လှပသော ရှုခင်း
Vol. 34 Ch. 469
တပိုင်မှာ အန်လင်းကို ကြည့်ကာ အလွန်စိတ်ရှုပ်ထွေးနေလေ၏။
ဆိုတော့ အစ်ကိုကြီးအန်က ရှုခင်းကို ကြိုက်တယ်ပေါ့...။ အဲဒါဆို ဘာလို့ ငါ့ကို ရိုက်တာလဲ...။
တပိုင်က အန်လင်းဘေးတွင်ထိုင်ရင်း တိတ်တဆိတ်မျက်ရည်ကျနေကာ ညအချိန်ရောက်လာရန် ငြိမ်သက်စွာ စောင့်နေလေတော့သည်။
မကြာမီပင် ညအချိန်ရောက်လာလေပြီ။
လှပသော လပြည့်ဝန်းရေကန်ဆီမှ အဖြူရောင် မြူနှင်းတိမ်တိုက်များက လေထုထဲသို့ မြင့်တက်လာကာ သက်ရှိစွမ်းအင်အမြောက်အများက ထိုအရာ၏ ပတ်လည်တွင် ဝန်းရံနေလေ၏။ ထိုသည်က အလွန်ပင်လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေ၏။
လပြည့်ဝန်း ရေအိုင်ပတ်လည်တွင် အလင်းရောင်များ တဖျတ်ဖျတ်ခတ်နေပြီး လပြည့်ဝန်း ရေအိုင်အား ခပ်ဖျော့ဖျော့ ထွန်းလင်နေစေ၏။
အဝေးမှကြည့်ပါက လပြည့်ဝန်းရေအိုင်မှာ တောင်တန်းများဆီသို့ ပြုတ်ကျကာ မေ့လျော့ခံနေရသော တောက်ပလှသည့် လမင်းတစ်စင်းနှင့် တူလှလေ၏။
လရောင် တိုးချဲ့ခြင်း နည်းစနစ်။
တပိုင်က သူ့၏ လက်သည်းများကို ဝေ့ယမ်းလိုက်ရာ လေထဲမှ အဖြူရောင် တိမ်တိုက်များက ပုံစံပြောင်းစပြုလာလေ၏။
အန်လင်းနှင့် တပိုင်တို့နှစ်ဦးက တိမ်တိုက်များအတွင်းမှ မြင်ကွင်းကို စူးစူးစိုက်စိုက် ငေးကြည့်နေကြ၏။
တိမ်တိုက်ကြေးမုံမှာ လှိုင်းဂယက်များထပြီးနောက် ကြည်လင်ပြတ်သားလာကာ သူတို့က ရေပူစမ်းအတွင်း၌ အချင်းချင်းရေပတ်ကာ ဆော့ကစားနေကြသော အမျိုးသမီး တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရလေ၏။
သူတို့၏ မြင်ကွင်းကို မှေးမှိန်စေသော အဖြူရောင် မြူခိုးများ ရှိနေသော်လည်း ရေထဲတွင် ဆော့ကစားနေကြသော ထင်းရှာပြတ်သားလှသည့် ပုံရိပ်များကို မြင်နိုင်နေပါသေး၏။ ထိုသည်က အမှန်တကယ်ပင် ကမ္ဘာပေါ်ရှိ အလှပဆုံးသော ရှုခင်းပင်ဖြစ်ပေ၏...။
အား... ဒါက ကောင်းကင်ဘုံပဲ...။
ရူခင်းက တကယ့်ကို အရမ်းကောင်းလွန်းတယ်...။
"အစ်ကိုကြီးအန်... ဘယ်ကောင်မလေးကို အကြိုက်ဆုံးလဲ။" တပိုင်က စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။
"ဟင်... တိမ်တိုက် ကြေးမုံရဲ့ အလယ်ကနေဆိုရင် နာရီလက်တံ ၂နာရီနေရာမှာ ရှိနေတဲ့ ကောင်မလေး။ သူမက ရင်ဘတ်နဲ့ ရေပွက်အကြီးကြီးတွေ ထအောင်လုပ်နေပြီးတော့ လှုပ်နေတာတွေ့လား..." အန်လင်းက အသိအမှတ်ပြုသော အပြုံးတစ်ခုနှင့် ရှုခင်းကို နှစ်ခြိုက်ခံစားနေလေ၏။
တပိုင်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်၏။ "ကြီးလဲ အကြီးကြီးပဲ။ ဝုတ်..."
"ပြီးတော့ နာရီလက်တံ ၈နာရီက အနက်ရောင် ဆံပင်ရှည်နဲ့ ကောင်မလေးရောပဲ။ သူမရဲ့ ဆံပင်ရှည်တွေက ညင်သာပြီး ကျက်သရေရှိရှိကို ဖြာကျနေတာ။ သူမက တကယ်ကို လှလိုက်တဲ့ မြင်ကွင်းပဲ။" အန်လင်းက နှစ်ထောင်းအားရစွာ ပါးစပ်အဟောင်းသားဖြစ်နေလေ၏။
"အား... သူမက မတ်တပ်ရပ်လာပြီ... ဝုတ်..." တပိုင်က စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏။
ထိုအမျိုးသမီးက မြူနှင်းများအလယ်တွင် မတ်တပ်ရပ်လာကာ အလွန်တောက်ပနေပြီး ပုလဲများသဖွယ် ရေစက်ကလေးများက သူမ၏ ညင်သာလှသော အရေပြားပေါ်တွင် တွဲလဲခိုနေလေ၏။
တပိုင်နှင့် အန်လင်းတို့နှစ်ဦးစလုံးက မျက်လုံးများ ပြူးလာကာ သူတို့၏ နှာတံများမှာလဲ စိတ်လှုပ်ရှားမှုကြောင့် ပွလာလေတော့သည်။
"အွန်း... သူမက မြူအထူဆုံးနေရာကို လျှောက်သွားတာ..." အန်လင်းက စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်လေ၏။
တပိုင်၏ မျက်နှာသည်လည်း စိတ်ပျက်မှုများနှင့် ပြည့်နှက်နေလေ၏။ ကြားဝင်နှောက်ယှက်ခြင်းက သက်ရှိစွမ်းအင်အတက်အကျကို သိသာစေသောကြောင့် သူတို့၏ မြင်ကွင်းကို ပိတ်ကွယ်နေသော မြူနှင်းများနှင့် ပတ်သတ်၍ သူလုပ်နိုင်သည်မှာ မရှိပါချေ။ ထိုကဲ့သို့ စွမ်းအင်အတက်အကျများက ရေပူစမ်းထဲမှ အမျိုးသမီးများ သို့မဟုတ် ကျောင်းစည်းကမ်း အဖွဲ့မှ သတိပြုသွားနိုင်ပေ၏။
"အစ်ကိုကြီး အန် ကြည့်လိုက်။ နောက်ထပ်ကောင်မလေးနှစ်ယောက် ထပ်နေတယ်။ သူတို့ကြည့်ရတာ ထိပ်တန်း အလှလေးတွေနဲ့ တူတယ်။ ဝုတ်..." တပိုင်က စိတ်လှုပ်ရှားစွာ ဘောမလိုက်လေ၏။
အန်လင်းက တပိုင်ညွှန်ပြနေရာသို့ ကြည့်လိုက်ရာ အပြာဝတ်ရုံနှင့် အမျိုးသမီးတစ်ဦးနှင့် ကျောက်စိမ်းဝတ်ရုံဝတ် အမျိုးသမီးတစ်ဦးက ရေပူစမ်းဆီသို့ ဘေးချင်းယှဉ်လျှက် လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ဦးစလုံးမှာ အလွန်အချိုးကျလှသော ခန္ဓာကိုယ်နှင့် ကျက်သရေရှိလှသော ကိုယ်နေဟန်ထားများ ပိုင်ဆိုင်ထားလေ၏။ သူတို့၏ ရုပ်သွင်များကိုမူ မြူနှင်းများ ဖုံးကွယ်နေလေ၏။ သို့သော် ထိုနှစ်ယောက်မှာ ထူးခြားလှသော အလှပဂေးနှစ်ဦး ဖြစ်မည်ဟု သူသေချာပြောနိုင်ပေ၏။
သူက အနည်းငယ် အနီးကပ်ကြည့်လိုက်ရာ သူ့နှုတ်ခမ်းများက ရှုံ့မဲ့သွားလေ၏။
ဒါ... ဒါက သောက်ကျိုးနည်း မင်နက်ကျောက်စိမ်းဝတ်ရုံမဟုတ်ဘူးလားဟ။
ပြီးတော့ အဲ့အပြာရောင် ဝတ်ရုံက... အဲဒါက စုချန်ရန် ခဏခဏ ဝတ်တဲ့ဟာမဟုတ်လား။
"ဟီးဟီး... အစ်ကိုကြီးအန် အဲ့ ကောင်းကင်နတ်မိမယ်နှစ်ယောက်က စောက်ရမ်းမိုက်တယ်နော်...။ သူတို့က အဝတ်ချွတ်ပြီးတော့ မြူခိုးအနည်းဆုံးနေရာကို လျှောက်သွားရင် ငါတို့က သူတို့ရဲ့ အလှတရားတစ်ခုလုံးကို အရသာခံလို့ရပြီ...။" တပိုင်က စိတ်လှုပ်ရှားစွာ အမြှီးရမ်းလိုက်လေ၏။
"ဟမ်... စောက်ရမ်းမိုက်တယ် ဟုတ်လား။" အန်လင်းက တပိုင်ဆီသို့ အေးစက်စက် အပြုံးတစ်ခုနှင့် လှည့်လိုက်လေ၏။
တပိုင်က ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာ၍ တုန်ယင်သွားကာ အဆုံးတွင် သူ့၏ အမွေးများပင် ထောင်လာလေ၏။
သူက အန်လင်းကို ကြောက်ရွံ့စွာ ကြည့်လိုက်လေ၏။ "အ-အကိုကြီး အန် ဘာလုပ်နေတာလဲ။"
ထန်းထန်းထန်း... ဘန်းဘန်းဘန်း... ချွင်ချွင်ချွင်... ဖောင်းဖောင်းဖောင်း...
တပိုင်က တစ်ဖန်ပြန်၍ အသဲအသန် အရိုက်ခံလိုက်ရပြန်၏။ သူက ပက်လက်လှန်၍ လှဲနေကာ သူ့မျက်နှာထက်တွင် မျက်ရည်များ စီးကျနေပေတော့သည်။
"အစ်ကိုကြီးအန်... င-ငါ ဘာအမှားလုပ်မိလို့လဲ။" တပိုင်မှာ စကားအထစ်ထစ်ဖြစ်အောင်ပင် အရိုက်ခံလိုက်ရ၏။
"မင်းရဲ့ စောက်မျက်လုံးတွေကို ဖွင့်ပြီး အဲ့နှစ်ယောက်က ဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း။" အန်လင်းက တိမ်တိုက်ကြေးမုံဆီသို့ ဒေါသတကြီး ညွှန်ပြလိုက်လေ၏။
တပိုင်က မျက်လုံးများဖွင့်ကာ လှမ်းကြည့်လိုက်ရာ ထိုအမျိုးသမီးနှစ်ဦးက အဝတ်အစားချွတ်တော့မည်ကို တွေ့လိုက်ရ၏။ သို့သော် သူက ရှင်းရှင်းရှင်း မမြင်ရခင်မှာပင် တခြားသော ထိုးနှက်ချက် မုန်တိုင်းတစ်ခုကို ခံလိုက်ရလေ၏။
ထန်းထန်းထန်း... ဘန်းဘန်းဘန်း... ချွင်ချွင်ချွင်... ဖောင်းဖောင်းဖောင်း...
တပိုင်က သေလုမျောပါးအရိုက်ခံရပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့၏။ သူ့၏ မျက်ခွံများက ယောင်ကိုင်းနေကာ မျက်လုံးပင် မဖွင့်နိုင်တော့ပါပေ။
"စုရှောင်လန်နဲ့ စုချန်းရန်တို့က အဝတ်အစားတွေ ချွတ်နေကြပြီ။ မင်းကြည့်ရဲသေးတယ်ပေါ့။" အန်လင်းက အော်ဟစ်လိုက်လေ၏။
တပိုင် : "..."
ငါကို စောက်မျက်လုံးတွေ ဖွင့်ဖို့ မင်းပဲ ပြောတာမဟုတ်ဘူးလား။ ငါက ဘာလုပ်ရမှာလဲဟ။
ထိုအချိန်မှာပင် စုရှောင်လန်နှင့် စုချန်းရန်တို့က လပြည့်ဝန်းရေအိုင်၏ အစွန်သို့ရောက်လာလေ၏။ ထိုနေရာမှာ သူတို့က မျက်နှာသုတ်ပဝါနှင့် လဲနိုင်သော မြူခိုးကင်းမဲ့ နေရာဖြစ်လေ၏။
စုရှောင်လန်က အဝတ်အစားလဲတော့မည့်ဆဲဆဲ ဖြစ်၏။ သို့သော် သူမက ရုတ်တရက် အဝေးရှိတိမ်တိုက်ဆီမှ စွမ်းအင်အတက်အကျအနည်းငယ်ကို အာရုံခံလိုက်မိ၏။
"ဟင်..." သာမက ကောင်းကင်မှ တစ်ခုသော တိမ်တိုက်အား စူးစိုက်ကြည့်လိုက်၏။
"ကျောင်းသူ ရှောင်လန် ဘာဖြစ်လို့လဲ။" စုချန်းရန်က သူမ၏ အပြာရောင် မျက်လုံးတောက်တောက်လေးများကို စိတ်ဝင်တစား မျက်တောင်ခတ်လိုက်လေ၏။
"ဘာမှမဟုတ်ပါဘူး။ ငါ့ကိုစောင့်အုံးနော်။ အဝတ်အစားမလဲသေးနဲ့အုံး။ ငါကိစ္စတစ်ခု သွားရှင်းလိုက်အုံးမယ်။" စုရှောင်လန်၏ အမူအရာမှာ အလွန်အမင်း မှုန်မှိုင်းနေပြီး သူမက လပြည့်ဝန်းရေအိုင်မှ အဝေးသို့ တိတ်တဆိတ်လျှောက်သွားလေ၏။
အတော်ကို ထူးချွန်တဲ့ မန္တန်နည်းစနစ်ပဲ...။
ပြစ်မှုကျူးလွန်သူက အနည်းဆုံး စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ဖြစ်နိုင်ပြီး တိမ်တိုက်နှင့် မြူခိုး တာအိုတွင် အလွန်ထူးချွန်လောက်ပေ၏...။
စုရှောင်လန်က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်တွင် မဟုတ်ပါက ထို့ပြင် သူမက လေထု၊ တိမ်တိုက်၊ လျှပ်စီးနှင့် မိုးကြိုးတို့၏ ပြောင်းလဲမှုကို အာရုံခံနိုင်သော စစ်မှန်နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ထားခြင်းမဟုတ်ပါက သူမသည်လည်း တိမ်တိုက်များအတွင်းရှိ စွမ်းအင်အတက်အကျကို အာရုံခံနိုင်မည်မဟုတ်ပါပေ...။
သူမက အေးစက်စွာ ကြိမ်းမောင်းလိုက်၏။ "ရေချိုးနေတဲ့ ကောင်မလေးတွေကို ဘယ်လိုလုပ်ပြီး ခိုးကြည့်ရဲတာလဲ။ နင်တော့ စောစောသေချင်နေတာထင်တယ်။"
တိမ်တိုက် အတက်အကျ စမ်းစစ်ခြင်း၊ ရှုထောင့် စမ်းစစ်ခြင်း၊ အလင်းယိုင်မှု တွက်ချက်ခြင်း...
စုရှောင်လန်က လေထုထဲသို့ ခုန်တက်ကာ ပေါက်ကွဲသံကျယ်ကြီးတစ်ခုက ထွက်ပေါ်လာပြီး သူမ၏ နောက်ကျောတွင် မီးတောက်ဖြူတောင်ပံများ ဖြစ်တည်လေ၏။ သူမက ကြက်သွေးရောင် နေမင်းတောင်ပေါ်သို့ အသံထက်မြန်သော အလျင်ဖြင့် ပျံသန်းသွားလိုက်၏။
ကြက်သွေးရောင် နေမင်းတောင်ပေါ်တွင် အန်လင်းနှင့် တပိုင်တို့ နှစ်ဦးစလုံးက စုရှောင်လန် လေထုကို ဖြတ်သန်းလာသည်ကို ကြောင်ငေးကာ ကြည့်နေကြလေ၏။
"စောက်ကျိုးနည်း။ ပြေးတော့ အစ်ကိုကြီးအန်။" တပိုင်က အော်ဟစ်ကာ လေထုထဲသို့ ပျံသန်းလိုက်လေ၏။
အန်လင်းက သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသော အမျိုးသမီးကို ကြောင်ငေးကြည့်နေလေ၏။ သူ့၏ ဒူးများက ကြောက်လန့်တအား အားပျော့သွားကာ သူ့အား ပြေးနိုင်သည့်စွမ်းရည်ကို ဆုံးရှုံးသွားစေ၏။
သူက စုရှောင်လန်မှာ သူ့အား တွေ့ပြီးသွားသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိနေလေ၏။
သူမ၏ အမူအရာမှာ အံ့ဩမှုမှ ဒေါသတကြီးသို့ ပြောင်းလဲသွားပြီး ဖြစ်၏။
အန်လင်းက ယခုပြေးရန် ရွေးချယ်လိုက်ပါက သူမကို အနာဂတ်တွင် မည်သို့ ရင်ဆိုင်ရမည်နည်း။
သူက အဝတ်လျှော်သည့်အပြား မဟုတ်သေးဘူး ဒူးရင်းသီးပေါ်မှာ တစ်နှစ်လောက် ဒူးထောက်ရင်တောင်မှ သူ့ကိုယ်သူ အဖတ်ဆယ်လို့ ရမည်မဟုတ်သေးပါ။
သူက သူ့၏ အမှားကို ခိုင်ခိုင်မာမာနှလုံးသွင်းကာ စုရှောင်လန်က သူ့ကို ကြင်နာစွာ ခွင့်လွတ်ပေးရန်သာ ဆုတောင်းနေပေ၏။
ဟ-င်... ငါ ဘာလုပ်ရမလဲ။
စုရှောင်လန်မှာ လေထဲသို့ ခုန်တက်လာကာ သူမ၏ မီးတောင်ပံများက ညကောင်းကင်ယံတွင် ကျက်သရေရှိစွာ ဖြန့်ကားနေလေတော့၏။ သူမက အန်လင်း၏ ခေါင်းပေါ်တည့်တည့်သို့ ပျံသန်းလာကာ တပိုင်ကို နှစ်စက္ကန့်အတွင်း မဖမ်းမီတွင် အန်လင်းကို စူးစူးစိုက်စိုက် အကြည့်ပို့လိုက်လေ၏။ ထို့နောက် သူမက သူ့အား ကြက်သွေးရောင် နေမင်းတောင်ပေါ်သို့ တန်းတန်း ကန်လွတ်လိုက်လေတော့သည်။
ဘုန်း...
တပိုင်၏ အမွေးပွပွ ခန္ဓာကိုယ်မှာ အန်လင်း၏ ဘေးမှ တောင်ပေါ်တွင် နစ်မြုပ်နေလေ၏။ သူမျက်နှာထက်တွင် အလွန်ဝမ်းနည်းနေဟန်ကို ဆင်မြန်းထား၏။
ငါက အန်လင်းဆီက အရိုက်ခံပြီးပြီးချင်း ဘာလို့ စုရှောင်လန်ဆီက အရိုက်ခံရတာလဲ...။
အန်လင်းက တပိုင်ဆီသို့ အလွန်သနားသော အမူအရာဖြင့် လှည့်ကြည့်လိုက်၏။ စုရှောင်လန် လက်ကနေပြေးဖို့ကြိုးစားတယ်...။ အလိုက်တာနော်...။
စုရှောင်လန်က သူမကိုယ်ထဲမှာ ဗာမီလီယမ် သွေးမျိုးဆက်ပိုင်ထားသည်ဖြစ်၏။ သူမက ဗာမီလီယမ်မီးတောက် တောင်ပံများကို ဖြန့်ပြီး အရှိန်အပြည့် ပျံသန်းသောအခါတွင် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ပင်မရောက်သေးသည့် တပိုင်ကိုမဆိုနှင့် အန်လင်းပင် သူမဆီမှ လွတ်အောင်ပြေးနိုင်ရန် ခက်ခဲလှပေ၏။
သူမက ကောင်းကင်မှ ဆင်းသက်လာသည့်အခါ စုရှောင်လန်၏ မီးတောင်ပံများက ခွန်အားကြီးစွာလောင်ကျွမ်းနေလေ၏။
လရောင်အောက်ရှိ မာနကြီးလှသော မြင့်မြတ်နတ်သမီးတစ်ပါးကဲ့သို့ သူမက အန်လင်းကို မှုန်မှိုင်းစွာကြည့်ရန်အတွက် သူမ၏ခေါင်းကို မော့ထားလိုက်လေ၏။ "ဟမ်... ရေချိုးနေတဲ့ ကောင်မလေးတွေကို ချောင်းကြည့်နေတယ်...။ နင့်ကို ဘယ်သူက အဲ့သတ္တိပေးလိုက်တာလဲ။"
"တပိုင်ပါ..." အန်လင်းက တပိုင်ကိုညွှန်ပြရင်း တကိုယ်လုံး တုန်ယင်နေလေ၏။
"သူက ရုတ်တရက်ကြီး ဒီည ငါ့ကို ကြက်သွေးရောင် တောင်ထိပ်ပေါ်မှာ ရှုခင်းကောင်းတွေ သွားကြည့်ကြမယ်လို့ လာပြောတာ။ အဲဒါနဲ့ ငါက ဘာမှမသိပဲ သူ့နောက်က လိုက်လာခဲ့တာ။ ပြီးတော့မှ သူက ရေချိုးနေတဲ့ ကောင်မလေးတွေကို ကြည့်နေမှန်းသိတာပါ။ အဲဒါမို့ ဒီနေရာမှာတင် ငါသူ့ကို ရိုက်နေတာ။ နင်သူ့ကိုယ်ပေါ်က ဒဏ်ရာတွေ အကုန်လုံးကို ကြည့်ပြီးပြောလို့ရတယ်။ ငါလိမ်နေတာမဟုတ်ဘူး။" အန်လင်းက ရိုးသားလှပြီး အပြစ်ရှိသော အမူအရာဖြင့် ပြောလိုက်လေ၏။
သေလုနီးပါးဖြစ်နေသော တပိုင် : "..."
---------------