← Chapters

မြင့်မြတ် နတ်သမီး

Vol. 35 Ch. 482

မြင့်မြတ် နတ်သမီး

Vol. 35 Ch. 482

အနက်ရောင် ရှိခိုးကောင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အလင်းမှုန်လေးများအဖြစ် လွင့်စင်သွားလေ၏။

ထိုသည်ကိုမြင်ပြီး အန်လင်းက တစ်ကိုယ်လုံးတောင့်တင်းသွားကာ တစ်ခုသော နေရာသို့ လှည့်ကြည့်လိုက်လေ၏။

တစ်ကီလိုမီတာခွဲခန့် အဝေးတွင် ရွှေရောင်ဆံပင်၊ မျက်လုံးစိမ်းများဖြင့် နတ်သမီးတစ်ယောက် ရပ်နေလေ၏။ သူမက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ၏ တစ်ဝက်တစ်ပျက်မြင်နိုင်သော ရွှေရောင် တောင်ပံများက ပြန့်ကားနေကာ သူမ၏ လက်ထဲတွင် ရွှေရောင် ဓားရှည်ကို ကိုင်ကာ ကြောင်မက်ဖွယ် အရှိန်ဖြင့် အန်လင်းဆီသို့ ပျံသန်းလာလေ၏။

ဤနတ်သမီးမှာ အလွန်အစွမ်းထက်သည့် အော်ရာရှိပြီး ထိုသည်က ရှေ့မှ မြင့်မြတ်အဆင့်နတ်သားနှစ်ဦးနှင့် အမျိုးအစားတူညီပြီး ပမာဏအများကြီး ဖြစ်လေ၏။

ပြောပြရမည်ဆိုပါက ထိုသည်က ရေအိုင်နှင့် သမုဒ္ဒရာကြားမှ ခြားနားချက်ကဲ့သို့ပင်။

ဟားရစ်နှင့် မန်ဒယ်တို့၏ စိတ်ဝိညာဉ်များက နတ်သမီးကို မြင်သောအခါ ချက်ချင်း တက်ကြွသွားလေ၏။ "အဲဒါက သန့်စင် နတ်သမီးပဲ။ ငါတို့ကို လာကယ်တာ။"

တစ်ချိန်တည်းမှာပင် အံ့ဖွယ် ခွန်အား နည်းစနစ်ကြောင့် တိုက်ခိုက်နိုင်စွမ်း ပျောက်ဆုံးသွားသောအစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးက သိသာလှသော လွှမ်းမောမှု၊ လေးစားမှုများဖြင့် ကောင်းကင်သို့ ကြည့်နေကြလေ၏။

"အဲဒါ မြင့်မြတ် နတ်သမီးပဲ။ အရှင်မက နတ်ဆိုး နဂါးကို သုတ်သင်ပြီး ပြန်လာပြီ။"

အရှင်မမှာ မဖော်ပြနိုင်လောက်အောင် အစွမ်းထက်ပြီး မိစ္ဆာနတ်ဘီလူးကြီးက မည်မျှပင် သန်မာသော်လည်း သေချာပေါက် သေဆုံးမည်ဖြစ်သည်။

...

အန်လင်းက နတ်သမီး သူ့ဆီသို့ ပျံလာသည်ကို ကြည့်ကာ ချက်ချင်းပင် သူ့၏ ရည်ရွယ်ချက်များကို ရှင်းလင်းစေလိုက်၏။ "ခဏလေး၊ ငါက ဒီကို တိုက်ခိုက်ဖို့ ရောက်လာတာမဟုတ်ဘူး။ ငါက သဘောတူမှုတစ်ခုကို ညှိနှိုင်းဖို့ ရောက်လာတာ။"

"မိစ္ဆာနတ်ဘီလူးကြီးက စကားပြောတတ်တယ်လား...။" နတ်သမီးက သိသိသာသာပင် တုံ့ဆိုင်းနေပြီး သူ့မ၏ အမူအရာများက ပို၍ဝမ်းနည်းလာလေ၏။ "သူ့ကြည့်ရတာ လူနဲ့တူတယ်...။ သူက ဘယ်လိုလုပ်ပြီး သန္ဓေပြောင်း မိစ္ဆာနတ်ဘီလူးဖြစ်နိုင်မှာလဲ။ ငါက သေချာပေါက် သူ့လို သတ္တဝါတစ်ကောင်ကို ဒီကမ္ဘာပေါ်မှ အသက်ရှင်လျှက် လျှောက်မလွတ်ထားနိုင်ဘူး။"

အန်လင်း : "..."

နတ်သမီး၏ သတ်ဖြတ်ခြင်း ဆန္ဒမှာ ပို၍ပင် အစွမ်းထက်လာကာ သူမလက်ထဲမှ ရွှေရောင်ဓားရှည်က တိမ်တိုက်များကို ဖြတ်သန်းထိုးဖောက်သွားသည့် ကြီးမားသော ကီလိုမီတာ ရှည်လျားသည့် ဓားတစ်ခုအဖြစ် ကျယ်ပြန့်လာလေ၏။

"ဒီဟာပဲ။ အဲဒါက အရှင်မရဲ့ မြင့်မြတ်နဂါးနှိမ်နင်းဓားပဲ။ မြင့်မြတ်ဓားက ကြောက်မက်ဖွယ် မြင့်မြတ်စွမ်းအားနဲ့ ပြည့်နေပြီးတော့ တောင်တွေကိုတောင် တစ်ချက်တည်းနဲ့ အမှုန့်ချေပစ်နိုင်တယ်။" မလှုပ်ရှားနိုင်သော အစောင့်တစ်ဦးက ဆိုလိုက်၏။

ရွှေရောင်ဓားရှည်က ကြောက်မက်ဖွယ်စွမ်းအားဖြင့် လေထုကို ဖြတ်သန်းကာ အန်လင်းအပေါ်သို့ ဆင်းသက်လာလေ၏။

အန်လင်းက သူ့၏ စစ်နတ်ဘုရား ဓားချက် ခြောက်ချက်ကို အသုံးပြုကာ အော်ဟစ်လိုက်ပြီး ကြီးမားသော အနက်ရောင်ဓားအလင်းတန်းကို ထုတ်လိုက်လေ၏။

ဘုန်း...

ဖျက်ဆီးစေတတ်သော ဓားအလင်းတန်းနှစ်ခုက ကျယ်လောင်လှသည့် အသံကြီးတစ်ခုနှင့် တိုက်မိပြီး မြေကြီးကို အက်ကွဲသွားစေ၏။

အန်လင်းမှာ ပေါက်ကွဲလှိုင်း၏ အားအင်ကြောင့် နောက်သို့ လန်ကျသွားပြီး နတ်သမီးသည်လည်း မျက်နှာထက်တွင် အံ့ဩဟန်အပြည့်နှင့် လေထဲသို့ ပျံကျသွားလေ၏။

သူတို့နှစ်ဦးမှာ ခတ္တမျှ ရပ်တန့်သွားပြီး ထပ်မံတိုက်ခိုက်ကြပြန်၏။

ဘုန်း ဘုန်း ဘုန်း...

ကြောက်မက်ဖွယ် ပေါက်ကွဲလှိုင်းများက ထိုးထွက်လာကာ အချင်းဝက် မီတာတစ်ရာအတွင်းရှိ မြေပြင်ကို အမှုန့်ခြေပစ်လိုက်၏။ မြေပြင်ပေါ်မှ အစောင့်များ အားလုံးက လေထဲမှ ဖြာထွက်နေသော စွမ်းအားကို မခံနိုင်ပဲ သွေးအပြည့်အန်လိုက်ကြ၏။

အန်လင်းနှင့် နတ်သမီးမှာ လေထဲတွင် ထပ်မံတိုက်ခိုက်ကြပြန်၏။ သူတို့၏ ထိခတ်မှုတစ်ခုစီတိုင်းမှာ မိုးခြိမ်းသံများကဲ့သို့ ဖြစ်နေပြီး ပေါက်ကွဲသံများ ထုတ်လွတ်နေလေ၏။

အန်လင်းက ဤမျှအထိ အသည်းအသန် မတိုက်ခိုက်ရသည်မှာ ကြာနေပြီဖြစ်၏။ ထိုသည်က သူ့၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံးက တက်ကြွလာသကဲ့သို့ပင်။ သို့ဖြစ်၍ တိုက်ပွဲ တိုးတက်လာသည်နှင့် အမျှ သူ့၏ တိုက်ခိုက်မှုများက ပိုပို၍ အစွမ်းထက်လာလေ၏။

သူက နတ်သမီးအား ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော စွမ်းအားထုတ်လွှတ်နိုင်မည်ဟု မထင်ထားပါပေ။

သူမ၏ စွမ်းအားက သူမကို ငလက်မကမ္ဘာတွင် မကျော်လွှားနိုင်အောင် ပြုလုပ်ပေးသော်လည်း သူမက ဤကမ္ဘာကို သိမ်းပိုက်ရန် မပြုလုပ်ခဲ့ပါပေ။ ထိုအစား သူမက ဗဟိုမြို့တော်တွင် သီးခြားနေရန် ရွေးချယ်လိုက်၏။ အန်လင်းက ဤကဲ့သို့ ပြုလုပ်နိုင်ရန် မည်သည်က သူမကို တွန်းအားပေးသည်ကို သိချင်လာပေ၏။

"အလင်းတစ်ထောင် မိုး..." နတ်သမီး လက်ထဲရှိ ရွှေရောင်ဓားရှည်မှာ ရုတ်တရက် တစ်မီတာ အလျားရှိသော အလင်းဓားတစ်ထောင်အဖြစ် ပြောင်းသွားလေ၏။ သူတို့က လေထဲတွင် မျောနေပြီး အန်လင်းအပေါ်သို့ အဆုံးမရှိ အားအင်ဖြင့် အန်လင်အပေါ်သို့ ရွာချလိုက်လေ၏။

အန်လင်းက သူ့၏ လေတောင်ပံကို ဖြန့်ကျက်ကာ အလွန်မြန်ဆန်သော လှုပ်ရှားမှုနည်းလမ်းများဖြင့် အလင်းဓားမုန်တိုင်းကို ရှောင်လိုက်၏။ ထို့နောက် သူ့၏ လေတောင်ပံနည်းစနစ်ကို ထုတ်လွှတ်လိုက်ကာ နတ်သမီးအား အဖြူရောင်လိုင်းဖြင့် ခုတ်ပိုင်းလိုက်လေ၏။

နတ်သမီးမှာ သူမျှော်မှန်းထားသည်ထက်ပင် ပိုမြန်ဆန်လေ၏။ သူမ၏ တောင်ပံများမှ ရွှေရောင်အလင်းက ရုတ်တရက် ထိုးထွက်လာ၍ သူမက အကွာအဝေး ကြိုးကိုင်ခြင်းနှင့် ဆင်သော စွမ်းအားကို အသုံးပြုကာ အန်လင်း၏ တိုက်ခိုက်မှုကို ၁ မီတာအထိ နောက်ဆုတ်ကာ ရှောင်လိုက်နိုင်လေ၏။

"ဟားဟားဟား... ထပ်ပြီးတော့လား။" အန်လင်းက နတ်သမီးဆီသို့ ထပ်မံ ခုန်အုပ်ကာ ရယ်မောလိုက်လေ၏။

နတ်သမီး၏ ရှုပ်ထွေးလှသော သွင်ပြင်များက အနည်းငယ် ဖြူဖျော့နေသော်လည်း သူမက အံတင်းတင်းကြိတ်ထားဆဲဖြစ်ကာ အန်လင်းဆီသို့ ပြေးဝင်သွားလိုက်၏။

သူတို့၏ တိုက်ခိုက်မှုမှာ ငါးကီလိုမီတာကျော်အထိ ဖြာထွက်နေသော ပေါက်ကွဲလှိုင်းများကို ဖန်တီးပေးနေသော ကမ္ဘာမြေ အက်ကွဲစေသည့်အရာပင်ဖြစ်၏။

ဗဟိုမြို့တော်တစ်ခုလုံးက လေပြင်းများနှင့် လွှမ်းခြုံခံထားရပြီး မြေပြင်ပေါ်မှ လူတိုင်းက သူတို့အထက်မှ တိုက်ပွဲကို ကြောက်ရွံ့အံ့ဩစွာ ကြည့်နေလေ၏။ ယခုတွင်မှ သူတို့၏ မြင့်မြတ်အရှင်မက မည်မျှအထိအစွမ်းထက်သည်နှင့် မိစ္ဆာနတ်ဘီလူးက မည်​မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သွားလေ၏။

"ကြမ်းတမ်းတဲ့ မိစ္ဆာနတ်ဘီလူး ငါဒီနည်းစနစ်ကို အသုံးပြုပြီး နင့်ရဲ့ ဘဝကို အဆုံးသတ်ပေးမယ်။" နတ်သမီးက သူမ၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ရာ ရွှေရောင်သွေးများက သူမ၏ ဒဏ်ရာမှ စီးကျလာပြီး လေထဲတွင် ပေါလေပေါ်နေလေ၏။

"အကျွနု်ပ်က ကျွနု်ပ်၏ သွေးကို မြင့်မြတ်ဓားကို ပူဇော်သည့်အနေဖြင့် ပေးအပ်ပါမည်။"

သူမ၏ အော်သံတိုးတိုးနှင့်အတူ ရွှေရောင်သွေးက မြင့်မြတ်ဓားထဲသို့ စီးဝင်သွားလေ၏။

"ဟေး... ငါက ဒီကို အပေးအယူတစ်ခု ညှိချင်လို့ လာတာ။ သေအောင် တိုက်ခိုက်ဖို့ မဟုတ်ဘူး။"

"ငါဒီမှာ ဘယ်သူ့ကို သတ်တာ နင်တွေ့လို့လဲ။ မတွေ့ဘူးလေ။ ငါ သူတို့ထဲက တစ်ယောက်လေးတောင် မသတ်ရသေးဘူး။ ငါ့လို ငြင်သာတဲ့ နတ်ဘီလူး နင်တွေ့ဖူးလား။" အန်လင်းမှာ နတ်သမီးက သူမ၏ အဆုံးသတ် တိုက်ကွက်ကို ထုတ်လိုက်သည်ကို မြင်သောအခါ အတော်လေး စိတ်ပျက်သွားလေ၏။ သူက ထိုအချက်ကို သူမအား အလျင်အမြန်ပင် ထောက်ပြလိုက်၏။

မြင့်မြတ်နတ်သမီးက သူ့စကားများကို တွေးတောနေသကဲ့သို့ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။

ထိုအချိန်မှာပင် သူမ၏ အစိမ်းရောင် မျက်လုံးများက ရုတ်တရက် အနက်ရောင် ပြောင်းသွားပြီး အနက်ရောင် မြူခိုးတစ်ခုက သူမ၏ ခန္ဓာကိုယ်ငယ်လေးမှ စတင်မြင့်တက်လာလေ၏။

"အားး..."

မြင့်မြတ်နတ်သမီး အရှင်မက နာနာကျင်ကျင် ငိုကြွေးသံတစ်ခု ထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။

သူမ၏ ရွှေရောင်ဓားသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျကာ ပေတစ်ထောင်​ကျော် အလျားရှိသော တွင်းကြီးတစ်ခုကို ပိုင်ဖြတ်ပစ်လိုက်၏။

အန်လင်းက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်လေ၏။ ဘာတွေ ဖြစ်နေတာလဲ။

သူက မြင့်မြတ်အပျိုစင်နတ်သမီးဆီသို့ လျင်မြန်စွာ သွားလိုက်ပြီး သူမကို လက်ထဲတွင် ဖမ်းထားလိုက်လေ၏။

"ဟေး... နင် ဘာဖြစ်တာလဲ။" အန်လင်းက သူမ၏ ခေါင်းကို ငြင်သာစွာ ပုတ်လိုက်၏။

"ကောင်စုတ်...။ ငါ့...ငါ့ကိုချက်ချင်း လွတ်ပေးစမ်း...။" မြင့်မြတ်အပျိုစင် နတ်သမီးက အန်လင်း၏ လက်ဖဝါးထဲတွင် ပြင်းပြင်းထန်ထန် ခါယမ်းကာ သူမ၏ မျက်လုံးများက အစိမ်းနှင့် အနက်ကြားတွင် ပြောင်းနေပြီး အနက်ရောင် မီးခိုးများက သူမ၏ ခန္ဓာကိုယ်မှ ထွက်လာပြီး တဖြည်းဖြည်း ဦးခေါင်းခွံငယ်လေးများအတန်းလိုက် ဖြစ်ပေါ်လာလေ၏။

အန်လင်းက မျက်မှောင်ကြုပ်လိုက်၏။ "ဒီအော်ရာ... အဲဒါက နိမိတ်ဆိုးမာရ်နတ်တစ်ကောင်ရဲ့ အော်ရာနဲ့ အရမ်းကို တူတယ်။ အဲဒါက ဖရိုဖရဲဖြစ်ပြီး သက်ရှိတစ်ကောင်အား ဆိုးယုတ်ခြင်းအဖြစ်သို့ လျော့ချနိုင်သော အဆိုးမြင် စိတ်ခံစားချက်များဖြင့် ပြည့်နေတာ...။ ဒါပေမဲ့ တခြား နိမိတ်ဆိုးမာရ်နတ်တွေရဲ့ အော်ရာရဲ့ ထူးခြားတဲ့ ပိုင်ဆိုင်မှုတွေနဲ့တော့ မတူပြန်ဘူး။ အဲဒါတွေက ကမ္ဘာကြီးထဲမှာ ပျောက်ကွယ်သွားပြီလေ။"

"နင် ဘာတွေ ပြောနေတာလဲ...။ ဒီဟာက နတ်ဆိုးနဂါးက မသေခင် ငါ့ကိုပေးခဲ့တဲ့ ကျိန်စာလေ။"

နတ်သမီး၏ မျက်ခုံးများက တင်းတင်းကြပ်ကြပ် စုကြုံ့သွားကာ အံတင်းတင်းကြိတ်ရင်း ​ခက်ခက်ခဲခဲ စကားပြောနေလေ၏။

သူမက အန်လင်းက သူမအပေါ် မကောင်းသော စိတ်ဆန္ဒမရှိသည်ကိုလည်း ထောက်လှမ်းမိ၍ သူက ဖြေရှင်းချက်တစ်ခု ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကာ သူမ၏ သေလုနီးပါးအခြေအနေကို ပြောပြလိုက်လေ၏။

အန်လင်းက ရုတ်တရက် သဘောပေါက်သွား၏။ သူက မြင့်မြတ်အပျိုစင်နတ်သမီးက နတ်ဆိုးနဂါးကို နှိမ်နင်းသည့်အကြောင်းကို ပြောနေသည်အား ကြားခဲ့၏။ ကြည့်ရသည်မှာ သူမက ထိုတိုက်ပွဲအတွင်း ဒဏ်ရာရလာပုံပင်...။

အန်လင်းမှာ ဤမီးခိုးနက်များ ထွက်နေသောစွမ်းအားဖြင့် အတော်အတန် အတွေ့အကြုံရှိလေ၏။ ဤကဲ့သို့ စွမ်းအင် အမျိုးအစားမှာ သန့်စင်သော ယင်စွမ်းအားကို အလွန်ကြောက်လေ၏။ ဤသည်က ရှောင်ဟုန်က သူမ၏ ရွှေရောင်အလင်းကို နိမိတ်ဆိုး မာရ်နတ်၏စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲမှ ထုတ်ရန်အတွက် တစ်ကြိမ်အသုံးပြုပြီးနောက် ပို၍ သိသာလာ၏။

မြင့်မြတ်ဗာမီလီယမ် မီးတောက်နှင့် ဗာမီလီယမ်ငှက် သွေးမျိုးဆက်ကို သန့်စင်ပြီးနောက် အံ့ဖွယ် မီးတောက်လေးခုမှာ အလွန်ပင် တိုးတက်လာသော အံ့ဖွယ်မီးတောက်များဖြစ်လာကာ မြင့်မြတ်မီးတောက်များအဖြစ်သို့ မကြာမီပင် တိုးတက်လာလေ၏။ သူက သူ့၏ အံ့ဖွယ်မီးတောက်များမှာ ဤကဲ့သို့ အနက်ရောင်စွမ်းအားများဖြင့် ရင်ဆိုင်ရန် ပြဿနာမရှိဟု ခံစားလိုက်ရ၏။

"လုပ်လေ။ မီးတောက်တစ်ခု ရွေးလိုက်။" အန်လင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်၏။

"ဘာကြီး။" မြင့်မြတ် အပျိုစင်နတ်သမီးက ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေကာ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေဟန် ပေါ်လေ၏။

"ကြယ်မိစ္ဆာ မီးတောက်၊ မြင့်မြတ် သန့်စင်မီးတောက်၊ လရောင် ရှုခင်းမီးတောက်၊ ကောင်းကင်ဘုံဟာလာပြင် မီးတောက်။ ငါက အဲ့မီးတောက်တွေထဲက တစ်ခုကို နင့်ကို ရှို့ဖို့ အသုံးပြုတော့မှာ။ အဲ့တော့ နင့်ကို ဘယ်ဟာနဲ့ အရှို့ခံချင်လဲဆိုတာ ရွေးဖို့ အခွင့်အရေးပေးနေတာ။ ငါ့ရဲ့ ကိုယ်ပိုင်အကြံပေးချက်ကတော့ မြင့်မြတ်သန့်စင်မီးတောက်ပဲ။ အဲဒါက အကောင်းဆုံး အကျိုးသက်ရောက်မှုရှိနိုင်တယ်။" အန်လင်းက ဆိုလိုက်၏။

မြင့်မြတ် အပျိုစင် နတ်သမီး : "..."

"နင်က ငါဘယ်မီးတောက်နဲ့ မီးသင်္ဂြိုလ်စေချင်လဲဆိုတာ ရွေးခိုင်းနေတာလား။" မြင့်မြတ်အပျိုစင် နတ်သမီး၏ မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလာလေ၏။

"ကျိန်စာက နင့်ကို ငတုံးဖြစ်အောင် လုပ်လိုက်တာလား။ ငါက နင့်ခန္ဓာကိုယ်ထဲက ကျိန်စာကို ပြယ်အောင် ဘယ်မီးတောက်သုံးချင်လဲ ဆိုတာ မေးနေတာ။" အန်လင်းက သူ့နှုတ်ခမ်းများကို ကိုက်လိုက်၏။

မြင့်မြတ် အပျိုစင်နတ်သမီး၏ ရင်ဘတ်မှာ တင်းကြပ်သွားပြီး ဒေါသဖြင့် ပြန်ဖြေလိုက်၏။ "ငါက သေခါနီးရောက်နေတာကို နင်က ငါ့ကိုယ်ငါအတွက် ကုသနည်းကို လာရွေးခိုင်းနေသေးတာလား။ အချိန်ဆိုတာ အရေးအကြီးဆုံးပဲ ဆိုတာနင်မသိဘူးလား။ လူနာဆိုတာ ဆရာဝန်ဘာပြောပြော နားထောင်သင့်တယ်ဆိုတာ နင်မသိဘူးလား။ ဒီမှာ တုံးတာက ဘယ်သူများလဲ။"

ဤကိစ္စတွင် အန်လင်း၏ အတွေးက မတူပါပေ။ သူက စိတ်ရှည်စွာ ပြန်ပြောလိုက်၏။ "ငါက ငါ့ရဲ့လူနာကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီး လေးစားချင်တဲ့ ဆရာဝန်ပဲ။"

မြင့်မြတ်အပျိုစင် နတ်သမီး : "..."

"အဲဒါဆို... ငါက ခရမ်းရောင် မီးတောက်ကို ရွေးမယ်..." မြင့်မြတ်အပျိုစင် နတ်သမီးက သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေကာ ကြယ်မိစ္ဆာမီးတောက်ကို ညွှန်ပြလိုက်လေ၏။

ခရမ်းရောင်မီးတောက်မှာ ကြယ်၏အလင်း ပါဝင်နေပုံရပြီး ထူးခြား၍ စိတ်ကူးယဉ္ ဆန်သော အလှ ရှိလေ၏။ သူမက ဤကဲ့သို့ လှပသော မီးတောက်ဖြင့် မီးသင်္ဂြိုလ်ခံရပါက စိတ်မရှိလောက်ပါပေ။

အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ သူမက ခုဏကပဲ လူနာတွေက ဆရာဝန်ဘာပြောပြော နားထောင်သင့်တာလို့ ပြောလိုက်တာမဟုတ်ဘူးလား။

သူမက သူအကြံပြုသော မြင့်မြတ်သန့်စင်မီးတောက်ကို သူ့-င်ထဲထည့်ထားရန် ပြောနေသည်လား။

အချိန်က အကုန်မြန်လေ၏။ သူက သူ့၏ အကြမ်းစား အံ့ဖွယ်မီးတောက်လေးခုက အလုပ်ကို လုပ်မည်မှာ သေချာ၍ မြင့်မြတ်အပျိုစင် နတ်သမီး၏ တောင်းဆိုချက်ကို သဘောတူကာ ချက်ချင်းပင် သူ့၏ ကြယ်မိစ္ဆာမီးတောက်ကို အသက်သွင်းလိုက်လေ၏။

သူက ကြီးမားလှသော လက်ချောင်းတစ်ချောင်းကို မြင့်မြတ်အပျိုစင်နတ်သမီး၏ ဝမ်းဗိုက်ဆီသို့ ဖိချလိုက်ပြီး ကြယ်မိစ္ဆာမီးတောက်က သန့်စင်သောယင်စွမ်းအင်သို့ ပြောင်းသွားပြီး မြင့်မြတ်အပျိုစင်နတ်သမီး၏ ဝမ်းဗိုက်ထဲသို့ စီးဝင်သွားလေ၏။

သူက စွမ်းအင် ထိုးသွင်းမှုကို ထိန်းချုပ်ရန်ကြိုးစားကာ သူ့၏ မီးတောက်စွမ်းအင်က မြင့်မြတ်အပျိုစင် နတ်သမီးကို မနာကျင်စေရန် သေချာစေလိုက်၏။

အနက်ရောင် စွမ်းအင်က အံ့ဖွယ်မီးတောက်ဖြင့် ထိလိုက်သည်နှင့် တရှဲရှဲမြည်ကာ အမြှုပ်ထသွားပြီးနောက် ထွက်ပြေးရန် ကြိုးစားလေ၏။

"ဟင်..." မြင့်မြတ်အပျိုစင်နတ်သမီး၏ ပါးများက အတော်လေး ရဲလာပြီး သူမက ငြီးငြူကာအသက်ရှုပြင်းလာလေ၏။

အဲဒါက အလုပ်ဖြစ်တယ်။

အန်လင်း၏ မျက်လုံးများက အရောင်တောက်သွားကာ ချက်ချင်းပင် သူ့၏ စွမ်းအားထွက်နှုန်းကို တိုးလိုက်လေ၏။

--------------

All Chapters