ငါ သူ့ကို ပေးထားတဲ့အရာကို မင်းက လုရဲတယ်ပေါ့ ဟုတ်လား
Vol. 53 Ch. 786
ဆေးပညာအသင်း၏ အကြီးအကဲအားလုံးသည် သူတို့ကို နှုတ်ဆက်ရန် မတ်တပ်ရပ်လိုက်ကြသည်။
"အရှင့်ကို ကြိုဆိုပါတယ်"
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် အန်းယန်နှင့် တခြားသူများကို မြင့်စင်ပေါ်ကို ခေါ်ဆောင်သွားသည်။
ထိုအချိန်တွင် ဆေးဘုရင်၏ အခမ်းအနားသည် တရားဝင် စတင်ပြီဖြစ်သည်။
မရေမတွက်နိုင်သော လူများသည် ရွှယ်အန်းကိုရော သူ့ဘေးနားက အန်းယန်ကိုပါ ခိုးကြောင်ခိုးဝှက် ကြည့်နေကြပြီး သူတို့အချင်းချင်း တီးတိုးစကား စပြောကြသည်။
"ဒါ ဆေးဘုရင်အသစ်လား၊ သူက အရမ်းငယ်တဲ့ပုံပဲ"
"မင်းပြောတာမှန်တယ်၊ ဆေးဆရာတွေဆိုတာ များသောအားဖြင့် ဆံပင်ဖြူဖြူနဲ့ အဖိုးကြီးတွေ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ ဒီလောက်ငယ်ရွယ်တဲ့တစ်ယောက် ရုတ်တရက် ပေါ်လာရတာလဲ၊ သူ တကယ်ရော ဟုတ်မှဟုတ်ရဲ့လား"
"ကျွတ်... ဒီမိန်းမက အရမ်းလှတာပဲ၊ သူက ငါ ကျီလဲ့ခန်းမမှာ တွေ့ဖူးသမျှ အမျိုးသမီးတပည့်တွေအားလုံးထက် အဆတစ်ထောင်မက ပိုလှတယ်"
"မဟုတ်တာတွေ မပြောစမ်းပါနဲ့၊ မင်းက ကျီလဲ့ခန်းမက တပည့်တစ်ယောက်ကိုရော တကယ် တွေ့ဖူးလို့လား"
"ဘယ်သူက ငါမတွေ့ဖူးဘူး ပြောလဲ၊ ငါတွေ့ဖူးရုံတင်မကဘူး၊ သူတို့က ငါ့ကို စကားတောင် နည်းနည်း ပြောဖူးသေးတယ်"
"ယိုး... မင်းပြောနေပုံက အဟုတ်အတိုင်းပဲ၊ မင်း ဒီလိုပုံစံနဲ့သာ ကျီလဲ့ခန်းမက တပည့်တစ်ယောက်ကို တကယ်တွေ့ရင် နေရာမှာတင် သေးတွေတောင် ထွက်ကျသွားလောက်တယ်"
၎င်းတို့သည် အဓိပ္ပာယ်မရှိတာမျိုးစုံ ပြောနေကြသည်။
သို့သော် မြင့်မြတ်သည့် မိသားစုများနှင့် ဂိုဏ်းများရှိ လူများသည်တော့ ရွှယ်အန်းကို တိတ်တဆိတ် အကဲခတ်နေကြသည်။
သူတို့ရဲ့ လာရောက်လည်ပတ်မှုသည် ရွှယ်အန်းနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် သီးသန့်လာခဲ့ခြင်းဖြစ်သော်လည်း သူ့မျက်နှာကိုတောင် မမြင်ဖူးခဲ့ကြပဲ ယခုမှသာ အခွင့်အရေး ပေါ်လာသဖြင့် နည်းလမ်းတစ်ခု စဉ်းစားရမည်ဖြစ်သည်။
ထိုအချိန်မှာ လုလဲ့သည် သူ့သမီးကို တိတ်တဆိတ် မေးလိုက်သည်။
"ဒါ မင်းပြောတဲ့ ဆေးဘုရင်လား"
လုပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
လုလဲ့က ခဏလောက် စဉ်းစားလိုက်သည်။
အဘယ့်ကြောင့်ဆို သူသည် ထိုလူ၏ အငွေ့အသက်ကို အလွန်ရင်းနှီးနေသလို ခံစားရသော်လည်း ဘယ်နေရာမှာ တွေ့ခဲ့ဖူးလဲဆိုတာကို ပြန်မမှတ်မိချေ။
ထြိအချိန်မှာ နဂါးလှည့်တောင်တန်းက တပည့်ဖြစ်သူ ဝူဟောင်ယန်က ပထမဆုံး မတ်တပ်ရပ်လိုက်ပြီး စင်ဆီကို လျှောက်သွားည ရွှယ်အန်းကို ခါးကိုင်းပြီး အရိုအသေပေးလိုက်သည်ကို တွေ့လိုက်ရသည်။
"အရှင်ရွှယ်... နဂါးတောင်တန်းက အရှင် ကောင်းကင်အဆင့်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီမှာ ဂုဏ်ပြုလက်ဆောင်တချို့ပါ၊ ကျွန်တော်တို့ရဲ့ အနိမ့်ကျဆုံးသော လေးစားမှုနဲ့အတူ လက်ခံပေးပါ"
သူပြောနေရင်းနှင့် လက်ဆောင်ပစ္စည်းစာရင်းတစ်ခုကို ကမ်းပေးလိုက်သည်။
ရွှယ်အန်းူသည် ထိုလူ ဘာတွေးနေလဲဆိုတာ သိသောကြောင့် စာရင်းကို တစ်ချက်တောင် မကြည့်ဘဲ အေးစက်စက် မေးလိုက်သည်။
"ပြော... မင်း ငါ့ဆီကနေ ဘာတောင်းဆိုချင်တာလဲ"
ဝူဟောင်ယန်၏ မျက်နှာသည် ဝမ်းသာမှုတို့ကြောင့် လင်းလက်သွားသေည်လည်း သူ့ကိုယ်သူ ပြန်ထိန်းချုပ်ပြီး ပြောလိုက်သည်။
"သခင်ကြီး၊ ကျွန်တော့်ဆရာက ရွှေအင်မော်တယ်တစ်ပိုင်း အဆင့်မှာ နှစ်ပေါင်းရာချီပြီး တိုးတက်မှု ရပ်တန့်နေတာ၊ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး၊ ဒါပေမဲ့... အရှင် ကောင်းကင်အဆင့်ကို ရောက်ရှိချိန်က အထွတ်အထိပ် ကပ်ဘေးဆေးလုံးကိုသာ သူရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော့်ဆရာမှာ မျှော်လင့်ချက် အစအနလေးတစ်ခု ရှိလာနိုင်ပါတယ်"
"ဒါဆို မင်းဆရာကိုယ်တိုင် ဘာလို့မလာတာလဲ"
ရှောင်တန်ချန်က ဘေးကနေ ရုတ်တရက် မေးလိုက်သည်။
ဝူဟောင်ယန်က ခါးသီးသေည အပြုံးတစ်ခု ပြုံးလိုက်သည်။
"ကျွန်တော့်ဆရာက အနှစ်သုံးဆယ်ကြာ ဂူပိတ်ကျင့်ကြံနေတာပါ၊ သူက အဲဒီအဆင့်ကို မကျော်ဖြတ်နိုင်ဘူးဆိုရင် သေတဲ့အထိ ဂူပိတ်ပြီး ဆက်နေတော့မယ်လို့ ပြောခဲ့ပါတယ်"
ထို့နောက် သူသည် မြေပြင်ပေါ်ကို ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။
"သခင်ကြီး... ကျေးဇူးပြုပြီး၊ ကျွန်တော့်ကို ကူညီပါလို့ တောင်းဆိုပါတယ်၊ တန်ဖိုးတစ်ခု ပေးရမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ ဆရာ့အသက်ကို ကယ်တင်ပေးဖို့ပဲ တောင်းဆိုပါတယ်၊ နဂါးတောင်တန်းက ဒီအတွက် ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးချေဖို့ ဆန္ဒရှိပါတယ်"
ဝူဟောင်ယန်က ဦးဆက်တိုက် ချနေခဲ့သည်။
"ဖေဖေ အဲ့ဦးလေးက အရမ်းသနားစရာကောင်းတာပဲ၊ သူ့ကို ကူညီလိုက်ပါလား"
ရှန်းရှန်းက ထိုအချိန်မှာ ရုတ်တရက် ပြောလိုက်သည်။
ရွှယ်အန်းက ပြုံးလိုက်ပြီး ပြောသည်။
"ကောင်းပြီလေ၊ ရှန်းရှန်းတောင် ပြောမှတော့ ဖေဖေ ကူညီပေးလိုက်မယ်"
ထို့နောက် သူသည် အေးစက်စွာ ပြောလိုက်သည်။
"ထတော့"
ထိုစကားကို ကြားသောအခါ ဝူဟောင်ယန်သည် သူ့ခေါင်းကို မော့လိုက်ပြီး ရွှယ်အန်းကို မျှော်လင့်ချက် အပြည့်နှင့် ကြည့်လိုက်သည်။
ရွှယ်အန်းက စားပွဲပေါ်မှ အထွတ်အထိပ် ကပ်ဘေးဆေးလုံးကို ဖြစ်သလို ကောက်ယူလိုက်ပြီး လွှင့်ပစ်ပေးလိုက်သည်။
ဝူဟောင်ယန်က လန့်သွားပြီး ဆေးလုံးကို ဖမ်းယူလိုက်သည်။
ထို့နောက် ရွှယ်အန်း ပြောသည်ကို ကြားလိုက်ရသည်။
"မင်းမှာ သိတတ်တဲ့ နှလုံးသား ရှိသားပဲ၊ ဒီဆေးလုံးကို မင်းကို ပေးလိုက်ပြီ"
ထိုစကားကြောင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
မြင့်မြတ် မိသားစုများနှင့် ဂိုဏ်းများရှိ မရေမတွက်နိုင်သော လူများ၏ မျက်လုံးများသည် နီရဲသွားသည်။
"ဒါက မြင့်မြတ်တံ့ ဆေးလုံးလေ"
"ဒါကို ဒီလို ဖြစ်သလိုကြီး ပေးလိုက်တာလား"
ထိုအချိန်မှာ ရှောင်တန်ချန်သည် မထိန်းနိုင်တော့ဘဲ ခေါ်လိုက်မိသည်။
"အရှင်"
ရွှယ်အန်းက သူ့ကို စကားမပြောရန် အချက်ပြပြီး လက်ဝှေ့ယမ်းလိုက်သည်။
တစ်ချိန်တည်းမှာပက် ဝူဟောင်ယန်က သူ့၏ ထိတ်လန့်မှုကနေ သတိပြန်ဝင်လာပြီး သူ့လက်ထဲက အထွတ်အထိပ် ကပ်ဘေးဆေးလုံးကို ကြည့်ကာ မျက်ရည်များသည်လည်း သူ့မျက်နှာပေါ် စီးကျလာသည်။ ထို့နောက် သူသည် ရွှယ်အန်းကို အကြိမ်ပေါင်းများစွာ ဦးချပြီး ငိုရှိုက်သံဖြင့် ပြောလိုက်သည်။
"အရှင်... အရှင့်ရဲ့ ကျေးဇူးတရားနဲ့ စေတနာကို နဂါးတောင်တန်းက လူတိုင်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ဆရာ ဂူကနေ ထွက်လာတာနဲ့ ကျွန်တော်တို့ ကျေးဇူးတင်စကား ပြောကြားဖို့ အရှင့်ဆီကို ကိုယ်တိုင် လာရောက်တွေ့ဆုံမှာပါ"
ရွှယ်အန်းက ဘာမှ ထွေထွေထူးထူး မဟုတ်သလို ပြုံးလိုက်သည်။
တခြားသူများအတွက် မြင့်မြတ်ဆေးလုံူသည် တန်ဖိုးမဖြတ်နိုင်သော်လည်း သူ့အတွက်တော့ ဘာမှ ထူးထူးခြားခြား မဟုတ်သလိုဖြစ်နေသည်။
ကွေ့ယီကြယ်သည် ကျယ်လှသော်လည်း ဤနေရာရှိ ဆေးလုံးဖော်စပ်သော အဆင့်သည် တော်တော်လေး သာမန်ဖြစ်ကာ ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များကလည်း ဘာမှ အထင်ကြီးစရာ မဟုတ်ပေ။
ထို့ကြောင့် စကြဝဠာပေါင်းစုံရှိ စံနှုန်းတများဖြင့် ခွဲခြားသတ်မှတ်မည်ဆိုပါက မြင့်မြတ်သော ဆေးလုံးသည် အရည်အချင်း ပြည့်မီမှာ မဟုတ်ချေ။
ရွှယ်အန်းသာ ဆန္ဒရှိပါက သူသည် ထိုသို့ဆေးလုံးမျိုးကို စိတ်ကြိုက် အလွယ်တကူ အများကြီး ထုတ်လုပ်နိုင်သည်။
ထို့ကြောင့် ရွှယ်အန်းက လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"တော်ပြီ၊ မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့"
ဝူဟောင်ယန်က လေးစားစွာ တုံ့ပြန်ပြီး ထွက်သွားဖို့ ထလိုက်သည်။
သို့သော် ထိုအချိန်မှာပင် စင်ပေါ်မှာ သောက်စားနေခဲ့သော လင်ရုန်ရှုသည်ရ ရုတ်တရက် အေးစက်စက် ပြောလိုက်သည်။
"ခဏ"
ထိုစကားကြောင့် ဝူဟောင်ယန်က ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။
သူ့ကို ခေါ်လိုက်သူမှာ လင်းရုန်ရှုမှန်း သိလိုက်ရချိန် သူ၏ မျက်နှာအမူအရာသည် ချက်ချင်း ဆိုးရွားသွားသည်။
သို့သော် သူသည် လေးစားသမှုနှင့် ခါးကိုင်း အရိုအသေပေးကာ မေးလိုက်သည်။
"အရှင်လင်းမှာ ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ"
"ဝူဟောင်ယန်... မင်းက ဆေးလုံးတစ်လုံး ရပြီးတာနဲ့ ဒီအတိုင်း ထွက်သွားတော့မလို့လား"
"ဒါဆို အရှငိလင်းက ဘယ်လို အကြံပြုချင်လို့လဲ"
ဝူဟောင်ယန်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဟက်... နဂါးတောင်တန်းနဲ့ ငါတို့ ယုရှုနန်းတော်ကြားက အကြွေးကို မင်း မေ့သွားပြီလား"
ထိုစကားကို ကြားသောအခါ ဝူဟောင်ယန်၏ မျက်နှာသည် ပိုလို့တောင် မနှစ်မြို့စရာ ဖြစ်သွားသော်လည်း သူသည် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားရင်း ပြောလိုက်သည်။
"ဘယ်မေ့ပါ့မလဲ၊ ဒါပေမဲ့ ဒီနှစ်အတွက် ပုံဆောင်ကျောက်တုံးတွေကို အခုထိ အပြည့်အဝ မတူးဖော်ရသေးဘူး၊ ဒါပေမဲ သုံးလမကြာခင် ကျွန်တော်တို့က ကြွေးကျန်တွေအားလုံးကို အပြီးဆပ်သွားမှာပါ"
ဝူဟောင်ယန်သည် ခေါင်းငုံ့ထားလိုက်ကာ သူ့မျက်လုံးထဲမှာ ရှက်ရွံသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အဘယ့်ကြောင့်ဆို လင်းရုန်ရှုပြောသော အကြွေးဆိုသည်မှာ အနိုင်ကျင့်ဖို့အတွက် အကြောင်းပြချက်တစ်ခုထက် မပိုသောကြောင့်ဖြစ်သည်။
နဂါးတောင်တန်းသည် ယုရှုနန်းတော်နှင့် မဝေးသော်လည်း အင်အားချင်းက တော်တော်လေး ကွာဟသည်။
ထို့ကြောင့် ယုရှုနန်းတော်က သူ၏အာဏာကို သုံးပြီး သူတို့ကို ဖိနှိပ်သည်။ နဂါးတောင်တန်းက လူများကို အကာအကွယ်ပေးသည်ဟု အမည်ခံကာ သူတို့၏ နှစ်စဉ်ဝင်ငွေ တစ်ဝက်ကျော်ကို ပေးမှသာ အကာအကွယ်ပေးမည်ဟု ပြောသည်။
နဂါးတောင်တန်းက လူများသည် သဘောမတူကြသောကြောင့် ယုရှုနန်းတော်က ဂိုဏ်းချုပ် သုံးယောက်ဆက်တိုက်ကို သတ်ဖြတ်ပစ်ခဲ့သည်။
အဆုံးတွင် သူတို့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘဲ နဂါးတောင်တန်းက လူများသည် မကျေမနပ်နဲ့ လက်ခံခဲ့ရသည်။
ထို့ကြောင့် လက်ရှိ နဂါးတောင်တန်း၏ ဂိုဏ်းချုပ်သည် ရွှေအင်မော်တယ် အဆင့်ကို ရောက်အောင် တံခါးပိတ်ကျင့်နေရသော အကြောင်းရင်းဖြစ်သည်။
နဂါးတောင်တန်းက လူများသည် အလွန် အရှက်ရဖွယ် နေထိုင်ခဲ့ရသည်။
ရွှေအင်မော်တယ် ဖြစ်လာမှသာ ကွေ့ယီကြယ်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှာ ဖြစ်သည်။
ထို့အပြင် ဝူဟောင်ယန် ကောင်းကောင်း သိသည်။ လင်းရုန်ရှုသည် အကြွေးဟုခေါ်သည်မှာ အကြောင်းပြချက်တစ်ခုထက် မပိုပေ။
သူတို့၏ အစစ်အမှန်ကြောင်းရင်းသည် နဂါးတောင်တန်း တိုးတက်လာသည်ကို မမြင်ချင်သောကြောင့် ဖြစ်ရန်များသည်။
သူ ထင်ထားသလိုဖြစ်လာသည်။
လင်းရုန်ရှုသည် ခပ်ရေးရေး ပြုံးပြီး ပြောလိုက်သည်။
"ဝူဟောင်ယန်... မင်း နားလည်မှု လွဲသွားပြီ၊ ငါက မင်းကို အဲဒီ ကြွေးကျန်တွေကို ပုံဆောင်ကျောက်တုံးတွေနဲ့ ပြန်ဆပ်စေချင်တာ မဟုတ်ဘူး"
" ငါက မင်းလက်ထဲက အဲဒီဆေးလုံးကို လိုချင်တာ"
ထိုစကားကို ကြားသောအခါ ဝူဟောင်ယန်က တုန်လှုပ်သွားပြီး သူ့စိတ်ထဲတွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများကို မထိန်းချုပ်နိုင်တော့ပေ။
"လင်းရုန်ရှု... မင်းတို့ ယုရှုနန်းတော်က လူတွေက အရမ်း အနိုင်ကျင့်လွန်းတယ်လို့ မထင်ဘူးလား"
လင်းရုန်ရှုသည် အားရပါးရ ရယ်မောလိုက်သည်။
"ဝူဟောင်ယန် မင်းတို့ နဂါးတောင်တန်းက ဒီလောက် အင်အားနည်းနည်းနဲ့ ဗဟိုဒေသမှာ ဒီလောက်နှစ်တွေကြာအောင် ရှင်သန်နိုင်ခဲ့တာ ယုရှုနန်းတော်ရဲ့ အကာအကွယ်ကြောင့် မဟုတ်ဘူးလား၊ အခု ဆေးလုံးကို ပေး... မဟုတ်ရင်တော့ မင်း သေခြင်းတရားကို ရင်ဆိုင်ရလိမ့်မယ်"
သို့သော် သူ စကားမဆုံးခင်မှာ ဝိုင်ခွက်တစ်ခွက်သည် ရုတ်တရက် သူ့ဆီကို တန်းတန်းမတ်မတ် ပျံသန်းလာပြီး သူ မည်သို့မှတောင် တုံ့ပြန်ချိန်မရလိုက်ခင် သူ့သွားအားလုံးကို ရိုက်ချိုးသွားသည်။
ထို့နောက် သူတို့သည် ရွှယ်အန၏ အေးစက်စက်အသံကို ကြားလိုက်ရသည်။
"ဆေးလုံးက ငါ သူ့ကို ဆုချထားတာ၊ မင်းက ဘာမို့လို့ ငါ့ရှေ့မှာတင် ဒါကို လုရဲရတာလဲ”