ဖြစ်အံ့ဆဲဆဲ ဘေးဒုက္ခ
Vol. 34 Ch. 472
ငါးရက်အကြာတွင် အန်လင်းက တပိုင်အား အူလှိုက်သည်းလှိုက် နှုတ်ဆက်လိုက်လေ၏။ "တပိုင်၊ ငါမင်းကို အပြင်က စောင့်နေမယ်နော်။"
ကျောင်းကာကွယ်ရေးအဖွဲ့ဝင်များက အန်လင်းကို မျက်ရည်များ စီးကျကာ နှုတ်ဆက်လိုက်လေ၏။ သူတို့က နေ့တိုင်း သူ့၏ အပြစ်ပေးခန်းမှ ထွက်လာသော ကြောက်မက်ဖွယ် မွေးပျံ့လှသည့် ရနံ့ကြောင့် ရူးသွပ်လုနီးပါးဖြစ်အောင် နှိပ်စက်ခံရပြီး ဖြစ်လေ၏။ အန်လင်းက စည်းကမ်းလိုက်နာသည့် ပြည်သူဖြစ်ကာ မည်သည့်အခါမှ ပြန်မလာတော့စေရန်အတွက် သူတို့၏ ကံကောင်းစေသည့် ကြယ်များကိုသာ ဆုတောင်းနေနိုင်ပေ၏။
အန်လင်းက အပြစ်ပေး ခန်းမဆီမှ ထွက်လာပြီး စုရှောင်လန်က သူ့အားလာမကြိုသည်ကို တွေ့တွေ့သာအခါ အနည်းငယ်စိတ်ပျက်သွားလေ၏။
ထိုအစား သူက ချစ်စရာခွေးသေးသေးလေး ...ခဏ...မဟုတ်သေးပါဘူး အဲဒါ လျန်လေးပဲ။
နှင်းကဲ့သို့ ဖြူလှသော အဖြူရောင် ဝံပုလွေလေးက မျက်ရည်ဝိုင်းနေသည့် မျက်လုံးကြီးများကို ဖွင့်ကာ အမြီးယမ်းပြီး အန်လင်းကို နာခံစွာ စောင့်မျှော်နေလေ၏။
"ပြန်ကြိုဆိုပါတယ် သခင်။ သခင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အားထုတ်မှုကြီးမအောင်မြင်ခဲ့ပေမဲ့ လျန်လေးက သခင့်နောက်ကို ထပ်ကြပ်မခွာလိုက်ပြီးတော့ သခင်သတိပြုစရာ အခိုက်အတန့်တိုင်းအတွက် အသက်ပေးဖို့ ဆန္ဒရှိပါတယ်။" အကြေးခွံဖြူ ဝံပုလွေ နတ်ဘုရားက မျက်နှာလို မျက်နှာရ ကြေညာလိုက်လေ၏။
အန်လင်း : "..."
လျန်လေးရဲ့ ကျင့်ကြံခြင်းက မြှောက်ပင့်တဲ့နည်းလမ်းများလား။
အန်လင်းက သူ့အခန်းဆီသို့ ပြန်ရောက်သောအခါ မမျှော်လင့်ထားသော ဧည့်သည်က တံခါးဝတွင် စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေ၏။
"မင်္ဂလာပါ ကျောင်းသား အန်လင်း။ မင်း ဒီနေ့ ပြန်လာမှာ ငါသိသားပဲ။ အဲဒါကြောင့် ငါဒီမှာ မင်းကို စောင့်နေတာ။" လန်းဆန်းလှသော ဟန်ပန်ဖြင့် ချောမောလှသည့် အမျိုးသားတစ်ဦးက အန်လင်းကို အပြုံးလေးဖြင့် လက်ပြလိုက်လေ၏။
"ဆရာ မင်ယွမ်..." အန်လင်းက တအံ့တဩ ဆိုလိုက်ပြီး နှစ်လိုသော အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။ "ဆရာက ပျက်ပြယ်ခြင်းအဆင့် ထိုးဖောက်နိုင်သွားပြီပေါ့...။"
"ဟားဟား... ငါထိုးဖောက်ခြင်း လုပ်နိုင်တာက ကျောင်းသားအန်လင်းရဲ့ ကျေးဇူးတွေကြောင့်ပါ။" ကောင်းကင် အင်မော်တယ် မင်ယွမ်က တည်ငြိမ်လှသော ဟန်ပန်ဖြင့် ခပ်ဖွဖွ ပြုံးလိုက်လေ၏။
"ကျွန်တော်က အဲ့လိုမျိုး နာမည်မခံယူရဲပါဘူးဗျာ။ ဆရာ ထိုးဖောက်မှုလုပ်နိုင်တာက ဆရာ့ရဲ့ ထူးခြားလွန်းတဲ့ ပါရမီကြောင့်ပါ။" အန်လင်းက လက်ကို ဝေ့ယမ်းပြလိုက်၏။
ထို့နောက် သူက ကောင်းကင် အင်မော်တယ် မင်ယွမ်ရှေ့တွင်ထိုင်ကာ သူ့၏ သိုလှောင်လက်စွပ်ထဲမှ အစာသွပ်ပေါက်စီအပြည့်ပါသော ပေါင်းအိုးကို ထုတ်လိုက်လေ၏။
"မဟုတ်ဘူး… ဒါတွေအကုန်လုံးက မင်းရဲ့ ကျေးဇူးတွေကြောင့်ပါ…။ ပိုလေးနက်တဲ့ ရှုထောင့်ကနေကြည့်မယ်ဆို ဒါက ကံကြမ္မာပဲ...” ကောင်းကင် အင်မော်တယ် ယမ်ယွမ်သည် အစာသွပ်ပေါက်စီတစ်လုံးကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်ရာ သူ့မျက်နှာထက်တွင် အံ့ဩဟန်ပေါ်လာပြီး ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ “ဒီပေါက်စီတွေကို အတော်လေး ကြိုက်နေပြီ…”
အန်လင်း : "... အဲဒါဆိုလဲ နည်းနည်း ထပ်စားပါအုံး။"
ကောင်းကင် အင်မော်တယ်မင်ယွမ်က လာရင်းကိစ္စကို မပြောမီတွင် ပေါင်းအိုးတစ်ခုလုံးကို လျင်မြန်စွာ အပြတ်ရှင်းပစ်လိုက်၏။
"ငါထိုးဖောက်ခြင်း မလုပ်ရသေးခင်တုန်းက ငါပျက်ပြယ်ခြင်းအဆင့်ကို ထိုးဖောက်နိုင်ရင် မင်းကို လက်ဆောင်တစ်ခုပေးမယ်လို့ ပြောခဲ့တယ်မလား။ ငါက ကတိတည်တတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တာမို့ မင်းက ဒီပုတီးစေ့ကို လက်ခံမယ်။" ကောင်းကင်အင်မော်တယ် မင်ယွမ်က အန်လင်းကို ပုတီးအဖြူတစ်ခု လက်ဆောင်ပေးလိုက်၏။
"ဒါက..." အန်လင်းက ပုတီဆီမှ မည်သည့် ရှင်းလင်းသည့် စွမ်းအင်အတက်အကျကိုမှ အာရုံခံမရပါပေ။ သို့ဖြစ်၍ ထိုသည်မှာ စိတ်ဝိညာဉ် လက်နက်ရော အင်မော်တယ် လက်နက်ရော မဟုတ်သည့် အထူးပစ္စည်းတစ်ခု ဖြစ်ပေလိမ့်မည်။
"အဲဒါက ငါ့ရဲ့ ရှေ့ဖြစ်ဟော တာအိုကို သိပ်သည်းစေပြီးတော့ ငါပြုလုပ်ထားတဲ့ဟာပဲ။ ငါအဲဒါကို မင်ယွမ်ပုတီးစေ့လို့ နာမည်ပေးထားတယ်။ မင်းက မင်းရဲ့ သက်ရှိစွမ်းအင်ကို ပုတီးထဲကို သွင်းလိုက်ရင် အဲဒါက နောက်ဆယ်ရက်အတွင်း မင်းရဲ့ ကံကြမ္မာကို ပြောပြလိမ့်မယ်။" ကောင်းကင် အင်မော်တယ် မင်ယွမ်က ရှငးပြလိုက်၏။
အန်လင်းက ချက်ချင်းပင် အထူးစိတ်ဝင်စားသွားလေ၏။ ဤသည်က အလွန်ပင် အသုံးဝင်သော ပစ္စည်းပင်။
"အဲဒါက တစ်နေ့ကို တစ်ကြိမ်ပဲ သုံးလို့ရတာနော်။ ပြီးတော့ သူက သက်ရှိစွမ်းအင်အများကြီး ကုန်စေလို့ မင်းသုံးရင် သတိထားသုံး။" ကောင်းကင်အင်မော်တယ် မင်ယွမ်က သူ့၏သက်ရှိစွမ်းအင်ထဲသို့ ထိုးသွင်းလိုက်လေ၏။
ထို့နောက် မင်ယွမ်ပုတီးမှာ အဝါရောင်တောက်ပလာလေ၏။
"အရောင်တွေက မင်းရဲ့ ကံကြမ္မာကို ကိုယ်စားပြုတယ်။ အဝါရောင်က သာမန်ကံကိုကိုယ်စားပြုတယ်။ အစိမ်းရောင်က ကံကောင်းခြင်း။ အနီရောင်က ကံဆိုးခြင်းကို ကိုယ်စားပြုတာ။ မင်းလဲ လုပ်ကြည်လေ။" ကောင်းကင် အင်မော်တယ် မင်ယွမ်က စကားပြောရင်း မင်ယွမ်ပုတီးကို အန်လင်းဆီကမ်းပေးလိုက်၏။
အန်လင်းက ပုတီးကို အပြုံးလေးဖြင့် လက်ခံလိုက်၏။ "အနီ၊ အဝါ၊ အစိမ်း ဟုတ်လား။ မီးပွိုင့်လို့ ခံစားရတယ်။"
ကောင်းကင် အင်မော်တယ် မင်ယွမ်က ရယ်မောကာ တုံ့ပြန်လိုက်၏။ "ဟုတ်တယ်။ တကယ်တော့ ငါလဲ တကယ်ကို မော်တယ်ကမ္ဘာရဲ့ မီပွိုင့်ကနေပြီးတော့ အကြံရသွားတာပဲ။"
အန်လင်း : "..."
အန်လင်းက သူ့၏ သက်ရှိစွမ်းအင်ကို မင်ယွမ်ပုတီးထဲသို့ ထိုးသွင်းလိုက်ရာ အလွန်းအမင်း အစွမ်းထက်လှသော စုပ်ယူစွမ်းအားက သူ့၏ စွမ်းအင် အများအပြားကို ပုတီးထဲသို့ ဆွဲယူသွားလေ၏။ ထို့နောက် လှိုင်းငယ်ကလေးတစ်ခုက ပုတီးမှ ဖြာထွက်လာကာ ကောင်းကင်၊ မြေကြီးတို့နှင့် ရောနှောသွားလေ။
မင်ယွမ်ပုတီးမှာ ခရမ်းရောင် လင်းလက်လာလေ၏။
သုံးရောင်ပဲ ရှိမဟုတ်ဘူးလား။
အန်လင်းက စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်တောင်ခပ်လိုက်လေ၏။ "ဆရာ၊ ခရမ်းက ဘာဆိုလိုတာလဲ။"
ကောင်းကင် အင်မော်တယ် မင်ယွမ်က သက်ပြင်းတစ်ချက်ချကာ ရုတ်တရက် အလွန်သနားသွားပြီး အန်လင်းဆီသို့ ကြည့်လိုက်လေ၏။ "အဲဒါက အနီးရောင်အရမ်းရင့်သွားတဲ့ အရောင်ပါ။"
အန်လင်း : "..."
"အဲ့... အဲဒါက ကျွန်တော်တော့ ဒုက္ခရောက်ပြီလို့ ဆိုလိုတာလား။" အန်လင်းက ရုတ်တရက် အနည်းငယ် အေးလာသည်ဟု ခံစားလိုက်ရ၏။
"အဆင်ပြေပါတယ် ကျောင်းသား အန်လင်း။ ကံကြမ္မာဆိုတာ ကျောက်သားမှာအသေထိုးထားတဲ့ အရာမဟုတ်ပါဘူး။ မင်းက မင်းရဲ့အနာဂတ်ကို ပြောင်းလို့ရပါတယ်။" ကောင်းကင် အင်မော်တယ်က အတည်ပေါက်ဖြင့် ပြန်ဖြေလာ၏။
"ဘယ်လိုလုပ်ပြီးလဲ...။" အန်လင်းက အလျင်အမြန်ပင် မေးလိုက်လေ၏။
ကောင်းကင် အင်မော်တယ် မင်ယွမ်က ပြန်မဖြေမီ အတန်ကြာအောင် တိတ်ဆိတ်သွားလေ၏။ "အဲဒါက အသေးစိတ်ပြောပြဖို့တော့ နည်းနည်းရှုပ်ထွေးတယ်။ ဥပမာပြောပြမယ်။ မင်းက မနက်ဖြန် သေမယ်လို့ ကံပါတယ်ပဲ ထားပါစို့ကွာ။"
"တခြား ဥပပာပြောင်းသုံးလို့ ရမလား။" အန်လင်းက ဆိုလိုက်၏။
"ဟုတ်ပြီ။ မင်းက မနက်ဖြန် သေဖို့ ကံပါလာတယ်ပဲ ဆိုပါစို့။" ကောင်းကင်အင်မော်တယ် မင်ယွမ်က ဆိုလိုက်ပြန်၏။
အန်လင်း : "..."
"စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကြီးတစ်ခုလုံးအပေါ်ကို ကျလာပြီး ဘယ်သူမှ အသက်မရှင်စေဘဲ ဒီမျောလွင့် ကုန်းမြေကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်မည့် အရမ်းကိုကြီးတဲ့ ဥက္ကာခဲတစ်ခု ရှိတယ်ဆိုပါစို့။ ဒီလိုအခြေအနေမျိုးမှာ အဲ့ဉက္ကာခဲ ကြွေမဲ့နေ့တွေမှာ မင်းက အလုပ်ကို ကြိုးစားပြီး ကျင့်ကြံရင်ပဲဖြစ်ဖြစ်၊ အတန်းလစ်ပြီး အဆောင်မှာပဲနေနေ၊ ဒါမှမဟုတ် ဘေးကင်းတယ်လို့ ထင်ရတဲ့ ကျောင်းထဲက တစ်နေရာရာမှာ ပုန်းနေမယ်ဆိုဆို ဘာမှအရေးမကြီးဘူး။ မင်းဘာပဲလုပ်လုပ် သေချာပေါက်ကို သေမှာပဲ။"
"အဲဒါကို ကံကြမ္မာစီးဆင်းမှု inertiaလို့ခေါ်တယ်။ သေဆုံးခြင်းက အရာအားလုံး ပေါင်းစုံမဲ့ နေရာတစ်ခုဖြစ်လာတာ။ မင်းဘာပဲလုပ်လုပ် အဲ့ဒီ့ရှောင်လွဲမရတဲ့ တူညီတဲ့ရလာဒ်ဆီကိုပဲ ဦးတည်သွားပြီးတော့ ရလာဒ်ကိုမပြောင်းလဲနိုင်ဘူး။"
"မင်းက အဲ့ရလာဒ်ကနေ လွတ်မြောက်ချင်တယ်ဆိုရင် ကံကြမ္မာရဲ့ အတားအဆီးတွေကို လုံးလုံးလျားလျား ချိုးဖျက်နိုင်ဖို့ ပြင်းထန်တဲ့ အပြောင်းအလဲတစ်ခု လုပ်ရမယ်။"
"ဥပမာအားဖြင့်၊ မင်းက အရမ်းရှေးရိုးဆန်ပြီး အတန်းတက်ဖို့ စီစဉ်ထားပေမဲ့ ရုတ်တရက်ကြီး အရှေ့ပင်လယ်ကို အားလပ်ရက်အတွက် သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဘယ်သူ့ကိုမှ မပြောဘဲ ချက်ချင်းသွားဖို့ဆုံးဖြတ်လိုက်မယ်။ အဲဒါကြောင့် မင်းရဲ့ ရှေးရိုးစွဲစရိုက်ကို လုံးဝဆန့်ကျင်လိုက်တာပဲ။ အဲ့လိုအခြေအနေမျိုးမှာ ပြင်းထနန်တဲ့ ပြောင်းလဲမှုက မင်းဥက္ကာပျံကိုရှောင်ဖို့ စီစဉ်ထားသလိုမျိုး မင်းရဲ့ မူလ ကံကမ္မာကနေလွတ်မြောက်စေလိမ့်မယ်။"
"ဒါမှမဟုတ်လဲ မင်းက ရုတ်တရက်ကြီး ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကနေ တာအိုပေါင်းစပ်ခြင်းအဆင့်ကို အရမ်းကို မြန်မြန်ကြီးတိုးတက်သွားတာမျိုးပေါ့။ အဲဒါဆို မင်းက ဉက္ကာပျံထိုးနှက်ချက်ကနေပြီးတော့ အသက်ရှင်နိုင်လိမ့်မယ်..."
"ပိုပြီး အင်တိုက်အားတိုက်နဲ့ ကျိုးကြောင်းမဆီလျော်တဲ့ ပြောင်းလဲမှုတွေ လုပ်လေလေ မင်းရဲ့ ကံကြမ္မာက ပိုပြီး ပြောင်းလဲနိုင်လေလေပဲ။"
အန်လင်းက ကောင်းကင်အင်မော်တယ် မင်ယွမ်၏ စကားများကို မှတ်သားရင်း ခေါင်းငြိမ့်ပြလိုက်လေ၏။
အနီရောင်အလွန်များပြားလှ၍ ခရမ်းရောင်ပင်ဖြစ်သွားသော သူ့ကဲ့သို့ ကံကြမ္မာအတွက် မူရင်း ကံတထားကို ရှောင်လွှဲရန်အတွက် အလွန်ကြီးမားသေား ပြောင်းလဲမှုကြီးတစ်ခု ပြုလုပ်ရန် လိုနေသည်ဖြစ်နိုင်ပေ၏...။
"အကောင်းဆုံး ကြိုးစားပါ ကျောင်းသား အန်လင်း။ မင်းက ငါတွေ့ဖူးသမျှထဲမှာ ခန့်မှန်းရအခက်ဆုံး သူပဲ။ မင်းက ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ်လို့ ငါယုံတယ်။" ကောင်းကင် အင်မော်တယ် မင်ယွမ်က ရုတ်တရက် အန်လင်း၏လက်ကို ဆွဲကာ အားပေးစကားဆိုလိုက်၏။
အန်လင်းက ခေါင်းငြိမ့်ပြလိုက်လေ၏။ "စိတ်မပူပါနဲ့။ ကျွန်တော်က အခုပဲ လစန္ဒာနန်းတော်ကို သွားတော့မှာ။"
"ဘာ... မင်းက ဘာလုပ်ဖို့ ကြံနေတာလဲ။" ကောင်းကင် အင်မော်တယ် မင်ယွမ်က အန်လင်းကို အံ့ဩတကြီး ငေးကြည့်နေလေ၏။
"ဟီးဟီး... ချန်အယ်က လစန္ဒာနန်းတော်မှာ မကျော်လွှားနိုင်တဲ့ ဖြစ်တည်မှုလေ။ ကျွန်တော်အဲ့ကို ၁၀ရက်လောက်သွားပြီး ပုန်းနေမလို့။ အဲဒါဆို သူမက ကျွန်တော့်ကို ကြုံလာနိုင်တဲ့ ကံကြမ္မာဆိုးတွေကနေပြီးတော့ ကာကွယ်ပေးလိမ့်မယ်။" အန်လင်းက ပြန်ဖြေလိုက်၏။
ကောင်းကင် အင်မော်တယ် မင်ယွမ် : "..."
ကောင်းကင် အင်မော်တယ် မင်ယွမ်က တိတ်ဆိတ်သွားလေတော့သည်။
အန်လင်း၏ အကြံမှာ ဖြစ်နိုင်သည်ဟုထင်ရသော်လည်း သူက တစ်ခုခုမှားနေသည်ဟု ခံစားနေရ၏။
"အဲဒါဆိုလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်နော် ကျောင်းသား အန်လင်း။" ကောင်းကင် အင်မော်တယ် မင်ယွမ်က မတ်တပ်ရပ်ကာ နှုတ်ဆက်ဟန်ဖြင့် လက်အမူအရာပြုလုပ်လိုက်လေ၏။
အန်လင်းက မတ်တပ်ရပ်ကာ ကောင်းကင် အင်မော်တယ် မင်ယွမ်အား တံခါးဆီသို့ လိုက်ပို့ပေးလိုက်ပြီး သူ့၏ အခန်းဆီသို့ ပြန်လာလိုက်လေ၏။
သူက ခေတ္တတုံ့ဆိုင်းနေပြီးနောက် ဗာမီလီယမ်ငှက် ကြေးမုံကို ထုတ်လိုက်လေ၏။ "မှန်လေးရေ ငါ့လက်ထဲက မှန်လေးရေ၊ နောက်ရက်အနည်းငယ်အတွင်း ငါ့ရဲ့ ကံကြမ္မာကို ပြောပြစမ်းပါအုံး...။"
"သခင်၊ ငါက အတိတ်နဲ့ ပစ္စုပ္ပန်က အဖြစ်အပျက်တွေကို သိမြင်နိုင်တဲ့ ကြေးမုံပါ။ ရှေ့ဖြစ်ဘယ်လိုဟောရမလဲ ငါမသိဘူး။" ဗာမီလီယမ်ငှက်ကြေးမုံက အထင်အမြင်သေးသော အသံဖြင့် ပြန်ဖြေလိုက်၏။
"ဟင်း... ချန်အယ်ရဲ့ ခွန်အားက လစန္ဒာနန်းတော်မှာဆို တိုးသွားတယ်လို့ကြားတယ်။ ကျေးဇူးပြုပြီး သူမက လစန္ဒာနန်းတော်မှာဆို ဘယ်လောက်ထိ အစွမ်းထက်လဲ ငါ့ကို ပြောပြပေးနိုင်မလား။" အန်လင်းက မေးလိုက်၏။
"လစန္ဒာနန်းတော်ထဲမှာ သူမရဲ့ ခွန်အားကို တိုးချဲ့လိုက်ရင် သူမက တာအို ပေါင်းစည်းခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တွေကိုတောင် ကြောက်မှာမဟုတ်ပါဘူး။" ဗာမီလီယမ်ငှက်ကြေးမုံက ပြန်ဖြေလိုက်၏။
အန်လင်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေ၏။ "ဟင်း... အမချန်အယ်နဲ ယွဲ့တုကို မတွေ့ရတာတောင်ကြာနေပြီ။ သူတို့ဆီ သွားလည်ဖို့ အချိန်ပဲ။"
ဗာမီလီယမ်ငှက်ကြေးမုံ : "..."
----------------