ရှေးဟောင်းထိုက်ချူနယ်မြေ
Vol. 34 Ch. 473
အန်လင်းက နှောင့်နှေးနေလို့မရပဲ လစန္ဒာနန်းတော်သို့ ချက်ချင်း ထွက်ခွာရမည်ဟု ခံစားလိုက်ရ၏။
ထိုသို့ရောက်သည်နှင့် သူက အစ်မချယ်အယ်၏ ခွန်အားကြီးအင်္ကျီစကို ဆွဲလိုက်ပါ အရာရာအဆင်ပြေသွားနိုင်ပါ၏။
အန်လင်းက သူ့၏အဆောင်မှထွက်လာကာ သူ့အုတ်ခဲနှင့် လေထဲသို့ ပျံသန်းလုဆဲဆဲတွင်...။
ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် လှိုင်းဂယက်များထလာပြီး အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ သူ့ခန္ဓာကိုယ်အား ရိုက်ခတ်သွားလေတော့သည်။ ထိုသည်က အကွာအဝေးစွမ်းအင်များ အပြည့်ပါနေသော အလင်းတိုင်ကြီးပင်ဖြစ်၏။
အန်လင်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူက ရုတ်တရက် ခရမ်းရောင် ရှေ့ဖြစ်ဟော အဖြေကို သတိရသွားလေ၏။
ငလူး...။ ဒါက ရန်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုတော့မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ သူ့ကို ကောင်းကင်ဘုံခုံရုံးအတွင်းမှာ ဘယ်သူကများ တိုက်ခိုက်ရဲတာလဲ။
ပြီးတော့ တိုက်ခိုက်မှုက ဘာလို့ အရမ်းကို ကောင်ခါငင်ကာကြီးလဲ။ သူမှာ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပါ။
အန်လင်းမှာ အမည်မသိရသော ရန်သူဆီသို့ တိုက်ခိုက်ရန်ထိန်းချုပ်ထားမှုဆုံးရှုံးခါနီးတွင် သူက ရုတ်တရက် မူးဝေးခြင်းကို ခံစားလိုက်ရလေ၏။
စက္ကန်းပိုင်းမျှ အကြာတွင် သူက အဖြူရောင် နန်းတော်ကြီးတစ်ခုထဲသို့ ရောက်နေလေ၏။
အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေပြီး သူက မိစ္ဆာရှင်းဓားကို ဆွဲထုတ်ရန်ပင် အလွန်အာရုံစိုက်ထားလိုက်ရလေ၏။
သို့သော် သူက ပတ်ဝန်းကျင်ကို ကြည့်မိပြီး ရုတ်တရက် တုန့်ဆိုင်းသွားလေ၏။ ထိုနန်းတော်ထဲတွင် ရပ်နေသော လူအများမပြားရှိလေ၏။ သူတို့အားလုံးမှာ အလွန်အမင်း အစွမ်းထက်သော အော်ရာများ ပိုင်ဆိုင်ထားသော်လည်း သူတို့အားလုံးမှာ သူတို့၏ ပတ်ဝန်းကျင်သို့ စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်နေလေ၏။
"အန်လင်း..." ရင်းနှီးသောအသံတစ်ခုက ရုတ်တရက် ထွက်လာလေ၏။
အန်လင်းက လှည့်ကြည့်လိုက်ရာ လက်ထဲတွင် လှံတံတစ်ချောင်းကိုင်ထားကာ ခမ်းနားလှသော သံချပ်ကာဝတ်ရုံနှင့် အမျိုးသားတစ်ဦးက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"စီနီယာ ကျောင်းသား ဝမ်... အစ်ကိုလဲ ဒီကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ။" အန်လင်းက အံ့ဩတကြီး ဆိုလေ၏။
ထိုအမျိုးသားမှာ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှ အဆင့်တစ်ကျောင်းသားဟောင်း ဝမ်ရွှမ်ကျန်းမှလွဲ၍ တခြားသူမဟုတ်ပါပေ။
ဝမ်ရွှမ်ကျန်းက သွေးများစီးကျနေသော လှံတံဖြင့် အန်လင်းဆီသို့ လျှောက်လာလိုက်လေ၏။ "ငါလဲ သေချာ မသိဘူး...။ ငါက အလင်းတိုင်ကြီးနဲ့ ရိုက်ခံလိုက်ရတုန်းက မြူနှင်းနတ်မိမယ်တွေနဲ့ တိုက်ခိုက်နေတာ။ ပြီးတော့ ဒီကို နေရာကူးပြောင်းခြင်း ခံလိုက်ရတာပဲ။ မင်းကရော ဘာလို့ ဒီရောက်နေတာလဲ။"
"အတူတူပဲ။ ကျွန်တော်လဲ အလင်းတိုင်ကြီးနဲ့ အရိုက်ခံရပြီးတော့ ဒီရောက်လာတာ...။ ကျွန်တော်က ရန်သူတွေရဲ့ ဌာနချုပ်ဆီကို နေရာကူးပြောင်းပေးတဲ့ တိုက်ခိုက်မှုတစ်ခုလို့ ထင်လိုက်တာ။ ဒါမဲ့ ဒီကအခြေအနေက အရမ်းဆိုးတဲ့ပုံ မပေါ်ပါဘူး..." အန်လင်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်၏။
ဝမ်ရွှမ်ကျန်းက အပြုံးလေးနှင့် ဆက်ပြောလာလေ၏။ "ငါ့တို့အားလုံးကို ဒီကို ဆင့်ခေါ်တာ ကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအားဖြစ်နိုင်တယ်။ ဒီမှာ ရင်းနှီးတဲ့ လူတွေအများကြီးပဲ။ အကုန်လုံးက ကောင်းကင်ဘုံ ခုံရုံးမှာ ကျော်ကြားတဲ့ ကျင့်ကြံသူတွေပဲ။ ဟိုနားက ဆံပင်အပြာရောင်နဲ့ လူကြီးကိုတွေ့လား။ သူ့နာမည်က ချန်းတာအိုယွမ်တဲ့။ သူက ငါ့ရှေ့သုံးနှစ်မှာ အင်မော်တယ် အဆင့်သတ်မှတ်ချက်ဘုတ်ပြားမှာ နံပါတ် ၁ရတဲ့သူလေ။ သူက အခုဆို ဝိညာဉ် ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ရောက်လောက်ပြီ။ ပြီးတော့ ဟိုက အရပ်ပုပုနဲ့ ကောင်မလေးကကျတော့ လျှိုချူးချူးတဲ့ သူမက ငါ့ထက် ၁၀နှစ်စောတဲ့ အထက်တန်းအမျိုးသမီးတစ်ယောက်လေ။ သူမက အခုဆို ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်မှာ ရှိလောက်တယ်။ ငါကျောင်းရဲ့ နာမည်ကျော် လူစားရင်းထဲမှာ သူ့ပုံကို မြင်ဖူးတယ်...။ တခြားအင်မော်တယ်တွေကတော့ ကောင်းကင်ဘုံခုံရုံးမှာ ခဏခဏပေါ်လာတတ်တာမို့ မိတ်ဆက်ပေးစရာမလိုလောက်ပါဘူး..."
အန်လင်းက နန်းတော်ထဲမှ လူများကိုဟလှည့်ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်၏။ စုစုပေါင်း ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသာ အယောက်၆၀နီးပါ ရှိပြီး သူတို့အားလုံးမှာ ဝိညာဉ် ဖွဲ့စည်းခြင်း နောက်ဆုံး သို့မဟုတ် အထက်ကျင့်ကြံသူများဖြစ်ကြ၏။
ကျင့်ကြံခြင်အခြေခံကို အာရုံခံမရသော သူငါဦးလဲ ရှိလေ၏။ သို့သော် သူတို့မှာ အလွန် မှတ်မိလွယ်လေ၏။ သူတို့မှာ ကောင်းကင်ဘုံခုံရုံးထဲတွင် လူတိုင်းက သိထားသောကြောင့် အလွန်ပင် မှတ်မိလွယ်လှ၏။
တစ်ယောက်က နေမင်းကဲ့သို့တောက်ပသော မျက်လုံးအစုံနှင့် "နေမင်း ရှေ့ပြေးတပ်"ဟု ထွင်းထားသော အင်မော်တယ်တံဆိပ်ပါသော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ သူက နေမင်းရှေ့ပြေးတပ် နတ်ဘုရားဖြစ်လေ၏။
တစ်ခြားတစ်ဦးမှာ နောက်ဘက်တွင် ကြိုးရှည်ကြီးပါပြီး သူ့ခန္ဓာကိုယ်တစ်လျှောက်အား အနက်ရောင်မြူခုံးများနှင့် ဖုံးလွှမ်းထားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ သူက ညခင်းရှေးပြေးတပ် နတ်ဘုရားပင်။
သုံးမီတာခန့် ရှည်လျားပြီး ကြီးမားသော ကြၽသွေးရောင် ပုဆိန်ကြီးတစ်ခုကိုင်ဆောင်ထားသော ခန္ဓာကိုယ်တောင့်တင်းလှသည့် ဘီလူးကြီးတစ်ကောင်လဲရှိလေ၏။ သူက ဘီလူးစိတ်ဝိညာဉ် နတ်ဘုရားဖြစ်၏။
ကောင်းကင်ဘုံခုံရုံး ဓားနန်းတော်၏ အင်မော်တယ် ရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော ချောမောလှသည့် ဓားသမား လုဒုန်းဘင်လဲ ရှိလေ၏။
နောက်ဆုံးတစ်ယောက်မှာ ကြာပန်းပုံရိပ်တစ်ခု၏ အပေါ်တွင် မတ်တပ်ရပ်နေကာ လက်ထဲတွင် တခြားသော ကြာပန်းတစ်ပွင့်ကိုင်ထားသော ထူးခြားလှပလွန်းသည့် အမျိုးသမီးတစ်ဦးပင်။ သူမက ကောင်းကင်နတ်မိမယ် ဟယ့်ပင်။
အန်လင်းက ထိုသူငါးယောက်အား စိတ်ဝင်တစားကြည့်ရှုလိုက်၏။ ထိုသည်များက ကောင်းကင်ဘုံခုံရုံးအတွင်း အလွန်အမင်း ကျော်ကြားလှသော အင်မော်တယ်များ ဖြစ်လေ၏။
လုဒုန်းဘင်မှာ သူ့၏ အကြည့်ကို ခံစားမိပုံရပြီး အန်လင်းဆီသို့ ယဉ္ကျေးသော အပြုံးလေးတစ်ခုဖြင့် လှည့်လာလေ၏။
အန်လင်း၏ နှလုံးမှာ စည်းချက်များပင် မှားသွားလေ၏။ လုဒုန်ဘင်မှာ အလွန် ချောမောလှ၏။
ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးက လေးနက်သောအမူအရာဆင်မြန်းကာ အဖြူရောင်နန်းတော်ရှိ ကျောက်စိမ်းပလ္လင်ပေါ်တွင် ရုတ်တရက်ပေါ်လာသည်။
သူရောက်လာသောအခါ လူတိုင်းက ငြိမ်သွားလေ၏။
သူတို့အားလုံးသည် ထိုသူက စကြဝဠာတစ်ခုလုံး၏ဗဟိုချက်မဖြစ်သကဲ့သို့ ပလ္လင်တော်ပေါ်ရှိအမျိုးသားကို လှည့်ကြည့်လိုက်ကြ၏။
အန်လင်းမှာ ကျောင်စိမ်းဖြူ ပလ္လင်ပေါ်မှ အမျိုးသားကို အလွန်ရင်းနှီးနေလေ၏။ ထိုသူက ကောင်းဘင်ဘုံခုံရုံး၏ ဧကရာဇ် ဇစ်ဝေးမှလွဲ၍ တခြားမဟုတ်ပါပေ။
ဧကရာဇ် ဇစ်ဝေးက အပြုံးတစ်ခုနှင့် လူတိုင်းအပေါ်သို့ မျက်လုံးအကြည့်ပို့လိုက်ကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပျံ့နှံ့နေသော အသံတစ်ခုက ထွက်ပေါ်လာလေ၏။ "ကြိုဆိုပါတယ်။ ရုတ်ခြည်း နေရာကူးပြောင်းခေါ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုလိုတဲ့ အရေးကြီးကိစ္စတွေ ရှိနေလို့။"
သူက ခေတ္တရပ်နာပြီး ဆက်ပြောလိုက်၏။ "နှစ် ၅၀၀မှာ တစ်ခါပေါ်လာတဲ့ ရှေးဟောင်း ထိုက်ချူနယ်မြေက ထင်ထားတာထက် ၁၀နှစ်စောပြီး ဖြစ်တော့မှာ။ မနက်ဖြန်က နောက်ဆုံးရက်ပဲ။"
နန်းတော်တစ်ခုလုံးက ဆူညံသွားလေတော့၏။
အန်လင်းကဲ့သို့ ဘာတွေ ဖြစ်နေသလဲဆိုသည်အား လုံးဝမသိသောသူများလဲ ရှိကြသည်မှာ အသေအချာပင်ဖြစ်၏။
ဧကရာဇ် ဇစ်ဝေးက အန်လင်းကဲ့သို့ လူများအတွက် အလေးအနက် ရှင်းလင်းချက်တစ်ခု ပေးလိုက်လေ၏။
"ရှေးဟောင်း ထိုက်ချူ နယ်မြေက အရမ်းကို ရှေးကျတဲ့ နယ်မြေပဲ။ လက်ရှိ အခြေအနေကတော့ ထိုက်ချူကုန်းမြေကြီးကိုယ်တိုင်က အလျင်လိုအပ်နေတာပဲ။ ရှေးဟောင်းထိုက်ချူနယ်မြေက ဆက်တိုက် ပြိုကျနေပြီးတော့ လက်ရှိ အကျယ်အဝန်းက ထိုက်ချူကုန်းမြေကြီးရဲ့ ၁ရာခိုင်နှုန်းတောင်မရှိတော့ဘူး။ နယ်မြေ ပြိုကျတဲ့ ဖြစ်စဉ် အတွင်းမှာ နယ်မြေတွေ တည်ဆောက်ဖို့အတွက် အရမ်းကို အရေးကြီးတဲ့ အရာဝတ္ထု၊ နယ်မြေအဆီအနှစ်သလင်းကျောက်လို့ခေါ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။"
စကားပြောနေရင်းပင် ဧကရာဇ် ဇစ်ဝေးက သူ့လက်ကို လေထဲသို့မြှောက်လိုက်ရာ အရောင်မျိုးစုံနှင့် သလင်းကျောင် ၅ခုက လူတိုင်းရှေ့တွင် ပေါ်လာလေ၏။
လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေသော စွမ်းအင်အတက်အကျတစ်ခုက သလင်းကျောက်များဆီမှ ဖြာထွက်လာပြီး ကောင်းကင်ဘုံနှင့် မြေကြီးတစ်ခုလုံးက လေထုထဲတွင် တစ်ခုသော ချိတ်ပိတ်စွမ်းအင်ရှိနေသကဲ့သို့ ပိုပြီး သိသာထင်ရှားလာသည်ကို ခံစားမိလေ၏။
"နယ်မြေတွေ တည်ဆောက်ဖို့အတွက် အလွန်အရေးကြီးတဲ့ ပစ္စည်းဖြစ်တာမို့ နယ်မြေအဆီအနှစ် သလင်းကျောက်က ပြိုကျနေတဲလ ကမ္ဘာတွေမှာပဲ ပေါ်တာ။ အဲ့အရာတွေက မင်းတို့အားလုံးအတွက်တော့ အရမ်းအသုံးမဝင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံခုံရုံးအတွက်တော့ အလွန်ကို အသုံးဝင်တယ်။ ပြီးတော့ ငါတို့ကလဲ အဲဒါတွေကို တန်ဖိုးအများကြီး ပေးဖို့ဆန္ဒရှိတယ်။ နယ်မြေအဆီအနှး် သလင်းကျောက်ဖြူတစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်း၊ နယ်မြေအဆီအနှစ် သလင်းကျောက်အစိမ်းတစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်း၊ နယ်မြေအဆီအနှစ် သလင်းကျောက်အပြာတစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်း၊ နယ်မြေအဆီအနှစ် သလင်းကျောက် အနီတစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး နှစ်သိန်းနဲ့ နယ်မြေ အဆီအနှစ် သလင်းကျောင် ရွှေရောင်တစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းတို့နဲ့ အသီးသီးလဲလှယ်နိုင်မှာ ဖြစ်ပါတယ်။"
လူတိုင်းက ဧကရာဇ် ဇစ်ဝေး၏ မိတ်ဆက်စကားကို နားထောင်နေရင်း သလင်းကျောက်များကို လောင်ကျွမ်းနေသော အမူအရာများဖြင့် ကြည့်လိုက်လေ၏။
အလွန်ချမ်းသာသော အန်လင်းပင်လျှင် သူ့ရှေ့မှ သလင်းကျောက်များကိုကြည့်ကာ တံတွေးမမျိုချပဲ မနေနိုင်ပါပေ။ ရွှေရောင် သလင်းကျောက်တစ်ခုတည်းကပင် ပျက်ပြယ်ခြင်း အဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ အသားတင် ပိုင်ဆိုင်မှုနှင့် ညီမျှပေ၏။ ဤဈေးနှုန်းမှာ ရိုရှင်းစွာပင် အလွန်မက်လောက်စရာဖြစ်နေလေ၏။
"ပြိုကျနေတဲ့ ကမ္ဘာရဲ့ တားမြစ်ဥပဒေတွေကြောင့်မို့ တာအို ပေါင်းစပ်ခြင်းအဆင့်နဲ့ အထက် ကျင့်ကြံသူတွေ ဝင်ရောက်ရင် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှု ခံစားရမှာ။ ပျက်ပြယ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်လို့မရဘူး။ အဲဒါကြောင့် ငါတို့က ပျက်ပြယ်ခြင်း အလတ်အလတ်အဆင့်နဲ့ အောက်က ကျင့်ကြံသူတွေကိုပဲ နယ်မြေထဲကို ပို့နိုင်တာ။ ရှေးဟောင်း ထိုက်ချူ နယ်မြေထဲမှာ အပိုင်းကြီး နှစ်ခုရှိတယ်။ ပျက်ပြယ်ခြင်းကြယ်စင် အပိုင်းက ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေကို လက်ခံနိုင်ပြီးတော့ ရှေးဟောင်းအံ့ဖွယ်အပိုင်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို လက်ခံနိုင်တယ်။"
"အဲ့ဒီ့မှာ ရှေးဟောင်ထိုက်ချူ နယ်မြေရဲ့ ဝင်ပေါက်လမ်းက လက်ခံနိုင်တဲ့ ရှေးဟောင်းစွမ်းအင် ၁၆မျိုးပဲရှိတာ။ ကောင်းကင်ဘုံ ခုံရုံးက အဲ့ဝင်ပေါက်လမ်းတွေထဲက တစ်ခုကို ရရှိထားပြီးတော့ ပျက်ပြယ်ြခင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ ငါးဦးနဲ့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်ကိုပဲ ရှေးဟောင်းထိုက်ချူ နယ်မြေထဲကို ဝင်ခွင့်ပြုနိုင်မှာ။"
"အဲ့မှာ မရေမတွက်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေနဲ့ ဆန်းကြယ်ရတနာတွေလဲ ရှိတယ်။ ဒါပေမဲ့ အဲဒါက အကွာအဝေး မူမမှန်ခြင်းတွေ၊ သန္ဓေပြောင်းသားရဲတွေနဲ့ ကြမ်းတမ်းတဲ့ ဂြိုလ်သားမျိုးနွယ်တွေရှိတဲ့ အရမ်းကို အန္တရာယ်များတဲ့နေရာလဲ ဖြစ်တယ်။ ကောင်းကင်ဘုံ ခုံရုံးကနေပို့လိုက်တဲ့ အသင်းတွေက တစ်ယောက်မကျန်လုံးဝ သုတ်သင်ခံလိုက်ရတာတွေလဲ ရှိခဲ့ဖူးတယ်။ မင်းတို့က နယ်မြေရဲ့ ကန့်သတ်မှုတွေအတွင်းက ကောင်းကင်ဘုံခုံရုံးရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေပဲ။ အဲ့တော့ မင်းတို့ ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်မလား မဝင်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ငါက အချိန် တစ်နာရီပေးမယ်။ အဲဒါပြီးရင် ငါက နယ်မြေထဲဝင်ဖို့ အလိုရှိသူတွေကိုကြည့်ပြီး ဆုံးဖြတ်ပေးမယ်။"
ဧကရာဇ် ဇစ်ဝေးက မိန့်ခွန်းဆုံးသည်နှင့် မျက်လုံးများကို ပိတ်ကာ လူတိုင်း၏ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်၏။
နောက်ဆုံးတွင် အန်လင်းက ဧကရာဇ် ဇစ်ဝေး၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် အခြေအနေကို နားလည်သွားလေ၏။
သူက အစောပိုင်းတွင် ရှေ့ဖြစ်ဟော ရလာဒ်ကို လက်ခံရရှိခဲ့ခြင်းမရှိပါက အန်လင်းမှာ ထိုနယ်မြေအသစ်ကို တူးဖော်ချင်သည်မှာ အသေအချာပင်ဖြစ်၏။
သို့သော် သူ့၏ ခရမ်းရောင် ကံကြမ္မာကိုမြင်တွေ့ပြီးနောက် သူက မည်ကဲ့သို့ စွန့်စားရဲမည်နည်း။
ထိုသည်က သူခုန်ဝင်ရန်အတွက် စောက်ကျိုးနည်း ထောင်ချောက်ကြီးဖြစ်သည်မှာ ရှင်းလင်းနေပေ၏။
ဟီးဟီး... ဒီဟာက ရှားပါးအခွင့်အရေးပဲ။ ငါက စီနီယာတွေအတွက်ပဲ ချန်ထားလိုက်ပါမယ်...။
မည်သို့ဆိုဆို ဤနန်းတော်ထဲတွင် ဧကရာဇ် ဇီဝေအယောက် ၃၀ရွေးချယ်နိုင်သော ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အယောက် ၆၀ ရှိပြီး သို့ဖြစ်၍ ပြိုင်ပွဲမှာ အတော်ပြင်းထန်ပေ၏။
အန်လင်းက လူကြီးတစ်ယောက်ဖြစ်ကာ တစ်ခြားသူများအတွက် အခွင့်အရေးချန်ထားပေးရန် ဆုံးဖြတ်လိုက်လေ၏။
သူ့ရဲ့ ပရဟိတအလုပ်အတွက် လူတိုင်းက သူ့ကို ကျေးဇူးတင်နေလောက်မည်ဖြစ်၏...
သူက ထိုသည်ကို တစ်ယောက်တည်း တွေးနေစဉ်မှာပင် "ဒင်း ဒေါင်"ဟူသောအသံတစ်ခုက စနစ်မှ ရုတ်တရက် ထွက်ပေါ်လာလေ၏။
-----------------