← Chapters

ထင်မြင်ချက်ကောင်းတစ်ခု မည်သို့ ပြုလုပ်ရမည်နည်း

Vol. 35 Ch. 483

ထင်မြင်ချက်ကောင်းတစ်ခု မည်သို့ ပြုလုပ်ရမည်နည်း

Vol. 35 Ch. 483

"​အ... ​အရှိန်လျော့ပါအုံး..."

မြင့်မြတ် အပျိုစင် နတ်သမီးက နူးနူးညံ့ညံ့ ငြီးတွားကာ သူမ၏ ဖြူဖြူဖွေဖွေး လက်မောင်းများကို ရင်ဘက်တွင် ပိုက်ထားပြီး မျက်လုံးများက တင်းတင်းပိတ်ထားသည်မှာ အလွန်နာကျင်နေမှုကို သည်းခံနေသည့်ပုံပင်။

"နာတာကို သည်းခံလိုက်။ ကျိန်စာရဲ့ စွမ်းအားက ခေါင်းမာတယ် အဲ့တော့ ငါက ငါ့စွမ်းအင်တွေကို ပိုထုတ်ပေးရမှာ။"အန်လင်းက အနက်ရောင် စွမ်းအင်မှာ နောက်ဆုတ်ကာ မြင့်မြတ်အပျိုစင် နတ်သမီး၏ ခန္ဓာကိုယ်အား အစွမ်းကုန် ဖြန့်ကျက်နေလေ၏။ ထို့ပြင် သူ့၏ ကြိုးစားမှုကို ဆန့်ကျင်ရန် ကြိုးစားနေသော စိတ်ဖြတ်တောက်ခြင်း စွွမ်းအင်တစ်ခုသည်ပင် ရှိလေ၏။

"မြင့်မြတ်အပျိုစင်ကို ချက်ချင်း လွတ်လိုက်စမ်း ဆိုးသွမ်းတဲ့ သားရဲကောင်။"

မန်ဒယ်နှင့် ဟားရစ်တို့က အန်လင်းနှင့် နတ်သမီးကြားမှ စကားများကို မကြားနိုင်သော်လည်း မြင့်မြတ်အပျိုစင် နတ်သမီး၏ မျက်နှာထက်ရှိ နာကျင်နေသော အမူအရာကို မြင်နိုင်လေ၏။ သူတို့မှာ အန်လင်းက မကောင်းသော လုပ်ရပ်များ လုပ်ဆောင်နေသကဲ့သို့ ချက်ချင်းပင် အန်လင်းဆီသို့ တိုးဝင်လာလေ၏။

"သွားစမ်းပါ။" အန်လင်း၏ သိုလှောင်လက်စွပ်က လင်းလက်လာပြီး ဂမ်ဒမ် နှစ်​ကောင် ပေါ်လာလေ၏။

ဟားရစ်နှင့် မန်ဒယ်တို့၏ အသက်ရှုသံက တုံ့ဆိုင်းသွားကာ သူတို့ရှေ့တွင် ပေါ်လာသည့် ကြီးများလှသော စက်ပစ္စည်း ရုပ်သေးရုပ်များကို စိုက်ကြည့်နေကြလေ၏

ထို့နောက် သူတို့မှာ သူတို့ဆီသို့ ပျံလာသော ငွေရောင် လက်ဖဝါးနှစ်ခု၏ မြင်ကွင်းဖြင့် မိတ်ဆက်ခံလိုက်ရ၏။

ခွမ်း ခွမ်း...

မြင့်မြတ်အဆင့် အစွမ်းထက် နှစ်ဦးက အမြှောက်ဆံ တစ်စုံကဲ့သို့ မြေပြင်ပေါ်သို့ ထပ်မံ ရိုက်ချခံလိုက်ရလေ၏။

အန်လင်း၏ ကျိန်စာထုတ်ခြင်းမှာ အလွန်အရေးကြီးသည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက အမှောင်စွမ်းအား၏ အဆီအနှစ်ကို မြင့်မြတ်အပျိုစင်နတ်သမီး၏ ခန္ဓာကိုယ်အတွင်း တစ်နေရာသို့ တွန်းပို့ထားပြီးဖြစ်သည်။ သူမခန္ဓာကိုယ်အတွင်းရှိ ကျိန်စာများကို ဖျက်ဆီးလိုက်ပါက သူမ၏ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးနိုင်ခြေ မြင့်မားလေ၏။  ထို့ကြောင့် သူမခန္ဓာကိုယ်ထဲမှ စွမ်းအင်ကို အပြင်ဘက်သို့တွန်းအားပေးပြီးမှ အမြစ်ပြတ်စေတာပိုကောင်းလေ၏။

"မြန်မြန်၊ ပါးစပ်ဖွင့်ပာလိုက် နတ်သမီးလေး။" အန်လင်းက ရုတ်တရက် တိုက်တွန်းလိုက်၏။

မြင့်မြတ်သန့်စင် အပျိုစင်နတ်သမီးက သူ့၏ ညွှန်ကြားချက်ကို ကြားပြီးနောက် မျက်လုံးတောက်တောက်တစ်စုံကို ဖွင့်လိုက်လေ၏။ သူမ၏ မျက်လုံးများက မူရင်း အစိမ်းအရောင်သို့ ပြန်ပြောင်းသွား၍ အံ့ဖွယ် မီးတောက်မှာ အလွန်အကျိုးသက်ရောက်မှုရှိသည်မှာ ရှင်းလင်းလှ၏။

"ပါးစပ်ဟထား။ နင့်ရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာကို ပါးစပ်ကနေ ဖယ်ထုတ်ရမယ်။" အန်လင်းက ထက်မံ အမိန့်ပေးလိုက်လေ၏။

မြင့်မြတ်အပျိုစင် နတ်သမီး၏ မျက်နှာထက်တွင် ရှက်သွေးဖြာသွားသော်လည်း သူမက လိုက်နေဆဲဖြစ်ကာ သူမ၏ ပါးစပ်ကို ရှက်ရွံ့စွာ ဖွင့်လိုက်ပြီး သေးငယ်သော အဖြူရောင် သွားလေးများကြားတွင် ချစ်စရာကောင်းသော လျှာပန်းရောင်လေးကို ထုတ်ပြလိုက်၏။

အန်လင်း၏ မျက်လုံးများက သူမ၏ ပါးစပ်တွင် အာရုံစိုက်နေပြီး သူ့လက်ချောင်းထိပ်များမှ မီးတောက်စွမ်းအင်ထုတ်ခြင်းကို ထပ်တိုးလိုက်ကာ သူမခန္ဓာကိုယ်မှ ကျိန်စာကို တစ်ကြိမ်တည်း အပြီး တွန်းအားပေးလိုက်၏။

ပင်ကို အသက်ရှင်လိုစိတ်ကြောင့် ဖြစ်နိုင်၏ ကျိန်စာမှာ မြင့်မြတ်အပျိုစင်နတ်သမီး၏ ပါးစပ်ထဲမှ လွတ်မြောက်စ ပြုလာလေ၏။

အနက်ရောင် မီးခိုးနဂါးလေးက လေထုအလယ်တွင် ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အပူချိန်များ အားလုံးကို သိသိသာသာ ကျဆင်းသွားစေ၏။

ထိုသည်က လက်ခံသူတစ်ဦးကို အသည်းအသန်လိုအပ်နေပြီး ချင်းချင်းပင် အန်လင်းဆီသို့ ခုန်ဝင်လာ၏။

"အမှိုက်ကောင်..."

အန်လင်းက လက်ယမ်းလိုက်ရာ အံ့ဖွယ်မီးတောက် ၄ခုက ချက်ချင်းပင် ကျိန်စာကို အဆုံးသတ်ပေးလိုက်၏။

မြင့်မြတ်အပျိုစင် နတ်သမီးက အန်လင်း၏ လက်ထဲတွင် ကျေးဇူးတင်ဟန်ဖြင့် တွားသွားနေပြီး အန်လင်းအား ခပ်ဖွဖွ အရိုအသေပေးလိုက်၏။ "ငါ့ ခန္ဓာကိုယ်ထဲက ကျိန်စာကို ဖယ်ပေးလို့ ကျေးဇူးတင်ပါတယ်...။ နင်က တကယ်ပဲ တခြား မိစ္ဆာနတ်ဘီလူးတွေနဲ့ မတူဘူးပဲ။"

"ငါက မိစ္ဆာနတ်ဘီလူးတောင် မဟုတ်ပါဘူး။" အန်လင်းက နှုတ်ခမ်းကို တင်းတင့်စေ့ကာ ပြောလိုက်လေ၏။ "ငါက ဒီကို တစ်ခုခုရချင်လို့ ရောက်လာတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါက ချက်ချင်းမခိုးပဲ အပေးအယူတစ်ခု လုပ်ကြည့်ချင်တယ်။ ငါက ဒီကို စိတ်ရင်းအပြည့်နဲ့ ရောက်နေတာပါ။"

ဂမ်ဒမ်၂ကောင်မှာ မန်ဒယ်နှင့် ဟားရစ်အား ရိုက်နှက်ပြီးနောက် အန်လင်း၏ သိုလှောင်လက်စွပ်ဆီသို့ ပြန်လာလေ၏။

"ပတ်ပတ်လည်ကို ကြည့်ကြည့်ပါအုံး။ ဟိုနားက နှစ်ယောက်ကလွဲရင် ငါတခြားဘယ်သူကိုမှ နာကျင်အောင်မလုပ်ရသေးပါဘူး။" အန်လင်းက မြေပေါ်မှ အစောင့်များအားလုံးကို ညွှန်ပြလိုက်၏။

မြင့်မြတ်အပျိုစင်နတ်သမီးမှာလည်း ထိုသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လေ၏။ သူနှင့် နတ်သမီးကြားတွင် အဘယ်ကြောင့် တိုက်ပွဲတစ်ခုဖြစ်သွားသည်ကို မသိပါချေ။ သို့သော် သူက အဓိပ္ပာယ်မရှိသော သတ်ဖြတ်မှုများကို ရှောင်ရန် ကြိုးစားနေလေ၏။

အနက်ရောင် ရှိခိုးကောင်လား...။

အန်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး အယောင်ဆောင် အသည်းကွဲနေသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။ "ဟင်း... အနက်ရောင်ရှိခိုးကောင်က ငါနဲ့ နှစ်တွေအကြာကြီးအတူရှိနေတဲ့ ညီအစ်ကိုတစ်ယောက်ပါ...။ ဒီကိုမလာခင်မှာ ငါကသူ့ကို ကမ္ဘာကြီးရဲ့ အံ့ဖွယ်တွေ အားလုံးကို ရှာဖွေကြမယ်လို့ ကတိပေးခဲ့တာ...။ ဒါပေမဲ့ အဲ့ကတိကို အခု မတည်နိုင်တော့ဘူးထင်တယ်။ အဲဒါ နင့်အမှားလဲ မဟုတ်ပါဘူး။ ငါတို့က အံ့ဖွယ်ရေကန်ကို အရင်ဆုံး ကျူးကျော်လာမိတာကို...။ သူ့ကို ကောင်းကောင်းဂရုမစိုက်တာ ငါ့အမှားပါ...။"

အန်လင်းက မျက်ရည်များ မကျအောင် ထိန်းနေရသကဲ့သို့ သူ့မျက်နှာကို ကောင်းကင်သို့ မော့လိုက်လေ၏။

မြင့်မြတ်အပျိုစင် နတ်သမီးက သူမ၏ ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာပြောရမှန်းမသိပါချေ။

ဤသည်က ထိုမျှ ဂရုဏာတရားကြီးမားသော မိစ္ဆာနတ်ဘီလူးကြီးကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပေ၏။ သူမက အနက်ရောင် ရှိခိုးကောင်မှာ သူ့အတွက် လက်အောက်ငယ်သား သို့မဟုတ် အစေခံတစ်ယောက်ဟု ထင်နေပြီး သူမက ဘီလူးကြီးအား ထိုသည်နှင့် သံယောဇဉ္ခိုင်မာမာရှိမည်ဟု မမျှော်လင့်ထားပါပေ။

ထိုသည်က သူမက ဘီလူးကြီး၏ ညီအစ်ကိုကို သူမလက်နှင့် သတ်ပစ်လိုက်သည်ဟု ဆိုလိုပေ၏...။ ထိုသည်ကိုတောင် ဘီလူးကြီးက သူမကို အပြစ်မတင်ပါချေ။ သူက သူမဘဝကို ကယ်တင်ရန်ပင် ရွေးချယ်ခဲ့၏။

"ငါ... ငါက ခွင့်မလွတ်နိုင်စရာတစ်ခု လုပ်ခဲ့မိတာပဲ။ ငါဘာလုပ်သင့်လဲ...။"

မြင့်မြတ်အပျိုစင်နတ်သမီးက သူမ၏နှုတ်ခမ်းသေးသေးလေးများကို တင်းတင်းစေ့ကာ ခပ်တိုးတိုးရေရွတ်လိုက်လေ၏။

ထိုအချိန်မှာပင် အန်လင်းက အဆင့်၂ စိတ်ဝိညာဉ် ဆေးတော့ နွေဦးသစ်သား ဆေးတောင့်ကို သူ့၏ သို့လှောင်လက်စွပ်ထဲမှ ထုတ်လိုက်လေ၏။

"ဒီမှာ ဒီစိတ်ဝိညာဉ် ဆေးတောင့်က အရမ်းကို အာဏိသင်ရှိတဲ့ ပြန်လည်လန်းဆန်းစေတဲ့ အကျိုးသက်ရောက်မှုရှိပြီး သတိစိတ်ကို အားဖြည့်ပေးနိုင်တယ်။ အဲဒါမို့ နင့်ရဲ့ လက်ရှိ အနေအထားနဲ့ အရမ်းသင့်တော်တယ်။" သူက နွေဦးသစ်သား ဆေးတောင့်ကို မြင့်မြတ်အပျိုစင်နတ်သမီးကို အပြုံးတစ်ခုဖြင့် ပေးလိုက်၏။

မြင့်မြတ်အပျိုစင် နတ်သမီးက သူမ၏ လက်သေးသေးလေးများကို ဆန့်တမ်းကာ သူမ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ရှိသော ဆေးတောင့်ကို ကိုင်လိုက်ကာ သူမ၏ မျက်လုံးစိမ်းများထဲတွင် မျက်ရည်များ ပြည့်နေလေတော့သည်။ "ငါက နင့်ညီအစ်ကိုကို သတ်ခဲ့တာတောင်မှ ဒီလိုတန်ဖိုးကြီးဆေးတောင့်ကို ငါ့ကိုပေးတယ်လား..."

သူမက ပြုံးနေသော အန်လင်းကို ကြည့်ကာ ရုတ်တရက် ဤဘီလူးကြီးက အလွန်ကြင်နာပြီး နူးညံ့သည်ဟု ခံစားလိုက်ရ၏။ သူက နွေဦးနေမင်းကဲ့သို့ တောက်ပကာ နွေးထွေးလေ၏။ သူမက ဆေးတောင့်အတွင်းမှ အစွမ်းထက်အသက်စွမ်းအင်ကြောင့် ထိုသည်က အံ့ဖွယ်ဆေးတောင့်တစ်ခုဖြစ်ကြောင်း သေချာပေါက်ပြောနိုင်လေ၏။ သို့သော် ယခုတွင်... ထိုဘီလူးကြီးက သူမကို ဒဏ်ရာများမှ ပြန်လည်သက်သာစေရန် ထိုသည်အား ပေးလာခဲ့၏။

"အဲ့နှစ်ခုက သပ်သပ်စီပါ။ အံ့ဖွယ်ရေအိုင်ကို ကျူးကျော်လာတာ ငါတို့အမှားပါ။ အဲ့တော့ နင့်ရဲ့ တုံ့ပြန်ချက်က နားလည်ပေးလို့ရပါတယ်။ မင်းဒဏ်ရာတွေကနေ ပြန်ကောင်းရင် အပေးအယူ လုပ်ကြတာပေါ့။" အန်လင်းက ညင်သာသောအမူအရာဖြင့် ဆိုလိုက်၏။

မြင့်မြတ်အပျိုစင်နတ်သမီးက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်ပြလိုက်ပြီး ဆေးတောင့်အကြီးကြီးကို ကိုက်နေသည်မှာ အလွန်ချစ်စရာကောင်းလှလေ၏။

"ဒါနဲ့ နင့်နာမည် ဘယ်လိုခေါ်လဲ နတ်သမီးလေး။" အန်လင်းက မေးလိုက်၏။

"ငါ့နာမည်က တီနာ။ နင့် နာမည်ကရော။" မြင့်မြတ်အပျိုစင်နတ်သမီးက စိတ်ဝိညာဉ် ဆေးတောင့်ကို ကိုက်ဝါးနေရင်း ပြန်ဖြေလိုက်၏။

"ငါ့နာမည်က အန်လင်း။ ငါက တကယ်တော့ မိစ္ဆာနတ်ဘီလူးမဟုတ်ဘူး။ ငါက ပုံမှန်ထက် နည်းနည်းလေး ပိုကြီးနေတဲ့ လူပါပဲ။" အန်လင်းက ပြုံးလိုက်၏။

"ဟုတ်ပါပြီ။ ဘီလူး အန်လင်း..." တီနာက ချစ်စဖွယ် ခေါင်းငြိမ့်ပြလေ၏။

ဝန်းရံနေကြသော အစောင့်များအားလုံးက သူတို့၏ မြင့်မြတ်အပျိုစင် နတ်သမီးက မိစ္ဆာနတ်ဘီလူးကြီးနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြောင်ငေးကြည့်နေလေ၏။

ဘာတွေဖြစ်နေတာလဲ။

သူတို့က ကမ္ဘာမြေအက်စေလောက်တဲ့ တိုက်ပွဲတစ်ခု တိုက်နေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ သူငယ်ချင်းကောင်းတွေလို စကားပြောနေကြတာလဲ။

အစောင့်များ အားလုံးအထဲမှ ပြောစကားမဲ့ကာ ခံရအခက်ဆုံး ဖြစ်နေသော သူများမှာ မန်ဒယ်နှင့် ဟားရစ်မှလွဲ၍ တခြားသူများမဟုတ်ပါပေ။

သူတို့က မြေပြင်ပေါ်တွင် မျက်ရည်အပြည့်သားနှင့် ငါးအသေနှစ်ကောင်ကဲ့သို့ လဲနေကြ၏။

အဘယ်ကြောင့် ကိစ္စများက မထင်မှတ်ထားသည့် ဦးတည်ချက်များအတိုင်း ဖြစ်လာရသနည်း။ ထို ကမ္ဘာမြေအက်ကွဲစေလောက်သည့် တိုက်ပွဲက ဟန်ဆောင်းခြင်းလား။

မိစ္ဆာနတ်ဘီလူးကြီးက အရှင်မကို ပေးလိုက်သည်က အံ့ဖွယ် ဆေးတောင့်တစ်ခုလား။ ထိုအရာ၏ ပြန်လည်အားဖြည့်ခြင်း အကျိုးမှာ အလွန်အံ့ဩစရာကောင်းလှပေ၏။

သူတို့မှာလည်း ဒဏ်ရာရထားသည်ဖြစ်ကာ သူတို့က အဘယ်ကြောင့် ဘာမှ မရပါသနည်း...။

သူတို့က ဗဟိုမြို့တော်တွင် ခွန်အားအကြီးဆုံး ဖြစ်တည်မှုနှင့် မိစ္ဆာနတ်ဘီလူးကြီးနှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို ကြောင်ကြည့်ကာ သက်ပြင်းမောတစ်ခုကို စိတ်ထဲမှ ချလိုက်လေ၏။ သူတို့က အခုထိ မနိုးသေးပဲ အိပ်မက်ထဲတွင် ရှိနေသေးသည်ဟု ခံစားရ၏။

အန်လင်းက အနက်ရောင်ရှိခိုးကောင်းက သူ့အား ဒီကိုခေါ်လာပေးသည်ကို အတော်ပင် ဝမ်းသာနေလေ၏။

ထိုသည်အားလုံးမှာ ထို"ညီအစ်ကို"၏ ကျေးဇူးများကြောင့်ဖြစ်ပြီး ထိုသည်ကပင် သူ့အား မြင့်မြတ်အပျိုစင်နတ်သမီးအပေါ် ထင်မြင်ချက်ကောင်းတစ်ခုပြုလုပ်နိုင်ခဲ့၏။

နောက်ထပ်တွင်... ဤသည်က အပေးအယူတစ်ခုကို ညှိနှိုင်းရန် အချိန်ရောက်လာပေ၏။

မြင့်မြတ်အပျိုစင်နတ်သမီးက အစွမ်းထက် အစာချက်ခြင်းနှင့် စုပ်ယူနိုင်စွမ်းများရှိ၍ နွေဦးသစ်သားဆေးတောင့်ကို သောက်သုံးပြီးနောက် သူမ၏ဒဏ်ရာများက အပြည့်အဝ ပြန်လည်သက်သာလာလေ၏။

"ငါ့ရဲ့ အသက်စွမ်းအင်က တော်တော်လေး တိုးသွားတာ ခံစားမိတယ်။ အချိန်အတော်ကြာအထိ မတိုးတက်တဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံကတောင်မှ နည်းနည်းလေး တိုးတက်လာတယ်။" မြင့်မြတ်အပျိုစင်နတ်သမီးက ပျော်ရွှင်စွာ ဆိုလိုက်၏။

"နတ်သမီးတွေက အသက်စွမ်းအားမှာ အာရုံခံစားမှု အများဆုံးပဲ။ အဲ့တော့ ငါနင့်ကို ပေးတဲ့ ဟာလိုမျိုး အသက်စွမ်းအင် ပေါပေါများများ ပါဝင်တဲ့ ဆေးတောင့်တွေက နင့်အတွက် အကျိုးသက်ရောက်မှုအရှိဆုံးပဲ။ ဂုဏ်ယူပါတယ် နာလေး။" အန်လင်းက အပြုံးတစ်ခုနှင့် ဂုဏ်ပြုလိုက်လေ၏။

မြင့်မြတ်အပျိုစင်နတ်သမီးက အနည်းငယ်တုံ့ဆိုင်းသွားကာ သူမ၏ ပန်းရောင်းနှုတ်ခမ်းသေးလေးများကိာ ဆူလိုက်ကာ ခါးထောက်လိုက်လေ၏။ "နင်က ငါ့ကို ဘယ်လိုလုပ်ပြီး နာလေးလို့ ခေါ်ရတာလဲ။ ငါက သေးတော့သေးပေမဲ့ နှစ်တစ်သောင်းကျော် အသက်ရှင်နေတဲ့ နတ်သမီးပါနော်။"

အန်လင်း၏ မျက်လုံးများက မြင့်မြတ်အပျိုစင်နတ်သမီး၏ ဒေါသထွက်နေပုံကို ကြည့်ကာ အရောင်တောက်လာလေ၏။

ချစ်စရာကောင်းလိုက်တာ...။

အသက် နှစ်တစ်သောင်း နတ်သမီးတစ်ယောက်က မည်ကဲ့သို့ ဤမျှအထိ ချစ်စရာကောင်းနေရသနည်း။

နတ်သမီးများက သဘာဝအလျောက်ပင် ချစ်စဖွယ်ကောင်းသည်လား။

ဟင်... သူတို့ရဲ့ သေးငယ်နေတဲ့ အချိုးအဆစ်ကပဲ သူမ၏ ချစ်စရာကောင်းမှုကို တိုးသွားစေသည်လား။ ဥပမာအားဖြင့် ရှောင်ချောင်က ကြီးအောင်ပြောင်းလိုက်သည်အခါ ရုပ်ဆိုးသာ်သာ ရှိပြီး အသေးစားပုံစံသို့ ပြောင်းလိုက်သောအခါတွင်တော့ ချစ်စရာကောင်းလှစွာ ရုပ်ဆိုးပေ၏။

"ဟင်း... ငါက နှစ်ေပါင်းနှစ်ေသာင်းေကျာ် အသက်ရှင်ပြီးတဲ့ လူသားတစ်ယောက်ပဲ။ အဲ့တော့ နင့်ကို နာလေးလို့ခေါ်တာ ပြဿနာမရှိပါဘူး။" အန်လင်းက ပြုံးလိုက်လေ၏။

"တကယ်ကြီး။" မြင့်မြတ်အပျိုစင် နတ်သမီး၏ အပြာရောင် မျက်လုံးများက အံ့ဩမှုဖြင့် ပြူးကျယ်သွားလေ၏။

"ဒါပေါ့။ နင်က တခြား ဘယ်လိုထင်လို့လဲ။ ငါက လူတစ်ယောက်အနေနဲ့ အရမ်းကြီးနေတယ်လို့လား။ ငါလဲ တဖြည်းဖြည်းနဲ့ ကြီးလာတာပေါ့။" အန်လင်းက အတည်ပေါက်ကြီး ခေါင်းငြိမ့်ပြလိုက်လေ၏။

"အဲဒါက အဓိပ္ပာယ်တော့ ရှိသားပဲ..." မြင့်မြတ်အပျိုစင်နတ်သမီးက ခေါင်းငြိမ့်ပြလိုက်၏။

အန်လင်း၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာလေ၏။ "နင်က ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီဆိုတော့ အဓိကအချက်ကို သွားကြရအောင်။ ငါက ဒီကို ဗဟိုမြို့တော်က ပစ္စည်းတစ်ခု အတွက် ရောက်လာတာ။"

မြင့်မြတ်အပျိုစင် နတ်သမီးက ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်၏။ "ဟုတ်ပြီ။ နင်ဘာလိုချင်လဲ ပြောကြည့် နင့်ရဲ့တောင်းဆိုမှုကို ကျေနပ်အောင် ငါအကောင်းဆုံး လုပ်ပေးမယ်။"

------------------

All Chapters