ထောင်ထဲမှ ဘဝ
Vol. 34 Ch. 471
စုရှောင်လန်က လပြည့်ဝန်း ရေအိုင်သို့ ဓားပျံစီးကာ ပြန်လာလိုက်၏။ သူမက စုချန်းရန်မှာ သူမအား အရင်နေရာ၌ပင် စောင့်နေသေးသည်ကို တွေ့လိုက်ရ၏။
"ကျောင်းသူ ရှောင်လန်၊ နင်သွားတာ ကြာလိုက်တာ။ ဘာဖြစ်လို့လဲ။" စုချန်းရန်က သိလိုစိတ်ပြင်းပြစွာ မေးလိုက်လေ၏။
စုရှောင်လန်မှာ စုချန်ရန်က သူမအား ထိုနေရာ၌ပင် အမှန်တကဟ် စောင့်နေလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။ ထို့ကြောင့် သူမက အနည်းငယ် အားနာသွားရလေ၏။
သူမက အန်လင်း ဘာလုပ်ခဲ့သလဲ ဆိုသည်ကို ပြောတော့မလို့ဖြစ်၏။ သို့သော် သူမက ရုတ်တရက် အန်လင်းအတွက် အနည်းငယ် သိက္ခာအဖတ်ဆယ်ပေးရန် ဆုံးဖြတ်လိုက်ပြီး ဆင်ခြေတစ်ခု လျောက်ပေးလိုက်လေ၏။
စုချန်းရန်သည်လည်း ထိုအကြောင်းကို အမှန်တကယ် ဂရုမစိုက်ပါပေ။ သူမက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြကာ စုရှောင်လန်ကို ရေပူစမ်းဆီသို့ ဆွဲခေါ်သွားလေ၏။
...
ထိုအခိုက်၌ ကျောင်းအပြစ်ပေး ခန်းထဲတွင်...။
"တပိုင်၊ ဒီနေရာက လွမ်းစရာကြီးပဲကွ။ အရင်တုန်းကဆို ဒီနေရာက ငါတို့ပထမဆုံးတွေ့ခဲ့တဲ့ နေရာပဲ။" အန်လင်းက ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်၏။
"တကယ်ပဲ... အရင်တုန်းကဆို နင်က ညစ်ပစ်တဲ့ ကစားနည်းတွေ မသိသေးတဲ့ ဖြူစင်ပြီးတော့ ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ။ လက်ရှိ မရိုးမသား နောက်ကျောဓားနဲ့ထိုးတတ်တဲ့သူနဲ့စာရင် အရင်တုန်းက နင်က အများကြီး ပိုပြီး ချစ်စရာကောင်းခဲ့တာ။" တပိုင်က ဝမ်းနည်းဟန်ဖြင့် ဖြည်းညင်းစွာ ပြောလိုက်လေ၏။
အန်လင်း : "..."
အန်လင်းက တပိုင်မှာ သူ့အားထိုးကျွေးခြင်းကြောင့် နာကျင်နေသည်ကို သိလေ၏။ သို့ဖြစ်၍ သူက နှစ်သိမ့်စကားအနည်းငယ် ပြောလိုက်လေ၏။ "တပိုင်၊ ငါတို့က အခုဆို ရဲဘော်ရဲဘက်တွေလေ။ တစ်ယောက်နဲ့တစ်ယောက် ထိုးနှက်နေစရာ မလိုပါဘူး။ ဝမ်းနည်းစရာတွေ အကုန်လုံးကို မေ့ပစ်လိုက်ရအောင်လေ။"
"ဟင်... ရဲဘော်ရဲဘက်တွေ...။ ငါက ဒီမှာ ၁၀ရက်တောင်နေရမှာလေ။ ငါက ၅ရက်တည်းနေရမဲ့ ကောင်စုတ်တွေနဲ့ စကားမပြောချင်ဘူး။ ဝုတ်..." တပိုင်က ပြောဆိုလိုက်၏။
အန်လင်း : "..."
သူက တပိုင်၏ ဒဏ်ရာများကို သိပေ၏။ ထို့နောက် သူက နွေးထွေးစွာ ပြုံးပြကာ သူ့၏ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ် ဆေးတောင့်တစ်ခုကို ထုတ်လိုက်လေ၏။" တပိုင်၊ မင်းရဲ့ ဒဏ်ရာတွေက နည်းနည်း ပြင်းတာပဲ။ ဒီမှာ စိတ်ဝိညာဉ် ပြန်လည်အားဖြည့် ဆေးတစ်တောင့် သောက်လိုက်။"
တပိုင်က အန်လင်း၏ လက်ကို ပုတ်ထုတ်လိုက်လေ၏။ "သွားစမ်းပါ။ ငါ့မှာ ကိုယ်ပိုင် စိတ်ဝိညာဉ် ဆေးတောင့်တွေ ရှိသားပဲ။ နင့်ဟာကို မလိုပါဘူး။"
သူက စကားပြောရင်းနှင့် သူ့၏ သိုလှောင်လက်စွပ်ထဲမှ စိတ်ဝိညာဉ် ဆေးတောင့်များကို ထုတ်လိုက်ကာ သောက်သုံးလိုက်၏။
ထိုသည်ကို မြင်သောအခါ အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ ဘာပဲဖြစ်ဖြစ် အဲ့စိတ်ဝိညာဉ် ဆေးတောင့်တွေကလဲ သူပေးထားတာပဲမဟုတ်ဘူးလား။ သူက ဘာလို့ အဲဒါတွေကို သူ့ဟာလို့ပြောတုန်းက အရမ်းကို တရားမျှတတဲ့ ပုံပေါက်နေရတာလဲ။
သူက အပြစ်ပေးခန်းမ၏ အနက်ရောင်နံရံများကို လှည့်ပတ်ကြည့်လိုက်လေ၏။ ထို့နောက် သူက သက်ပြင်းခပ်ဖွဖွချကာ ခေါင်းခါလိုက်ရင်း သူ့၏ အကြော်ဒယ်အိုးကို ထုတ်လိုက်လေ၏။
၅ရက် အကျဉ်းချခံရခြင်းက သူ့၏ အစာသွပ်ပေါက်စီ စီးပွားရေးအား ရပ်တန့်သွားစေ၏။
ဒီနေ့အတွက် အကြော်ဒယ်အိုး၏ အရသာတိုးပေးခြင်း အကျိုးကို မသုံးရသေးပေ။ ထိုသည်ကို အလဟသဖြစ်စေရမည်မှာ အလွန်နှမြောစရာကောင်းလှ၏။
တပိုင်မှာ အကြော်ဒယ်အိုးကို မြင်သောအခါ သူ့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မျက်လုံးများအရောင်တောက်လာလေ၏။
"ဘာချက်ရမလဲ..." အန်လင်းက တစ်ကိာယ်တည်း ရေရွတ်လိုက်လေ၏။
"အမဲသား ထမင်းကြော်ချက်။ နွားနတ်ဆိုးဘုရင်ရဲ့ လယ်ထဲက နွားသားပေါက်ကိုသုံးပြီး ထမင်းကြော်လိုက်။ ဝုတ်..." တပိုင်က စိတ်လှုပ်ရှားစွာ အန်လင်းဆီသို့ ခုန်ဝင်လာလေ၏။
အန်လင်း : "... မင်းက စိတ်မဆိုးတော့ဘူးလား။"
"စားပြီးမှပဲ ငါ့ဒေါသတွေကို ပြန်စတော့မယ်။ ဝုတ်..." တပိုင်က ပြန်ဖြေလိုက်၏။
အန်လင်းက လှောင်ရယ်လိုက်၏။ "ဟမ့်..."
တပိုင်က အန်လင်း လက်ထဲမှ အကြော်ဒယ်အိုးကို ကြည့်ကာ အံတင်းတင်း ကြိတ်လိုက်လေ၏။ "ငါစိတ်မဆိုးတော့ဘူး။ အစ်ကိုကြီး အန်၊ ငါက နင့်ကို ဘယ်လိုလုပ်ပြီး စိတ်ဆိုးနိုင်မှာလဲ။ ဝုတ်..."
တပိုင် အန်လင်းအား ရှုခင်းကြည့်ရန် ခေါ်လာရသည့်အကြောင်းအရင်းမှာ သူ့၏ အစာသွပ်ပေါက်စီစားသောက်ခွင့် ပျောက်ဆုံးသွားမည်စိုးသောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် မျက်နှာသာ လိုချင်၍လည်း ဖြစ်ပေ၏။ မည်သို့ဆိုဆို အန်လင်းနှင့် ဆက်ဆံရေးမကောင်းခြင်းက ကောင်းသည့်အချက်မရှိပါပေ။
ထို့အပြင် သူက အန်လင်းမကောင်းသည့်လူဖြစ်ခြင်းအား အသားကျနေပြီ ဖြစ်လေ၏။
အကြော်ဒယ်အိုကြောင့်ဆိုပါက သူ့အား ခွင့်လွတ်နိုင်မည်ဟု ထင်ပါ၏...။
အန်လင်းက ရွှင်မြူစွာ ပြုံးလိုက်လေ၏။ သူ့၏ စိတ်ဝိညာဉ် သားရဲများအား နာခံစေရန်မှာ လွယ်လှပေ၏။ သူလုပ်ရန်လိုသည်မှာ သူတို့၏ အစာအိမ်များကို နာခံရန် ပြုလုပ်စရာလိုပေ၏။
သို့ဖြစ်၍ အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ထဲမှ ပါဝင်ပစ္စည်းတစ်ချို့ကို ထုတ်လိုက်ပြီး အပြစ်ပေးခန်းထဲတွင် အမဲသားထမင်းကြော် စတင်ချက်ပြုတ်လိုက်လေ၏။
...
ယန်ရှင်းမှာ အပြစ်ပေး ခန်းမဆောင်ဆွင် ညဆိုင်းဆင်းနေဆဲဖြစ်လေ၏။
သူက အန်လင်းကို ဖမ်းဆီးပြီးသည့်အချိန်မှစ၍ အန်လင်းက တစ်ခုခုမွှေတော့မည်ဟု ခံစားရကာ အလွန်စိတ်မအေးပဲရှိနေလေ၏။
"ဟင်း... သူက အခြေကျသွားပြီး ဘာမှ မဖြစ်ဘူးလို့ မျှော်လင့်ရတာပဲ...။"
ယန်ရှင်းက တစ်ကိုယ်တည်းရေရွတ်ကာ စားပွဲပေါ်မှ ပေါင်တစ်ချောင်းကို ပျော်ရွှင်စွာ ကောက်ကိုင်လိုက်လေ၏။
ထိုသည်က သူ့အား နတ်ဘုရားမ ချင်ဝမ် ပို့လိုက်သော ကြက်ပေါင်များ ဖြစ်လေ၏။ ကြင်နာတတ်သော စိတ်ရင်းသည်သာ အဓိကဟူသော စကားပုံကဲ့သို့ပင်။ ချင်ဝမ်မှာ သူ့အား ကြက်ပေါင်ပင် ပို့လိုက်ခြင်းမဟုတ်ပါပေ။ သူမက သူ့မစိတ်တစ်ပိုင်းတစ်စကိုလည်း ပို့ပေးလိုက်လေ၏။
သူက ပျော်ရွှင်စွာဖြင့် ကြက်ပေါင်ကို မကိုက်မီတွင် ဂရုတစိုက်ကြည့်လိုက်လေ၏။
သို့သော် ထိုအချိန်မှာပင် အလွန်အမင်း ကောင်းမွန်ရသည့် ရနံ့တစ်ခုက သူ့ဆီသို့ ပျံ့နှံ့လာလေ၏။
"ဒီအနံ့... ဒီအနံ့က ကောင်းလိုက်တာ။"
ယန်ရှင်း၏ မျက်လုံးများက ပြူးကျယ်လာကာ သူက ရနံ့မွှေးပျံ့ပျံ့ကို ရှုသွင်းရင်း တံတေများ မျိုချနေလေ၏။
တခြားသော ကာကွယ်ရေး အဖွဲ့ဝင် နှစ်ဦးသည်လည့် အံ့ဩတကြီးဖြင့် ပတ်ဝန်းကျင်သို့ လျှောက်ကြည့်နေကြလေ၏။
"ဘုရားရေ၊ ငါတော့ ဒီအနံ့နဲ့ ကြက်သီးတွေထလာပြီ။"
"အဲဒါ ဘယ်က ရနေတာလဲ။ ရုတ်တရက်ကြီး ငါအရမ်းဆာလာပြီ...။"
"ပျံ့နှံ့လာတဲ့ အနံ့ကနေပြောရရင်တော့ အဲဒါ အပြစ်ပေး အခန်းတွေထဲကထင်တယ်။"
"အဲဒါက..."
ကာကွယ်ရေး အသင်းဝင်နှစ်ဦးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တံတွေးမျိုချလိုက်လေ၏။
"စားဖိုမှုး နတ်ဘုရား အန်လင်း..." ယန်ရှင်းက ရနံ့ကို ရနိုင်သမျှ ရှုသွွင်းကာ အံ့ဩစွာ ဆိုလိုက်လေ၏။ "သူ့၏ ဂုဏ်သတင်းမှာ အရည်အချင်းမရှိပဲ ကျော်ကြားနေခြင်း မဟုတ်ပါပေ။"
"ဒါပေမဲ့ ငါက စားဖို့ ငြင်းပါတယ်။" ယန်ရှင်းက သူ့လက်ထဲမှ ကြက်ပေါင်ကို ငေးကြည့်ကာ ခပ်ကြီးကြီး ကိုက်ချလိုက်လေ၏။
သို့သော် ကြက်ပေါင်မှာ ရုတ်တရက် အလွန်ပင် အရသာမဲ့သွားလေ၏။
"ဒါ... ဒါက ဆိုးဝါးလိုက်တာ..." ယန်ရှင်းက ကြက်ပေါင်ကို ခက်ခက်ခဲခဲ ဝါးနေရင်း ခါးသက်သက်အမူအရာကို ဆင်မြန်းထားလေ၏။
ချဉ်းကပ်လာသော နီးခြေသံများက ရုတ်တရက် တံခါးဝတွင် ရပ်တန့်သွားလေ၏။
ယန်ရှင်းက ခေါင်းမော့ကာ သူ့၏ မျက်ဆံများက သိသိသာသာ ကျုံ့ဝင်သွားပြီး သူ့ပါးစပ်က အဟောင်းသားပွင့်သွားလေ၏။ "ချင်ဝမ်၊ ငါရှင်းပြပါရစေ..."
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီးက သူမလက်ထဲတွင် စိတ်ဝိညာဉ် သစ်သီးတစ်အိတ်ဖြင့် မတ်တပ်ရပ်နေလေ၏။ သူမ၏ မျက်နှာထပ်တွင် နာကျင်နေသောအမူအရာတစ်ခုရှိနေပြီး မကြာမီပင် အေးစက်စက်လှောင်ပြုံးသို့ ပြောင်းသွားလေ၏။ "ဟင်... ငါ့ရဲ့ ဆိုးဝါးလှတဲ့ ကြက်ပေါင်အတွက် တောင်းပန်ပါတယ်နော်။ အစကတည်းက နင့်ကို ဘာအစားအသောက်မှ မပေးသင့်တာပါ...။"
အမျိုးသမီးက ချက်ချင်းပင် နောက်လှည့် အဝေးသို့ လျင်မြန်စွာ လျှောက်သွားလိုက်လေ၏။
"ခဏလေး။ ချင်ဝမ်၊ ဒါတွေ အကုန်လုံးက နားလည်မှုလွဲတာပါ။" ယန်ရှင်းက သူမနောက်မှလိုက်ကာ အော်ဟစ်လိုက်လေ၏။
"အာ၊ အသင်းခေါင်းဆောင် ငါတို့က တာဝန်ချိန်ကြီး ရှိသေးတယ်။" တခြားသော ကာကွယ်ရေး အသင်းအဖွဲ့ဝင်နှစ်ဦးက အော်ဟစ်လိုက်လေ၏။
သို့သော် ယန်ရှင်းမှာ သူတို့ကို လျစ်လျူရှုကာ ဆက်ပြေးနေလေ၏။
တာဝန်ချိန်ကို ခေါက်ထားစမ်းပါ။ ငါက စောက်ကျိုးနည်း ငါ့ရဲ့ တာအို တွဲဖက်ကို ဆုံးရှုံးတော့မယ်ဟ။
အဲဒါ ထပ်ပြီး အန်လင်းပဲ...။ အမြဲတမ်း အန်လင်းပဲ...။ သူက ဘာလို ငါ့ကို လွတ်ထား မပေးနိုင်ရတာလဲ။
ယန်ရှင်းက အပြစ်ပေးခန်းထဲတွင် ချက်ပြုတ်နေသော အမျိုးသားကို စိတ်ထဲမှ ကြိမ်ဆဲလိုက်ပြီး ချင်ဝမ်နောက်သို့ လိုက်နေလေ၏။
သူ၏ ဟင်းချက်စွမ်းရည်များက ကောင်းပါသော်လည်း...။ တာခြားသူတွေက သူ့နားမှာဆိုရင် ဘယ်လိုလုပ်ပြီး ဟန်ကိုယ့်ဖို့ကို ထိန်းထားနိုင်မှာလဲ။
ကျန်ရစ်သော ကာကွယ်ရေး အသင်းဝင်နှစ်ဦးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဆက်လက် ကင်းစောင့်နေလေတော့သည်။
အမဲသားထမင်းကြော်မှ ရနံ့မှာ သူတို့၏ နှာခေါင်းများကို မကြာခဏ လာမြူစွယ်ပြီး သူတို့က သားရေမကျအောင် အဆက်မပြတ်တိုက်ခိုက်နေရပေ၏။
"ကောင်းလိုက်တာ"၊ "အရသာရှိလိုက်တာ" ဟူသော စကားလုံးများက အပြစ်ပေးခန်းဆီမှ ဆက်လက်ထွက်ပေါ်နေလေ၏။
တပ်ဖွဲ့ဝင်နှစ်ဦးစလုံးသည် မတွန်းလှန်နိုင်သော ဆာလောင်ခြင်းနှင့် ရေငတ်ခြင်းကို ကြုံတွေ့နေရလေ၏...။ ဤသည်မှာ မည်သည့် သာမန်လူတစ်ယောက်မှ ခံနိုင်ရည်မရှိသည့် ခံစားချက်တစ်ခုဖြစ်လေ၏။
သူတို့က ဆေးချက်နေကြတာလား။ အဲဒါ ဆေးပဲ ဖြစ်ရမယ်။ ဟုတ်တယ်။
သို့ဖြစ်ရာ ကာကွယ်ရေး အသင်းအဖွဲ့ဝင်နှစ်ဦးက ထာဝရနှိပ်စက်မှုကို တောင့်ခံနေရလေ၏။
အချိန်တစ်ခုအကြာတွင် ယန်ရှင်းမှာ သူ့၏ ခုံသို့ ပြန်လာပြီဖြစ်လေ၏။ သူ့မျက်လုံးများမှာ မျက်ရည်များ ပြည့်နေကာ ကြက်ပေါင်များကို ကိုက်စားနေပြီး ခေါင်းမာမာဖြင့် ထိုသည်များ ပြုတ်ကျရန် ငြင်းဆန်နေပေ၏။
ကာကွယ်ရေးအသင်းဝင်များမှာ သူတို့ကိုယ်သူတို့ အတော်လေး သနားနေကြသော်လည်း ယန်ရှင်းကို တွေ့ပြီးနောက် ရုတ်တရင် အတော်လေး ခံစားလို့ကောင်းလာပေ၏။
ဟမ့်... အဆင်ပြေပါတယ်။ ကြည့်ရတာ အသင်းခေါင်းဆောင်က ငါတို့ထက်တောင် ပိုခက်ခဲတဲ့ပုံပဲ။
------------