ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ (၄၄)
Vol. 123 Ch. 1710
ပေ့ဝေဝေသည် ထူးဆန်းသည့် လက်ဟန် ချိပ်စည်းတစ်ခုကို ဖော်ဆောင်ထားရင်း အဝေး တစ်နေရာတွင် ရှိနေခဲ့၏။ သူမ၏ မျက်ဝန်းမျာက စင်ကြယ်သော ဝိညာဉ် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ သူမ၏ ဝိညာဉ် အမြုတေမှာ လျင်မြန်စွာ လည်ပတ်နေပြီး သေမျိုး လောက ရည်ရွယ်ချက် အော်ရာကို ထုတ်ဖော် နေခဲ့၏။
သူမ၏ ထျန်းတျန်အတွင်းတွင်တော့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွင်း ရရှိခဲ့သည့် ငွေရောင် သင်္ကေတ တစ်ခုမှာ လင်းလက်စွာ တောက်ပနေခဲ့၏။ ၎င်းက လျှို့ဝှက် ဆန်းကြယ်လှသည့် အာကာသ စွမ်းအားကို ထုတ်ဖော်နေခဲ့သည်။ အံ့အားသင့်စရာ ကောင်းစွာပင် မိန်းကလေးထံ၌ အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတ မျိုးစေ့ကို ပိုင်ဆိုင်ထားပေသည်။
“တည်ငြိမ် အာကာသ ချိပ်ပိတ်ခြင်း...”
မိန်းကလေးက ထိုစကားလုံးများကို လျှို့ဝှက် ဘာသာစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အံ့ဩစရာ ကောင်းတာ တစ်ခုက သူမမှာ လျှို့ဝှက် အာဏာရှင် တစ်ယောက် မဟုတ်ပဲ ထိုစကားလုံး တစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ၎င်းက စိတ်ကူးလို့ မရနိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။
ပေ့ဝေဝေ၏ ဝိညာဉ် အမြုတေမှာ ကြယ်တာရာ ဝိညာဉ်ကို အသုံးချရင်း လျှို့ဝှက် တာအိုနှင့် ပဲ့တင်ထပ် နေသကဲ့သို့ ဝိညာဉ် သံစဉ် တစ်ခုနှင့် တူ ခုန်နေခဲ့၏။ ရုတ်တရက်... နာ့ရှင်းရီ သူမထံမှ သန္ဓေတည်နေသည့် စွမ်းအား တစ်ခုကို ခံစားလိုက်မိသည်။
ဆန်းကြယ်မူလ...
လျှို့ဝှက်တာအို၏ အော်ရာမှာ လေထုအတွင်း ညင်သာစွာ စီးဆင်း ဝင်ရောက်သွားကာ အာကာသ ကိုယ်တိုင်ကို သက်ရောက်စေရင်း ရွေ့လျားနိုင်ခြင်း မရှိသည့် အာကာသအိုင် တစ်ခုကို ဖြည်းညင်းစွာ တည်ဆောက် နေခဲ့သည်။
အခြားတစ်ဖက်၌... အန်ညီအမ နှစ်ယောက်၏ ပိုင်းဖြတ်နိုင်သည့် အလင်းတန်းများမှာ တရှန်း၏ နောက်ကျောကို ထိမှတ်ကာ ကြောက်မက်ဖွယ် အတိုင်းအတာ တစ်ခု အထိ လောင်ကျွမ်း သွားစေခဲ့၏။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အံ့ဩဖွယ်ရာ အမြန်နှုန်းဖြင့် ပြန်လည် ကုစားလာခဲ့ကာ လှုပ်ရှားနေသည့် အရှိန်အဟုန်ကို နည်းနည်းလေးမျှ အနှောက်အယှက် မဖြစ်စေခဲ့ပါချေ။
သို့သော်လည်း... ပေ့ဝေကဝေ ဝိညာဉ် စွမ်းအားဖြင့် အာကာသကို အေးခဲ ပစ်လိုက်သော အခါတွင်တော့ တရှန်းမှာ ကောင်းကင်တွင် ရပ်တန့်သွားကာ တစ်လက်မမျှ ရှေ့သို့ ဆက်လက် ရွေ့လျားနိုင်ခြင်း မရှိတော့ချေ။
သူမ တစ်ယောက်တည်း မဟုတ်ပါချေ။ ရွှေဖုန်းပေါင်၏ မီးတောက်လောင်နေသည့် ခန္ဓာကိုယ်သည်လည်း ပုံမှန်မဟုတ်စွာ ရပ်တန့်သွားခဲ့၏။ လေးဆယ့် နှစ်မီတာခန့်ကို ရွေ့လျားပြီးချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်မှာ စွမ်းအား သုံးခု၏ ဝန်းရံခြင်းကို ခံနေခဲ့ရပြီ ဖြစ်လေသည်။
တရှန်းထံမှ ဖိအား...
အန်ညီအမ နှစ်ယောက်၏ ပိုင်ဖြတ်နိုင်စွမ်း ရှိသော အလင်းတန်းများနှင့်
ပေ့ဝေဝေ၏ အာကာသ အေးခဲခြင်း...
ထို့အပြင် နောက်ဆုံးတစ်ခုမှာ သေဆုံးသွားပြီဟု ယူဆလို့ ရသည့် အာဏာရှင်များ ပြန်လည် ထွက်ပေါ်လာကာ အစီအရင် တစ်ခုကို အတူတကွ တည်ဆောက်နေခြင်း ဖြစ်သည်။ သူ စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် ထိတ်လန့် သွားခဲ့၏။
ရွှေဖုန်းပေါင် မီးဥပဒေသ အော်ရာ တစ်ခုကို လမ်းကြောင်း ပြောင်းရင်း အေးခဲနေသည့် အာကာသ အလွှာ သုံးခုကို ဖယ်ဖျက်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... လျှို့ဝှက်တာအိုမှာ ထိုစွမ်းအား အတွင်း၌ ရှိနေကြောင်း သဘောပေါက်လိုက်ရာ သူ အလွန်ပင် အံ့အားသင့် သွားခဲ့သည်။ ၎င်းက သေမျိုး ဖြစ်တည်မှု မူဘောင် အတွင်းရှိ လူအားလုံးကို အာကာသ သက်ရောက်ခြင်းမှ တားဆီးရန် ထူးခြားသော ဥပဒေသ တစ်ခုကို အသုံးပြုနေသကဲ့သို့ ရှိသည်။ ထိုနည်းဖြင့် သူမက လှုပ်ရှားမှု အားလုံးကို တားဆီးလိုက်ခြင်း ဖြစ်သည်။
ရွှေဖုန်းပေါင် တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အမြုတေထိ ရောက်အောင် တုန်ခါသွားခဲ့သည်။
တရှန်းသည်လည်း လျှို့ဝှက် တာအို၏ တည်ရှိမှုကို ခံစားနေရကာ ၎င်းနှင့် အသားကျဖို့ ခက်ခဲ နေခဲ့သည်။ ပေ့ဝေဝေက ဤမျှ အစွမ်းထက်သလော။
ကံကောင်းစွာပင်... ရွှေဖုန်းပေါင်၏ မီးဥပဒေသ အော်ရာသည်လည်း ရှေ့ဆက် မတိုးနိုင်ကြောင်း သူမ သဘောပေါက် လိုက်သည်။ ရွှေဖုန်းပေါင်၏ ပြဿနာက ကျင့်ကြံခြင်း အခြေခံ အလွန် အားနည်းနေခြင်း ဖြစ်သည်။ သူက မကြာသေးခင်ကမှ အဆင့် တက်လှမ်းခဲ့သည့် အချိန်သခင် တစ်ယောက် ဖြစ်ပေသည်။ ရွှေဖုန်းပေါင်ထံတွင် အခြားလူများ ကဲ့သို့ စစ်ကူ ခွန်အား ဆွဲထုတ်စရာ လောကချည်နှောင် ကြယ်တာရာ နယ်မြေ မရှိပါချေ။
ထာဝရ သရဖူ အခမ်းအနား တစ်ခုလုံး၌ အာကာသ အေးခဲခြင်း စွမ်းအား၏ သက်ရောက်မှု မခံခဲ့ရသည့် တစ်ဦးတည်းသော လူမှာ ပေ့ဝေဝေ ဖြစ်ပုံ ရသည်။ သူမက အာကာသ ရွှေ့ပြောင်းခြင်း စွမ်းအားကို အသုံးချကာ အာကာသ စွမ်းအင်များကို ထုတ်လွှတ် လိုက်၏။
ဝှစ်...
ထာဝရ သရဖူမှာ ပေအနည်းငယ်ခန့် အကွာတွင် မှိန်ဖျော့ဖျော့ အာကာသ လှိုင်းတစ်ချို့ ဖြစ်ပေါ်လာခဲ့သည်။ ပေ့ဝေဝေမှာ သရဖူ၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာတော့မည် ဖြစ်သည်။ သူမကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ချေ။
နတ်ဆိုး နဂါး သံချပ်ကာ...
ဟူး... ဟူး...
ရွှယ်ရီဖေးသည် သူမ၏ နဂါး အသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်သည်။ အံ့အားသင့်စရာပင် သူမသည်လည်း အနည်းငယ်မျှ အဟန့်အတား မရှိဘဲ အေးခဲနေသည့် အာကာသ၌ လှုပ်ရှားလာနိုင်ခဲ့သည်။ အစစ်အမှန် နဂါး နတ်မိမယ်၏ ဝတ်ရုံများမှာ ဟင်းလင်း စွမ်းအင် ရစ်သိုင်းနေသည့် မှိန်ဖျော့ဖျော့ မီးခိုးရောင် သင်္ကေတများနှင့် လင်းလက် နေခဲ့၏။
အလွန် လျင်မြန်စွာ မရွေ့လျားနိုင်လျှင်ပင် သူမ ဖော်ထုတ်ထားသည့် စွမ်းအားက လျှို့ဝှက် တာအို၏ အာကာသ လွှမ်းမိုးမှုကို အသာကလေး ဖြတ်ကျော်ဖို့ လုံလောက်ပေသည်။
ဘုန်း...
မိန်းကလေးက ခြေထောက်ကို ကန်လိုက်၏။ သို့သော်လည်း သူမက ထာဝရ သရဖူဆီသို့ မပြေးပါချေ။ ထို့အစား... သူမ၏ မျက်လုံးများမှာ လေးကိုင်ထားသည့် ပုံသဏ္ဌာန် တစ်ခုတည်း အပေါ်တွင်သာ ပြင်းပြင်းထန်ထန် အာရုံစိုက်ထား၏။
ယောင်ဟုန်ရီ...
မိန်းကလေးက နဂါး စွမ်းအားဖြင့် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်ရင်း အေးခဲနေသည့် အာကာသ ပုံပျက်သွားသည် အထိ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ ထို့နောက် တိုးညင်းသော်လည်း ခမ်းနားသည့် ဟိန်းသံဖြင့် နတ်ဆိုးနဂါး ခွန်အား ပါဝင်နေသည့် လက်သီးကို အဝေးမှ ပစ်လွှတ်လိုက်သည်။ အေးခဲနေသည့် အာကာသမှာ ဘေးသို့ ထုတ်းဖယ်ခံလိုက်ရကာ စွမ်းအင် ပေါက်ကွဲမှု တစ်ခုမှာ ယောင်ဟုန်ရီဆီသို့ တိုးဝင်သွားခဲ့သည်။
“...”
လေးသည်တော်မှာ မြှားတစ်စင်းကို ပစ်ရန် အသင့်ပြင်ထား၏။ အံ့အားသင့်စရာ ကောင်းစွာပင် သူသည်လည်း အာကာသ အေးခဲခြင်း၏ သက်ရောက်မှုကို မခံရပါချေ။
သူ၏ မျက်လုံးများမှာ ပွင့်နေ၏။ ဘယ်ဘက် မျက်လုံးအတွင်း၌ အတွင်းပိုင်း လောက တစ်ခု ပါဝင်နေကာ ညာဘက်မျက်လုံး အတွင်းတွင်တော့ ရှုပ်ထွေးသည့် အချိန် ဝဲဂယက် တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ အချိန်လေပွေနှင့် အလွန်အမင်း ဆင်တူသည်။
ယောင်ဟုန်ရီသည် သူ၏ မျက်လုံးများအတွင်း၌ အတွင်းပိုင်း လောကနှင့် အချိန် ဝဲဂယက် နှစ်ခုစလုံးကို သန့်စင်ထားခဲ့ရာ ၎င်းက သူ့ကို နှိုင်းယှဉ်လို့ မရသည့် ကျင့်ကြံခြင်း အခြေခံမျိုး ပေးအပ်ခဲ့သည်။ ထိုအထောက်အပံ့ နှစ်မျိုးစလုံးမှာ သေမျိုး ကန့်သတ်ချက်များထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။
ယောင်ဟုန်ရီ၏ လေးထက်ရှိ နောက်ဆုံးသော အမှတ်အသားမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက မီးခိုးရောင် မြှားတစ်စင်းကို လေးထက်၌ တင်ထား၏။
ရွှယ်ရီဖေး တိုက်ခိုက်လာသည်ကို တွေ့မြင်လိုက်ရသော အခါ ယောင်ဟုန်ရီ အလွန်ပင် အံ့အားသင့် သွားခဲ့သည်။ သူ ၎င်းကို လုံးဝ မျှော်လင့် မထားခဲ့ချေ။ နတ်ဆိုးဆန်စွာ ရိုက်ခတ်လာခဲ့သည့် နဂါးအင်အားက ယောင်ဟုန်ရီကို စိတ်ရှုပ်ထွေး သွားစေခဲ့၏။ ရွှယ်ရီဖေးမှာ ထိုတိုက်ခိုက်မှု အတွက် လွန်ခဲ့သည့် မိနစ်ပိုင်းကမှ စုစည်းထားခဲ့ကာ ရှင်းလင်းပေသည်။
လေးသည်တော် အတွက် တွေးရန် အချိန်များစွာ မရှိခဲ့ချေ။ သေမျိုး လောက ရည်ရွယ်ချက် အော်ရာမှာ သူ့ခန္ဓာကိုယ် ပတ်လည်တွင် တောက်လောင် လာခဲ့၏။
ယောင်ဟုန်ရီ လေးကို ပစ်လွှတ်လိုက်၏။ ထိုမြားချက်ထဲ၌ နေကြယ်များ၊ ဂြိုဟ်များနှင့် လောကနယ်မြေများကိုပင် ထိုးဖောက်ရန် လုံလောက်သည့် စွမ်းအင်များ ပါရှိနေသည်။
ဝှစ်...
တစ်ချိန်တည်း၌ သူ ရွှေရောင်လေးကို အလျှင်အမြန် အသုံးပြုကာ သူ လုပ်ဆောင်နိုင်သည့် အသန်မာဆုံးသော အကာအကွယ်ကို ပြင်ဆင်လိုက်သည်။ သို့သော်လည်း တိုက်ခိုက်မှုက သူ၏ ခန္ဓာကိုယ်ကို အရှိန်အဟုန်နှင့် ဝင်တိုက်လိုက်ရာ ယောင်ဟုန်ရီ ထိန်းချုပ်နိုင်စွမ်း မရှိပဲ သွေးအန်ကာ လွင့်စဉ် သွားခဲ့၏။ သူ ထိုအရှိန်ကို အသုံးချကာ ရွှယ်ရီဖေး ဖမ်းမမိနိုင်သည့် အမြန်နှုန်းနှင့် နောက်ပြန် ပျံသန်း သွားခဲ့သည်။
ဟူး... ဟူး...
အဝေးတစ်နေရာတွင်တော့ မြှားမှာ အာကာသနှင့် အချိန်ကိုပင် ထိုးဖောက်၍ စိတ်ကူးလို့ မရနိုင်သည့် အမြန်နှုန်းနှင့် ရွေ့လျား သွားခဲ့သည်။ တရှန်းထံမှ လေးလံသည့် ဖိအား၊ အန်ညီအစ်မ နှစ်ယောက်၏ ပိုင်းဖြတ်နိုင်သော အလင်းတန်းနှင့် ပေ့ဝေဝေ၏ အာကာသ အေးခဲခြင်းတို့မှာ မြှားကို အနည်းငယ်မျှပင် အဟန့်အတား မဖြစ်စေနိုင်ခဲ့ချေ။ ပေ့ဝေဝေ အာကာသ ရွှေ့ပြောင်းခြင်းမှ အပြည့်အဝ မထွက်ခွာရသေးခင်မှာပင် မြှားမှာ ဧကရာဇ် သရဖူဆီသို့ ရောက်ရှိလိမ့်မည်။
မြှားချက် ဧကရာဇ် သရဖူကို ထိသရွေ့ ဤ ပြိုင်ပွဲက သူ့ဟာ ဖြစ်သည်။
တတိယ မဟာ အသွင်ပြောင်းလဲခြင်း...
ကောင်းကင်ကို တုန်ခါစေသည့် ဟိန်းသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ လခြမ်းပုံ အသွားပါ လှံချွန် တစ်ခုမှာ မယုံကြည်နိုင်စရာ ကောင်းသည့် တိကျမှုမျိုးဖြင့် မြှားဆီသို့ တိုးဝင် သွားခဲ့လေသည်။
ယောင်ဟုန်ရီ၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။
ဘုန်း...
***