ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၅၀)
Vol. 123 Ch. 1716
ဝှစ်...
နာ့ရှင်းရီ လက်ဟန် ချိပ်စည်းများကို ဆက်တိုက် ပြုလုပ်ကာ အဖြူရောင် ဓါးထက်၌ ရှေ့သို့ အဆက်မပြတ် ပျံသန်း နေခဲ့၏။ အချိန်နှင့် အမျှ သူမက အာကာသ ဖြတ်ကျော်ြခင်းကို သုံးကာ ရှေ့သို့ ရွေ့လျား သွားနေခဲ့သည်။
ထာဝရ သရဖူမှာ အာကာသ ဖြတ်ကျော်ြခင်းများကို တားဆီးနိုင်သည့် စွမ်းအား တစ်ခုဖြင့် ဝန်းရံခဲ့ဖူးသော်လည်း စုမေ့က သရဖူကို ဆုပ်ကိုင်လိုက်သည့် အခိုက်တွင်တော့ ထိုစွမ်းအားမှာ လုံးဝ ပြိုကျသွားခဲ့သည်။
သူမမှာ စုမေ့နှင့် ရွှေဖုန်းပေါင်၏ ကိုယ်ပွားတို့ထံမှ အလွန် ဝေးကွာသည့် နေရာတစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ကြမ်းတမ်း ခက်ထန်သည့် တိုက်ပွဲတစ်ခု တိုက်ခိုက်နေသည့် လူများနှင့်လည်း အလွန် အလှမ်းကွားသည်။ ဤအခိုက်အတန့်တွင် မည်သူမျှ သူမကို တားဆီးနိုင်တော့မည် မဟုတ်ချေ။
၀:၀၀.၅...
အချိန်က ဘာမျှ မကျန်တော့...။ နာ့ရှင်းရီ၏ အပြစ်အနာအဆာ ကင်းမဲ့သော လက်ထဲတွင် ငွေရောင် အလင်း တစ်ချက် လင်းလက် လာ၏။ ထာဝရ သရဖူက ထင်ရှားစွာပင် ပေါ်လာခဲ့သည်။
ပြင်းထန်သည့် စိတ်လှုပ်ရှားမှုလှိုင်း တစ်ခုမှာ သူမ၏ နှလုံးသားကို အဆက်မပြတ် ရိုက်ခတ် နေခဲ့၏။ ရွှယ်ရီဖေး၏ မုသားကို ကာကွယ်ရန် အတွက် စေတနာ ဝန်ထမ်းပေးခဲ့ခြင်းက စုမေ့ မလွဲမသွေ လွတ်မြောက်လိမ့်မည် ဆိုသည့် အသိကို ရရှိစေခဲ့သည်။
ထို့ကြောင့် သူမသည် အနီးအနား ဧရိယာကို ယင်မြူခိုးဖြင့် ဖုံးလွှမ်းရန် အစီအရင် တစ်ခုကို အသုံးပြုခဲ့သည်။ ရွှေဖုန်းပေါင်က အပူစွမ်းအင် သဲလွန်စများကို အခြားလူများ၏ ခန္ဓာကိုယ်ထက်၌ ချန်လှပ်ထားတတ်သည်ကို အတုယူကာ သူမသည်လည်း ကိုယ်ပိုင် သဲလွန်စများကို စုမေ့အပေါ်တွင် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံး ကျန်ရှိနေသည့် ခွန်အား အပြည့်အဝကို အသုံးပြု၍ မမြင်နိုင်သည့် ယင်အငွေ့တစ်ခုကို စုမေ့အပေါ်တွင် ဖုံးကွယ်ထားခဲ့သည်။
ရွှေဖုန်းပေါင်ဖြစ်စေ... နာ့ရှင်းရီဖြစ်စေ သူတို့ထံ၌ အာရုံခံခြင်းမှ ရှောင်လွှဲနိုင်သည့် နည်းလမ်းများ ရှိသည်။ သို့သော် နာ့ရှင်းရီ၏ နည်းလမ်းများမှာ မိန်းကလေးများ အပေါ်တွင် အထိရောက်ဆုံး ဖြစ်သည်။ သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ အစွန်းရောက်ယင်၏ ပုံရိပ်ယောင် ဂုဏ်သတ္တိများကို အသုံးပြုကာ စုမေ့၏ လက်ကို ပစ်မှတ်ထားပြီး အချိန်ကိုက် အာကာသ ဖြတ်ကျော်ခြင်း စွမ်းအားကို သုံးရန်သာ ဖြစ်သည်။
သူမ အောင်မြင်ခဲ့သည်။
အကယ်၍ သာမန် အတိုင်း တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပါက သူမ၏ အစီအစဉ်များမှာ လုံးဝ အသုံးဝင်လိမ့်မည် မဟုတ်ပါချေ။ သရဖူကို ရရှိနိုင်မည့် သူမ အတွက် တစ်ခုတည်းသော နည်းလမ်းက ထိုအလောင်းအစားသာ ဖြစ်သည်။ သူမ စုမေ့၏ စွမ်းရည်များကို ယုံကြည်ခဲ့သည်။ လောင်းကြေး ထားရန် ယုံကြည်နိုင်သူ တစ်ဦး ရှိသည် ဆိုလျှင် ထိုတစ်ဦးက ပထမ အာဏာရှင်သာ ဖြစ်သည်။
၀:၀၀.၂၅...
ရွှမ်း...
ရုတ်တရက် ကောင်းကင် တစ်ခုလုံးကို လွှမ်းခြုံ၍ ဆေဘာဟိန်းသံ တစ်ခု ပျံ့လွင့်လာခဲ့၏။ နာ့ရှင်းရီ၏ မျက်လုံးများက ပြင်းထန်စွာ ကျဉ်းမြောင်း သွားခဲ့သည်။ သရဖူကို ကိုင်ထားသည့် သူမ၏ လက်က ဗလာလင်းလင်း ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ မဟုတ်သေး... သူမ လက်ကိုပင် မခံစားနိုင်တော့ချေ။
ဆေဘာ အလင်းတန်းတစ်ခုမှာ အဝေးမှပင် သူမ၏ လက်တစ်ဖက်ကို တိကျစွာ ဖြတ်တောက်သွားပြီး တစ်မီလီစက္ကန့် အတွင်းတွင်ပင် ဧကရာဇ် သရဖူကို အလျင်အမြန် သယ်ဆောင်သွားခဲ့၏။ ၎င်း၏ အမြန်နှုန်းမှာ သဘာဝတရား ကန့်သတ်ချက်များကို ဆန့်ကျင်သကဲ့သို့ ရှိ၏။
နာ့ရှင်းရီ လက်မောင်းမှ စ၍ မရှိတော့သည့် ညာဘက်လက်ကို တွေဝေစွာ စိုက်ကြည့် နေခဲ့မိ၏။ သူမ၏ ဝမ်းသာမှုနှင့် မျှော်လင့်ချက်များတော့ ပူပြင်းသည့် နေရောင်ခြည်အောက်မှ ရေခဲနှင့် နှင်းများ ကဲ့သို့ အရည်ပျော်ကာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူမ၏ အမူအရာတွင် ဒေါသ အရိပ်အယောင် အနည်းငယ်မျှ မရှိခဲ့ချေ။ အခြားလူများ ထင်ထား သကဲ့သို့ သူမ အရူးတစ်ပိုင်းလည်း မဖြစ်ပါချေ။ ထို့အစား... နှလုံးသားထဲမှ ညင်သာစွာသာ သက်ပြင်းတစ်ချက် ချလိုက်၏။
အနည်းဆုံးတော့ သူမ အဆုံးအထိ ကြိုးစားခဲ့သည်။ စိတ်သက်သာရာ ရသည့် ခံစားမှု တစ်ခုမှာ သူမ၏ နှလုံးသားအတွင်းသို့ နွေးထွေးစွာ စီးဆင်းသွားခဲ့ကာ ကျင့်ကြံခြင်း နှလုံးသားသည်လည်း အနည်းငယ်မျှ အားကောင်းလာခဲ့သည်။ တစ်ခါတစ်ရံတွင် ရှုံးနိမ့်ခြင်းမှာ စိတ်ဓာတ်ကျမှုကိုသာ အမြဲတမ်း ဖြစ်ပေါ်စေသည် မဟုတ်ဘဲ ပြန်လည် နိုးထလိုသည့် ပြင်းပြသော ဆန္ဒများကိုလည်း ဖြစ်ပေါ်စေသည်။
၎င်းက နောက်တစ်ကြိမ်တွင် ရှုံးနိမ့်ရန် မဖြစ်နိုင်တော့ကြောင်း သေချာစေသည်။
ဆေဘာ အလင်းမှာ ထာဝရ သရဖူကို စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေသည့် အမြန်နှုန်းဖြင့် လေထု အတွင်း သယ်ဆောင် သွားခဲ့၏။ ၎င်းက စုမေ့ ပြသခဲ့သည့် အမြန်နှုန်းထက်ပင် အဆများစွာ သာလွန်သည်။
အဝေး တစ်နေရာတွင်တော့ စုမေ့မှာ ရွှေဖုန်းပေါင်၏ ကိုယ်ပွားကို ဖျက်ဆီးပြီး ဖြစ်သည်။ သူမ လက်ကို ဆန့်ထုတ်ကာ ဆေဘာဆီသို့ ပိုမို နီးကပ်စွာ ရွေ့လျားခဲ့၏။ ဆေဘာ၏ အမြန်နှုန်းနှင့် ထက်ရှခြင်းတို့ အောက်၌ မည်သူမျှ ၎င်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။
အခြားသူများကဲ့သို့ပင် သူမသည်လည်း ကစားရန် ဝှက်ဖဲ တစ်ခုကို ကိုင်စွဲထားခဲ့သည်သာ ဖြစ်သည်။
ဆေဘာ...
၎င်းမှာ သူမ ပိုင်ဆိုင်ထားသည့် အကြွင်းမဲ့ ခွန်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
၀:၀၀.၁...
သရဖူမှာ အနီးအနားသို့ ရောက်ရှိနေခဲ့သည်။ ပြီးပြည့်စုံသွားသည့် အချိန်တွင်ပင် ၎င်းမှာ သူမ၏ လက်ထဲသို့ ရောက်ရှိပေလိမ့်မည်။
အရာရာက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
စုမေ့ လက်ကို ဆန့်ထုတ်လိုက်၏။ တစ်ချိန်တည်း၌ ရွှေဖုန်းပေါင်၏ ထင်မှတ် မထားသည့် တိုက်ခိုက်မှုများကို ကာကွယ်ရန် အကာအကွယ်လွှာ တစ်ခုကို ဝန်းရံလိုက်သည်။ မိန်းကလေး၏ အနက်ရောင် မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက် နေခဲ့၏။
၀:၀၀...
ပြီးပြည့်စုံလေပြီ။ ထာဝရ သရဖူမှာ စုမေ့နှင့် ပေ ရာဂဏန်းမျှ အကွာအဝေးတွင် ရှိသည်။ ၎င်း ရွေ့လျား သွားနေသည့် အမြန်နှုန်း အရ ချက်ချင်း နီးပါး ဆိုသလို ရောက်ရှိလာလိမ့်မည်။ သူမ လိုအပ်သည်မှာ တိုက်ရိုက် ထိတွေ့မှု တစ်ခုသာ ဖြစ်သည်။
ရုတ်တရက် ထာဝရ သရဖူမှာ လှုပ်ခါသွားခဲ့၏။ ၎င်းမှာ မြှုပ်နှံထားသည့် ကျောက်မျက်ရတနာများထဲမှ တစ်ခုနှင့် စတင်ခဲ့သည်။
ထိန်းချုပ်ခြင်း အပိုင်းအစ...
စုမေ့၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။ ထို့နောက်တွင်တော့ ထာဝရ သရဖူထက်တွင် သန်းပေါင်းများစွာသော လူများ မျှော်လင့်ထားလိမ့်မှာ မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်
နှလုံးတစ်ခု...
ခုန်နေဆဲ... အသက်စွမ်းအင်တို့ဖြင့် လှိုင်းထနေဆဲ...
၎င်းမှာ ထိန်းချုပ်ခြင်း အပိုင်းအစကို ကိုယ်စားပြုသည့် ကျောက်မျက် အတွင်းမှ ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ လူသားနှလုံး မဆန်သလို သားရဲ နှလုံးလည်း မဆန်ချေ။ နှစ်ခုစလုံးမှ အကောင်းဆုံး လက္ခဏာများကို ပေါင်းစပ်ထားသည့် မျိုးစပ် နှလုံး တစ်ခု ဖြစ်သည်။
ဘုန်း...
နှလုံးမှာ ပေါ်လာသည်နှင့် ပေါက်ကွဲ သွားခဲ့၏။ သရဖူမှာ ၎င်း၏ ခရမ်းရောင် သွေးများဖြင့် စွန်းထင် သွားခဲ့သည်။
စုမေ့၏ မျက်ဝန်းများမှာ လုံးဝ မျှော်လင့် မထားသည့် မြင်ကွင်းကြောင့် ပြူးကျယ် နေခဲ့လေ၏။ ထာဝရ သရဖူ သူမ လက်အတွင်း ကျရောက်လာသော အခိုက်တွင်တော့ ၎င်းမှာ နှလုံးသွေးများဖြင့် ဖုံးလွှမ်း နေခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းတစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့လေ၏။
သေမျိုးများမှာ နှလုံး သို့မဟုတ် ဦးနှောက်မရှိဘဲ မရှင်သန်နိုင်ကြချေ။ ဤသည်မှာ 'သေမျိုး ကန့်သတ်ချက်များ' ဟူသော ဝေါဟာရတွင် မကြာခဏ ပါဝင်သော ချုပ်တည်းမှုတစ်ခု ဖြစ်သည်။ လက်ချောင်းများတစ်လျှောက် စီးကျလာနေသည့် ခရမ်းရောင် သွေးများကို စုမေ့ ငုံ့ကြည့် နေမိ၏။ သရဖူ ထက်တွင် နတ်ဆိုး အော်ရာဖြင့် ညစ်ညမ်းနေသည့် အသား အပိုင်းအစ အချို့ ရှိနေခဲ့လေသည်။
စုမေ့… ခါးသီးစွာ ပြုံးလိုက်မိ၏။
ထိုအခိုက်တွင်ပင် အထက် ကောင်းကင်မှ ခမ်းနားသော ကြေညာသံ တစ်ခု ပဲ့တပ်ထပ် ထွက်ပေါ်လာကာ လောကတစ်ခုလုံးကို သဘာဝအတိုင်း ရပ်တန့် သွားစေခဲ့၏။
“ထာဝရ သရဖူက သိမ်းပိုက် ခံလိုက်ရပြီ... အနိုင် ရရှိသွားတဲ့လူက...”
လူတိုင်းမှာ ခေါင်းများကို မော့ကြည့် လိုက်ကြ၏။ သူတို့၏ နှလုံးသားများက တဒိတ်ဒိတ် ခုန်နေခဲ့သည်။
ဝူပိုင်ကျိုး တစ်ယောက် ပင့်သက်ရှိုက် လိုက်မိသည်။ သူမက နာ့ရှင်းရီကို အားပေးခဲ့သူ တစ်ယောက် ဖြစ်သည်။ သူမ ရွှယ်ရီဖေးကို တားဆီးဖို့ ကြိုးပမ်းခြင်းမှာ နာ့ရှင်းရီ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရရှိရန် အတွက် ဖြစ်ပေသည်။ သို့သော်လည်း...
ယောင်ဟုန်ရီကတော့ ရွှေဖုန်းပေါင် အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ အစီအစဉ် အရ သူက ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးကို တားဆီးဖို့ တာဝန်ယူထားခြင်း ဖြစ်သည်။ ကံကောင်း ထောက်မစွာပင် ဝူပိုင်ကျိုးသည်လည်း ရွှယ်ရီဖေးကို နောက်မှ လိုက်နေလေရာ ကျောက်တုံး တစ်လုံးတည်းဖြင့် ငှက် နှစ်ကောင်ကို အာရုံလွှဲနိုင်ခဲ့သည်။ သို့သော်လည်း...
ရွှယ်ရီဖေးကို အားပေးခဲ့ကြသူများကတော့ မိန်းကလေး၏ အသက်မဲ့ ပုံရိပ်ကိုသာ စိုက်ကြည့် နေခဲ့မိကြ၏။ အာရုဏ်ဦး အင်ပါယာက သူမကို ဤနေရာတွင် ပေးသေလိမ့်မည် မဟုတ်ဟုသာ သူတို့ စိတ်ထဲမှ တွေးနေခဲ့မိကြသည်။
လူအများစု၏ အမြင်၌ အနိုင် ရရှိသူက ရှင်းလင်း နေခဲ့ပြီ ဖြစ်သည်။ စုမေ့... သူမမှာ အကြွင်းမဲ့ ခွန်အားနှင့် အမြန်နှုန်းတို့ကို ပြသကာ နောက်ဆုံး စက္ကန့် အပြီး၌ ထာဝရ သရဖူကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ ကြေညာသံမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် စေနိုင်သည့် အင်ပါယာ ဥပဒေ အပေါ် သာမည အာဏာရှင်နှင့် ပေါင်းစပ်ကာ ပဲ့တင်ထပ် မြည်လာခဲ့၏။
“ရွှယ်ရီဖေး...”
***