တစ်ကိုယ်တည်းဖြိုဖျက်ခြင်း လုပ်ငန်း
Vol. 35 Ch. 481
အန်လင်းက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ သိပ်မဝေးသော နေရာမှ သူ့အား စူးစိုက်ကြည့်နေသော အမျိုးသားတစ်ဉီးကို တွေ့လိုက်ရ၏။
အမျိုးသားမှာ ရွှေရောင်ဆံပင်များ၊ အစိမ်းရောင်မျက်လုံးများနှင့် နားရွက်ချွန်ချွန်များ ရှိကြ၏။ သူသည်လည်း ငလက်မလေးတစ်ကောင်ဖြစ်ပြီး တစ်ဝက်တစ်ပျက်ဖောက်မြင်နိုင်သော ရွှေရောင်တောင်ပံများက သူ့နောက်ကျောမှ ထွက်နေလေ၏။
သူ့၏ တောင်ပံများမှာ အလွန်ပါးလျနေပြီး တောင်ပံတစ်ချက်ခတ်လိုက်တိုင်း ရွှေမှုန်များက ပြုတ်ကျလာလေ၏။
အန်လင်းက သူ့၏ သွင်ပြင်မှ အမျိုးသား၏ မျိုးစိတ်ကို ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။ သူက နတ်သားတစ်ပါးပင်။
နတ်သားများမှာ အန်လင်းလာခဲ့သော ကုန်းမြေပေါ်တွင် မျိုးတုန်းလုဆဲဆဲ ဖြစ်နေ၍ သူက ပုံများထဲတွင်သာတွေ့ဖူးလေ၏။
အန်လင်း၏ စိတ်ဝင်စားမှုက ရုတ်တရက်ပင် မြင့်တက်သွားလေ၏။ ဤသည်က အသက်ရှင်ကာ အသက်ရှုနေသော နတ်သားတစ်ပါးပင်။
သူအသုံးပြုထားသော ကိုယ်ပျောက် မန္တန်မှာ အတော်အတန်ပင် ရိုးရှင်းလှသော်လည်း ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ထုတ်လွှတ်ထားခြင်းဖြစ်၍ လူတိုင်းက ဖောက်ထွင်းမမြင်နိုင်ပါပေ။ ဤနတ်သားက သူ့၏မန္တန်နည်းစနစ်ကို ချက်ချင်း ဖောက်ထွင်း မြင်နိုင်သည်မှာ သူက သူ့နည်းနှင့်သူ အတော်အတန်ပင် အစွမ်းထက်သော ဖြစ်တည်မှု ဖြစ်ပေသည်ဟု ဆိုလိုခြင်းပင်။
အနက်ရောင် ရှိခိုးကောင်သည်လည်း နတ်သားကို တွေ့ရှိသွားကာ သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး အလန့်တကြား ဆိုလိုက်၏။ "ပြီးသွားပြီ... ဒီစွမ်းအင် အတက်အကျ... အဲဒါက မြင့်မြတ်အဆင့်အစွမ်းထက် ဖြစ်တည်မှုတွေကပဲ လာတာ။"
အန်လင်းက ပြန်ဖြေရန်ပင် အခွင့်အရေး မရခင်မှာပင် နတ်သားက သူ့၏ လက်မောင်းများကို ေကာင်းကင်သို့ ဆန့်တန်းကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေ၏။ "ကောင်းကင်က အံ့ဖွယ်လျှပ်စီး ကျေးဇူးပြုပြီး ဒီကမ္ဘာကြီးကို ဤကြမ်းတမ်းလှသော နတ်ဘီလူးကြီးလက်မှ လွတ်ရန် ကူညီပေးပါ။
ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များက ချက်ချင်းပင် ပြင်းထန်စွာ တိုးဝှေ့လာကြလေ၏။
တိမ်မဲများက အချင်းဝက်ပေတစ်ထောင်ကျော် ကောင်းကင်တွင် စုစည်းသွား၏။ လျှပ်စီးကြောင်းကြီးများက တိမ်များကို ဖြတ်သန်ကာ အပြာရောင် မြွေများကဲ့သို့ အက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် စွမ်းအင်များနှင့် ပြည့်နှက်နေလေ၏။
အနက်ရောင် ရှိခိုးကောင်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာကာ ကောင်းကင်မှ အနက်ရောင်တိမ်တိုက်များကို မော့်ကြည့်ကာ သူက ဤကမ္ဘာကြီးနှင့် နှိုင်းယှဉ်ပါက မည်မျှ သေးငယ်သည်ကို ကြုံတွေ့သွားလေ၏။
"ပြီးသွားပြီ။ ငါတို့တော့ အမှုန့် အချေခံရတော့မယ်...။" အနက်ရောင် ရှိခိုးကောင်က ဆိုလိုက်၏။
ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် နတ်သား၏ မျက်လုံးများထဲမှ ထိုးထွက်လာကာ အန်လင်းကို ညွှန်ပြလိုက်လေ၏။ "အံ့ဖွယ် လျှပ်စီး သူ့ကို သေအောင် ပစ်လိုက်စမ်း။"
ဘုန်း ဘုန်း ဘုန်း...
ကောင်းကင်မှ တိမ်မဲများက တိုးဝှေ့ကာ မိုးခြိမ်းသံများ ညံလာလေ၏။
သို့သော် ယခု လျှပ်စီးကျလာလေပြီ။
နတ်သားက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ပြီး ပထမဆုံးအကြိမ် ပုံစံအမှားပြုလုပ်မိသွားပြီဟု ဆုံးဖြတ်လိုက်၏။ သို့ဖြစ်၍ သူက အန်လင်းကို ထပ်မံညွှန်ပြကာ မန္တန်ကို ဒုတိယအကြိမ် ရွတ်ဆိုလိုက်လေ၏။ ထို့နောက်သူက လေထဲသို့ ခြေစောင့်နင်းကာ အော်ဟစ်လိုက်၏။ "အံ့ဖွယ်လျှပ်စီး၊ ဒီနတ်ဘီလူးကို သေအောင် ပစ်လိုက်စမ်း။"
အနက်ရောင်တိမ်တိုက်များက ပျောက်ကွယ်စပြုလာပြီး ရာသီဥတုက နေသာတာ တောက်ပလာလေ၏။
နတ်သား : "..."
ထူးဆန်းလိုက်တာ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ထိုအချိန်မှာပင် အန်လင်းက စတင် စကားပြောလိုက်လေ၏။ "ငါက နတ်ဘီလူးမဟုတ်ဘူး။ ငါက ဒီလောက်ထိ ကြီးသွားအောင် သန္ဓေပြောင်းသွားတဲ့ လူသားပဲ။ ငါက ဒီကို မင်းနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာ..."
"ထွီ... လူအကြီးကြီး...။ ငါ့ကို စောက်တုံးများထင်နေလား။" နတ်သားက အန်လင်းကို အော်ဟစ်ကာ သူ့လက်များတွင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာကာ အန်လင်းဆီသို့ တိုးဝင်လာလေ၏။
နတ်သားက ချက်ချင်းပင် အန်လင်း၏ အရှိန်ထက် လျှင်မြန်ကာ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်ခုက ပေါ်လာလေ၏။ သူ့၏ အလင်းဓားနှစ်ချောင်းမှာ အလျား ၁၀မီတာကျော်အထိ ကျယ်ပြန့်လာကာ အန်လင်းဆီသို့ ခုတ်ပိုင်းလိုက်လေ၏။
အန်လင်းက ရှောင်ပင် မရှောင်ပါပေ။ ထိုအစား သူက သူ့၏ သက်ရှိစွမ်းအင်ဖြင့် ဓားတစ်ချို့ကို ဖြစ်ပေါ်စေကာ နတ်သားဆီသို့ ခုတ်ပစ်လိုက်လေ၏။
နတ်သား၏ အဖြူရောင် ဓားများက အန်လင်း၏ သက်ရှိစွမ်းအင် ဓားများဖြင့် တိုက်ခတ်မိသွားပြီး လေပြင်းများ တိုက်ခတ်လာလေ၏။ သူ့လက်ထဲမှ အလင်းဓားများက တောက်တောက်ပပ အဖြူရောင် လင်းလက်လာပြီး အန်လင်း၏ သက်ရှိစွမ်းအင် ဓားများကို ဆုတ်ဖြဲပစ်လိုက်လေ၏။
"သေစမ်း၊ မိစ္ဆာဆိုး နတ်ဘီလူးကောင်..." တောက်ပသော ရွှေရောင်အလင်းက နတ်သား၏ မျက်လုံးမှ ထိုးထွက်လာကာ သူ့မျက်နှာထက်တွင် အားရဝမ်းသာဟန်ပေါ်လာပြီး သူ့၏ ဓားများကို အန်လင်း၏ လည်ပင်းဆီသို့ ကြောက်မက်ဖွယ် ခွန်အားဖြင့် ခုတ်ပိုင်းပစ်လိုက်လေ၏။
အန်လင်းက ထိုသည်ကြောင့် အနည်းငယ်တော့ ကြောင်အသွား၏။ နတ်သား၏ တိုက်ခိုက်မှုမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ္နိုင်ပေ၏။
အန်လင်းက တုန့်ပြန်သည့်အနေဖြင့် ချင်ချင်းပင် သူ့လည်ပင်းဆီသို့ တိုးဝင်နေသော အလင်းဓားဆီသို့ လက်တစ်ချောင်း ထုတ်လိုက်လေ၏။
အကွာအဝေး ခဲခြင်း။
ခွပ်...
နတ်သား၏ ပတ်လည်ရှိ နေရာလပ်မှာ ရုတ်တရက် အေးခဲသွားပြီး သူကိုယ်တိုင်ကလည်း အလွန်အစွမ်းထက်လှသော ချိတ်ပိတ် အားအင်ကြောင့် မလှုပ်ရှားနိုင် ဖြစ်သွားလေ၏။
ဤသည်က ခရမ်းကြယ်စင် အပျက်အစီးများမှအန်လင်း ရရှိခဲ့သော အကွာအဝေး ခဲခြင်းအမွေ ဖြစ်ပြီး ထိုသည်က သူ့အား သူ့ရှေ့မှ အရာအားလုံးကို အချိန်တိုလေး ချိ်တ်ပိတ်နိုင်သည့် စွမ်းအင်ကို ထုတ်နိုင်ရန် ခွင့်ပြုပေးလေ၏။
မရွေ့လျားနိုင်သော နတ်သားက အန်လင်းကို မျက်လုံးအပြူးသားနှင့် ကြည့်နေလေ၏။
မိစ္ဆာနတ်ဘီလူးက ဤမျှအထိအစွမ်းထက်မည်ဟု သူတစ်ခါမှ မတွေးခဲ့ မိပါပေ။
အန်လင်းက စကားလုံးများကို မဖြုန်းတီးတော့ပဲ မြေပြင်ပေါ်မှ နတ်သားကို အစွမ်းကုန် ရိုက်ချလိုက်လေ၏။
ဘုန်း...
နတ်သားက မြေပြင်ပေါ်သို့ အမြှောက်ဆံတစ်ခုကဲ့သို့ ပြုတ်ကျသွားပြီး အချင်းဝင် ၁၀မီတာရှိသော အပေါက်ကြီးတစ်ပေါက် ချန်ရစ်ထားခဲ့လေ၏။
နတ်သားက သွေးအပြည့် အန်ထုတ်လိုက်ပြီး ကြီးမားသော တွင်းပေါက်ကြီးထဲတွင် ခြေပစ်လက်ပစ်လဲနေပြီး အန်လင်း၏ ရိုက်ချက်ကြောင့် ဒဏ်ရာရသည်မှာ သိသာလှပေ၏။
အန်လင်းက လက်ချင်းယှဉ်တိုက်သည်မှာ ရှားလှသော်လည်း ထိုသည်က သူ့၏ အားနည်ချက်ဟူ၍ မဆိုလိုပါပေ။
မည်သို့ဆိုဆို သူက မြေကမ္ဘာကြာပန်းအထူးစွမ်းရည်တွင် ကျင့်ကြံခဲ့သော ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ေယာက်ဖြစ်လေ၏။ သူ့ထံမှ စွမ်းအားပြည့် လက်ဖဝါးကြီးတစ်ခုက အကာအကွယ်မဲ့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဒုက္ခိတ ဖြစ်သည်အထိ ရိုက်နှက်နိုင်ပေ၏။
အနက်ရောင် ရှိခိုးကောင်က မြေပြင်ပေါ်တွင် နစ်မြုပ်နေသောနတ်သားကို မယုံနိုင်စွာ ကြည့်လိုက်၏။ သို့သော် သူက သက်ပြင်းချခွင့် မရခင်မှာပင် တခြားသော အော်သံကျယ်ကြီးတစ်ခုက အဝေးမှ ထွက်ပေါ်လာလေ၏။
"မန်ဒယ် ငါကူညီပေးမယ်။"
အလွန်အမင်း ချောမာလှသော နတ်သားတစ်ယောက်က သူ့လက်ဖဝါးများတွင် မီးတောက်များ လည်ပတ်နေရင်းဖြင့် အန်လင်းဆီသို့ တိုးဝင်လာဘေ၏။
"ပြေး ဟားရစ်...။ မင်က သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။" မန်ဒယ်က သူနစ်မြုပ်နေသောတွင်းကြီးထဲမှ အလန့်တကြားအော်ဟစ်လိုက်လေ၏။
ဟားရစ်မှာ သွေးပူနေပြီး မန်ဒယ်၏ အကြံကို လုံးဝပင် လျစ်လျူရှုလိုက်လေ၏။ သူက အန်လင်းဆီသို့ ခုန်ဝင်လာကာ သူ့လက်တွင် လည်နေသော မီးတောက်များက ပေတစ်ထောင်ကျော် ရှိသော မီးတောင်နဂါးကြီးတစ်ခုအဖြစ် အန်လင်းရှေ့တွင် ဖြစ်တည်လာလေ၏။
"ဘုရားရေ... နောက်ထပ် မြင့်မြတ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ...။ ဒီဗဟိုမြို့တော်မှာ သူတို့က ဘယ်နှယောက်တောင် ရှိတာလဲ...။"
အနက်ရောင် ရှိခိုးကောင်က မီးတောက်နဂါးကို သတိအပြည့်နှင့် စိုက်ကြည့်နေလေ၏။
အန်လင်းက မီးတောက် နဂါးကို ဒေါသတကြီး ကြည့်လိုက်လေ၏။ "ဘုရားသခင်... မင်းတို့က ယဉ်ကျေးတဲ့ လူသားတွေလို စကားပြောလို့မရဘူးလား။ ငါက ဒီကို အပေးအယူလုပ်ဖို့ရောက်လာတာ။ တိုက်ခိုက်ဖို့ မဟုတ်ဘူး..."
သူက စိတ်ရှည်မှုအဆုံးအထိ ရောက်ရှိသွားကာ သူ့၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်လိုက်ပြီး မီးတောက်နဂါးဆီသို့ ထုတ်လွတ်လိုက်လေ၏။
အနက်ရောင်ဓားအလင်းတန်းက ကောင်းကင်နှင့် မြေကြီးကို အတန်ကြာအောင် မေှးမှိန်သွားစေပြီး မီးတောက်နဂါးကို လုံးဝပင် စုတ်ဖြဲပစ်လိုက်လေ၏။
အပြာရောင်လျှပ်စီးက အန်လင်း၏ လက်ချောင်းထိပ်များတွင် လည်ပတ်နေကာ သူ့၏ လက်ချောင်းကို ဟားရစ်ဆီသို့ ညွှန်ပြလိုက်လေ၏။
လျှပ်စီး ကြိုးကိုင် နည်းစနစ်...
လျှပ်စီး ကြိုးကိုင် နည်းစနစ်...
ဘုန်း...
အပြာရောင်လျှပ်စီးက လေထုပါးပါးမှ ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်ဖြင့် ဟားရစ်ဆီသို့ ပစ်ချလိုက်လေ၏။ သူ့၏ မျက်လုံးများက ချက်ချင်းပင် နောက်သို့ လှန်သွားကာ သူ့တစ်ကိုယ်လုံးက အနက်ရောင် မီးကျွမ်းသွားလေတော့သည်။
ဟားရစ်က ပါးစပ်ဖွင့်လိုက်သောအခါ အဖြူရောင် မီးခိုးငွေ့များ ထွက်လာပြီး သူ့ခန္ဓာကိုယ်က မြေထဲတွင် မြဲမြဲ စိုက်နေလေ၏။
"ကျူးကျော်လာသူကို သတ်ကြ။ မြင့်မြတ်အဆင့် သခင်တွေအတွက် ကလဲ့စားချေကြ။"
ဗဟိုမြို့တော်အတွင်းရှိ အစောင့်များ အားလုံးက အံ့ဖွယ်ရေအိုင်ဆီသို့ ရောက်လာကြပြီး သူတို့အားလုံးက အန်လင္းကို ဝိုင်းထားလိုက်ကြ၏။
ထိုနေရာတွင် နတ်သားများ၊ လူသားများနှင့် မဆုံးဖြတ်နိုင်သော မျိုးစိတ်များမှ အစွမ်းထက် သက်ရှိများရှိပေ၏။
အန်လင်းက ဝိုင်းရံထားသောအစောင့်များကိုကြည့်ကာ မျက်လုံးများ အေးစက်သွားပြီး ပြိုင်ဘက်ကင်း အံ့ဖွယ်ခွန်အား အာရုံတစ်ခုက ရွှေရောင် လှိုင်းငယ်များအဖြစ် ထိုးထွက်လာလေ၏။
အံ့ဖွယ် ခွန်အား နည်းစနစ်
အချင်းဝက် ပေထောင်ပေါင်းများစွာ အတွင်းမှ အစောင့်များ အားလုံးက ရွှေရောင်လှိုင်းငယ်များကြောင့် မူးဝေသွားကုန်တော့သည်။
ခြင်ကဲ့သို့ လေထဲတွင် ပျံသန်းနေကြသူများက တောင်ပံများ ကျိုးကာ ပါးစပ်မှ အမြှုပ်ထပြီး မြေပြင်သို့ ပြုတ်ကျကုန်ကြ၏။
"သန်မာလိုက်တာ... သခင် နတ်ဘီလူး အန်လင်း... မင်းက တကယ့်ကို မိစ္ဆာနတ်ဘီလူး ဧကရာဇ်ပါပဲ။" အနက်ရောင် ရှိခိုးကောင်က ချီးကျူးစကားဆိုလာလေ၏။
သူက အစောင့်များထဲတွင် အနည်းဆုံး အံ့ဖွယ် ဖြစ်တည်မှု ၁၀ယောက်နှင့် ကောင်းကင်ဘုံအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များ ၁၀၀ ကျော်ရှိသည်ကို အာရုံခံမိ၏။ ထိုသည်ပင်လျှင် သူတို့အားလုံးက အန်လင်း၏ အကြည့်တစ်ချက်တည်းဖြင့် ပြုတ်ကျကုန်၏။ ဤကဲ့သို့ စွမ်းအင် အမျိုးအစားမှာ အနက်ရောင် ရှိခိုးကောင်အတွက် အလွန် နက်နဲနေပေ၏။
ဤသည်က တစ်ကိုယ်လုံးတွင် အနက်ရောင်အမွှေးရှည်များ ရှိနေပြီး ကြမ်းတမ်းသော ခွန်အားအပေါ်တွင် မီခိုနေတတ်သော မိစ္ဆာနတ်ဘီလူးများထဲမှ တစ်ယောက်မဟုတ်ပါပေ။ ဤသည်က ပိုမို အသက်ပုံစံမြင့်မားသော မိစ္ဆာနတ်ဘီလူးများ၏ အရှင်သခင်ပင် ဖြစ်ပါ၏။
မြင့်မြတ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦးပင်လျှင် အန်လင်းလက်ထဲသို့ ကျရောက်သွားပြီး သူနှင့် ယှဉ်နိုင်သူ တစ်ေယာက်မှပင်မရှိပါချေ။
အန်လင်းမှာ မြို့တော်တစ်ခုလုံးကို တစ်ယောက်တည်းနှင့် အမှုန့်ချေပစ်လိုက်ပြီး ဖြစ်၏...။ ဤသည်က အမှန်တကယ်ပင် တစ်ကိုယ်တည်း ဖြိုဖျက်ခြင်းလုပ်ငန်း ဖြစ်လေ၏။
အနက်ရောင် ရှိခိုးကောင်က နတ်ဘီလူးအန်လင်းမှာ ဤကမ္ဘာကို အုပ်ချုပ်နိုင်သည်ဟု ခံစားလိုက်ရ၏။
ထိုသည်က သူ့၏ သစ္စာစောင့်သိမှုကို ပြရန် တခြားစကားလုံးများ ပြသရန် လိုသည်ဟု ခံစားရလေ၏။ နတ်ဘီလူးအန်လင်းမှာ သူ့အား ညာလက်ရုံးခန့်ကာ ဆုချပေလောက်၏...။
အနက်ရောင် ရှိခိုးကောင်၏ စိတ်ထဲတွင် ချက်ချင်းပင် တိုက်ပွဲ စိတ်ဆန္ဒများ ပြည့်နှက်သွားလေ၏။
ထိုသည်က မြေပြင်ပေါ်ရှိ အပြင်းအထန် ဒဏ်ရာရနေသော ြမင့်မြတ်အဆင့် ဖြစ်တည်မှုများဆီသို့ ပျံသန်းလာကာ အေးစက်စက် လှောင်ပြုံးတစ်ခုဖြင့် သူ့၏ တံစဉ်းနှစ်ခုကို ဝေ့ယမ်းလိုက်လေ၏။ "မင်းတို့က အခု လက်နက်ချရင် ကောင်းမယ်။ နတ်ဘီလူး အန်လင်းက အတော်လေး ကျိုးကြောင်းဆီလျော်တယ်။ မင်းတို့က သူ့နဲ့ ပူးပေါင်းရင် သတ်မှာမဟုတ်ဘူး။ အဲ့လိုမှ မဟုတ်ရင်... ငါက ငါ့ရဲ့ ကိုယ်ပိုင် တံစဉ်းနှစ်ခုနဲ့ မင်းတို့ရဲ့ ခေါင်းတွေကို ဖြတ်ပစ်မယ်။"
မြင့်မြတ်အဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးအား ဤကဲ့သို့ ပြောနိုင်သည်မှာ အံ့ဩဖွယ် ကောင်းလှ၏။
ဝှစ်...
အလင်းမြှားတစ်ခု လေထုကို ဖြတ်သန်းလာကာ ချက်ချင်းပင် အနက်ရောင် ရှိခိုးကောင်၏ ရင်ဘတ်သို့ ထိုးစိုက်သွားလေ၏။
မြှားမှာ အလွန်လျင် မြန်စွာ လေထုကို ဖြတ်သန်း လာကာ အနက်ရောင် ရှိခိုးကောင်က တုန့်ပြန်ရန်ပင် အချိန်မရပါေပ။
အနက်ရောင် ရှိခိုးကောင်က သူ့ရင်ဘတ်မှ အပေါက်ကို ငုံ့ကြည့်ကာ အဝေးတွင် လှဲနေသော မန်ဒယ်နှင့် ဟားရစ်ကို စိုက်ကြည့်လိုက်လေ၏။
သူတို့နှစ်ဦးစလုံးမှာ သေဆုံးနေသော ငါးအစုံကဲ့သို့ လုံးဝ မလှုပ်ကြပါပေ။ သို့ဖြစ်၍ ထိုသည်က သူတို့ပစ်လိုက်ြခင်း မဟုတ်ကြောင်း ထင်ရှားနေပေ၏။
အဲဒါဆို ဘယ်သူလဲ။
အနက်ရောင် ရှိခိုးကောင်လည်း မသိပါပေ...။
ငါ ဒီလိုပဲ သေတော့မှာလား။
သူက နတ်ဘီလူး အန်လင်းနှင့်အတူ ကမ္ဘာကြီးကို ကြည့်ရှုခွင့် မရလိုက်ပါပေ။ သူက ဤသို့ပင် မည်သို့ သေဆုံးရမည်နည်း။
အနက်ရောင် ရှိခိုးကောင်၏ ရင်ဘတ်မှ ဒဏ်ရာမှာ မဆုံးဖြတ်နိုင်သော စွမ်းအားတစ်ချို့၏ ခွန်အား၏အောက်တွင် ဆက်လက် ကျယ်ပြန့်လာလေ၏။
"ဗဟိုမြို့တော်ကို ကျူးကျော်လာသူတွေ အားလုံး သေကိုသေရမယ်။"
--------------