← Chapters

ကုန်းမြေကြီး ပေါ်မှ စွမ်းအားအထက်ဆုံး ကျင့်ကြံသူများ၏ ရွေ့ပြောင်းရန် အသင့်ဖြစ်နေခြင်း

Vol. 34 Ch. 476

ကုန်းမြေကြီး ပေါ်မှ စွမ်းအားအထက်ဆုံး ကျင့်ကြံသူများ၏ ရွေ့ပြောင်းရန် အသင့်ဖြစ်နေခြင်း

Vol. 34 Ch. 476

ရှေးဟောင်းထိုက်ချူနယ်မြေသို့ ဝင်ရောက်ရန် စာရင်းတွင်အပါသောသူများအားလုံးက အဝေးသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။

ကျန်ရှိသူ ၃၆ဦးရှိပြီး ပျက်ပြယ်ခြင်းအဆင့်မှာ ၅ဦးဖြစ်ကာ ကျန်သော ၃၁ဦးမှာ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ဖြစ်ကြ၏။

ဧကရာဇ် ဇစ်ဝေးက တစ်ဦးစီတိုင်းကို နေရာကူ​းပြောင်းရေး အစီအရင်တစ်ခု ပစ်ပေးလိုက်လေ၏။ "ရှေးဟောင်းထိုက်ချူနယ်မြေက တစ်လပဲ ဖွင့်တာ။ အချိန်ပြည့်သွားတာနဲ့ နေရာကူးပြောင်းရေး အစီအရင်တွေက မင်းတို့ကို ကောင်းကင်ဘုံခုံရုံးကို ပြန်ပို့ပေးလိမ့်မယ်။"

ကျန်ရစ်သော ကျင့်ကြံသာ၃၆ဦးအနက် ၃၅ဦးမှာ ရွှေရောင် နေရာကူးပြောင်းရေး အစီအရင်ရရှိပြီး အန်လင်းကမူ ကြီးမား၊ ထူထည်းလှသော ရွှေရောင် နေရာကူးပြောင်းရေး အစီအရင်တစ်ခုရရှိအား အာရုံစိုက်မှု ဗဟိုချက်ဖြစ်နေစေ၏။

အန်လင်း : "..."

ဘာလို့ သူ့ရဲ့ အစီအရင်က ရွှေရောင်ဖြစ်နေရတာလဲ။

လူတိုင်း၏ မေးခွန်းကို အဖြေပေးလိုက်သကဲ့သို့ ဧကရာဇ် ဇစ်ဝေးက အပြုံးတစ်ခုနှင့် ရှင်းပြလိုက်၏။ "အန်လင်းမှာ အထူးတာဝန်ရှိတယ်။ အဲဒါကြောင့် ငါသူ့ကို ဘယ်အချိန်မှာမဆို ချက်ချင်း အသက်သွင်းနိုင်တဲ့ နေရာကူးပြောင်းရေး အစီအရင်ပေးထားတာ။ အရာအားလုံးထက် အရေးအကြီးဆုံးက မင်းတို့ရဲ့ အသက်ဆိုတာ မှတ်ထားပါ။"

သူ့၏ စကားလုံးများက လေထဲတွင် ရစ်ဝဲနေကာ လူတိုင်းက ဆိုလိုရင်းကို သဘောပေါက်လေ၏။

ဧကရာဇ် ဇစ်ဝေက သူ့စကားများကို အလှမဆင်သော်လည်း သူ့စကားများက ရှင်းရှင်းလင်းလင်းပင် တစ်ခုခုကို အရိပ်အမြွက်ဆိုနေလေ၏။

အတွင်းသတင်းများရှိသော သို့မဟုတ် လွန်ခဲ့သည့် နှစ်ငါးရာက ရှေးဟောင်းထိုက်ချူနယ်မြေဆီသို့ ဝင်ခဲ့ဖူးသော ကျင့်ကြံသူတစ်ချို့အတွက် သူတို့၏ အမူအရာများမှာ တခြားသူများထက်ပင် အံ့ဩနေကြ၏။ သူတို့က ရှေးဟောင်းထိုက်ချူနယ်မြေဆိုသည်မှာ မည်သို့အထူးနေရာတစ်ခုဖြစ်သည်နှင့် ရှေးဟောင်းထိုက်ချူနယ်မြေ ဖွင့်သည့်အချိန်တိုင်း ရွှေရောင် နေရာကူးပြောင်းရေးအစီအရင်နှင့် ကျင့်ကြံသူတစ်ဦးက မည်သည်ကို ကိုယ်စားပြုသည်အား သူတို့က သိထားလေ၏။ ပုံမှန်အဖြင့် ဤအစီအရင်ကို လက်ခံရရှိသော သူမှာ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဝိညာဉ် ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ဦးဆီသို့ ပေးအပ်သည်က ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေ၏။

အန်လင်းက ရုတ်တရက် လူတိုင်းက သူ့အားကြည့်သည့်အခါ အမူအရာပြောင်းသွားသည်ကို သိသွားလေ၏။ အထူးသဖြင့် ယန်ရော့လင်းပင်။ သူမက သူ့အား တောက်လောင်နေသောအပူရှိန်များ အားကျမှုများဖြင့် စိုက်ကြည့်နေလေ၏...။

သူက အမှန်တကယ်ပင် ကောင်းကင်သို့မော့်ကာ အော်ဟစ်လိုက်ချင်၏။ သူက ဤအစီအရင်ကို ပေးအပ်ခံရခြင်းမှာ သူ့၏ လုပ်ဆောင်နိုင်ရည်များကြောင့်ဖြစ်ပြီး အနောက်တံခါးမှ ဝင်လာသူတစ်ယောက်ဖြစ်၍ မဟုတ်ပါချေ။

အန်လင်းက ရွှေရောင်အစီအရင်ကို တိတ်တဆိတ်ပင် သိမ်းဆည်းလိုက်၏။ ဤသည်က ယခုအချိန်တွင် သူ့အားအနွေးဓာတ်ပေးနိုင်သော တစ်ခုတည်းသောအရာပင်ဖြစ်လေ၏။

ထို့နောက်တွင် ဧကရာဇ် ဇစ်ဝေးက လူတိုင်းကို ရှေးဟောင်းထိုက်ချူနယ်မြေထဲရှိ အခြေအနေကို မိတ်ဆက်ပေး၏။

ဤသည်က သူတို့၏ ရှေ့ပြေးတပ်သားများ သွေး၊ ချွေး၊ မျက်ရည်များဖြင့်ရင်းကာ ယူဆောင်လာသော သတင်းများဖြစ်ပြီး အန်လင်းက နားထောင်နေရင်း ပိုပို၍ ကြောက်ရွံ့လာသည်ဟု ခံစားလိုက်ရ၏။

ကို့ယို့ကားယား ပတ်ဝန်းကျင်များ၊ တွန့်လိမ်နေသော နေရာလပ်များ၊ ကြောက်မက်ဖွယ် သတ္တဝါများ၊ ဖရိုဖရဲ ဥပဒေသများ စသည်ဖြင့်...

ထို့ပြင် သူတို့မှာ ထိုက်ချူကုန်းမြေကြီးပေါရှိ တခြားခွန်အားများ၏ ခြိမ်းခြောက်မှုလဲ ရှိသေးပေ၏...။

သူတို့က ကံကောင်းသောအခါ ရှေးဟောင်းထိုက်ချူနယ်မြေထဲတွင် လူအနည်းငယ်သာ သေပေလိမ့်မည်။

သူတို့၏ ကံမှာ ထိုမျှအထိမကောင်းနေပါက... ကြီးမားသော မျိုးတုန်းသတ်ဖြတ်ခံရခြင်းက ရလာဒ်ပင်ဖြစ်၏။

ထိုအခြေအနေများတွင် ပျက်ပြယ်ခြင်းအဆင့်ဖြစ်စေ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ဖြစ်စေ လူတိုငက သေမည်ဖြစ်သည်။ ထို့အပြင် သတင်းပြန်ယူလာပေးမည့်သာမရှိသောကြောင့် သူတို့မည်သို့ သေသွားသည်ကို မည်သူမှ မသိနိုင်တော့ပါပေ။

သို့သော် ထိုကဲ့သို့ အန္တရာယ်နယ်မြေထဲသို့ သူတို့ကိုယ်စားပြုသော သက်ဆိုင်ရာခွန်အားများကြောင့် သာမက သူတို့ကိုယ်တိုင်အတွက်ပါ ဝင်ရောက်လိုသူများ အများအပြားရှိနေသေးပေ၏။ သူတို့အား တာအိုပေါင်းစပ်ခြင်းအဆင့်သို့ ထိုးဖောက်စေနိုင်မည့် အခွင့်အရေးများ ရှိနေပြီး ထိုသည်တစ်ခုတည်းကပင် လူတိုင်းကို ရူးသွပ်စေရန် လုံလောင်ပေ၏။

အန်လင်းမှာ ကြယ်များ၏ တည်ရှိမှုအလိုက် တည်နေရာ အစဉ္မပြတ်ပြောင်းလဲနေသော ဧရာမကြယ်စုတောင်မှ ချစ်ခြင်းမေတ္တာသစ်သီးတစ်ခုကို ခူးစွတ်ရမည်ဖြစ်၏။ သို့ဖြစ်၍ ဧကရာဇ် ဇစ်ဝေးက တည်နေရာအတိအကျကို မဆုံးဖြတါနိုင်ပါပေ။ ထိုသည်က အန်လင်းလုပ်ရမည့် တစ်စုံတစ်ခုဖြစ်ပြီး ဧကရာဇ် ဇစ်ဝေးမှာမူ သူ့အား ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံနှင့် ချစ်ခြင်းမေတ္တာသစ်သီးက မည်သည်နှင့်တူသည်ကို ပြသရန်ဟူသော အရာများသာ ထောက်ပံ့ပေးနိုင်လေ၏...။

အချိန်များက နှေးကွေးလွန်းစွာ ကုန်လွန်သွား၏။

အန်လင်းက စုရှောင်လန်နှင့် တခြားသူများကို အသံကူးပြောင်းရေး အစီအရင်းများဖြင့် ဆက်သွယ်ကာ အခြေအနေများကို အကြောင်းကြားပြီး သူက တစ်လခန့် အဝေးသို့သွားမည်ကို ဆက်သွယ်လိုက်လေ၏။

ရှေးဟောင်းနယ်မြေဆီသို့ ဝင်ပေါက်ဖွင့်ရန်အချိန်မှာ မကြာမီတွင် ရောက်လာပေတော့မည်။

ခွန်အားကြီးအားအင်တစ်ခုက လူတိုင်းနှင့် သူတို့ပတ်လည်မှ နေရာလပ်ကို လွှမ်းခြုံသွားပြီး  သူတို့ကိုယ်သူတို့ မှိန်ဖျော့ဖျော့လျှို့ဝှက်အခန်းတစ်ခုတွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။

လျှို့ဝှက်အခန်း၏ ဗဟိုတွင် ရွှေရောင်းအလင်းဖြင့်တောင်ပနေသော ဝင်ပေါက်နှစ်ခုရှိပြီး တစ်ခုမှာ ကြီးကာ တစ်ခုက သေး၏။ သို့သော် ထိုဝင်ပေါက်များမှ လူတိုင်းကို အသက်ရှုကြပ်စေသော ခံစားချက်တစ်ခုပေးသော ဖိအားတစ်ခုက ဖြာထွက်နေလေ၏။

"ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေ၊ ကျေးဇူးပြုပြီး ရှေးဟောင်းထိုက်ချူ နယ်မြေကိုရွှေရောင်ဝင်ပေါက်ကြီးကနေဝင်ပါ။ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ ကျေးဇူးပြုပြီး ရှေးဟောင်းထိုက်ချူ နယ်မြေဆီကို ရွှေရောင်ဝင်ပေါက် အငယ်က ဝင်ပါ။ ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်ပြီးနောက် မင်းတို့ရဲ့ တည်နေရာက ကျပန်းဖြစ်လိမ့်မယ်။ ​ကျေးဇူးပြုပြီး ​ေရှးဟောင်း နယ်မြေအတွင်းမှာ စွမ်းအား၁၆ခုရဲ့ ကိုယ်စားလှယ်တွေရှိတာ သတိရပါ။ ဗုဒ္ဓနိုင်ငံတော်၊ ဧဒင်ဉယျာဉ္၊ ဖန်တီးခြင်း ခန်းမ၊ အရှေ့ပင်လယ် နဂါးခုံရုံး၊ မြောက်ပိုင်း ကန်တောင်နယ်မြေ၊ စိတ်ဝိညာဉ် ရေကန်နယ်မြေကလွဲရင် တခြားစွမ်းအားတွေအားလုံးက ရန်သူတွေပဲ။"

ဧကရာဇ် ဇစ်ဝေး၏ စကားလုံးများက လူတိုင်းကို လှုပ်ရှားသွားစေ၏။

ရှေးဟောင်နယ်မြေအတွင်း၌ ဆန်းကြယ် ရတနာများအတွက် ဆန့်ကျင်ဘက်ခွန်အားများ၏ ကိုယ်စားလှယ်များနှင့် တိုက်ခိုက်ရသည်မှာ အတော်လေး သာမန်ပင်ဖြစ်သည်။ သို့ဖြစ်ဒ သူတို့၏ ရန်သူများမှာ ရှေးဟောင်းထိုက်ချူနယ်မြေရှိ နေထိုင်ရာ သက်ရှိများသာမက တခြားသောခွန်အားများအားလုံးမှ ကိုယ်စားလှယ်များလဲ ဖြစ်ပေ၏။

"ဘုရားသခင်က လူသားမျိုးနွယ်ကို ကောင်းချီးပေးပါတယ်။ မင်းတို့ ဘေးကင်းကင်းပြန်လာဖို့ ငါဆုတောင်းနေမယ်။" ဧကရာဇ် ဇစ်ဝေးက ဖြည်းညင်းစွာ ပြောလိုက်၏။

လုဒုန်ဘင်က ခပ်ဖွဖွပြုံးကာ ရွှေရောင်ဝင်ပေါက်ထဲသို့ အဖြူရောင် ဝတ်ရုံ တလွှလွှဖြင့် ဝင်သွားလေ၏။

လူတိုင်းက သူ့အတိုင်းလိုက်ကာ ဝင်ပေါက်ကို တစ်ယောက်ပြီးတစ်ယောက်ဖြတ်သွားလေတော့သည်။

"ကျောင်းသား အန်လင်း သေချာဂရုစိုက်ကွာ" ဝမ်ရွှမ်ကျန်းက အန်လင်း၏ ပခုံးကို ပုတ်ကာ ရွှေရောင်ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်၏။

"အစ်ကိုရောပဲ စီနီယာကျောင်းသား ဝမ်"

အန်လင်းက အသက်ပြင်းပြင်းရှုကာ ရွှေ​ေရာင် ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်လေ၏...။

...

မြင့်မြတ်ရေခဲကုန်းမြေများ၏ ရေခဲနန်းတော်တစ်ခုအတွင်း၌ ရွှေရောင်အကွာအဝေးဝင်ပေါက်နှစ်ခုက တောက်တောက်ပပလင်းလက်နေလေ၏။

အရှင်သခင်မ မန်ဇီက သူမရှေ့တွင် မြူနှင်းနတ်မိမယ် ၂၃ယောက်ကို မျက်နှာချင်းဆိုင်နေကာ ထိုထဲမှ သုံးဦးက မြင့်မြတ်နန်းတော်ခေါင်းဆောင်များဖြစ်ပြီး ကျန်သော အယောက်၂၀မှာ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြူနှင်း နတ်မိမယ်မှားဖြစ်လေ၏။

"နန်းတေ်ခေါင်းဆောင်တွေ ကျေးဇူးပြုပြီး မင်းတို့ရဲ့ ပန်းတိုင်က နယ်မြေအူတိုင်ရဲ့ အပိုင်းတွေကို ရဖို့ပဲ။ ငါတို့မှာ တခြားနည်းလမ်းမရှိတော့ဘူး..."

"ရှေးဟောင်း အံ့ဖွယ်အပိုင်းကို သွားကြမဲ့ မြူနှင်းနတ်မိမယ်တွေ မင်းတို့ရဲ့ တာဝန်က ရှန်းကွမ်ယီကို ကောင်းကင်ဘုံ မြူနှင်းတောင်ထိပ်ကိုရောက်အောင် ကူညီပြီးတော့ သူမရဲ့ ရေခဲနံရံဆေးရေးပန်းချီအော်ရာကို  နိုးထစေဖို့ဖြစ်၏။"

၂၃ယောက်သော မြူနှင်းနတ်မိမယ်များအားလုံးက တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်၏။ "နားလည်ပါတယ်။"

ရှန်းကွမ်ယီ၏မျက်နှာမှာ သူမက သူမရှေ့ရှိ ရွှေဖောင်အကွာအဝေး ဝင်ပေါက်ကိုကြည့်ရာ သူ့မျက်နှာအား အမူအရာမဲ့ကျန်နေပေ၏။

သူမ၏ ကြင်အင်များက အထူးလှပပြီး ​ကောင်းကင်နှင့် မြေကြီးတို့နှင့် ရောနှောကာ သူမအား အလွန်နူးညံ့သိမ်မွေ့သော အော်ရာတစ်ခုပေးနေလေ၏။

"အဲဒါဆို ကျေးဇူးပြုပြီး ရှေးဟောင်းထိုက်ချူနယ်မြေထဲကို ဝင်ရောက်ကြပါ။" မန်ဇီက သူမ၏ အံ့ဖွယ်တောင်ဝှေးကို အရောင်ခပ်ဖျော့ဖျော့နှင့် လှိုင်းထနေသော အကွာအဝေး ဝင်ပေါက်များဆီသို့ ညွှန်ပြလိုက်လေ။။

ပျက်ပြယ်​ခြင်းအဆင့် မြင့်မြတ်နန်းတော်ခေါင်းဆောင်တစ်ဦးက အကွာအဝေးဝင်ပေါက်ဆီသို့ ဦးဆောင်သွားရာ သူမမျက်စိရှေ့တွင် အလင်းတစ်ခု ရုတ်တရက် တောက်ပသွားလေ၏။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက မြင့်မြတ်နန်းတော်ခေါင်းဆောင်ကို ပျံ့သန်းလွင့်ထွက်သွားစေလေ၏။

"ဖောင်း..." မြင့်မြတ်နန်းတော်ခေါင်းဆောင်က လေထဲသို့ ပျံတက်ကာ သွေးများအန်လာလေ၏။

တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းက ပြင်းထန်းစွာ လှိုင်းထစပြုလာလေ၏။

"အကွာအဝေး ဝင်ပေါက်က အရမ်းကို မတည်မငြိမ်ဖြစ်လာပြီ။ အဲဒါက ပြိုကျသွားနိုင်တယ်။ ငါ့ရဲ့ အံ့ဖွယ်စွမ်းအားကို သုံးပြီးထိန်းထားပေးမယ်။ ဝင်ပေါက်ကို ဖြတ်ပြီး မြန်မြန်ဝင်ကြတော့။" မန်ဇီ၏ အမူအရာက ပြောင်းသွားကာ သူမ၏ အံ့ဖွယ်တောင်ဝှေးကို အံ့ဖွယ်စွမ်းအင်များ ထိုးထွက်နေသော ရွှေရောင်ဝင်ပေါက်နှစ်ခုဆီသို့ ညွှန်ပြလိုက်လေ၏။

မြူနှင်းနတ်မိမယ်မျအားလုံးက သူမ၏ ညွှန်ကြားချက်ကို လိုက်နာကာ ရွှေရောင်ဝင်ပေါက်များဆီသို့ အလျင်အမြန်ဝင်ရောက်သွားလေ၏။

မြူနှင်းနတ်မိမယ်များအားလုံး အကွာအဝေးဝင်ပေါက်ကို ဖြတ်သန်းဝင်ပြီးသည့်အခါ နှစ်ခုစလုံးက ပြိုကျသွားလေ၏။

အလွန်အမင်းကြောက်မက်ဖွယ် အင်အားတစ်ခုက မန်ဇီဆီသို့ တန်ပြန်တိုက်ခိုက်လာ၏။

မန်ဇီက လေထဲသို့ ပျံတက်သွားကာ သူမ၏ ခန္ဓာကိုယ်က ကီလိုမီတာ ၅၀ကျော် အလင်း၏အလျင်ဖြင့် မပျံသန်းသွားမီတွင် နန်းတော်၏ နံရံဆီသို့ ဝင်တိုက်မိသွားကာ သူမ၏ နှုတ်ခမ်းထောင့်မှ အပြာရောင် သွေးများစီးကျလာလေ၏။

"ငါက အခု အကွာအဝေးလမ်းကြောင်းက တစ်လအတွင်း ပြန်ပွင့်လာတာကိုပဲ စောင့်နိုင်တော့မှာ..."

"အကွာအဝေးဝင်ပေါက်တွေကတောင် မှားယွင်းနေမယ်လို့ ဘယ်သူကထင်မှာလဲ...။ မြင့်မြတ်ရေခဲကုန်းမြေတွေက ကပ်ဆိုးတွေ အန္တရာယ်တွေနဲ့ ပြည့်နေပြီးပြီ...။ ငါတို့ရဲ့ ကံကြမ္မာက နောက်ဆုံးအဆုံးသတ် ရောက်လာပြီလား...။"

မန်ဇီက သူမပတ်လည်ရှိ ကျယ်ပြန့်လှသော မြူနှင့် ရေခဲပြင်ကြီးကိုကြည့်ကာ လေးလံသော သက်ပြင်းဖွဖွချလိုက်လေ၏။

...

ထိုက်ချူကုန်းမြေကြီးပေါ်ရှိ တစ်ခုသော မဲနက်နေသည့် မျောလွင့်ကုန်းမြေတစ်ခုပေါ်တွင်...

တောင်ပံနက် ဧကရာဇ်မှာ နောက်ကျောတွင် လက်ကို ချိတ်ထားပြီး သူ့ရှေ့မှ ဒူးထောက်နေကြသော တောင်ပံနက်မျိုးနွယ်စုများကို ကြည့်ရှုနေလေ၏။

"၁၇ ယောက်... ၁၇ ယောက်..."

"ငါတို့မှာ ပျက်ပြယ်ခြင်းအဆင့် ၃ယောက်နဲ့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ၁၅ယောက်အတွက်နေရာရှိတယ်။ ငါက ကိုယ့်သဘောနဲ့ကိုယ် ရှေ့ထွက်လာဖို့ပြောတယ်။ မင်းတို့က စောက်ကျိုးနည်း ၁ယောက်တောင်လိုနေတယ်။"

"မစ်ရှင်ရှိနေတဲ့ ဘုရင်တွေကလွဲရင် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်လုံးက သေရမှာ အဲ့လောက်တောင် ကြောက်ကြလား။"

တောင်ပံနက် ဧကရာဇ်၏ အသံက အံ့ဖွယ်ခွန်အားဖြင့် ပြည့်နေကာ အထက်လေထုထဲတွင် တိမ်တိုက်များ စုစည်းစပြုလာပြီး လျှပ်စီးများ လင်းလက်လာပေတော့သည်။

တောင်ပံနငာက် မျိုးနွယ်စု ကျင့်ကြံသူများအားလုံးက ခေါင်းများငုံ့ထားကာ တိတ်ဆိတ်နေလေ၏။ မည်သည့် ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူမှ ရှေ့သို့ မတိုးလာရဲပါချေ။

တောင်ပံနက် ဧကရာဇ် : "..."

...

ပျက်ပြယ်ခြင်း စိတ်ဝိညာဉ် နယ်မြေအတွင်း လိမ်ကောက်ကာ ၅ရောင်ခြယ်ကောင်းကင်တစ်ခုအောက်တွင် ရွှေရောင်ဝင်ပေါက်နှစ်ခုက တောက်တောင်ပပလင်းလက်နေ၏။

မကျော်လွှားနိုင်သော သတ္တဝါတစ်ကောင်က ယုတ်ညံ့သော အသံဖြင့် ပြောလိုက်၏။ "ကူးကူးကူး... ရှေ့တက်။ အထဲက သက်ရှိတွေ အကုန်သတ်ပစ်။ အဲမှာရှိတဲ့ သက်ရှိတွေရဲ့ဝိညာဉ်က အရမ်းကို အရသာရှိတယ်..."

ပျက်ပြယ်ခြင်းအဆင့် ၆ယောက်နှင့် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် စိတ်ဝိညာဉ် ခန္ဓာကိုယ် အကောင် ၄၀မှာ သူတို့၏ ရှုပ်ထွေးကာ ကို့ယို့ကားယား ခန္ဓာကိုယ်များကို တွန့်ကွေးကာ ရွှေရောင်အကွာအဝေး ဝင်ပေါက်ဆီသို့ နိမိတ်ဆိုးဆောင်သောအပြုံးများ ဆင်မြန်းကာ လျှောက်သွားကြလေ၏။

...

အနက်ရောင်နယ်မြေ၊ အနောက် ပင်လယ်၊ အရှေ့ ပင်လယ်၊ နိမိတ်ဆိုး စိတ်ဝိညာဉ်သားရဲ ရေအိုင်၊ အနောက်ပိုင်း ကောင်းကင်ဘုံများ၊ မြင့်မြတ် ကောင်းကင်ဘုံများ၊ ဖန်တီးခြင်းနယ်မြေ၊ မြောက်ပိုင်း ကန်တောင် နယ်မြေ၊ စိတ်ဝိညာဉ် ရေကန်နယ်မြေ၊ အနောက်ပိုင်း ​ကောင်းကင်ဘုံ နဂါးတောအုပ်၊ တောင်ပိုင်း ကောင်းကင်ဘုံတောင်ပံနိုင်ငံ၊ ကိုးပြည်ထောင်စုနိုင်ငံတော်၊ ​မျောလွင့်ကုန်းမြေနက်၊ မြင့်မြတ်ရေခဲ ကုန်းမြေများ၊ ပျက်ပြယ်ခြင်းစိတ်ဝိညာဉ် နယ်မြေနှင့် နတ်ဆိုးနယ်မြေ စသည်ဖြင့် ...။

ရှေးဟောင်းစွမ်းအား ၁၆ခုမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများအားလုံးက ရှေးဟောင်းထိုက်ချူနယ်မြေကို စတင်ဝင်ရောက်လာသည်မို့ ကန့်သတ်မဲ့တိုက်ပွဲတစ်ခု၏ အထူးအစိတ်အပိုင်းများကို သံတော်ဆင့်နေလေပြီဖြစ်၏။

---------------

All Chapters