← Chapters

ဆယ့်ခြောက်စင်းမြောက် စကြဝဠာတွင် ပြိုင်ဘက်ကင်း

Vol. 140 Ch. 1805

ဆယ့်ခြောက်စင်းမြောက် စကြဝဠာတွင် ပြိုင်ဘက်ကင်း

Vol. 140 Ch. 1805

အနန္တအဘိုးအို ချက်ချင်း သတိဝင်လာသည်။ လောကသစ်ပင်၏ အမြစ်များက ကောင်းကင်မှ ရွာကျလာသော လှံတံများအလား ဘိုးဘေးနန်းတော်၏ မြေကြီးထဲသို့ ထိုးစိုက်ဝင်ရောက်သွားကြ၏။ မရေမတွက်နိုင်သော အမြစ်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ဘိုးဘေးနန်းတော် ချိပ်တံဆိပ်၏ နံရံလေးဖက်သို့ ဖောက်ထွက်သွားကြသည်။

သူနှင့် သခင်လေးနှစ်တို့မှာ သဘာ၀အတိုင်းဆန့်ကျင်ဘက်များ ဖြစ်ကြသည့်အလျောက်ပြီး အချင်းချင်း ဖိနှိပ်နိုင်ကြ၏။ သူတို့နှစ်ဦးစလုံးသည် သဘာဝအတိုင်း တည်ရှိနေကြသည့် မပြောင်းလဲသော ဒြပ်ထုများ ဖြစ်ကြသော်လည်း ဒင်္ဂါးတစ်ပြား၏ ပန်းနှင့် ခေါင်းအလားပင်။

မဟာပျက်စီးခြင်းကပ်ဘေးများအတွင်း လောကသစ်ပင်သည် မဟာပျက်စီးခြင်းကပ်ဘေးတွင် အမြစ်တွယ်ခဲ့သော်လည်း အဆုံးသတ်မြို့ပျက် အသူချောက်နက်နှင့် တိုက်မိမည်ကို အမြဲတမ်း ရှောင်တိမ်းခဲ့၏။ အဘယ်ကြောင့်ဆိုသော် အဆုံးသတ်မြို့ပျက် အသူချောက်နက်က သူ၏ကိုယ်ပိုင်စွမ်အားကို ချေဖျက်ပစ်နိုင်၍ ဖြစ်သည်။

ချင်မူ၊ သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ သူ့ကို အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ ပို့လိုက်ပါက သူတို့နှစ်ဦးလုံး၏ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်များ ဆက်တိုက် ကျဆင်းသွားလိမ့်မည်။ အတူတူ ပျက်စီးပျောက်ကွယ်သွားနိုင်သည်။

ကောင်းကင်နတ်အရှင်ယွင်က သခင်လေးနှစ်၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့ပြီး လန်ယွီတျန်းနှင့် ရှရှန်းဟွာတို့က ကောင်းကင်နတ်ဧကရီကို သတ်ဖြတ်ခဲ့၏။ သတ်ဖြတ်ခဲ့သည့် နည်းလမ်းများက တူခဲ့သည်။ သို့သော် သူတို့ အသုံးပြုခဲ့သော နည်းလမ်းများမှာ သခင်လေးနှစ်၏ ကိုယ်ပွားနှင့် ကောင်းကင်နတ်ဧကရီကို အန္တိမဟင်းလင်းပြင်တွင် ပိတ်လှောင်ထားခြင်းသာ ဖြစ်သဖြင့် သိပ်မပြင်းထန်လှချေ။ သခင်လေးနှစ်၏ ကိုယ်ပွားနှင့် ကောင်းကင်နတ်ဧကရီတို့ ထွက်ပြေးရန် အချိန် ရှိခဲ့သေးသည်။

ကောင်းကင်နတ်အရှင်ယွင်က သူ၏အသက်ကို စတေး၍ သခင်လေးနှစ်၏ ကိုယ်ပွားကို အချိန်ဆွဲထားခဲ့သည်။ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ကမူ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ ကောင်းကင်နတ်ဧကရီကို အသက်ချမ်းသာပေးခဲ့သေးသည်။

သို့သော် အနန္တအဘိုးအို၏ အစစ်အမှန်ခန္ဓာကိုယ်ကို အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ ထိုးထည့်လိုက်ပါက ဖြစ်ပေါ်လာမည့်ပျက်စီးခြင်းကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

လောကသစ်ပင်၏ အမြစ်များက ဘိုးဘေးနန်းတော်၏ မြေအောက်ထဲသို့ တိုးဝင်သွားသည်။ ကမ္ဘာမြေမှာ ချက်ချင်းပင် တဝုန်းဝုန်း တုန်ခါသွားပြီး တောင်တန်းကြီးများး မြေပြင်မှ မြောက်တက်ကုန်ကြသည်။

ဘိုးဘေးနန်းတော်၏ နံရံလေးဖက်ဆီသို့ တွယ်ကပ်နေတော့မည့် အမြစ်များမှာမူ ထူးဆန်းသော မတော်တဆမှုကို ကြုံတွေ့နေရသည်။

လောကသစ်ပင်၏ အမြစ်များ ဘိုးဘေးနန်းတော်၏ နံရံလေးဖက်ကို မထိခင်မှာပင် တာအိုအလင်းများ ဖြာထွက်လာ၍ ကောင်းကင်နတ်သိုင်းအမျိုးမျိုး ပေါက်ကွဲထွက်လာကာ လောကသစ်ပင်၏ အမြစ်များကို တွန်းကန် ဖယ်ရှားလိုက်သည်။

တစ်ချိန်တည်းမှာပင် သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့က ဘိုးဘေးနန်းတော်၏ မြေကြီးထဲသို့ ထိုးစိုက်ဝင်နေသော အမြစ်များကို ဖြတ်တောက်ကာ လောကသစ်ပင်အား အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ တွန်းပို့လိုက်သည်။

သူတို့နှစ်ဦးလည်း ဘိုးဘေးနန်းတော်၏ နံရံလေးဖက်မှ ထူးဆန်းသော ဖြစ်ရပ်များကို တစ်ပြိုင်နက်တည်း သတိပြုမိသွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။

ထိုနံရံလေးဖက်သည် ချင်မူ မှော်စွမ်းအင်ဖြင့် ဘိုးဘေးနန်းတော်ကို အတင်းအကြပ် ခေါက်သိမ်းခဲ့သည့် အဆုံးမရှိသော နံရံလေးဖက် ဖြစ်၏။

ချင်မူက တောင်တန်းမြစ်ချောင်းများ၏ ပထဝီအနေအထားကို ပြောင်းလဲခဲ့ပြီး ထို "နံရံ"လေးဖက်ကို အဆက်မပြတ် အားဖြည့်လျက် တံဆိပ်ခတ်ခဲ့၏။ အားလုံးကို ဤနေရာတွင် ပိတ်လှောင်ထားပြီး ပြင်ပလောကကို အနှောင့်အယှက် မပေးနိုင်စေရန် မျှော်လင့်ခဲ့သည်။

သို့သော် ဘိုးဘေးနန်းတော်က အလွန်တရာ ကြီးမားကြောင်း အားလုံး သိထားကြသည်။ ချင်မူ၏ စွမ်း‌ဆောင်ရည်ဖြင့် ဘိုးဘေးနန်းတော်ကို တံဆိပ်ခတ်နိုင်သော်လည်း ရတနာဖြစ်လာအောင် လုံး၀ မပြောင်းလဲနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဉာဏ်ပညာ၊ မှော်စွမ်းအင်နှင့် အချိန်များစွာ လိုအပ်သည့်အတွက်ကြောင့်ပင်။

ချင်မူ့တွင် ထိုမျှ ရှည်လျားသော အချိန်နှင့် သိပ်သည်းအားကောင်းသော မှော်စွမ်းအင်တို့ မရှိသည်သာမက ကျယ်ပြန့်သော ဉာဏ်ပညာလည်း မရှိချေ။ ထို့ကြောင့် သူ့အနေဖြင့် ဘိုးဘေးနန်းတော်ကို ရတနာအဖြစ် သန့်စင်ရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် ဘိုးဘေးနန်းတော်၏ နံရံလေးဖက်မှ တာအိုအလင်းတန်းများ ဖြာထွက်လာကာ လောကသစ်ပင်၏ အမြစ်များကို တွန်းလှန်လိုက်ခြင်းက သူတို့၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ ချင်မူ မလုပ်နိုင်ဟု သူတို့ ထင်ခဲ့သော အရာအမျိုးမျိုးကို ချင်မူက လုပ်ဆောင်ပြခဲ့ချေပြီ။

ယခု ဘိုးဘေးနန်းတော်သည် ချင်မူ၏ လက်ထဲတွင် အသုံးတော်ခံရမည့် ရတနာ ဖြစ်လာတော့မည်လော။

ဘိုးဘေးနန်းတော်ကို ရတနာအဖြစ် အပြည့်အစုံ သန့်စင်ပြီးသွားလျှင် ထိုရတနာသည် မည်မျှ ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။

"ခုနစ်က ငါတို့ကို ခြောက်လှန့်နေမယ့် အရာပဲ"

သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နားလည်သွားကြသည်။

ဘုန်း

ကောင်းကင်နှင့် မြေကြီး တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီးနှင့်အတူ အနန္တအဘိုးအိုနှင့် လောကသစ်ပင်မှာ သူတို့သုံးယောက်‌ကြောင့် ကောင်းကင်ရှိ အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ တွန်းပို့ခံလိုက်ချေပြီ။

သခင်လေးနှစ်နှင့် နှိုင်းယှဉ်ပါက သူတို့သည် အမှန်တကယ် အားနည်း၏။ သို့သော် သုံးယောက်ပေါင်းလျှင် အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့ကို သေချာပေါက် အကောက်ကြံနိုင်ပေသည်။

သူတို့သုံးယောက်က လောကသစ်ပင်နှင့် အနန္တအဘိုးအိုတို့ နောက်မှ ကပ်လိုက်သွားပြီး အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ ဝင်သွားကြသည်။

ချင်မူက လက်မြှောက်လိုက်ရာ ကြာရွက်များက ကောင်းကင်သဖွယ် ပြောင်းလဲသွားကာ အဆုံးသတ်မြို့ပျက်၏ ဝင်ပေါက်ကို ပိတ်ဆို့လိုက်သည်။

ကောင်းကင်နတ်အရှင်ယွဲ့လည်း သူ၏ အ‌နောက်မှ လိုက်လာကာ ပတ်၀န်းကျင်အား သတိထား၍ အကဲခတ်နေသည်။ အနည်းငယ်မှ သတိလွတ်မသွားရဲချေ။

အနန္တအဘိုးအိုနှင့် လောကသစ်ပင်တို့ အသူချောက်နက်ထဲ ကျရောက်သွားသည့် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်မျိုးသည် အချင်းချင်း ၀င်တိုက်ကာ ဖျက်ဆီးတော့၏။ အဆုံးသတ်မြို့ပျက် ဖရိုဖရဲပင်လယ်ထဲတွင် သာမန်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးမှုများ ထကြွလာတော့သည်။

အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့နှစ်ယောက်လုံး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ အဆုံးသတ်မြို့ပျက် အသူချောက်နက်မှာ မငြိမ်သက်‌တော့ပေ။

လောကသစ်ပင်၏ မရေမတွက်နိုင်သော အကိုင်းအခက်များနှင့် အမြစ်များက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ အချို့က ဖရိုဖရဲပင်လယ်ထဲသို့ ထိုးစိုက်ဝင်ရောက်ကာ စွမ်းအင်များ စုပ်ယူကြသည်။ အချို့ကမူ အဆုံးသတ်မြို့ပျက် အသူချောက်နက်၏ နံရံလေးဖက်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသဖြင့် ထိုနေရာမှ ဖရိုဖရဲကျောက်တုံးများအား ပြိုကျကာ ပင်လယ်ထဲသို့ ကျဆင်းသွားစေ၏။

အနန္တအဘိုးအိုနှင့် သခင်လေးနှစ်တို့က တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် တစ်ဖက်လူကို ဖယ်ရှားပစ်မှသာ ကိုယ်တိုင်အသက်ရှင်နိုင်မည် ဖြစ်ကြောင်း သဘောပေါက်သွားကြ၏။ တစ်ယောက် သေမှသာ နှစ်ယောက်လုံး ရုပ်ခန္ဓာရော ဝိညာဉ်ပါ ပျက်စီးသွားမည့် အရေးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။

သခင်လေးလင်းရှောင်၊ သခင်လေးကျစ်ရှောင်နှင့် ချင်မူတို့က ထိုနှစ်ယောက်ထံ ပြေးဝင်သွားကြ၏။ တစ်ချိန်တည်းမှာပင် အဆုံးသတ်မြို့ပျက်၏ ဝင်ပေါက်ကို ပိတ်ဆို့လိုက်သဖြင့် မည်သူမှ ထွက်ပြေးနိုင်ခြင်း မရှိတော့ပေ။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကား သားရဲလှောင်အိမ်ပမာ ဖြစ်သွားချေပြီ။

အဖွဲ့သုံးဖွဲ့က ရှုပ်ထွေးစွာ တိုက်ခိုက်နေကြသည်။ အသူချောက်နက်ကြီးထဲတွင် အရာအားလုံးကို ဝါးမြိုနိုင်သည့် အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းများဖြင့် ပြည့်နှက်နေ၏။ သခင်လေးနှစ်၏ ဆံပင်ဖြူများက လွင့်ပျံနေပြီး အစွမ်းကုန် ထုတ်၍ ကောင်းကင်နတ်သိုင်းများကို အသက်သွင်းနေသည်။ သူမက ခက်ထန်သောအသံဖြင့် မေးသည်။ "သုံး၊‌ လေး၊ ခုနစ်၊ နင်တို့က ဂိုဏ်းတူအစ်မ သတ်ဖြတ်နေတာနော် … ဆရာ့ကို ဘယ်လို မျက်နှာပြကြမှာလဲ"

သခင်လေးလင်းရှောင်၏ အသတ်အဖြတ်စိတ်ဆန္ဒတို့ မြင့်တက်လာသစည်။ တာအိုလှံက အဆုံးသတ်မြို့ပျက်တစ်ခုကို ထိုးဖောက်သွားပြီး ချောက်နက်ထဲမှ ထွက်ပေါ်လာကာ နှစ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် တိုးဝင်သွား၏။ သူက အေးစက်စွာ ပြန်မေးလိုက်သည်။ "အစ်မတော်နှစ်၊ ခြောက် ဘယ်သူ့လက်ချက်နဲ့ သေသွားခဲ့လဲ မသိတာလား"

သခင်လေးနှစ်က ထိုလှံချက်ကို ရှောင်တိမ်းလိုက်သည်။ ရုတ်တရက် သူမ၏ ခြေအောက်မှ ကြာပလ္လင်က လှုပ်ခါသွားပြီး ကြာရွက်တစ်ရွက် ပျံတက်လာကာ ဝှစ်ခနဲ သူ့ကို ရစ်ပတ်လိုက်သည်။

ဘုန်း

သခင်လေးလင်းရှောင်မှာ ကြာရွက်၏ အရှိန်ကြောင့် ကြေမွသွားပြီး သွေးမှုန်များ ပြန့်ကြဲသွားသည်။ ကြာရွက် ပွင့်လာသောအခါ အရိုးစုတစ်ခုနှင့် လင်းရှောင်၏ တာအိုလှံကိုသာ တွေ့မြင်နိုင်၏။

သခင်လေးလင်းရှောင်၏ ရုပ်ခန္ဓာမှာ ကောင်းကင်နတ်အရှင်ဟောင် ဖြစ်သဖြင့် သခင်လေးနှစ် ကဲ့သို့သော အင်အားကြီးသိုင်းပညာရှင်နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ သခင်လေးလင်းရှောင်မှာ မှော်စွမ်းအင်နှင့် ရုပ်ခန္ဓာတွင် အားနည်းနေသောကြောင့် တိုက်ကွက်တစ်ကွက်တည်းဖြင့် သေဆုံးသွားတော့သည်။

ချင်မူက လက်ညှိုးတစ်ချက် ထိုးလိုက်ရာ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသည်။ သွေးမှုန်များနှင့် အရိုးစုများ ဖရိုဖရဲပင်လယ်၏ ဝါးမြိုခြင်းမခံရခင် သခင်လေးလင်းရှောင်သည် ကြာရွက်ပေါ်တွင် အကောင်းပကတိအတိုင်း ပြန်ရပ်နေ၏။

သခင်လေးနှစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရုတ်တရက် ဖရိုဖရဲပင်လယ်ထဲမှ ကြာမြစ်တစ်ခု ပျံတက်လာသည်။ ကြာမြစ်တွင် အပေါက် ဆယ့်ခြောက်ပေါက် ရှိနေပြီး အပေါက်များထဲမှ လေတို့က ချင်မူ့ထံ တိုက်ခတ်လာလေသည်။

ဝေါ…

ချင်မူ၏ ရုပ်ခန္ဓာ အရည်ပျော်သွားပြီး အရိုးစု ဖြစ်သွားသည်။ ထို့နောက် အရိုးစုများမှာလည်း ကြာမြစ်အပေါက်များမှ တိုက်ခတ်နေသော ထူးဆန်းသည့် လေများကြောင့် အက်ကွဲပြာကျသွားသည်။

ထိုလေပြင်း ဖြတ်သန်းသွားပြီးနောက် ချင်မူ လုံးဝ ပျောက်ကွယ်သွားတော့သည်။

"ခြောက် သေတာက ငါနဲ့ ဘာမှမဆိုင်ဘူး"

သခင်လေးနှစ်က သခင်လေးလင်းရှောင်နှင့် ချင်မူတို့ကို ဆက်တိုက်သတ်ဖြတ်လိုက်ပြီးနောက် သူမ၏ အသတ်အဖြတ်စိတ်ဆန္ဒသည် တရှိန်ထိုး မြင့်တက်သွား၏။ သူမက ခပ်ပြတ်ပြတ် ပြောသည်။ "တကယ်လို့ ငါ လုပ်ခဲ့တာ ဆိုရင် ဘာလို့ ဖုံးကွယ်ထားရမှာလဲ"

သခင်လေးကျစ်ရှောင်နှင့် အနန္တအဘိုးအိုတို့၏ ကောင်းကင်နတ်သိုင်းများက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သခင်လေးကျစ်ရှောင်က ကိစ္စမရှိသော်လည်း အနန္တအဘိုးအို၏ တိုက်ကွက်များကမူ သူမကို သွေးအန်စေ၏။

သခင်လေးနှစ်က အစွမ်းကုန်ထုတ်ကာ သူတို့နှစ်ယောက်ကို သတ်ဖြတ်လိုက်သည်။ "ရှင်းပြလို့ မရမှတော့ နင်တို့ကို သတ်ပစ်လိုက်တော့မယ်… ဘာပဲဖြစ်ဖြစ် ငါက နင်တို့ကို သတ်ဖို့ စီစဉ်ထားပြီးသား"

ထိုစဉ် ဖရိုဖရဲပင်လယ် တုန်ခါသွားပြီး ဖရိုဖရဲခန်းမတစ်ခုက ပင်လယ်ထဲမှ တဖြည်းဖြည်း မြင့်တက်လာသည်။ ခန်းမတံခါး ပွင့်သွားပြီး ချင်မူ ထွက်လာသည်။ သူက ကောင်းကင်နတ်အရှင်ယွဲ့ကို ဆွဲခေါ်လိုက်သည်။ "ခန်းမထဲ ဝင်"

သခင်လေးနှစ်က လက်ချောင်းများ ခါလိုက်ရာ သခင်လေးကျစ်ရှောင် ထိန်းချုပ်ထားသော တာအိုသိုင်းပညာရှင်၏ ရုပ်ခန္ဓာမှာ တုန်ခါသွားသည်။ ကြာစေ့တစ်စေ့ပြီးတစ်စေ့က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ သွေးပေါက်များ ဖြစ်ပေါ်လာစေ၏။

ထိုကြာစေ့များက သူ၏ ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး အမြစ်တွယ်ကာ အညှောင့် ပေါက်လာသည်။ သခင်လေးကျစ်ရှောင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ ကြာပန်း၏ အမြစ်များက သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ချက်ချင်း စုပ်ယူသွားလေသည်။

"မပြောင်းလဲ‌သော ဒြပ်ထု ကောင်းကင်နတ်သိုင်း"

ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့ကို ဝှက်ထားပြီးသည့်အခါ လက်ညှိုးထပ်ထိုးလိုက်သည်။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း ပေါ်ထွက်လာလျှင်ချင်း သခင်လေးကျစ်ရှောင်၏ ခန္ဓာကိုယ်ထဲမှ အမြစ်တွယ် အညှောင့်ပေါက်လာသော ကြာပန်းများ လျင်မြန်စွာ ကျုံ့ဝင်သွား၏။ တစ်ခဏအတွင်း ကြာစေ့များအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ သခင်လေးကျစ်ရှောင်၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်က ချက်ချင်း ပြန်လည်ဖွဲ့တည်လာပြီး ဗျပ်စောင်း တီးခတ်လိုက်သည်။ တာအိုနယ်ပယ် ထောင်သောင်းပေါင်းများစွာက ဓားသွားများများ သခင်လေးနှစ် ခုတ်ပိုင်းလိုက်ကြသည်။

ချွင် ချွင် ချွင်

သခင်လေးနှစ်မှာ အစွမ်းကုန် ခုခံလိုက်သော်လည်း ဒဏ်ရာများစွာရသွားသည်။ သူမက ရုတ်တရက် လက်ဖဝါးဖြန့်လိုက်ပြီး မဟာပျက်စီးခြင်းကပ်ဘေး ဆယ့်ခြောက်ခု၏ စွမ်းအားကို ထိန်းချုပ်ကာ ပေါက်ကွဲထွက်သွားစေသည်။

အနန္တအဘိုးအိုမှာ သူမ၏ လက်ဖဝါးဖြင့် ဖမ်းဆွဲခံလိုက်ရသဖြင့် လေထဲ၌ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

သခင်လေးလင်းရှောင်က သူမ၏ နောက်ကျောသို့ လှံဖြင့် ထိုးစိုက်လိုက်သည်။ နှစ်သည် အံကြိတ်လိုက်ပြီး သူမ၏ ဆံပင်ဖြူများ လွင့်ပျံသွား၏။ မရေမတွက်နိုင်သော ဆံပင်ဖြူများက သခင်လေးလင်းရှောင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဝှစ်ခနဲ အသံနှင့်အတူ သူ့အား အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ပစ်လိုက်သည်။

"နှစ်က ဒီလောက်တောင် သန်မာတာလား"

ချင်မူမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ သခင်လေးနှစ်၏ နောက်ကျောဘက်ရှိ အနီရောင်ကြိုးထုံးကို အသက်သွင်းလိုက်၏။ "မမကြီးယွဲ့၊ ခြောက်ကြိုးမြောက် အနီရောင်ကြိုးကို ဖြတ်လိုက်"

သူတို့သည် လောကသစ်ပင်နှင့် အနန္တအဘိုးအိုတို့ အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ ကျရောက်သွားရုံဖြင့် သခင်လေးနှစ်၏ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်များကို အတော်လေး ကျဆင်းသွားမည် ထင်ခဲ့ကြ၏။ ထိုအခါက သူမက သူတို့၏ လက်ခုပ်ထဲ ရောက်လာလိမ့်မည်။

ထိုသို့ဖြစ်လာပါက သခင်လေးနှစ်နှင့် အနန္တအဘိုးအိုအား အပြင်းအထန် ထိခိုက်ဒဏ်ရာရစေပြီးနောက် ချင်မူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့အား သခင်လေးသုံးနှင့် လေး ထွက်သွားအောင် နှောင့်ယှက်ခိုင်းနိုင်မည်။ ထို့နောက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်နိုင်ရန် နောက်ထပ် နှစ်ထောင်သောင်းများစွာ အချိန်ဆွဲနိုင်ပေလိမ့်မည်။

သို့သော် အနန္တအဘိုးအိုနှင့် လောကသစ်ပင်တို့ အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် သခင်လေးနှစ်၏ ကျင့်ကြံခြင်းအခြေခံနှင့် စွမ်းဆောင်ရည်များ အဆက်မပြတ် ကျဆင်းနေသည့်တိုင်၊ အနီရောင်ကြိုးထုံးကို အပြည့်အဝ မဖြေရသေးသည့်တိုင် သခင်လေးနှစ်ကား သူတို့ကို ဖိနှိပ်နိုင်သေးမည်ဟု မထင်ထားခဲ့ပေ။

ယခုင် နောက်ဆုံး နိုင်ဖဲကို သုံးရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့။

ဖရိုဖရဲခန်းမထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့က ကမန်းကတန်း ခေါင်းမော့လိုက်ရာ ချင်မူ၏ ကြာရွက်ဖြင့် ပိတ်ထားသည့် အသူချောက်နက်၏ တစ်ခုတည်းသော ဝင်ပေါက်တွင် အနီရောင်ကြိုးထုံးပိုက်ကွန်အား တွေ့လိုက်ရသည်။

ပိုက်ကွန်ကို အနီရောင်ကြိုးငါးချောင်းဖြင့် ဖွဲ့စည်းထားသော်လည်း ခြောက်ခုမြောက် အနီရောင်ကြိုးတစ်ချောင်းမှာမူ တစ်ချောင်းတည်း သီးသန့်တည်ရှိနေ၏။

သူမ၏ နှလုံးသား လှုပ်ရှားသွားပြီး ဗျပ်စောင်းကို မြှောက်ကာ ခန်းမရှေ့တွင် တီးခတ်လိုက်သည်။

ဒင် ဒင် ဒင်

မရေမတွက်နိုင်သော နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းများ တဟုန်ထိုး ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ခြောက်ကြိုးမြောက် အနီရောင်ကြိုး ပြတ်တောက်သွားချေပြီ။

ခြောက်ကြိုးမြောက် အနီရောင်ကြိုးကိုသာ ဆွဲထုတ်လိုက်ပါက အနီရောင်ကြိုးထုံး ပျက်စီးသွားပြီး သခင်လေးနှစ် လွတ်မြောက်သွားလိမ့်မည်။ သို့သော် ဖြတ်တောက်လိုက်ပါက အနီရောင်ကြိုးထုံး ချိပ်တံဆိပ်၏ စွမ်းအားက အလုံးစုံ ပေါက်ကွဲထွက်လာမည် ဖြစ်သည်။

မီလော့နန်းတော်အရှင်သခင်မှာ တပည့်ကို သတ်ရက်သည်အထိ အသည်းမမာခဲ့ပေ။ ထို့ကြောင့် သခင်လေးနှစ် နောင်တရပါစေ မျှော်လင့်ကာ အသက်ရှင်ရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ခြောက်ကြိုးမြောက် အနီရောင်ကြိုးက အနီရောင်ကြိုးထုံး ချိပ်တံဆိပ်၏ စွမ်းအားကို မျှတအောင် ထိန်းသိမ်းပေးထား၏။

ယခုမူ ကောင်းကင်နတ်အရှင်ယွဲ့က အနီရောင်ကြိုးကို ဖြတ်တောက်လိုက်ရာ အဆုံးသတ်မြို့ပျက် အသူချောက်နက်၏ ဝင်ပေါက်ရှိ ချင်မူ၏ ကြာရွက်ကား ချက်ချင်း ပျက်စီးပြာကျသွားတော့သည်။

ဧရာမကြီးမားသော အနီရောင်လက်ကြီးတစ်ဖက်သည် ကောင်းကင်မှ ကျဆင်းလာပြီး ဖရိုဖရဲပင်လယ်အပေါ် လှိုင်းမထနိုင်အောင် ဖိချလိုက်၏။ ပင်လယ်ရေပြင်ပေါ်ရှိ လူအားလုံး ဖိအားကြောင့် တရစပ် ညည်းညူလိုက်ကြပြီး ခန္ဓာကိုယ်များကို ဟန်ချက်ထိန်းလိုက်ကြရသည်။

ချင်မူက မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ သခင်လေးလင်းရှောင်နှင့် အနန္တအဘိုးအိုတို့ကို အသက်ပြန်ရှင်စေလိုက်သည်။ ထို့နောက် မီလော့နန်းတော်အရှင်သခင်၏ ချိပ်တံဆိပ်မှ ဖြစ်ပေါ်လာသော ဖိအားကို တွန်းလှန်ရင်း နောက်ဆုတ်ကာ ကောင်းကင်နတ်အရှင်ယွဲ့အား ဖရိုဖရဲခန်းမထဲတွင် ကာကွယ်ထားလိုက်၏။

အနီရောင်လက်ဖဝါးကြီး ကျရောက်လာသည့်အခါ သခင်လေးနှစ်သည် ထိပ်တိုက်ခုခံလိုက်၏။ "ဆရာ၊ ဆရာရဲ့ ချိပ်တံဆိပ်အများစုကို ကျွန်မ ဖျက်ဆီးပြီးနေပြီ…. ကျွန်မကို ဘာမှ လုပ်လို့မရတော့ဘူး… ဆရာ့ရဲ့ ကောင်းကင်နတ်သိုင်းက ခေတ်မမီတော့ဘူး.... ကျွန်မရဲ့ ကောင်းကင်နတ်သိုင်းကမှ စကြဝဠာရဲ့ အနှစ်သာရ အစစ်အမှန်ပဲ"

ဘုန်း

လက်ဖဝါး သူမနှင့် ထိတွေ့သွားလျှင်ချင်း သခင်လေးနှစ်၏ မျက်နှာမှာ မယုံကြည်နိုင်သော မျက်နှာအမူအရာ ဖြစ်သွားသည်။ သူမ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ တရဟော စီးကျလာပြီး ခြေထောက်အောက်မှ ကြာပလ္လင်သည်လည်း ဝုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။

ဖရိုဖရဲပင်လယ် ကွဲအက်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို ဝါးမြိုသွား၏။

မီလော့နန်းတော်အရှင်သခင်၏ လက်ဖဝါးက သူမကို ဖိ၍ ခန့်မှန်းမရနိုင်‌အောင် နက်ရှိုင်း‌သော ဖရိုဖရဲပင်လယ်အောက်ခြေအထိ ရိုက်ချလိုက်ချေပြီ။

အဆုံးသတ်မြို့ပျက် အသူချောက်နက်ထဲမှ ပြင်းထန်သော တုန်ခါမှုများ ပျံ့နှံ့လာသည်။ ၎င်းမှာ မီလော့နန်းတော်အရှင်သခင်၏ လက်ဖဝါး ပင်လယ်ကြမ်းပြင်အထိ ကျရောက်သွားသောကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုပင်။

အနန္တအဘိုးအိုမှာ လောကသစ်ပင်ကို ပွေ့ဖက်ထားရင်း ပြင်းထန်သော တုန်ခါမှုများကြောင့် လေထဲတွင် လွင့်နေသော သစ်ရွက်ပမာ ယိမ်းထိုးနေသည်။ သူ၏မျက်နှာတွင် မယုံနိုင်သော အရိပ်အယောင်များ နေရာယူထားသည်။

သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ကမူ ထိုမြင်ကွင်းကို မြင်သောအခါ အဆုံးမရှိသော လေးစားမှုများကိုသာ ခံစားနေကြရသည်။

"အနီရောင်ကြိုးထုံး တံဆိပ်ကို ဒီလိုမျိုးလည်း သုံးလို့ရသေးတာလား" ချင်မူလည်း ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်သွားသည်။

ဤနေရာတွင် ရှိသော လူများအနက် အနီရောင်ကြိုးထုံးတံဆိပ်ကို သူက အနက်ရှိုင်းဆုံး နားလည်ထားသော်လည်း သူကိုယ်တိုင်ပင် ဤတံဆိပ်၏ ပြောင်းလဲမှုများကို အပြည့်အဝ နားလည်ထားခြင်း မရှိသေးပေ။

မီလော့နန်းတော်အရှင်သခင်၏ ဤကောင်းကင်နတ်သိုင်းစွမ်းအား ပေါက်ကွဲထွက်လာသောအခါ သူကိုယ်တိုင်လည်း အမှန်တကယ် အံ့အားသင့်သွားသည်။ သူ၏ ဦးနှောက်ထဲတွင် အနီရောင်ကြိုးထုံး တံဆိပ်၏ ပြောင်းလဲမှုအမျိုးမျိုး ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ဆရာ၊ ဆရာ ကျွန်မကို မသတ်နိုင်ခဲ့ဘူး... ဟား ဟား ဟား..."

ဖရိုဖရဲပင်လယ် ပေါက်ကွဲသွားပြီး သခင်လေးနှစ်က ဆံပင်ဖွာလန်ကြဲဖြင့် ပင်လယ်အောက်မှ တစ်လှမ်းချင်း တက်လာကာ အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ပြောလိုက်သည်။ "ဒီနေ့၊ နင်တို့တစ်ယောက်မှ အသက်ရှင်ရက် ထွက်သွားဖို မစဉ်းစားနဲ့… ငါ နင်တို့ကို စကြ၀ဠာ ၁၆ စင်းလုံးရဲ့ သမိုင်းထဲကနေ ဖျက်ပစ်မယ်…. နင်တို့တွေ ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသလိုမျိုး ဖြစ်သွားစေရမယ်"

သခင်လေးလင်းရှောင်နှင့် သခင်လေးကျစ်ရှောင်တို့ မျက်နှာပျက်သွားပြီး တာအိုလက်နက်များကို အသက်သွင်းကာ အသင့်အနေအထားဖြင့် စောင့်နေကြသည်။

သခင်လေးနှစ်ကား မီလော့နန်းတော်အရှင်သခင်၏ ချိပ်တံဆိပ်မှ လုံးဝ လွတ်မြောက်သွားခဲ့လေပြီ။

ချင်မူက ရုတ်တရက် ပြုံးလိုက်သည်။ "မမကြီးနှစ်၊ ဘာလို အားတင်းထားသေးတာလဲ... မမကြီး သိပါတယ်…. ကျွန်တော်တို့ကို ခြောက်လှန့်ပြီး မောင်းထုတ်လို့ မရပါဘူး"

သခင်လေးနှစ်က မျက်ထောင့်နီကြီးဖြင့် သူ့အား စိုက်၍ ကြည့်လိုက်သည်။ ချင်မူ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးဆီမှ ခပ်‌ဖျော့ဖျော့ တာအိုအလင်းများ ထုတ်လွှတ်နေသည်။ "မမကြီး သိလား…. ကျွန်တော် ဖရိုဖရဲပင်လယ်ကို ထွင်းဖောက် မြင်နိုင်တယ်… ပင်လယ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေအားလုံး ကျွန်တော့် မျက်စိကို ရှောင်လွှဲမရပါဘူး"

သခင်လေးနှစ် ခေါင်းမော့ကာ သွေးအန်လိုက်ရသည်။ သူမ၏ အသက်ရှူသံ ရပ်တန့်သွားချေပြီ။

All Chapters