ကောင်းကင်မှ ဆင်းသက်လာသောတပ်
Vol. 34 Ch. 478
ဟုတ်ပြီ...။ ဒီဟာက စောက်ရမ်း နေရခက်သွားပြီ။
သူတို့၏ ဧကရာဇ်ကို ခြေထောက်နဲ့ နင်းမိမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူအခု ဘာလုပ်ရမလဲ။
နေရာကူးပြောင်းခြင်းက သူ့အား ကျပန်းတည်နေရာသို့ ပို့ဆောင်ပေးတာဖြစ်၍ ထိုသည်က အမှန်တကယ်တော့ သူ့အမှားမဟုတ်ပါချေ။
မြေပြင်ပေါ်မှ လူအငယ်စားလေးများ အားလုံးက သူ့၏ ဖိနပ်အား ထိပ်ထိပ်ပျာပျာနှင့် တိုက်ခိုက်နေဆဲဖြစ်၏။ သူ့အပေါ်တွင် မီးတောက်နေသော အမြှောက်အနည်းငယ်ပင် ရှိလေ၏။ သူ့၏ ဖိနပ်များက အရည်အသွေးမြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ဖြစ်သော်လည်း ယခုတွင် လုံးဝပင် ဝတ်၍မရသောအခြေအနေဖြစ်နေလေပြီ။
အန်လင်းက မျက်မှောင်ကြုတ်လိုက်လေ၏။ "ငါဒီမှာ ပေါ်လာပြီးတော့ မင်းတို့ရဲ့ ဧကရာဇ်ကို မတော်တဆ နင်းမိသွားတာ။ အကျိုးသင့်အကြောင်းသင့်တွေးကြည့်စမ်းပါ ငါလဲ မတရားခံရတာပဲ။"
"မင်းလဲ မတရားခံရတာ...။ အဲဒါဆို ငါတို့ရဲ့ ဧကရာဇ် သေဆုံးခြင်းရဲ့ နာကျင်မှုကို ဘယ်သူ သည်းခံမလဲ။ အဲဒါကို ဘယ်သူက တာဝန်ယူပေးမှာလဲ။" ယဲ့နျန်ထင်က အန်လင်းအား အော်ဟစ်ကာ သူ၏လက်ချောင်းပေါ်သို့ တံတွေးထွေးချနေလေ၏။
အန်လင်း : "..."
ငါဒီ နားငြီးစရာ ခြင်ကို အမှုန့်ချေ့ပစ်လိုက်မလား...။
အန်လင်းမှာ မလိုအပ်ပဲ သတ်ဖြတ်ခြင်းကို မကြိုက်ပါချေ။ သို့မဟုတ်ပါက သူသည် ဤတပ်တစ်ခုလုံးကို လက်ဖျောက်တစ်ချက်တီးကာ အမြစ်ဖြတ်ပစ်၍ ရနိုင်သည်ဖြစ်၏။
သူမထိန်းချုပ်နိုင်သော တစ်စုံတစ်ရာဖြစ်သည်ဆိုသော်လည်း ဤအခြေအနေတွင် သူ့အမှားလဲ အနည်းငယ်ပါနေ၏။ မည်သို့ဆိုဆို သူက သူတို့၏ ဧကရာဇ်အား နင်းပြီး သေစေခဲ့၍ သူ့အားကလဲ့စားချေရန် ကြိုးစားသည်မှာ စစ်သားများ၏ သဘာဝကျသော တုံ့ပြန်ချက်ပင် ဖြစ်လေ၏။
ထိုသည်က မတော်တဆတစ်ခုဖြစ်သော်လည်း ငြင်းဆန်၍မရသော တစ်စုံတစ်ခုကဖြစ်သွားပြီးဖြစ်လေ၏။
သူက အကြောင်းအရာကို အချိန်အတန်ကြာ တွေးတောနေပြီးမှ အဆင့်မြင့် မှော်လက်နက်များ၊ အဟုန်ထိုး ပုလဲပွင့်ပင်အပ်များကို သူ့၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။
ထိုအပေါ်၌ ငွေရောင် ပင်အပ်များ တစ်ထောင်ကျော်ရှိပြီး ထိုသည်များအားလုံးက နေရောင်အောက်တွင် တောက်ပနေလေ၏။
"ငါအဲဒါကို တမင်လုပ်တာ မဟုတ်ပေမဲ့ ဖြစ်သွားတဲ့ အကျိုးတရားကတော့ ငါက မင်းတို့ရဲ့ ဧကရာဇ်ကို သတ်မိသွားတယ်။ ငါမင်းတို့ကို ဒီတစ်ဟုန်ထိုး ပုလဲပွင့်ပင်အပ်တွေကို အလျော်အနေနဲ့ ပေးမယ်။ အဲဒါဆို ဘယ်လိုသဘောရလဲ။" အန်လင်းက ကမ်းလှမ်းလိုက်၏။
"မင်းက ငါတို့ကို လက်နက်နည်းနည်းပေးလိုက်တာနဲ့ ငါတို့က ခွင့်လွတ်ပေးမယ်လို့ထင်နေတာလား။ ငါတို့ရဲ့ ဧကရာဇ်က အစားထိုးလို့မရနိုင်ဘူး။ ပြီးတော့ သူ့အသက်က တန်ဖိုးဖြတ်လို့ မရနိုင်ဘူးကွ..." ယဲ့နျန်ထင်က ဒေါသတကြီး ဆက်လက်အော်ဟစ်နေပြီး ရုတ်တရက် တုံ့ဆိုင်းသွားကာ ပင်အပ်များထဲမှ စွမ်အင်အတက်အကျကို အာရုံခံမိသောအခါ အသက်ပြင်းပြင်းရှုလိုက်မိလေ၏။
မြေပြင်ပေါ်မှ စစ်သားများ အားလုံးသည်လည်း သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ငွေရောင်ပင်အပ်များကို အမူအရာမဲ့ ငေးကြည့်နေကြလေ၏။
"ဧရာမ မိစ္ဆာနတ်ဘုရား၊ မင်း... မင်းက ငါတို့ကို အဲဒါတွေ ပေးမှာလား။ ကျေးဇူး အများကြီးတင်ပါတယ်...။ ငါတို့ ဧကရာဇ် သေဆုံးခြင်းပဲဖြစ်ဖြစ် တခြားဘာပဲ ဖြစ်ဖြစ်က အရေးမပါပါဘူး။ ငါတို့က အသစ်တစ်ယောက်ထပ်ရှာလို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် မင်းလဲ တမင်လုပ်တာမှ မဟုတ်တာ။" ယဲ့နျန်ထင်က သဘောတူညီစွာ ပြုံးပြီး ပြောလိုက်၏။
အန်လင်း : "..."
ယဲ့နျန်ထင်၏ နှလုံးသားမှာ အံ့ဩမှုများနှင့် အပြည့်အဝ လွှမ်းခြုံထားပြီးဖြစ်၏။ ငွေရောင်ပင်အပ်များ၏ ပါဝင်ပစ္စည်းများနှင့် စွမ်းမအင်အတက်အကျများ... ထိုသည်များအားလုံးက သူ့၏ နတ်ဘုရားနှိမ်နင်းဓားထက်ပင် ပြိုင်ဘက်ကင်းနေလေ၏။ ဤသည်က အံ့ဖွယ်ဓား တစ်ထောင်ကျော်နှင့်ပင် ညီမျှနေလေ၏။
ဤအံ့ဖွယ်ဓားများဖြင့် သူက မကျော်လွှားနိုင်သော တပ်ကြီးတစ်ခုကို ဖန်တီးနိုင်ပေ၏။
ဧကရာဇ်လဲ ခေါက်ထားစမ်းကွာ။ သူက စစ်သားများအားလုံးကို သူကိုယ်တိုင် ကျော်ကြားစေရန် ဦးဆောင်နိုင်ပေ၏။
မြေပြင်ပေါ်မှ စစ်သားများအားလုံးသည်လည်း အန်လင်းကို တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ကြပြီး သူတို့အားလုံးက သူ့လက်ထဲမှ ငွေရောင်ပင်အပ်များကို လိုအင်အပြည့်လောင်ကျွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။
သူတို့ကဲ့သို့ ကမ္ဘာတစ်ခုတွင် ခွန်အားမှာ တစ်ခုတည်းသော တည်မြဲခြင်းဖြစ်၏။ အံ့ဖွယ် လက်နက်အများအပြားနှင့်ရင်ဆိုင်ရသောအခါ သူတို့က နောက်ဆုံးတွင် သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် စည်းရုံး၍ ရသွားလေ၏။
အန်လင်းက ယဲ့နျန်ထင်ကို သူ့လက်ချောင်းထိပ်များမှ လွတ်ပေးလိုက်၏။
ယဲ့နျန်ထင်က ငွေရောင်ပင်အပ်များကို သူ့၏ အကွာအဝေးမှော် ကိရိယာတစ်ခုထဲသို့ သိမ်းထားလိုက်လေ၏။
အန်လင်းက အများကြီးမတွေးထားပါပေ။ ထိုသည်က အဆင့်မြင့် မှော်လက်နက်များသာ ဖြစ်၏။ စိတ်ဝိညာဉ် လက်နက်များပင် မဟုတ်ပါချေ။ ထိုသည်များကို လူအငယ်စားလေးများက အံ့ဖွယ်လက်နင်များသဖွယ် မှတ်ယူနေသည်ကို ရယ်မောဖွယ်တွေ့ရှိခဲ့ရ၏။
သူက ဤကမ္ဘာကြီးထဲတွင် ဤကဲ့သို့သော အားနည်းသည့် လူမျိုးများက မည်သို့ အသက်ရှင်နေနိုင်သည်ကို သိချင်စပြုလာလေ၏။
"အိုး ဟုတ်သား...။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေက ဘယ်နားမှာ ရှာလို့ရလဲ မင်းတို့သိကြလား။ ပြီးတော့ မင်းတော့ ဧရာမကြယ်အစုအဝေးတောင်အကြောင်း သတင်းနည်းနည်းလောက်ရော ရှိလား။" အန်လင်းက သူ့အောက်မှ စစ်သားများကို သိလိုစိတ်အပြည့်နှင့် မေးလိုက်လေ၏။
"နယ်မြေအဆီအနှစ် သလင်းကျောက်...။ ဧရာမကြယ်အစုအဝေးတောင်...။" ယဲ့နျန်ထင်က လုံးဝပင် လမ်းပျောက်နေလေ၏။
အန်လင်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီး အသေးစိတ်ရှင်းပြလိုက်၏။ "နယ်မြေအဆီအနှစ် သလင်းကျောက်တွေက အဖြူ၊ အစိမ်း၊ အပြာ၊ အနီနဲ့ ရွှေရောင်သလင်းကျောက်တွေလေ။ သူတို့က နယ်မြေရဲ့ အခြေခံစွမ်းအားတွေနဲ့ ပြည့်နေတာလေ။"
ယဲ့နျန်ထင်က သူ့ခေါင်းကို ကုတ်လိုက်ပြီး အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်နှင့် ရွှေရောင်ပစ္စည်းများကို သူ့၏ အကွာအဝေး မှော်ပစ္စည်းထဲမှ ထုတ်လိုက်၏။ "ဒီလိုဟာတွေလား။"
အန်လင်း : "... အဲဒါတွေက စောက်ကျိုးနည်း ကျောက်တွေဟ။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ မဟုတ်ဘူး။"
ထားလိုက်ပါတော့။ ဒီငလက်မလေးတွေက ဘာမှသိတဲ့ပုံလဲ မပေါ်ပါဘူး။
ဤမျှသော အဖိုးတန် အရာဝတ္ထုများနှင့် မနီးစပ်လောက်အောင် သူတို့က အားနည်းလွန်းနေသည်မှာ မျှတပါပေ၏။
"အဲဒါဆိုရင် ဒီကမ္ဘာနဲ့ ပတ်သတ်ပြီး မင်းတို့သိသလောက် ပြောပြစမ်း။" အန်လင်းက ဆက်ပြောလိုက်၏။
"ပြဿနာမရှိပါဘူး။ ဝမ်းသာ အားရ လုပ်ပေးပါမယ်။" ယဲ့နျန်ထင်က ကြေးနီနိုင်ငံ၏ ဗိုလ်ချုပ်ဖြစ်ပြီး သူက ဧကရာဇ်ထက်ပင် ပို၍ ဗဟုသုတကြွယ်လေ၏။
သူက ဆက်ပြောတော့မည့်အချိန်မှာပင် အဖြူရောင်အလင်းလုံးတစ်ခုက ရုတ်တရက် တောက်ပလာလေ၏။
ယဲ့နျန်ထင်က မျက်မှောင်ခပ်ဖွဖွ ကြုပ်ကာ သူ့၏ စွမ်းအင်ကို အလင်းလုံးထဲသို့ ထိုးသွင်းလိုက်ရာ ချက်ချင်းပင် ကဗျာကသီအသံတစ်ခုက ထွက်ပေါ်လာလေ၏။ "သတင်းဆိုး ဗိုလ်ချုပ် ရဲ့နျန်ထင်။ မြောက်ပိုင်း တောင်ကတုံးက နတ်ဆိုးသားရဲတွေက သူ့တို့ရဲ့ စွမ်းအားကို မြစ်ပြင်ကျယ် နိုင်ငံရဲ့ စစ်တပ်နဲ့ပေါင်းစည်းပြီးတော့ ငါတို့နိုင်ငံကို တိုက်ခိုက်ဖို့ လုပ်နေပြီ။ မြို့ရိုးတွေက ပြိုကျတော့မယ်။ ကျေးဇူးပြုပြီး ငါတို့ကို အားဖြည့်ဖို့ ပြန်လာပေးပါ။"
"ဘာကြီး...။ အဲ့မြစ်ပြင်ကျယ်နိုင်ငံက နတ်ဆိုး သားရဲတွေနဲ့ မဟာမိတ်ဖွဲ့လိုက်တယ်ပေါ့...။ သူတို့က ဘယ်လိုလုပ်ပြီး သတ္တိတွေ ရှိနေတာလဲ။ ငါချက်ချင်း ပြန်လာခဲ့မယ်။" ယဲ့နျန်ထင်က လျှပ်စီးအလင်ဖြင့် ပျံသန်းသွားလေ၏။
အလင်းလုံးပေါ်ရှိ အလင်းက ရုတ်တရက် ပျောက်ကွယ်သွားကာ ယဲ့နျန်ထင်က အန်လင်းဆီသို့ အားတုံ့အားနာဖြင့် လှည့်လိုက်လေ၏။
အန်လင်းက အလေးအနက် ကမ်းလှမ်းချက်တစ်ခု ပြုလုပ်လိုက်၏။ "မင်းက ကြေးနီနိုင်ငံကို ပြန်တော့မှာလား။ ငါမင်းကို ခေါ်သွားပေးမယ်ဆိုရင်ရော။"
"မင်း... မင်းက ငါတို့ကို ကူညီပေးချင်တယ်။" ယဲ့နျန်ထင်က အန်လင်းကို စူးစူးစိုက်စိုက် ကြည့်နေလိုက်၏။
"ငါမင်းကို မင်းရဲ့ ရန်သူတွေကို သတ်ဖို့ ကူမလားမကူးဘူးလားဆိုတာက သပ်သပ်ပါ။ ဒါပေမဲ့ ငါက မင်းတို့ကို သေချာပေါက် ကြေးနီနိုင်ငံအထိ အဖော်ပြုပေးလို့ရတယ်။" အန်လင်းက အပြုံးလေးနှင့် ပြန်ဖြေလိုက်၏။
"ကောင်းတယ်။ မင်းက တခြား ဧရာမ မိစ္ဆာနတ်ဘုရားနဲ့ မတူဘူး။ မင်းက လူကောင်းပဲ။" ယဲ့နျန်ထင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။
အန်လင်း၏ ရင်ဘက်က အနည်းငယ် တင်းကြပ်သွား၏။ သူက ဒီငလက်မလေးတွေနဲ့ သူငယ်ချင်း ဖြစ်သွားသည်လား။
သူ့၏ အနက်ရောင် အုတ်ခဲမှာ ကျယ်ပြန့်လာပြီး သူက ငလက်မ စစ်သားလေးများ အားလုံးကို သူ့၏ အုတ်ခဲပေါ်သို့ တင်ကာ လေထဲတွင် လျင်မြန်စွာ ပျံသန်းလိုက်လေ၏။
ယဲ့နျန်ထင်အပါအဝင် စစ်သားများအားလုံးက အန်လင်း၏ နည်းစနစ်ကြောင့် ထိတ်လန့်နေလေ၏။
မန္တန်နည်းစနစ်များကို အသုံးပြုနိုင်သော ဧရာမ မိစ္ဆာနတ်ဘုရား... ကြောက်စရာကောင်းလိုက်တာ။
"သခင်လေး မိစ္ဆာနတ်ဘုရား ကျေးဇူးပြုပြီး နှေးပေးပါအုံး။ မင်းက အရမ်းမြန်လွန်းတယ်...။ ငါ အပြန်လမ်းကို မမြင်ရတော့ဘူး။" ယဲ့နျန်ထင်က အုတ်ခဲနက်၏ ရှေ့ဆုံးတွင် မတ်တပ်ရပ်ကာ တုန်ယင်နေတော့၏။
သူ့ကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက တစ်စုံတစ်ယောက်၏ ပျံသန်းနှုန်းတစ်ခုတည်းကြောင့် ကြောက်လန့်တကြား ဖြစ်ရမည်ဟု မည်သူက ထင်ပါမည်နည်း။
သို့ဖြစ်၍ မိနစ်အနည်းငယ်အတွင်းမှာပင် အန်လင်းက စစ်တပ်အား ရက်အနည်းငယ်အထိ လမ်းလျှောက်ရမည့် အကွာအဝေးကို ကာမိသွားလေ၏။
ထို့နောက် သူက ငလက်မ အဆောက်အအုံများနှင့် လူများ၏ အရွယ်အစား အမျိုးမျိုးနှင့် မိတ်ဆက်ခြင်းခံလိုက်ရလေ၏။
သူက အိမ်များကို လေဖြင့်တိုက်ကာ ဖျက်ဆီးမိမည်ကို ကြောက်သဖြင့် အနိမ့်လေးမှမပျံသန်းရဲပါပေ။
သူတို့က မကြာမီပင် ကြေးနီနိုင်ငံတော်၏ မြို့တော်ဆီသို့ ရောက်လာခဲ့လေ၏။
မြို့တော်၏ မြို့ရိုးများက အလွန်အမင်း ခမ်းနားလှပြီး ၃၈စင်တီမီတာ အမြု့အထိပင် ရှိနေလေ၏။
မြောက်ဘက်မြို့ဝင်တံခါးတွင် ဆူညံနေသော တိုက်ပွဲတစ်ခုဖြစ်နေပြီး လှံကိုင်ဆောင်ထားသော ပုရွက်ဆိတ် တစ်ထောင်ကျော်က မြစ်ပြင်ကျယ်နိုင်ငံမှ စစ်သားတစ်ထောင်ကျော်ဖြင့် တိုက်ခိုက်နေကြလေ၏။ သို့သော် သူတို့၏ ကာကွယ်ရေး ရှေ့တန်းမှာ တဖြည်းဖြည်းနှင့် မြို့တံခါးဝဆီသို့ နောက်ဆုတ်လာကြလေ၏။
ကြေးနီနိုင်ငံ၏ အစွမ်းအထက်ဆုံး ဓားသမား၁၀ယောက်ထဲမှ တစ်ယောက်ဖြစ်သော နိုင်ဟောင်က သူ့လက်မောင်းများကို ဖြန့်ကားကာ မြို့ရိုးပေါ်သို့ သူ့၏ စစ်တပ်အား ဦးဆောင်သွားလေ၏။ "ခဏနေအုံး။ ငါတို့က အရှင့်နဲ့ ဗိုလ်ချုပ်ယဲ့နျန်ထင်တို့ကို ဒီကအခြေအနေကို အကြောင်းကြားထားပြီးပြီ။ သူတို့က သုံးရက်အတွင်းမှာ ငါတို့ကို အားဖြည့်ပေးဖို့ ရောက်လာလိမ့်မယ်။"
အောက်ဘက်မှ တိုက်ပွဲ ညာသံများက ဆူညံလာပြန်၏။
ကြေးနီနိုင်ငံတော်၏ စစ်သားများက မြို့ဝင်ပေါက်အား အသက်ပေးကာ ကာကွယ်နေကြလေ၏။
"ဟားဟားဟား... သုံးရက်ဆိုတာ ငါတို့အတွက် မင်းတို့မြို့ကို သိမ်းပိုက်ဖို့ လုံလောက်ထက်ပိုနေပြီ။ မင်းတို့က နတ်ဆိုးသားရဲတွေကို ငါတို့နဲ့ ပူးပေါင်းဖို့ မမျှော်လင့်ထားဘူးမဟုတ်လား။" ၁စင်တီတာ အရှည်ရှိတဲ့ ဓားတစ်ချောင်းကိုင်ထားသည့် ဗိုလ်ချုပ်တစ်ယောက်က မြို့ဝင်ပေါက်ရဲ့ အပြင်မှာ ရပ်နေလေ၏။
ထိုအချိန်မှာပင် အဖြူရောင်မြူခိုးတစ်ခုက ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာခဲ့လေ၏။
မြူခိုးအတွင်းမှ ပုံရိပ်အတန်းလိုက်ကြီး တဖြည်းဖြည်း ပေါ်ပေါက်လာလေ၏...။
ပြင်းထန်သော တိုက်ပွဲက တဖြည်းဖြည်း ရပ်တံ့သွားကာ လူတိုင်းက အဖြူရောင်မြူခိုးဆီသို့ လှည့်လိုက်ကြ၏။
လေပြင်းများက အဖြူရောင် မြူခိုးများကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေလေ၏။
ထို့နောကိ လူတိုင်းက စစ်သား ရှစ်ရာကျော်ကို တွေ့လိုက်ရလေ၏။ သူတို့အားလုံးမှာ အလွန်အမင်း အစွမ်းထက်လှသော စွမ်းအင်အတက်အကျများနှင့် ပြည့်နေသော ငွေရောင်လှံတံများကို ကိုင်ဆောင်ထားကြလေ၏။
စွမ်းအင် မညီမျှလှသော အော်ရာတစ်ခုက တပ်၏ ရှေ့ဆုံး ဗိုလ်ချုပ်ဆီမှ ထိုးထွက်လာကာ ထိုသူက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ "ဘယ်သူက ငါတို့ရဲ့ နိုင်ငံကို ကျူးကျော်ရဲတာလဲ။"
လူတိုင်းက အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာသော တပ်ကြီးကို ကြောင်ငေးကြည့်နေကြလေ၏။
နိုင်ဟောင်က လုံးဝ အံ့အားသင့်နေလေ၏။ "အဲဒါက ၁၅မိနစ်တောင်မရှိသေးဘူးလေ...။ အားဖြည့်တပ်က ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။"
"ယဲ့... ယဲ့နျန်ထင်...။" မြစ်ပြယ်ကျယ်နိုင်ငံ၏ ဗိုလ်ချုပ်မှာ လုံးဝပင် မယုံနိုင်အောင် ဖြစ်နေလေ၏။
ယဲ့နျန်ထင်က ဓားကို သူ့ထံသို့ ညွှန်ပြလိုက်ပြီး အေးစက်စက်အမူအရာဖြင့် ပြန်ဖြေလိုက်လေ၏။ "ဟုတ်တယ် ငါပဲ။"
----------