စုရှောင်လန်၏ အဆုံးအဖြတ်
Vol. 34 Ch. 470
တပိုင်မှာ လုံးဝပင် စိတ်ပျက်အားငယ်နေလေ၏။ အန်လင်း၏ ပြစ်ချက်မရှိ အလိမ်အညာမှာ သူ့ကို အလွန်ပင် နာကျင်စေ၏။
ဘာလို့လဲ။ သူတို့နှစ်ယောက်လုံးရဲ့ ရိုက်နှက်ခြင်းခံရပြီးတာတောင်မှ ဘာလို့ စကားနဲ့ ထပ်ပြီး ထိုးနှက်ခြင်းခံနေရတာလဲ။
မတရားဘူး။
တပိုင်က ရုတ်တရက် အကြံကောင်းတစ်ခုကို တွေးမိသွားလေ၏။
"ကောင်းကင် နတ်မိမယ် ရှောင်လန်၊ နင်ထင်တာ မှားနေပြီ။ ငါက အပြစ်ကင်းပါတယ်။ ဒါတွေ အားလုံးက အစ်ကိုကြီး အန်ရဲ့ အကြံတွေပါ။ သူက နောက်ကွယ်က ကြိုးကိုင်သူပါ။ ငါက ကြံရာပါလေးတင်ပါ။"
တပိုင်က အော်ဟစ်ငိုကြွေးကာ ဆက်ပြောလာလေ၏။ "အစ်ကိုကြီးအန်က ဒီတစ်ခုလုံးကို လုပ်ကြံဇာတ်ခင်းထားတာပါ။ တိမ်တိုက် ကြေးမုံထဲမှာ နင့်ကိုမြင်တော့ အစ်ကိုကြီးအန်ကို ခိုးမကြည့်ဖို့ တားပါသေးတယ်။ ဒါပေမဲ့ သူက စိတ်ဆိုးပြီး ငါ့ကို အသေရိုက်တော့တာပဲ။ အစ်ကိုကြီးအန်က ဘာနဲ့တူလဲဆို မသိဘူးလား။ ငါ့ကို ယုံပေးပါ။ ဝုတ်..."
တပိုင်က အန်လင်းကို စိုက်ကြည့်ကာပြောနေလေ၏။
ဟင်း... ဒီပွဲမှာ နှစ်ယောက်လုံး ညစ်နေနိုင်တာပဲ။
စုရှောင်လန် : "..."
အန်လင်းက ခြေထောက်များပင် မခိုင်တော့ပဲ တပိုင်အား လျင်မြန်စွာ အသံကူးပြောင်းပေးလိုက်လေ၏။ "တပိုင်၊ ပါးစပ်ပိတ်ထားစမ်း။ တစ်ယောက်တည်းအရိုက်ခံရတာက နှစ်ယောက်လုံးအရိုက်ခံရတာထက်တော့ ပိုကောင်းတယ်။"
တပိုင်က အေးစက်စွာ ခြိမ်းခြောက်လိုက်၏။ "တာဝန်ဆိုတာ အမြဲတမ်း ဝေမျှပေးမှ ပိုကောင်းတာ။"
အန်လင်း: "..."
သူက စုရှောင်လန်ဆီသို့လှည့်ကာ ရိုးသားခြင်းက သူ့မျက်လုံးထဲတွင် လင်းလက်လာလေ၏။ "ရှောင်လန်၊ ငါက ဘယ်လိုလူမျိုးလဲဆိုတာ နင်သိတယ်မလား။"
"ဟင်း..." စုရှောင်လန်က သက်ပြင်းဖွဖွ ချလိုက်လေ၏။
ထန်းထန်းထန်း... ဘန်းဘန်းဘန်း... ချွင်ချွင်ချွင်... ဖောင်းဖောင်းဖောင်း...
တပိုင်က သူ့ရှေ့မှ အိမ်တွင်းအကြမ်းဖက်မှု မြင်ကွင်းကို ကြည့်ရှုနေရင်း သူ့၏ နှလုံးသားထဲတွင် ဂရုဏာသက်မှု အနည်းငယ်မျှပင် မခံစားရပါချေ။ ထိုအစား သူက ရုတ်တရက် ရယ်ချင်လာလေ၏။
အန်လင်းက မြေပြင်ပေါ်တွင် လဲနေကာ အညိုအမဲများ စွဲနေလေ၏။ စုရှောင်လန်၏ လက်သီးမှာ သူမ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ တက်သွားပြီးနောက်မှ ပို၍ ပြင်းလာသည်ဟု ခံစားလိုက်ရလေ၏။ အမှန်တကယ်ပင် ထိုသည်က သူ့၏ ခန္ဓာကိုယ်က တောင့်ခံရန်လက်ခံသော ပမာဏအထိ တိုးလာခဲ့ပေ၏။
တပိုင်မှာ အန်လင်းအား လှောင်ပြောင်ကာ သူ့၏ ဒဏ်ရာများသို့ ဆားဖြူးတော့မည့်အချိန်မှာပင် လက်ညိုးတစ်ချောင်က သူ့ဆီသို့ လင်းလက်လာလေ၏။ ထို့နောက် သူ့အပေါ်သို့ လက်သီးမိုးများ ထက်မံသွန်းဖြိုးလာပေတော့သည်။
ထန်းထန်းထန်း... ဘန်းဘန်းဘန်း... ချွင်ချွင်ချွင်... ဖောင်းဖောင်းဖောင်း...
တပိုင်က မြေပြင်မှ ကျွင်းတစ်ခုထဲတွင် မျက်ရည်များဖြင့် လဲကျနေလေတော့သည်။ သူက စကားတစ်ခွန်းပင် မဟနိုင်တော့ပါပေ။
သူက အလျင်အမြန် ရေတွက်ကြည့်လိုက်ရာ ဤသည်မှာ သူဒီညအတွင်း အရိုက်ခံရသည့် လေးကြိမ်မြောက်ပင်ဖြစ်၏။
အန်လင်းက သူ့အား နှစ်ကြိမ်ရိုက်ခဲ့ပြီး စုရှောင်လန်သည်လည်း နှစ်ကြိမ်ရိုက်နှက်လာလေ၏။ ဘယ်လောက်တောင် လိုက်ကြသလဲ...။ ဘယ်လောက်တောင် ထပ်တူညီကြသလဲ...။
စုရှောင်လန်က သူမ၏ လက်များကို လက်ခုတ်တီးလိုက်လေ၏။ သူတို့မှာ သူမရိုက်ထားသော ရိုက်ချက်များကြောင့် အနည်းငယ် နီရဲနေလေ၏။ "နင်တို့နှစ်ယောက်က ဘယ်လိုလဲဆိုတာ ငါအသေအချာသိတာပေါ့။ အဲ့တော့ ငါက နင်တို့နှစ်ယောက်လုံးကို မယုံဖို့ဆုံးဖြတ်ပြီးတော့ နှစ်ယောက်လုံးကို ညီညီမျှမျှ ရိုက်ပေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။"
အန်လင်းက ထောက်ခံသည့်ဟန်ဖြင့် သူ့လက်ကို လေထဲသို့ မြှောက်လိုက်လေ၏။ "ကောင်းကင်နတ်မိမယ် ရှောင်လန်က အရမ်း ဉာဏ်ကောင်းတာပဲ။"
တပိုင် : "..."
"နင်တို့ နောက်တစ်ခါ ခိုးကြည့်ရဲရင် နင်တို့ကို ကြိုဆိုနေတာက ငါ့ရဲ လက်သီးအစား နဂါးစာကလေးဓားဖြစ်သွားမယ်နော်။ နင်တို့ကို နောက်တစ်ခါမိလို့ကတော့ သားကြောဖြတ်ပစ်မယ်။" စုရှောင်လန်က အေးစက်စက်အသံဖြင့် သတိပေးလိုက်၏။
သူမက ရုတ်တရက် နဂါးစာကလေးဓားကို ဆွဲထုတ်လိုက်ရာ ကောင်းကင်မှာ လျှပ်စီးနှင့် မီးတောက် ကမ္ဘာကြီးတစ်ခု အဖြစ် ပြောင်းသွားလေ၏။
အန်လင်းနှင့် တပိုင်တို့နှစ်ဦးက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး အေးစက်စက် လေပြည်တစ်ခုက သူတို့အား ဖြတ်သန်းတိုက်ခတ်သွားသည်ကို ခံစားလိုက်ရလေ၏။
"ကောင်းကင် နတ်မိမယ် ရှောင်လန်၊ ဒုတိယအကြိမ် မရှိစေရပါဘူးလို့ ကတိပေးပါတယ်။" အန်လင်းက အရိုအသေပေးလိုက်၏။
"ငါ... ငါလည်း...ကတိပေး... ပါတယ်..." တပိုင်က သေလုမြောပါးအခြေအနေမှ ဦးညွတ်ပြလိုက်လေ၏။
စုရှောင်လန်က လက်ချိတ်စည်းတစ်ချို့ ပြုလုပ်လိုက်ရာ နဂါးစာကလေးဓားမှာ မီတာ ၁၀ကျော် ရှည်လျားပြီး ၂မီတာကျယ်ပြန့်သော ဓားကြီးတစ်ခုအဖြစ်ပြောင်းသွားလေတော့သည်။
"တက်ကြ။" စုရှောင်လန်က အမိန့်ပေးလိုက်လေ၏။
"ဘယ်-ဘယ်သွား မလို့လဲဟင်။" အန်လင်းက စိတ်မအေးစွာ မေးလိုက်လေ၏။
"ငါနင့်တို့ကို အပြစ်ပေး ခန်းမကို ခေါ်သွားမလို့။" စုရှောင်လန်က ပြန်ဖြေလိုက်၏။ "နင်တို့က ပြစ်မှုကျူးလွန်ထားမှတော့ အပြစ်ခံယူဖို့ အသင့်ပြင်ထားကြ။"
အန်လင်း : "..."
တပိုင် : "..."
"ဒါက... ကောင်းကင် နတ်မိမယ် ရှောင်လန်၊ ဒီတစ်ခါလေးတော့ ငါတို့ကို လွတ်ပေးလိုက်လို့ မရဘူးလားဟင်။ ငါတို့က ထိန်းသိမ်းရမဲ့ ဂုဏ်သိက္ခာလဲ ရှိနေသေးတော့..." အန်လင်းက ရိုကျိုးစွာ အသနားခံလိုက်လေ၏။
"ဟမ်... နင့်မှာက သိက္ခာရှိသေးတာလား။ ငါက နင့်ကို ဓားမသုံးတာနဲ့တင် တစ်ထစ်လျော့ပေးထားပြီးပြီလေ။ တက်စမ်းပါ။" စုရှောင်လန်က မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်လေ၏။
စုရှောင်လန်၏ သံလက်သီး စည်းမျဉ်း၏ အောက်တွင် အန်လင်းက စိတ်ဓာတ်ကျစွာ နဂါးစာကလေးဓားပေါ်သို့ တက်ရန်သာ ပြုလုပ်နိုင်ပေတော့သည်။
စုရှောင်လန်၏ အမူအရာမှာ မဲမှောင်လာပြီး မလှုပ်သေးသော တပိုင်ဆီသို့ လှည့်လိုက်လေ၏။ "တပိုင်၊ နင်ဘာလုပ်နေတာလဲ။"
တပိုင်က သနားစဖွယ် အသံလေးနှင့် ပြန်ဖြေလာ၏။ "ငါ... ငါက မလှုပ်နိုင်အောင် ဒဏ်ရာရထားတယ်... ကျေးဇူးပြုပြီး ကူညီပါအုံး... ဝုတ်..."
လေးကြိမ်တိတိအရိုက်ခံရပြီးနောက် တပိုင်က ယခုတွင် ခြေလက်မသန်စွမ်းသူတစ်ဦးကဲ့သို့ အမှန်တကယ် ခံစားနေရ၏။ သူက မည်ကဲ့သို့ ထထိုင်ရမည်နည်း။
"အန်လင်း၊ နင်သူ့ကို ဘာလို့ အရမ်းကြီး ရိုက်လိုက်တာလဲ။" စုရှောင်လန်က ဆူငေါက်လိုက်၏။
အန်လင်း : "..."
တပိုင် : "..."
ကောင်းပြီ...။ နင်မှာ ဒီမှာ အကောင်အကြီးဆုံးပဲဆိုတော့ နင်ဘာပြောပြောမှန်ပါတယ်လေ။
သို့ဖြစ်၍ တပိုင်ကို နဂါးစားကလေးဓားပေါ်သို့ သယ်လာလိုက်ပြီး သူတို့သုံးဦးက ကျောင်း၏အပြစ်ပေး ခန်းမဆီသို့ ပျံသန်းလာခဲ့၏။
...
ကျောင်း၏ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ယန်ရှင်းမှာ ညဆိုင်းဆင်းနေခြင်းရ၏။
သူ့အား စဉ်းစားပေးတတ်လွန်းကာ ကြက်ပေါင်များ ပို့ပေးလားသော သူ၏ နတ်ဘုရားမ ချင်ဝမ်က သူ့အားအလွန်ပျော်ရွှင်စေလေ၏။
ထိုအချိန်၌ လေထုကိုဖြတ်သန်းလာသော ဓားတစ်ချောင်း၏ အသံကို အပြင်မှ ကြားလိုက်ရ၏။ ထို့နောက်ချက်ချင်းပင် သူက အလွန်အမင်း ကျယ်ပြန့်ပြီး အစွမ်းထက်လှသည့် အော်ရာတစ်ခုကို အာရုံခံလိုက်မိ၏။
ဤမျှအထိ အစွမ်းထက်သော အော်ရာတစ်ခုမှာ ကျောင်း၏ ဆရာတစ်ဦးထံမှသာ ခံစားလိုက်ရ၏။
သူက ချက်ချင်းပင် အပြစ်ပေး ခန်းမဆောင်မှ ထွက်လာလေ၏။ ထို့နောက်သူက တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာမဲ့သွားလေ၏။
ကျောက်စိမ်းဝတ်ရုံနှင့် မိန်းမလှလေးတစ်ဦးက အပြင်းအထန် ဒဏ်ရာရကာ အညိုအမဲစွဲနေသော အမျိုးသားတစ်ဦးနှင့် ခွေးတစ်ကောင်ကို တစ်ရွတ်တိုက်ဆွဲလာလေ၏။ သို့အပြင် အမျိုးသားနှင့် ခွေးမှာ အတော်လေး ရင်းနှီးနေလေ၏...။
ငလူး...။ အဲဒါက အန်လင်းနဲ့ တပိုင် မလား...။
ထိုအချိန်တွင် အမျိုးသမီးမှာလဲ ယန်ရှင်းအလွန်ရင်းနှီးနေသော တစ်စုံတစ်ဦးဖြစ်လေ၏။ သူမက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်သွားသော ဒုတိယကျောင်းသူမှလွဲ၍ တခြားသူမဟုတ်ပါပေ။ သူမက ကျောင်းတော်ကြီးတစ်ခုလုံးတွင် ထိပ်တန်း ထူးချွန်သူများထဲမှ တစ်ဦးဖြစ်လေ၏။
သူမက ဒီမှာ ခွေးတစ်ကောင် ယောက်ျားတစ်ယောက်နဲ့ ဘာလုပ်နေတာလဲ။
"စုရှောင်လန်၊ နင် ဘာလုပ်..." ယန်ရှင်းမှာ အနည်းငယ် စိတ်ရှုပ်သွားလေ၏။
"အိုး။ သူတို့က ကိုယ့်အပြစ်ကို ဝန်ခံဖို့ ဒီကို ငါနဲ့အတူလိုက်လာကြတာလေ..." စုရှောင်လန်က ပြန်ဖြေလိုက်လေ၏။ "အင်း... အဲ့လိုမျိုးပဲ။ သူတို့က ကိုယ့်အပြစ်ကို လာဝန်ခံတာဆိုတော့ နည်းနည်းတော့ သက်သက်ညှာညှာ အပစ်ပေးလိုက်ပါနော်။"
"အ-အပြစ်ဝန်ခံဖို့...။ အန်လင်းနဲ့ တပိုင်က ဘာတွေ လုပ်ခဲ့လို့လဲ။" ယန်ရှင်းက အံ့ဩနေလေ၏။
အန်လင်းမှာ ကျောင်းတွင် နံပါတ်၁ နာမည်ကျော် ပုဂ္ဂိုလ်ဖြစ်ကာ သူ့အားအကျဉ်း ချခြင်းမှာ ကပ်ဘေးတစ်ခုထက် မည်သည်မျှ ပိုမည်မဟုတ်ပါပေ။
သူက အန်လင်းအား ဟုန်ဒူနှင့် ရန်ဖြစ်ခြင်းကြောင့် နောက်ဆုံးတစ်ခေါက် ဖမ်းဆီးသည့်အချိန်က နတ်ဘုရားမ ချင်ဝမ်မှာ သူ့အား အဆက်အသွယ် လုံးဝဖြတ်ပစ်တော့မလိုပင် ဖြစ်သွားသေး၏။ အဆုံးတွင် အန်လင်းနှင့် ဟုန်ဒူမှာ အပြစ်ပေးခန်းမတစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်ကြ၏...။
သို့ဖြစ်၍ သူက အန်လင်းအား ထပ်မံကာ အချုပ်ထဲပို့ရန် စိတ်ကူးရုံနှင့်ပင် တုန်လှုပ်ခြောက်ခြားလာလေ၏။
"ရှောင်လန်၊ ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါအုံးနော်။" အန်လင်းက တောင်းပန်လိုက်လေ၏။
စုရှောင်လန်က တုန်ပြန်ကာ ပြုံးပြလိုက်လေ၏။ "အန်လင်းနဲ့ တပိုင်က ရေပူစမ်းမှာ ရေချိုးနေတဲ့ ကျောင်းသူတွေကို ခိုးကြည့်နေကြတာ။ ကျေးဇူးပြုပြီူ သူတို့ရဲ့ အပြစ်အတွက် သင့်တော်တဲ့ အပြစ်ဒဏ် ပေးလိုက်ပါနော်။"
အန်လင်း : "..."
ယန်ရှင်း၏ နှုတ်ခမ်းများမှာ ရှုံ့မဲ့သွားလေ၏။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
သူက စုရှောင်လန်နှင့် အန်လင်းတို့ကြားမှ ဆက်ဆံရေးအကြောင်းကို ကြားထားပြီး ဖြစ်ကာ သူတို့က တာအိုတွဲဖက်များ ဖြစ်လာနိုင်မည့် အခွင့်အရေးအလွန်များသည်ဟု ကောလဟာလများ ရှိလေ၏။
အဲ့တော့... ဤအခြေအနေမှာ မိန်းမက ယောက်ျား အပျော်မယ်ခေါ်အိပ်ခြင်းကို မိသွားသည်နှင့် တူသည်လား။ ထို့နောက် သူ့ကိုယ်သူ ရဲလက်အပ်ရန်အတွက် တွန်းအားပေးခံရသည်လား။
ဤကဲ့သို့ အခြေအနေမျိုးတွင် မိန်းမက ယောက်ျားကို ရိုက်ပြီးရင် အလွတ်ပေးလိုက်တာ သာမန်ပဲ မဟုတ်ဘူးလား။
စုရှောင်လန်က သူ့ကို ရိုက်တာတင်မကပဲ ကိုယ်တိုင် အဖမ်းခံခိုင်းတယ်ပေါ့...။ သူမက ကောင်းကင်ဘုံခုံရုံး၏ စံပြဇနီးမယားဆုကို ရရှိသင့်ပါသည်...။
မော်တယ် ကမ္ဘာမှ drama seriesများအားလုံးက အလိမ်များ ဖြစ်လေ၏။
ယန်ရှင်းက ဘာထပ်ပြောရမည်ကို တကယ်ပင် မသိပါချေ။ သူက ဆက်မပြောခင်တွင် အပြုံးတစ်ခု တွန်းအားပေးဆင်မြန်းလိုက်ပြီး "အာ... စုရှောင်လန်၊ နင်က တကယ်ကို စည်းကမ်းလိုက်နာတဲ့ ကျောင်းသူတစ်ယောက်ပဲ..."
သူက အမှန်တကယ်ပင် အန်လင်းအား မဖမ်းဆီးချင်ပါပေ။ သို့သော် အန်လင်းကိုယ်တိုင်က "သူ့ကိုယ်သာ ထိုးအပ်"နေသောအခါ သူက အလွတ်ပေး၍ မရတော့ပါပေ။
"ဒါပေါ့။ ငါတို့က ဒါမျိုးတွေကို တစ်ခါတည်း အမြစ်ဖြတ်ပေးမှရမှာ။ တခြား ရူးနေတဲ့ နှာဘူးတွေက ဒီလိုပြစ်မှုတွေ ထပ်ပြီး ကျူးလွန်လာရင် သူတို့ကို အဆိုးဆုံး အပြစ်ဒဏ်ပေးပြီး ဖိနှိပ်ထားရမယ်။ သူတို့ကို နောက်တစ်ခါ ဒါမျိုး တွေးကို မတွေးရဲအောင် ပညာပေးရမှာ။" စုရှောင်လန်က မှန်ကန်ဖြောင့်မတ်စွာ ပြန်ဖြေလာ၏။
အန်လင်း : "..."
တပိုင် : "..."
ယန်ရှင်းမှာ လုံးဝပင် ပြောစရာမဲ့နေလေ၏။ သူတို့က တကယ်ပဲ တာအိုတွဲဖက် ဖြစ်ခါနီးတွေလား။ အဲ့အစား သူတို့က ဘာလို့ ရန်သူတွေနဲ့ တူနေရတာလဲ။
"အဟမ်း... ဟုတ်ပါပြီ။ ငါအပြစ်ဒဏ်ကို နည်းနည်းတော့ ပေါ့လျော့ပေးမယ်။ ကျောင်းစည်းကမ်းတွေအရတော့ သူတို့နှစ်ယောက်လုံးကို ၇ရက် အကျဉ်းချသင့်တာ။ ဒါပေမဲ့ အဲ့အစား ငါးရက်နဲ့ပဲ ထားပေးလိုက်မယ်။" ယန်ရှင်းက ကြေညာလိုက်၏။
အန်လင်းနှင့် တပိုင်မှာ သက်ပြင်းချလိုက်လေ၏။ သူတို့၏ အမိန့်တွင် မည်သည့် လျော့ချမှုသည်မဆို ကောင်းမွန်ပေ၏။
"ဟင်... ဒါပေမဲ့ တပိုင်က ထပ်မံကျူးလွန်သူလေ။ သူက ကျောက်ဟွိုင်ရင်နဲ့တုန်းကလဲ ဒါမျိုး လုပ်သေးတယ်...။" စုရှောင်လန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံပေါ်လေ၏။
"အိုး... ဟုတ်သား..." ယန်ရှင်း၏ မျက်လုံးများက အရောင်တောက်လာလေ၏။
"တပိုင်က ထပ်မံကျူးလွန်သူပဲ။ အဲ့တော့ သူ့အတွက်ပြစ်ဒဏ်က နှစ်ဆဖြစ်မယ်။ တပိုင်၊ မင်းက ၁၀ရက် အကျဉ်းချခံရမယ်။" ယန်ရှင်းက အမိန့်ပေးလိုက်၏။
တပိုင်၏ကိုယ်မှာ တုန်ယင်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။ သူ့မျက်နှာထက်တွင် သေလိုသော အမူအရာများ ဖြတ်ပြေးသွားလေ၏။
စုရှောင်လန်က ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်၏။ "ငါဒီမှာ အချိန်တွေ အများကြီး ဖြုန်းလိုက်ပြီးပြီ။ ရေပူစမ်းကို မြန်မြန်ပြန်ရမယ်။ အကျဉ်းချခံနေရတုန်း ပျော်ရွှင်တဲ့ ဘဝလေး ရပါစေနော်။"
သူမက သူတို့နှစ်ဦးအား မိတ်ဆွေဟောင်းများကဲ့သို့ လက်ပြကာ သူမ၏ဓားပေါ်မှ ထွက်ခွာသွားလေ၏။
"တကယ့်ကို မိန်းမပါပဲ။ သူမက လေလိုရောက်လာပြီး ချီးကျူးခြင်းရော ကျော်ကြားခြင်းရောမတောင်းဆိုပဲ ကောင်းမှုတွေ လာလုပ်သွားတယ်..." ယန်ရှင်းက ထွက်ခွာသွားနေသောစုရှောင်လန်၏ ပုံရိပ်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်လေ၏။ ထို့နောက် သူက တခြား ကာကွယ်ရေး ဝန်ထမ်းများကို ခေါ်ကာ အန်လင်းနှင့် တပိုင်တို့အား အပြစ်ပေး ခန်းမဆီသို့ ခေါ်သွားစေလိုက်၏။
သို့ဖြစ်၍ အန်လင်းနှင့် တပိုင်မှာ အပြစ်ပေးခန်းမတွင် ထပ်မံ အဖမ်းခံလိုက်ရလေတော့သည်။
-----------