါတ်တစ် ပါရမီရှင် မဟုတ်ပါလော။

"မင်းမှာ ကျင့်ကြံမှုအဆင့်တော့ ရှိပါရဲ့...။ ဒါပေမဲ့ မင်းရဲ့ အင်အားက လိုက်မမီဘူး။ ဟွမ်ဖူမျိုးနွယ်စု ပေးတဲ့ ဆေးလုံးတွေက ယန်မျိုးနွယ်စုကို ပိုသန်မာလာအောင် ကူညီပေးခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းတို့က အောင်မြင်မှုအတွက် အရမ်းလောပြီး ကျင့်ကြံမှုအဆင့်ကိုပဲ အလွန်အကျွံ အလေးပေးခဲ့ကြတယ်။ မင်းတို့ရဲ့ အင်အားက လိုက်မမီတော့ဘူး"

ဖုန်းဝူချန်က လုံးဝ အဖတ်မလုပ်ဟန်ဖြင့် မှတ်ချက်ချလိုက်သည်။

"ဘုန်း"

ထိုစကားအဆုံးတွင် ဖုန်းဝူချန်က ယန်ထျန်းကို ခေါင်းတလားထဲသို့ ဘုန်းခနဲ မြည်အောင် ကန်သွင်းလိုက်လေ၏။

အသွင်ပြောင်းဘုံ အဋ္ဌမ အလွှာတွင် ရှိနေသော ယန်ထျန်းသည် ဖုန်းဝူချန်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မကာကွယ်နိုင်ခဲ့ပေ။

ယန်ပုဖန်နှင့် အခြားသူများ အလျင်အမြန် ပြေးတက်လာကြပြီး ယန်ထျန်းကို ထမ်းထုတ်သွားကြ၏။

"ဖုန်းဝူချန်"

ယန်ချင်းယွင်၏ မျက်နှာ မည်းမှောင်သွားပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့် အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာတော့သည်။

ယန်ချင်းယွင် တိုက်ခိုက်လိုစိတ် ရှိနေသည်ကို အာရုံခံမိသောအခါ ဖုန်းကျိန့်ရှုံး၏ အငွေ့အသက် ရုတ်တရက် ပြောင်းလဲသွားပြီး ယန်ချင်းယွင်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်လေ၏။

ယန်ချင်းယွင်သာ လှုပ်ရှားဝံ့ပါက ဖုန်းကျိန့်ရှုံးသည် မတွေဝေဘဲ ချက်ချင်း ပြေးထွက် တိုက်ခိုက်မည်မှာ သေချာလှသည်။ သူသည် မည်သူ့ကိုမျှ ဖုန်းဝူချန်ကို ထိခိုက်စေမည် မဟုတ်ပေ။

ဖုန်းဝူချန်က လှောင်ပြုံးပြုံးရင်း ဆိုလိုက်၏။

"အကြီးအကဲယန်... ခင်ဗျားရဲ့သားကို တိုက်ခိုက်ခိုင်းတာ ကျွန်တော့်အင်အားကို သိချင်လို့ မဟုတ်ဘူးလား။ ကံမကောင်းစွာနဲ့ပဲ... သူက အဲ့ဒီ အရည်အချင်း မရှိဘူးဗျ"

"ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့" မော့လင်အာက အေးစက်စွာ အော်ဟစ်လိုက်သည်။

သူမသည် ဖုန်းဝူချန်၏ ဆရာကြီးလုပ်သော အမူအရာကို မခံစားနိုင်ခဲ့ပေ။

မော့လင်အာသည် သူမ၏ အစွမ်းကုန် ထုတ်သုံးလိုက်ရာ အားကောင်းသော အရှိန်အဝါ တစ်ခု ပျံ့နှံ့ထွက်ပေါ်လာ၏။ သူမသည်လည်း အသွင်ပြောင်းဘုံ အဋ္ဌမအလွှယတွင် ရှိနေသော်လည်း မော့လင်အာသည် ယန်ထျန်းထက် ပို၍ သန်မာလေသည်။

ထျန်းယွင်ဂိုဏ်းတွင် တစ်နှစ်တာ ကျင့်ကြံပြီးနောက် မော့လင်အာ၏ ပါရမီအရ သူမ၏ အင်အားမှာ သဘာဝအတိုင်း အားနည်းမည် မဟုတ်သည့်အပြင် သူမ လေ့ကျင့်သော ကျင့်ကြံနည်းများနှင့် သိုင်းပညာကွက်များမှာလည်း အတော်လေး အစွမ်းထက်လေသည်။

"လင်အာ။ သူ့ကို လျှော့မတွက်နဲ့" မော့ခွန်းက အသံတိုးတိုးဖြင့် သတိပေးလိုက်၏။

ဖုန်းဝူချန်၏ လက်သီးတစ်ချက်မှ မော့ခွန်းသည် ဖုန်းဝူချန် အလွန်

သ န်မာကြောင်း သိမြင်နိုင်ခဲ့သည်။ သူသည် ဖုန်းဝူချန် မော့လင်အာထက် မနိမ့်ကျဟု တွက်ချက်ထားခဲ့သည်။

ဖုန်းဝူချန်က မော့လင်အာကို ကြည့်ရုံသာ ကြည့်လိုက်သော်လည်း သူမမှာမူ ပြင်းထန်စွာ ပြေးဝင်လာပြီး ဖုန်းဝူချန်ကို သူမ၏ လက်ဝါးဖြင့် တိုက်ခိုက်လေတော့သည်။

လင်ရှောင်ရှောင်က ခေါင်းခါလိုက်သော်လည်း ဘာမှ ဝင်မပြောခဲ့ပေ။

"ဘုန်း"

ဖုန်းဝူချန် ရှောင်တိမ်းခြင်းမပြုခဲ့။ ဘုန်းခနဲ မြည်သံနှင့်အတူ မော့လင်အာ၏ လက်ဝါးက ဖုန်းဝူချန်၏ ရင်ဘတ်ကို ထိမှန်သွား၏။ ဤလက်ဝါးချက်မှာ အလွန်ပြင်းထန်ပြီး သနားညှာတာမှု ကင်းမဲ့လှသည်။

သို့သော် ယန်မျိုးနွယ်စုနှင့် မော့မျိုးနွယ်စုဝင်များကို တုန်လှုပ်စေခဲ့သည်မှာ မော့လင်အာ၏ အားကောင်းသော အင်အားဖြင့်ပင် သူမသည် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် မရွေ့လျားစေနိုင်ခဲ့ခြင်းပင်တည်း။

မော့ခွန်း၏ မျက်နှာ ပို၍ လေးနက်သွားလေ၏။

သည်အချက် တစ်ခုတည်းကပင် ဖုန်းဝူချန်၏ အင်အားသည် မော့လင်အာအထက်တွင် ရှိနေကြောင်း ပြသရန် လုံလောက်နေပြီ ဖြစ်သည်။

...'ဒီကောင်စုတ်လေး ဘယ်လောက်တောင် သန်မာနေတာလဲ'...

ယန်ချင်းယွင် ရင်ထဲတွင် ဒေါသထွက်နေခဲ့သည်။

သူ၏ မျက်နှာပေါ်မှ ကြွက်သားများ တဆတ်ဆတ်တုန်နေပြီး လက်သီးများ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

မော့လင်အာ မှင်သက်သွားခဲ့၏။

ဖုန်းဝူချန်၏ အင်အား သူမအထက်တွင် ရှိနေသည်ကို သူမ မယုံကြည်နိုင်ခဲ့ချေ။

ဤသူသည် ဒုတိယအဆင့် သိုင်းဝိညာဉ်သာ ပိုင်ဆိုင်သော ဖုန်းဝူချန် အမှန်ပင် ဟုတ်ပါလေစ။

"မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။ နင့်ရဲ့ အင်အားက ငါ့ကို ကျော်လွန်သွားလို့ မရဘူး" မော့လင်အာက မှင်သက်စွာ ခေါင်းခါရင်း ဤအဖြစ်မှန်ကို လက်မခံနိုင်ခဲ့ပေ။

ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင်တပည့်က ဒုတိယအဆင့် သိုင်းဝိညာဉ် အမှိုက်တစ်ယောက်ထက် နိမ့်ကျနေသည်တဲ့လား။

"ငါ ဘယ်တော့မှ မိန်းမတစ်ယောက်ကို မရိုက်ဘူး။ ဒါပေမဲ့ မင်းဖြစ်နေရင်တော့ ငါ မင်းကို သုံးချက် ရိုက်ခွင့်ပေးမယ်။ ဒါ ပထမတစ်ချက်ပဲ"

ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်၏။ သူ၏ မျက်လုံးများထဲတွင် စိတ်ခံစားမှု တစ်စုံတစ်ရာ မရှိဘဲ စိမ်းကားမှုသာ ရှိနေတော့သည်။

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ မော့လင်အာ၏ ခေါင်းထဲတွင် ရုတ်တရက် ပေါက်ကွဲသွားသလို ဖြစ်သွားပြီး ကြောက်မက်ဖွယ်ရာ ဒေါသများ ချက်ချင်းပင် သူမ၏ နှလုံးသားကို ရိုက်ခတ်လာခဲ့သည်။

'မင်းကို သုံးချက် ရိုက်ခွင့်ပေးမယ်။'

ဤ စကားလုံးလေးလုံးသည် မော့လင်အာ၏ စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

မော့လင်အာသည် ပြိုင်ဘက်ကင်းမြို့၏ ထိပ်တန်းပါရမီရှင်ဖြစ်ပြီး ထျန်းယွင်ဂိုဏ်း၏ တပည့်လည်း ဖြစ်သည်။

အသက်အရွယ်အရ ဆိုလျှင် မော့လင်အာသည် ထျန်းယွင်ဂိုဏ်းတွင် ပါရမီရှင်တပည့်တစ်ဦးဟု သတ်မှတ်ခံရသည်။

သူမ၏ အဆင့်အတန်း မည်မျှ မြင့်မားလိုက်ပါသနည်း။

ဖုန်းဝူချန်က သူမအား သုံးချက်ရိုက်ခွင့်ပေးမည်ဟု ဆိုလိုက်သည်တဲ့။

မော့လင်အာ၏ မာနကြီးသော စရိုက်အရ သူမ ဤသည်ကို မည်သို့ သည်းခံနိုင်မည်နည်း။

“ငါက ပြိုင်ဘက်ကင်းမြို့ရဲ့ ထိပ်တန်းပါရမီရှင်...။ ပြီးတော့ ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်။ နင်က ငါ့ကို သုံးချက် ရိုက်ခွင့်ပေးမယ် ဟုတ်လား။ နင် ကိုယ့်ကိုယ်ကို ဘာထင်နေလဲ။ နင်ကလေ ဒုတိယအဆင့် သိုင်းဝိညာဉ် အမှိုက်တစ်ယောက်ပဲ သိရဲ့လား..” ဒေါသထွက်နေသော မော့လင်အာက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ဟုတ်တယ်။ ငါက ဒုတိယ အဆင့် သိုင်းဝိညာဉ် အမှိုက်တစ်ယောက်ပဲ။ ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင်တပည့် တစ်ယောက်နဲ့ ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" ဖုန်းဝူချန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်၏။

"အမ်…အစ်ကိုဖုန်းက တကယ်ပဲ ဒုတိယအဆင့် သိုင်းဝိညာဉ်ပဲ ရှိတာလား"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ချက်ချင်း မှင်တက်သွားကြသည်။ သူတို့ ဖုန်းဝူချန် ပြောသည်ကို အရင်က ကြားဖူးခဲ့သော်လည်း သေလျှင် သေသွားပါစေ၊ သူတို့ ယုံကြည်ခဲ့ကြပေ။

"ဒုတိယအဆင့် သိုင်းဝိညာဉ် ပါရမီရှင်က ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန် ရှိနေတယ်။ အစ်ကိုကြီးဖုန်းကိုသာ သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့် သိုင်းဝိညာဉ် ပါရမီရှင် ပေးလိုက်ရင် သူ ကောင်းကင်ပေါ် ပျံတက်သွားမှာ မဟုတ်ဘူးလား"

လျိုချင်းယန် မတွေးတောင် မတွေးရဲ ဖြစ်သွား၏။

ရှိနေသူများထဲတွင် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သာလျှင် ဖုန်းဝူချန်၏ ကျင့်ကြံမှုအရှိန် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိကြသည်။

"နောက်ထပ် နှစ်ချက် ကျန်သေးတယ်" ဖုန်းဝူချန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် မှာကြားလိုက်သည်။

မော့လင်အာက ဖုန်းဝူချန်ကို ပြင်းထန်စွာ စိုက်ကြည့်နေခဲ့ပြီး သူမ၏ စိတ်ထဲမှ နာကြည်းမှုမှာ ပို၍ ပို၍ နက်ရှိုင်းလာခဲ့သည်။

သူမ၏ အသက်စွမ်းအားကို ထုတ်ဖော်ရင်း မော့လင်အာက အော်ဟစ်လိုက်သည်။

"အလယ်အလတ်တန်းစား သိုင်းပညာ။ သေမင်းရေခဲ လက်ဝါး"

"ဘုန်း"

မော့လင်အာက သူမ၏ လက်ဝါးကို ဖုန်းဝူချန်ထံသို့ နောက်တစ်ကြိမ် ရိုက်သွင်းလိုက်ပြန်၏။ ဤလက်ဝါး၏ စွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ အားကောင်းလှသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ လက်ဝါးသည် ဖုန်းဝူချန်၏ ရင်ဘတ်ကို နောက်တစ်ကြိမ် ထိမှန်သွားပြန်တော့သည်။

သို့သော် ဤလက်ဝါးချက် ကျရောက်သွားသည့်အခါ ရှိနေသူအားလုံးကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေခဲ့ပြန်သည်။

မော့လင်အာ၏ လက်ဝါးသည် ဖုန်းဝူချန်ကို လှုပ်ရှားစေနိုင်ခြင်း မရှိသေးပေ။ ဖုန်းဝူချန်မှာမူ လှုပ်ရှားခြင်းမရှိဘဲ ဒဏ်ရာကင်းမဲ့စွာ ရှိနေဆဲပင်။

"မဖြစ်နိုင်ဘူး" မော့လင်အာ နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့ပြန်သည်။ ခုနက လက်ဝါးချက်မှာ ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသကဲ့သို့ ဖြစ်ခဲ့ပြီး ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။

"ဖုန်းဝူချန် ဘယ်လောက်တောင် သန်မာနေတာလဲ"

ယန်နှင့် မော့မိသားစုဝင်များလည်း တုန်လှုပ်သွားကြပြီး ပါးစပ်အဟောင်းသားဖြင့် ဖုန်းဝူချန်ကို စိုက်ကြည့်နေကြ၏။

ယန်ချင်းယွင်နှင့် မော့ခွန်းတို့မှာလည်း အလွန်စိတ်လှုပ်ရှားသွားကြသည်။

ဖုန်းဝူချန်သည် မော့လင်အာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာကင်းမဲ့နေခဲ့သည်။

ဖုန်းဝူချန်သည် ယွမ်တန်ဘုံသို့ ခြေချနိုင်ခဲ့ပြီလော။

"နောက်တစ်ချက် ကျန်သေးတယ်" ဖုန်းဝူချန်က အေးစက်စွာ ရေရွတ်လိုက်သည်။

"ပါးစပ်ပိတ်ထား"

မော့လင်အာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ မယုံဘူး။ နင် ငါ့ကို ကျော်တက်သွားနိုင်တာကို ငါမယုံဘူး။ ငါက ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်ပဲ။ နင့်လို အမှိုက်တစ်စက ငါ့ကို ဘယ်လိုလုပ် ကျော်တက်နိုင်မှာလဲ”

မော့လင်အာ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်က သူမ ဖုန်းဝူချန်ကို မည်သို့ အရှက်ခွဲခဲ့သည်ကို ပြန်တွေးကြည့်မိသည့်အခါ သူမ ယခု အခိုက်အတန့်တွင် ရှက်ရွံ့မှုကိုသာ ခံစားနေရတော့သည်။

မာနကြီးသော မော့လင်အာသည် သူမ စွန့်ပစ်ခဲ့သော ယောက်ျား၊ ဒုတိယအဆင့် သိုင်းဝိညာဉ် အမှိုက် တစ်ယောက်က သူမကို ကျော်တက်သွားနိုင်သည်ကို လက်မခံနိုင်ခဲ့ပေ။

"လင်အာ" မော့ခွန်းက အော်ဟစ်လိုက်၏။

မော့လင်အာသည် ထိန်းချုပ်မှု လုံးဝ ကင်းမဲ့နေပြီး မိန်းကလေး တစ်ယောက်နှင့်ပင် မတူတော့ချေ။

သို့သော် မော့လင်အာ လုံးဝ နားမထောင်ခဲ့ပေ။ သူမသည် အမြဲတမ်း မာနကြီးခဲ့ပြီး ဤရိုက်ခတ်မှုကို မခံနိုင်ခဲ့ပေ။ သူမ၏ စိတ်ခံစားမှုများကို သူမ မထိန်းချုပ်နိုင်ခဲ့ချေ။

"နင်က အမှိုက်တစ်စ.. နင်က ဘာမှ မဟုတ်တဲ့ လူ"

မော့လင်အာ အလွန်အမင်း ဒေါသထွက်နေပြီး ဖုန်းဝူချန်ကို အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာ။ ကောင်းကင်တိမ်တိုက် ဝိညာဉ်ခွဲ လက်ဝါး"

ဒေါသထွက်နေသော မော့လင်အာက အော်ဟစ်လိုက်ပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးချက် တစ်ခု ဖုန်းဝူချန်ကို ထိမှန်သွားခဲ့သည်။ ထိုလက်ဝါးချက်မှာ ခန့်ညားပြီး အားကောင်းလှကာ အသွင်ပြောင်းဘုံ နဝမ အလွှာနှင့် နှိုင်းယှဉ်နိုင်ပေသည်။

"အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာ"

လူတိုင်း တုန်လှုပ်သွားကြသည်။ မော့မိသားစုမှ လူများပင်လျှင် အလွန်တုန်လှုပ်သွားကြ၏။

မော့လင်အာ ထိုမျှ အစွမ်းထက်သော သိုင်းပညာ တစ်ခုကို လေ့ကျင့်ထားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

"သူ တကယ်ပဲ ထျန်းယွင်ဂိုဏ်းရဲ့ တပည့်ပဲ။ သူ့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းပညာ ရှိနေတာပဲ"

ယန်ချင်းယွင် မျက်မှောင်ကြုတ်လိုက်ပြီး အလွန်မနာလို ဖြစ်သွားခဲ့သည်။

"ဖုန်းကျိန့်ရှုံးနဲ့ တခြားလူတွေက လုံးဝ စိတ်ပူပုံမရဘူး"

မော့ခွန်းက ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့၏ မျက်နှာအမူအရာများကို ဖတ်မိလိုက်၏။

သူတို့ ဖုန်းဝူချန်၏ လုံခြုံမှုအတွက် လုံးဝ စိတ်ပူပုံမရခဲ့ပေ။ ဤအချက်က မော့ခွန်းကို စိုးရိမ်စေခဲ့သည်။

မော့လင်အာ၏ ဒေါသတကြီး လက်ဝါးချက်က ဖုန်းဝူချန်၏ ရင်ဘတ်ကို ထိမှန်သွား၏။

ဘုန်းခနဲ မြည်သံနှင့်အတူ အလွန် အားကောင်းသော လက်ဝါးချက်တစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားလေသည်။

သူမ ထင်ထားသည်မှာ ဤလက်ဝါးချက်က အနည်းဆုံးတော့ ဖုန်းဝူချန်ကို ထိခိုက်စေလိမ့်မည်ဟူ၍ ဖြစ်သည်။

စင်စစ်တွင် ဒါက အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာဖြစ်ပြီး စွမ်းအားမှာ အလယ်အလတ်တန်းစား နက်နဲခြင်းအဆင့် သိုင်းပညာထက် အများကြီး သာလွန်လေသည်။

သို့သော် မော့လင်အာ မယုံကြည်နိုင်ခဲ့သည်မှာ သူမ၏ အစွမ်းကုန်သုံးပြီး အသန်မာဆုံး သိုင်းပညာကို အသုံးပြုခဲ့သည့်တိုင် သူမသည် ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် မရွေ့လျားစေနိုင်ခဲ့သေးခြင်းပင်တည်း။

"အလို.."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယန်မိသားစုနှင့် မော့မိသားစုမှ လူများ တုန်လှုပ်စွာ အသက်ရှူကြပ်သွားကြ၏။

သူတို့ အလွန်တုန်လှုပ်သွားကြပြီး မှင်တက်မိနေကြတော့သည်။

မော့လင်အာ၏ အားကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ကာကွယ်မှုမဲ့နေသော ဖုန်းဝူချန်မှာမူ ဒဏ်ရာကင်းမဲ့နေဆဲပင်။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒီလို မဖြစ်နိုင်ဘူး။ ငါ မယုံဘူး"

မော့လင်အာ အလွန်အမင်း တုန်လှုပ်သွားပြီး မှင်သက်စွာ ခေါင်းခါလိုက်သည်။

ဤအခိုက်အတန့်တွင် မော့လင်အာ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

ဖုန်းဝူချန်သည် သူမထက် သန်မာရုံသာမက အများကြီး ပို၍ သန်မာနေခဲ့သည်။

"ဖုန်းဝူချန် တကယ်ပဲ ဒဏ်ရာကင်းမဲ့နေတာပဲ။ အဲ့ဒါ အဆင့်မြင့် နက်နဲခြင်းအဆင့် သိုင်းပညာနော်"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှုအဆင့်က ဘာလဲ"

"ဖုန်းဝူချန်က သန်မာလွန်းတာပဲ မဟုတ်လား။ မော့လင်အာ သူ့ကို မထိခိုက်နိုင်ဘူး"

ယန်မိသားစုနှင့် မော့မိသားစုမှ လူများ ထိတ်လန့်တကြား ဖြစ်နေကြသည်။

ဖုန်းဝူချန် ဤမျှ အစွမ်းထက်သည်ကို မည်သူမျှ မယုံကြည်နိုင်ခဲ့ကြပေ။

ထိုနေရာတွင် ရပ်နေရုံဖြင့် မော့လင်အာ၏ တိုက်ခိုက်မှုကို ထိခိုက်ခြင်းမရှိဘဲ ခံယူနိုင်ခဲ့သော ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

"မင်း သုံးချက်စလုံး ထုတ်သုံးပြီးပြီ။ မင်း အစွမ်းကုန် သုံးခဲ့လောက်ပြီလို့ ငါထင်တယ်။ ငါ မိန်းမတွေကို မရိုက်ဘူး။ ငါသာ မင်းလောက် မတော်ရင် ထျန်းယွင်ဂိုဏ်းက ငါ့ကို ဘာမှလုပ်လို့ မရဘူး"

ဖုန်းဝူချန်က လုံးဝဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်ပြီးနောက် လှည့်ထွက်သွားကာ မော့လင်အာကို လုံးဝ လျစ်လျူရှုလိုက်တော့သည်။

"ငါ အခုထိ မရှုံးသေးဘူး။ ငါ နင့်ကို နိုင်ကိုနိုင်ရမယ်။ ငါ နင့်ကို ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး"

မော့လင်အာက ဒေါသတကြီး အော်ဟစ်လိုက်၏။

သူမ လက်ဝါးသုံးချက်ဖြင့် ဖုန်းဝူချန်ကို မလှုပ်ရှားစေနိုင်ခဲ့သဖြင့် မော့လင်အာ လုံးဝ မကျေနပ်ခဲ့ပေ။

"မော့လင်အာ။ နင် နောက်ထပ် အကြိမ်တစ်ရာ ကြိုးစားရင်တောင်မှ အစ်ကိုကြီးဖုန်းကို မနိုင်နိုင်ဘူး"

လင်ရှောင်ရှောင် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ဆိုလိုက်သည်။

"နင်က စိတ်ဓာတ်ကျဉ်းမြောင်းပြီး မာနကြီးတယ်။ တခြားလူတွေက နင်နဲ့ မထိုက်တန်ဘူးလို့ မင်းထင်နေတယ်။ နင်က အမြင်ကျဉ်းတယ်။ နင့်ထက် သန်မာတဲ့ ပါရမီရှင်တွေ အများကြီး ရှိနေတာကို နင်..မသိဘူး"

"နင်က ဆဋ္ဌမအဆင့် သိုင်းဝိညာဉ်ပဲ ရှိတာ။ အရမ်းတော်တယ်လို့ မထင်လိုက်နဲ့။ အစ်ကိုကြီးဖုန်း ဒီနှစ်အတွင်း စွန့်လွှတ်

အနစ်နာခံခဲ့ရတာတွေက မင်း စိတ်ကူးကြည့်နိုင်တာထက် ကျော်လွန်တယ်။ အစ်ကိုကြီးဖုန်း ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို နင် ဘာမှမသိဘူး။ နင့်မှာ အစ်ကိုကြီးဖုန်းကို ဝေဖန်ဖို့ အရည်အချင်း လုံးဝမရှိဘူး"

လင်ရှောင်ရှောင်က အေးစက်စွာ ထောက်ပြလိုက်ရာ စကားလုံးတိုင်းက မော့လင်အာ၏ နှလုံးသားကို ထိုးနှက်နေခဲ့တော့သည်။

All Chapters