← Chapters

ဒါကို သာမန် ရုပ်ရည်လို့ ခေါ်တာလား...

Vol. 53 Ch. 785

ဒါကို သာမန် ရုပ်ရည်လို့ ခေါ်တာလား...

Vol. 53 Ch. 785

သို့သော် မိန်းကလေးအများစုသည် ထိုသည်ကို လွန်လွန်းသည်ဟု မထင်ကြဘဲ မျှတသည်ဟုပင် ခံစားနေကြသည်။ နန်ကုန်းယောင်တောင်မှ အံ့ဩပြီး ဆွံ့အသွားခဲ့သည်။

မကျေမနပ် စတင်ပြောခဲ့သော ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်တည်းကသာ လှောင်ရယ်လိုက်သည်။

"ရှန်ကွမ်းယန်... နင့်ပုံစံကို နင်ပြန်ကြည့်ဦး၊ သွားရည်တွေကျနေလိုက်တာ၊ အရူးအမူးဖြစ်နေတဲ့ ငတုံးမိန်းကလေးတစ်ယောက်လိုပဲ"

ရှန်ကွမ်းယန်က ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါ အရူးအမူးဖြစ်နေတယ်၊ ဖြစ်တော့ရော ဘာဖြစ်လဲ"

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက ရယ်ကျဲကျဲလုပ်လိုက်သည်။

"ဘာမှတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီဆေးဘုရင်ရွဗယ်မှာ မိန်းမတစ်ယောက် ရှိပြီးသားလို့ ငါကြားမိတာ ဘယ်လိုဖြစ်တာလဲ"

သူမ၏စကားကြောင့် ရှန်ကွမ်ယန်နှင့် မိန်းကလေးအများစုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြသည်။

"ဒါပေါ့ ငါတို့သိပြီးသား ပြီးတော့ သခင်ကြီးရွှယ်မှာ မိန်းမတစ်ယောက်ရှိတာတင် မကဘူး၊ ကလေးတောင် ရှိသေးတယ်"

ရှန်ကွမ်ယန်သည် ဘာမှမဖြစ်သလို ပြောလိုက်တယ်။

"ဒါဆို နင်တို့အားလုံးက ဘာလို့..."

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက အံ့ဩစွာ ပြောလိုက်သည်။

ရှန်ကွမ်ယန်က ရယ်မောလိုက်သည်။

"ဘာလို့လဲဆိုတော့ သခင်ကြီးရွှယ်ရ့ အမျိုးသမီးက သာမန်ရုပ်ရည် လောက်ပဲရှိတဲ့ မိန်းမတစ်ယောက်လို့ ငါတို့ ကြားထားလို့ပဲ"

"ဟုတ်တယ်၊ သူ့ကိုယ်လုံးကိုယ်ပေါက်က ကောင်းတယ်လို့တော့ ပြောကြတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့မျက်နှာက အရမ်းရိုးရှင်းပြီး သာမန်ပဲ၊ ငါတို့နဲ့ ဘယ်လိုမှ နှိုင်းလို့မရဘူး"

ထိာအချိန်မှာ ရှန်ကွမ်ယန်က ထပ်ဖြည့်ပြောလိုက်သည်။

"ဒီနေရာက ညီအစ်မတွေအားလုံးက သူတို့မိသားစုရဲ့ ညွှန်ကြားချက်အတိုင်း လှုပ်ရှားနေကြတာလို့ ငါထင်တယ်၊ အခုချိန်ကစပြီး ဒါတွေအားလုံးက ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်သွားပြီ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ သခင်ကြီးရွှယ်ကို ရအောင်ယူဖို့ ဆုံးဖြတ်ထားတယ်၊ ဘာလို့လဲဆိုတော့ ငါ့ကို တွန်းလှန်နိုင်မယ့် ယောက်ျားက ဒီကမ္ဘာပေါ်မှာ သူကလွဲပြီး မရှိဘူးလို့ ငါယုံကြည်လို့ပဲ"

ရှန်ကွမ်ယန်၏ စကားများသည် အလွန်အမင်း ယုံကြည်မှုများနှင့် ပြည့်နှက်နေပြီး ပြတ်သားပြီး ပြောလိုက်တယ်။

အမှန်တွင် သူမ၏ မိသားစုထဲမှာ သူမသည် မိဘများ၏ မျက်နှာသာပေးမှုကို အားကိုးပြီး ရှန်ကွမ်ယန်က အမြဲတမ်း အဆုံးအဖြတ်ပေးလေ့ရှိသည်။

ယခုတစ်ခါ ဝမ်တန်မြို့ရှိ စိတ်လှုပ်ရှားစရာတွေ ကြည့်ဖို့ လာရင်း သူမသည် ရွှယ်အန်း ကောင်းကင်အဆင့်ကို ရရှိသွားသည်ကို မထင်မှတ်ဘဲ မျက်မြင်တွေ့ခဲ့သည်။

သူမသည် ရွှယ်အန်း၏ အမူအရာကြောင့် အလွန်အမင်း စွဲလမ်းသွားပြီး သူသည် သူမအတွက် တစ်ဦးတည်းသောသူဖြစ်ရမည်ဟာ ဆုံးဖြတ်ခဲသည်။ သူမ၏ မိဘများကလည်း သူမ ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် သူမသည် ဤသို့ ရဲရင့်စွာ ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

ရှန်ကွမ်ယန်၏ စကားများသည် မိန်းကလေးတော်တော်များများကို မသက်မသာ ဖြစ်သွားစေပြီး တော်တော်များများသည် ရှန်ကွမ်ယန်နှင့် ယှဉ်ပြိုင်ရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန်မှာပဲ ဝင်ပေါက်မှာ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လုပိုင်ယွဲ့သည် သူ့အဖေ လုလဲ့နှင့် ၎င်းတို့၏ အခြွေအရံများနှင့်အတူ ခန်းမထဲကို လျှောက်ဝင်လာခဲ့သည်။

ကောင်းကင်ပြခန်းက လုမိသားစု၏ ချမ်းသာမှုနှင့် ဩဇာအာဏာသည် အလွန်ကြီးမားသောကြောင့် သူတို့၏ ရောက်ရှိလာမှုသညမ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်နိုင်သည်။

"လုမိသားစု အကြီးအကဲကို နှုတ်ဆက်ပါတယ်"

"သခင်မလေးပိုင်ယွဲ့ နေကောင်းပါရဲ့လား"

ထိုနှုတ်ဆက်သံများသည် ခန်းမတစ်ခုလုံးအား တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်သွားသညိ။

လုလဲ့သည် ခေါင်းညိတ်ပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။ သူ၏ အပြုံးသည် တောက်ပပြီး ဝင်းလက်နေသည်။

ထိုအချိန်မှာ ဆေးညာအသင်းမှ အကြီးအကဲတစ်ယောက်သည် အနားကပ်လာသည်။

"လုမိသားစု အကြီးအကဲ ကိုယ်တိုင် ကြွရောက်လာတာက ကျွန်တော်တို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ၊ ကျေးဇူးပြုပြီး အထူးတန်းမှာ ထိုင်ပါ"

ထို့နောက် သူကိုယ်တိုင် လမ်းပြပြီး လုမိသားစုဝင်များကို စင်ပေါ်ကို ပို့ဆောင်ပေးခဲ့သည်။

ရှန်ကွမ်ယန်နှင့် တခြားမိန်းကလေးများသည် ထိုမြင်ကွင်းကို သတိထားမိကြသည်။

အထူးသဖြင့် တည်ငြိမ်ရင့်ကျက်သော လုပိုင်ယွဲ့ကို မြင်လိုက်ရချိန်မှာ မိန်းကလေးတော်တော်များများသည် အားကျစိတ်များဖြစ်သွားကြသည်။

"ပြောရမယ်ဆိုရင် လုပိုင်ယွဲ့က ငါတို့နဲ့ အသက်ရွယ်တူလောက်ပဲ ရှိသေးတာ ဒါပေမဲ့ သူ အခုတောင် နက်နဲအဆင့် ဆေးဆရာ ဖြစ်နေပြီ၊ ဒီလို ခမ်းနားကြီးကျယ်တဲ့ ပွဲကြီးမှာတောင် မြင့်မားတဲ့နေရာမှာ ထိုင်ဖို့ ဖိတ်ကြားခံရတယ်"

ရှန်ကွမ်ယန်က ထိုအရာအားလုံးကို တိတ်တဆိတ် ကြည့်နေသည်။ သူမ၏ လှပသော မျက်လုံးတွေက တောက်ပနေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

တစ်ချိန်တည်းမှာပင် မြင့်စင်ပေါ်ရှိ လင်ရုန်ရှုသည် လုလဲ့ကို ပြုံးတစ်ဝက် မပြုံးတစ်ဝက် အပြုံးနှင့် ကြည့်လိုက်ပြီး သူ့အကြည့်ကို ဘေးနားရှိ လုပိုင်ယွဲ့ဆီ လှည့်လိုက်သည်။

"သခင်မလေး ပိုင်ယွဲ့... ကျွန်တော်တို့ မတွေ့ဖြစ်တာ သုံးနှစ်တောင် ရှိသွားပြီနော်၊ ဟုတ်တယ်မလား"

ယုရှုနန်းတော်သည် လုမိသားစုနှင့် စီးပွားရေးအရ ဆက်ဆံမှုများစွာရှိသောကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တော်တော်လေး ရင်းနှီးကြသည်။

သို့သော် လုပိုင်ယွဲ့သညါ ဤလင်းရုန်ရှုကို သဘောမကျချေ။

သူ့အကြည့်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဝှက်ထားသော လောဘကို သူမ ခံစားမိနေသည်။

သူမသည် ခေါင်းလေးကိုအသာ ညိတ်ပြပြီး စကားမပြောခဲ့ချေ။

လင်ရုန်ရှု၏ မျက်လုံးထဲတွင် အေးစက်မှုတစ်ချက် ဖြတ်ပြေးသွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

သူသည် လုပိုင်ယွဲ့ကို တွေ့ခဲ့သည်မှာ တစ်ကြိမ်မကတော့သော်လည်း အကြိမ်တိုင်းလိုလို အခြေအနေအတူတူသာ ဖြစ်သည်။ သူ ဘာပဲပြောပြော လုပိုင်ယွဲ့က အေးစက်စက် နေခဲ့သည်။

ထိုသည်မှာ လင့်ရုန်ရှုကို တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

အထူးသဖြင့် ဤတစ်ကြိမ်ဖြစ်သည်ာ

လင်းရုန်ရှု စိတ်ထဲမှာ တွေးလိုက်သည်။ မင်းတို့ လုမိသားစုက ဘယ်လိုတောင် မာနကြီးနေတာလဲ၊ အလယ်ပိုင်းဒေသမှာ မင်းတို့ လုမိသားစု ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်ဂိုဏ်းကြီးက မသိဘဲနေလို့လဲ၊

သားအကြီးဆုံးက အသတ်ခံရတယ်၊ ဘိုးဘွားပိုင်မြေတွေလည်း ပျက်စီးသွားတယ်... ဒါပေမဲ့ ဒီနေ့အထိ မင်းတို့ လူသတ်သမားကို ရှာမတွေ့နိုင်သေးဘူးမလား

မင်းတို့ လုမိသားစုက ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် မင်းတို့ရဲ့ ဩဇာအာဏာက ကျိန်းသေ ကျဆင်းသွားမှာပဲ...

အဲဒီအခါကျရင်... ဟားဟား

လင်ရုန်ရှုသည် သူ့စိတ်ထဲမှာ ကြိတ်တွေးနေလိုက်သည်။

အချိန်သည် တော်တော်လေး နောက်ကျနေပြီဖြစ်သည်။

သို့သော် လူတိုင်း စောင့်မျှော်နေသော ဇာတ်လိုက်ကျော်ဖြစ်သူ အသစ်ခန့်အပ်ခံရသော ဆေးဘုရင်သည် ပေါ်မလာသေးချေ။

ထို့ကြောင့် ခန်းမတစ်ခုလုံးလည်း ဆူညံလာသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ သူ အခုထိ ရောက်မလာသေးတာလဲ"

"ဟုတ်တယ်၊ ငါတို့ စောင့်နေတာ ဒီလောက်ကြာနေပြီ၊ ဘာလို့ ဒီဆေးဘုရင်က ပေါ်မလာသေးတာလဲ၊ ဒီလိုပုံစံက နည်းနည်း လွန်လွန်းမနေဘူးလား"

ဆူညံသံများသည် ပိုလို့တောင် ကျယ်လောင်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာမည့် လက္ခဏာများတောင် ပြလာသညခ။

ဆေးပညာအသင်း၏ အကြီးအကဲအားလုံးလည်း အံ့ဩနေပြီး မသေချာသော အမူအရာများ ပြသနေသည်။

အခြေအနေက ဘာလို့ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ ဖြစ်မလို ဖြစ်သွားရတာလဲ၊

တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာများလား...

လင်ရုန်ရှုသည် သူ့ကုလားထိုင်မှာ ထိုင်နေရင်း သူ့နှုတ်ခမ်းမှာ မပွင့်တပွင့်ဖြင့် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်နေသည်။

သို့သော် ထိုအချိန်မှာပဲ...

ခန်းမအပြင်ဘက်ကနေ ရုတ်တရက် အံ့ဩတကြီး အော်ဟစ်လိုက်သံများ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ရွှယ်အန်းလည်း ခပ်သွက်သွက် လျှောက်ဝင်လာသည်။

သူ၏ ရောက်ရှိလာမှုကြောင့် ခန်းမထောင့်တစ်နေရာရှိ မိန်းကလေးအများစုကို ပျော်ရွှင်သွားစေသည်။

အထူးသဖြင့် ရှန်ကွမ်ယန်သည် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး သူ့ဆီကို သွားဖို့ အသင့်ပြင်လိုက်သည်။

သို့သော် ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက်မှာ သူမ ရပ်တန့်သွားသည်။

အဘယ့်ကြောင့်ဆို ရွှယ်အန်း၏ နောက်မှာ ရှေးခေတ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ပေါ်လာလို့ဖြစ်သည်။

ထိုအမျိုးသမီး၏ အလှတရားသည် စကားလုံးနှင့်တောင် ဖော်ပြလို့ မရလောက်အောင်ဖြစ်သည်။

ရှန်ကွမ်ယန်နှင့် တခြားအမျိုးသမီးများတောင်မှ နေရာမှာတင် ကြက်သေသေသွားကြသည်။

မိန်းကလေးတွေတောင် ယခုလောက်ထိ ဖြစ်သွားပါက ယောက်ျားများဆို ပိုဆိုးသေးသညမ။

ခန်းမတစ်ခုလုံးက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူတိုင်းက အန်းယန်ကို ကြောင်ငေးပြီး စိုက်ကြည့်နေကြသည်။

ယခုလိုများလှသေည အကြည့်အောက်မှာ အန်းယန်၏ ပါးပြင်များသည် သိသိသာသာကို နီရဲလာပြီး သူမသည် ရှက်ရွံ့စွာနှင့် ရွှယ်အန်း နောက်မှာ ပုန်းလိုက်ပြီး မျက်နှာကိုတောင် ပြန်မပြရဲတော့ချေ။

ထိုသည်မှာ လူတော်တော်များများကို အားကျစိတ်ကြောင့် သက်ပြင်းချမိစေသည်။

ထို့နောက် ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဖေဖေ... သမီးတို့ ဘယ်တော့ အစားအသောက်တွေ အများကြီး စားရမှာလဲ"

လူအုပ်ကြီးသည် အသံလာရာကို လှည့်ကြည့်လိုက်သောအခါ သူတို့နောက်မှာ ကပ်ပါလာသော ချစ်စရာကောင်းလွန်းသည့် ကလေးမလေးနှစ်ယောက်ကို မြင်လိုက်ရသည်။

ထိုသည်ကိုမြင်လိုက်ရချိန် ကြည့်ရှုနေသူ တော်တော်များများကို တုန်လှုပ်သွားစေသည်။

အထူးသဖြင့် ထိုအခွင့်အရေးကို အသုံးချပြီး ဆေးဘုရင်အသစ်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ မျှော်လင့်ကာ စောစောကတည်းက ရောက်ရှိနေကြသော ချမ်းသာသည့် သခင်မလေးများဖြစ်သည်။

သို့သော် အန်းယန်၏ ပေါ်ထွက်လာမှုသည် လူများ၏ စိတ်ကူးယဉ်မှုများကို ရက်ရက်စက်စက် ရိုက်ချိုးလိုက်သည်။

အန်းယန်၏ အလှတရားအောက်တွင် မိန်းကလေးများသည် ချဉ်းကပ်ပြီး စကားပြောရန် သတ္တိတောင် မရှိကြတော့ပေ။

ထိုအချိန်မှာ ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက မယုံနိုင်သော အသံနှင့် မေးလိုက်သည်။

"ဒါ နင်တို့ပြောတဲ့ သာမန်မိန်းကလေး ဆိုတာလား"

ထိုမေးခွန်းသည် မိန်းကလေးတော်တော်များများကို ခါးသီးမှုများနှင့် ပြည့်နှက်သွားစေသည်။

အထူးသဖြင့် ရှန်ကွမ်ယန်သည် ရွှယ်အန်းကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေသည်။

သူမ၏ နှလုံးသားသည် တဖြည်းဖြည်း နစ်မြုပ်သွားသည်။

အဘယ့်ကြောင့်ဆို သူမမှာ ဘာအခွင့်အရေးမှ မရှိတော့ဘူးဆိုတာ သိလိုက်လို့ဖြစ်သည်။

လုပိုင်ယွဲ့လည်း မတည်မငြိမ် ဖြစ်နေပြီး အန်းယန်၏ အလှတရားကြောင့် ထပ်တူ အံ့ဩနေမိသည်။

သူမ၏ နှလုံးသားထဲမှာ မသက်မသာဖြစ်မှုတစ်ခုက တိုးပွားလာသည်ကို ခံစားရသည်။

ထိုအချိန်မှာပဲ သူမအနားက လင်ရုန်ရှု၏ တပ်မက်သော အသံကို ကြားလိုက်ရသည်။

"တကယ့်ကို အလှတရားပဲ”

All Chapters