နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အကုန်လုံးက ငါ့ဟာပဲ
Vol. 34 Ch. 480
သို့ဖြစ်၍ အန်လင်းက သူ့၏ မေးမြန်းခြင်းကို စတင်လိုက်လေ၏။ "ငါက မင်းရဲ့ စွမ်းအင်ထဲမှာ နယ်မြေအဆီအနှစ် သလင်းကျောက်ရဲ့ စွမ်းအင် အတက်အကျကို အာရုံခံမိတယ်။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ဘယ်နားမှာရှိလဲ ငါ့ကိုပြောပြစမ်း။"
နယ်မြေအဆီအနှစ် သလင်းကျောက်အတွင်းရှိ စွမ်းအင် အတက်အကျမှာ အလွန်ထူးခြားလှပြီူ နေရာလပ်ကို ပိုမိုပစ်ချွဲစေနိုင်သော အစွမ်းသတ္တိတစ်ခု ပိုင်ဆိုင်လေ၏။
အန်လင်းမှာ ဧကရာဇ် ဇစ်ဝေးပြထားသော နယ်မြေအဆီအနှစ် သလင်းကျောက်ဆီမှ ထိုကဲ့သို့ စွမ်းအင် အတက်အကျဖြင့် ရင်းနှီးနေပြီး ဖြစ်လေ၏။ သူက အလွန်နည်းပါသော်လည်း တူညီသော စွမ်းအင်အတက်အကျမျိုးက အနက်ရောင် ရှိခိုးကောင်၏ ခန္ဓာကိုယ်မှ ထွက်လာသည်ကို ခံစားရလေ၏။
"နယ်မြေအဆီအနှစ် သလင်းကျောက်...။ အဲဒါက ဘာတွေလဲ...။" အနက်ရောင် ရှိခိုးကောင်က စိတ်ရှုပ်ထွေးနေလေ၏။
"မင်းရဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ရလာတာလဲ။" အန်လင်းက မေးလိုက်၏။
"ဘယ်လိုလုပ်ပြီး ရရမှာလဲ။ ကျင့်ကြံခြင်းကနေ ရတာပေါ့ဟ။" အနက်ရောင် ရှိခိုးကောင်က ထိုသည်က စော်ကားပြောဆိုသည်ဟု ခံစားလိုက်ရ၏။
အန်လင်း : "... မင်းခန္ဓာကိုယ်ထဲမှာ အထူး စွမ်းအင်အတက်အကျတစ်ခုရှိတယ်။ မင်းရဲ့ စွမ်းအားကို တိုးတက်စေတဲ့ တစ်ခုခုနဲ့ ထိတွေ့မိသေးလား။"
"စွမ်းအားတိုးစေတဲ့ တစ်စုံတစ်ခု..." အနက်ရောင် ရှိခိုးကောင်က ထိုသည်ကို တွေးတောကာ ရုတ်တရက် သဘောပေါက်သွားသည်နှင့် သူ့ခန္ဓာကိုယ်က တုန်ယင်လာလေ၏။ "မင်းက အံ့ဖွယ်ရေအိုင်ရဲ့ နှစ်ခြင်းကိုပြောနေတာလား။"
"အဲ့ အံ့ဖွယ်ရေအိုင်ရဲ့ နှစ်ခြင်းက ဘာကြီးလဲ။" အန်လင်းက မေးလိုက်လေ၏။
"အဲဒါက ဒီကုန်းမြေကြီးတစ်ခုလုံးမှာ အကျော်ကြားဆုံးရေကန်လေ။ အဲဒါက ဗဟိုနိုင်ငံတော်ရဲ့ အင်ပါယာနန်းတော်ထဲမှာ ရှိတာ။ အံ့ဖွယ်အဆင့် ဖြစ်တည်မှုတွေ အကုန်လုံးက ရေကန်ထဲမှာ တစ်ခါ ရေနှစ်ဖို့ အခွင့်အရေးရတယ်။ နှစ်ခြင်းက မင်းကို စွမ်းအားရဲ့ အကျိုးခံစားခွင့်ကို တိုးလာအောင် ကူညီပေးတယ်။" အနက်ရောင်ရှိခိုးကောင်က ဖြည်းညင်းစွာ ပြန်ဖြေလိုက်လေ၏။
အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ ထိုအံ့ဖွယ်ရေအိုင်ထဲမှ စွမ်းအားက နယ်မြေအဆီအနှစ် သလင်းကျောက်ဆီမှလာသည်မှာ ဖြစ်နိုင်ချေ အလွန်ရှိလှပေ၏။
"အံ့ဖွယ်ရေအိုင်ကို လမ်းပြပေး။" အန်လင်းက အပြုံးတစ်ခုနှင့် အမိန့်ပေးလိုက်လေ၏။
အနက်ရောင် ရှိခိုးကောင်က အန်လင်းကို အလန့်တကြား မော့ကြည့်ကာ ထိပ်ထိပ်ပြာပြာနှင့် ပြန်ဖြေလိုက်လေ၏။ "မဖြစ်ဘူး။ ဗဟိုနိုင်ငံတော်က မိစ္ဆာဘီလူး နတ်ဘုရားတွေအားလုံးကို ဝင်ခွင့် တားမြစ်ထားတယ်။ သူတို့က မင်းကို မြင်တာနဲ့ သတ်ပစ်လိမ့်မယ်။"
ခြေတစ်လှမ်းတိုးပြီးနောက် အန်လင်းက ချက်ချင်းပင် သူ့ဘေးတွင်ပေါ်လာက သူ့အား မြေပြင်ပေါ်မှ ကောက်ကိုင်လိုက်လေ၏။ "ငါ့ကို သတ်မယ် ဟုတ်လား။ အဲဒါဘယ်လို ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ စကားပြောတာတော်ပြီ။ ငါ့ကို လမ်းပြမလား ဒါမှမဟုတ် မင်းကို ဖိသတ်ပစ်ရမလား။"
အနက်ရောင် ရှိခိုးကောင်က အန်လင်း၏ ကြောက်မက်ဖွယ် အရှိန်ကြောင့် ကြောင်လန့်သွားလေ၏။ သူက ထိုကဲ့သို့ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ဤကဲ့သို့ ကြောက်မက်ဖွယ် အရှိန်နှင့် ရွေ့လျားနိုင်သည်ကို မယုံနိုင်ပါပေ။ ဤအစွမ်း၊ ဤအရှိန်နှင့် ဆိုပါက ... သူက မြင့်မြတ်စိတ်ဝိညာဉ် ထံမှ လွန်မြောက်နိုင်မည့် အခွင့်အရေး ရှိနိုင်ပေ၏။
ထိုသည်က အခြေအနေကို ခဏမျှတွေးတောကာ အမှန်တကယ် တခြားရွေးစရာမရှိသည်ကို သဘောပေါက်သွားလေ၏။ "ဟုတ်ပြီ။ မင်းကို အဲ့ကို ခေါ်သွားပေးမယ်။ ဒါပေမဲ့ အံ့ဖွယ်ရေအိုင်ကို ရောက်တာနဲ့ ငါ့ကို လွတ်ပေးမယ်လို့ ကတိပေးရမယ်။"
အန်လင်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်လေ၏။ "မင်းက ငါနဲ့ ညှိနှိုင်းဖို့ အခွင့်အရေး မရှိပါဘူး။ မသေချင်ရင် လမ်းသာပြစမ်းပါ။"
အနက်ရောင် ရှိခိုးကောင် : "..."
"နှုတ်ဆက်ပါတယ် မိစ္ဆာနတ်ဘုရား အန်လင်း။" တောင်ပိုင်းကောင်းကင်ဘုံတစ်တစ်ခုလုံးက တစ်ပြိုင်နက်တည်း ဦးညွတ်ကာ အန်လင်းကို နှုတ်ဆက်လိုက်ကြ၏။
အန်လင်းက အံ့ဖွယ်အဆင့် ရှိခိုးကောင်ကို အနိုင်ယူကာ ကစားပွဲကို လုံးဝ ပြောင်းပြန်လှန်ပြီူ သူတို့နိုင်ငံကို ကာ်တင်ခဲ့တာဖြစ်၏။ ဤသည်က စုပေါင်း နှုတ်ဆက်တစ်ခု ပြုလုပ်ပေးချင်းထက် များစွာပို၍ လုံလောက်ပေသည်။
အန်လင်းက ပြုံးကာ ယဲ့နျန်ထင်နှင့် တခြားသာများကို ခေါင်းညိမ့်ပြပြီး အနက်ရောင် ရှိခိုးကောင်နှင့်အတူ သူ့၏ အနက်ရောင်အုတ်ခဲဖြင့် တိမ်များထဲသို့ ပျံသန်းထွက်ခွာသွားလေ၏။
နိုင်ဟောင်က အန်လင်း သူ့၏ ကြီးမားလှသော အုတ်ခဲကြီးနှင့် အဝေးသို့ ပျံသန်းသွားသည်ကို တွေ့ပြီးနောက်ဆုံးတွင် သဘောပေါက်သွားလေ၏။ ထိုဘီလူးမိစ္ဆာနတ်ဘုရားကြီးမှာ ယဲ့နျန်ထင်နှင့် တောင်ပိုင်းကောင်းကင်ဘုံတပ်များအားလုံးက အံ့ဖွယ်လက်နက်များ ကိုင်ဆောင်ပြီး မြို့တော်သို့ အလွန်မြန်မြန်ပြန်ရောက်လာသည့် အကြောင်းအရင်းဖြစ်နိုင်ပေ၏။
နိုင်ဟောင်က မြို့ရိုးဆီသို့ ပျံသန်းလာသောအခါ ယဲ့နျန်ထင်ကို မမေးပဲ မနေနိုင်တော့ကာ မေးလိုက်လေ၏။ "ဗိုလ်ချုပ်၊ ခင်ဗျားက အဲ့ဘီလူး မိစ္ဆာနတ်ဘုရားကြီးကို သိတာလား။"
ယဲ့နျန်ထင်က ခေါင်းငြိမ့်ပြလိုက်လေ၏။ "ဟင်... ငါထင်တာတော့ ငါတို့က တိုက်ပွဲကနေ မိတ်ဆွေတွေ ဖြစ်လာတယ်လို့ ပြောရမယ်ထင်တာပဲ...။ မိစ္ဆာနတ်ဘုရားအန်လင်းက တကယ့်ကို အသုံးမဝင်တဲ့ သတ်ဖြတ်မှုတွေ မလုပ်တဲ့ ဉာဏ်ရည်မြင့်တဲ့ သူတစ်ယောက်ပဲ။ အဲ့တော့ သူက ငါတို့လို လူသားတွေကို အကြောင်းမရှိဘူး နာကျင်အောင်မလုပ်ဘူး။"
"ခင်ဗျားက သူနဲ့ တိုက်ပွဲကနေ မိတ်ဆွေ ဖြစ်လာတယ်...။ သူနဲ့ ဘယ်လိုလုပ်ပြီး တိုက်ပွဲဖြစ်သွားတာလဲ။" နိုင်ဟောင်က စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။
"ကောင်းပြီ... သူက ရုတ်တရက် ငါတို့ရဲ့ ဧကရာဇ်ကို ခြေထောက်နဲ့ သေအောင် ဖိမိသွားတာ။ အဲ့တော့ ငါတို့က သူ့ကို စပြီးတိုက်တာပေါ့..." ယဲ့နျန်ထင်က ပူဆွေးဟန်ဖြင့် ပြန်ဖြေလိုက်လေ၏။
နိုင်ဟောင်၏ မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်အဟောင်းသား ပွင့်သွားလေ၏။ "သူ... သူက ငါတို့ဧကရာဇ်ကို သတ်ခဲ့တာလား...။"
သူက အမြဲတမ်း တစ်ခုခု ပျောက်ဆုံးနေသည်ဟု ခံစားနေရသည်ဖြစ်သော်လည်း ထိုသည်က ဘာလဲဆိုသည်အား အဖြေရှာမရပါပေ...။
ယခုတွင်မှ သူတို့၏ ဧကရာဇ် သေဆုံးသွားသည်ကို သိလိုက်လေ၏။
မဖြစ်ဘူး...။ သူတို့ရဲ့ ဧကရာဇ်က သေသွားပြီ...။
"သူက ငါတို့ဧကရာဇ်ကို နင်းသတ်လိုက်တယ်... ပြီးတော့ အဲဒါကို မင်းက တိုက်ပွဲကနေ မိတ်ဆွေဖြစ်တယ်လို့ ခေါ်နေတာ..." နိုင်ဟောင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။
"ဟုတ်ပါပြီ...။ ရိုးရိုးသားသားပြောရရင် သူက ငါတို့အကုန်လုံးကို လက်ဖဝါးတစ်ခုတည်းနဲ့ ဖိချေပစ်လိုက်လို့ရတယ်လေ။ အဲ့အစား သူက ငါတို့ရဲ့ ကြေးနီနိုင်ငံတော်ကို ကူညီပြီးတော့ ငါတို့ကိုလဲ အံ့ဖွယ်လက်နက် တစ်ထောင် လက်ဆောင်ပေးတယ်လေ...။ လူတိုင်းက အမှားလုပ်တာပဲ။ ငါထင်တာတော့ သူက စိတ်ရင်းနဲ့ တောင်းပန်တာဆိုတော့ ခွင့်လွတ်သင့်သလားလို့လေ။" ယဲ့နျန်ထင်က ပြန်ဖြေလိုက်၏။
နိုင်ဟောင်က ယဲ့နျန်ထင်၏ ရှင်းလင်းချက်ကို နားထောင်ပြီး တဖြည်းဖြည်း ခေါင်းငြိမ့်ပြလေ၏။ ထိုသည်က မည်သို့တွေးတွေး ကျိုးကြောင်းဆီလျော်ပုံရလေ၏။ "ဟင်း... အဲဒါဆို ငါတို့က ဧကရာဇ်အသစ်ရွေးရမှာပေါ့..."
ယဲ့နျန်ထင်က ခေါင်းငြိမ့်ပြလိုက်လေ၏။ "ဒုတိယမင်းသားကို ရွေးကြရအောင်။ သူက အကောင်းဆုံး ယှဉ် ပြိုင်သူလို့ ငါထင်တယ်။"
နိုင်ဟောင် : "... သူက တစ်ဦးတည်းသော ယှဉ်ပြိုင်သူလို့လဲ ထင်ရတာပဲ..."
ယဲ့နျန်ထင် : " ဟုတ်တယ်... ဒုတိယမင်းသားကတော့ ဒီတစ်ခါ ဘာကံခေမှုမှ မကြုံဖို့ မျှော်လင့်ရတာပဲ။"
"ငါလည်း အဲ့လိုဖြစ်ဖို့ စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်...။" နိုင်ဟောင်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်လေ၏။
...
အထက်ကောင်းကင်တွင် အန်လင်းက အနက်ရောင် ရှိခိုးကောင်၏ လမ်းညွှန်မှုဖြင့် ဗဟိုမြို့တော်ဆီသို့ တဖြည်းဖြည်း နီးကပ်လာလေ၏။
အနက်ရောင် ရှိခိုးကောင်၏ စကားအရ သူတို့တည်ရှိသော ကုန်းမြေမှာ ထိုက်ချူကုန်းမြေကြီးပေါ်တွင် တည်ရှိလေ၏။ ထိုက်ချူကုန်းမြေကြီးက အဆုံးမရှိသော ရေခဲကုန်းမြေများနှင့် ဝန်းရံခံထားရပြီး ထိုရေခဲကုန်းမြေများဆီသို့ စူးစမ်းလေ့လာကြသော တိရစ္ဆာန်များ က အေးခဲပြီး သေဆုံးနိုင်လေ၏။
ဗဟိုမြို့တော်မှာ ကုန်းမြေ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ကုန်းမြေကို အုပ်ချုပ်နေသော ပြိုင်ဘက်မရှိ စွမ်းအားဖြစ်လေ၏။ လူသားများ၊ သန္ဓေပြောင်းသားရဲများနှင့် တခြားသော လူမျိုးများ အတွက် ဗဟိုမြို့တော်မှာ မည်သို့ဆိုဆို ကျူးကျော်၍ မရနိုင်သော မြင့်မြတ်နန်းတော်တစ်ခုဖြစ်လေ၏။
သိသာထင်ရှားသည်မှာ ဗဟိုမြို့တော်ကို စောင့်ရှောက်ခြင်းနှင့် တစ်ချိန်တည်းမှာပင် ကျန်ရစ်သော ကုန်မြေတစ်ခုတည်းကို ထိန်းသိမ်းပေးနိုင်သော အံ့ဖွယ်အဆင့်ထက် လွန်သာများ အစွမ်းထက် ဖြစ်တည်မှုများ ရှိလေ၏။ ကြေးနီနိုင်ငံကဲ့သို့ လူမျိုးရာနှင့်ချီ ပါဝင်သည့် တိုက်ကြီးပေါ်တွင် မရေမတွက်နိုင်သော နိုင်ငံများ ရှိလေ၏။ လူဦးရေ သန်းဆယ်ဂဏန်းနှင့် နတ်အဆင့် တန်ခိုးကြီးသော သတ္တဝါများစွာ ရှိသည့် နိုင်ငံကြီး ဆယ်နိုင်ငံလည်း ရှိသည်။
သို့ဖြစ်၌ ဗဟိုမြို့တော်မှာ ထိုနိုင်ငံများ အားလုံးကို အုပ်ချုပ်ရန် မည်မျှအထိ အစွမ်းထက်သည်မှာ မြင်သာလှပေ၏။
အန်လင်းက သူနှင့် အနက်ရောင် ရှိခိုးကောင်ပေါ်တွင် ကိုယ်ပျောက် မန္တန်နည်းစနစ်တစ်ခု ထုတ်လွှတ်လိုက်ကာ ဗဟိုမြို့တော်သို့ ပျံသွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူက အောက်ဘက်မှ ထူးဆန်းလှသည့် နိုင်ငံကို ကြည့်ရှုနေလိုက်၏။
တိရိစ္ဆာန်ကြီးများက ဤကုန်းမြေပေါ်တွင် အလွန်ရှားပါးသော်လည်း အင်းဆက်အရွယ်အစားရှိသည့် သန္ဓေပြောင်းသားရဲ ထူးထူးဆန်းဆန်း ပမာဏ ရှိလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပုံစံငယ် ကမ္ဘာဘေးတစ်ခုနှင့် ပုရွက်ဆိတ်များအတွက် ရှုပ်ထွေးသော ကစားကွင်းကဲ့သို့ပင် အမည်ထူးဆန်း ၄ အမည်။
တောင်တန်းရှည်များက တောင်ပူစာလေးများကဲ့သို့ဖြစ်ကာ ရေကန်များက အိုင်လေးများနှင့် မြစ်များက အက်ကြောင်း သေးသေးလေးများ စသည်ဖြင့်...
သူတို့က တစ်နာရီခန့် ပျံသန်းလာပြီး နောက်ဆုံးတွင် ဗဟိုမြို့တော်သို့ ရောက်လာလေ၏။
ဗဟိုမြို့တော်မှာ အဆုံးမရှိသော အဖြူရောင် တည်ဆောက်ရေး ပစ္စည်းများဖြင့် တည်ဆောက်ထားလေ၏။
ဗဟိုမြို့တော်မှာ အန်လင်း၏ ရှုထောင့်မှ ဆိုလျှင် အတန်ပင် အထင်ကြီးဖွယ် ဖြစ်လေ၏။ အဖြူရောင် မျှော်စင်များနှင့် အဆောက်အဦးရှည် အတန်းကြီးက ကောင်းကင်သို့ ထိုးထွက်နေကာ တစ်ချို့ကမူ သူ့ထက်ပင် ရှည်လျားလေ၏။ ဗဟိုမြို့တော်၏ အလယ်တွင် မီတာ ၁၀၀ကျော် မြင့်သော မြင့်မြတ် မျှော်စင်တစ်ခုရှိပြီး ထိုသည်က မြို့တော်တစ်ခုလုံး၏ တကယ့် အလယ်ဗလိုပင်ဖြစ်လေ၏။
ဗဟိုမြို့တော်ထဲတွင် လူမျိုးအားလုံးက အတူတကွ နေထိုင်ကြပြီး မြို့အတွင်း၌ လူမျိုးများကြမှ တိုက်ခိုက်ခြင်းကို တာမြစ်သည်ဟု ရေးထားသော ဥပဒေရှိလေ၏။ အငြင်းပွားမှုဖြစ်ပါက ဥပဒေ ကာကွယ်ရေးမှာ အပြစ်ကျူးလွန်သူမျကို ထိန်းသိမ်းရန် ပေါ်လာပေမည်။
အန်လင်း၏ ကိုယ်ပျောက် မန္တန်နည်းစနစ်များမှာ အရှေ့တံခါးမှ အစောင့်များကို အရူးလုပ်ကာ အံ့ဖွယ် ရေကန်သို့ တိုက်ရိုက် ပျံသန်းလာလိုက်လေ၏။
အံ့ဖွယ်ရောကန်အထက်မှ လေကို ရောက်သည်နှင့် အန်လင်းက အသက်ပြင်းပြင်း ရှုလိုက်လေ၏။
အံ့ဖွယ်ရေကန်မှာ ရွှေရောင် မှန်တစ်ချပ်ကဲ့သို့ နေရောက်အောက်တွင် တဖိတ်ဖိတ်လက်နေလေ၏။
ပေါများလှသော စွမ်းအင်များက အံ့ဖွယ်ရေအိုင်ဆီမှ နေရာတိုင်းသို့ ဖြာထွက်နေကာ ထိုအရာဘေးမှ နေရာလပ်ကို အနည်းငယ် ထူထည်းနေစေ၏။
သို့သော် ထိုအသေးစိတ်များက အရေးမကြီးပါပေ။ မှတ်သားထိုက်သည်မှာ အံ့ဖွယ်ရေကန်၏ ပတ်လည်ရှိ မတူညီသော နေရာများတွင် မျှော်စင်လေးခု ရှိနေလေ၏။
ထိုမျှော်စင်လေးခုမှာ ရွှေရောင် တောက်ပနေကာ ခိုင်မာသော ဗဟိုချက်များရှိပြီး အပြင်ဘက်တွင် အခန်းများ အတန်းလိုက်ပါရှိလေ၏။
အန်လင်းက လုံးဝပင် ပြောစရာ ပျောက်ရှသွားလေ၏။ ထိုသည်များက မျှော်စင်များ မဟုတ်ပါပေ။ ထိုသည်များက စောက်ကျိုးနည်း နယ်မြေအဆီအနှစ် သလင်းကျောက်များပင်။
ထို့ပြင် ထိုသည်များက အဆင့်အမြင့်ဆုံး ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များလည်း ဖြစ်ကြလေ၏။
သေစမ်း။ နယ်မြေအဆီအနှစ် သလင်းကျောက်ကို ဆောက်လုပ်ရေး ပစ္စည်းတွေအဖြစ်သုံးထားတာ စောက်ရမ်း နှမြောစရာကောင်းတယ်။
အဖိုးတန် ပစ္စည်းများက သူတို့၏ တန်ဖိုးကို အများဆုံးချဲ့ပေးနိုင်ရန် အခြေအနေမှန်တွင်အသုံး ပြုရပေမည်။
အန်လင်းက ထိုနေရာ၌ပင် နယ်မြေအဆီအနှစ် သလင်းကျောက်လေးခုစလုံးကို သူပိုင်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။
"အရိုင်းအစိုင်း မိစ္ဆာနတ်ဘုရားကောင်...။ မင်းက ဘယ်လိုလုပ်ပြီး အံ့ဖွယ်ရေအိုင်ပေါ်ကို ကျူးကျော်လာရဲတာလဲ။ ငါက မင်းရဲ့ အသက်ကို အဆုံးသတ်ပေးမယ်။"
ထိုအချိန်မှာပင် ကြမ်းတမ်းသော ဒေါသသံတစ်ခုက ထွက်ပေါ်လာလေ၏။
စာစဉ် ၃၄ ပြီး၏။
-----------