← Chapters

ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအား

Vol. 34 Ch. 479

ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအား

Vol. 34 Ch. 479

နိုင်ဟောင်က ယဲ့နျန်ထင်ကို ​ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကာ သူ့၏ မျက်စိများကို ပွတ်သပ်လိုက်ရာ ထိုသည်က ယဲ့နျန်ထင်ပင် ဖြစ်နေကြောင်း ကိုတွေ့လိုက်ရ၏။ သို့သော် သူက တစ်နည်းနည်းဖြင့် ရုတ်တရက် ပိုမိုရဲရင့်ကာ ခံ့ညားထယ်ဝါလာပုံရလေ၏။

မြစ်ပြင်ကျယ်နိုင်ငံတော်၏ ဗိုလ်ချုပ်မှာ မကြာမီပင် သူ့၏ ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး သူ့၏ ဓားရှည်ကိုမြှောက်ကာ သူ့၏ စစ်တပ်ကို ညာသံပေးလိုက်လေ၏။ "မြန်မြန်...။ ဒါကို အခွင့်အရေးယူပြီးတော့ သူတို့ရဲ့စစ်သားတွေကို အပြတ်တိုက်ကြ။ ယဲ့နျန်ထင်နဲ့ သူ့ရဲ့စစ်ကူတွေကို မြို့ရိုးပေါ် မတက်စေနဲ့။"

စစ်သားများများနှင့် သန္ဓေပြောင်းသားရဲများ အားလုံးက ချက်ချင်းပင် သူ့၏ အားပေးမှုကို လိုက်နာကာ ကောင်းကင်မှကျလာသော စစ်တပ်ဆီသို့ တိုးဝင်သွားလေ၏။

နိုင်ဟောင်မှာလဲ အသိစိတ်ပြန်ဝင်လာကာ ချက်ချင်းပင် အမိန့်တစ်ခုပြုလိုက်လေ၏။ "မြန်မြန် သူတို့ကို မြန်မြန်ကာထား အဲဒါမှ သူတို့က မြို့ရိုးပေါ်သို့ ပြန်တက်ဖို့ အခွင့်အရေး မရမှာ။"

ရန်သူစစ်သားများနှင့် သန္ဓေပြောင်း သားရဲများက စုစုပေါင်း နှစ်ထောင်ကျော်ကာ ယဲ့နျန်ထင်လက်အောက်မှ ၈၀၀ကျော်သော စစ်သားများနှင့် ကြီးမားသော ကွာခြားချက်တစ်ခုဖြစ်နေလေ၏။ သို့ဖြစ်၍ ထိုသည်က မြို့ထဲသို့ ပထမဆုံး တပ်ဆုပ်ရန်မှာ အရေးအကြီးဆုံးအရာ ဖြစ်နေလေ၏။

သို့သော် ယဲ့နျန်ထင်၏ မျက်နှာထက်တွင် အေးစက်စက် အမူအရာတစ်ခုပေါ်လာပြီး တပ်ဆုပ်ရန် ဆန္ဒလုံးဝပင် မရှိသည့်ပုံပင်။ သူက သူ့၏ ဓားရှည်ကို လေထဲသို့ မြှောက်တင်လိုက်ပြီး သူ့၏ စစ်သားများဆီသို့ အော်ဟစ်လိုက်၏။ "ဒီဟာက ငါတို့ တောင်ပိုင်း ကောင်းကင်ဘုံတပ်ရဲ့ ဂုဏ်သိက္ခာကို ပထမဆုံးတည်ဆောက်ပေးမဲ့ တိုက်ပွဲပဲ။ တိုက်ကြ...။"

"တိုက်ကြ...။"

စစ်သား၈၀၀ကျော်မှာ သူတို့၏ တဟုန်ထိုး ပုလဲပွင့် အံ့ဖွယ်လှံတံများကို ကိုင်ဆောင်ကာ ရန်သူ့တပ်ဆီသို့ တိုးဝင်သွားကြလေ၏။

မြစ်ပြင်ကျယ်နိုင်ငံတော်၏ ဗိုလ်ချုပ်မှာ ထိုသည်ကို မြင်ကာ အနည်းငယ် တုံ့ဆိုင်းသွားပြီး လှောင်ပြုံးပြုံးလိုက်လေ၏။ "ယဲ့နျန်ထင်၊ မင်းက မင်းရဲ့တပ်ကို သေလမ်းကို ဦးဆောင်နေတာပဲ။ ငါက မင်းတို့ကို မြေထဲပို့ပြီး နင်း​ပေးမယ်။"

"ယဲ့နျန်ထင်၊ မင်းစောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ။ မင်းက မြို့ထဲကို အရင်ဆုံး တပ်ဆုတ်ဖို့လိုတယ်နော်။ အဲဒါမှ သူတို့ရဲ့ တိုက်ခိုက်မှုကို ပြန် တုန့်ပြန်တိုက်ခိုက်ဖို့ အစီအစဉ် ဆွဲရမှာလေ။" နိုင်ဟောင်က အော်ဟစ်လိုက်လေ၏။

ယဲ့နျန်ထင်က ခပ်ဖွဖွ ပြုံးပြလိုက်လေ၏။ "ဒီဟာက တိုက်ပွဲကို အဆုံးသတ်ပေးမဲ့ ခံစစ်ပဲ။"

တောင်ပိုင်းကောင်းကင်ဘုံစစ်တပ်က မြစ်ပြင်ကျယ် နိုင်ငံတော်နှင့် တိုက်မိသွားသော်လည်း စိတ်လှုပ်ရှားဖွယ် တိုက်ပွဲမဖြစ်ပါချေ။

မြစ်ပြင်ကျယ်နိုင်ငံမှ စစ်သားများအားလုံးက တိုဖူးကို ဓားဖြင့်လှီးလိုက်သကဲ့သို့ လွယ်ကူစွာပင် သုတ်သင်ခြင်း ခံလိုက်ရလေ၏။

တောင်ပိုင်း ကောင်းကင်ဘုံ စစ်တပ်ကိုင်ဆောင်ထားသော တစ်ဟုန်ထိုး ပုလဲပွင့်လှံတံများက အဖြူရောင်သက်ရှိစွမ်းအင်များ လည်ပတ်နေသော အံ့ဖွယ်လက်နက်များကဲ့သို့ပင်။ လှံတံများက ရန်ဘက်စစ်သားများနှင့် ထိပင်မထိလိုက်ရခင်မှာပင် သူတို့အား နှစ်ပိုင်းပိုင်းပစ်လိုက်လေ၏။

မြစ်ပြင်ကျယ်နိုင်ငံမှ စစ်သားများ အားလုံးမှာ လုံးဝပင် ကြောင်အနေလေ၏။ သူတို့၏ လက်နက်များ၊ သံချပ်ကာနှင့် ဒိုင်းများက ငွေလှံတံများ၏ တိုက်ခိုက်မှုအောက်တွင် တိုဖူးကဲ့သို့ အပိုင်းပိုင်းပြတ်သွားလေ၏။

ဒေါသထွက်နေကြသော ပုရွက်ဆိပ် သန္ဓေပြောင်းသားရဲများ၊ ခြစားပိုး သန္ဓေပြောင်းသားရဲများနှင့် ပေါက်ဖက် သန္ဓေပြောင်းသားရဲ အားလုံးက ကြောက်မက်ဖွယ်လှံတံများကြောင့် လုံးဝပင် အပိုင်းပိုင်းပြတ်သွားလေ၏။ သူတို့ ဝံ့ဝံ့ကြွားကြွား သယ်ဆောင်လာကြသော သန္ဓေပြောင်းသားရဲ အရိုးစုများက တဟုန်ထိုးပုလဲပွင့် လှံတံများနှင့် ရင်ဆိုင်ရသည့်အခါ စာရွက်များကဲ့သို့ ဖြစ်သွားလေ၏။

ယဲ့နျန်ထင်နှင့် တိုက်ခိုက်နေသော မြစ်ပြင်ကျယ်နိုင်ငံတော်၏ ဗိုလ်ချုပ်က မယုံနိုင်စွာ လှည့်ပတ်ကြည့်ရှုလိုက်လေ၏။ "အဲ့လှံတွေ... အဲဒါတွေ အားလုံးက အံ့ဖွယ် လက်နက်တွေလား။"

"ဟားဟားဟားဟား... ဟုတ်တာပေါ့။ သေစမ်း ခွေးအိုကြီး။" ယဲ့နျန်ထင်က ရယ်မောကာ သူ့၏ ဓားဆန္ဒက စစ်တုလန်ဆီသို့ နဂါးများကဲ့သို့ တိုးဝင်သွားလေ၏။

"ယဲ့နျန်ထင်က အဲ့လောက် အံ့ဖွယ်လက်နက်တွေ အများကြီးကို ဘယ်ကရလာတာလဲ...။" နိုင်ဟောင်က အံ့ဩတကြီး ရေရွတ်လိုက်လေ၏။

အောက်ဘက်မြေကြီးပေါ်တွင် တောင်ပိုင်းကောင်းကင်ဘုံ စစ်တပ်မှာ သန္ဓေပြောင်းသားရဲများနှင့် မြစ်ပြင်ကျယ် နိုင်ငံတော်မှ စစ်သားများကို ဖြတ်သန်းလိုက်သည်မှာ ထိုသည်က မကျော်လွှားနိုင်သော စစ်သားများဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်ခုကဲ့သို့ပင်။

သန္ဓေပြောင်းသားရဲများနှင့် မြစ်ပြင်ကျယ်နိုင်ငံတော်မှ စစ်သားများအားလုံးက အံ့ဩတကြီးဖြစ်နေလေ၏။ သူတို့၏ တိုက်ပွဲမှာ ခဏမျှပင် ရှိသေးသော်လည်း သွေးများက မြစ်ကဲ့သို့ စီးဆင်းနေပြီး အများစုမှာ သူတို့၏ သွေးများဖြစ်ကာ တောင်ပိုင်း ကောင်းကင်ဘုံ စစ်တပ်အတွက် အလွန်နည်းပါလေ၏။

တိုက်ပွဲမှာ ဆုံးဖြတ်ပြီးပြီဟု သူတို့က တွေးမိနေတုန်းမှာပင် တိမ်နက်များက ရုတ်တရက် သူတို့ခေါင်းပေါ်တွင် ပေါ်လာပြီး ​ကောင်းကင်တွင် မိုးခြိမ်းသံများ ညံလာလေတော့သည်။

အနက်ရောင် ရှိခိုးကောင်တစ်ကောင်က တိမ်တိုက်နက်များဆီမှ ထွက်လာပြီး သူ့၏ တံစဉ် ကဲ့သို့ ရှေ့ခြေထောက်များထဲတွင် အဖြူရောင် ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးကို သယ်ဆောင်လာကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေ၏။ "ကြေးနီနိုင်ငံတော်ထဲက နံပါတ်၁ စွမ်းအားအထက်ဆုံး ဖြစ်တည်မှု ဝေးလုံက ငါ့ရဲ့သတ်ဖြတ်ခြင်းကို ခံရပြီးပြီ။ မင်းတို့က လက်နက်မချသေးဘူးလား။"

ရှိခိုးကောင်၏ အသံက တိုက်ပွဲတစ်ခုလုံးတွင် ပျံ့နှံ့နေကာ မရေမတွက်နိုင်သောစစ်သားများက ခေါင်းလှည့်ကာ မော့်ကြည့်လိုက်ကြ၏။

ယဲ့နျန်ထင်နှင့် နိုင်ဟောင်၏ အမူအရာများမှာ သိသိသာသာပြောင်းလဲသွားကာ အသက်မဲ့နေသော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားကို အလန့်တကြား ငေးကြည့်နေလေ၏။

"အဲဒါက ဘယ်လိုလုပ်ပြီး... ဝေးလုံက ရှုံးသွားတယ်...။ သူက ငါတို့တစ်နိုင်ငံလုံးမှာ တစ်ယောက်တည်းသော အံ့ဖွယ်အဆင့် သခင်ပဲ...။" နိုင်ဟောင်က ဖြေမဆည်နိုင်စွာ ရေရွတ်လိုက်လေ၏။

"ပြီးသွားပြီ။ သန္ဓေပြောင်းသားရဲတွေထဲမှာ အံ့ဖွယ်အဆင့်တစ်ယောက်ရှိတာ ဘယ်သူက သိမှာလဲ။ အခု ငါတို့က ဝေးလုံမရှိပဲနဲ့ နိုင်ဖို့အခွင့်အရေး မရှိတော့ဘူး။" ယဲ့နျန်ထင်၏ အမူအရာက ပူဆွေး ဒေါသထွက်ခြင်းများနှင့် ပြည့်နှက်နေလေ၏။

သူတို့၏ ရာထူးအဆင့်ဆင့်မှာ အဆင့်လေးဆင့်ခွဲထားလေ၏။ လူသား၊ ကမ္ဘာ၊ ကောင်းကင်ဘုံနှင့်အံ့ဖွယ်ဟူ၍ပင်။ အံ့ဖွယ်အဆင့်ရှိသူများမှာ စစ်သားတစ်ထောင်နှင့် တိုက်ပွဲကို လွှမ်းမိုးနိုင်သော စွမ်းအင်ရှိပေ၏။ ယဲ့နျန်ထင်မှာ နောက်နှစ်အနည်ငယ်ကြာမှသာ အံ့ဖွယ်အဆင့်ကို ထိုးဖောက်နိုင်မည်ဖြစ်ကာ ယခုတွင်မူ...

"ကူးကူး... မင်းတို့ လက်နက်မချရင် ငါက မင်းတို့အကုန်လုံးကို စားပစ်မယ်...။" အနက်ရောင် ရှိခိုး​ကောင်မှာ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ကာ ဝေးလုံကို လူတိုင်း၏ ရှေ့တွင် မျိုချလိုက်လေ၏။

ကြေးနီနိုင်ငံတော်၏ စစ်သားများနှင့် ဗိုလ်ချုပ်များအားလုံးက အံတင်းတင်းကြိတ်ကာ သူတို့၏ မျက်လုံးထဲတွင် ဒေါသများ တောက်လောင်နေလေ၏။

ဆန့်ကျင်ဘက် အနေဖြင့် ​မြစ်ပြင်ကျယ်နိုင်ငံ၏ စစ်သားများ၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာလေ၏။ သူတို့က လက်တစ်ကမ်းတွင် အောင်မြင်မှုကို မြင်နေရလေ၏။

"ဟီးဟီး... မင်းတို့က လက်နက်ကောင်းတွေလဲ အများကြီးပေးတဲ့အထိ ကြင်နာလွန်းနေတယ်။ ငါအဲ့လိုလုပ်ရင် စိတ်မရှိနဲ့..."

အနက်ရောင် ရှိခိုးကောင်က တောင်ပိုင်း ကောင်းကင်ဘုံ စစ်တပ်ဆီသို့ လောဘတစ်ကြီး အမူအရာဖြင့် လှည့်ကြည့်လိုက်လေ၏။

ဘုန်း...

အလွန်အမင်း ဖျက်ဆီးစေတတ်သော အော်ရာတစ်ခုက အနက်ရောင်ရှိခိုကောင်အနက်၏ ခန္ဓာကိုယ်မှ ထွက်လာကာ အနက်ရောင် လေပွေငယ်တစ်ခုအသွင် ပြောင်းသွားပြီး တောင်းပိုင်း ကောင်းကင်ဘုံစစ်တပ်ဆီသို့ တိုးဝင်လာကာ ထိန်းမနိုင်သော သတ်ဖြတ်ခြင်းစက်ကြီးတစ်ခုကဲ့သို့ ရောက်လာလေ၏။

"တပ်ဆုတ်..." ယဲ့နျန်ထင်က အော်ဟစ်လိုက်လေ၏။

ထိုအချိန်မှာပဲ ကောင်းကင်ထဲရှိ တိမ်တိုက်များက တိုးဝှေ့စပြုလာလေ၏။

ကြီးမားလှသော အုတ်ခဲကြီးတစ်ခုက တိမ်တိုက်များကို ဖြတ်သန်းကာ ထိုအရာ၏ ကြီးမားလှသော ပေ၂၀အကျယ်ကြီးဖြင့် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားလေ၏။

မြေပြင်ပေါ်မှ စစ်သားများ အားလုံးက ​ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် မဲမှောင်လာသည်ဟု ခံစားလိုက်ရ၏။

ဝှစ်...

အနက်ရောင်အုတ်ခဲက ပျောက်ကွယ်သွားကာ ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုက မြေပေါ်သို့ ဆင်းသက်လာကာ သူ့ခြေနှစ်ခြောင်းနှင့် ငလျင်အသေးစားလေးတစ်ခုကို ဖန်တီးလိုက်လေ၏။

လူတိုင်းက ကြီးမားလှသော ပုံရိပ်ကြီးကို အလန့်တကြား ငေးကြည့်နေလေ၏။

တစ်ချို့သော စစ်သားများက သူတို့၏ လက်နက်များကိုပင် လွတ်ကျကာ ဘီလူးကြီးအား ငေးကြည့်နေကြလေ၏။ "ဘီ... ဘီလူး မိစ္ဆာနတ်ဘုရားကြီး..."

အန်လင်းက ကောင်းကင်မှ အနက်ရောင် ရှိခိုးကောင်ကို အပြုံးတစ်ခုနှင့် ကြည့်လိုက်လေ၏။ "ငါက မင်းကိုယ်က ထုတ်နေတဲ့ အော်ရာကို စိတ်ဝင်စားလို့။ ဒီကိုလာခဲ့။ ငါတို့ စကားပြောရအောင်။"

ထိုသည်ကိုကြားပြီးနောက် လူတိုင်းက ပို၍ပင် ပြောစရာမဲ့နေလေ၏။ ဤစောက်ကျိုးနည်းဘီလူးမိစ္ဆာနတ်ဘုရားက စကားပြောတတ်တယ်။

အနက်ရောင် ရှိခိုးကောင်၏ အမူအရာမှာ မဲမှောင်သွားကာ အန်လင်းဆီသို့ သူ့၏ တံစဉ္း လက်များဖြင့် တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။

"ငါ့-င်ကြီးကို စကာပြောပါလား။ ငါက မိစ္ဆာဘီလူး နတ်ဘုရားတွေကို မသတ်ဘူးတာမဟုတ်ဘူး။"

ကြောက်မက်ဖွယ် စွမ်းအားများက အနက်ရောင် ရှိခိုးကောင်၏ အသွားများဆီမှ အနက်ရောင် ဓားမော့အလင်းတန်းများအဖြစ် အံသံကျယ်ကျယ်နှင့် လေထဲသို့ ထိုးထွက်လာကာ အန်လင်း၏ လည်ပင်းဆီသို့ပျံလာလေ၏။

မြန်လိုက်တာ။

နိုင်ဟောင်နှင့် ယဲ့နျန်ထင်တို့၏ နှလုံးသားများက စည်းချက်ပင် ကျော်သွားလေ၏။

"အရူးထနေတာ ရပ်တော့။" အန်လင်းက ရယ်မောလိုက်ကာ အနက်ရောင် ရှိခိုးကောင်ဆီသို့ လက်ဖဝါးဖြင့် ရိုက်ချလိုက်လေ၏။

သူ့၏ လက်ဖဝါးက ကျယ်ပြန့်လှသော အော်ရာဖြင့် လေထဲသို့ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားလေ၏။ သူက အနက်ရောင် ရှိခိုးကောင်းနှင့် ထိပင်မထိလိုက်ပါပေ။ သူ့၏ လက်ဖဝါးမှ လေပြင်းများက အနက်ရောင် ဓားမော့အလင်းတန်းများကို ဖျက်ဆီးပစ်ကာ ရှိခိုးကောင်၏ ခန္ဓာကိုယ်ဆီသို့ ဝင်ရောက် တိုက်ခတ်သွားလေ၏။

"အ... ဖွီး..." အနက်ရောင် ရှိခိုးကောင်က နာနာကျင်ကျင် ငြီးတွားကာ သွေးများအန်ပြီး လေထဲသို့ ပျံတက်သွားလေ၏။

အောက်ဘက်မှ စစ်သားများအားလုံးက လက်ဖဝါးတစ်ခုတည်းကြောင့် ပျံတက်သွားသော ရှိခိုးကောင်ကို မယုံနိုင်စွာ ငေးကြည့်နေကြလေ၏။

ဤသည်က အံ့ဖွယ်အဆင့် အစွမ်းထက် ဖြစ်တည်မှုတစ်ဦးဖြစ်၏။ ထိုမိစ္ဆာဘီလူးနတ်ဘုရားကြီးက လက်ဖဝါးတစ်ခုတည်းနှင့် မည်ကဲ့သို့ အဝေးသို့ ပစ်ထုတ်လိုက်နိုင်သနည်း။

ဤမိစ္ဆာ ဘီလူးနတ်ဘုရားကြီးက အရင်သူတို့တွေ့ကြုံခဲ့သော မိစ္ဆာဘီလူး နတ်ဘုရားများထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လေ၏။

"တပ်ဆုပ်ကြ...." မြစ်ပြင်ကျယ် နိုင်ငံတော်၏ ဗိုလ်ချုပ်က အော်ဟစ်ကာ ဦးဆောင်ပြီး တပ်ဆုပ်သွားလေ၏။

တခြားသောစစ်သားများနှင့် သန္ဓေပြောင်းသားရဲများသည်လည်း ကြောက်မက်ဖွယ် မိစ္ဆာ ဘီလူးနတ်ဘုရားကြောင့် ကြက်သေသေနေပြီး သူတို့အားလုံးက သူတို့၏ အသက်က မှီတည်နေသကဲ့သို့ တပ်ဆုပ်စပြုလာကြလေ၏။

သို့သော် သူတို့ဝေခွဲမရသည်မှာ ယဲ့နျန်ထင်၏ စစ်သားများက လွတ်မြောက်လိုဟန် ရှိပုံမရပါပေ။ သူတို့က မိစ္ဆာဘီလူး နတ်ဘုရားကြီးကို မကြောက်ကြဘူးလား၏

သူတို့က ထိုအကြောင်းအရာကို တွေးတောနေစဉ် ၌ အန်လင်းက သန္ဓေပြောင်းသားရဲများဆီသို့ လှည့်ကာ တံတွေးအပြည့် ထွေးချလိုက်လေ၏...။

တံတွေးက ကျယ်ပြန့်လှသော လှိုင်းတစ်ခုအဖြစ် ဖိခြေပစ်ကာ တပ်ဆုပ်နေကြသော သန္ဓေပြောင်းသားရဲ ရာ​ကျော်ကို ရေနစ်သွားစေကာ ဖျက်ဆီးစေတတ်သော စွမ်းအင်ဖြင့် ထိုးထွက်လာပြီး သန္ဓေပြောင်းသားရဲများအားလုံးကို တစ်စစီဆုတ်ဖြဲပစ်လိုက်လေ၏။

စစ်သားများအားလုံးက ထိုသည်ကို မြင်သောအခါ အသက်ပြင်းပြင်းရှုလိုက်ကြလေ၏။ ပါးစပ်အပြည့်နဲ့တံတွေးကတောင် စစ်တပ်တစ်ခုလုံးကို သုတ်သင်ပစ်နိုင်၏...။ ဤသည်က မည်သို့သော စွမ်းအင်နည်း...။

မြစ်ပြင်ကျယ်နိုင်ငံမှ စစ်သားများအားလုံးက အလွန်ပင်ကြောက်လန့်သွားသော်လည်း မြန်နိုင်သမျှမြန်မြန် တပ်ဆုပ်သွားကြလေ၏။

အံ့ဖွယ်အဆင့် ရှိခိုးကောင်က မြေပြင်မှ ထရန် အသည်းအသန်ကြိုးစားလိုက်ရ၏။ ထိုသည်က အန်လင်း၏ မကျော်လွှားနိုင်သော ခွန်အားကို မြင်သောအခါ သူ့၏ ဒဏ်ရာများစွာရနေသော ခန္ဓာကိုယ်အား တရွတ်တိုက်ဆွဲကာ တပ်ဆုပ်ရန် ကြိုးစားလိုက်လေ၏။

အန်လင်းက တပ်ဆုပ်နေသော ရှိခိုးကောင်ကိုမြင်သောအခါ အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး အလျား မီတာ၄၀ကျော်ရှည်လျားသော ဓားတစ်ချောင်းကိုထုတ်လိုက်လေ၏။

ကောင်းကင်ကိုပင် ထိုးဖောက်သွားမည်ဟု ခြိမ်းခြောက်နေဟန်ရသည့် ကြီးမားလှသော ဓားကြီးကိုမြင်သောအခါ လူတိုင်းကထပ်မံ အံ့ဩသွားကြလေ၏။

ယဲ့နျန်ထင်က တစ်ကို်ယ်တည်း ရေရွတ်လိုက်လေ၏။ "ဘုရားရေ၊ ဓားတစ်ချောင်းက ဘယ်လိုလုပ်ပြီး အဲ့လောက် ကြီးရတာတုန်း။"

"ရှိခိုးကောင်လေး၊ ငါ မင်းကို ၃၉မီတာ အကျောပေးလို့ရတယ်နော်။ ဒါပေမဲ့ အဲဒါပြီးရင်တော့... မင်းက ငါ့ဓားရဲ့ အရသာကို မြည်းကြည့်ရမယ်။" အန်လင်းက ယုတ်မာစွာ ပြုံးပြီး ခြိမ်းခြောက်လိုက်လေ၏။

အနက်ရောင် ရှိခိုးကောင်က နေ့အလင်းရောင်ကို ဖုံးကွယ်ထားသော ကြီးမားလှသည့် ဓားကြီးကို မြင်သောအခါ ချက်ချင်းပင် ကြောက်သေးထွက်ကျလေတော့သည်။

ထိုသည်က ချက်ချင်းပင် ခြေလှမ်းများကို ရပ်ကာ မြေပြင်တွင် ဒူးထောက်ချလိုက်လေ၏။ "ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ သခင် မိစ္ဆာနတ်ဘုရား။ မင်းပြောချင်တာအကုန်ကို ငါ​မင်းနဲ့အတူ ပြောပေးပါမယ်။ ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့။"

အန်လင်းက ကျေနပ်သော အပြုံးတစ်ခုနှင့် သူ့၏ ဓားကို ပြန်သိမ်းလိုက်လေ၏။ "ဟီးဟီး... ဒါမှ လိမ္မာတဲ့ ရှိခိုးကောင်းလေးပေါ့။"

--------------

All Chapters