ဘာကောင်မို့လို့လဲ၊ ရိုက်သတ်လိုက်ရုံပေါ့...
Vol. 53 Ch. 787
လင်းရုန်ရှုမှာ ထိုတစ်ချက်တည်းနှင့် လုံးဝ ကြက်သေသေသွားခဲ့သည်။
သူသည် ကောင်းကင်ဂိုဏ်းဖြစ်သော ယုရှုနန်းတော်၏ အစစ်အကန် ဆက်ခံသူဖြစ်သလို အမှန်တရားကို မေးမြန်းခြင်း စာရင်း၏ အပြင်ဘက်တွင် ထ်တ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ မည်သည့်နေရာကိုသွားပါစေ လူသောင်းပေါင်းများစွာ၏ ကြည်ညိုလေးစားမှုကို ခံရသော သူတစ်ယောက် ဖြစ်သည်။
သို့သော် ဤမျှမြင့်မြတ်သော ဂုဏ်ပုဒ်ရှိလျက်နှင့်ပင် ဤသေးငယ်သော ဝိုင်ခွက် တစ်ခွက်ကြောင့် ပါးစပ်တစ်ခုလုံးရှိ သွားများကျိုးပဲ့ကာ သွေးများ မရပ်မနား စီးကျလာသည်အထိ အရိုက်ခံလိုက်ရသည်။
သူ့လို မာနကြီးပြီး ထောင်လွှားသော သခင်လေးလင်းအတွက် ဤသည်က မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ထို့အပြင် လင်းရုန်ရှုသည် သူ့နှလုံးသားထဲတွင် တုန်လှုပ်မှု အငွေ့အသက်ကိုလည်း ခံစားလိုက်ရသည်။
သူ့ဆီ ပျံသန်းလာသော ဝိုင်ခွက်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း ခုခံဖို့ပင် မကြိုးစားနိုင်ဘဲ အထိုးခံလိုက်ရသည်။
ဒါက ဘယ်လိုဖြစ်တာလဲ...
ဒီဆေးဘုရင်အသစ်ရဲ့ ကျင့်ကြံမှုအဆင့်က သူ့ထက်တောင် မြင့်နေတာလား...
မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး...
သူ ခုနက အာရုံလွဲသွားလို့ ဖြစ်ရမယ်...
ထိုသို့တွေးကာ လင်းရုန်ရှု၏ ပါးစပ်မှ တောက်ပသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ဒဏ်ရာများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူ့လို အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ယောက်အတွက် ယခုလို ဒဏ်ရာများသည် အသေးအဖွဲ ကိစ္စတွေသာဖြစ်ပြီး အရေးကြီးဆုံးမှာ သူ့မျက်နှာဖြစ်သည်။
ထို့ကြောင့် လင်းရုန်ရှုသည် သက်သာလာသောအခါ ရွှယ်အန်းကို မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး မုန်းတီးစွာ ပြောလိုက်သည်။
"မစ္စတာရွှယ်... ခင်ဗျား ဒါ ဘာသဘောလဲ၊ ဒီ အရေးမပါတဲ့ နဂါးတောင်တန်းအတွက်နဲ့ ယုရှုနန်းတော်ကို ဆန့်ကျင်ဖို့ ရည်ရွယ်နေတာလား"
"ငါ ဘာသဘောလဲ ဟုတ်လား"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါ ခုနက ရှင်းရှင်းလင်းလင်း ပြောပြီးပြီလေ၊ အဲဒီပစ္စည်းက ငါ သူတို့ကို ပေးတဲ့ ဆုလာဘ်ပဲ၊ ဒါကြောင့် ဒါ သူတို့ပိုင်တယ်၊ တခြား ဘယ်သူမှ ယူသွားပိုင်ခွင့် မရှိဘူး၊ နားလည်လား"
"မင်း..."
လင်းရုန်ရှုသည် ဒေါသကြောင့် ရူးမတတ် ဖြစ်သွားသည်။
"ဒီအတိုင်းသာဆို ဆေးပညာရှင်များအသင်းနဲ့ ယုရှုနန်းတော်ကြားမှာ အငြင်းပွားမှု ဖြစ်လာမှာကို မင်း မကြောက်ဘူးလား"
သူသည် ယုရှုနန်းတော်၏ ပါဝါကိုသုံးပြီး ရွှယ်အန်းကို တိုက်ရိုက် ခြိမ်းခြောက်လိုက်သည်။
ဆေးပညာရှင်များအသင်းမှ အဖွဲ့ဝင်များ မျက်နှာများလည်း မည်းမှောင်သွားကြသည်။
ဆေးပညာရှင်များအသင်းသည် များပြားလှသော ကြွယ်ဝချမ်းသာမှုများကို ပိုင်ဆိုင်ထားသော်လည်း တိုက်ခိုက်ရေး အင်အား အားနည်းသောကြောင့် အင်အားကြီး ဂိုဏ်းများစွာ၏ ကြားထဲတွင် အမြဲတမ်း ရှင်သန်နေခဲ့ရသည်။
ထို့အပြင် ယုရှုနန်းတော်သည် ဝမ်သန့်မြို့'နှင့် အလွန်နီးကပ်သည်။ အကယ်၍ ဤကိစ္စကြောင့် ရန်ငြိုးဖွဲ့မှု ဖြစ်ပွားလာပါက ဒုက္ခရောက်ပေတော့မည်။
ထို့ကြောင့် ဆေးပညာရှင်များအသင်းမှ ပညာရှိပြီး ရင့်ကျက်သော အဆင့်မြင့်အကြီးအကဲတစ်ဦး ရှေ့ထွက်လာပြီး ဖျန်ဖြေပေးသည်။
"သခင်လေးလင်း... ကျေးဇူးပြုပြီး ဒေါသကို ဖြေပါ၊ ဒီကိစ္စကို ကျွန်တော်တို့ ထိုင်ပြီး ဖြည်းဖြည်းချင်း ဆွေးနွေးလို့ ရပါတယ်၊ ကျွန်တော်တို့ရဲ့ ဆေးပညာရှင်များအသင်းက ခင်ဗျားတို့ရဲ့ ဂိုဏ်းနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်း ရှိခဲ့တာပါ၊ ဒီကိစ္စလေးအတွက်နဲ့ သင့်မြတ်မှုကို ဘာလို့ ဖျက်ဆီးရမှာလဲ"
"ဟုတ်ပါတယ် သခင်လေးလင်း၊ ကျွန်တော်တို့ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ ဆေးဘုရင်က ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွနေတုန်းပါ၊ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့"
အခြား ဂုဏ်သရေရှိ အကြီးအကဲတစ်ဦးသည် ရှေ့ထွက်ပြီး ဝင်ပြောသည်။
ဤမြင်ကွင်းကို မြင်သောအခါ ပွဲကြည့်ပရိသတ်များစွာသည် သူတို့၏ အကြည့်များကို ရွှယ်အန်းထံသို့ မလွှဲမရှောင်သာ လှည့်လိုက်ကြသည်။
အသစ်ခန့်အပ်ခံရသော ဆေးဘုရင်မှာ ခေါင်းငုံ့လျက် ဝိုင်အား သောက်သုံးနေဆဲဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် သဘောထားမှ မပေးသည်ကို သူတို့ တွေ့လိုက်ရသည်။
လူအများအပြားသည် သူ အလျှော့ပေးလိုက်ပြီဟု ထင်မှတ်နေကြသည်။
လင်းရုန်ရှုသည်လည်း ဤသည်ကို သဘာဝကျစွာ သတိပြုမိသည်။
ဆေးပညာရှင်များအသင်း၏ ထင်ရှားသော အလျှော့ပေးမှုကြောင့် သူ၏ မာနများမှာ ပိုမို ဖောင်းပွလာခဲ့သည်။
"ဟက်... ငယ်ရွယ်ပြီး စိတ်ဓာတ်တက်ကြွတယ် ဟုတ်လား၊ လူတိုင်း ငယ်ရွယ်ဖူးတာပဲ၊၊ ဒါပေမဲ့ အကြောင်းပြချက်မရှိဘဲ တစ်ယောက်ယောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်တာကတော့ ဒီကိစ္စကို ငါ ကျေနပ်အောင် ဖြေရှင်းရမယ်... မဟုတ်ရင် ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး"
"ဒါဆိုရင် သခင်လေးက ဘယ်လို အကြံပြုချင်လဲ..."
ဆေးပညာရှင် အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။
လင်းရုန်ရှုသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ရွှယ်အန်း ဘေးရှိ အန်းယန်ကို ထိုးပြကာ မောက်မာထောင်လွှားသော လေသံဖြင့် ပြောလိုက်သည်။
"ဒီအမျိုးသမီးကို ငါ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ သုံးခွက် ဆက်သခိုင်းလိုက်၊ ဒါဆိုရင် ဒီကိစ္စကို ငါ ဒီအတိုင်း ထားလိုက်မယ်၊ မဟုတ်ရင် ဒါက လုံးဝပြီးဆုံးမှာ မဟုတ်ဘူး"
လူအုပ်ကြားထဲတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။
ဆေးပညာရှင် အကြီးအကဲများအားလုံးလည်း တွေဝေသော မျက်နှာများ ဖြစ်သွားကြပြီး သူတို့၏ အကြည့်များကို ရွှယ်အန်းထံသို့ လှည့်လိုက်ကြသည်။
သို့သော် ရွှယ်အန်းမှာ စကားတစ်ခွန်းမှ မကြားသလို သူ၏ သေရည်ကိုသာ အေးအေးလူလူ သောက်သုံးနေဆဲ ဖြစ်သည်။
သူ၏ တိတ်ဆိတ်မှုသည် လူအများအပြားကို သူ အလျှော့ပေးနေသည်ဟု မှားယွင်းစွာ ယုံကြည်စေခဲ့ပြီး သူတို့သည် မလေးစားမှုနှင့် မထီမဲ့မြင်ပြုမှု အချို့ကို မခံစားဘဲ မနေနိုင်တော့ပေ။
မည်သည့်နေရာမှာမဆို ကိုယ့်အမျိုးသမီးကို မကာကွယ်နိုင်သော ယောက်ျားများသည် အထင်အမြင်သေး ခံရစမြဲဖြစ်သည်။
ရွှယ်အန်း၏ လက်ရှိ အပြုအမူသည် ဂုဏ်သရေရှိ အမျိုးသမီးငယ်များ၏ စိတ်ပျက်မှုကိုလည်း ရခဲ့သည်။
သူတို့သည် ရွှယ်အန်း၏ ရုပ်ရည်နှင့် အရည်အချင်းကို နှစ်သက်သော်လည်း သူ၏ လက်ရှိ သဘောထားမှာ ချီးကျူးစရာ မကောင်းပေ။
သို့သော် လင်းရုန်ရှု၏ မျက်လုံးများမှာ တောက်ပလာသည်။
သူသည် အန်းယန်ကို လိုချင်တပ်မက်နေသည်မှာ ကြာပြီဖြစ်သည်။
ရွှယ်အန်း၏ တိတ်ဆိတ်နေသောပုံမှာ သူ့အတွက် အခွင့်အရေးတစ်ခုရှိသည်ဟု ထင်ရစေသည်။ အကယ်၍ သူ ပိုနီးကပ်ခွင့် ရနိုင်လျှင် ပိုကောင်းသည်။
ဆေးပညာရှင်များအသင်းမှ အကြီးအကဲများစွာသည် အချင်းချင်း ကြည့်လိုက်ကြပြီး၊ အသက်အကြီးဆုံးနှင့် ဂုဏ်သိက္ခာ အကြီးဆုံး အကြီးအကဲက စကားပြောလာသည်။
"မစ္စတာရွှယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို သဘောရလဲ..."
သူ၏ စကားမဆုံးမီမှာပင် ခေါင်းငုံ့ ကာ သောက်နေသော ရွှယ်အန်းက ရယ်သံ ခပ်ဟဟ ထွက်လာသည်။
"အငြင်းပွားမှု ဟုတ်လား? ပြီးတော့ မင်းက ငါ့ရဲ့ ယန်အာကို မင်းကို ခွက်ဆက်သစေချင်တယ် ဟုတ်လား၊ ရယ်စရာပဲ... မင်းတို့ ဂိုဏ်းကသာ ကျူးကျော်ရဲရင် ငါတစ်ယောက်တည်းက အဲဒါကို လုံးဝ ချေမှုန်းပစ်နိုင်တယ်ဆိုတာ မင်း ယုံလား"
ဘုန်း!
ထိုစကားကြောင့် နေရာတစ်ခုလုံး တုန်လှုပ်သွားသည်။
လူအများအပြားသည် ထိုကိစ္စမှာ ပြန်လည် ပြေလည်စရာ မရှိတော့ဘူးဆိုတာ သိပြီး တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
ကွေ့ယီဒေသများအတွင်း တစ်စုံတစ်ယောက်၏ ဂိုဏ်းဂုဏ်သိက္ခာကို မည်သူမျှ စော်ကားခွင့် မရှိသောကြောင့်ဖြစ်သည်။
တစ်ကြိမ် စော်ကားခံရလျှင် သေသည်အထိ တိုက်ခိုက်ရမည့် အခြေအနေသို့ မလွဲမသွေ ရောက်ရှိသွားမည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
လင်းရုန်ရှု၏ မျက်ခုံးများသည် ဒေါသကြောင့် ပေါက်ကွဲထွက်သွားပြီး အော်ဟစ်လိုက်သည်။
"မင်း ငါ့ဂိုဏ်းကို စော်ကားရဲတယ် ဟုတ်လား၊ သေလိုက်စမ်း..."
ထိုသို့ပြောပြီး လင်းရုန်ရှုသည် မိုးခြိမ်းသံအလား လက်ဝါးချက်တစ်ချက်ကို လေထဲကို ရိုက်ချလိုက်သည်။
ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးသည် ဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှယ်အန်းဆီသို့ တည့်တည့် တိုးဝင်သွားသည်။
ထိုသည်မှာ လင်းရူရှု၏ နာမည်ကြီး နည်းစနစ် ယုရှုအစစ်အမှန် သိုင်းကွက်ဖြစ်သည်။
ဤလှုပ်ရှားမှုဖြင့်ပင် လင်းရုန်ရှုသည် အဆင့်သတ်မှတ်ချက်များ၏ အပြင်ဘက်မှ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်ဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဓားအလင်းတန်းများနှင့် အရိပ်များသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပြီး ထိုရိုက်ချက်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို အဝေးကြီးသို့ ဆုတ်ခွာသွားစေသည်။
ဤလက်ဝါးချက်၏ အစွမ်းကြောင့် လူတိုင်း မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားကြသည်။
အထူးသဖြင့် ဆေးပညာရှင်များအသင်း၏ အကြီးအကဲများမှာ သိသိသာသာ စိုးရိမ်နေကြသော်လည်း ကိစ္စများသည် ဤအခြေအနေသို့ ရောက်ရှိလာသောအခါ သူတို့ ဆက်လက် တားဆီးနိုင်ခြင်း မရှိတော့ပေ။
သို့သော် ဤဓားအလင်းတန်းများနှင့် လေပြင်းများသည် ရွှယ်အန်းနှင့် သုံးကျန့်အကွာသို့ ရောက်ရှိလာချိန်တွင်...
ရွှယ်အန်းသည် မော့ကြည့်လိုက်ပြီး သူ၏ အကြည့် ရောက်ရှိသွားသော နေရာတွင်
လေပြင်းများသည် ရုတ်တရက် ညင်သာစွာ ပွတ်သပ်သွားသော လေနုအေးများ ဖြစ်သွားကြသည်။
ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဓားများမှာမူ အငွေ့ပျံ ပျောက်ကွယ်သွားကြသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
ဘာဖြစ်သွားတာလဲ...
ဘာလိုဘ ဒီလောက် ပြင်းထန်တဲ့ နည်းစနစ်က ရုတ်တရက် လေထဲမှာ ပျောက်ကွယ်သွားရတာလဲ...
လင်းရုန်ရှုလည်း အလားတူ အံ့အားသင့်သွားသော်လည်း မကြာမီပင် သူသည် ပြက်ရယ်ပြုလိုက်သည်။
"မဆိုးဘူး၊ မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ၊ ဒါပေမဲ့ ယုရှုနန်းတော်ကို စော်ကားတဲ့သူတွေက သေကိုသေရမယ်ထ မင်းအသက်ကို ပေးလိုက်စမ်း"
လင်းရုန်ရှုသည် အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ သူ ရှေ့သို့ ခြေလှမ်းကျဲကြီး လှမ်းလိုက်ပြီး ချက်ချင်းပင် ရွှယ်အန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ သူ၏ လက်သီးကို အားဖြင့် ဆွဲချ ထိုးနှက်လိုက်သည်။
ဤလက်သီးတွင် ပါရှိသော အစွမ်းထက်သည့် အင်အားသည် ပွဲကြည့်ပရိသတ်များစွာကိုပင် တုန်လှုပ်သွားစေသည်။
သို့သော် ထိုသို့သောအခြေအနေတွင် ရွှယ်အန်းသည် သူ၏ ဝိုင်ခွက်ကို ကိုင်မြှောက်ရန် ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး၊ ဖြည်းညှင်းစွာ တစ်ငုံ သောက်လိုက်သည်။
ဒီလိုအချိန်မှာ သောက်နေတယ် ဟုတ်လား၊ ဒီလူ ရူးနေတာလား...
လူအုပ်၏ နှလုံးသားထဲတွင် သံသယအငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်။
လင်းရုန်ရှု၏ လက်သီးသည် ရွှယ်အနကို ထိတော့မည့်ဆဲဆဲ ဖြစ်နေပြီး သူ၏ မျက်လုံးများမှာ ရက်စက်သော စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကာ သူ၏ စိတ်ထဲတွင် တွက်ချက်နေသည်။
ဒီလူကို သတ်လိုက်ရုံပဲ...၊ ဒါဆိုရင် အဲဒီ အလွန်အမင်း လှပတဲ့ အမျိုးသမီးက ငါ့အပိုင် ဖြစ်ပြီ...
သို့သော် သူ၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု မပေါ်လာမီမှာပင်... ဝိုင်သောက်နေဆဲ ဖြစ်သော ရွှယ်အန်းသည် ခေါင်းပင် မမော့ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။
ဧရာမ လက်ဝါးရိပ်တစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာပြီး လင်းရုန်ရှု၏ ခန္ဓာကိုယ်ပေါ်သို့ ထိုးကျလာသည်။
ကျွတ်...
နားမခံသာသော အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် လင်းရုန်ရှုသည် အလွန် တိုတောင်းသော အော်ဟစ်သံတစ်ခုကိုသာ ထုတ်နိုင်ခဲ့ပြီး ဦးခေါင်းမှ စတင်ကာ သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ဖိသိပ်ခံရပြီး ပြိုကျလာပြီး သွေးအပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
လက်ဝါးတစ်ချက်တည်းဖြင့် ယုရှုန်းတော်၏ အစစ်အမှန် တပည့်သည် ဂျုံမုန့်လုံးဖြစ်သွားသည်။
နေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားသည်။
ခဏအကြာမှသာ တစ်စုံတစ်ယောက်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး”