← Chapters

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၈)

Vol. 123 Ch. 1714

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၈)

Vol. 123 Ch. 1714

ကောင်းကင်ထက်၌ မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးပမ်း နေကြသူများ၊ အေးခဲနေသည့် အာကာသမှ လွတ်မြောက်ရန် ကြိုးပမ်း နေသူများနှင့် ကပ်ဘေး ဝိညာဉ် အစီအရင် သက်ရောက်မှု အောက်၌ ရုန်းကန်နေရသူများ အားလုံးမှာ ဖြစ်ပျက်နေသည့် အရာများကြောင့် လုံးဝ တုန်လှုပ် သွားခဲ့ကြ၏။

ဝူပိုင်ကျိုးနှင့် ယောင်ဟုန်ရီတို့ နှစ်ယောက် ပူးပေါင်းကာ ရွှယ်ရီဖေးကို သတ်ဖြတ်ရန် ကြိုးပမ်းနေသည့် မြင်ကွင်းက အာဏာရှင်များကိုပင် အံ့အားသင့် သွားစေခဲ့သည်။ သို့သော်လည်း... ဟုန်ချွင်းဟွာနှင့် အန်ညီအစ်မ နှစ်ယောက်တို့ ရွှယ်ရီဖေးအား ကူညီနေသည့် အချက်က သူတို့ကို ပို၍ပင် တုန်လှုပ်စေသည်။

၎င်းက အာဏာရှင် အင်ပါယာ၏ ကိုယ်လုပ်တော် ဆိုသော အဆင့်အတန်း ကြောင့်လော။ သူတို့ စိတ်ရှုပ်ထွေး နေကြသည်။ သို့သော်လည်း... တိုက်ခိုက်မှု တစ်ခုချင်းစီကတော့ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက် နေကြ၏။ အာဏာရှင် အင်ပါယာ၏ လေးသည်တော်နှင့် အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်တို့ နှစ်ဦးစလုံးမှာ ရွှယ်ရီဖေး၏ အသက်ကို အဆုံးသတ်ရန် အပြည့်အဝပင် ရည်ရွယ် နေကြသည်။

မေးခွန်း တစ်ခုက သူတို့၏ နှလုံးသားများ အတွင်း နိုးထလာခဲ့၏။ အဘယ်ကြောင့်နည်း။

ကံဆိုးစွာပင် ပြင်းထန်လှသည့် တိုက်ပွဲကြား၌ သူတို့ အဖြေကို မရရှိနိုင်ပါချေ။

ရွှယ်ရီဖေးက နတ်ဆိုးနဂါး အင်အားကို နောက်တစ်ကြိမ် ထပ်မံ စုစည်းလိုက်၏။ ယောင်ဟုန်ရီ၏ မြှားချက်များက ဘယ်တော့မှ မလွဲလေရာ သူမ ထိုမြှားသုံးစင်းလုံးကို မရှောင်ပါချေ။ ၎င်းကို တားဆီးနိုင်သည့်အရာ တစ်ခုတည်းသာ ရှိပေသည်။ အကြွင်းမဲ့ ခွန်အားပင်။

ရွှယ်ရီဖေး အတွက် ကံကောင်းသွားတာ တစ်ခုက ယောင်ဟုန်ရီမှာ မြှားထက်ရှိ သင်္ကေတ သုံးခုစလုံးကို အသုံးပြုခဲ့ပြီးခြင်း ဖြစ်သည်။ မဟုတ်ပါက အားနူ၏ စစ်ကူဖြင့်ပင် သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

အခြားတစ်ဖက်၌ ဝူပိုင်ကျိုးမှာ ဟုန်ချွင်းဟွာ ပေါ်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ သူမ သေမျိုး လောက ရည်ရွယ်ချက်ကို အပြည့်အဝပင် ထုတ်ဖော်ကာ ဓားသမားထံ အလင်းတန်း တစ်ခုလို တိုးဝင် သွားခဲ့သည်။

ဝူပိုင်ကျိုးမှာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်း၌ ရှိနေလေရာ ဟုန်ချွင်းဟွာထက် ပိုမို လျှင်မြန်သည်။ သို့သော်လည်း ဟုန်ချွင်းဟွာ၏ ဓားအလင်းက သူမထက်ပင် ပိုမြန် နေခဲ့၏။ အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါမှာ အာရုံဖျက် ဓားအလင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဝူပိုင်ကျိုးက လက်ကို လှံတံ တစ်ခု အဖြစ် အသုံးချရင်း ဟုန်ချွင်းဟွာ၏ ဓားအလင်းနှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက် တွေ့ဆုံ သွားခဲ့၏။ သူမ၏ မျက်လုံးများက ပိုမို တည်ငြိမ် လာခဲ့သော်လည်း သတ်ဖြတ်လိုစိတ်များကတော့ အကန့်အသတ် မရှိပဲ လွှမ်းမိုးနေဆဲ ဖြစ်သည်။

ထိုအတောအတွင်း၌ အန်ညီအစ်မ နှစ်ဦးမှာလည်း ကူညီ ပေးနေခဲ့သည်။ ဝူပိုင်ကျိုးမှာ လှုပ်ရှားမှုတိုင်း၌ တွင်းနက်ကြီးထံမှ ပြင်းထန်သော ဆွဲငင်အားများမှာ သက်ရောက် နေခဲ့၏။ ၎င်းကပင် ဝူပိုင်ကျိုး၏ အမြန်နှုန်းကို ဟုန်ချွင်းဟွာနှင့် တန်းတူ အထိ နိမ့်ဆင်း သွားစေကာ လက်ရည်တူ တိုက်ခိုက်စေနိုင်ခဲ့သည်။

အန်ညီအစ်မ နှစ်ယောက် အနက် တစ်ယောက်က ဝူပိုင်ကျိုးနှင့် တိုက်ခိုက်နေစဉ်တွင် အခြား တစ်ယောက်က ယောင်ဟုန်ရီနှင့် တိုက်ခိုက် နေခဲ့သည်။ အခြားလူများနှင့် ခြားနားစွာပင် အန်ညီအစ်မ နှစ်ဦးမှာ သူတို့၏ ခွန်အားကို မတူကွဲပြားသည့် ရည်ရွယ်ချက်များ အတွက် အပြည့်အဝ ခွဲဝေနိုင်ကြသည်။

ယောင်ဟုန်ရီကတော့ အန်ညီအစ်မ နှစ်ယောက်ထံမှ အနှောက်အယှက်များကို သိပ်ဂရုမစိုက်ခဲ့ချေ။ သူက မြှားများကို မှန်မှန် ထုတ်လွှတ် နေခဲ့၏ တစ်ခုချင်းစီကလည်း ရွှယ်ရီဖေး၏ သေကွင်းသေကွက်များကို ရည်ရွယ် နေခဲ့သည်။ ဆွဲငင်အားမှာလည်း မြှားများကို လမ်းကြောင်း ပြောင်းလဲ ပစ်ရန်၊ အဟန့်အတား ဖြစ်စေရန် ကြိုးပမ်း နေသော်လည်း ထိတ်လန့်ဖွယ်ရာ ကောင်းစွာပင် ပစ်ချက်တိုင်းက ရွှယ်ရီဖေး၏ ခန္ဓာကိုယ်ပေါ်သို့ မလွဲမသွေပင် ကျဆင်း နေခဲ့သည်။

“သူတို့က ဘာလို့ အချင်းချင်း တိုက်ခိုက်နေကြတာလဲ”

ယီရွှယ်ဟန်မှာ ဖြစ်ပျက်နေသောအရာများကြောင့် စိတ်ရှုပ်ထွေးနေခဲ့၏။ သူမမှာ ထျန်းရီဝူ ဖန်တီးထားသည့် လက်များ အတွင်း၌ ယီယွင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့၏။ လူငယ်လေး၏ မျက်နှာမှာ သူ၏ လုံးဝန်း ပြည့်လျှံလှသည့် ရင်သားများ ကြားထဲတွင် ဖိနှိပ်ခံရကာ နစ်မြုပ် နေခဲ့သည်။

စန်းယွန်းလီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ထျန်းရီဝူ၏ ဟေဇယ်ရွှေရောင် မျက်ဝန်းများကတော့ ပြင်းထန်စွာပင် တောက်ပနေခဲ့ကာ သေမျိုးများ စိတ်ကူးနိုင်သည်ထက် အဆပေါင်းများစွာ ကျော်လွန်သော အမြန်နှုန်းဖြင့် လောကနယ်မြေ တစ်လျှောက် အနှောက်အယှက် မရှိ ပျံသန်းနေသည့် ပုံရိပ် တစ်ခု၏ လမ်းကြောင်း တစ်လျှောက် လိုက်ပါနေသည်။

ဝမ်မင်ယာကတော့ ပြင်းထန်သည့် တိုက်ပွဲကိုသာ ငေးကြည့် နေခဲ့၏။ အေးခဲနေသည့် အာကာသ၊ ဖျက်ဆီး ခံနေရသည့် ဝိညာဉ် အင်အားနှင့် ပြင်းထန်သည့် ဆွဲငင်အားတို့ ကဲ့သို့ ဘက်ပေါင်းစုံမှ သက်ရောက်မှု အလယ်တွင် သူမ၏ အမူအရာက အပြောင်းအလဲ တစ်စုံတစ်ရာ မရှိပါချေ။ မိန်းကလေးက ညင်သာစွာပင် ရှင်းပြလိုက်၏။

“ထာဝရ သရဖူ ပြည့်စုံဖို့ နောက်ဆုံး အချိန်ကို ရောက်နေပြီလေ... ဒါကြောင့် အနိုင်ရဖို့ ဖြစ်နိုင်ချေ အများဆုံး ပြိုင်ဘက်ကို ဖျက်ဆီးဖို့ လုပ်နေကြတာ...”

“ဟမ်...”

ယီရွှယ်ဟန် တစ်ယောက် နားမလည်နိုင် ဖြစ်သွားခဲ့၏။ ဆေဘာကိုင်ဆောင်ထားသည့် မိန်းကလေးက သရဖူကို ယူသွားခဲ့ခြင်း မဟုတ်သည်လော။ သူမက ပျောက်ကွယ်၍ပင် သွားခဲ့ပြီ ဖြစ်သည်။ နဂါးမျိုးဆက် ဖြစ်ဟန်ရသည့် မိန်းကလေးနှင့် ဘာဆိုင်လို့နည်း။

“အာဏာရှင် အင်ပါယာရဲ့ ညာလက်ရုံးနဲ့ သူတို့ကြားက တိုက်ပွဲက တကယ်တော့ အပေါ်ယံ သက်သက်ပဲ... ဘယ်သူမှ အစွမ်းကုန် မတိုက်ခဲ့ကြဘူး... သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကိုတောင် ခံစားလို့ မရခဲ့ဘူး... တကယ်တော့ သူတို့ အားလုံးက ကွဲပြား ခြားနားတဲ့ ဗျူဟာတွေကို ချမှတ်နေခဲ့ကြတာ... အားလုံးထဲမှာ ရွှယ်ရီဖေးရဲ့ ဗျူဟာက ကြောက်ဖို့ အကောင်းဆုံးပဲ... ဘယ်လောက် ကြောက်ဖို့ ကောင်းသလဲ ဆိုရင် တစ်ချို့ လူတွေရဲ့ ဗျူဟာတွေ အသုံးမဝင်တော့တာကို ကြည့်ရင် သိနိုင်တယ်”

ဝမ်မင်ယာ တွင်းနက်ကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ တရှန်း တစ်ယောက် အထက် ကောင်းကင်သို့ မြင့်တက်ရင်း အံကို တင်းတင်းကြိတ်ထားသည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူမ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တရှန်းထံတွင်လည်း ဗျူဟာများ ရှိသည်သာ ဖြစ်သည်။ သို့သော်လည်း... ပေ့ဝေဝေနှင့် အန်ညီအစ်မ နှစ်ယောက်မှာ သူမ၏ ဗျူဟာကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ အမှန်တကယ်အားဖြင့် သူမ တစ်ဦးတည်း မဟုတ်ခဲ့။

အာဏာရှင် များစွာ၏ မတူ ကွဲပြားသည့် ဗျူဟာ များစွာမှာ စတင်ရန် အချိန် မရမီတွင်ပင် အဆုံးသတ် သွားခဲ့ခြင်း ဖြစ်သည်။

“ဆေဘာ ကိုင်ထားတဲ့ မိန်းကလေးကရော ဘာတွေ စီစဉ်နေတာလဲ...”

ယီရွှယ်ဟန် တစ်ယောက် မမေးပဲ မနေနိုင်ခဲ့ချေ။ အော်ရာ အရ ထိုမိန်းကလေးမှာ ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက် ဖြစ်နိုင်ကြောင်း သူမ အကဲခတ်မိပြီး ဖြစ်သည်။ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များမှာ လျှို့ဝှက် ဆန်းကြယ်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူမက သေမျိုးတစ်ယောက်သာ ဖြစ်သော်လည်း ယီရွှယ်ဟန် ပေါ့ပေါ့တန်တန် သဘောမထားရဲပါချေ။

“သူက ကြယ်တာရာ အင်အားကို မသုံးရပဲ မသေအောင် ကြိုးစားနေတာ...”

ဝမ်မင်ယာက ဖြူရော်စွာ ပြုံးလိုက်၏။ စုမေ့၏ အစီအစဉ်က အမြဲတမ်း အကြွင်းမဲ့ ခွန်အား ဖြစ်ခဲ့သည်။ သူမထံတွင် အခြား အစီအစဉ်များကို အသုံးချရန် အကြောင်းပြချက် မရှိခဲ့ချေ။ ထို့အပြင်... သူမမှာ အခြားလူများကို သူတို့၏ ဝှက်ဖဲများ ထုတ်ဖော်ဖို့ အခွင့်အရေး မပေးခဲ့ချေ။ ထုတ်ဖော်ခဲ့သမျှ ဝှက်ဖဲများ အားလုံးကိုလည်း အကြွင်းမဲ့ ခွန်အားဖြင့်သာ ကျော်လွှားနိုင်ခဲ့သည်သာ ဖြစ်သည်။

“ပါးနပ်တယ်... နောက်ပြီး စေ့စပ်သေချာတယ်... သူက သူ့ရဲ့ အင်ပါယာစီကနေ အဲဒီ အရည်အချင်းတွေကို ရထားတာ ဖြစ်မယ်”

ဝမ်မင်ယာ၏ အပြုံးက ပိုမို၍ တောက်ပလာခဲ့၏။ လက်အောက်ငယ်သားများထံ၌ အမြဲတမ်းလိုလို ခေါင်းဆောင်ထံမှ ကိုယ်ရည်ကိုယ်သွေးများ ရှိနေတတ်သည်။ အကြွင်းမဲ့ ခွန်အားကို အသုံးပြုနေသည့် စုမေ့ ပင်လျှင် ခြွင်းချက် မဟုတ်ပါချေ။

“…”

ယီရွှယ်ဟန်ကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှသည့် သေမျိုးများကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံ လှည့်ပတ် ကြည့်ရှုရင်း ထိတ်လန့် တုန်လှုပ် နေခဲ့လေသည်။ သူတို့က အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

ဘုန်း...

ဘုန်း...

ဘုန်း...

ရွှယ်ရီဖေးက ပြင်းထန်သည့် ခွန်အားနှင့် အတူ နဂါးလက်သီး သုံးချက်ကို ဆက်တိုက် ထုတ်ဖော်ကာ နောက်ထပ် မြှားသုံးစင်းကို ဖျက်ဆီးပစ်လိုက်သည်။ သူမမှာ နတ်ဆိုးတစ်ကောင်၏ အင်အားနှင့် နဂါး တစ်ကောင်၏ လွှမ်းမိုးနိုင်စွမ်းတို့ကို တစ်ပြိုင်နက်တည်း ပေါင်းစပ် ထုတ်ဖော်ကာ အတုမဲ့ ခွန်အားကို ထုတ်ဖော် နေခဲ့သည်။

“…”

ဟုန်ချွန်းဟွာကတော့ မွှေးပျံ့ သင်းကြိုင်သည့် ဓါး အလင်းများ၏ ဝန်းရံမှု အလယ်တွင် တည်ငြိမ်စွာ ရှိနေခဲ့သည်။ မိန်းကလေး၏ ပုံရိပ်မှာ ပန်းခင်း တစ်ခုကို လန်းဆန်း တက်ကြွစေသည့် အာရုဏ်ဦး အလင်းရောင် တစ်ခု အလား လတ်ဆတ် နေခဲ့သည်။

ဝူပိုင်ကျိုးကတော့ ကောင်းကင်တွင် ရပ်နေခဲ့ကာ တွင်းနက်ကြီး၏ ပြင်းထန်သော ဆွဲငင်အားများကြောင့် သူမ၏ ဆံပင်ရှည်များမှာ အထက် ကောင်းကင်သို့ လွင့်ပျံ နေခဲ့၏။ သူမက ကောင်းကင်နှင့် မြေကြီးကို အစိုးရသည့် ဧကရီ တစ်ပါး အလား ခန့်ညား ထည်ဝါသည့် အော်ရာများကို ထုတ်လွှတ် နေခဲ့လေသည်။

ဝှစ်...

မိန်းကလေးက လက်ထဲရှိ လှံတံနှင့် အတူ လောကနှလုံးသား ရည်ရွယ်ချက် သုံးမျိုးကို ထျန်းတျန် အတွင်းရှိ ‘ကောင်းကင်လောက’ လျှို့ဝှက် သင်္ကေတ မျိုးစေ့နှင့် ပေါင်းစပ်လိုက်၏။

သေမျိုး လောက ရည်ရွယ်ချက်...

ဘုန်း...

ချက်ချင်းပင် မိန်းကလေး၏ အော်ရာက ကောင်းကင်ကို အုပ်စိုးရန် ခန့်အပ်ထားသည့် နတ်ဘုရားမ တစ်ပါး အလား ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက် လာခဲ့သည်။ သူမ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ချိပ်ပိတ် နယ်မြေနှင့် အဇူရာ မူလ ဂလက်စီဇုန် နှစ်ခု စလုံး အတွင်းရှိ ဟင်းလင်းပြင်များထဲတွင် ထူးဆန်းသည့် ကြယ်တာရာ ဖြစ်စဉ်များပင် ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော်လည်း အပြောင်းအလဲများက သိမ်မွေ့လွန်းလှလေရာ မည်သူမှ သတိမထားမိသလောက်ပင်။

“ချက်...”

ပဲ့တင်သံတစ်ချက် ထွက်ပေါ်လာကာ အဆုံးမဲ့ ကြယ်တာရာများနှင့် ပြည့်နှက်နေသည့် မိန်းကလေး၏ မျက်လုံးများမှာ အံ့ဖွယ် ကောင်းလောက်အောင် လည်ပတ် သွားခဲ့သည်။ အဆုံးမဲ့ ကောင်းကင် အော်ရာမှာ အပြစ်အနာအဆာ ကင်းမဲ့သည့် အသားအရေမှ စတင်၍ ဆံပင်ရှည်များ အထိ စိမ့်ဝင် သွားခဲ့၏။

“…”

ဟုန်ချွန်းဟွာ၏ တည်ငြိမ်သော အမူအရာက ချက်ချင်းပင် မည်းမှောင် သွားခဲ့သည်။ မိန်းကလေး၏ အကြည့်များက မယိမ်းယိုင်သော်လည်း ထူးဆန်းစွာပင် စိတ်ပျက်အားငယ်သည့် အလင်းတစ်ချို့ နေရာယူ လာခဲ့၏။ သူမ အဆင်သင့် ပြင်ဆင် လိုက်သည်။

စက္ကန့် အနည်းငယ်သာ လိုတော့သည်။ ထိုမျှကြာအောင် မခုခံနိုင်ပါက သူမမှာ ပထမ ကွန်မန်ဒါ ရာထူးနှင့် ထိုက်တန်တော့မည် မဟုတ်ချေ။

ဘုန်း...

ဝူပိုင်ကျိုးက ဟုန်ချွင်းဟွာထံသို့ ဦးတည်ကာ လှမ်းလိုက်၏။ ချက်ချင်းပင် လောကတစ်ခုလုံး ငလျင်လှုပ် သကဲ့သို့ တုန်ရီ သွားခဲ့လေသည်။

ထိုအတောအတွင်း၌ အန်ညီအစ်မများသည်လည်း ရွှယ်ရီဖေး၏ ရှေ့တွင် ပျံသန်းရင်း လူသား ဒိုင်းကာများ အဖြစ် လုပ်ဆောင်ပေး နေကြသည်။ သုံးစက္ကန့်မျှ အတွင်းမှာပင် သူတို့ တစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်များထက်၌ မြှားတစ်စင်းစီ စိုက်ဝင် နေခဲ့ပြီ ဖြစ်သည်။ သွေးများမှာ ဒွါရခုနစ်ပေါက်မှ စီးကျနေလေရာ သူတို့၏ တစ်ကိုယ်လုံး ရွှဲရွှဲစို နေခဲ့၏။ သို့သော်လည်း မိန်းကလေး နှစ်ယောက်မှာ ဇွဲလျှော့ခြင်း မရှိကြသေးချေ။

ရွှယ်ရီဖေးက အဝေးသို့ ငေးကြည့်လိုက်၏။

ဝှစ်...

ပုံရိပ်ယောင် ရုပ်သဏ္ဌာန် တစ်ခုမှာ အဖြူရောင် ဓားတစ်စင်းကို စီးနင်းရင်း လျှင်မြန်စွာ ပျံသန်း နေခဲ့သည်။ သူမက အသက် တစ်ရှိုက်စာ အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် သူမ အထက်သို့ ကြည့်လိုက်သည်။ ခန္ဓာကိုယ် တစ်ခုလုံး မီးများ တောက်လောင်နေသည့် ရုပ်ခန္ဓာ တစ်ခုမှာ တွန့်လိမ် ပုံပျက် နေခဲ့ကာ တွင်းနက်ကို အောင်မြင်စွာ မတွန်းလှန်နိုင်ပဲ ရှိနေခဲ့သည်။ တွင်းနက်၏ ဆွဲငင်မှုများ အတွင်း လုံးလုံးလျားလျား ပါမသွားဖို့လောက်ကိုသာ သူ ထိန်းထားနိုင်ခဲ့သည်။

ရွှယ်ရီဖေး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။

၀:၀၅...

သူမ လက်ဟန် ချိပ်စည်းတစ်ခုကို ပုံဖော်လိုက်သည်။

၀:၀၄...

ထို့နောက် နောက်တစ်ခု။

၀:၀၂...

နောက်ဆုံး လက်ဟန် ချိပ်စည်းတစ်ခု။

၀:၀၁...

ထာဝရ သရဖူမှာ လာမည့် တစ်စက္ကန့်အတွင်း အသက်ဝင်တော့မည် ဖြစ်သည်။

***

All Chapters