← Chapters

ရူပဗေဒနှင့် အင်မော်တယ် မန္တန်များ၏ အကြီးကျယ်ဆုံးသော ပေါင်းစပ်ခြင်း

Vol. 34 Ch. 468

ရူပဗေဒနှင့် အင်မော်တယ် မန္တန်များ၏ အကြီးကျယ်ဆုံးသော ပေါင်းစပ်ခြင်း

Vol. 34 Ch. 468

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူတိုင်းမသိလိုက်ခင်မှာပင် တစ်လ ကုန်ဆုံးသွားလေ၏။

အန်လင်း၏ အစာသွပ်ပေါက်စီ စီးပွားရေးမှာ ပုလင်းဝ အနေအထားသို့ အနည်းငယ်ရောက်လာပြီး သူက သူ့၏ ပေါက်စီများကို အကုန်မရောင်းနိုင်သည့် နေ့များလဲ ရှိလာတတ်ပေ၏။

သူက ရက်၄၀အတွင် စိတ်ဝိညာဉ် ကျောက်တုံး သုံးသန်းကျော်ရုံသာ စုဆောင်းမိလေ၏။ ထိုသည်က အလွန်နည်းပါးသော ပမာဏပင် ဖြစ်လေ၏။

အန်လင်း၏ ယူဆချက်ကို တခြားကျောင်းသားများ ကြားပါက သူတို့က သူ့အား ဒေါသတကြီးနှင့် တံခါးဆီသို့ လွင့်ပစ်လောက်ပေ၏။

ယခုတွင်မူ အန်လင်း၏ အသားတင် ပိုင်ဆိုင်မှုမှာ စိတ်ဝိညာဉ် ကျောက်တုံး ၁၆သန်း​ကျော် ရှိနေလေ၏။ ထိုသည်က ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များ ချန်ထားခဲ့သော ချမ်းသာကြွယ်ဝမှုကြီး ဖြစ်ပေ၏။ သို့သော် ထိုသည်က အမှန်တကယ်တော့ မမှတ်သားထိုက်ပါပေ။

မှတ်သားထိုက်သည်မှာ ရှောင်ဟုန်က ရုတ်တရက် ဝိညာဉ် ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်သို့ ထိုးဖောက်နိုင်သည့် အချက်ပင်ဖြစ်၏။ ထိုလုပ်ငန်းစဉ်တွင်၊ သူက ကိုယ်ပိုင် ပိုင်နက်နယ်မြေကို ရရှိခဲ့၏။

ထိုသည်က ရွှေရောင် တောက်နေသော ပိုင်နက်နယ်မြေပင်ဖြစ်၏။ ရှောင်ဟုန်မှာ ထိုနယ်မြေအတွင်းမှ နေမင်းဖြစ်ပြီး သူမက ဖော်ရွေသော ဘုန်းကြီး အများအပြား... မှားလို့... သူမက အထူးလှပသော ကိုယ်ပွားအမြောက်အများကို ဆင့်ခေါ်နိုင်လေ၏။

အန်လင်းက ထို ပိုင်နက်နယ်မြေက အစွမ်းထက်သည်ဟု ခံစားရသော်လည်း ရှောင်ဟုန်၏ စိတ်ကမ္ဘာလေးထဲတွင် မည်သည်များ ဖြစ်နေသည်ကို မသိပါချေ။ သူသိသည်မှာ သူမ၏ ကျင့်ကြံရေး ပါရမီမှာ စိတ်ဝိညာဉ် သားရဲအဖွဲ့ထဲတွင် အကောင်းဆုံးဖြစ်ပုံရလေ၏။

အန်လင်းက ရှောင်ဟုန်ကို သူမ၏ ပိုင်နက်နယ်မြေကို ခိုင်မာစေရန်အတွက် သွေးနတ်ဘုရား ကျောက်စိမ်းကို လက်ဆောင်ပေးလိုက်လေ၏။ ထိုနေ့မှစ၍ ရှောင်ဟုန်မှာ နေတိုင်း နှစ်တိုင်း အလင်းဖြင့်အစာချက်ရန်အတွက် သွေးနတ်ဘုရားကျောက်စိမ်းအပေါ်တွင် မတ်တပ်ရပ်နေလေ၏...။

...

"ယှဉ်ပြိုင်းခြင်းက အကောင်းဆုံး တိုးတက်မှုကို ဖြစ်စေနိုင်၏။" ထိုစကားပုံမှာ ရွှမ်ယွမ်ချန်၏ ဖြစ်စဉ်တွင် အလွန်မှန်ကန်လေ၏။

သူက စုရှောင်လန်နှင့် စုချန်ရန်တို့ဆီမှ ပြင်းထန်စွာ ရိုက်ခတ်ခံရပြီးနောက် ချက်ချင်း ထွက်ခွာသွားလေ၏။ ထိုထွက်သွားသည့်အချိန်အတွင်း၌ သူက စိတ်ဝိညာဉ်တစ်သောင်း အင်မော်တယ်ဂိုဏ်းဆီသို့ ပြန်လာကာ သီးခြား ဂူအောင်းကျင့်ကြံလေတော့သည်။

ထိုကဲ့သို့ဖြင့် တစ်လ ကုန်ဆုံးသွားလေ၏။ သို့သော် သူက ပြန်မလာသေးပါချေ။

သူက ပထမတွင် တစ်လကြာအောင် ဂူအောင်ကျင့်ကြံမည်ဟု ကြေညာခဲ့သည်ဖြစ်၏။ သို့သော် အစီအစဉ်ပြောင်းသွားပုံရလေ၏။ ကြည့်ရသည်မှာ သူက အဆင့်မတက်မချင်း ကျောင်းသို့ ပြန်မလာတော့မည့်ပုံပင်။

စုစုပေါင်း ၄၉ရက်ကြာပြီး နောက်ဆုံးတွင် သူက ဂူအောင်းကျင့်ကြံရာမှ ပေါက်ကွဲမှုကြီးတစ်ခုနှင့် ထွက်လာလေ၏။

ရွှမ်ယွမ်ချန်က အနန္တ နယ်မြေအတွင်းမှ အဝတ်အစား အစုတ်အပြဲများ မီးကျွမ်းနေသော အသားအရေများဖြင့် ထွက်လာလေ၏။ သူ့၏ ချောမောလှသော မျက်နှာသည်လည်း မီးသွေးကဲ့သို့ အနည်းငယ် မဲမှောင်နေလေ၏။

သို့သော် သူ့မျက်လုံးများမှာ အလွန်တောက်ပနေကာ ယခင်ကထက်ပင် အရောင်များ လက်နေပေ၏။

အန်လင်းမှာ အကိုကြီးချန် ကျောင်းတော်ကြီးသို့ ပြန်ရောက်သောအခါ ဝမ်းသာအားရသွားနှုတ်ဆက်ခဲ့၏။ သို့သော် နောက်ဆုံးတွင် သူက ရွှမ်ယွမ်ချန်၏ တိုက်ပွဲအတွင်းသို့ အတင်းဆွဲခေါ်ခြင်းကို ခံလိုက်ရလေ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ဦးစလုံးက အဝတ်အစားများစုတ်ပြဲကာ မျက်နှာများက မီးသွေးကဲ့သို့ မဲမှောင်ပြီး အခန်းဆီသို့ ပြန်လာကြလေ၏...။

ထိုနေ့တွင်ပင် အန်လင်းမှာ အစ်ကိုကြီးချန်ကဲ့သို့ ကျက်သရေရှိပြီး ညင်သာသောသူက ဤကဲ့သို့ ပိုင်နက်နယ်မြေကို ရရှိသည်ကို နားမလည်နိုင်ပဲ ရှိနေလေ၏။ သူက တိုက်ပွဲကို လက်ခံရန်အတွက် လိမ်ညာခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

"စောက်ကျိုးနည်း၊ အစ်ကိုကြီး အန်၊ မင်းမျက်နှာကို ဗုံးမှန်လာတာလား။ ဝုတ်..."

တပိုင်က အခန်းသို့ပြန်လာပြီး အန်လင်းကို တွေ့လိုက်ရသောအခါ အလန့်တကြား မျက်လုံးပြူးသွားလေတော့သည်။

"ဟုတ်တယ်။ ငါက ပေါက်ကွဲမှုတစ်ခုမှာ ပါသွားတာ။" အန်လင်းက ဝန်ခံလိုက်လေ၏။

"သခင်က ပေါက်ကွဲပြီးတော့မှ ပိုချောနေသလိုပဲ။ အခုဆို သခင်က ပိုပြီး ရဲ့ရင့်တဲ့ ပုံတောင် ပေါက်သွားသေးတယ်။" လျန်လေးက ချက်ချင်းပင် အန်လင်းဘက်သို့လှည့်လိုက်ကာ မြှောက်ပင့်စကားများဆိုလိုက်လေ၏။

အကြေးခွံဖြူဝံပုလွေ နတ်ဘုရားမှာ အမွေးထူထူဝံပုလွေ ငယ်လေးတစ်ကောင်အဖြစ် ပြောင်းသွားပြီး အန်လင်းအား ကျိုးနွံစွာ ငေးကြည့်နေလေ၏။

အန်လင်း အနားတွင် အတော်ကြာအောင်နေထိုင်ပြီးနောက် အန်လင်းက တိရစ္ဆာန်ငယ်လေးများကို သဘောကျကြောင်း သိလာပြီးဖြစ်၍ အန်လင်းပိုမိုနှစ်သက်စေရန်အတွက် ချစ်စရာကောင်းအောင် ပြောင်းလဲလိုက်လေ၏။

ပြောရမည်ဆိုပါက အန်လင်းမှာ သူ့၏ ပုံစံအသစ်ကို အလွန်ကျေနပ်နေပေ၏။

သူက လျန်လေး၏ အမွေးများကို အပြုံးလေးဖြင့် ဖွပေးလိုက်လေ၏။ "လိမ္မာတဲ့ကောင်လေး..."

လျန်လေးက သူ့၏ အမြီးကို ယမ်းကာ နာခံမှုကို ပြသရန်အတွက် သူ့၏ လျှာကို ထုတ်ကာ အန်လင်းကို မျက်ရည်ဝဲနေသောမျက်လုံးကြီးများဖြင့် ငေးကြည့်လိုက်လေ၏။

ထိုသည်ကို မြင်ရာ တပိုင်က ချက်ချင်းပင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ စုရှောင်လန်မှာ သူပိုင်ဆိုင်ခဲ့သော ချစ်ခြင်းနှင့် အာရုံစိုက်မှုအများအပြားကို ခိုးယူသွားပြီး ဖြစ်၏။ သို့သော် ထိုသည်က ခြွင်းချက်ထားပေး၍ ရသေး၏။ သူက ယခုကဲ့သို့ အန်လင်း၏ နှလုံးသားထဲမှ နေရာလေးအား လျန်လေးက ယူဆောင်သွားသည်ကို ခံရတော့မည်လား။

ဆိုလိုတာက... သူ အခုချိန်ကစပြီး အစာသွပ်ပေါက်စီတွေ လျော့ပြီးရတော့မဲ့ အလားအလာ အရမ်းရှိနေတယ်လို့ ဆိုလိုတာလား။

မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့လိုတော့ ဖြစ်ခွင့်မပေးနိုင်ဘူး။

ရီဝေဝေအပြုံးဖြင့် အန်လင်းရှိရာသို့ လျှောက်လာစဉ် တပိုင်၏ စိတ်မှာ တုန်လှုပ်သွားလေ၏။ “အစ်ကိုကြီး အန်၊ ငါ ကျောင်းတော်ကြီးထဲမှာ တကယ်ကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ နင် မြန်မြန် ရေချိုးသင့်တယ်။ ပြီးရင် ငါ မင်းကို အဲ့ကို ခေါ်သွားပေးမယ်။ ဝုတ်..."

"ဘယ်မှာလဲ?" အန်လင်းက ချက်ချင်းပင် စိတ်ဝင်စားသွားလေ၏။

တပိုင်၏ မျက်နှာပေါ်တွင် ခပ်ဆိုးဆိုး အပြုံးတစ်ခု ပေါ်လာပြီး။ “အဲဒါက လျှို့ဝှက်ချက်ပဲ။ ငါတို့ရောက်ရင် မင်းသိလိမ့်မယ်။ ဝုတ်...”

ဒါဘိုင်၏ စကားများသည် အန်လင်း၏ နှလုံးသားထဲမှ စူးစမ်းလိုစိတ်ကို မီးစပျိုးပေးလိုက်သည်ဟု ဆိုရပေမည်။

အန်လင်းသည် မြန်ဆန်စွာ ရေချိုးလိုက်ကာ အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ကာ တပိုင်၏ နောက်ကျောပေါ်မှ ကောင်းကင်ထက်သို့ စီးနင်းလိုက်လေ၏။

တပိုင်က အန်လင်းကို မြင့်မားသောတောင်တစ်တောင်၏ ထိပ်သို့ ခေါ်လာလိုက်၏။ ထိုသည်က စုစည်းညီညွတ်ကျောင်းတော်ကြီးတွင် ပဉ္စမ အမြင့်ဆုံးတောင်၊ ကြက်သွေရောင် နေမင်းတောင် ဖြစ်လေ၏။

ကြက်သွေးရောင် နေမင်းတောင်မှာ အမှန်တကယ်တော့ ထိုမျှအထိ မထူးခြားပါပေ။ ထိုသည်က လပြည့်ဝန်းတောင်လောက်ပင် မလှပပါပေ။ ရှုခင်းမှာလည်း မိုးပြာရောင်အာရုဏ်ဦးတောင်ထွဋ်ထက် ညံ့ပြီး မတ်စောက် မျက်နှာပြင်တောင်ကဲ့သို့လည်း တောင်စောင်း မများလှပါပေ။ ထိုသည်နှင့် ပတ်သတ်၍ ထူးခြားသည့်အရာမှာ ထိုသည်က မည်မျှ သာမန်ဖြစ်သည်သာ ပြောစရာရှိလေ၏။ ထိုကဲ့သို့ဖြင့် ဤတောင်ဆီသို့ လာရောက်ကာ စူးစမ်းကြသော ကျောင်းသားအလွန်နည်းလေ၏။

"ငါ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ။" အန်လင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်လေ၏။

"ရှုခင်း ကြည့်ဖို့လေ။ ဝုတ်..." တပိုင်က ရယ်နောလိုက်၏။

အန်လင်းက လှည့်ပတ်ကြည့်လိုက်ရာ ကျယ်ပြောလှသည့် စိမ်းလန်းသောသစ်ပင်များအပြင် အဝေးမှ အနုစိတ်ဖန်တီးထားသည့် အံ့ဖွယ်နေအိမ်များကို တွေ့ရှိလိုက်၏။ ရှုခင်းက တကယ်ကို လှပပေ၏။

အန်လင်း : "..."

"တပိုင်၊ ငါကို လုပ်စရာမရှိဘူးလို့ထင်နေတာလား။" အန်လင်းက တပိုင်ကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။ "ငါမင်းကို စိတ်ပျက်သွားပြီ..."

"အစ်ကိုကြီး အန်၊ ဒီမှာ တကယ် ကြည့်စရာရှိတယ်။ ဟိုက တောင်ကို ကြည့်လိုက်။ အဲဒါ ဘာတောင်လဲ။ ဝုတ်..." တပိုင်က ကီလိုမီတာ အနည်းငယ်အကွာမှ မြင့်မားသည့် တောင်ကြီးတစ်ခုကို ညွှန်ပြကာ အော်ဟစ်လိုက်၏။

အန်လင်းက တပိုင်ညွှန်ပြရာသို့ ကြည့်လိုက်လေ၏။ "အဲဒါက လပြည့်ဝန်းတောင်လေ...။ ဘာလို့လဲ။"

တပိုင်က သူ့၏ ခြေသည်းများကို လေထုကို ဖြတ်ကာ ခုတ်ပိုင်းလိုက်ရာ မြူနှင်းနှင့် တိမ်တိုက်တစ်ခုက တောင်နှစ်လုံးကြားတွင် ပေါ်လာလေ၏။ ထို့နောက် မြူနှင်းနှင့် တိမ်တိုက်က ရေကန်တစ်ခုကဲ့သို့ လှိုင်းများ ထသွားလေ၏။

ထို့နောက် ချက်ချင်းပင် မြူနှင်းနှင့် တိမ်များက လပြည့်ဝန်းတောင်ပေါ်တွင် ဖြစ်ပွားနေသော မြင်ကွင်းများကို ထင်ဟပ်လာစေ၏။

"တိမ်တိုက်ကြေးမုံသိပ်သည်းဆ ချိန်ညှိခြင်း၊ အမြင်ထောင့် ချိန်ညှိခြင်း၊ မြင်ကွင်းချဲ့ခြင်း၊ ကြည်လင်ပြတ်သားမှု မြှင့်တင်ခြင်း၊ တစ်ဖက်မြင် filterကို အသုံးပြုခြင်း..." တပိုင်သည် မျက်လှည့်ဆရာတစ်ယောက်ကဲ့သို့ သူ့၏ လက်သည်းများကို ဝေ့ယမ်းလိုက်ရာ ပုံတစ်ပုံက တိမ်တိုက်၏ မျက်နှာပြင်ပေါ်တွင် ဖြည်းညှင်းစွာ ပေါ်လာလေတော့သည်။

အန်လင်းသည် ပုံရိပ်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ပြင်းပြင်းရှုလိုက်လေ၏။

တပိုင်က ထပ်မံ၍ ခပ်မိုက်မိုက် ပြုံးလိုက်လေ၏။ "အစ်ကိုကြီး အန်၊ အခုဘာမြင်လဲ ပြောပါအုံး။"

"လ-လမင်း ရေအိုင်..." အန်လင်းက စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

“ဟီးဟီးဟီး…ဒါက ကျောင်းတော်ကြီးတစ်ခုလုံးမှာ အကျော်ကြားဆုံးရေပူစမ်းဖြစ်ပြီး ကျောင်းသူ တော်တော်များများက ညဘက်ရေချိုးဖို့ ဒီကိုလာကြတာ…။ ငါက တိမ်တိုက်ကြေးမုံပေါ်မှာ တစ်ဖက်မြင် filterကို တပ်ထားတာ သူတို့ရဲ့အမြင်မှာ အဲဒါက သာမန်တိမ်တိုက်တစ်ခုလိုပဲ။ ဒါပေမဲ့ ငါတို့အတွက်တော့ ကြည်လင်ပြတ်သားတဲ့ မှန်ဘီလူးနဲ့တူတယ်…” တပိုင်က ညစ်ညမ်းသော အပြုံးဖြင့် ကြွားလိုက်သည်။

သူက အန်လင်းမှာ ဤမြင်ကွင်းကို နှစ်ခြိုက်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားလေ၏။

အန်လင်းက တပိုင် အံ့ဩတကြီး လှည့်ကြည့်လိုက်လေ၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ "ဒါက ရူပဗေဒနဲ့ အင်မော်တယ် မန္တန်တွေကြားက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ...။ အဲဒါက ဉာဏ်ကြီးရှင်ပဲ။"

သူက ရုတ်တရက် ခိုးကြည့်ရသည်ကို အတွေ့အကြုံ မရှိသေးသည့် သူတစ်ယောက်လိုခံစားလိုက်ရ၏။ ဤသည်မှာ သခင်တစ်ဦးက သူ၏ ခိုးကြည့်ခြင်းကို မည်သို့ သဘောထားသည်ဖြစ်လေ၏။

"အစ်ကိုကြီးအန်၊ ဒီရှုခင်းကို ကြိုက်လား။ ဝုတ်..." တပိုင်က အပြုံးကြီးဖြင့် မေးလိုက်လေ၏။

"ငါကြိုက်တယ်။" အန်လင်းက တပိုင်က တလေးတစား ကြည့်လိုက်လေ၏။

"အဲဒါဆို ဒီမှာ ညရောက်အောင် စောင့်ကြတာပေါ့။ ဝုတ်..." တပိုင်က စိတ်အားထက်သန်စွာ ဆက်ပြောလာလေ၏။

အန်လင်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားလေ၏။ "ခဏလေး။ ညဆိုရင် ရှင်းရှင်းလင်း မြင်ရဖို့ မမှောင်လွန်းနေဘူးလား။"

တပိုင်က ခေါင်းခါပြလိုက်လေ၏။ "အဲဒါက ပြဿနာမဟုတ်ပါဘူး။ ငါက အလင်း တိုးချဲ့ခြင်း နည်းစနစ်ကို သုံးလို့ရတယ်လေ။ ပြီးတော့ အရည်အသွေးက အတော်လေး ကောင်းတယ်။ ငါ့ကို ယုံစမ်းပါ။ ငါအဲဒါကို သုံးရက်လုံးလုံး လုပ်ပြီးပြီ။ ဝုတ်..."

အန်လင်းက ခေါင်းငြိမ့်ပြပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားလေ၏။

"တပိုင်... မင်းက သုံးရက်တောင် ခိုးကြည့်ပြီးပြီးလို့ ပြောတယ်နော်။" အန်လင်းက အေးစက်စက် အပြုံးဖြင့် ​မေးလိုက်လေ၏။ "ဘာလို့ အခုမှ ငါ့ကိုတွေးမိတာလဲ။"

တပိုင်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြ လျင်မြန်စွာ ရှင်းပြလိုက်လေ၏။ "ငါ-ငါက မင်းအတွက် အစမ်းလုပ်ပေးနေတာပါ။ ဝုတ်..."

"ဟမ်... စမ်းဖို့က တစ်ရက်ဆို မလုံလောက်ဘူးလား။ ဘာလို့ သုံးရက်ကြာပြီးမှ ငါ့ကို လာခေါ်တာလဲ။ အဲဒါအပြင် စုရှောင်လန်လာပြီး ရေချိုးရင် ဘယ်လိုလုပ်မလဲ။ မင်း သူ့ကိုလဲ ခိုးကြည့်ထားသေးလား။" အန်လင်း၏ အမူအရာမှာ လုံးဝပင် မဲမှောင်လာပြီး သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ဖြာထွက်လာလေ၏။

"အစ်ကိုကြီး အန်၊ ငါသေချာပေါက် အဲ့လို မလုပ်ပါဘူး။ ရှောင်လန်က သုံးရက်အတွင်း ရေလာမချိုးပါဘူး။ လျှိုချင်ဟွမ်၊ စုချန်းရန်နဲ့ တခြားသူတွေလဲ မလာကြပါဘူး။ ငါကြိမ်ပြောပါတယ်။ ငါတို့သိတဲ့ လူတွေကို ခိုးမကြည့်ပါဘူး။ ဝုတ် ဝုတ်..." တပိုင်က သူ့ဘဝက ထိုအပေါ်တွင် မီခိုနေသကဲ့သို့ အသည်းအသန်ရှင်းပြလေ၏။

"အဓိပ္ပာယ်မရှိတာတွေ ပြောတာ ရပ်ပြီး ငါ့လက်သီးစာပဲ စားစမ်း။" အန်လင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

ထန်းထန်းထန်း... ဘန်းဘန်းဘန်း... ချွင်ချွင်ချွင်... ဖောင်းဖောင်းဖောင်း...

အတန်ကြာပြီးနောက် တပိုင်မှာ မြေပြင်ပေါ်တွင် လဲနေပြီး သူ့မျက်နှာ ဆိုးဆိုးရွားရွား အရိုက်ခံရပြီး သူ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ရွှဲနစ်နေပေ၏။

“အကိုကြီး အန်… ငါ မင်းကို သစ္စာစောင့်သိတယ်ဆိုတာ ကျိမ်ပြောရဲပါတယ်” တပိုင်က သနားစရာကောင်းလောက်အောင် ကြွေးကြော်နေလေ၏။ "ဒီလှပတဲ့ ရှုခင်းတွေကို ဝေမျှဖို့ ပထမဆုံးတွေးမိတဲ့လူက မင်းပါ... မင်းငါ့ကို ယုံမှရမယ်... ဝုတ်"

အန်လင်းက တိမ်တိုက်​ကြေးမုံဆီသို့ စူးစိုက်ကြည့်ကာ ဘာမှမပြောပါချေ။

တပိုင်က မြေကြီးပေါ်မှ တွားသွားလာကာ တရှုံ့ရှုံ့ငိုနေလေ၏။ "အစ်ကိုကြီး အန်က မကြိုက်ဘူးဆိုရင်လဲ။ ငါအဲ့ တိမ်တိုက်ကြေးမုံကို အခုပဲ ဖယ်လိုက်ပါမယ်။ ဝုတ်..."

"နေအုံး..." အန်လင်းက အော်လိုက်လေ၏။

တပိုင်က သူ့၏ မျက်ရည်ဝဲနေသော မျက်လုံးကြီးများကို တစ်ဖျတ်ဖျတ်ခပ်လိုက်၏။ "..."

"ညအထိစောင့်ကြည့်တာပေါ့။ ဘာပဲဖြစ်ဖြစ် ငါနည်းနည်း ကြည့်ချင်သေးတယ်။"

အန်လင်းက နောက်ဘက်တွင် လက်ချိတ်ကာ လပြည့်ဝန်းတောင်၏ ပုံရိပ်ကို တည်ငြိမ်စွာ ငေးကြည့်နေလေ၏။

တပိုင် : "..."

------------

All Chapters