← Chapters

မိတ်ဆွေဟောင်းများထံ အလည်အပတ်သွားခြင်း (၂)

Vol. 109 Ch. 1521

မိတ်ဆွေဟောင်းများထံ အလည်အပတ်သွားခြင်း (၂)

Vol. 109 Ch. 1521

ဝမ်ဝေ့ ခဏမျှ စဉ်းစားလိုက်သည်။ ယန်းလီလင်းက သူ့နှင့်အတူ ထွက်ခွာလိုခြင်းမရှိသောကြောင့် သူမကို ယခု ကူညီရန် သူ အစွမ်းကုန် ကြိုးစားမည် ဖြစ်သည်။

"ငါ မင်းဆီ အရင်းအမြစ်တွေကို တိုက်ရိုက် မပေးနိုင်ဘူး။ ဒါပေမဲ့ ကျင့်စဉ်တွေနဲ့ အဖိုးတန် သတင်းအချက်အလက်တွေတော့ ပေးနိုင်တယ်"

သူက အဆောင်သုံးခုကို ပေါင်းစပ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

"ပထမတစ်ခုက တားမြစ်တိုက်ခိုက်ရေးအဆင့်ထဲကို ဝင်ရောက်ခြင်းနဲ့ ပတ်သက်တဲ့ ငါ့ရဲ့ အသိပညာအားလုံးပဲ။ ဒုတိယတစ်ခုက မင်းကို ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကို ဖွဲ့စည်းတဲ့နေရာမှာ ကူညီပေးမဲ့ ဝိညာဉ်ကျင့်စဉ်တစ်ခုပဲ။ မင်းရဲ့ ရုပ်ခန္ဓာနဲ့ ကိုက်ညီအောင် ပြုပြင်လိုက်တာတော့ အကောင်းဆုံးပဲ။

နောက်ဆုံးအနေနဲ့ ဒါက သာလွန်အခြေခံအုတ်မြစ်(၁၃)ပါး ကျင့်စဉ်ပဲ။ အရင်းအမြစ် မလုံလောက်ဘူးဆိုတော့ ဒိုင်မေးရှင်းအနိမ့်မှာ မင်း ဒီအရာကို ကျင့်ကြံနိုင်မယ်တော့ မထင်ဘူး။ ဒါပေမဲ့ မင်း တက်လှမ်းတဲ့အခါ စတင် ပြင်ဆင်ထားနိုင်တယ်"

ယန်းလီလင်း၏ အကြည့်များက စကားတစ်ခွန်းစီတိုင်းတွင် ပိုမိုတောက်ပလင်းလက်လာပြီး နောက်ဆုံးအရာကို ကြားပြီးနောက် သူမက မျက်မှောင်ကြုတ်မိသွားသည်။

"သာလွန်တာလား။ ဘယ်လိုမျိုးလဲ"

"ဟုတ်တယ်။ ဒါက မင်းရဲ့ အခြေခံကို တိုးတက်စေပြီး အဲ့ဒီအဆင့်ကို ဝင်ရောက်ဖို့ အခွင့်အရေး တိုးပွားစေမဲ့ ကျင့်စဉ်တစ်ခုပဲ”

သူက ရှင်းပြလိုက်သည်။

ယန်းလီလင်းက သူမ၏ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းထက် ရှေ့ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူမသည် ရိုးရာတစ်ပိုင်း လမ်းစဉ်ကိုလည်း သွားနိုင်သေးသည်။ ပထမဦးစွာ သူမအနေနှင့် ဆေးလုံးဖော်စပ်နိုင်စွမ်းကို တိုးတက်စေမည့် ဝိညာဉ်သာလွန်ခြင်းကို ဖွဲ့စည်းနိုင်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို အာရုံစိုက်မည့်အစား တာအိုသာလွန်ခြင်းအပေါ် အာရုံစိုက်ထားပြီး ထိုအရာ၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို အားဖြည့်နိုင်လိမ့်မည်။

ဝမ်ဝေ့က ဤလမ်းကြောင်းကို သူမအား အကြံပြုရန် အသင့်ဖြစ်နေသော်လည်း သူမက မဟာဧကရာဇ်အဆင့်တွင်သာ ရှိနေသေးပြီး ထိုစကားဝိုင်းများအတွက် အသင့်မဖြစ်သေးပေ။ ယခု သူမ လုပ်ဖို့ လိုအပ်သည်မှာ ထိုအဆင့်ခြေလှမ်းအတွက် အသင့်ဖြစ်သည်အထိ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ရန်သာ ဖြစ်၏။

"ကျေးဇူးတင်ပါတယ်” ယန်းလီလင်းက ပြုံးကာ ပြောလိုက်သည်။

"မင်းက ၁၀ ကြိမ်မြောက် ဆင့်ကဲပြောင်းလဲခြင်း သွေးမျိုးဆက်ကို ကျင့်ကြံပြီးပြီနဲ့ တူတယ်။ လီကျွင်းရော ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

"အတူတူပါပဲ"

"ဒီလိုဆိုရင် မင်း ကြိုတင်ပြင်ဆင်နိုင်အောင် ၁၁ ကြိမ်မြောက်ဆင့်ကဲပြောင်းလဲခြင်းကို မင်းအတွက် ချန်ထားခဲ့မယ်” ဝမ်ဝေ့က ခေါင်းညိတ်ပြီး သူမကို အဆောင်နောက်တစ်ခု လက်ဆင့်ကမ်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"အစ်ကိုကြီး ထွက်သွားတော့မလို့လား"

"ကြည့်ရတာ မင်း ဆေးလုံးဖော်စပ်တာ ပြီးအောင်အထိ မစောင့်နေသင့်ဘူး ထင်တယ် …” ဝမ်ဝေ့က နေရခက်စွာ ပြုံးလိုက်သည်။ သူ့အပေါ်ရှိ ကောင်းကင်တာအို၏ အကြည့်သည် ပိုပြီး စိတ်မရှည်ဖြစ်လာကာ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရန် သတိပေးနေသည်။

"အစ်ကိုကြီး ဂိုဏ်းကို သွားမကြည့်တော့ဘူးလား"

"စကားပြောဖို့အတွက်တော့ အချိန်ရှိမှာပါ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

"နောက်တစ်ခုက မင်း နောက်အစောင့်အရှောက်ကို ရွေးချယ်ဖို့ စတင်ပြီးပြီလား"

"ကျွန်မ ရွေးချယ်ခံစမ်းသပ်မှုကို ပြင်ဆင်ပြီးပါပြီ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မရွေးရသေးပါဘူး” ယန်းလီလင်းက ရိုးသားစွာ ပြန်ဖြေသည်။

"ငါတို့ ဂိုဏ်းထဲက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး အခုပဲ သူတို့ကို လေ့ကျင့်တာကို စတင်လိုက်တော့"

"တစ်ခုခု မှားနေလို့လား"

"ကပ်ဘေးက ရောက်လာတော့မယ်။ ပြီးတော့ ဒိုင်မေးရှင်းအနိမ့်ကို ကာကွယ်ထားသင့်တယ်။ ဒါပေမဲ့ ပါဝင်ပတ်သက်နေတဲ့ စွမ်းအားအဆင့်က ကောင်းကင်တာအိုရဲ့ စွမ်းအားထက် ကျော်လွန်နေနိုင်တယ်"

"ဒိုင်မေးရှင်းအနိမ့်က ဒုက္ခတွေ့နိုင်တယ်လို့ ပြောနေတာလား” ယန်းလီလင်းက မေးသည်။

"ဟုတ်တယ် … ပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်ရဲ့ ကံကြမ္မာဗဟိုချက်ဆိုတော့ အဓိက တိုက်ခိုက်ရေးပစ်မှတ်တွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်” ဝမ်ဝေ့က ခေါင်းညိတ်သည်။

"နောက်အစောင့်အရှောက်က ဒီဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ပြီးတော့ သူတို့က ငါတို့ ဂိုဏ်းကဆိုရင် အခြေအနေတွေ ဆိုးရွားလာရင်တောင် သူ့ရဲ့ လုံခြုံရေးကို သေချာကာကွယ်ပေးနိုင်လိမ့်မယ်"

ယန်းလီလင်းက မျက်မှောင်ကြုတ်မိသွားသည်။

"အစ်ကိုကြီး သတိထားနေတာလား ဒါမှမဟုတ် ပြင်ဆင်ထားတာလား"

"ပြင်ဆင်ထားတာပါ” ဝမ်ဝေ့က ပြန်ဖြေသည်။ မေတ္တယျသည် အဆင့်အရ ကောင်းကင်တာအိုနှင့် အဆင့်တူသည်။ ခွန်အားတွင် ကွာခြားမှုအချို့ ရှိနိုင်သော်လည်း သူတို့၏ နယ်ပယ် သို့မဟုတ် သက်ရှိ အဆင့်များသည် အတူတူဖြစ်သည်။ ထို့ကြောင့် မေတ္တယျကို ထိခိုက်နိုင်မည်ဆိုလျှင် ကောင်းကင်တာအိုလည်း လုံခြုံမည် မဟုတ်ပေ။

"ညီမ နားလည်ပါပြီ"

"မတက်လှမ်းခင် ကုသိုလ် တတ်နိုင်သမျှ များများ စုထားဖို့ မမေ့နဲ့ဦး” ဝမ်ဝေ့က သူမကို ပြောပြီးမှ ဂိုဏ်းဆီ ကူးသန်းပြောင်းရွေ့သွားခဲ့သည်။

မြင့်မြတ်မှုနှင့် အနှောင်အဖွဲ့ကင်းခြင်း၏ လျှို့ဝှက်သော ခံစားမှုတစ်ခုနှင့်အတူ ယေဘုယျ လေထုက ငြိမ်းချမ်းနေသည်။ သူ ထွက်ခွာသွားပြီးကတည်းက တာအိုအခွင့်အလမ်းဂိုဏ်း၏ ချီကံကောင်းခြင်းသည် စကားလုံးများထက် သာလွန်၍ သာယာဝပြောခဲ့သည်။ အထူးသဖြင့် သူတို့သည် ဒိုင်မေးရှင်းအနိမ့်၏ အမှန်တကယ် အုပ်စိုးသူများ ဖြစ်သောကြောင့် ဖြစ်၏။ သို့သော် သူတို့က ထုတ်မပြရုံသာ ဖြစ်သည်။

သူတို့အဆင့်အတန်း၏ ပြီးပြည့်စုံသော ဥပမာမှာ ဂိုဏ်းက ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲတွင် ယှဉ်ပြိုင်မည်ဟု ကြေညာသောအခါတွင် ဖြစ်သည်။ ကျန်ဂိုဏ်းများ၏ ကိုးဆယ်ရာခိုင်နှုန်းသည် သူတို့၏ ကောင်းကင်ရွေးချယ်ခံကို အခြားကမ္ဘာအသိုင်းအဝိုင်းများသို့ ပို့ကာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ကျန်ရှိသော ဆယ်ရာခိုင်နှုန်းက ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်အတူ တာအိုအခွင့်အလမ်းဂိုဏ်း၏ အရှိန်အဟုန်ကို အားနည်းစေရန် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်။ အချို့သော နယ်ခြား ကမ္ဘာများ သို့မဟုတ် မျိုးနွယ်များသည် ချိုက်စုန့်၏ မြင့်တက်လာမှုကို တားဆီးရန် အသင်္ချေအင်ပါယာကမ္ဘာ၏ တိုက်ပွဲတွင် ယှဉ်ပြိုင်ရန် သူတို့၏ အကောင်းဆုံး လူများကို ပို့ရန်ပင် ရွေးချယ်ခဲ့ကြသေးသည်။ ကံမကောင်းစွာဖြင့် သူတို့အတွက် နောက်မျိုးဆက်သုံးဆက်သည် တာအိုအခွင့်အလမ်းဂိုဏ်း၏ အမြင့်ဆုံး အာဏာအောက်တွင် ကြေမွရလိမ့်မည်။

မှတ်သားစရာ ပါရမီရှင်အနည်းငယ် ရှိသေးတယ် ….

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။ လီဝမ်လင်းအလှည့်အပြီးတွင် ဂိုဏ်း၌ ပါရမီရှင်များ မရှိတော့မည်ကို သူ အနည်းငယ် စိုးရိမ်ခဲ့သော်လည်း သူက အလွန်အကျွံ စဉ်းစားနေပုံရသည်။ ဂိုဏ်း၏ ကံနှင့် လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကြောင့် မျိုးနွယ်စုသုံးခုတွင် ရေတွက်မရနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များ မွေးဖွားခဲ့သည်။ ထို့အပြင် ဒိုင်မေးရှင်းအနိမ့်ရှိ အကောင်းဆုံး ပါရမီရှင်အများစုသည် အစွမ်းအထက်ဆုံး ဂိုဏ်းသို့ ဝင်ရောက်ရန် လိုလားကြသည်။

သူက အိပ်စက်နေသော ဘိုးဘေးများ၏ လျှို့ဝှက်ဒိုင်းမေးရှင်းသို့ ကူးသန်းပြောင်းရွေ့သွားခဲ့ပြီး သူ ရောက်ရှိလာမှုကို ချက်ချင်း ဖော်ပြခဲ့သည်။ မူလ(၁)၊ ဓား(၁)၊ ဖျက်ဆီးခြင်း(၁)နှင့် အခြားသူများအားလုံး သူ့ရှေ့သို့ ရောက်လာကြသည်။ သူတို့က သူ့ကို ဘယ်လို ခေါ်ဝေါ်ရမည်ကို မသိဘဲ ဝန်လေးစွာ ကြည့်နေကြလေ၏။

ဝမ်ဝေ့က အခြေအနေကို ဖြေရှင်းရန် တစ်ခုခု ပြောတော့မည့်အချိန်တွင် မူလ(၁)က လှုပ်ရှားခဲ့သည်။

သူက ကိုးဆယ်ဒီဂရီ ဦးညွှတ်ကာ ပြောလိုက်သည်။

"ပြန်လည်ကြိုဆိုပါတယ် ဘိုးဘေး"

အခြားသူများသည် မတွန့်ဆုတ်ဘဲ သူ့အတိုင်း လိုက်နာကြသည်။ ဝမ်ဝေ့က သူတို့ကို ကြည့်လိုက်သည်။ ကျင့်ကြံရေးလောကသည် ခွန်အားသာ အဓိကဖြစ်ပြီး အသက်သည် အရေးမကြီးပေ။ ထိုသူများသည် အရင်က သူ့လူကြီးများ ဖြစ်ခဲ့နိုင်သည်။ ထို့အပြင် သူ ကြီးပြင်းလာသည်ကိုပင် ကြည့်ရှုခဲ့သော်လည်း ယခုအခါ သူတို့သည် သူ့ကို လေးစားရမည်။

ဘာဖြစ်ဖြစ် ငါက သူတို့ထက် အသက်ကြီးနေတာပဲလေ …

ဝမ်ဝေ့က တွေးသည်။ သူက ဘိုးဘေး ဝမ်ဝူရှန့်ကို တစ်ချက် ကြည့်လိုက်သည်။ သူ ကြိုးစားရင်တောင်မှ သူတို့၏ ယခင်ဆက်ဆံရေးအတိုင်း ပိုင်ဆိုင်ဖို့ ခက်ခဲလိမ့်မည်ကို သူ သိထားသည်။

"ခင်ဗျားတို့ ထလို့ရပါပြီ” ဝမ်ဝေ့က သူ့ခေါင်းစဉ်အသစ်နှင့် ရာထူးကို လက်ခံရင်း ညင်သာစွာ ပြောသည်။

"အရာအားလုံး အဆင်ပြေရဲ့လား” မူလ(၁)က မေးသည်။

"ကျုပ်အကြောင်းကို ပြောနေတာဆိုရင် အဆင်ပြေပါတယ်။ ဒိုင်မေးရှင်းအမြင့်က ဘိုးဘေးတွေအကြောင်း ဆိုရင် သူတို့လည်း အဆင်ပြေပါတယ်”

ဝမ်ဝေ့က ထုတ်ဖော်ပြောလိုက်သည်။ ဤလူတွေ ဒိုင်းမေးရှင်းအမြင့်အကြောင်း နောက်ဆုံး သတင်းအချက်အလက်က ပျံ့နှံ့နေပြီး သူတို့၏ ဘိုးဘေးများက အကြွင်းမဲ့တားမြစ်ချက်အပြီး ပျောက်ကွယ်သွားခဲ့သည်ဟူ၍ ဖြစ်သည်။

"တော်သေးတာပေါ့” မူလ(၁)က သက်ပြင်းချသည်။

"ခင်ဗျားတို့ကို သတိပေးဖို့ လာခဲ့တာ” ဝမ်ဝေ့က ဆက်ပြောသည်။

"ဒိုင်းမေးရှင်းအမြင့်မှာ ကျုပ်တို့ အရင်က မမြင်ဖူးတဲ့ ကပ်ဘေးတစ်ခုကို တွေ့ကြုံရတော့မယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာ ဒိုင်မေးရှင်းအနိမ့်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"

လူတိုင်းက မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသည်မှာ သတင်းကြီး ဖြစ်၏။

"ခင်ဗျားတို့ထဲက အများစုက ဒိုင်မေးရှင်းအနိမ့်ရဲ့ ကန့်သတ်ချက်ကို ရောက်ရှိနေပြီးတော့ တက်လှမ်းဖို့ စဉ်းစားနေကြလိမ့်မယ်” ဝမ်ဝေ့က ဆက်ပြောသည်။

သူ မထွက်ခွာမီတွင် ဤလူများအတွက် တာအိုအုပ်ချုပ်သူများ သို့မဟုတ် ထာဝရအုပ်စိုးသူများ ဖြစ်လာဖို့ လုံလောက်သော အရင်းအမြစ်တွေနှင့် အခွင့်အလမ်းတွေကို ချန်ထားခဲ့သည်။ ဂိုဏ်းက အားကောင်းပြီး ကာကွယ်ထားဆဲဖြစ်ကြောင်း သေချာစေရန် အစားထိုးများကို လေ့ကျင့်ဖို့ စနစ်တစ်ခုကိုလည်း သူ ချန်ထားခဲ့သည်။

"ဒီဘေးအန္တရာယ်က ကြောက်စရာကောင်းတဲ့ သတင်းဖြစ်ပေမဲ့ အခွင့်အလမ်းတစ်ခုလည်း ဟုတ်တယ်။ ဥပမာ ခင်ဗျားတို့ကို တာအို သို့မဟုတ် ထာဝရလမ်းကြောင်းကနေ ဧကရာဇ် လမ်းကြောင်းကို ပြောင်းလဲနိုင်စေမဲ့ လမ်းကြောင်းပြောင်းလဲခွင့်လို့ခေါ်တဲ့ အရာတစ်ခု ရှိတယ်။ ကန့်သတ်ချက်ကတော့ အတုအယောင် ထာဝရဧကရာဇ်အဆင့်ပဲ ဖြစ်နိုင်ပြီး ကျင့်ကြံရေး အဆင့်တစ်ခု ကျဆင်းသွားနိုင်တယ်"

ကုသိုလ်လဲလှယ်ရေးစာရင်းမှာ ထိုအရာကို မြင်လိုက်ရသည့်အခါ ဝမ်ဝေ့ အနည်းငယ် တုန်လှုပ်သွားမိသည်။ ကောင်းကင်တာအိုက ကပ်ဘေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပုံပေါ်သည်။ ဧကရာဇ်လမ်းကြောင်းကို ပိုမို သာယာဝပြောလာစေရန် နည်းလမ်းတစ်ခု ဖန်တီးခြင်းလည်း ပါဝင်နေသည်။

စစ်မှန်သော ထာဝရဧကရာဇ်အဖြစ် ပြောင်းလဲရန် နည်းလမ်းတစ်ခုပင် ရှိနိုင်သည်ဟု သူ ယုံကြည်မိသည်။ သို့သော် ထိုအရင်းအမြစ်က လဲလှယ်ရေးစာရင်း၏ သာလွန်ခြင်းအဆင့်တွင် ရှိနေသည်။

"အဲဒီလို အရာမျိုးရှိတာလား” ဓား(၁)က မေးသည်။

"အရင်က ရှိခဲ့လားတော့ မသိဘူး။ ဒါပေမဲ့ အခုတော့ ရှိတယ်” ဝမ်ဝေ့က ရှင်းပြသည်။ သူ့အသိပညာသည် ကန့်သတ်ထားသော်လည်း လဲလှယ်ရေးစာရင်းတွင် မမြင်မချင်း ထိုကဲ့သို့သောအရာကို သူ တစ်ခါမှ မကြားဖူးပေ။

"ဒါဆို ငါတို့အတွက် မျှော်လင့်ချက် ရှိနေသေးတယ်” တစ်စုံတစ်ဦးက ရေရွတ်လိုက်ပြီး လူတိုင်းသည် ဤစကားလုံးများနှင့် ပဲ့တင်ထပ်နေသည်ကို ခံစားရသည်။ သူတို့သည် ထာဝရဧကရာဇ် မဖြစ်နိုင်သည်မှာ အရေးမကြီးပေ။ အတုအယောင် ထာဝရဧကရာဇ်အဆင့်က သူတို့အတွက် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်၏။ ဤလူများသည် အတုအယောင် ထာဝရဧကရာဇ်အဆင့် ဖြစ်လာခြင်းသည် ရှေးဦးစံပြ ဖြစ်လာရန် အနည်းဆုံး လိုအပ်ချက်ဖြစ်သည်ကို မသိခဲ့ကြသေးပေ။ သူတို့ သိခဲ့ပါက ရည်မှန်းချက်ကြီးသော သူများသည် ပို၍ပင် ပျော်ရွှင်ကြလိမ့်မည်။

ကံမကောင်းစွာဖြင့် ဤလူများ ကြာကြာမပျော်နိုင်ခင် မူလ(၁)၏ နောက်စကားလုံးများက သူတို့၏ စိတ်အားထက်သန်မှုကို ချက်ချင်း ထိန်းချုပ်လိုက်သည်။

"အဲဒီလို အရာမျိုးက အလွန် ရှားပါးလိမ့်မယ် ဒါမှမဟုတ် အဖိုးမဖြတ်နိုင်လောက်ဘူး ဟုတ်တယ်မလား” သူက မေးလိုက်သည်။ ပြန်လည်ဝင်စားခြင်းကသာ လမ်းစဉ်ကို ပြောင်းလဲဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို လူတိုင်း သိကြသော်လည်း လူအများစုသည် ထိုအရာနှင့် ဆက်စပ်နေသော အန္တရာယ်များကို မယူလိုကြပေ။

"အဖိုးမဖြတ်နိုင်ပေမဲ့ ရှားပါးတာမျိုးတော့ မဟုတ်ဘူး” ဝမ်ဝေ့က ပြန်ဖြေသည်။

“ခင်ဗျားတို့မှာ ကုသိုလ် အလုံအလောက်ရှိသရွေ့ လဲလှယ်နိုင်တယ်။ ပြီးတော့ လာမဲ့ ကပ်ဘေးမှာ ကုသိုလ် ရရှိဖို့ အခွင့်အလမ်းတွေ အများကြီး ရှိလာပါလိမ့်မယ် … ခင်ဗျားတို့မှာ စွမ်းအားရှိပြီး အသက်ကို စွန့်စားထားနိုင်တယ်ဆိုရင်ပေါ့"

ထိုလူများက အန္တရာယ်ကို ဂရုမစိုက်ကြပေ။ တကယ်တော့ သူတို့ထဲက အများစုက ဂိုဏ်းက အရမ်းအစွမ်းထက်လာပြီး လူအများစုက သူတို့နှင့် တိုက်ခိုက်ဖို့ သတ္တိမရှိကြတော့ကတည်းက ငြီးငွေ့နေခဲ့ကြသည်။ သေချာတာကတော့ လူအနည်းငယ်က ထိုသတင်းအကြောင်း ပိုပြီး တည်ငြိမ်နေကြပြီး ဆုံးဖြတ်ချက်ကို ချိန်ဆခဲ့ကြသည်။

ဝမ်ဝေ့က ဖျက်ဆီးခြင်း(၁)ကို ကြည့်လိုက်သည်။

"ခင်ဗျားက ဧကရာဇ်လမ်းစဉ်ကို မုန်းတာကို သိတယ်။ ဒါပေမဲ့ ဒိုင်မေးရှင်းအမြင့်မှာ တခြားလမ်းကြောင်းတွေအတွက် သာယာဝပြောဖို့ နေရာမရှိဘူး။ ခင်ဗျားရဲ့ ကျင့်ကြံမှု မြင့်မားလေလေ ဆန့်ကျင့် ကျင့်ကြံသူဖြစ်လာဖို့ ပိုခက်ခဲလေလေပဲ။ ကျုပ် ယွမ်ခေတ်ကာလပေါင်းများစွာ အဲ့ဒီမှာ ရှိခဲ့ပြီး မှတ်မိလောက်တဲ့ ဆန့်ကျင် ကျင့်ကြံသူကို တစ်ခါမှ မတွေ့ဖူးဘူး"

ဖျက်ဆီးခြင်း(၁)က မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ထပ် စကားတစ်လုံးမျှ မပြောပေ။

ဝမ်ဝေ့က သူ့ကို ထပ် စည်းရုံးဖို့ မကြိုးစားဘဲ သူ့နောက်ဆုံး စကားလုံးများကို ပြောသည်။

"ကပ်ဘေးကို ရှောင်ဖို့ ဒီမှာ နေမလား ဒါမှမဟုတ် ပါဝင်ဖို့ တက်လှမ်းမလား စိတ်ကြိုက် ရွေးချယ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်အတွက် ဆိုးကျိုးတွေ ရှိမှာ မဟုတ်ဘူး"

All Chapters