မရှောင်လွဲနိုင်သော ဘေးဒုက္ခ
Vol. 34 Ch. 474
အန်လင်းတွင် ရွေးချယ်စရာရှိခဲ့ပါက သူက အမှန်တကယ်ပင် စနစ်က မည်သို့သော တုံးအလှသည့် မစ်ရှင်အသစ်ကို သူအား ပေးအပ်လာသည်ကို မကြည့်ချင်ပါပေ။
ဟင်း... ဒီ အကျင့်မကောင်းတဲ့ စနစ်ကို တခြားတစ်ယောက်ကို ပေးပစ်လို့ရရင် ကောင်းမယ်...
သူက ရုတ်တရက် အတွေးတစ်ခု ရလာလေ၏။
အကြောင်းတစ်ချို့ကြောင့် သူက ရုတ်တရက် ထိုအချိန်တုန်းက အင်မော်တယ် အဘိုးအိုကို ပြန်သတိရသွားကာ သူ့ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။
ငလူး...။ သူက ဒုက္ခရောက်ပြီဟု ခံစားလိုက်ရ၏။
သို့သော် အန်လင်းမှာ စနစ်အတွက် လွှဲပြောင်းခြင်း နည်းစနစ်တစ်ခုမရှိပါပေ။ ရှိခဲ့ပါလျှင်တောင် သူက ဤစနစ်အား တစ်ခြားတစ်ယောက်သို့ လွှဲမပေးရဲပါပေ။
မည်သို့ဆိုဆို သူက သာမန်ကျင့်ကြံခြင်း လမ်းစဉ် နှင့် အလွန်ဝေးကွာနေလေ၏။ သူက ယခုတွင် စနစ်ကို ဆုံးရှုံးသွားပါက နောက်ထပ် မည်သို့ ကျင့်ကြံရမည်ကို အမှန်တကယ် မရှိလောက်ပါပေ...။ ထိုသည်က စနစ်နှင့်ဆိုပါက သူက အည်သို့ကျင့်ကြံရမည်ကို သိသည်ဟု မဆိုလိုပါသော်လည်း အနည်းဆုံး ဦးတည်ချက် လုံးဝမရှိခြင်းထက်တော့ ပိုကောင်းပေ၏...။
သူက သက်ပြင်းချကာ စနစ်ကို ဖွင့်ကြည့်လိုက်၏။
မျှော်လင့်သည့်အတိုင်းပင် အထူးမစ်ရှင်ဘားပေါ်တွင် ထုံးစံအတိုင်း မီးလင်းနေလေ၏။
"လက်ခံသူက ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်ရောက်ရန် အခွင့်အရေးတစ်ခု ရသည်ဟု သိရပါတယ်။ ယခုတွင် အောက်ပါ မစ်ရှင်ကို ပေးအပ်လိုက်၏။
"တစ်လ အတွင်း၌ နယ်မြေအဆီအနှစ်သလင်းကျောက် ၁၀ခုကို ရယူပြီး အားလုံးကို စုပ်ယူပါ။"
"မစ်ရှင် အောင်မြင်ပါက: စစ်နတ်ဘုရားခန္ဓာကိုယ်၏ အစပျိုးမှုကို ရယူပါ။"
"မစ်ရှင် ကျရှုံးပါက: လက်ခံသူမှာ နှစ်တစ်ရာတိုင်အောင် မိန်းမစိုးဖြစ်လာပါမည်။"
"မှတ်ချက်: ဤမစ်ရှင်မှာ ငြင်းဆန်ခွင့်မရှိပါ။"
"ဟီးဟီး..." အန်လင်းက ရက်စက်စွာရယ်နေသည်မှာ နဖူးထက်တွင် သွေးကြောများ ထောင်လာသည်အထိပင်ဖြစ်၏။
ဒီမတိုင်ခင်ကမူ သုံးနှစ်။ သို့သော် ယခုတွင်တော့ သူက ကျရှုံးခဲ့ပါက နှစ်တစ်ရာတိုင်အောင် မိန်းမစိုးဖြစ်လာပေမည်။
နင့်ဘွားကို သွား-ိုးလိုက်။ အဲဒါက အရမ်းလွန်နေပြီ။
သူက... စုရှောင်လန်အတွက် နှစ်တစ်ရာကြာအောင် ရှောင်ကြဉ်နိုင်သည် ဖြစ်သော်လည်း ထိုသည်က သူ့၏ အမျိုးသား လုပ်ငန်းစဉ်များအား နှစ်တစ်ရာတိုင်အောင် အသုံးမပြုနိုင်သည်ကို သည်းခံနိုင်သည်ဟုတော့ မဆိူလိုပါပေ။
အန်လင်းက ဘေးကျပ်နံကျပ်ဖြစ်နေလေ၏။ သူက မစ်ရှစ်ပြီးမြောက်လိုပါက သေချာပေါက်ပင် ရှေးဟောင်းထိုက်ချူနယ်မြေထဲသို့ ဝင်ရမည်ဖြစ်ကာ ထိုသည်က ဘေးအန္တရာယ်အပြည့်နှင့် က်ဆိုးထဲသို့ ဝင်ရောက်ခြင်းဖြစ်ပေလိမ့်မည်။ သူက ကံကမ္မာဖန်တီးပေးသော သူ့၏ ခရမ်းရောင်အနာဂတ်လမ်းဆီသို့ သေချာပေါက် သွားရောက်ရမည်ဖြစ်၏။
သူက ကံတရားမှ လွတ်မြောက်လိုပါက သိသိသာသာပြောင်းလဲမှုတစ်ခု ပြုလုပ်ရပေမည်။ ဆိုလိုသည်မှာ သူဘယ်တော့မှဟလုပ်မည်မဟုတ်သော... နှစ်တစ်ရာတိုင် မိန်းမစိုးဖြစ်လာခြင်းဟူသော ဆုံးဖြတ်ချက်ကို ပြုလုပ်ရမည်ဖြစ်၏။
ထိုသဘောပေါက်မှုတွင် အန်လင်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဖြစ်တည်လာလေ၏။
သူက ကံကြမ္မာ၏ inertiaမှ လွတ်မြောက်ရန်အတွက် အလွန်ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ ဤသည်မှာ သူ့အတွက် ပြုလုပ်ရန် အလွန်အမင်းပင် ခက်ခဲလွန်းလှသော ဆုံးဖြတ်ချက်တစ်ခုဖြစ်လေ၏...။
"အန်လင်း မင်းက ရှေးဟောင်း ထိုက်ချူ နယ်မြေကို ဝင်ဖို့ စီစဉ်နေတာလား။" ဝမ်ရွှမ်ကျန်းက ရုတ်တရက်မေးလိုက်၏။
အန်လင်းက ဝမ်ရွှမ်ကျန်းဆီသို့ ကိုယ်ပိုင်မေးခွန်းတစ်ခုနှင့် လှည့်လိုက်လေ၏။ "အစ်ကိုက ဘေးဒုက္ခတွေ အပြည့်ဖြစ်နေနိုင်တဲ့ ကပ်ဆိုးကိုရင်ဆိုင်ရမှာရယ် အဲ့ကပ်ဆိုးကို ရှောင်နိုင်ပေမဲ့ နှစ်တစ်ရာထိ မိန်းမစိုးဖြစ်လာမှာရယ် တစ်ခုကို ရွေးရမဲ့ အကျပ်အတည်းနဲ့တွေ့လာရင် ဘဟ်တစ်ခုကို ရွေးမလဲ။"
ဝမ်ရွှမ်ကျန်း၏ မျက်နှာက အနည်းငယ် တုန်လှုပ်သွားကာ အတည်ပေါက် ပြန်ဖြေလာလေ၏။ "ငါက ယောက်ျားတစ်ယောက်လေ...။ ငါ့ပခုံးပေါ်မှာ ကမ္ဘာကြီးကို သယ်နိုင်တဲ့ ယောက်ျားတစ်ယောက်...။ ငါနေ့တိုင်း မိန်းမစိုးဖြစ်လာမဲ့အစား သေပဲသေလိုက်မယ်။"
အန်လင်းင ထိုအဖြေကိုကြားပြီးနောက် သက်ပြင်းချလိုက်လေ၏။ "ကျွန်တော်လဲ အဲဒါတွေးနေတာ။ ဒါက ယောက်ျားတစ်ယောက်ရဲ့ သိက္ခနဲ့ ဘုန်းကံလေ။ ဘာပဲဖြစ်ဖြစ် အဲဒါကို မစွန့်ပစ်နိုင်ဘူး။"
"ဟုတ်တယ်။ အတိအကျပဲ။ အဲဒါက ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲ ကြုံလာကြုံလာ ကျော်လို့မရတဲ့ အခြေခံစည်းပဲ။" ဝမ်ရွှမ်ကျန်းက တောက်ပသော မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။
"ဝိုး...။ နင်တို့တွေ ဘာအကြောင်း ပြောနေကြတာလဲ။ နင်တို့ကြည့်ရတာ အတော်လေး စိတ်လှုပ်ရှားနေပုံပဲ။" ထိုအခိုက်၌ အနီရောင် ဝတ်ရုံဝတ်ကာ ရွှေရောင် လက်ကောက်တစ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦးက သူတို့ဆီသို့ လျှောက်လာလေ၏။
အန်လင်းနှင့် ဝမ်ရွှမ်ကျန်းတို့မှာ မိန်းမလှလေးကို မြင်သောအခါ ရှက်သွားကြပြီး ချက်ချင်းပင် ခေါင်းစဉ္ပြောင်းလိုက်ကြ၏။
ဝမ်ရွှမ်ကျန်းက ရှက်ကိုးရှက်ကန်းဖြစ်နေသော်လည်း ယဉ္ကျေးလှသော အပြုံးလေးတစ်ခုဖြင့် တုန့်ပြန်လိုက်၏။ "ငါတို့က ရှေးဟောင် ထိုက်ချူနယ်မြေထဲကို သွားသင့် မသွားသင့်ဆိုတာကို ဆွေးနွေးနေတာပါ။"
အန်လငက ခေါင်းငြိမ့်ကာ ဝင်ပြောလိုက်၏။ "ပြီးတော့ ငါတို့ရဲ့ ဆုံးဖြတ်ချက်က... ယောက်ျားတစ်ယောက် ဘာပဲဖြစ်လာဖြစ်လာ နောက်မဆုတ်ရဘူးဆိုတာပဲ။"
"အဲ့တော့ မိန်းမတွေကတော့ နောက်ဆုတ်လို့ရတယ်လို့ ပြောချင်တာလား။" အမျိုးသမီးက သူမ၏ ပါးစပ်ကို ဖုံးကာ ခပ်ဖွဖွရယ်လိုက်လေ၏။
အန်လင်းက ခြောက်ကပ်ကပ်ရယ်ကာ တုန့်ပြန်လိုက်လေ၏။ ဤလှောင်ပြောင်ဖွယ်ရာ မစ်ရှင်ကြောင့်သာမဟုတ်ပါက သူက နှစ်ခါပင်မစဉ်း စားပဲ နောက်ဆုတ်လိုက်မည်ဖြစ်၏။
"မင်္ဂလာပါ။ ငါ့နာမည်က ယန်ရော့လင်းနဲ့ ငါရဲ့ တာအိုဘွဲ့အမည်ကတော့ လင်းယွီပါ။" အမျိုးသမီးက လက်ဦးမှုယူကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်လေ၏။
"နှုတ်ဆက်ပါတယ်။ ငါ့နာမည်က ဝမ်ရွှမ်ကျန်းနဲ့ ငါ့ရဲ့ တာအိုဘွဲ့အမည်ကတော့ ချင်လင်းပါ။" ဝမ်ရွှမ်ကျန်းက ယဉ်ကျေးစွာ ပြန်ဖြေလိုက်လေ၏။
သူတို့နှစ်ဦးမှာ အချင်းချင်း မိတ်ဆင်ပြီးသွားပြီဖြစ်၍ ယခုမှာ အန်လင်း၏ အလှည့်ဖြစ်၏။ "မင်္ဂလာပါ ကောင်းကင်နတ်မိမယ် လင်းယွီ၊ ငါ့နာမည်က အန်လင်းပါ။ ငါမှာ အခုထိတော့ တာအိုဘွဲ့အမည်မရှိသေးဘူး။"
"အိုး...။ နင်က ကောင်းကင်ဘုံ ခုံရုံးက အန်လင်းလား။" ထိုအမျိုးသမီး၏ မျက်လုံးများက အရောင်တောက်သွားကာ ပြောလိုက်၏။ "ငါက နင့်နာမည်ကို အနက်ရောင်နယ်မြေ စီရင်ခြင်း ဌာနက ဌာနမှူးချန်းဆီကနေ ကြားဖူးတယ်။ နင့်ရဲ့ တာအို ဘွဲ့အမည်က အံ့ဖွယ်လျှပ်စီး ယဉ်ပါးစေသူ မဟုတ်ဘူးလား။"
ဝမ်ရွှမ်ကျန်းမှာ ခပ်ဖွဖွ ရယ်လိုက်ပြီး "ကျောင်းသား အန်လင်းမှာက အဆိပ်သခင်၊ ကောင်းကင်ဘုံ လက်ချောင်းသခင်၊ အစာသွပ်ပေါက်စီ နတ်ဘုရား... ဆိုပြီး တာအိုဘွဲ့အမည်တွေ အများကြီးပဲ။"
အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်သွားသော်လည်း ရင်းဘယ်ထဲတွင် အော်ဟစ်နေရင်း အပြုံးလေးတစ်ခုကို ထိန်းထားလိုက်၏။ "အဲဒါတွေက တာအိုဘွဲ့အမည်တွေလား။ အဲဒါ ဘယ်လို စောက်ကျိုးနည်း တာအိုဘွဲ့အမည်တွေလဲ။ ငါကရူးနေတာလား ဒါမှမဟုတ် မင်းတို့အားလုံးက ငါကရူးနေတယ်လို့ထင်နေတာလား။ အဲ့လိုတာအိုဘွဲ့အမည်မျိုး ဘယ်သူကပေးမှာလဲ။"
အတိုးချုံး စကားပြောပြီးနောက် ယန်ရောလင်းမှာ သူနှင့် ဝမ်ရွှမ်ကျန်းထက် နှစ်တစ်ရာပိုကြီးသော အထက်တန်းမှ အမျိုးသမီးမှန်း သိလိုက်ရလေ၏။ သူမက တစ်ခါက ကောင်းကင်ဘုံခုံရုံး၏ အလွန်အမင် ပါရမီရှိသော ထူးချွန်သူများထဲမှ တစ်ယောက်ဖြစ်ခဲ့၏။ သို့သော် သူမက ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်၌ နှစ်အကြာကြီး ရပ်တန့်နေကာ ထိုးဖောက်မှုတစ်ခုကို မည်သည့်အခါမှ မပြုလုပ်နိုင်ခဲ့ပေ။ သို့ဖြစ်၍ သူမက ရှေးဟောင်းထိုက်ချူနယ်မြေထဲသို့ဝင်ရန် အခွင့်အရေးကို လက်မလျော့မည်မှာ ရှင်းလင်းနေပေ၏။
"ဟုတ်ပြီ။ တစ်နာရီတော့ ပြည့်သွားပြီ။ ရှေးဟောင်း ထိုက်ချူနယ်မြေထဲကို ဝင်ချင်တဲ့သူတွေက မင်းတို့ရဲ့ အံ့ဖွယ်အာရုံကို ဒီအဖြူရောင် ပုတီးထဲကို ထိုသွင်းလိုက်။ ငါကျပန်း ရွေးမယ်။" ဧကရာဇ် ဇစ်ဝေး၏အသံက ရုတ်တရက် ထွက်လာလေ၏။
အဖြူရောင် နန်းတော်ထဲမှ လူအများစုက လှုပ်လှုပ်ရွရွ ဖြစ်လာကြလေ၏။
အန်လင်းက အံတင်းတင်းကြိတ်ကာ ပုတီးလုံးဆီသို့ သွားလိုက်ပြီး သူ့၏ အံ့ဖွယ်အာရုံတစ်စကို ထိုးသွင်းလိုက်လေ၏။
နန်းတော်ထဲတွင် ပျက်ပြဟ်ခြင်းအဆင့် ကျင့်ကြံသူ ၅ဦးသာ ရှိသည်မို့ သူတို့၏ နေရာမှာ သတ်မှတ်ပြီး ဖြစ်လေ၏။
ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြေကမ္ဘာအင်မော်တယ် အယောက် ၆၀အထဲတွင် နှစ်ဦးတည်းသာလျှင် ရှေးဟောင်းထိုက်ချူနယ်မြေထဲသို့ ဝင်ရမည့်အခွင့်အရေးကို လက်လွတ်ရန်ရွေးချယ်လေ၏။
ထိုသည်က ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် မြေကမ္ဘာအင်မော်တယ် ၅၈ယောက်ထဲမှ ၂၈ယောက်က ထုတ်ပယ်ခံရမည်ဟူ၍ ဆိုလို၏။ ဤပြိုင်ပွဲမှာ သေချာပေါက်ပင် ပြင်းထန်လှ၏။
ဧကရာဇ် ဇစ်ဝေးက ဆုံးဖြတ်ချက်ချရန် လာရောက်လိုက်၏။
"ဒီစာရင်းက အတည်ပြုပြီးသွားပြီ။ ရှေးဟောင်းထိုက်ချူ နယ်မြေရဲ့ ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းကို ဝယ်ရမဲ့လူတွေကတော့ နေမင်းရှေ့ပြေးတပ်နတ်ဘုရား၊ ညခင်းရှေ့ပြေးတပ် နတ်ဘုရား၊ ဘီလူး စိတ်ဝိညာဉ် နတ်ဘုရား၊ လုဒုန်းဘင်နဲ့ ကောင်းကင် နတ်မိမယ်ဟယ့်တဲ့ပဲ ဖြး်ပါတယ်။"
"အံ့ဖွယ်ရှေးဟောင်းအပိုင်းကို ဝင်ရမဲ့လူတော့ ငါတို့မှာ လုံရှင်းဟုန်၊ ချန်းတာအိုယွမ်၊ လျိုချူးချူး၊ ... ဝမ်ရွှမ်ကျန်းနဲ့ ယန်ရော့လင်းတို့ အယောက်သုံးဆယ် ရှိပါတယ်။"
ဧကရာဇ် ဇစ်ဝေးက အမည်စာရင်းကိုကြေညာလိုက်ပြီး ထိုအရွေးခံရသူများက ပျော်ရွှင်စွာ တုန့်ပြန်ကြပြီး တစ်ခြားသူများမှာတော့ စိတ်ဓာတ်ကျနေလေတော့၏။
အန်လင်း၏ အမူအရာမှာ တခြားသူများထက် လုံးဝပင် ခြားနားနေလေ၏။
သူက လျှပ်စီးကြောင်းတစ်ခုနှင့် ပစ်ခံလိုက်ရသကဲ့သို့ နေရာတွင် ကြက်သေသေနေလေ၏။ သူ့၏ အမူအရာမှာ လုံးဝ အေးခဲနေကာ သူ့ပါးစပ်က ပွင့်ဟနေသည်မှာ သူက တစ်ချို့သော အလွန်ကြောက်မက်ဖွယ် သတင်းကို ကြားခဲ့ရသကဲ့သို့ပင်။
သူ့အမည်မှာ စာရင်းထဲတွင် မပါပါပေ...
ရှေးဟောင်းထိုက်ချူနယ်မြေထဲသို့ ဝင်ရောက်ရမည့်သူ စာရင်းထဲတွင် သူ့အတွက် နေရာမရှိပါပေ...
ဝမ်ရွှမ်ကျန်းက သူ့အမူအရာကို မြင်ပြီးနောက် သူ့အား နှစ်သိမ့်စကားများ ပြောလာပေး၏။ "အဆင်ပြေပါတယ သခင်လေး အန်လင်း။ ကျင့်ကြံရေး လမ်းကြောင်းဆိုတာ အရှည်ကြီးပါ။ ပြီးတော့ ကမ္ဘာကြီးကလဲ မင်းကိုစောင့်နေမဲ့ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေနဲ့ ကျယ်ပြန့်တာပဲ။ အခွင့်အရေးတစ်ခုလောက်ဆုံးရှုံးရတာက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။"
အန်လင်းက အသက်ရှုသံများကြမှ ရေရွတ်လိုက်၏။ "မင်းနားမလည်ပါဘူး...။ မင်းအတွက်တော့ အခွင့်အရေးတစ်ခု ဆုံးရှုံးတာပေါ့။ ဒါပေမဲ့ ငါ့အတွက်က... ငါ့ညီလေးကို ဆုံးရှုံရမှာဟ..."
"ဟမ်..." ဝမ်ရွှမ်ကျန်းက အန်လင်းအား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေလေ၏။
အန်လင်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝိုင်နေသော်လည်း သူက ရုတ်တရက် စတင် ရယ်မောလာလေ၏။
အဲ့တော့ ဒါက အန္တရာယ်အပြည့်နဲ့ ကပ်ဆိုးပေါ့...။ ဒါက သူ့ရဲ့ အရမ်းရောင်အနာဂတ်ကပေးတဲ့အရာပေါ့...။
ထိုက်ချူနယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ အန္တရာယ်အပြည့်နှင့် ကပ်ဆိုး ဖြစ်နိုင်ပေ၏။
သို့သော် နှစ်တစ်ရာကြာအောင် မိန်းမစိုးဖြစ်လာခြင်းမှာလည်း သူ့အတွက် အန္တရာယ်အပြည့်နှင့် ကပ်ဆိုးတစ်ခုဖြစ်ပေ၏။
သူက ဤမစ်ရှင်အား ကျရှုံးရန် ကံပါလာခဲ့ခြင်းပင်။ ဆိုလိုသည်မှာ သူက နှစ်တစ်ရာတိုင် မိန်းမစိုးဖြစ်လာရန် ကံပါလာခဲ့ခြင်းပင်...။
ကံကြမ္မာမှ ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းကို ရှောင်လွှဲရန်မှာ ရိုးရှင်းစွာပင် အလွန်ခက်ခဲလှ၏။
ထိုသည်က မရှောင်လွှဲနိုင်သော ဘေးဒုက္ခပင်ဖြစ်လေ၏။
-----------