လွှဲပြောင်းခြင်း
Vol. 44 Ch. 651
အမှန်အတိုင်းပြောရလျှင် ဆေးလုံးပိုင်ရှင် စိတ်ဝင်စားနေသည်။
သူသည် မီးစာကုန်ဆီခမ်းခါနီးအရွယ်ဖြစ်နေသည်။ ငယ်စဉ်က အလွန်အကျူးအပျော်အပါးလိုက်စားခဲ့သဖြင့် သူ့အသက်ဓာတ်များ ကုန်ခမ်းသွားသည်။ ဖီးနစ်သွေးပင် သူ့ကိုမကယ်နိုင်။
ထို့ကြောင့် သူ့မျိုးဆက်သစ်များအတွက် ဂိုဏ်းကြီးတစ်ဂိုဏ်းအထောက်အပံ့ရစေရန် လမ်းကြောင်းဖောက်ပေးနေခြင်းဖြစ်သည်။
သို့သော်ယခု ဂိုဏ်းကြီးတစ်ခုကိုလည်း လက်လှမ်းမမီ။ သူ့ယန်ချီကို အားဖြည့်ပေးနိုင်သည့်အရာရှိသည်ဆိုလျှင် နောက်ထပ်မျှော်လင့်ချက်ရှိသေးသည်။
သူ့မျိုးဆက်များကလည်း သိပ်မစွမ်းနိုင်ကြ။ ထို့ကြောင့် မျိုးဆက်သစ်များ ထပ်မွေးဖွားမည်။
သူ့နောက်ခံကို ကောင်းစွာဖုံးကွယ်ထားသည်။ ဘယ်သူမှမှတ်မိ၍မဖြစ်။
"သွေးတစ်စက်အတွက် ဘယ်လောက်လဲ"
"ဝိညာဉ်ကျောက်တစ်သောင်း"
"စကားလုံးနဲ့တော့ သက်သေခံလို့မရဘူးလေ။ ဒီသွေးက အတုလားအစ်လား ငါဘယ်လိုသိနိုင်မှာလဲ"
မုန်ကျင်းကျိုးက ခပ်ညှင်းညှင်းရယ်၍ ကြွေပုလင်းငယ်တစ်ခုထုတ်လိုက်သည်။
"ပြဿနာမရှိပါဘူး။ ဒီပုလင်းထဲမှာ သွေးတစ်စက်ရှိတယ်။ မျိုးချပြီး သန့်စင်လိုက်။ အာနိသင်ကို သိလိမ့်မယ်"
ကျင့်ကြံသူလောက၏ နည်းလမ်းများသည် ဆန်းကြယ်သည်။ ခန့်မှန်း၍မရ။ ကျိန်စာပညာမျိုးဆက်ကျင့်ကြံသူများသည် သွေး၊ ဆံပင် စသည့်ပစ္စည်းများကိုသုံး၍ အဝေးမှ ကျိန်စာတိုက်နိုင်သည်။
ကာကွယ်ဖို့ခက်ခဲသည်။
ထိုအန္တရာယ်ကို မုန်ကျင်းကျိုး ကြိုတွက်ထားသည်။ ယနေ့သူယူလာသည့် သွေးသည် ပိုင်ရှင်နှင့်ပတ်သက်သည့် သဲလွန်စအားလုံးကို ဖျက်ဆီးထားသည်။
ဆေးလုံးပိုင်ရှင်က ကြွေပုလင်းကို သံသယဖြင့်ကြည့်သည်။ ထို့နောက် သွေးကိုလုက်ဝါးထဲထည့်သည်။
အနီရောင်ကျောက်မျက်နှင့်တူသည့် သွေးတစ်စက်က ထူးထူးခြားခြား တောက်ပနေသည်။
ထွက်ပေါ်နေသည့်ယန်ချီက အတော်များသည်။ အမှန်တကယ် ဖီးနစ်သွေးထက် သာလွန်သည်။
ပစ္စည်းကောင်းဖြစ်သည်။
ဘေးပတ်လည်မှ နတ်ဝိညာဉ်အဆင့်အဘိုးကြီးများလည်း သွေးစက်ကို ဝိုင်းအုံကြည့်ကြသည်။ သူ့တို့မျက်နှာတွင် လောဘရိပ်က အထင်အရှားပေါ်လွင်နေသည်။
ပစ္စည်းအစစ်ဖြစ်လျှင် သူတို့လည်း ဝယ်ခြင်သည်။
သွေးစက်ထဲတွင် လှည့်စားမှုတစ်ခုခုမပါကြောင်း သေချာသွားပြီးနောက် အသွင်ပြောင်းဆေးပိုင်ရှင်က သွေးစက်ကိုမျိုချပြီး တိတ်ဆိတ်စွာသန့်စင်သည်။
'တုံ့ပြန်မှု'တကယ်ရှိသည်။
သူ့မျက်နှာ နီရဲလာသည်။ သွေးအာနိသင်က သူထင်ထားသည်ထက် ပိုထက်မြက်သည်။
သူ့ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်လာသည်။ ဆန္ဒများ တိုးပွားလာသည်။ သူ့ကျင့်စဉ်စွမ်းအားဖြင့်ပင် တားဆီးမရတော့။
မုန်ကျင်းကျိုးလည်း နည်းနည်းအံ့အားသင့်မိသည်။ သူ့သွေးက ထိုမျှအာနိသင်ထက်မြက်မည်ထင်မထား။
ထိုကိစ္စသည် ဂုဏ်ယူသင့်သည့်အရာဟုတော့ သူမထင်မိ။
"ငါဝယ်မယ်ကွာ"
"သွေးတစ်စက်ကို ဝိညာဉ်ကျောက်ငါးသောင်းပါ"
"မင်း"
"မဝယ်ချင်မဝယ်နဲ့လေ"
မုန်ကျင်းကျိုးက ခပ်အေးအေးလေသံဖြင့် ပြောသည်။ ကိုယ့်ဘက်က အသာစီးရထားသည်။ လိုချင်သလောက် ဈေးတောင်းနိုင်သည်။
"ဒါဆိုလည်း ငါးသောင်းပေါ့။ ငါ့ကိုသုံးစက်ပေးပါ"
အသွင်ပြောင်းဆေးပိုင်ရှင်က အံတင်းတင်းကြိတ်၍ပြောသည်။
ထိုအရာမျိုးကို ဝယ်ချင်တိုင်းဝယ်၍မရ။ ဝိညာဉ်ကျောက်ငါးသောင်းသည် တကယ်တန်သည်။
မုန်ကျင်းကျိုးက ဝိညာဉ်ကျောက်တစ်သိန်းခွဲပါသည့် မှော်လက်စွပ်ကို လက်ခံသည်။ ငွေဝင်သည်က မြန်လှသည်။ သူပေးခဲ့ရသည့်ဒဏ်ငွေ၏ ဆယ့်ငါးဆဖြစ်သည်။
တာအိုလမ်းစဉ်ဂိုဏ်းဝင်ဟုမပြောမိခဲ့လျှင် ဒဏ်ငွေ၏အဆသုံးဆယ်ရလိုက်ခြင်းဖြစ်သည်။
လုယန် စုပ်သပ်အံ့ဩမိသည်။ သူများသွေးကိုဝယ်၍ ကလေးမွေးမည့်လူကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
သို့သော် တစ်ခြားနတ်ဝိညာဉ်အဘိုးကြီးများက သတိရှိသည်။
အသွင်ပြောင်းဆေးပိုင်ရှင်၏ အရောင်းအဝယ် မြန်မြန်ပြီးသွားသည်ကိုမြင်သည်။ သွေးစက်ဈေးနှုန်း ထိုးတက်သွားသည်ကိုမြင်သည်။ ထို့ကြောင့် တုံ့ဆိုင်းသွားကြသည်။
နောက်ဆုံးတွင် ဘယ်သူမှ ဝယ်မည့်သူမရှိတော့။
နှစ်ယောက်သား ဘေးခန်းများကို တစ်ပတ်လှည့်သည်။ အရောင်းအဝယ်ဖြစ်မည်ပုံမရှိသဖြင့် လက်လျှော့လိုက်သည်။
"တစ်ခြားနေရာကို သွားရအောင်။ နောက်ထပ်မှောင်ခိုဈေးတစ်ခုကို ငါသိထားတယ်"
မုန်ကျင်းကျိုး သိစိတ်အသံလှိုင်းမှ လှမ်းပြောသည်။ မှော်ခိုဈေးအတော်များများ၏တည်နေရာကို သူသေချာသတင်းယူထားသည်။
အားလုံးကို အကိုတိုင်ပုဖန်ထံမှ သိထားခြင်းဖြစ်သည်။ သူ့ဆီမှသတင်းကို အလွယ်တကူစုံစမ်းမရနိုင်။
ထိုသတင်းအတွက် မုန်ကျင်းကျိုး တန်ဖိုးတစ်ခုပေးဆပ်ခဲ့ရသည်။ နောက်ထပ်နှစ်ဝက်အတွင်း ဘာပြဿနာမှ မဖြစ်အောင်ရှောင်မည်ဟု တိုင်ပုဖန်ကို ကတိပေးခဲ့ရသည်။
နှစ်ယောက်သား ခြေလှမ်းပြန်ဆုတ်၍ ဈေးထဲမှထွက်သည်။
လုယန် ဓားဆေးကန်ကိုထုတ်၍ ပျံသန်းရန်ပြင်နေစဉ် နောက်ဘက်မှ အေးစက်စက်စကားသံတစ်ခုကြားရသည်။
"မိတ်ဆွေနှစ်ယောက်က ထွက်သွားကြတော့မလို့လား"
"ဘယ်သူလဲ"
လုယန် ဖျတ်ခနဲလှည့်ကြည့်သည်။ ဝတ်ရုံနက်ခြုံထားသည့် နတ်ဝိညာဉ်အဆင့်အဘိုးကြီးလေးယောက် တောနက်ထဲမှ ပေါ်လာသည်။ မျက်လုံးများက အေးစက်သည်။ နှစ်လိုဖွယ်အမူအရာမျိုးမရှိ။
"ဘာလိုချင်လို့လဲ"
"ငါတို့ဘာလိုချင်လဲဆိုတော့..."
ခေါင်းဆောင်က လှောင်ပြုံးပြုံးသည်။
"မိတ်ဆွေ ဘေးခန်းထဲမှာ မင်းထုတ်ပြခဲ့တဲ့ ယန်အားတိုးစေတဲ့သွေးက ဖီးနစ်သွေးထက်တောင်သာတယ်။ ငါတို့အတော်လေး မနာလိုဖြစ်မိတယ်။
အခန်းထဲမှာက ပွင့်ပွင့်လင်းလင်းပြောဖို့ဆို လူတွေအများကြီးပဲလေ။ ဒါကြောင့် ငါတို့ဒီနေရာထိလာပြီး ငါတို့ရည်ရွယ်ချက်ကို ရှင်းအောင်ပြောတာ"
မုန်ကျင်းကျိုး လက်သီးကိုဖြေးညှင်းစွာဆုပ်လိုက်သည်။
"ကျုပ်တို့က နဂိုတည်းက ဉာဏ်ထိုင်းတယ်။ ခင်ဗျားတို့လေးယောက်ပြောတဲ့အဓိပ္ပါယ်ကို နားမလည်ဘူး"
ခေါင်းဆောင်က လက်မလျှော့။
"ဈေးကိုနည်းနည်းမလျှော့နိုင်တော့ဘူးလား။ ဖီးနစ်သွေးတောင် တစ်စက်ကို နှစ်ထောင်သုံးထောင်ပဲရှိတာပါ"
မုန်ကျင်းကျိုး အေးစက်စက်ရယ်လိုက်သည်။ သူ့ဘက်က ပြတ်သားသည်။
"မလျှော့နိုင်ဘူး။ အန္တရာယ်မျိုးစုံဖြတ်ကျော်ပြီးမှ ဒီသွေးစက်ကို ရလာတာ။ ငါးသောင်းပဲ။ လုံးဝမလျှော့ဘူး။
ခင်ဗျားတို့ဆိုရင်ရော ဈေးလျှော့မှာလား"
"အဲလိုလား။ ဆိုးတာပဲ။ မင်းတို့ဘက်ကလိုက်လျောရင် ငါတို့လည်း မိတ်ဆွေဖြစ်ပေးလို့ရပါတယ်။ ဒါပေမယ့် မင်းတို့က ရက်စက်မှတော့..."
ခေါင်းဆောင်စကားသံ တိုးညှင်းပျောက်ကွယ်သွားသည်။ သူ့နောက်မှသုံးယောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
သုံးယေက်လုံး အင်္ကျီလက်ထဲသို့လက်နှိုက်၍ လုယန်ဆီ ပစ္စည်းတစ်ခုစီပစ်လွှတ်လိုက်သည်။
ထိုသို့ဖြစ်မည်ကို လုယန်ကြိုတွက်ထားပြီးဖြစ်၍ မှော်လက်စွပ်သုံးခုကို သိမ်းကြုံးဖမ်းယူလိုက်သည်။
ခေါင်းဆောင်က ဝမ်းနည်းဟန်ဖြင့် ခေါင်းခါသည်။
"မလျှော့နိုင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့။ စုစုပေါင်း ဝိညာဉ်ကျောက် ငါးသိန်းပါ။ စစ်ကြည့်ပါဦးမိတ်ဆွေ"
လုယန် လက်စွပ်များထဲသို့ ဝိညာဉ်အာရုံဖြန့်ကြည့်သည်။ လက်စွပ်သုံးခုလက်ခံလိုက်ပြီးနောက် မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။
"ဟုတ်တယ်။ ငါးသိန်းပဲ။ အရောင်းအဝယ်ဖြစ်တယ်"
မုန်ကျင်းကျိုးက ကျောက်စိမ်းတံဆိပ်ထဲမှ သွေးပုလင်းဆယ်ခု တစ်ဘက်အဖွဲ့ဆီ ပစ်ပေးလိုက်သည်။
ခေါင်းဆောင်က မျက်လုံးစွေကြည့်သည်။ အမှောင်ထဲမှာပင် မုန်ကျင်းကျိုး၏လှုပ်ရှားမှုများကို သတိထားမိသည်။ အထူးသဖြင့် ကျောက်စိမ်းတံဆိပ်ကိုမြင်သည်။
"မင်းက တာအိုလမ်းစဉ်ဂိုဏ်းတပည့်လား"
"ဟုတ်တော့ဘာဖြစ်လဲ"
ဆိုးဝါးသည့်ကံကြမ္မာကို မုန်ကျင်းကျိုးစိတ်ထဲ ကျိတ်ဆဲမိသည်။ ဘာကြောင့်သူ့နောက်ခံပေါ်သွားရသည်မသိ။
ခေါင်းဆောင်က မုန်ကျင်းကျိုးကိုစိုက်ကြည့်၍ ဖြေးညှင်းစွာပြောသည်။
"မင်းတို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေဆိုရင်တော့ ငါတို့မင်းကို လွယ်လွယ်ထွက်သွားခွင့်မပေးနိုင်ဘူး။
ငါ့နာမည်ဂုဏ်သတင်းကို စဉ်းစားရမယ်။ အပြင်ကိုသတင်းပေါက်သွားရင် လူမှုအသိုင်းအဝိုင်းမှာ ငါမနေနိုင်တော့မှာစိုးတယ်"
အပြုံးတစ်ခု သူ့နှုတ်ခမ်းတွငပေါ်ာလသည်။ သူ့အမူအရာကို သေချာမမြင်ရ တောက်ပဖြူဖွေးသည့်သွားများသာ မြင်ရသည်။
"ခင်ဗျားတို့ဘာလုပ်ချင်တာလဲ"
ချက်ချင်းပြောင်းလဲသွားသည့် ထိုလူများ၏သဘောထားကို လုယန်ခံစားမိသည်။
"ကျုပ်ရဲ့အိမ်တော်ကိုလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်"
တာအိုလမ်းစဉ်ဂိုဏ်းတပည့်မှန်းသိပြီးမှ မကြိုဆိုမိလျှင် သူ့အပေါင်းအသင်းများကြား နာမည်ပျက်နိုင်သည်။
လုယန်က ထိုလေးယောက်ကို သတိဖြင့်ကြည့်၍ ခေါင်းခါသည်။
"ကျုပ်တော့ ဒီလိုလုပ်ဖို့လိုမယ်မထင်ဘူး"
ထူးဆန်းသည့်သူတို့အပြုအမူက တစ်ခြားရည်ရွယ်များရှိကြောင်း ထင်ရှားနေသည်။
ခေါင်းဆောင်က ထပ်ဖိအားပေးသည်။
"မိတ်ဆွေ၊ ကျုပ်အိမ်ကို အလည်လိုက်ခဲ့ရုံပါပဲ။ ဘာလို့အဲလောက်စဉ်းစားနေတာလဲ"
လုယန် အေးစက်စက်ရယ်သည်။ ထိုလူဟန်ဆောင်ပုံက လုံးဝမပိရိ။ သူသတိပေးလိုက်သည်။
"မိတ်ဆွေ၊ နှစ်တစ်သိန်းကြာအောင် မဟာရှားမှာ တော်ဝင်လမ်းက အုပ်ချုပ်ခဲ့တာ။ နတ်ဆိုးလမ်းစဉ်တွေကို အားမပေးဘူး။
ခင်ဗျားလိုလူတွေအများကြီး မဟာရှားကဖမ်းပြီး ထောင်ချခဲ့လို့ တစ်သက်လုံးနောင်တနဲ့ နေသွားရတာတွေကို မသိဘူးလား။
တာအိုလမ်းစဉ်ဂိုဏ်းတပည့်အနေနဲ့ ကျုပ်တို့က တော်ဝင်လမ်းနဲ့ပဲအတူရပ်တည်တယ်။ နတ်ဆိုးတွေနဲ့လုံးဝမပေါင်းဘူး။
ခင်ဗျားတို့မျိုးဆက်တွေကို ဖြတ်လမ်းနည်းသုံးပြီး တာအိုလမ်းစဉ်ဂိုဏ်းထဲ ထည့်လို့ရမယ်တွေးနေရင်တော့ စိတ်ကူးယဉ်နေတာပဲ"
ခေါင်းဆောင်မျက်လုံးများ အေးခဲသွားသည်။ သူ့အင်္ကျီလက်ထဲသို့ အသာလက်နှိုက်၍ မှော်လက်စွပ်တစ်ကွင်းကိုင်သည်။
လက်ချောင်းကိုဖျတ်ခနဲခါလိုက်သည်။ ပျောက်ဆုံးနေသည်ရှားပါးကျင့်စဉ်စာအုပ်များ ဖဲချပ်ဝေသလို ကျလာသည်။
"တကယ်အခွင့်အရေးမရှိတော့ဘူးလား။ ရှင်းရှင်းပြောရရင် ကျုပ်မိသားစုမှာ ရတနာတွေ ကျင့်စဉ်စာအုပ်တွေ အများကြီးရှိပါတယ်။ ခင်ဗျားသဘောတာတစ်ခုခု ရှိမှာပါ"
"လုံးဝအခွင့်အရေးမရှိဘူး"
လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ပြတ်သားသည့်သဘောထားကြောင့် ခေါင်းဆောင်က ကောင်းကင်သို့မော့၍ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
"တော်ပါပြီ၊ တော်ပါပြီ၊ သွားကြစို့ဟေ့"
*********************************