သုခဘုံ စားသောက်ပွဲ
Vol. 53 Ch. 794
"စိတ်ရှုပ်ဖို့ကောင်းတယ်"
အန်းယန်က ရွှယ်အန်းကို စူပုတ်ပုတ် လုပ်ပြလိုက်ပြီး သူမကိုယ်တိုင် အရင်ဆုံး ရယ်မောမိသွားသည်။
ရွှယ်အန်းက ခပ်ဟဟ ရယ်လိုက်ပြီး မေးလိုက်သည်။
"ဘာက စိတ်ရှုပ်ဖို့ ကောင်းနေလို့လဲ"
အန်းယန်က ရွှယ်အန်းကို မျက်လုံးလှန်ပြလိုက်သည်။
"ရှင့်ကို စကားဆက်မပြောတော့ဘူး၊ ကျွန်မ သွား ချက်တော့မယ်"
ထိုသို့ ပြောပြီးနောက် အန်းယန်သည် လှည့်ထွက်သွားပြီး ဟင်းချက်ရန် ပြန်၀င်သွားခဲ့သည်။
ထိုအချိန်မှာပင်...
အလင်းတန်းနှစ်ခု တစ်ခုပြီးတစ်ခု ခြံဝန်းထဲသို့ ကျဆင်းလာသည်။
၎င်းတို့မှာ ရွှယ်လွေ့လီ နှင့် ကျန်းချီတို့ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရွှယ်လွေ့လီ ၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
"သခင်ကြီး"
ရွှယ်လွေ့လီသည် ခြံဝန်းထဲရှိ ရွှယ်အန်းကို မြင်သောအခါ အလျင်အမြန် ဦးညွှတ် အရိုအသေပြုလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ"
ရွှယ်လွေ့လီ အနည်းငယ် တုံ့ဆိုင်းသွားသည်။
ကျန်းချီကတော့ အလျင်စလို ပြောလိုက်သည်။
"အရှင်..., သခင်မလေးရဲ့ အသက်ကို ကယ်တင်ပေးပါ"
ထိုသို့ ပြောပြီးနောက် ကျန်းချီသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။
ရွှယ်အန်းသည် နားမလည်သည့်ပုံစံဖြင့် မေးလိုက်သည်။
"ငါ့ကို ပြော... ဘာဖြစ်ခဲ့တာလဲ"
ထို့နောက် ရွှယ်လွေ့လီသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြခဲ့သည်။
အဆုံးတွင် သူမသည် ခါးသီးစွာ ပြောလိုက်သည်။
"ကျွန်မ ခုလေးတင် ကျီလဲ့ ခန်းမကနေ ဖိတ်စာတစ်စောင် ရခဲ့တယ်၊ ဒီည စားသောက်ပွဲကို တက်ဖို့ ဖိတ်ခေါ်တာ၊ ဒါပေမဲ့ ရှုန်းမိုတောင်ကြားက သခင်လေးက ကျီလဲ့ မြို့တော်ကို ခုလေးတင် ရောက်လာတာ၊ ဒီကိစ္စက သူနဲ့ ပတ်သက်နေတာ သေချာတယ်"
ထို့နောက် ရွှယ်လွေ့လီသည် ရွှယ်အန်းအား လေးနက်စွာ ဦးညွှတ်လိုက်သည်။
"အရှင် တစ်ဖက်လူက ကောင်းကင်သုံးခာဂိုဏ်းရဲ့ သခင်လေး ဖြစ်နေတော့ ဒါက အရမ်းများတဲ့ တောင်းဆိုမှု ဖြစ်နိုင်မှန်း ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ကျွန်မက တကယ်ကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမှာ ရောက်နေပြီး တခြား ရွေးချယ်စရာလည်း မရှိတော့လို့ပါ၊ အရှင် တစ်ယောက်တည်းကသာ ကျွန်မကို ကယ်တင်နိုင်မှာပါ"
ရွှယ်အန်းသည် ရွှယ်လွေ့လီ၏ ကူကယ်ရာမဲ့နေသော မျက်နှာနှင့် သူ့အား မျှော်လင့်တကြီး စိုက်ကြည့်နေသော ကျန်းချီတို့ကို ကြည့်လိုက်ပြီး ခေါင်းခါလျက် ခပ်ဟဟ ရယ်လိုက်သည်။
ဤသည်ကို မြင်သောအခါ ရွှယ်လွေ့လီ ၏ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး သူမ၏ မျက်နှာမှာ သေလောက်အောင် ဖြူဖျော့သွားသည်။
ကျန်းချီမှာမူ ပိုလို့ပင် စိုးရိမ်ပူပန်နေသည်။
ရွှယ်အန်းက သူ၏ လက်ကို ယမ်းပြလိုက်သည်။
"ဆက်ပြောစရာ မလိုတော့ဘူး၊ ဒီည စားသောက်ပွဲကို ငါ တက်ရောက်ပေးနိုင်တယ်၊ ဒါပေမဲ့ ဒီကိစ္စကို မင်းကိုယ်တိုင်ပဲ ဖြေရှင်းရလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ် ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ မင်းရဲ့ နှလုံးသားထဲက အတားအဆီးကို မကျော်လွှားနိုင်ဘူးဆိုရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဝမ်းနည်းစရာ ကောင်းလောက်အောင် ဆုတ်ယုတ်သွားလိမ့်မယ်"
ရွှယ်အန်း၏ စကားကို ကြားသောအခါ ရွှယ်လွေ့လီ ၏ မျက်နှာအမူအရာသည် အမျိုးမျိုး ပြောင်းလဲသွားပြီး သူမသည် ခေါင်းငုံ့လိုက်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဟုတ်ကဲ့ပါ"
မြို့လယ်ရှိ ကျီလဲ့ပြခန်းတွင်...
ဟွားဝူရွှမ်းသည် ရှုန်းမိုတောင်ကြား၏ သခင်လေး ယဲ့ချုံရှန်းနှင့်အတူ ထိုင်ကာ သောက်စားနေခဲ့သည်။
အခန်းထဲတွင် မွှေးအီပြီး ချိုမြိန်သော ရနံ့တစ်ခု လွှမ်းခြုံနေပြီး ၎င်းအတွင်း၌ ရှိနေခြင်းက လူတစ်ဦးကို အလိုအလျောက် ပေါ့ပါး လွတ်လပ်သွားစေသည်။
ဤအချိန်တွင် ဟွားဝူရွှမ်းက တခစ်ခစ် ရယ်မောလိုက်သည်။
"သခင်လေးယဲ့... ရှင် ဒီကို လာတာ အိပ်မက်ဓားဘုရင်းရဲ့ အမွေအနှစ် အတွက်ချည်းပဲတော့ မဟုတ်လောက်ဘူးထင်တယ်၊ ရှင် သိထားရမှာက ကျန့်ဟုန်က ရွှယ်လွေ့လီ က အခု မြို့ထဲမှာ ရှိနေတယ်ဆိုတာပဲ"
ရွှယ်လွေ့လီ ဘာဖြစ်ခဲ့သည်ကို ကောင်းကင်သုံးခုဂိုဏ်းအတွင်း ပျံ့နှံ့နေပြီး ဖြစ်ရာ ဟွားဝူရွှမ်းလည်း သိရှိထားသည်။
ထိုအရာကြောင့်လည်း သူမသည် ရွှယ်လွေ့လီအား ယခင်က ကိုယ်တိုင်ကိုယ်ကျ မဖိတ်ကြားခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်သည်။ သူမသည် အခြေအနေ မည်သို့ ဖြစ်ပေါ်လာမည်ကို ကြည့်ရှုလိုခဲ့သည်။
ဤစကားကို ကြားသောအခါ ယဲ့ချုံရှန်းက သူ၏ ဝိုင်ခွက်ကို ချလိုက်ပြီး ပြောလိုက်သည်။
"ငါ အမွေအနှစ်ကိုလည်း လိုချင်တယ်၊ လူကလည်း ငါ့အတွက်ပဲ ဖြစ်ရမယ်"
ဟွားဝူရွှမ်း ခဏမျှ မှင်တက်သွားပြီး သူမ၏ မျက်လုံးများ၏ နက်ရှိုင်းသော အပိုင်းတွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူမသည် ၎င်းကို အပြုံးဖြင့် လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ယဲ့ချုံရှန်း၏ ဝိုင်ခွက်ထဲသို့ ကိုယ်တိုင် ဝိုင် ဖြည့်ပေးလိုက်သည်။
"သခင်လေးကတော့ အစားတော်တော် ကြူးတာပဲ၊ လူရော ဥစ္စာရော နှစ်ခုလုံးကို ပစ်မှတ်ထားနေတာကိုး"
ယဲ့ချုံရှန်းသည် သူ့အတွက် ဝိုင်ငှဲ့ပေးနေသော ဟွားဝူရွှမ်း၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီးနောက် ဆိုးသွမ်းသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ငါက ရွှယ်လွေ့လီ ကို လိုချင်ရုံတင် မဟုတ်ဘူး၊ မင်းကိုလည်း မျက်စိကျနေတာ"
ဟွားဝူရွှမ်း၏ အပြုံးသည် လေထဲတွင် ယိမ်းနွဲ့နေသော ပန်းခက်များပမာ တုန်ခါသွားသော်လည်း သူမ မျက်နှာအမူအရာ မပြောင်းသွားဘဲ သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"စိတ်ရှုပ်ဖို့ကောင်းလိုက်တာ၊ သခင်လေးယဲ့က တခြား မိန်းကလေးတွေနဲ့ တွေ့ရင်လည်း အမြဲတမ်း ဒီလို ပွင့်လင်းတာလား"
သူမသည် ဟန်ဆောင်ကာ စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချုံရှန်းသည် အခုလေးတင် သူမလက်ကို ဆုပ်ကိုင်ခဲ့သော သူ့ လက်ကို သူ၏ နှာခေါင်းရင်းသို့ ယူလာကာ ခပ်ဖွဖွ ရှူရှိုက်လိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်သည်။
"တကယ့်ကို မွှေးတာပဲ၊ ကျီလဲ့ခန်းမက အမျိုးသမီးတွေအားလုံးမှာ သဘာဝ ကိုယ်သင်းနံ့ရှိတယ်လို့ ပြောကြတယ်၊ ဒီနေ့ မင်းကို တွေ့ရတော့ ဒါက တကယ် ဟုတ်တယ်ဆိုတာ ငါ တွေ့လိုက်ရပြီ"
ဟွားဝူရွှမ်း၏ အပြုံးသည် အနည်းငယ် တောင့်တင်းသွားသည်။
ယဲ့ချုံရှန်းက ဆက်ပြောသည်။
"မင်း ပြောတဲ့ ပွင့်လင်းမှု အကြောင်းကို ပြောရရင်... ဟားဟား ငါ့အတွက်တော့ ငါက မိန်းမတစ်ယောက်ကို သဘောကျမိပြီဆိုရင် သူက ငါ့အတွက် ဖြစ်ကို ဖြစ်ရမယ်"
ဟွားဝူရွှမ်း၏ မျက်လုံးများက လှုပ်ရှားသွားပြီး မကြာမီ သူမက တခစ်ခစ် ရယ်မောလိုက်သည်။
"သခင်လေးယဲ့က အရမ်း ရိုမက်တစ် ဆန်ပြီး စိတ်အားထက်သန်တာပဲ၊ သခင်လေးယဲ့ မျက်စိကျတာခံရတာ ကျွန်မလိုသူအတွက် ဂုဏ်ယူစရာပါပဲ၊ ဒါပေမဲ့ ကျွန်မက သခင်မချောလေးရွှယ်ကို ဖိတ်ခေါ်ဖို့ လူ လွှတ်ထားပြီးပါပြီ၊ သူ ဒီည စားသောက်ပွဲကို လာပါလိမ့်မယ်"
ယဲ့ချုံရှန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် နူးညံ့သော ထိုင်ခုံပေါ်သို့ မှီလိုက်သည်။
"ဒါပေမဲ့ ကျီလဲ့ခန်းမရဲ့ ကျီလဲ့နတ်သမီးကရော ဒီည စားသောက်ပွဲကို ကြွရောက် ချီးမြှင့်မလားလို့ ငါ သိချင်မိတယ်"
ဟွားဝူရွှမ်းသည် သူမ၏ မျက်နှာပေါ်မှ အပြုံးကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ သူမ၏ မျက်လုံးများထဲမှ အလင်းရောင်သည် အတန်ငယ် အေးစက်သွားသည်။
သို့သော် ယဲ့ချုံရှန်းသည် သတိမမူမိဟန်ဖြင့် သူ၏ ခွက်ကို ယူကာ ခပ်ဖွဖွ သောက်လိုက်ပြီးနောက် ကစားနေသော လေသံဖြင့် ပြောလိုက်သည်။
"ငါ ကြားတာတော့ ဒီမျိုးဆက်ရဲ့ ကျီလဲ့ နတ်သမီးက ကောင်းကင်ဘုံလို ကျက်သရေရှိတဲ့ အလှတရားနဲ့ မွေးရာပါ ညှို့ဓာတ်ကို ပိုင်ဆိုင်ထားတယ်တဲ့၊ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ သူက နာမည်ကျော် ကောင်းကင်ဘုံ နတ်သမီတစ်ပါး ဖြစ်နေပြီ"
"ဒါပေမဲ့ ကျီလဲ့နတ်သမီးက စကားမပြောနိုင်ဘူးလို့ ငါ ကြားမိတယ်"
"တကယ်တော့ စကားမပြောနိုင်တာက အတားအဆီး မဟုတ်ပါဘူး၊ ဒါက မတူညီတဲ့ အရသာတစ်မျိုးကိုတောင် ပေါင်းထည့်ပေးသေးတယ်"
ဟွားဝူရွှမ်းသည် သူမ၏ တည်ငြိမ်မှုကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ခက်ထန်စွာ ပြောလိုက်သည်။
"သခင်လေးယဲ့... ကျွန်မတို့ရဲ့ လေးစားရတဲ့ ကောင်းကင်ဘုံ နတ်သမီးကို ရှင့်အနေနဲ့ အနည်းငယ် လေးစားမှု ပြဖို့ မျှော်လင့်ပါတယ်"
"လေးစားမှုလား၊ ဟားဟား ကောင်းပြီလေ၊ အဲ့ဒီအချိန်ကျရင် ကောင်းကင်ဘုံ နတ်သမီးက ငါ့ရဲ့ လေးစားမှုကို ခံယူဖို့ ထိုက်တန်ရဲ့လားဆိုတာ ငါ ကိုယ်တိုင် ကြည့်ရတာပေါ့"
စိတ်အနှောင့်အယှက် ဖြစ်သွားသော ဟွားဝူရွှမ်းသည် ထရပ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
ယဲ့ချုံရှန်း၏ လက်ချောင်းများသည် နူးညံ့သော ထိုင်ခုံ၏ လက်တန်းပေါ်တွင် ညင်သာစွာ ခေါက်နေပြီး သူ၏ နှုတ်ခမ်းများက ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
ဟွားဝူရွှမ်း အခန်းထဲမှ ထွက်သွားသည်နှင့် တပြိုင်နက် သူမ၏ မျက်နှာအမူအရာသည် တည်ကြည်သွားပြီး လျှို့ဝှက်အခန်းတစ်ခုထဲသို့ လျှောက်လှမ်းဝင်သွားသည်။
"နင် ဘာများ သိခဲ့ရလဲ"
အလွန် ချောမောလှပသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ခြေထောက်ချိတ်ထိုင်ကာ တရားထိုင်နေသည်။ ဟွားဝူရွှမ်းဝင်လာသောအခါ သူမသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"ဆရာ့ကို သတင်းပို့ပါတယ်၊ ကောလာဟလတွေ အတိုင်းပါပဲ၊ ဒီ ယဲ့ချုံရှန်းက ကျန့်ဟုန် အဆောက်အအုံက ရွှယ်လွေ့လီကို အတင်းအကြပ် လုပ်ဖို့ ရည်ရွယ်ထားတာ အမှန်ပါပဲ၊ ပြီးတော့ အရမ်း နှာဘူးထပြီး ကောင်းကင်ဘုံ နတ်သမီးအကြောင်းကိုတောင် စုံစမ်းမေးမြန်းရဲပါတယ်"
သက်လတ်ပိုင်း အမျိုးသမီးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ရှုန်းမိုတောင်ကြားက မျိုးဆက်တွေက အမြဲတမ်း ဥပဒေမဲ့တဲ့သယတွေချည်းပဲ၊ သူ့ကို ဂရုစိုက်မနေနဲ့၊ ပြီးတော့ ခန်းမကနေ ခုလေးတင် သတင်းရထားတာက ကောင်းကင်ဘုံ နတ်သမီး ဒီည လာလိမ့်မယ်တဲ့"
ဟွားဝူရွှမ် မှင်တက်သွားသည်။
"ကောင်းကင်နတ်သမီးက သူတရားကျင့်ကြံတဲ့ နေရာကနေ ထွက်လာပြီလား၊ ဖြစ်နိုင်တာက..."
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
"ရှေးဟောင်း အပျက်အစီးတွေကို စောင့်ကြည့်နေသူတွေရဲ့ စကားအရ တောင်တန်းတွေဆီက လှုပ်ခတ်မှုတွေက ဒီရက်ပိုင်းတွေမှာ ပိုပြီး အားကောင်းလာတယ်၊ ဒီ တစ်ရက် နှစ်ရက်အတွင်း ဖြစ်သင့်တယ်"
ဟွားဝူရွှမ်က ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
မကြာမီ ညဦးပိုင်းသို့ ရောက်ရှိလာသည်။
အပျော်အပါးမြို့တော်သည် ပိုလို့ပင် စည်ကားလာသည်။
သို့သော် အာရုံကို အဖမ်းစားနိုင်ဆုံးမှာ မြို့၏ အလယ်ဗဟိုရှိ ကြီးမားထည်ဝါသော ကျီလဲ့ပြခန်း ဖြစ်သည်။
၎င်းသည် ထွန်းလင်းတောက်ပနေပြီး ကြည်လင်တောက်ပကာ အထူးသဖြင့် ညဘက်တွင် မျက်စိကျိန်းလောက်အောင် လင်းလက်နေသော မီးများဖြင့် ပြည့်နှက်နေသည်။
ပုံမှန်အားဖြင့် ဤအချိန်တွင် ကျီလဲ့ ပြခန်းသည် ဆူညံသံများဖြင့် ပြည့်နှက်နေပြီး ချမ်းသာကြွယ်ဝသော ဧည့်သည်တော်များသည် ရက်ဖွာစွာသုံးစွဲရန် လာရောက်ကြသည်။
သို့သော် ယနေ့မှာတော့ မတူညီပေ။ အဓိက တံခါးမကြီးများမှာ ကျယ်ကျယ်ဝန်းဝန်း ဖွင့်ထားပြီး ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးဦးကို မျှော်လင့်တကြီး စောင့်ကြိုနေဟန်တူသည်။
ရွှယ်လွေ့လီ ဂျီလဲ့ ပြခန်းထဲသို့ ဝင်ရောက်လာသောအခါ ထိုမြင်ကွင်းက ဟွားဝူရွှမ်း၏ မျက်လုံးများကို တောက်ပသွားစေပြီး သူမက ဆွဲဆောင်မှုရှိသော ရယ်မောသံဖြင့် ကြိုဆိုလိုက်သည်။
"သခင်မလေးရွှယ်... ရှင် ဒီမှာ နေတာ ရက်ပေါင်းများစွာ ကြာနေပြီ၊ ကျွန်မက နှုတ်ဖို့ အချိန် မရခဲ့ဘူး၊ တကယ် တောင်းပန်ပါတယ်နော်၊ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခါတော့ ကျွန်မ အခွင့်အရေး ရခဲ့တယ်၊ ကျေးဇူးပြုပြီး အထူးထိုင်ခုံမှာ ထိုင်ပါ"
ဟွားဝူရွှမ်းက အလွန် နွေးထွေးစွာဖြင့် လက်ဟန်ပြကာ လမ်းညွှန်လိုက်သည်။