← Chapters

အိမ်မက်နှင့်ချိတ်ဆက်သည့်မှော်ပညာ

Vol. 44 Ch. 658

အိမ်မက်နှင့်ချိတ်ဆက်သည့်မှော်ပညာ

Vol. 44 Ch. 658

ထိုပညာမျိုးနှင့် လုယန်ကြုံခဲ့သည်။ အိပ်မက်ထဲဝင်နိုင်သည့်ပညာမျိုးကလည်း အတော်ရှားသည်။

သူသိသလောက် မဟာအကြီးအကဲလို လူနည်းစုတစ်ချို့သာ ထိုပညာမျိုးကိုလေ့လာဖူးကြသည်။ ထိုပညာတွင် မဟာအကြီးအကဲသည် အ‌တော်ဆုံးဖြစ်သည်။

ရုတ်တရက် လုယန်မျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။

သူကျင့်ကြံစံက အိပ်မက်ထဲတွင် ထူးဆန်းသည့်လူတစ်ယောက်နှင့် ဆုံခဲ့ရသည်ကို ရေးတေးတေးမှတ်မိလာသည်။ ထိုလူက သူ့ကိုယ်သူ 'တို့ဟူးမသေမျိုး'ဟုပြောသည်။

တို့ဟူးစားလျှင် ပိုသန်မာစေကြောင်းပြောခဲ့သည်...

အရင်က ထုံထုံအအမို့ အိပ်မက်ဆိုးတစ်ခုဟုသာ သူထင်ခဲ့သည်။

ယခု ပြန်စဉ်းစားမိသည်။ ထိုကိစ္စသည် အမယွမ်လက်ချက်ဖြစ်နိုင်သည်။

"အိပ်မက်မှော်ပညာနဲ့ မရင်းနှီးရင် သားကောင်ဖြစ်သွားဖို့လွယ်တယ်။ ဒါပေမယ့် ဒီမသေမျိုးရှိနေရင် ဘယ်အိပ်မက်မှော်ပညာမှ နင့်ကိုမထိန်းချုပ်နိုင်စေရဘူးလို့ အာမခံပါတယ်"

နတ်မယ်သည် သိစိတ်နယ်မြေမှ အပြင်လောကအဖြစ်အပျက်များကိုကြည့်ခြင်းနှင့် ကြာမြင့်စွာအိပ်စက်ခြင်းတို့ဖြင့်သာ အချိန်ကုန်ခဲ့သူဖြစ်သည်။

အိပ်မက်မှော်ပညာကို ဘယ်လောက်နက်နက်နဲနဲလေ့လာနေမှန်း သိသာသည်။

"အိပ်မက်တွေနဲ့ လူတစ်ယောက်ကို တကယ်ထိန်းချုပ်နိုင်လို့လား"

"ထိန်းချုပ်နိုင်တာပေါ့။ အဲဒါမျိုး နင်တွေ့ကြုံဖူးသင့်တယ်။ အိပ်မက်ကနေ နိုးလာတဲ့အချိန်ကျရင် မှတ်ဉာဏ်တွေ တဖြေးဖြေးပျောက်ကွယ်သွားတယ် ရေးတေးတေးဇာတ်လမ်းလောက်ပဲကျန်ခဲ့တာမဟုတ်လား"

လုယန်ခေါင်းငြိမ့်သည်။ အိပ်မက်ဆိုသည်က ထိုသို့ပင်ဖြစ်သည်။

"တစ်ယောက်ယောက်က နင့်အိပ်မက်အကြောင်းအရာတွေကို မှော်ပညာနဲ့ထိန်းချုပ်မယ်။ အဲလိုနေ့စဉ်ရက်ဆက်လုပ်မယ်ဆိုရင် ဘာဖြစ်လာမလဲ။ နင့်စိတ်တွေ မသိမသာပြောင်းလဲလာမယ်မဟုတ်လား"

လုယန် သဘောပေါက်လာသည်။ ထို့နောက် အဖြစ်အပျက်တစ်ခု ပြန်သတိရလာသည်။

တစ်ချိန်က ကုန်သည်အဆင်းသည် အိပ်မက်မှော်ပညာသုံး၍ သူတို့အသင်းအဖွဲ့အကြောင်းနှင့် ထုတ်ကုန်အကြောင်းကြော်ငြာခဲ့သည်။

ထိုထုတ်ကုန်၏ရောင်းအား သိသိသာသာမြင့်တက်ခဲ့သည်။

နောက်ပိုင်း ထိုကိစ္စပေါ်သွားသည်။ မဟာရှားက ကုန်သည်အသင်းကို ပြင်းပြင်းထန်ထန် ဒဏ်ငွေတပ်သဖြင့် ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့သည်။ ထိုကိစ္စမျိုးမဖြစ်အောင် ကြော်ငြာဥပဒေကို ထုတ်ပြန်ခဲ့သည်။

"နတ်မယ်၊ မိန်းကလေးကျုန်းက အဲလိုအခြေအနေမျိုးရောက်နေတာလား"

"ဟုတ်တယ်"

လုယန် အပြင်သို့ ချက်ချင်းအာရုံပြန်စိုက်သည်။

ရှီချန်းနှင့်မုန်ကျင်းကျိုးက ကျုန်းချင်အာကိုပြုစားထားသည့် မှော်ပညာအကြောင်း အဖြေရှားဆွေးနွေးနေကြဆဲဖြစ်သည်။

လုယန်က သူတို့နားမလည်ဖြစ်နေသည့်ပြဿနာကို ယုံကြည်မှုအပြည့်ဖြင့် ရှင်းပြလိုက်သည်။ ရှီချန်း အတော်လေးစားသွားသည်။

"အကိုလုက တကယ်တော်တာပဲ။ ဒီမိန်းကလေးက ဒီလိုမှော်ပညာမျိုးနဲ့ ထိန်းချုပ်ခံနေရတာလား"

မုန်ကျင်းကျိုးက လုယန်ကို မျက်လုံးစွေကြည့်သည်။

လုယန်စွမ်းဆောင်နိုင်ရည်ကို သူကောင်းကောင်းသိသည်။ ထိုမျှပညာရှင်ဆန်သည့်အဖြေမျိုးသည် မသေမျိုးနတ်မယ်၏ အလင်းပြမှုသာဖြစ်ရမည်။

ရှီချန်းက ဆန်ပြုတ်သောက်နေသည့် ကျုန်းချင်အာကို လှည့်မေးသည်။

"ဒကာမလေး၊ ခန်းဝေ့နဲ့ တစ်ခြားဘယ်နေရာမှာမှ မတွေ့ဖူးဘဲ မြင်မြင်ချင်းချစ်သွားတာလား။ အိပ်မက်ထဲမှာလိုမျိုးလား"

သူတို့ပေါ်တင်ဆွေးနွေးနေကြခြင်းဖြစ်၍ ကျုန်းချင်အာလည်း အားလုံးကြားသည်။

ရှီချန်းအမေးကြောင့် သူမျက်မှောင်ကျုံ့သွားသည်။ ဇဝေဇဝါဖြစ်နေသည်။

"သေချာမမှတ်မိဘူး။ သူ့ကို အရင်ကတွေ့ဖူးသလိုခံစားရတယ်။ ပြန်တွေးကြည့်တော့လည်း တကယ်မတွေ့ဖူးဘူး။

လွန်ခဲ့တဲ့တစ်ပတ်က ခန်းဝေ့ကို လမ်းပေါ်မှာတွေ့တယ်။ ကျွန်မတို့ချင်း ဟိုအရင်ကတည်းက သိကျွမ်းခဲ့ကြသလို ခံစားရတယ်။ ဖူးစာဖက်တွေလိုမျိုးပဲ"

ကျုန်းချင်အာသည် မျက်ကန်းချစ်တတ်သူမျိုးဟုတ်။ ခန်းဝေ့မသမာနည်းသုံးထားသည်ဆိုလျှင် စာရင်းသွားရှင်းဖို့ ဆုံးဖြတ်ထားသည်။

ရှီချန်းက လက်နှစ်ချောင်းထောင်ပြသည်။

"ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ ကိုးငရဲဂိုဏ်းအယူအဆလို ဒီလောကမှာ လူဝင်စားသံသရာတကယ်ရှိပြီး မင်းနဲ့ခန်းဝေ့ဟာ အရင်ဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့လို့။

ဒါမှမဟုတ် အိပ်မက်မှော်ပညာနဲ့ မင်းထိန်းချုပ်ခံနေရလို့ပဲ"

လူဝင်စားသံသရာတကယ်ရှိသည်ဟု လုယန်စိတ်ထဲ တွေးနေသည်။ သို့သော် လီဟော်ရန်တစ်ယောက်တည်းအတွက်သာဖြစ်မည်။

"ဒုတိယသုံးသပ်ချက်က ဖြစ်နိုင်ခြေအများဆုံးပါ"

သူတို့ဆွေးနွေးသမျှ ဘေးမှနားထောင်နေသည့်ကျုံးမင် ရုတ်တရက် ဒေါသထွက်လာပြီး သူ့ပေါင်သူဖြန်းခနဲရိုက်သည်။

"ဒီခန်းမျိုးရိုးခွေးသူတောင်းစား တစ်ခုခုမူမမှန်ဘူးဆိုတာ ကျုပ်သိသားပဲ"

ဂေါ်ပြားကိုဆွဲယူပြီး ခန်းဝေ့ကို သွားဖမ်းရန်ပြင်သည်။

ရှီချန်းကတားသည်။

"ဒကာ၊ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ ခန်းဝေ့လုပ်ရပ်ဟာ ဥပဒေကိုချိုးဖောက်နေတာပါ။ ဒါပေမယ့် ကျုပ်တို့ဘက်က ဥပဒေအတိုင်းဆက်သွားနိုင်အောင် ခိုင်မာတဲ့သက်သေလိုတယ်။

ဒီလိုလုပ်ပါ။ ဒီည ကျုပ်တို့သုံးယောက်လည်း အိပ်မက်ထဲကိုဝင်မယ်။ အိပ်မက်နယ်မြေထဲမှာ သက်သေရှာမယ်။ ဒါစိတ်အချရဆုံးပဲ"

ရှီချန်းအကြံပြုချက်ကြောင့် ကျုန်းမင်ငြိမ်ကျသွားသည်။

မှန်သည်။ ထိုနည်းလမ်းအကောင်းဆုံးဖြစ်သည်။

လုယန်က ရှီချန်းကိုမေးသည်။

"ကိုယ်တော်က အိမ်မက်မှော်ပညာတတ်လို့လား"

"နည်းနည်းလေ့လာထားပါတယ်။ ကျုပ်အပြင်ထွက်ပြီး မကောင်းဆိုးဝါးနှိမ်နှင်းတုန်းပေါ့။ နတ်ဆိုးမတစ်ယောက်က ကျုပ်ရုပ်ရည်ကို သဘောကျပြီး အိပ်မက်ထဲမှာ ထိန်းချုပ်ဖို့ကြိုးစားတယ်။

ကံကောင်းချင်တော့ အဲဒီအချိန် ကျုပ်ကအိပ်မက်ထဲက မဟာဗုဒ္ဓခန်းမထဲမှာ ကျမ်းစာရွတ်နေတာလေ။ ဗုဒ္ဓရုပ်ထုက ဝိညာဉ်ထွက်လာပြီး နတ်ဆိုးကိုနှိပ်ကွပ်ခဲ့တယ်။ ဒီလိုအလားတူကိစ္စတွေ ကြုံရမှာစိုးရိမ်လို့ အိပ်မက်မှော်ပညာကို ကျုပ်လေ့လာခဲ့တာ။

ဒီည ဒကာခန်း အိပ်မက်မှော်ပညာသုံးရင် အကိုတို့နှစ်ယောက်ကိုပါ အိပ်မက်ထဲကို ကျုပ်ဆွဲခေါ်သွားမယ်"

"ကောင်းတာ‌ပေါ့"

"ဒကာကျုန်း၊ ကျုပ်တို့သုံးယောက်အိပ်ဖို့ ကုတင်သုံးခုယူပေးပါ"

ကျုန်းမင် အစေခံမာျးကို ချက်ချင်းခေါ်၍ သူ့သမီးအခန်းထဲမှ ကြမ်းပြင်ကိုရှင်းပြီး အိပ်ယာသုံးခုပြင်ခိုင်းသည်။

"ပြောရမှာတော့ ရှက်စရာပဲ။ ဒဏ္ဍာရီအရ ဗုဒ္ဓဝါဒတည်ထောင်သူဟာ ဘယ်နေရာမဆို အိပ်စက်နိုင်တယ်တဲ့။ တကယ်ကို မိုးမြေနှင့်တစ်သားတဲ့ဖြစ်တဲ့အဆင့်ကို ရောက်တာပဲ။

ကျုပ်ကတော့ ဒီအဆင့်မျိုးရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ အိပ်ရင် ကုတင်နဲ့ပဲအိပ်တတ်လို့လေ"

လုယန် နတ်မယ်ကို တစ်ချက်ချောင်းကြည့်သည်။ ကြာပလ္လင်ပေါ်တွင် ကိုးယို့ကားယားအိပ်နေသည်။

နတ်ဆိုးနယ်မြေတွင်ရှိစဉ်က နတ်မယ်သည် မကြာခဏ သစ်ပင်ပေါ်တက်အိပ်သည်။ အမှန်တကယ်ပင် ဘယ်နေရာမဆို ဘယ်အချိန်မဆို အိပ်တတ်သူဖြစ်သည်။

အိပ်မက်မှော်ပညာကို ညဘက်မှသာ သုံးရမည်။ ခန်းဝေ့မပါဘဲ သူတို့သုံးယောက်သာ ကျုန်းချင်အာအိပ်မက်နယ်မြေသို့ဝင်လျှင် အကျိုးမရှိ။

စောင့်ရသည့်အလုပ်က အတော်ငြီးငွေ့စရာကောင်းသည်။ ထို့ကြောင့် သူတို့သုံးယောက် ကျုန်းချင်အာနှင့်စကားပြောကြသည်။

ရှီချန်း၏သွင်ပြင်က အတော်တည်ကြည်သည်ဟု ကျုန်းချင်အာမြင်မိသည်။ ဘုန်းကြီးဖြစ်သော်လည်း အတော်လေးချောသည်။ ခန်းဝေ့ထက်ပင် ပိုခံ့ညားသေးသည်။

သူ့စိတ်ကိုရိပ်စားမိသဖြင့် ရှီချန်းက အကြံပေးည်။

"ဒကာမလေး၊ ဒီကိုယ်တော်က ဗုဒ္ဓသားတော်ပါ။ ကျုပ်အပေါ် ပုံမှန်မဟုတ်တဲ့အတွေးတွေရှိနေရင် ချက်ချင်းစွန့်ပယ်လိုက်ဖို့ တောင်းဆိုချင်တယ်။ ဒကာမလေးစိတ်ထဲ အရှုပ်အထွေးတွေ ဖြစ်လာမှာစိုးလို့ပါ"

ရှီချန်းကိုဘယ်လိုကြည့်ကြည့် မုန်ကျင်းကျိုးစိတ်ထဲ အမြင်ကတ်လာသည်။ ယခု ယန်သွေးစက်နှစ်ဆယ်လည်း မပေးချင်တော့။

ညရောက်လာချိန်တွင် ကျုန်းချင်အာ အိပ်ငိုက်လာသည်။ စကားပြောနေရင်း သိပ်မကြာမီ အိပ်ပျော်သွားသည်။

"တစ်ဘက်လူက အိပ်မက်မှော်ပညာသုံးပြီလား"

မုန်ကျင်းကျိုး စမ်းကြည့်ဖို့စိတ်အားထက်သန်နေသည်။ အိပ်မက်တစ်ခုထဲသို့ ကိုယ့်စိတ်နှင့်ကိုယ် တစ်ခါမှမဝင်ဖူး။

"နည်းနည်းထပ်စောင့်ပါဦး"

နောက်ထပ်ဆယ့်ငါးမိနစ်အကြာတွင် ရှီချန်း ရုတ်တရက် လှမ်းပြောသည်။

"သူလာပြီ။ အိပ်မက်ထဲဝင်ဖို့ပြင်ကြတော့ အကိုတို့"

နူးညံ့သည့်အိပ်ညာပေါ် မုန်ကျင်းကျိုး ချက်ချင်းလှဲချ၍ မျက်လုံးမှိတ်လိုက်သည်။

ရုတ်တရက် သူ့အမူအရာပြောင်းသွားသည်။

"သောက်လခွမ်း"

"ဘာဖြစ်တာလဲ"

"စိတ်လှုပ်ရှားလွန်းလို့ အိပ်မရဘူး"

"..."

လုယန်က အခြေအနေနှင့်လိုက်လေလျာညီထွေလုပ်တတ်သည်။ ကုတင်ပေါ်မှထလာပြီး အကြောတစ်ချက်ဆန့်သည်။

"စိတ်မပူပါနဲ့။ ငါမင်းကို လက်သီးတစ်ချက်ထိုးလိုက်ရင် အိပ်ပျော်သွားမျာပါ။ စိတ်ကိုလျှော့ထားပါ။ မဟုတ်ရင် အလုပ်မဖြစ်နိုင်ဘူး"

"ခွေးသူတောင်းစား...နေဦး.. မင်းတကယ်.."

ကြီးမားသည့်လက်သီးတစ်ခု သူ့မျက်လုံးရှေ့တွင်ပေါ်လာပြီး တစ်ဖြည်းဖြည်းကြီးလာသည်။ ဘုန်းခနဲ အသံထွက်လာပြီးနောက် သူသတိလစ်သွားသည်။

လုယန် အခြေအနေကို အတော်ကျေနပ်သဖြင့် အေးအေးချမ်းချမ်းအိပ်ပျော်သွားသည်။

ရှီချန်းလည်း အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် မှော်တံဆိပ်များလက်ဖြင့်ဖန်တီးသည်။ အိမ်မက်မှော်ပညာကို အသက်သွင်းသည်။ သူ့ကိုယ်သူရော လုယန်တို့နှစ်ယောက်ကိုပါ ကျုန်းချင်အာအိပ်မက်ထဲသို့ ဆွဲသွင်းသည်။

"ဒါက အိပ်မက်နယ်မြေလား။ အတော်ဆန်းသစ်တဲ့အာရုံမျိုးပဲ"

မုန်ကျင်းကျိုးသိစိတ်က အပ်မက်ထဲသို့ အရင်ရောက်လာသည်။ အိပ်မက်နယ်မြေက မှော်ဆန်သည့်အာရုံမျိုးခံစားရသည်။

လုယန်လည်း စိတ်ဝင်စားနေသည်။

သူတို့ မက်မွန်တောတစ်ခုတွင်ရှိနေသည်။ မက်မွန်ပွင့်ချပ်များက ပန်းရောင်နှင်းများသဖွယ် ကျဆင်းနေသည်။

"ဟိုနေရာမှာပဲ"

ရှီချန်းက မနီးမဝေးမှ လေသာဆောင်တစ်ခုဆီ လက်ညှိုးထိုးပြသည်။

လေသာဆောင်သည် မက်မွန်တောတစ်ခုလုံးတွင် မက်မွန်ပွင့်များကိုကြည့်ဖို့ အကောင်းဆုံးနေရာဖြစ်သည်။ ကြွေကျနေသည့်ပွင့်ချပ်များ၏ မြင်ကွင်းပိတ်ဆို့မှုမရှိဘဲ ပန်းပွင့်များကို ကြည့်နိုင်သည်။

"အသံမထွက်စေနဲ့။ အရင်ဆုံး အခြေအနေသွားကြည့်ရအောင်"

သုံးယောက်သား ခြေဖျားထောက်၍ လေဟာဆောင်နား တိုးကပ်သွားသည်။

လေသာဆောင်ထဲတွင် ကျုန်းချင်အာက ခပ်ဟော့ဟော့ဝတ်ထားသည်။ သူ့အခန်းထဲကပုံစံထက် များစွာပိုဆွဲဆောင်မှုရှိသည်။

ကျုန်းချင်အာက သူ့စိတ်ကူးယဉ်ပုံရပ်ဖြစ်သည့် ရှီချန်း၏လက်ကိုင်၍ ရွှန်းလဲ့သည့်မျက်လုံးများဖြင့် ကြည့်နေသည်။

စိတ်ကူးပုံရိပ်ရှီချန်းတွင် ဆံပင်များရှိသည်။ ပို၍ချောမောခံ့ညားနေသည်။

"ရှီချန်း၊ ကျွန်မတို့အတူနေရအောင်"

"အင်း"

မလှမ်းမကမ်းမှလူတစ်ယောက်က ထိုမြင်ကွင်းကို မယုံနိုင်ဟန်ဖြင့်ကြည့်၍ အထစ်ထစ်အငေါ့ငေါ့မေးသည်။

"ချင်အာ..သူ...သူကဘယ်သူလဲ"

ကျုန်းချင်အာက ထိုလူကိုလှမ်းကြည့်ပြီး ခပ်အေးအေးလေသံဖြင့်

"ခန်းဝေ့၊ ငါတို့လမ်းခွဲရအောင်"

မုန်ကျင်းကျိုး "..."

ဘေးမှ ရှီချန်းအစစ်ကို သူလှည့်ကြည့်သည်။

"ကိုယ်တော်က အိမ်မက်ကာမနတ်ဆိုးများလား"

***********************************

All Chapters