ဧရာမ မိစ္ဆာနတ်ဘုရား အန်လင်း
Vol. 34 Ch. 477
အန်လင်းက ရွှေရောင်ဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်ရာ မြင်ကွင်းတွင် အဆုံးမရှိ ရှည်လျားသော ရွှေရောင် ဖြတ်လမ်းတစ်ခုကို တွေ့လိုက်ရ၏။
သူက နေရာလပ်ရော အကွာအဝေးကိုပါ မခံစားရပဲ ထိုဖြတ်လမ်းပေါ်တွင် ဆက်လျှောက်လာလိုက်၏။
ထာဝရကြာသည်အထိ ထင်ရအောင် လမ်းလျှောက်ပြီးနောက်ဆုံးတွင် သူကမူးဝေးခြင်းကို ခံစားလိုက်ရ၏။
ကျယ်ပြောလှသော ကန္တာရတစ်ခုအတွင်း ရောက်သည့်အခါ သူ့၏ အမြင်အာရုံမှာ မှောင်မဲသွားကာ တစ်ဖန်ပြန်၍ ကြည်လင်လာလေတော့၏။
အန်လင်းက ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လည့်ကြည့်လိုက်ရာ ကောင်းကင်တွင် နေမင်းနှစ်စင်းကို တွေ့ရပြီး တစ်စင်းမှာ ရွှေရောင်ဖြစ်ကာ တစ်ခြားတစ်ခုက အနီရောင်ဖြစ်နေလေ၏။ အထက်ကောင်းကင်ယံမှာလည်း အပြာနှင့် ခရမ်းရောင်ကြား ထူးခြားစွာရောနှောနေလေ၏။
မြေပြင်မှာ အတော်အတန် ပြားနေပြီး တောင်ပို့ငယ်လေးများ အများအပြား ရှိနေလေ၏။
ပေါက်ကွဲသံများနှင့်အတူ ကျယ်လောင်လှသည့် ဆူညံသံများက သူ့နားထဲတွင် ပျံ့လွင့်နေလေ၏။
အန်လင်းက ဘေးဘက်သို့ မျက်နှာမူလိုက်ပြီး သူ့၏ ပါးစပ်က အလန့်တကြား ပွင့်ဟသွားလေ၏။
သူက မြေပြင်ထက်တွင် ပုရွက်ဆိတ်များ အများအပြားကို တွေ့လိုက်လေ၏...။ မဟုတ်သေးဘူး အဲဒါ လူတွေပဲ...။
ထိုအခိုက်မှာပင် သူက ပါးပေါ်တွင် စူးရှရှနာကျင်မှုကို ခံစားလိုက်ရ၏။
"အိုး... စောက် ခြင်ကတော့။" အန်လင်းက ရေရွတ်ကာ သူ့၏ ပါးကိုယ် ရိုက်လိုက်လေ၏။
သူက မည်သည့် ခြင်ကိုမှ မရိုက်မိသော်လည်း သူ့လက်တွင် သွေးများပေနေလေ၏။
သူက သူ့မျက်နှာထက်မှ အလျင်အမြန် ထွက်ပြေးနေသော အနက်ရောင် ပုံရိပ်တစ်ခုဆီသို့ လှည့်လိုက်ရာ ထိုသည်မှာ ခြင်တစ်ကောင်မဟုတ်သည်ကို တွေ့လိုက်ရ၏။ ထိုသည်က အဖြူရောင် တောင်ပံလေးတစ်စုံနှင့် လူသေးသေးတစ်ယောက်ဖြစ်လေ၏။
ခြင်အရွယ်အစားလူလေးမှာ အပြာရောင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ့၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေဟန် ပေါက်နေလေ၏။ "သူက ကြေးနီနိုင်ငံတော်က အစွမ်းအထက်ဆုံး ဓားသမား၁၀ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှန်းရှကျန်းဆိုတဲ့ ငါရဲ့ ဓားထိုးခြင်းခံရတာတောင် ဒဏ်ရာမရပဲ ကျန်နေတာ မယုံနိုင်ဘူး။ အထူးသဖြင့် ငါက ငါ့ရဲ့ နတ်ဘုရားနှိမ်နင်းဓားကိုကိုင်ထားတာတောင်မှလေ။ ထင်ထားတဲ့အတိုင်းပဲ ဧရာမ မိစ္ဆာနတ်ဘုရားကြီးပဲ။"
အန်လင်း : "..."
ခြင်အရွယ်အစား လူမှာ ရှေးဟောင်းလူသား ဘာသာစကားဖြင့် စကားပြောနေပြီး အန်လင်းက သူ့၏ အံ့ဖွယ်အာရုံကို ထုတ်လွတ်လိုက်ပြီး နောက်ဆုံးတွင် သူပြောနေသည်ကို ကြားနိုင်သွားလေ၏။
စွမ်းအားအထက်ဆုံး ဓားသမား ၁၀ယောက်...။ နတ်ဘုရား နှိမ်နင်းဓား...။ ဧရာမ မိစ္ဆာနတ်ဘုရား...။
အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်လေ၏။ ရုတ်တရက် သူက သူ့၏ ခြေချောင်းများ ယားယံလာသည်ကို ခံစားလိုက်ရ၏။
သူက ငုံ့ကြည့်လိုက်ကြည့်ရာ ငလက်မလေးများက သူ့၏ ဖိနပ်ထဲသို့ သူတို့၏ ချွန်ထက်လှသောဓားများဖြင့် ထိုးသွင်းနေကြသည်ကို တွေ့လိုက်ရ၏။
သူတို့က မပျံသန်းနိုင်ပါပေ။ သို့ဖြစ်၍ သူတို့က သူ့၏ ဖိနပ်ကိုတိုက်ခိုက်ရန်အပြင် တခြားရွေးစရာမရှိပါပေ...။
တစ်ချို့သော ပိုမိုအစွမ်းထက်သည့် အကောင်များက သူ့၏ ဖိနပ်ထဲသို့အပေါက်များ လောင်ကျွမ်းသွားစေပြီး သူ့၏ခြေချောင်းများပေါ်သို့ တိုက်ခိုက်မှုများကို ထုတ်လွတ်လိုက်လေ၏။ သူတို့အတွက် ကံဆိုးသည်မှာ အန်လင်း၏ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရရန် မလွယ်ကူပါပေ။ ထို့ပြင် သူတို့၏ တိုက်ခိုက်မှုများ အားလုံးပြုလုပ်နိုင်သည်မှာ သူ့အတွက် ဟိုနားဒီနားတွင် ယားနာမှုကို ပြုလုပ်စေရန်သာ တတ်နိုင်ပေ၏။
မြှားတန်းကြီးတစ်ခုက အန်လင်းဆီသို့ ပျံသန်းလာကာ သူ့၏ ဝတ်ရုံဖြူဖြင့် အဝေးသို့ ပြန်ခုန်ထွက်သွားကြလေ၏။
သူက သူ့ဖိနပ်အပေါက်များ၏ ဘေးတွင် ပါးစပ်မှ အမြှုပ်များကျကာ လဲကျနေသော လူအငယ်စားလေးများကို တွေ့လိုက်ရ၏...။ သူတို့က ဖိနပ်များအတွင်းမှ ထွက်လာသော အနံ့ဆိုးကြောင့် သေဆုံးသွားဟန်ရလေ၏...။
ဟင်း... သနားစရာကောင်းလိုက်တာနော်...။
"သေစမ်း...။ ဧရာမ မိစ္ဆာနတ်ဘုရား။"
"နတ်ဘုရား နှိမ်နင်း နည်းစနစ်...။ ပျံသန်းကောင်းကင်ဘုံဓား..."
ယဲ့နျန်ထင် အမည်ရသော ခြင်အရွယ်အစားနှင့် အမျိုးသားက အော်ဟစ်ကာ ၁၀စင်တီမီတာ ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်ပြီး ကောင်းကင်ဘုံသို့ တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်လေ၏။
သူကိုယ်တိုင်လည်း အန်လင်း၏ နဖူးကြားဆီသို့ ဓားတစ်ချောင်း လက်တွင်ကိုင်ကာ ခုန်ဝင်လာလေ၏။
အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ၁၀စင်တီမီတာရှိ ဓားအလင်းတန်းကို လက်နှစ်ချောင်းကြားတွင် ဖိချေလိုက်လေ၏...။
"ဘာလဲဟ..." ယဲ့နျန်ထင်၏ မျက်လုံးများက အထိတ်တလန့်ပြူးကျယ်သွားလေ၏။
ထို့နောက် လက်ဖဝါးကြီးတစ်ခုက သူ့ဆီသို့ရောက်လာပြီး ကောင်းကင်နှင့် မြေကြီးရှိ အလင်းများအားလုံးကို တားဆီးပစ်လိုက်၏။
ယဲ့နျန်ထင်၏ မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်အမူအရာတစ်ခုပေါ်လာလေ၏။ ထိုဧရာမ မိစ္ဆာနတ်ဘုရားမှာ ကြောက်မက်ဖွယ်ပင် အစွမ်းထက်လှပေ၏။ အလွန်အစွမ်းထက်လွန်းသည်မို့ ယဲ့နျန်ထင်ပင် သူ့၏ ရူးသွပ်လောက်ဖွယ် ခွန်အား၏ အောက်တွင် အစွမ်းအရှိသလို ခံစားလိုက်ရ၏။
သူ့၏ ခန္ဓာကိုယ်က ကြီးမားလှသော လက်ချောင်းနှစ်ချောင်း၏ ကြားတွင် ဖမ်းဆုပ်ခြင်းခံလိုက်ရပြီး သူက လုံးဝပင် မလှုပ်ရှားနိုင်ဖြစ်သွားလေ၏။
သူက သေဆုံးတော့မည်ဟု တွေးနေဆဲဆဲမှာပင် ဧရာမ မိစ္ဆာနတ်ဘုရားကြီးက သူ့ကို မသတ်သည်ကို တွေ့လိုက်ရ၏။ ထိုအစား သူက ဧရာမ မိစ္ဆာနတ်ဘုရားကြီး၏ ရှေ့သို့ ယူဆောင်ခြင်းခံလိုက်ရပြီး နီးနီးကပ်ကပ် ကြည့်ရှုခြင်းခံလိုက်ရ၏။
သူက ငါ့ကို စားတော့မှာလား။
ယဲ့နျန်ထင်က ပိုမိုကာ အကြီးအကျယ် စိတ်ပျက်အားငယ်သွား၏။ သူ့၏ ခန္ဓာကိုယ်မှာ သူ့ရှေ့မှ ကြောက်မက်ဖွယ် ဘီလူးကြီး၏ ဝါးမျိုခြင်းခံရမည်ကို တွေးတောကာ အလွန်ပင် တုန်ယင်လာတော့၏။
"မင်းက ငါအရင်တုန်းက သတ်ဖြတ်ခဲ့တဲ့ ဧရာမ မိစ္ဆာနတ်ဘုရားထက် အများကြီး ပိုပြီး အစွမ်းထက်လောက်တယ် ဒါပေမဲ့ ငါက မင်းကြောင့် အရှက်ရဖို့ကို ငြင်းဆန်တယ်။" ယဲ့နျန်ထင်က အော်ဟစ်ကာ အံ့ဖွယ်လျှပ်စီးကြောင်းငယ်လေးတစ်ခုက သူ့ကိုယ်ပိုင်နဖူးဆီသို့ ပစ်ခတ်သွားလေ၏။
သူက ဧရာမ မိစ္ဆာနတ်ဘုရား၏ အစားအဖြစ်ခံရသည်ထက် သေသာ သေလိုက်ချင်ပါသည်။
သို့သော် ဖော်မပြနိုင်သော အင်အားတစ်ခုက ရုတ်တရက် ဖြစ်ပွားလာ၏။ အံ့ဖွယ်လျှပ်စီးက ဦးတည်ချက် ပြောင်းသွားကာ လေထုထဲတွင် အပြာရောင် မီးပန်းများကဲ့သို့ ပေါက်ကွဲသွားလေ၏။
"ဘာ..." ယဲ့နျန်ထင်မှာ လုံးဝပင် ကြောက်ရွံ့နေပေတော့သည်။
ဤဧရာမ မိစ္ဆာနတ်ဘုရားကြီးမှာ သူတွေးထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေ၏။
အန်လင်းက ယဲ့နျန်ထင်ကို အနီးကပ်ကြည့်လျုက်ရာ သူက တစ်စင်တီမီတာ ကျော်ကျော်သာ ရှည်လျားသည်ကို တွေ့လိုက်ရပြီး ထိုသည်က လူသားတစ်ဦး၏ သာမန်အရွယ်အစားထက် အဆ၁၀၀မျှပင် နည်းပါးနေလေ၏။
"ဟေး... မင်းရဲ့အသတ်ခံရလောက်အောင် ဘယ်ဧရာမ မိစ္ဆာနတ်ဘုရားကများ အဲ့လောက် အားနည်းတာလဲ။" အန်လင်းက သိလိုစိတ်ပြင်းပြစွာ ပြန်မေးလိုက်၏။
ယဲ့နျန်ထင်မှာ ဤလူအငယ်စား အုပ်စုထဲတွင် အစွမ်းအထက်ဆုံးဖြစ်တည်မှုဖြစ်သည်မှာ ရှင်းလင်းလှပြီး သူက အန်လင်းမှာ သူသုတ်သင်ခဲ့ဖူးသည့် ဧရာမ မိစ္ဆာနတ်ဘုရားထက် အများကြီး ပိုအစွမ်းထက်သည်ဟု ခုဏလေးပင် ပြောလိုက်လေ၏...။
အန်လင်းက အတော်လေး ကြောင်အသွားရ၏။ မည်သို့သော အမှိုက်မျိုးက ဤကဲ့သို့ လူအငယ်စားလေးများ၏ သတ်ဖြတ်ခြင်းကို ခံရသနည်း။ သူတို့က မည်မျှအထိ ခွန်အားနည်းပါသနည်း။
အန်လင်း၏ ကျယ်လောင်လှသောအသံကို နားထောင်ကာ ယဲ့နျန်ထင်၏ မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေလေ၏။ "မင်း... မင်းက စကားပြောတတ်တယ်လား။"
လူအငယ်စားလေးများ အားလုံးက အန်လင်း၏ စကားများကို ကြားသောအခါ အန်လင်း၏ ဖိနပ်ဆီသို့ တိုက်ခိုက်မှုများ ထုတ်လွတ်လိုက်ကာ သူ့အား ထပ်တူညီသော အံ့ဩနေသည့် သွင်ပြင်များဖြင့် ကြည့်လိုက်ကြလေ၏။
"ငါက မင်းတို့ပြောနေတဲ့ ရှေးဟောင်းလူသား ဘာသာစကားကို အကြမ်းဖျင်း နားလည်တယ်..." အန်လင်းက ခေါင်းငြိမ့်ပြလိုက်လေ၏။
"အရေးမပါတာတွေ။ မင်းက ထိုက်ချူ ဘာသာစကားပြောနေတာကို။" ယဲ့နျန်ထင်က အော်ဟစ်လိုက်၏။
"ဟုတ်ပြီ ဟုတ်ပြီ...။ မင်းပြောတာ မှန်တယ်။ ငါ့မေးခွန်းသာ ဖြေစမ်းပါ။ မင်းကို အသက်ချမ်းသာပေးမယ်။" အန်လင်းက ပြုံးလိုက်လေ၏။
ယဲ့နျန်ထင်က ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ အံတင်းတင်းတင်းကြိတ်ပြီး ပြန်ဖြေလိုက်လေ၏။ "သူက မင်းထက်တောင်ပိုပြီး ဗလတောင့်တဲ့ ဧရာမမိစ္ဆာကြီး။ ဒါပေမဲ့ သူက လေးဘက်ထောက်သွားပြီးတော့ အနက်ရောင် အမွေးရှည်တွေလဲ ရှိတယ်။ သူ့ရဲ့ ခွန်အားက ရူးလောက်စရာပဲ။ သူ့ရဲ့ လက်သီးက တောင်တွေကို ပြိုကျစေနိုင်ပြီးတော့ သူက ငလျင်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ သူက အရမ်းကို ကြောက်စရာကောင်းတာ...။ ဒါပေမဲ့ သူက ငါ့ရဲ့ နတ်ဘုရားနှိမ်နင်းဓားရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရတုန်းပဲ။"
ထိုဖော်ပြချက်ကိုကြားသောအခါ အန်လင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။
သူပြောနေတာ စောက်ကျိုးနည်း မျောက်ဝံမဟုတ်ဘူးလား။ သူကမျောက်ဝံတောင် မတွေ့ဘူးပဲ ဒီလောက်အထိ ဘယ်လိုများ အသက်ရှင်လာတာလဲ။
ယဲ့နျန်ထင်က အန်လင်းဆီသို့ လှည့်လိုက်ကာ ဆက်ပြောလိုက်၏။ "မင်းရဲ့ ရုပ်က ငါတို့လို လူတွေနှင့် ပိုတူတာပဲ... ပြီးတော့ မင်းက စကားလဲပြောနိုင်တယ်။ အဲ့တော့ ဧရာမ မိစ္ဆာနတ်ဘုရားတွေကလည်း ဆင့်ကဲ တိုးတက်လာနိုင်တယ်လား...။"
"ငါ့-င်ကြီးကို ဆင့်ကဲတိုးတက်ပါလား။ ငါတို့က စောက်ကျိုးနည်း မျိုးစိတ်ကို မတူတာဟ။"
"ခဏလေး... သီအိုရီအရဆိုရင် လူသားတွေကလဲ မျောက်ဝံတွေကနေ တိုးတက်ပြောင်းလဲတာလေ။ အဲ့တော့ မင်းပြောနေတာကလဲ မှားတော့မမှားပါဘူးလေ။"
အန်လင်းက အတွေးတစ်အခုပေါ်လာလေ၏။
ယဲ့နျန်ထင် : "..."
လူအသေးစားလေးများအားလုံး : "..."
"ငါမင်းတို့ကို ဘာမှမလုပ်ပဲနဲ့ ဘာလို့ မင်းတို့အားလုံးက ငါ့ကို တွေ့တွေ့ချင်းမှာ တိုက်ခိုက်ရတာလဲ။" အန်လင်းက မေးလိုက်လေ၏။
သူ့၏ ဖိနပ်များက ပြတ်သွားလေပြီ။ သို့ဖြစ်၍ သူက ဖိနပ်အသစ်တစ်စုံ လဲရတော့မည်ြဖစ်သည်။
သူအံ့ဩသွားရသည်မှာ မြေပြင်ပေါ်မှ လူအသေးစားလေးများစွာက သူ့စကားများကိုကြားသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်ကြ၏။ အများစုက သည်းခံနိုင်စွမ်း ကုန်ဆုံးကာ ပို၍သတ္တိရှိကြသော တစ်ချို့မှာ သူ့၏ ဖိနပ်အား သူတို့၏လှံများဖြင့် တိုက်ခိုက်ကြလေတော့သည်။
ယဲ့နျန်ထင်သည်လည်း လုံးဝပင် ဒေါသထွက်နေလေ၏။ "မင်းက ငါတို့ကို ဘာအမှားမှ မလုပ်ထားဘူး...။ မင်းက ဘာမှ မလုပ်ထားဘူးလို့ ပြောရဲတယ်ပေါ့...။ မင်းက ငါတို့ရဲ့ ဧကရာဇ်ကို သတ်ဖြတ်ထားတာလေ...။ မင်းက ငါတို့အပေါ်ကို အဲ့လိုကို ကြီးမားတဲ့ အပြစ်ကျူးလွန်ထားတာ...။ အဲဒါတောင်မင်းက ဘာမှအမှားမလုပ်ထားဘူးလို့ ပြောရဲသေးတယ်လား။"
"ငါက မင်းတို့ရဲ့ ဧကရာဇ်ကို သတ်တယ်...။" အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်လေ၏။
"မင်းရဲ့ ခြေထောက်အောက်ကို ကြည့်...။" ယဲ့နျန်ထင်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
အန်လင်းက သူ့၏ ဘယ်ဘက်ခြေထောက်ကို မကြည့်လိုက်ရာ ဘာမှမရှိပါပေ။
ထို့နောက်သူက ညာဘက်ခြေထောက်ကို မကြည့်လိုက်လေ၏။
ဟင်... သူ့၏ ခြေထောက်အောက်တွင် ပြားနေသော ရွှေရောင်ပုရွက်ဆိတ်အနည်းငယ် ရှိနေ၏။
အိုး... အသက်မဲ့ ပန်ကိတ်အဖြစ်သို့ ဖိခြေခံထားရသော ရွှေရောင် အင်ပါယာဝတ်ရုံနှင့် လူအငယ်စားလေး တစ်ယောက်လည်း ရှိနေပေ၏...။
-----------------