← Chapters

တတ်နိုင်သလောက် ဝေးဝေးကို ထွက်သွား

Vol. 53 Ch. 795

တတ်နိုင်သလောက် ဝေးဝေးကို ထွက်သွား

Vol. 53 Ch. 795

ရွှယ်လွေ့လီသည် ဟွာဝူရွှမ်းမှာ ရိုးသားမှုမရှိမှန်း ကောင်းကောင်းသိသော်လည်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"ကျီလဲ့မြို့တော်မှာ ဒီလောက်ကြာနေတာတောင် လာမနှုတ်ဆက်မိတာ ကျွန်မအမှားပါပဲ၊ ကံကောင်းတာက ကျွန်မကို မမေ့တာပါ"

ထိုစကားများတွင် သရော်သော အငွေ့အသက်များ ပါနေသော်လည်း ဟွာဝူရွှမ်းက မကြားသလို ဟန်ဆောင်နေလိုက်သည်။

အဘယ့်ကြောင့်ဆို သူမ၏ အာရုံမှာ ရွှယ်လွေ့လီ မလှမ်းမကမ်းတွင် ရပ်နေသော ရွှယ်အန်းဆီကို ရောက်နေသောကြောင့်ဖြစ်သည်။

ရွှယ်အန်းသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး ခပ်ခွာခွာနှင့် အေးစက်စက် နေပုံထိုင်ပုံမှာ အားနည်းသည့် ပညာရှင်တစ်ယောက်ပုံမျိုးနှင့်တူသည်။

ဟွာဝူရွှမ်းတစ်ယောက် မအံ့ဩဘဲ မနေနိုင်ချေ။

ဒီလူက ဘယ်သူလဲ...

သူက ဘာလို့ ရွှယ်လွေ့လီ နောက်ကို လိုက်နေတာလဲ...

ဖြစ်နိုင်တာက… သူနဲ့ ရွှယ်လွေ့လီ ကြားမှာ တစ်မျိုးတစ်ဖုံ ပတ်သက်မှု ရှိနေတာလား၊

ဒါပေမဲ့ သူ့ရုပ်ရည်ကို ကြည့်ရတာ သူက ထင်းခနဲဖြစ်အောင် ချောမောနေပေမယ့် သူ့ရဲ့ အငွေ့အသက်က သာမန်ပဲ၊ တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ လုံးဝမတူဘူး...

ဟွာဝူရွမ်းသည် စိတ်ရှုပ်ထွေးနေသော်လည်း သူမ၏ သံသယများကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ဆဲဖြစ်ပြီး ကျီစယ်သလို ပြုံးပြီး မေးလိုက်သည်။

"ဒီလူကြီးမင်းက တော်တော်ရုပ်ရည်ချောမောတာပဲ၊ သူက သခင်မလေးရွှယ်လေးရဲ့ ချစ်သူလား"

ရွှယ်လွေ့လီ စကားမပြောနိုင်ခင်မှာ ရွှယ်အန်းက အေးစက်စက် ပြုံးလိုက်သည်။

"ခင်ဗျား မှန်းတာ မှန်တယ်"

ရွှယ်လွေ့လီ အနည်းငယ် ကြောင်သွားပြီး ဝန်ခံလိုက်သလို ခေါင်းငုံ့လိုက်သည်။

သို့သော် ဟွာဝူရွှမ်း မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ချက် လက်သွားပြ သူမ၏ မျက်နှာသည်တော့ ပြုံးနေဆဲဖြစ်သည်။

"အိုး... ဒါပေမဲ့ ကျွန်မ သိချင်တာက ဒီလူကြီးမင်းက ဘယ်ဂိုဏ်းကလဲ၊ ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲရှင်"

ရွှယ်အန်းက ခပ်ပေါ့ပေါ့ ပြန်ဖြေသည်။

"ငါ့မှာ ဂိုဏ်းမရှိဘူး၊ ငါသင်ယူခဲ့သမျှ အရာအားလုံးက ကိုယ်တိုင်သင်ယူခဲ့တာပဲ၊ ကျင့်ကြံမှုအဆင့်ကို ပြောရမယ်ဆိုရင်… မင်းထက်တော့ ပိုသန်မာတယ်"

ယခုအချိန်တွင် ညစာစားပွဲကို တက်ရောက်သော ဧည့်သည်အများအပြားသည် ခန်းမထဲကို ရောက်နေကြပြီဖြစ်သည်။

၎င်းတို့သည် ကျီလဲ့မြို့တော်မှ အာဏာရှိ ပုဂ္ဂိုလ်အမျိုးမျိုးဖြစ်ကြသည်။

ဤညစာစားပွဲသည် ကောင်းကင်သုံးခုဂိုဏ်းကြီးသုံးခု၏ အမွေဆက်ခံသူများ စုစည်းပွဲဖြစ်သောကြောင့် လူတိုင်း လာကြည့်ချင်ကြသည်။

ရွှယ်လွေ့လီ ဝင်လာကတည်းက အဝေးကနေ တီးတိုးစကား ပြောနေကြသည်။

"ဒီအမျိုးသမီးက ကောလာဟလတွေထဲကအတိုင်း ကျန်းဟုန်အဆောက်အအုံရဲ့ လက်ရှိ တပည့် ရွှယ်လွေ့လီလား၊ ဘာလို့ သူက ဒီလောက်တောင် ပင်ပန်းနေတဲ့ပုံပေါက်နေတာလဲ"

"ဟားဟား... မင်းက တကယ့် သတင်းကို မသိတဲ့လူပဲ၊ ဒီအမျိုးသမီးက ရွှယ်လွေ့လီ ဟုတ်တယ်၊ ဒါပေမဲ့ သူ့အခြေအနေက အခု သိပ်မကောင်းဘူး၊ သူ့ဂိုဏ်းထဲမှာ သူ့ကိုတောင် ကျော်တက်သွားပြီး သူ့ကို ဆိုးရွားတဲ့ အခြေအနေရောက်အောင် လုပ်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်လာတယ်လို့ ပြောကြတယ်"

"ဆိုးရွားတဲ့ အခြေအနေ၊ ကောင်းကင်သုံးလလုဂိုဏ်းတစ်ခုရဲ့ အစစ်အမှန် တပည့်တစ်ယောက်ကို ဒီလိုအကျပ်အတည်းမျိုး ဖြစ်အောင် ဘယ်သူက လုပ်နိုင်လို့လဲ"

"ပြောနေစရာတောင်မလိုဘူး၊ နောက်ထပ် ကောင်းကင်သုံးခုဂိုဏ်းတစ်ခုရဲ့ အစစ်အမှနမ တပည့်တစ်ယောက်ပေါ့၊ ဒီနေ့ ရှုန်းမိုတောင်ကြားက သခင်လေး ရောက်မလာဘူးလား၊ သူ့ကြောင့်လို့ ပြောကြတာပဲ"

ရှုန်းမိုတောင်ကြားအကြောင်း ကြားလိုက်ရချိန် တီးတိုးပြောနေကြသော လူများ၏ မျက်နှာများသည် မသိမသာ မည်းမှောင်သွားသည်။

ကောင်းကင်သုံးခုဂိုဏ်းတွေထဲမှာ ရှုန်းမိုတောင်ကြား၏ နာမည်သည် အကြောက်စရာအကောင်းဆုံးဖြစ်ပြီး သူ၏ အင်အားက အကြီးဆုံးဖြစ်သည်။

ထို့အပြင် ရှုန်းမိုတောင်ကြားက လူများသည် ၎င်းတို့၏ ရက်စက်သော လုပ်ရပ်များကြောင့် နာမည်ကြီးပြီး မြို့များနှင့် ဂိုဏ်းများကို တစ်ခုလုံး ရှင်းပစ်လေ့ရှိသောကြောင့် ယခုဆွေးနွေးနေသူများသည် မလေးမစားမလုပ်ရဲကြပေ။

သို့သော် မကြာခင်မှာပဲ သူတို့အာရုံသည် ရွှယ်အန်းဆီကို ပြောင်းသွားသည်။

ရွှယ်အန်း၏ ကျင့်ကြံမှုအဆင့်သည် ဟွာဝူရွှမ်းထက် အနည်းငယ် ပိုသန်မာသည်ဟာ ကြားသောအခါ...

လူအုပ်ကြီးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ခြောက်ကပ်ကပ် ရယ်သံများ ထွက်လာကြတော့သည်။

"ဒီခေတ်ကြီးမှာတော့ တကယ့်လူအစုံပဲ၊ သူ့ကိုယ်သူ ဂိုဏ်းမရှိဘူးလို့ ပြောတာက တစ်မျိုး၊ ကျီလဲ့ပြခန်းရဲ့ အကြီးအကဲထက် ပိုသန်မာတယ်လို့ ပြောရဲသေးတယ်၊ တကယ့်ကို မဖြစ်နိုင်တာတွေ"

လူတစ်ယောက်က လှောင်ရယ်လိုက်သည်။

ဟွာဝူရွှမ်း အပြုံးသည် မပြတ်ပြဲသွားသော်လည်း သူမ မျက်လုံးတွင်တော့ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပြသနေသည်။

အတွေ့အကြုံများသော ဟွာဝူရွှမ်း အတွက်တော့ ကြီးကြီးကျယ်ကျယ် စကားများပြောပြီး သူမ၏ အာရုံစိုက်မှုကို ရဖို့ ကြိုးစားသည့် ယောက်ျား အများကြီးကို တွေ့ဖူးသည်။

ထိုလူလည်း အတူတူသာဖြစ်‌ပေမည်။

သူသည် ရုပ်ရည်ချောမောသော်လည်း အခွံသာရှိပြီး အထဲမှာ ဘာမှမရှိပဲ ငွေရောင်တုတ်ချောင်းတစ်ချောင်းသာပါသော အကောင်းစားဝတ်ထားတဲ့ အိတ်အလွတ်တစ်ခုဆိုတာကို ဖော်ပြနေသည်။

ရွှယ်လွေ့လီ ထိုသို့သော လူမျိုးကို ရွေးချယ်ခဲ့သည်မှာ သူမ၏ အရသာနှင့် ဆုံးဖြတ်နိုင်စွမ်းသည်လည်း ပြောပလောက်စရာ မရှိဟုပြနေသည်။

ထိုသည်ကိုတွေးမိချိန် ဟွာဝူရွှမ်း၏ သဘောထားသည် သုံးပုံတစ်ပုံလောက် ပိုအေးစက်သွားသည်။

"အော်... ဒါဆို ကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ လူငတစ်ယောက်ပေါ့၊ ကျွန်မ မျက်စိမှားသွားတာကို ခွင့်လွှတ်ပါ၊ ကျေးဇူးပြုပြီး ထိုင်ပါဦး"

ထိုသို့ပြောပြီးနောက် သူမက ထွက်သွားရန်ပြင်လိုက်သည်။

ဤအချိန်တွင် ရွှယ်အန်းသည် ကျီလဲ့ပြခန်းကို စိတ်ဝင်တစား လှည့်ပတ်ကြည့်နေသည်။

အဆောက်အအုံအတွင်းမှ အပြင်အဆင်များသည် နာမည်နှင့်လိုက်အောင် အလွန်ဇိမ်ကျပြီး ခမ်းနားထည်ဝါသည်။

သို့သော် ဟွာဝူရွှမ်း ထွက်သွားဖို့ ပြင်နေတုန်းတွင် ရွှယ်အန်းက သူမကို တားလိုက်သည်။

"ခဏ"

"ဟင်၊ သခင်ငယ်လေးမှာ တခြားကိစ္စတွေ ရှိသေးလို့လား"

ဟွာဝူရွှမ်းသည် သခင်ငယ်လေးဟူသော စကားလုံးကို တမင် ဖိပြောလိုက်ပြီး သူမ၏ လေသံတွင် လှောင်ပြောင်မှုများနှငိ့ ပြည့်နေသည်။

ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။

"ဒီမှာရှိတဲ့ အပြင်အဆင်နဲ့ ပြင်ဆင်ထားပုံတွေကို ကြည့်ရတာ၊ ဒီနေရာက ပြည့်တန်ဆာအိမ် ဖြစ်ရမယ်၊ ဒါဆို ခင်ဗျားက ခေါင်ကြီးပေါ့ ဟုတ်လား၊ ကျွန်တော်က အခု ပျင်းနေတော့ ကျွန်တော့်အတွက် စိတ်ကျေနပ်စေမယ့် မိန်းကလေးတချို့ ခေါ်ပေးပါလား၊ စိတ်ချပါ... သူတို့က ကျွန်တော့်ကို ကျေနပ်အောင် လုပ်နိုင်သမျှ ခင်ဗျားလည်း ဆုလာဘ် မနည်းစေရဘူး"

ထိုစကားတွေ ကြားလိုက်ရချိန် လူတိုင်း ကြက်သေသေသွားကြသည်။

ကျီလဲ့ပြခန်း၏ သခင်မအား ခေါင်ကြီးဟုခေါ်ပြီး မိန်းကလေးများတောင် တောင်းရဲသည်။

ဒီလူ… သေချင်နေတာပဲ မဟုတ်လား၊

ချက်ချင်းဆိုသလို ဟွာဝူရွှမ်းစ မျက်နှာသည် မည်းမှောင်သွားပြီး သူမ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမသည် ရွှယ်အန်းကို လျစ်လျူရှုပြီး ရွှယ်လွေ့လီဘက်ကို လှည့်ကြည့်လိုက်သည်။

"မစ္စရွှယ်... ရှင့်ရဲ့ ချစ်သူက ရှင့်ရှေ့မှာ မိန်းကလေးတွေ ရှာချင်နေပုံပဲ"

ရွှယ်လွေ့လီ က ရွှယ်အန်း လုပ်ချင်သည်ကို နားမလည်သော်လည်း ဟွာဝူရွှမ်း မေးခွန်းကို ကြားပြီးနောက် သူမသည် ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

"သူ ဘာလုပ်ချင်လဲဆိုတာ ကျွန်မနဲ့ မဆိုင်ဘူး

"

ထိုစကားသည် ဟွာဝူရွှမကို ကြောင်သွားစေပြီး ရွှယ်အန်းကို ကြည့်သောအကြည့်ထဲတွင် သံသယအရိပ်အယောင်များ ဖျတ်ခနဲ လက်သွားသည်။

ဒီလူက ဘယ်လိုနည်းလမ်း သုံးလိုက်လို့ မာနကြီးတဲ့ ရွှယ်လွေ့လီကို ဒီလောက်တောင် လိုက်လျောသွားစေတာလဲ...

ထိုအချိန်မှာ ဒေါသထွက်နေသော အသံတစ်သံသည် အပေါ်ထပ်မှ ထွက်လာသည်။

"မိန်းကလေးတွေ ရှာဖို့ ကြံနေတာလား?

၊ ဟား... မင်းက သေတော့မယ့်လူမှန်း သိလို့ နောက်ဆုံးအနေနဲ့ ပျော်ပါးသွားချင်တာလား"

ထိုစကားနှင့်အတူ ယဲ့ချုံရှန်းသည် လှေကားထိပ်မှာ ပေါ်လာသည်။

သူ၏ အလွန်အားကောင်းသော အရှိန်အ၀ါတစ်ခုသည် နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ကျင့်ကြံမှုအဆင့် နိမ့်သူများမှာ ထိုဖိအားအောက်တွင် မျက်နှာမျ ဖြူဖျော့သွားပြီး တချို့ဆို ထိုင်ခုံပေါ်မှာတောင် ယိုင်နဲ့စပြုလာသည်။

ယဲ့ချုံရှန်းသည် လှေကားကနေ ဖြည်းဖြည်းချင်း ဆင်းလာပြီး သူ့မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နေပြီး ရွှယ်အန်းကို စိုက်ကြည့်နေပုံမှာ လေကိုတောင် ခဲသွားစေနိုင်သည်။

သို့သော် ဤမျှလောက် ကြောက်စရာကောင်းသော အရှိန်အဝါနှင့် ရင်ဆိုင်ရတာတောင် ရွှယ်အန်းက မျက်တောင်တစ်ချက်မခတ်ဘဲ ယဲ့ချုံရှန်းကို အေးအေးဆေးဆေး ကြည့်နေသည်။

"မင်းကရော ဘယ်သူလဲ"

"ငါက ဘယ်သူလဲ ဟုတ်လား"

ယဲ့ချုံရှန်းက မဲ့ပြုံးပြုံးလိုက်ပြီး ရွှယ်လွေ့လီ ဘက်ကို လှည့်ကြည့်လိုက်သည်။

"ရွှယ်လွေ့လီ... မင်း သူ့လိုလူမျိုးကို ရှာဖို့ ဘယ်လိုစဉ်းစားလိုက်လဲ ငါ တကယ် အံ့ဩတယ်၊ ဘာလဲ... မင်းက ဒီနည်းလမ်းသုံးပြီး ငါ့ကို ဖယ်ရှားချင်တာလား"

"အသုံးမ၀င်ဘူး၊ မင်းက ငါ့အပိုင်လို့ ငါပြောပြီးသား... ဒါကြောင့် မင်းက ငါ့အပိုင် ဖြစ်ရမယ်၊ သူ့ကတော့…"

ယဲ့ချုံရှန်းက ရွှယ်အန်းကို လက်ညှိုး ထိုးပြလိုက်သည်။

"နင်း ယုံမလား မယုံမလား မသိပေမဲ့ ငါ သူ့ကို မင်းရှေ့မှာ အခုချက်ချင်း သေသွားအောင် လုပ်နိုင်တယ်"

ရွှယ်လွေ့လီ၏ မျက်နှာသည် အေးစက်သွားပြီး၊ သူမ စကားပြောဖို့ ပြင်လိုက်စဉ် ရွှယ်အန်းက လက်ခုပ်တီးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"တကယ့်ကို အာဏာရှိတာပဲ၊ မင်း ဘယ်သူလဲဆိုတာ ငါသိလောက်ပြီထင်တယ်၊ ရှုန်းမိုတောင်ကြားက သခင်လေး ဟုတ်တယ်မလား၊ ဟား... မင်းက ရှုန်းမိုသခင်လေးဆိုတဲ့ နာမည်ပြောင်နဲ့ တကယ် လိုက်ဖက်တာပဲ"

ယဲ့ချုံရှန်းးသည် အေးစက်စက် နှာမှုတ်လိုက်သော်လည်း ပြန်မပြောချေ။

ရွှယ်အန်းက ရွှယ်လွေ့လီဘက်ကို လှည့်ကြည့်လိုက်သည်။

"မင်းကို အနှောင့်အယှက် ပေးနေတာ သူလား"

ရွှယ်လွေ့လီက ခေါင်းညိတ်လိုက်သည်။

ရွှယ်အန်းသည် သူ၏ ဖြူဖွေးနေသော သွားများ ပေါ်သည်အထိပြုံးလိုက်သည်။ သူ့အပြုံးသည် တော်တော် ဆွဲဆောင်မှုရှိသည်။

"ဒါဆို မင်းသူ့ကို အခုပဲ တတ်နိုင်သလောက် ဝေးဝေးကို လစ်ထွက်သွားဖို့ ပြောလိုက်တော့"

ဘမ်း!

ထိုစကားကြားသူတိုင်း တုန်လှုပ်သွားကြသည်။

ဒီလူ တကယ် ရူးနေတာလား...

ရှုန်းမိုတောင်ကြားက သခင်လေးကို ဒီလိုစကားမျိုး ပြောရဲတာ၊ သူ တကယ် အသက်မရှင်ချင်တော့ဘူးလား...

ယဲ့ချုံရှန်းသည် ပိုလို့တောင် ဒေါသထွက်သွားပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

"သေချင်နေတာပဲ"

All Chapters