← Chapters

စည်းစိမ်ကို ဖျက်ဆီးခြင်း

Vol. 35 Ch. 484

စည်းစိမ်ကို ဖျက်ဆီးခြင်း

Vol. 35 Ch. 484

အန်လင်းက အံ့ဖွယ်ရေကန်ဘေးရှိ ရွှေရောင်မျှော်စင်လေးခုကို ညွှန်ပြလိုက်၏။ "ငါ အဲ့မျှော်စင်လေးခုကို လိုချင်တယ်။ ​​စျေးသာပြောလိုက်။"

မြင့်မြတ်အပျိုစင် နတ်သမီးက ထိုသည်ကို ကြားသောအခါ အံ့ဩသွားလေ၏။ "နင်... နင်က မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေကို လိုချင်တယ်...။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ်။ ငါက အဲ့မြင့်မြတ် စိတ်ဝိညာဉ် မျှော်စင်တွေကို လိုချင်တယ်။"

သူက ထိုမြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်များက မည်သည်ဆိုသည်အား မသိပါပေ။ သို့သော် ထိုမျှော်စင်များ၏ အူတိုင်များက နယ်မြေအဆီအနှစ် သလင်းကျောက်များဖြစ်ပြီး သူတို့က အဆင့်အမြင့်ဆုံး ရွှေရောင်များ ဖြစ်သည်ကို သိထားလေ၏။

စိတ်မပါသော်လည်း ပြတ်သားသော အမူအရာတစ်ခုက တီနာ၏ မျက်နှာထက်တွင် ပေါ်လာပြီး သူမက ခေါင်းခါပြလိုက်၏။ "ငါနင့်ကို အဲဒါတွေ မပေးနိုင်ဘူး။ မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေက ပန်ဂူးက ထိုက်ချူကုန်းမြေကြီးကို ဖန်တီးတုန်းက ချန်ထားခဲ့တဲ့ ရတနာတွေ။ သူတို့က အသုံဝင်ပြီး အံ့ဖွယ်ရေအိုင်ကို ထောက်ပံ့ပေးနိုင်တာတင်မကဘူး အရမ်းကို အရေးပါတယ်။ အဲ့တော့ ငါအဲဒါတွေကို ပေးမပစ်နိုင်ဘူး။"

အန်လင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်လေ၏။ "ပန်ဂူးက တကယ်ပဲ ထိုက်ချူကုန်းမြေကြီးကို ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ သူက နင်တို့ရဲ့ ထိုက်ချူကုန်းမြေကြီးကို ဖန်တီးခဲ့တယ်ဆိုတာ သေချာရဲ့လား။"

"နင်ဘာကို ပြောချင်တာလဲ ဘီလူး အန်လင်း။ အဲဒါက ငါတို့ရဲ့ ထိုက်ချူကုန်းမြေကြီး မဟုတ်ဘူးလား။" တီနာက စိတ်ရှုပ်ထွေးစွာ မေးလိုက်လေ၏။

အန်လင်းက သူ့၏ ဖုန်းကိုထုတ်ကာ ဓာတ်ပုံ appတစ်ခုကို ဖွင့်လိုက်ပြီး ဓာတ်ပုံများကြားမှ ရှာဖွေလိုက်လေ၏။ "ဒါတွေကို ကြည့်ကြည့်။"

တီနာက သူမ၏ မျက်လုံးပြာများကို မျက်တောင်ခတ်ကာ ဖုန်းထဲမှ ပုံရိပ်များကို စိတ်ဝင်တစားကြည့်လိုက်လေ၏။

"အာ... အဲဒါက လွင့်မျောကုန်းမြေကြီးတစ်ခုလား။ လှလိုက်တာ။"

"အဲဒါက ဘယ်နေရာလဲ။ အပင်ကြီးက အကြီးကြီးပဲ။ အဲ့လူတွေက အကိုင်းတွေပေါ်မှာ လမ်းလျှောက်နေတာလား။ ကြည့်ရတာ အဲဒါက သမိုင်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ကမ္ဘာသစ်ပင်ကြီးနဲ့တူတယ်။"

"ဘုရားရေ... အဲ့လောက်ကျယ်တဲ့ ရေကန်တစ်ခုက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ အဲဒါက အဆုံးအစမဲ့ကို ကျယ်ပြန့်တာပဲ။ မဟုတ်ဘူး။ အဲဒါက သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ သမုဒ္ဒရာဖြစ်သင့်တယ်။"

"အဲ့တော့ တိမ်တွေထိအောင် မြင့်မားတဲ့ တောင်တွေက တကယ်ရှိတာပေါ့။ သူတို့က ဘယ်လောက်တောင် ရှည်လဲ။"

...

တီနာက ပုံရိပ်များထဲတွင် ပိုပို၍ ပျော်ဝင်လာလေ၏။ သူမက အတန်ကြာပြီး နောက်ဆုံးတွင် မြစိမ်းတစ်စုံကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် အန်လင်းအား မော့ကြည့်လိုက်လေ၏။ "ဘီလူး အန်လင်း၊ အဲ့ ပုံရိပ်တွေကို ဘယ်နားက မှတ်တမ်းယူလာတာလဲ။ ငါအဲ့နေရာတွေ တစ်ခုမှ မမြင်ဖူးဘူး။"

အန်လင်းက ပြုံးကာ ဖြေလိုက်၏။ "အဲ့ဓာတ်ပုံတွေက ထိုက်ချူကုန်းမြေကြီးပေါ်က ရိုက်ထားတာတွေ။"

"နင်က လိမ်နေတာပဲ။ ထိုက်ချူ ကုန်းမြေကြီးပေါ်မှာ အဲ့လို ရှုခင်းလှတဲ့ နေရာတွေ ငါမသိပါဘူး။ နင်က ဆန်းကြယ်နယ်မြေတစ်ခုကို ရှာတွေ့ထားတာဖြစ်မယ်။" တီနာက စကားခံစစ်ထိုးလေ၏။

အန်လင်းက ခေါင်းခါပြလိုက်၏။ "အဲဒါတွေအကုန်လုံးက ထိုက်ချူကုန်းမြေကြီး အစစ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပဲ။ ဒီနေရာမဟုတ်ဘူး။ ဒီဟာက တကယ့် ထိုက်ချူကုန်းမြေကြီးပဲ။ အဲဒါက အဆုံးမရှိ မြင်ကွင်းနဲ့ ကုန်းမြေကြီးတစ်ခုပဲ။"

"ဒီဓာတ်ပုံတွေ အကုန်လုံးက တကယ့်ထိုက်ချူကုန်းမြေကြရဲ့ ဧရိယာ ၀.၀၁ရာခိုင်နှုန်းတောင် မရှိသေးဘူး။ တကယ့် ထိုက်ချူ ကုန်းမြေကြီးနဲ့ ယှဉ္လိုက်ရင် ဒီကုန်းမြေက သမုဒ္ဒရာနဲ့ ယှဉ်ဖို့ ကြိုးစားနေတဲ့ ရေကန်လိုပဲ။"

"မဟုတ်သေးဘူး အဲဒါ သမုဒ္ဒရာနဲ့ နှိုင်းယှဉ်ဖို့ ကြိုးစားနေတဲ့ ရေအိုင်ငယ်လေးလိုပဲ။"

တီနာ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး စက္ကန့်ပိုင်းအကြာမှသာ အသိစိတ်ဝင်လာပြီး မယုံနိုင်စွာ ခေါင်းခါလိုက်လေ၏။ "မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး...။ ဒီကုန်းမြေကြီးက နိုင်ငံပေါင်း တစ်ထောင်နီးပါးရှိပြီး မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေအတွက် အိမ်ပဲ။ အဲဒါက ကြီးမားတဲ့ ကမ္ဘာကြီးပဲ။ အဲ့တော့ နင်ပြောသလောက်ထိ မသေးနိုင်လောက်ပါဘူး။"

အန်လင်းက စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်လေ၏။ "နင်က ဒီဟာကို ကမ္ဘာကြီးလို့ခေါ်နေတယ်ပေါ့။ ဒီဟာက တစ်ရက်တည်းတောင် ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် ခရီးသွားလို့ရတဲ့ ရေခဲကုန်းမြေတွေနဲ့ ချိတ်ပိတ်ထားတဲ့ လှောင်ချိုင့်တစ်ခုသာသာပဲဟ။"

"ငါရထားတဲ့ သတင်းအချက်အလက်တွေကဆိုရင် ဒီကမ္ဘာကိုလဲ တကယ်ပဲ ထိုက်ချူကုန်းမြေကြီးလို့ ခေါ်ပေမဲ့ အဲဒါက အမြဲတမ်း ပြိုကျနေတဲ့ ထိုက်ချူကုန်းမြေကြီးပဲ...။ ပြီးတော့ နင်တို့အကုန်လုံး ရှင်သန်နေတဲ့ ဒီကမ္ဘာကြီးက အမြဲတမ်း ပြိုကျပျက်စီးနေတဲ့ ထိုက်ချူကုန်းမြေကြီးရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ။"

"နင်က ဒီကမ္ဘာငယ်​လေးကနေ ဘယ်မှမသွားဘူးလို့ တကယ့်ကမ္ဘာကြီးက ဘယ်လောက်ကျယ်လဲဆိုတာ နင်သိမှာမဟုတ်ဘူး။"

တီနာက အန်လင်းကို ငေးငေးငိုင်ငိုင်စိုက်ကြည့်နေသည်မှာ သူမက သူ့စကားလုံးများကြောင့် ကြောင်အနေသကဲ့သို့ပင်။

သူမက အတန်ကြာအောင် ရပ်တန့်နေပြီး ခေါင်းခါလိုက်လေ၏။ "မဟုတ်ဘူး... အဲဒါက တကယ်မဟုတ်ပါဘူး။ နင်က ငါ့ကို ထပ်ပြီး လိမ်နေပြန်ပြီ..."

အန်လင်းက မျက်လုံးလှန်လိုက်လေ၏။ "ငါက နင့်ကို လိမ်တော့ရော ဘာရမှာလဲ။"

"မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်လေးခုလေ...။ နင်က ငါကို ဒီလိုမျိုး လိမ်ပြောရတဲ့ ရည်ရွယ်ချက်က နင်က ငါ့ကို အဲ့မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေက ပန်ဂူးချန်ထားခဲ့တဲ့ ရတနာတွေ မဟုတ်ဘူးဆိုတာကို ဆွဲဆောင်ချင်လို့မဟုတ်လား။ ဟုတ်တယ်မလား။" တီနာက ခေါင်းမာမာနှင့် ပြန်ခံပြောလိုက်လေ၏။

သေစမ်း...။ သူမပြောတာ မှန်တယ်ဟ။

သူမပြောတာ တကယ့်ကို ဟာကွက်မရှိဘူးပဲ။

"ဟီးဟီး၊ နင်က အဲဒါတွေကို မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေလို့ခေါ်တယ်လား။ အဲဒါတွေက တကယ်တော့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေပဲ။ ပြီးတော့ ဒီပြိုကျနေတဲ့ ကုန်းမြေကြီးတစ်ခုပေါ်မှာတောင် နယ်မြေအဆီအနှစ်သလင်းကျောက်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ ငါက ဒီကမ္ဘာကို နယ်မြေအဆီအနှစ် သလင်းကျောက်တွေ စုဆောင်းဖို့လာတာ။ သူတို့က နင်တို့ထင်သလောက်လဲ အဖိုးမတန်ပါဘူး။ အဲဒါအပြင် ပန်ဂူးက နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ဒီကမ္ဘာအနှံ့အပျော် လျှောက်ပစ်နေရအောင်လဲ ပျင်းမနေလောက်ပါဘူး။" အန်လင်းက ဆက်ပြောလိုက်လေ၏။

"အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။" တီနာ၏ ခန္ဓာကိုယ်က မတည်မငြိမ်စွာ တုန်ယင်နေတော့၏။

"အဲဒါကြောင့် ငါက အရမ်းအစွမ်းထက်နေတာတောင် ငါလေထဲက ပေါ်လာသလို ငါ့အကြောင်းကို နင်တို့ ဒီနေ့မှ ကြားဖူးတာပေါ့။ အဲဒါက ငါက ထိုက်ချူကုန်းမြေကြီးအစစ်က လာတာမို့ပဲ။" အန်လင်းက တီနာကို ဆက်လက်တိုက်ခိုက်နေလေ၏။

"နင်က ဒီကမ္ဘာပေါ်မှာ ပြန်ပေါ်လာအောင်လို့ အဝေးက တောင်တွေမှာ ပုန်းနေလို့ရတာပဲ။" တီနာက သူမ၏ ကမ္ဘာရှုထောင့်မှာ အစိတ်စိတ်အမွှာမွှာကွဲမသွားသေးသကဲ့သို့ ခေါင်းမာမာဖြင့် ဆက်လက် ခံပြောနေလေ၏။

အန်လင်းက သက်ပြင်း ခပ်ဖွဖွ ချလိုက်လေ၏။ "ငါက နင့်ကို တခြား သက်သေတွေထပ်ပြရမဲ့ပုံပဲ..."

"ထွက်လာစမ်း ငါရဲ့ ရတနာတွေ။"

အန်လင်းက အော်လိုက်ရာ သူ့၏ သိုလှောင်လက်စွပ်မှ ငွေရောင် အလင်းတစ်ခုက လက်လာလေ၏။

"ငါ့ရဲ့ စိတ်ဝိညာဉ် ဆေးတောင့်တွေနဲ့ စိတ်ဝိညာဉ် သစ်သီးတွေ ထွက်စမ်း။"

စိတ်ဝိညာဉ် ဆေးတောင့်နှင့် စိတ်ဝိညာဉ် သစ်သီး ရာကျော်တို့က တီနာရှေ့တွင် ချက်ချင်းပင် ပေါ်လာလေ၏။

တီနာက ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ "အရမ်းကို အစွမ်းထက်တဲ့ စွမ်းအင် အတက်အကျတွေ...။ အဲဒါတွေ... အဲဒါတွေအားလုံးက အံ့ဖွယ်အဆင့် ရတနာတွေပဲ။ အံ့ဖွယ်ဆေးတောင့်တွေနဲ့ အံ့ဖွယ်သစ်သီးတွေ ရာကျော်..."

အံ့ဖွယ်ဆေးတောင့်များနှင့် အံ့ဖွယ်သစ်သီးများမှာ ဤကမ္ဘာတွင် အလွန်ရှားပါးလေ၏။ အန်လင်း ထုတ်လွှတ်လိုက်သော အံ့ဖွယ်ဆေးတောင့်များနှင့် အံ့ဖွယ်သစ်သီးများက သူမတစ်ဘဝ မြင်ဖူးသမျှ ထက်ပင် အဆပေါင်းများစွာ ပိုများလေ၏။

"ထွက်လာစမ်း ငါ့ရဲ့ စိတ်ဝိညာဉ် လက်နက်တွေ။"

စိတ်ဝိညာဉ် လက်နက် ၃၆ခုမှာ ချက်ချင်းပင် လေထုအလယ်တွင် ပေါ်လာပြီး အားလုံးမှာ စွမ်းအင် အတက်အကျများ ဖြာကျလေ၏။

တီနာက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်လေ၏။ "ဒီလက်နက်တွေ... သူတို့ရဲ့ စွမ်းအင် အတက်အကျက အံ့ဖွယ်လက်နက်တွေထက်တောင် အစွမ်းထက်တယ်။ သူတို့က မြင့်မြတ် လက်နက်တွေလား။"

သူမက သူမ၏ ကိုယ်ပိုင် ရွှေရောင်ဓားရှည်ကို အံ့ဩတကြီး ငုံ့ကြည့်လိုက်လေ၏။

သူမ၏ ရွှေရောင်ဓားရှည်မှာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသော အဆင့် ၁ မြင့်မြတ်လက်နက်ဖြစ်လေ၏။ သို့သော် ယခုတွင် သူမ၏ မျက်စိရှေ့တွင် သူမ၏ ရွှေရောင်ဓားနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအင်အတက်အကျများ ဖြာထွက်နေသော လက်နက်များစွာ ရှိနေလေ၏။

အန်လင်းက တီနာ၏ အမူအရာကို အတော်လေး ကျေနပ်နေသော်လည်း ထပ်လာရန် ရှိပါသေး၏။

"ထွက်လာစမ်း ငါ့ရဲ့ အင်မော်တယ် သစ်သီးတွေ၊ အင်မော်တယ် ဆေးတောင့်တွေနဲ့ အင်မော်တယ် လက်နက်တွေ။"

အန်လင်း၏ သိုလှောင်လက်စွပ်ထဲမှ အဆင့် ၇ အင်မော်တယ် ဆေးတောင့် စိတ်ဝိညာဉ် ပြန်လည် လန်းဆန်းဆေးတောင့်တစ်ခုနှင့် တခြားသော အဆင့် ၇ အင်မော်တယ် ဆေးတောင့် ယင်ယန်စွမ်းအင်ဆေးတောင့်တစ်ခုနှင့် အဆင့် ၈ အင်မော်တယ် သစ်သီး ရွှေရောင် အင်မော်တယ် သစ်သီး သုံးလုံး၊ အဆင့် ၃ အင်မော်တယ် သစ်သီး မြေအောက်သွေး သစ်သီးတစ်လုံး၊ အဆင့် ၁ အေးချမ်းခြင်း မြက်ခင်း၊ သွေးမီး အံ့ဖွယ် သစ်ပင်၊ သေဆုံးနယ်မြေ ပန်းပွင့်၊ သိမ်မွေ့ စိတ်ဝိညာဉ် အရိုး၊ နတ်ဆိုး သွေး အလုံး၊ အထွတ်အမြတ် ရေခဲကြာပန်းနှင့် သလင်းကျောက် ဝိညာဉ် သံချပ်ကာတို့ ထွက်လာလေ၏။ ထို့အပြင် အခြေခံအဆင့် အင်မော်တယ် လက်နက် ကြာပွင့် နှလုံးသားရေခဲဓား၊ အဆင့်မြင့် အင်မော်တယ် လက်နက် နယ်မြေထိုးဖောက် လက်သည်းနှင့် အဆင့်မြင့် အင်မော်တယ် လက်နက် အံ့ဖွယ်မီးတောက် ပုတီးတို့လဲ ရှိသေးလေ၏။

...

အလွန်ထူးခြားလှသည့် ရတနာများ အတန်းလိုက် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားသည်မှာ ကျယ်ပြန့်လှသော သဘာဝဖြစ်စဉ်များ သူတို့ကိုယ်တိုင် သိသာထင်ရှားလာသကဲ့သို့ပင်...။

မြင့်မြတ် အပျိုစင် နတ်သမီး၏ ပါးစပ်က အဟောင်းသား ပွင့်သွားပြီး သူမမျက်စိရှေ့မှ ရတနာများကို မယုံနိုင်စွာ ငေးကြည့်နေလေ၏။

ထိုပစ္စည်းများမှ ထွက်လာသော စွမ်းအင် အတက်အကျများမှ ထိုသည်များအားလုံးက သူမ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေကာ သူတို့အားလုံးမှာ မြင့်မြတ်အဆင့်ထက် သာလွန်နေပေ၏...။ သူမက ဘဝတစ်လျှောက်လုံးတွင် ဤကဲ့သို့ ညာဏ်မမီနိုင်သော အဆင့်နှင့် ပစ္စည်းတစ်ခုပင် မမြင်ဖူးခဲ့ပါပေ။

သို့သော် ယခုလောလောဆယ်တွင် ထိုသည်များက အပုံလိုက် သူမမျက်စိရှေ့တွင် ရောက်နေလေ၏။

"အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

တီနာက ခေါင်းခါလိုက်ပြီး သူမ၏ ဆံပင်ရှည်များက လှိုင်းများကဲ့သို့ လွင့်နေသည်မှာ သူမ နှလုံးသားဆီသို့ တိုးဝင်နေသော လှိုင်းများကဲ့သို့ပင်။

"အဲဒါက ဘာတွေလဲ။ နင့်မှာ ဘယ်လိုလုပ် အဲ့လောက်ထိ အများကြီး ရှိနေရတာလဲ..."

အန်လင်းက ခပ်ဖွဖွ ပြုံးကာ ပြန်ဖြေလိုက်၏။ "အဲဒါတွေအကုန်လုံးက ငါ ထိုက်ချူကုန်းမြေကြီးအစစ်ပေါ်က စုဆောင်းခဲ့တဲ့ ရတနာတွေ။ အခု နင်မြင်ရတာထက်ပိုပြီး အများကြီး အစွမ်းထက်ပြီး အဖိုးတန်တဲ့ ရတနာတွေက ထိုက်ချူကုန်းမြေကြီးအစစ်ပေါ်မှာ အများကြီးရှိတယ်။ အဲဒါတွေက ငါစုဆောင်းသမျှထဲမှာ အဆိုးဆုံး ပစ္စည်းတွေပဲ..."

တီနာ၏ ခန္ဓာကိုယ်မှာ ထိုသည်ကို ကြားသည့်အခါ တုန်ယင်သွား၏။ သူမက ပါးစပ်ဖွင့်လိုက်သော်လည်း စကားပြောရန် အခွင့်အရေး မရသေးခင်မှာပင် မျက်ရည်များ စီးကျလာလေတော့သည်။

နောက်ဆုံးတွင် သူမရှေ့ရှိ အလွန်ထူးခြားသော ရတနာများအားလုံးကြောင့် သူမ၏ ကမ္ဘာရှုထောင့်မှာ လုံးဝပင် ပြိုပျက်သွားပြီး အမှုန့်ကြေသွားလေပြီ။

"ဝါးးး..." တီနာက စတင် ရှိုက်ငိုကာ ပြောလိုက်လေ၏။ "အဲ့တော့... အဲ့တော့ ငါက တစ်ချိန်လုံး ရေတွင်းထဲက ဖားတစ်​ကောင်ဖြစ်နေခဲ့တာပေါ့..."

-----------------

All Chapters