← Chapters

ဘာပဲဖြစ်ဖြစ် ငါကတော့ ရှေးဟာင်းထိုက်ချူနယ်မြေထဲကို ဝင်မှာပဲ

Vol. 34 Ch. 475

ဘာပဲဖြစ်ဖြစ် ငါကတော့ ရှေးဟာင်းထိုက်ချူနယ်မြေထဲကို ဝင်မှာပဲ

Vol. 34 Ch. 475

အန်လင်းက ရုတ်တရက် လက်သီးကိုဆုတ်ကာ အံတင်းတင်းကြိတ်လိုက်လေ၏။ "ငါက ကံတရကိုမယုံဘူး။ ပြီးတော့ ငါက အရှုံးလဲ မပေးဘူး။"

ထို့နောက် သူက နန်းတော်ထဲမှ ပုလ္လင်ပေါ်သို့ အကြည့်ပို့လိုက်လေ၏။

အချိန်အများကြီး မကျန်တော့ပါပေ။ သူက ဤအချိန်တိုလေးအတွင်း၌ ရှေးဟောင်းထိုက်ချူနယ်မြေကို ဝင်ရောက်ရန် စာရင်းထဲသို့ ပါအောင် လုပ်ရပေမည်။

အန်လင်းက အသက်ပြင်းပြင်း ရှုလိုက်၏။ သူ့၏ အမူအရာမှာ အလွန်အမင်း စိတ်ပိုင်းဖြတ်ထားပုံဖြစ်လာကာပြီး ဧကရာဇ် ဇစ်ဝေးဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောင်သွားလိုက်၏။

ဧကရာဇ် ဇစ်ဝေးက အန်လင်း သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ မျက်လုံးဖွင့်ပြီး ခပ်ဖွဖွ ပြုံးလိုက်လေ၏။

အန်လင်းက ရိုသေစွာ ဦးညွတ်လိုက်ပြီး လိုရင်းကို တန်းပြောလိုက်၏။ "ဧကရာဇ် ဇစ်ဝေး၊ ကျွန်တော်က ရှေးဟောင် ထိုက်ချူနယ်မြေထဲကို ဝင်ဖို့အတွက် နေရာတစ်ခုအတွက် တိုက်ခိုက်ချင်ပါတယ်။ ကျွန်တော်က ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်မဲ့ ဘယ်စီနီယာထက်မှ ပိုပြီးအာမနည်းဘူးလို့ ခံစားရတယ်။အဲဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခုပေးပါ။"

"အိုး... အန်လင်း မင်းမှာ ဒီလောက်စွန့်စားတတ်တဲ့ စိတ်ဓာတ်ရှိမှန်း ငါမသိခဲ့ဘူး။" ဇစ်ဝေးက စကားမဆက်ခင် ခေတ္တရပ်လိုက်ပြီး "ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာ မင်းက တော်တော် အစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်။ မင်း ရှေးဟောင်း ထိုက်ချူ နယ်မြေထဲကို ဝင်ဖို့ နေရာတစ်ခု ရှိသင့်ပါတယ်။ ဒါပေမယ့် ငါက မင်းကို ဝင်ခွင့်ပေးဖို့ ငြင်းရလိမ့်မယ်။"

အန်လင်းက တည့်တိုး အငြင်းခံလိုက်ရသည်မို့ ကြောင်သွားလေ၏။ သူက စက္ကန့်အနည်းငယ်မျှ အံ့ဩတိတ်ဆိတ်နေပြီးမှသာ မေးခွန်းတစ်ခု ထုတ်မေးရန်စီစဉ္နိုင်ခဲ့လေ၏။ "ဘာလို့လဲ။"

"ဘာလို့လဲဆိုတော့ မင်းရဲ့ကံကြမ္မာက လာမယ့်ရက်အနည်းငယ်အတွင်းမှာ အရမ်းကြီးကောင်းမှာမဟုတ်ဘူးလို့ ငါခံစားမိလို့ မင်းကို ကောင်းကင်ဘုံခုံရုံးကနေ အဝေးကို ခရီးထွက်ခွင့်ပြုတာက ပညာမရှိရာကျလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက ကောင်းကင်ဘုံခုံရုံးမှာ အချို့သော ကောင်းကင် အင်မော်တယ်တွေထက် ပိုအရေးကြီးတယ်လေ။” ဧကရာဇ် ဇစ်ဝေးက ရှင်းပြလိုက်သည်။

အန်လင်းက နေရာတွင် ကြက်သေ သေသွားရပြန်၏။

ဧကရာဇ် ဇစ်ဝေးက သူ့၏ ကံမကောင်းမှုကို အာရုံခံနိုင်သည်လား။

သောက်ကျိုးနည်း။ ဒါက မသိသာလွန်ဘူးလား။

အန်လင်းက အသက်ပြင်းပြင်းရှုလိုက်၏။ ထို့နောက် သူက စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် မေးလိုက်၏။ "လိုက်လျောညီထွေဖြစ်ခြင်းက မော်တယ်တစ်ဦးပဲ ဖြစ်လာစေမှာလေ။ အံ့တုခြင်းကပဲ ကျွန်တော်တို့ကို အင်မော်တယ်ဖြစ်လာစေမှာလေ။ အန္တာရယ်ကြုံလာတိုင်း ထွက်ပြေးပြီး ပုန်းနေမယ်ဆိုရင် အဓိပတိတာအိုကို ဘယ်လိုလုပ်ပြီး အောင်နိုင်မှာလဲ။"

ဧကရာဇ် ဇစ်ဝေး၏ မျက်လုံးများက အရောင်တောင်လာလေ၏။ "အိုး... မင်းရဲ့စကားတွေက အရမ်းမှန်တာပဲ။"

အန်လင်းက ကြိတ်ပြုံးလိုက်လေ၏။ သူင အရင်တုန်းက စိတ်ကူးယဉ် ကျင့်ကြံရေး ဝတ္ထုများ အများအပြားဖတ်ထားမိသည်မှာ အလွန်ကံကောင်းလှ၏။ ထို့ကြောင့်သာ သူက လျှောက်ပြော၍ရသော အဖန်တစ်ရာထပ် စာကြောင်းများ ရှိနေခြင်းပင်။

"ကျွန်တော်က ကောင်းကင်ဘုံခုံရုံးအတွက် အဆောက်အဦးဆောက်ဖို့ ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ရာ ကျွန်တော့်ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေကို ကောင်းကင်ဘုံခုံရုံးဆီ ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်က ကောင်းကင်ဘုံ ခုံရုံးကို ခမ်းနားကြီးကျယ်အောင် ပြုလုပ်ဖို့အတွက် ကျွန်တော့်ရဲ့ အပိုင်းကို လုပ်ဆောင်ချင်ပါတယ်။" အန်လင်းက ပြောဆိုနေရင်း အနည်းငယ် လက်လွန်သွားလေတော့၏။

ဧကရာဇ် ဇစ်ဝေး : "..."

"အဲဒါဆို ဒီလိုလုပ်ရင်​ရော။ ဘီလူး စိတ်ဝိညာဉ်  နတ်ဘုရားက တောင်းပိုင်း ကောင်းကင်ဘုံ တံခါးပေါက်ကို စောင့်ဖို့ တာဝန်ကျနေတာ။ အဲ့တော့ သူ့ကို ရှေးဟောင်းထိုက်ချူကုန်းမြေကို ပို့ဖို့ မသင့်တော်ဘူး။ မင်းက သူ့နေရာကိုယူပြီးတော့ ပျယ်ပြယ်ခြင်း ကြယ်စင်အပိုင်းကို သွားမလား။" ဧကရာဇ် ဇစ်ဝေးက အပြုံးတစ်ခုဖြင့် ကမ်းလှမ်းလာလေ၏။

"ပျက်... ပျက်ပြယ်ခြင်း ကြယ်စင် အပိုင်း...။ အဲဒါက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တွေပဲ ဝင်ခွင့်ရှိတဲ့ အပိုင်းမဟုတ်ဘူးလား။ ကျွန်တော်သွားလို့မရဘူးလေ။" အန်လင်းက အလန့်တကြား ဆိုလိုက်၏။

"ရှေးဟောင်း အံ့ဖွယ် အပိုင်းမှာပဲ ကျင့်ကြံခြင်းအခြေခံ တားမြစ်ချက်ရှိတာ။ပျက်ပြယ်ခြင်း ကြယ်စုအပိုင်းမှာက မရှိဘူး။ မင်းက ပျက်ပြယ်ခြင်း အလယ်အလတ်အဆင့်နဲ့ အောက်က ဖြစ်နေသရွေ့ မင်းက အပိုင်းထဲကို ဝင်လို့ရတယ်။ ဒါပေမဲ့ အပိုင်းထဲကို သွားတဲ့ ဝင်ပေါက်ကတော့ ဝင်ရောက်သာအများကြီး လက်မခံနိုင်ဘူး။ အဲဒါက အရမ်း အန္တရာယ်များတယ်။ အဲဒါမို့လဲ ငါတို့က ပျက်ပြယ်ခြင်းအဆင့် ကောင်းကင် အင်မော်တယ်တွေကိုပဲ အဲ့ကို ပို့ဖို့ ဆုံးဖြတ်ထားတာ။" ဧကရာဇ် ဇစ်ဝေးက ရှင်းပြလိုက်၏။

အန်လင်း : "..."

အန်လင်းက မေ့လဲတော့ မလိုပင် ခံစားလိုက်ရ၏။ သူ့ကဲ့သို့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မည်ကဲ့သို့ လက်နက်အကြီးကြီးများနှင့် ဆော့စကားဝံ့မည်နည်း။

ပျက်ပြယ်ခြင်း ကြယ်စုအပိုင်းမှာ ပျက်ပြယ်ခြင်း အဆင့် ကျင့်ကြံသူများပင် ကျရှုံးခဲ့သော နေရာတစ်ခုဖြစ်၏။

သူ့မှာ သတ္တိမရှိပါပေ။ လုံးဝ မဖြစ်နိုင်ပါ။

"ဟင်... ဘာဖြစ်လို့လဲ။ ငါက မင်းကို အခွင့်အရေးပေးတော့လဲ တုန့်ဆိုင်းနေပြီလား။ အလိုက်သင့်နေခြင်းက မင်းကို ထာဝရ မော်တယ်ဖြစ်အောင် လျော့ချပေးမယ်ဆို။ အံတုခြင်းကပဲ အင်မော်တယ် ဖြစ်လာစေမှာဆို။" ဧကရာဇ် ဇစ်ဝေးက အန်လင်း တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ရယ်မောလိုက်လေ၏။

သွားစမ်းပါ။ ပျက်ပြယ်ခြင်း ကြယ်စုအပိုင်းကို သွားတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲကို။ သူက သေချာပေါက် တုံ့ဆိုင်းမှာပေါ့။

ယခု ပြန်တွေးကြည့်သောအခါ နှစ်တစ်ရာလောက်မိန်းမစိုးဖြစ်လာပြီးမှ စုရှောင်လန်နဲ့ လက်ထပ်လို့ရမည်ဆိုရင်လဲ အဲ့လောက်တော့ မဆိုးပါဘူး...

"ဟားဟား... ဟုတ်ပါပြီ။ ငါမင်းကို ထပ်ပြီး မခြောက်တော့ပါဘူး အန်လင်း။" ဧကရာဇ် ဇစ်ဝေး၏ မျက်နှာထက်တွင် ခပ်ဆိုးဆိုး အမူအရာတစ်ခု ရုတ်တရင်ပေါ်လာသည်မှာ သူက စနောက်ခြင်းတစ်ခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သကဲ့သို့ဖြစ်လေ၏။ ထို့နောက်သူက သူ့၏ သိုလှောင်လက်စွပ်ထဲမှ အနက်ရောင်ဝတ်ရုံတစ်ခုကို ထုတ်ကာ အန်လင်းကို ပေးလိုက်လေ၏။

အန်လင်းက ထိုသည်က ဘာလဲမသိသော်လည်း သူက လက်ဆောင်များကို ငြင်းပယ်သည့် အကျင့်မရှိပါပေ။

သူက အနက်ရောင် ဝတ်ရုံကို လက်ခံလိုက်ပြီး ဝတ်ရုံ၏ မျက်နှာပင်ပေါ်တွင် အဖြူရောင် အလင်းများ တောင်ပနေသော အစက်အပြောက်များ ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုသည်က ကြယ်အပြည့်နှင့် ညကောင်းကင်ယံတစ်ခုနှင့် တူလှပေသည်။

"အဲဒါက ကြယ်စင်သားရဲတွေကနေပြီးတော့ လွတ်မြောက်အောင် ကူညီပေးမဲ့ ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံပဲ။ အဲဒါအပြင် အဲဒါက ပတ်ဝန်ကျင်နဲ့ ရောနှောနိုင်တဲ့ အကျိုးရှိပြီးတော့ တာအို ပေါင်းစပ်ခြင်းအဆင့်နဲ့ အထက် ခွန်အားကြီး ပုဂ္ဂိုလ်တွေပဲ သူ့ရဲ့ ကိုယ်ပျောက်အစွမ်းကို ဖော့်ထွင်းမြင်နိုင်မှာ။ အဲဒါက အရမ်းကို တန်ဖိုးရှိတဲ့ အင်မော်တယ် လက်နက်ပဲ။ ငါအဲဒါကို မင်းကိုပေးလိုက်မယ်။ အပြန်အလှန်အနေနဲ့ မင်းက ရှေးဟောင်းအံ့ဖွယ် အပိုင်းထဲကို ဝင်တဲ့အခါ ငါ့ကိုတစ်ခု ကူညီပေးရမယ်။ အဲဒါကတော့ ကြီးမားတဲ့ ကြယ်စုတောင်ကနေပြီးတော့ ချစ်ခြင်းမေတ္တာ သစ်သီးတစ်လုံး ခူးလာခဲ့ပေး။"

ထိုသည်ကိုကြားသောအခါ အန်လင်းက အလွန်ပျော်ရွှင်သွားလေ၏။ "အဲ့တော့ ဆိုလိုတာက... ကျွန်တော် အခု ရှေးဟောင်းအံ့ဖွယ် အပိုင်းကို ဝင်လို့ရပြီပေါ့နော်။"

ဧကရာဇ် ဇစ်ဝေးက ခေါင်းငြိမ့်ကာ အတည်ပြုပေးလိုက်၏။ "ဟုတ်တယ်။ မင်းက ရှေးဟောင်းအံဖွယ်အပိုင်းကို ဝင်ခွင့်ရတဲ့ လူစာရင်းထဲမှ ၃၁ယောက်မြောက် ဖြစ်မယ်။ ငါတို့က တကယ်တော့ ကောင်းကင်ဘုံ ခုံရုံးကနေပြီး ရှေးဟောင်း ထိုက်ချူ နယ်မြေထဲကို ဝင်တဲ့လမ်းက ဒီတစ်ခေါက်ဖြတ်ဖို့ကို တစ်ယောက်ပိုပြီးခွင့်ပြုတယ်ဆိုတာ သိထားပြီးသား။ အံ့ဩစရာသတင်းကောင်းပဲ ဟုတ်တယ်မလား။"

အန်လင်း : "..."

ငါ့-င်ကြီးကို အံ့ဩစရာ သတင်း​ကောင်းပါလား။

သူက ဧကရာဇ် ဇစ်ဝေးမှာ သူ့အားတွင်းတစ်ခု တူးပေးကာ သူ့ခုန်ဝင်လာရန် စောင့်နေသည်ဟု ခံစားရ၏။

သူက မနေနိုင်ပဲ မေးလိုက်လေ၏။ "စီနီယာ ဇစ်ဝေး၊ ကျွန်တော်က ရှေးဟောင်းအံ့ဖွယ် အပိုင်းကို ဝင်ဖို့ ခွင့်တောင်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ။"

ဇစ်ဝေး၏ မျက်နှာထက်တွင် နှစ်နှစ်ခြိုက်ခြိုက်အပြုံးတစ်ခု ပေါ်လာလေ၏။ "ငါ ခန့်မှန်းလိုက်တာ။"

အန်လင်းက ချက်ချင်းပင် လေးစားမှုများနှင့် ပြည့်နှက်သွားလေ၏။

ဧကရာဇ် ဇစ်ဝေးက သူ့ကိုယ်သူတွေးလိုက်လေ၏။

မင်းက ငါ့ကို လာပြီးမတောင်းဆိုရင်တောင်မှ ငါ့မှာ မင်းကို ရှေးဟောင်းအံ့ဖွယ် အပိုင်းထဲကို ဝင်စေဖို့ နည်းလမ်းတွေအများကြီးရှိတယ်...။ ကောင်းကင်ဘုံခုံရုံးရဲ့ အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့်အနေနဲ့ မင်းက ရှေးဟောင်းအံ့ဖွယ်အပိုင်းကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဝင်ကို ဝင်ရမယ်...။

အန်လင်းက ပုံရိပ်ရောင် ကြယ်စင်ဝတ်ရုံကို သူ့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းကာ ခေါင်းငုံ့အရိုအသေပေးပြီး ထွက်သွားလိုက်လေ၏။

ဝမ်ရွှမ်ကျန်းနှင့် ယန်ရော့လင်းတို့က ချက်ချင်းပင် သူ့ဆီသို့ စိတ်ဝင်စားမှုအပြည့်ဖြင့် လျှောက်လာလိုက်ကြ၏။

"အန်လင်း၊ ဧကရာဇ် ဇစ်ဝေးနဲ့ ဘာတွေပြောနေတာလဲ။" ဝမ်ရွှမ်ကျန်းက မေးလိုက်လေ၏။

"ပြောပြီးပြီ။" အန်လင်းက ပြုံးလိုက်၏။

"ပြီးပြီ...။ ဘာကြီးလဲ။" ယန်ရော့လင်းက စိတ်ရှုပ်ထွေးသွားလေ၏။

"ငါလဲ ရှေးဟောင်းအံ့ဖွယ်အပိုင်းကို သွားလို့ရတယ်။" အန်လင်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။

ဝမ်ရွှမ်ကျန်း : "..."

ယန်ရော့လင်း : "..."

"ဘာလဲ။" အန်လင်းက သူ့ရှေ့မှ လူနှစ်ယောက်၏ မျက်နှာထက်မှ စိတ်ရှုပ်ထွေးနေဟန်ကိုကြည့်ကာ မေးလိုက်၏။

ဝမ်ရွှမ်ကျန်းမှာ အနည်းငယ် တုံ့ဆိုင်းနေလေ၏။ "မင်း... မင်းက ဧကရာဇ် ဇစ်​ဝေးနဲ့ စကားလေးနည်းနည်းပြောပြီးတော့ မင်းကို သူက ချွင်းချက်ထားပြီး ရှေးဟောင်းအံ့ဖွယ် အပိုင်းကို ဝင်ဖို့ ခွင့်ပြုပေးလိုက်တယ်ပေါ့။"

အန်လင်းက ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်လေ။ သူက ငါ့ကို တခြား ညွှန်ကြားချက်တွေလဲ ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒါက အကြမ်းဖျင်း ဘာဖြစ်သွားလဲ ဆိုတာပဲ။"

"အဲ့တော့ ကောလဟာလတွေက မှန်နေတာပေါ့။ မင်းက တကယ်ပဲ စုစည်းညီညွတ် ကျင့်ကြံရေးကျောင်းတော်ကြီးရဲ့ နံပါတ်တစ် အနောက်တံခါးက ဝင်လာတဲ့လူပေါ့။" ယန်ရော့လင်းက ဆိုလိုက်၏။

အန်လင်း : "..."

ယန်ရော့လင်းက ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။ "နင်က ဘယ်သူ့နေရာကို ယူလိုက်တာလဲ။"

အန်လင်းက ခေါင်းခါပြလိုက်၏။ "ဘယ်သူ့နေရာမှ မဟုတ်ဘူး။ အခု ပါဝင်သူက ၃၁ယောက်ဖြစ်သွားပြီ။"

ဝမ်ရွှမ်ကျန်းမှာ ထိုသည်ကိုကြားသောအခါ အံ့ဩသွားပြီး အန်လင်းအား လက်မထောင်ပြလိုက်လေ၏။ "လေးစားပါတယ်။"

"မင်းအဲဒါကို လုပ်နိုင်တယ်လား။" ယန်ရော့လင်းက မယုံကြည်နိုင်ဖြစ်နေလေ၏။

အန်လင်းက ထိုသူနှစ်ယောက်မှာ တစ်ခုခုကို အထင်လွဲနေသည်ဟု ခံစားလိုက်ရရ၍ အလျင်အမြန်ပင် ရှင်းပြလိုက်၏။ "မင်းတို့ထင်သလို မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက ဖြတ်လမ်းကို ဝင်ရောက်လို့ရနိုင်တာ ၃၁ယောက်ပဲ"

"ရှင်းပြစရာမလိုပါဘူး ကျောင်းသား အန်လင်း။ ငါနားလည်ပါတယ်။" ဝမ်ရွှမ်ကျန်းက မယုံကြည်သောအပြုံးဖြင့် ပြန်ဖြေလိုက်လေ၏။

"အင်..." ယန်ရော့လင်းက မျက်လုံးများ အရောင်တောက်လာကာ အနည်းငယ် ရှက်သွေးဖြာသွား၏။ သူမကို ကြည့်ရသည်မှာ သူမပြောမည့်အရာကို မပြောခင်တွင် သတ္တိတစ်ချို့ကို စုစည်းလိုက်ရပုံ ပေါ်လေ၏။ "ငါလဲ ပျက်ပြယ်ခြင်းအဆင့်ကို ထိုးဖောက်ပြီးရင် ဧကရာဇ် ဇစ်ဝေးဆီကို ငါ့အကြောင်း နည်းနည်းအကောင်းပြောပေးလို့ရမလား။ အဲဒါမှ သူက ငါ့ကို ကောင်းကင်ဘုံ ခုံရုံးပန်းနန်းတော် ဒါမှမဟုတ် အဲ့လိုမျိုးတစ်ခုခုမှာ နန်းတော်ခေါင်းဆောင်ရာထူး ခန့်ပေးအောင်လို့..."

အန်လင်း : "..."

မင်းတို့တွေက ငါ့ကို ဘယ်လိုမျိုး ယူဆနေတာလဲ။ ငါက အဲ့လိုမျိုး အနောက်တံခါးက ဝင်လာတဲ့သူမဟုတ်ဘူးဟ။

------------

All Chapters