← Chapters

သူတို့ကို စောင့်ခိုင်းလိုက်

Vol. 53 Ch. 783

သူတို့ကို စောင့်ခိုင်းလိုက်

Vol. 53 Ch. 783

အထွတ်အထိပ် ကပ်ဘေးဆေးလုံးဆိုသည်မှာ အလယ်ပိုင်းဒေသတစ်ခုလုံးတွင် တစ်ခုတည်းသော သန့်စင်ဆေးလုံးဖြစ်နိုင်သည်။

မြင့်မြတ်မိသားစုများနှင့် ဂိုဏ်းတိုင်းရှိ လူတော်တော်များများသည် ထိုဆေးလုံးအတွက် မည်မျှတန်ဖိုးကြီးကြီး ပေးချေရန် ဆန္ဒရှိကြသည်။

ထို့ကြောင့် သူ့အိပ်မက်ထဲမှာတောင် ဤသို့သောမြင်ကွင်းကို မထင်ထားမိချေ။

ဤမျှလောက် မယုံနိုင်လောက်အောင် အဖိုးတန်သော ဆေးလုံးကို ကောင်မလေးနှစ်ယောက်သည် ကြက်တောင်ရိုက်သလို ဟိုကန်ဒီကန် ကစားနေကြသည်။

ထိုသည်မှာ သူ့နှလုံးကို လည်ချောင်းဝအထိ ရောက်သွားစေပြီး သူ့ခေါင်းသည်လည်း ကောင်းကင်မှာ ပျံဝဲနေသော ဆေးလုံးနောက်ကို လိုက်ပြီး လည်နေတော့သည်။

သုန့်လင်းရှင်သည်လည်း ကြက်သေသေနေခဲ့သည်။

“အဘိုးရှောင်နဲ့ မမတုံ တို့ ရောက်လာကြပြီလား”

ထိုအချိန်မှ ကောင်မလေးနှစ်ယောက်က ဧည့်သည်များကို သတိပြုမိသွပြီး သူတို့၏ ကစားပွဲကို ရပ်ကာ ဖော်ရွေစွာ မေးလိုက်သည်။

“အင်း...ရောက်လာပါပြီ”

ရှောင်တန်ချန်သည် သူ့နဖူးပေါ်က ချွေးအေးများကို သုတ်လိုက်ပြီး သတိကြီးစွာ ဖြေလိုက်သည်။

“သမီးလေးတို့ ကစားနေတဲ့ ဆေးလုံးက...”

ရှန်းရှန်းသည် သူ့လက်ထဲက ဆေးလုံးကို ပေါ့ပေါ့ပါးပါး ပစ်မြှောက်လိုက်ချိန် ရှောင်တန်ချန် လန့်ပြီး တုန်သွားသည်။

သို့သော် ရှန်းရှန်းသည် ရယ်ကျဲကျဲနှင့် ပြောလိုက်သည်။

“ဒါ ဖေဖေက သမီးတို့ကို ပေးထားတဲ့ အရုပ်လေ၊ ဘာဖြစ်လို့လဲ... ပြဿနာရှိလို့လား”

ရှောင်တန်ချန်၏ နဖူးတွင် ချွေးစေးများမှာ ပိုလို့တောင် ထွက်လာသည်။

“မ...မရှိပါဘူး”

သို့သော် သူ့စိတ်ထဲတွင်တော့ မတွေးဘဲမနေနိုင်ချေ။

ဒီလောက် အဖိုးတန်တဲ့ သန့်စင်ဆေးလုံးကိုတောင် ကောင်မလေးနှစ်ယောက်ကို ကစားဖို့ ပေးထားတယ်တဲ့လား...

တကယ့်ကို... အရှင့်ရဲ့ လုပ်ရပ်တွေက... ထင်ရာစိုင်းနိုင်လွန်းတယ်

ထိုအချိန်မှာ ရွှယ်အန်းသည် တံခါးကို တွန်းဖွင့်ပြီး ခြံထဲဝင်လာသည်။ ထို့နောက် ကောင်မလေးနှစ်ယောက်ကို ပြုံးပြလိုက်သည်။

“ရှန်းရှန်း၊ နျန်နျန်... အထဲမဝင်သေးဘူးလား၊ မေမေက သမီးတို့နှစ်ယောက်ကို အဝတ်အစားလဲစေချင်နေပြီ”

“ဒါပေမယ့် ဖေဖေကလည်း... သမီးတို့ ဆက်ကစားချင်သေးတယ်”

ရှန်းရှန်းက ပြောသည်။

ရွှယ်အန်းက မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။

“မေမေက သမီးတို့အတွက် အရမ်းလှတဲ့ အဝတ်အစားသစ်တွေ ပြင်ဆင်ထားတယ်၊ ပြီးတော့ အဝတ်အစားလဲပြီးရင် ဖေဖေက သမီးတို့ကို အစားအသောက်ကောင်းတွေ အများကြီး လိုက်ကျွေးမယ်”

ထိုစကားကြားချိန် ကောင်မလေးနှစ်ယောက်လုံး မျက်လုံးများ လင်းလက်သွားသည်။

အထူးသဖြင့် နျန်နျန်ဖြစ်သည်။

သူမသည် အသက် ခုနစ်နှစ်သာ ရှိသေးသော်လည်း အစားအသောက်အိားလေး ဖြစ်နေပြီဖြစ်သောကြောင့် သူမအတွက် အရသာရှိသော အစားအစာများ၏ ဆွဲဆောင်မှုသည် ကြီးလွန်းသည်။

ထို့နောက် သူမသည် အော်ဟစ်ပြီး အိမ်ထဲကို ပြေးဝင်သွားသာ်။

“အစားကောင်းတွေ သွားစားကြမယ်၊ အနှေးဆုံးသူက ခွေးဖြစ်‌ကြေး”

နျန်နျန်သည် သူ့အစ်မကို နောက်ပြောင်ရန်လည်း မမေ့ချေ။

သို့သော် ရှန်ရှန်သည်လည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့်သူမျိုး မဟုတ်ချေ။

"ငတုံး... နန်နန် နင်တော့ သေပြီမှတိ၊ နင့်ကို မဖမ်းမိစေနဲ့ မှတ်...၊ ဖမ်းမိလို့ကတော့ နင့်ပါးစပ်ကို ကော်နဲ့ ပိတ်ပစ်မယ်၊ ပြီးတော့ နင့်ရှေ့မှာ ရေခဲမုန့်တွေ အများကြီး အများကြီး စားပြမယ်”

နျန်နျန်က ခစ်ခစ်ရယ်ပြီး ပြောသည်။

“ဒါဆိုလည်း အရင်မိအောင် ဖမ်းလေ”

ရွှယ်ရှန်းသည် ခြေလှမ်းအနည်းငယ် လိုက်ပြေးပြီးနောက် ရပ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ကောက်ကျစ်သော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ သူမက ချောင်းဟန့်လိုက်ပြီး ပြောသည်။

“ငါ နင့်ကို မဖမ်းတော့ဘူး၊ ဘာပဲဖြစ်ဖြစ် အမြန်ဆုံးပြေးတဲ့သူက ဝက်ပဲ‌လေ”

နျန်နျန်သည် ရှေ့ကို ခြေလှမ်းအနည်းငယ် ဆက်ပြေးသွားသော်လည်း အဆုံးမှာတော့ တုံ့ဆိုင်းပြီး ရပ်တန့်သွားသည်။

သို့သော် သူမ ရပ်လိုက်ချိန်မှာ

ရွှယ်ရှန်းသည် ရုတ်တရက် အရှိန်မြှင့်ပြီး ရှေ့ကို ပြေးထွက်လာကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုအခါမှ နျန်နျန်လည်း လှည့်စားခံလိုက်ရမှန်း သိပြီး ဒေါသတကြီး ခြေဆောင့်လိုက်သည်။

“အစ်မ... အစ်မက ဝက်မကြီး၊ ငတုံးမကြီး”

“ငါ့ကိုပြောတဲ့ မကောင်းတဲ့စကားတွေ အကုန်လုံး နင့်ဆီပြန်‌ရောက်မှာနော်”

“မရောက်ဘူး”

"ရောက်မှာ...”

“မမက လိမ်တယ်"

“ဟုတ်တယ်... ငါ လိမ်တယ်‌လေ”

ညီအစ်မနှစ်ယောက်သည် အချင်းချင်း လိုက်ဖမ်းရင်း အိမ်ထဲကို ဝင်သွားကြသည်။

ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်အား မျက်စိရှေ့က ပျောက်ကွယ်သွားသည်အထိ ပြုံးလျက်သာ ကြည့်နေခဲ့သည့်။ ထို့နောက်မှ သူသည် ရှောင်တန်ချန်တို့ဘက်ကို လှည့်ကြည့်လိုက်သည်။

ရှောင်တန်ချန်တို့သည် အလျင်အမြန် ဦးညွှတ် အရိုအသေပေးကြသည်။

“အရှင်”

ရွှယ်အန်းက ခေါင်းအသာညိတ်သည်။

“အချိန်ကျပြီလား”

ရှောင်တန်ချန်က ခေါင်းညိတ်သည်

“နီးကပ်လာပါပြီ၊ ဂိုဏ်းက ဆေးဆရာတွေလည်း ဆေးလုံးမျှော်စင်မှာ စုဝေးနေကြပါပြီ၊ ဒေသအသီးသီးက အင်အားကြီးသူတွေလည်း အများစု ရောက်နေကြပါပြီ၊ ကျွန်တော်တို့ အခု သွားတော့မှာလား”

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ... ခဏစောင့်ဦး ယန်အာ မိတ်ကပ်လိမ်းနေတုန်းပဲ၊ သိပ်မကြာခင် ပြီးတော့မှာပါ”

“ဟုတ်ကဲ့”

ရှောင်တန်ချန်သည် အလျင်အမြန် ခေါင်းငုံ့ပြီး ပြန်ဖြေလိုက်သည်။

သို့သော် သူ့နောက်မှာ ရပ်နေသော သုန့်လင်းရှင်သည်တော့ ထိုစကားကြောင့် စိတ်ထဲမှာ နည်းနည်း မကျေမနပ် ဖြစ်သွားသည်။

သူမသည် အန်းယန်ကို အရင်က မြင်ဖူးသောကြောင့် ထိုအမျိုးသမီးသည် ရွှယ်အန်းနှင့် မတန်ဘူးဟု ခံစားရသည်။

အထူးသဖြင့် ရွှယ်အန်းသည် ဆေးဘုရင် ဖြစ်လာချိန်တွင်ဖြစ်သည်။

ထို သာမန်ရုပ်ရည်ရှိသော အမျိုးသမီးသည် ပိုလို့တောင် သေးသိမ်သလို ဖြစ်နေသည်။

ထို့ကြောင့် ဂုဏ်သရေရှိသော ဆေးဘုရင်သည် ဤအမျိုးသမီးကို အဘယ့်ကြောင့် အလွန်အလေးထားသည်ကို သူမ အမြဲတမ်း သိချင်နေခဲ့သည်။

သို့သော် သူမ မသိသည်မှာ သူမ မြင်ခဲ့သော အန်းယန်သည် သူမ၏ တကယ့်ရုပ်ရည်ကို ဖုံးကွယ်ရန် ပုံရိပ်ယောင်ပညာကို သုံးထားသည် ဆိုတာဖြစ်သည်။

အချိန်သည် တစ်စက္ကန့်ချင်း ကုန်ဆုံးသွားသည်။

မျက်တောင်တစ်ခတ်အတွင်းမှာ နောက်ထပ် နာရီဝက်လောက် ကြာသွားပြန်သည်။

သို့သော် အန်းယန်က ထွက်မလာသေးချေ။

ရှောင်တန်ချန်သည် စိတ်ပူလာသည်။

“အရှင်... အရာအားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ အားလုံးက အရှင် ပေါ်လာတာကို စောင့်နေကြပါတယ်၊ အရှငိ နည်းနည်းလောက် လောပေးလိုလို့ ရမလားခင်ဗျာ”

သို့သော် ရွှယ်အန်းသည် နည်းနည်းလေးမှ စိတ်မပူပဲ ခန်းမထဲတွက် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း အေးအေးဆေးဆေး ထိုင်နေသည်။

သူသည် ရှောင်တန်ချန်၏ စကားကို ကြားချိန် ပြုံးလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ မိန်းမတစ်ယောက် မိတ်ကပ်လိမ်းတာကို စောင့်တာက သည်းခံရမယ်၊ ပြီးတော့ အခုမှ တစ်နာရီကျော်ကျော်လေးပဲ ရှိသေးတာ၊ အချိန်ရှိပါသေးတယ်”

ရှောင်တန်ချန်က နည်းနည်း ကြောင်သွားသည်။

သူတို့လို လူများအတွက် မိန်းမတစ်ယောက် မိတ်ကပ်လိမ်းသည်ကို စောင့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ ဤသို့စိတ်ပါလက်ပါ စောင့်နေဖို့ဆိုတာ ပိုတောင် ဝေးသေးသည်။

မိန်းမတွေဆိုတာ ကိုယ့်အဆင့်အတန်းကို ကြွားဝါဖို့နဲ့ မျိုးဆက်ဆက်ခံဖို့ အတွက်ပဲ မဟုတ်လား...

ရှောင်တန်ချန်သည် နားမလည်နိုင်ချေ။

သို့သော် သုန့်လင်းရှင်၏ မျက်လုံးများသည်တော့ ရုတ်တရက် လင်းလက်သွားသည်။

ဤကမ္ဘာမှာ ယောကျ်ားများသည် မိန်းမများထက် သာလွန်ပေသည်။

အင်အားကြီးလာသော အမျိုးသမီးများနှင့် လုပိုင်ယွဲ့ လို အမျိုးသမီးများသည တခြားသူများ၏ လေးစားမှုကို ရနိုင်သည်။

ကျန်သောလူများသည် ယောကျ်ားများ၏ အသုံးတော်ခံသာဖြစ်သည်။

သုန့်လင်းရှင်သည် ယခင်က ထိုအရာကို အရမ်း ဒေါသထွက်ခဲ့ဖူးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အတွေ့အကြုံများလာပြီး သူမလည်း တဖြည်းဖြည်း ထုံကျင်လာကာ အရာအားလုံးသည် ထိုအတိုင်းသာ ဖြစ်သင့်သည်ဟု တွေးမိလာသည်။

သို့သော် ယနေ့တွင် ရွှယ်အန်း၏ အပြုအမူများသည် သုန့်လင်းရှင်ကို လှုပ်ရှားစေခဲ့သည်။

အနည်းဆုံးတွင် အလယ်ပိုင်းဒေသမှာ ရွှယ်အန်းလို ကိုယ့်မိန်းမ မိတ်ကပ်လိမ်းပြီးသည်ကို စောင့်ပေးမည့် ပုဂ္ဂိုလ်မျိုးရှိသည်ဟု သူမ မကြားဖူးခဲ့ချေ။

သုန့်လင်းရှင်သည် အန်းယန်ကို နည်းနည်းလေးတောင် မနာလိုဖြစ်သွားသည်။

ဤသို့ နားလည်မှုရှိပြီး လေးစားမှုရှိသည့် ခင်ပွန်းမျိုး ရှိခြင်းမှာ ပျော်ရွှင်စရာ ဘဝကို ပိုင်ဆိုင်ရမှာ သေချာသည်။

ထိုသို့နှင့် လူတိုင်းသည် ခြံဝင်းထဲမှာ ခဏလောက် ထပ်စောင့်လိုက်ကြသည်။

အပြင်ဘက်က ဆူညံသံများသည်တော့ ပိုလို့တောင် ကျယ်လောင်လာသည်။

ရှောင်တန်ချန်ငည် တကယ်ကို စိတ်ပူလာပြီး မပြောဘဲ မနေနိုင်တော့ချေ။

“သခင်ကြီး၊ ဘာလို့ ကျွန်တော်တို့ အရင် သွားနှင့်ကြပြီး လင်းရှင်ကို ဒီမှာ ထားခဲ့လို့ မရဘူးလား၊ သခင်မ မိတ်ကပ်လိမ်းပြီးတဲ့အခါ သူတို့ အတူတူ လိုက်လာလို့ရတာပဲ”

ရွှယ်အန်းက လက်ဖက်ရည်ကို ဖြည်းညှင်းစွာ နောက်တစ်ငုံ သောက်လိုက်ပြီး ခေါင်းခါလိုက်ကာ ဘာမှ မပြောချေ။

“ဒါပေမယ့် ဒီထက် နောက်ကျရင် လူတိုင်း စောင့်နေကြရလိမ့်မယ်”

ရွှယ်အန်းက သူ့ကို မော့ကြည့်လိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်သည်။

“ဒါဆို သူတို့ကို စောင့်ခိုင်းလိုက်ပေါ့”

ထိုစကားတစ်ခွန်းတည်းကြောင့် ရှောင်တန်မြို့သည် သူပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

ရွှယ်အန်းက တကယ့်ကို အလျင်မလိုချေ။ အမှန်တွင် သူသည် ဆေးဘုရင် အခမ်းအနားမျိုးကို တက်ရန် စိတ်မဝင်စားပဲ ထိုလူများ အတင်းအကျပ် ကျင်းပချင်သောကြောင့် လုပ်တာသက်သက်ဖြစ်သည်။

မည်မျှတောင် အင်အားကြီး ပုဂ္ဂိုလ်များနှင့် သူဌေးသူကြွယ်များ စောင့်နေမလဲ ဆိုသည်တော့ ရွှယ်အန်းနှင့် မဆိုင်ချေ။

သူ့အမြင်မှာတော့ ကောင်းကင်ဘုံ ဧကရာဇ်မင်းကိုယ်တိုင် ရောက်နေရင်တောင် ယန်အာ မိတ်ကပ်လိမ်းပြီးသည်အထိ စိတ်ရှည်ရှည်နှင့် စောင့်ပေမည်။

အဆုံးတွင်...

ရွှယ်အန်း လက်ဖက်ရည် နောက်တစ်ခွက် သောက်ပြီးချိန် သူ့နောက်မှ ခြေသံလေးများကို ကြားလာရပြီး ရှက်ကိုးရှက်ကန်းဖြင့် အမျိုးသမီးအသံလေးသည် ထွက်လာသည်။

" ယောင်္ကျား... ကျွန်မ ဒီဝတ်စုံနဲ့ ကြည့်လို့ ကောင်းရဲ့လား”

All Chapters