← Chapters

အပေးအယူတစ်ခု ညှိနှိုင်းခြင်း

Vol. 35 Ch. 485

အပေးအယူတစ်ခု ညှိနှိုင်းခြင်း

Vol. 35 Ch. 485

သို့ဖြစ်၍ တီနာ၏ ကမ္ဘာရှုထောင့်မှာ လုံးဝ ပြိုကျသွားပြီး သူမကိုယ်တိုင်သည်လည်း မျက်ရည်များဖြင့် ပြိုလဲနေလေတော့သည်။

မျက်ရည်များက သူမ၏ နေရောင်အောက်တွင် တောက်ပနေသော ပုလဲလုံးလေးများကဲ့သို့ သူမ၏ ပါးထက်တွင် စီးကျနေလေ၏။

အန်လင်းက လေထဲရှိ တောက်ပလွန်းသော ရတနာများအားလုံးကို သိမ်းဆည်းလိုက်ပြီး တီနာ၏ ခေါင်းသေးသေးလေးကို သူ့လက်ချောင်းဖြင့် ပွတ်ကာ နှစ်သိမ့်ပေးလိုက်၏။ "ဟုတ်ပါပြီ။ မငိုနဲ့တော့။ အဲဒါက နင့်ရဲ့ ကမ္ဘာထက် နည်းနည်းပိုကြီးတဲ့ ကမ္ဘာတစ်ခုပါပဲ။ ဘာငိုစရာရှိလို့လဲ။"

တီနာက သူမ၏ မျက်ရည်များကိုသုတ်ကာ ဆက်လက်ငိုကြွေးနေလေ၏။ "ဒါ... ဒါပေမဲ့ အဲဒါက သေးသေးလေးမှ မဟုတ်တာ။ အဲဒါက ငါ့ရဲ့ကမ္ဘာထက် အဆပေါင်းများစွာကို ကြီးပြီးတော့ နှစ်တစ်ထောင်ကျော်ကို တည်ရှိနေတာဆိုတာ အကြွင်းမဲ့ ယုံကြည်ရတယ်လေ။ ဝါးး...။ ငါက ငါ့ရဲ့ ကိုယ်တိုင် တုံးအမှုကို ငိုချင်တာ..."

အန်လင်း : "..."

အန်လင်းက တိတ်တိတ်နေလိုက်သည်က အကောင်းဆုံးဟု ခံစားရပြီး သူမ၏ ခံစားချက်များအားလုံးကို လွှတ်ထုတ်ပြီးသည်အထိ စောင့်နေလိုက်၏။

သူတို့၏ ကမ္ဘာကြီးမှာ တကယ်တော့ သနားစရာကောင်းလှသည့် လှောင်အိမ်တစ်ခုဆိုသည်ကို သိလိုက်ရသောအခါ ဘယ်သူမဆို အဆိုးမြင်စိတ်တွေ ရှိကြမည်ဖြစ်၏။ နှစ်တစ်ထောင်အလုပ်ကြိုးစားပြီး နောက်ဆုံးတွင် ဤကမ္ဘာ၏ အထွတ်အထိပ်သို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ပြီး အရာအားလုံးမှာ ဟာသတစ်ခုသာဖြစ်ကြောင်းသိလိုက်ရသည့် မြင့်မြတ်အပျိုစင် နတ်သမီးအတွက် ပို၍ပင်မှန်ကန်နေပါသည်။ ဤသည်က သူတို့နယ်ပယ်၏ အထွတ်အထိပ်ကို ရောက်ဖို့ နှစ်ပေါင်းများစွာ ကျွန်ခံနေတဲ့ ပညာရှင်တစ်ယောက်က သူတို့ဟာ သူငယ်တန်းအဆင့်မှာသာ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ခဲ့ကြောင်း ထုတ်ပြလိုက်သကဲ့သို့ ဖြစ်လေ၏။

"ငါတို့က မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ ဘိုးဘွားပိုင် ဥပဒေတစ်ခုရှိတယ်။ အဲ့ဥပဒေက ထိုက်ချူကုန်းမြေကြီးတစ်ခုလုံးကို ထိန်းသိမ်းဖို့က ငါတို့နတ်သမီးတွေရဲ့ တာဝန်တဲ့။  ငါတို့က အဲ့ဥပဒေကို မျိုးဆက်အဆက်ဆက် လိုက်နာခဲ့ပြီး ငါတို့ကိုယ်ငါတို့ ကုန်းမြေကြီးရဲ့ စောင့်ရှောက်သူတွေလို့ ရည်ညွှန်းခဲ့တာ။ အခုပြန်တွေးကြည့်တော့ ဒါတွေအကုန်လုံးက ဟာသတွေချည်းပဲပေါ့..." တီနာက ငိုကြွေးနေလေ၏။

"ဟာသ မဟုတ်ပါဘူး။ နင်က အနည်းဆုံးတော့ အမိန့်ကို ထိန်းသိမ်းပြီးတော့ ဒီကုန်းမြေကြီးကို ကာကွယ်နိုင်ခဲ့တာပဲလေ။ နင်က ထိုက်ချူကုန်းမြေကြီးရဲ့ စောက်ရှောက်သူဆိုတဲ့ အမည်နဲ့ ထိုက်တန်ပါတယ်။" အန်လင်းက ပြောကာ နှစ်သိမ့်ပေးလိုက်လေ၏။

တီနာက အန်လင်းကို စိုက်ကြည့်နေကာ ရုတ်တရက် ဝန်ခံလိုက်၏။ "ငါက မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်အတွက် နင်နဲ့ ညှိနှိုင်းဖို့ ဆန္ဒရှိတယ်။"

ထိုသည်ကို ကြားပြီး အန်လင်း၏ မျက်လုံးများက အရောင်တောက်လာလေ၏။ "နင်က အခု စိတ်ဆုံးဖြတ်ပြီး သွားပြီလား။"

တီနာက ခေါင်းငြိမ့်ပြလိုက်၏။ "မြင့်မြတ် စိတ်ဝိညာဉ် မျှော်စင်တွေကို ရောင်းဝယ်လို့ မရဘူးဆိုတဲ့ ဥပဒေမှ မရှိတာ။ အဲဒါအပြင် သူတို့က အံ့ဖွယ်ရေကန်ကို ထိန်းသိမ်းဖို့ ဘာတာဝန်မှလဲ မရှိဘူး။ အံ့ဖွယ်ရေကန်က အဲ့လောက်ကြီးလဲ အသုံးမဝင်ပါဘူး။ အဲဒါက တခြား တားမြစ်နေရာတွေ အများကြီးနဲ့ အစားထိုးလို့ရပါတယ်။ ငါက ဗဟိုမြို့တော်ကို ပိုကောင်းတဲ့ နေရာအဖြစ် ပြုလုပ်နိုင်ရင် ငါအဲဒါတွေလဲ ဖယ်ပစ်လိုက်လဲ ဘာပြဿနာဖြစ်သေးလဲ။"

"အဲဒါဆိုလဲ ဟုတ်ပါပြီ။ နင်က ငါ့မှာ ရှိတဲ့ ရတနာတွေ အားလုံးကို မြင်ပြီးပြီးမလား။ နင်ဘာလိုတာရှိလဲ။" အန်လင်းက အပြုံးလေးနှင့် မေးလိုက်၏။

"ငါက အရမ်းများပြားတဲ့ အသက်စွမ်းအားတွေနဲ့ ပြည့်နေတဲ့ မြင့်မြတ်ဆေးတောင့် ၅တောင့်နဲ့ သေးငယ်ပြီး မြန်ဆန်တဲ့ မြင့်မြတ်အဆင့် လက်နက် ၃ခုလိုချင်တယ်။ ပြီးတော့ အမြစ်အရှည်ကြီးနဲ့ ကြက်သွေးရောင်သစ်ပင်ရောပဲ။ အဆင်ပြေရဲ့လား။" တီနာ၏ အသံက ပြောနေရင်းနှင့် ပိုပိုတိုးလာကာ သူမက အများအပြားတောင်းဆို်မိသလို ခံစားနေရပေ၏။

သို့သော် ထိုသည်က ညှိနှိုင်းမှုများ မည်သို့အစပြုသည် ဖြစ်၏။ တစ်ဖက်က အလွန်များပြားလှသော တောင်းဆိုချက်ကို ပြသကာ မျှခြေက လဲလှယ်ရင်း တဖြည်းဖြည်းနှင့် တွေ့ရှိရမည်ဖြစ်သည်။

အန်လင်းက သူ့၏မေ့စေ့ကို ပွတ်သပ်ကာ သူမ၏ အခြေအနေများကို သုံးသပ်နေလေ၏။ စိတ်ဝိညာဉ် ဆေးတောင့် ငါးခု၊ စိတ်ဝိညာဉ် လက်နက် သုံးခုနှင့် သွေးမီးတောက် အံ့ဖွယ်သစ်ပင်...။ ထိုသည်က အမှန်တကယ်တော့ မများလှပါပေ။ ထို့ပြင် သူလက်ခံ၍ရသော အတိုင်းအဆအတွင်း၌လဲ ရှိပေ၏။

တီနာက အန်လင်း၏ ကြုပ်ထားသော မျက်မှောင်ကို ကြည့်ကာ အနည်းငယ် စိတ်မအေးဖြစ်နေကာ ရှက်နေလေ၏။ သူမက အမြန်အဆန်ပင် သူမ၏ အခြေအနေများကို ပြင်ဆင်လိုက်၏။ "အဲ့ ကြက်သွေးရောင် သစ်ပင်က ကျင့်ကြံရေး ကောင်းကင်ဘုံ အသစ်အနေနဲ့ စိုက်လိုက်ရင် မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေအစား အသုံးပြုလို့ရမှာ။ အဲဒါမို့ ငါက အဲ့ဟာကိုတော့ မလျော့ပေးနိုင်ဘူး တခြားပစ္စည်းတွေကတော့ ညှိလို့ရသေးတယ်..."

"ဘာမှ ထပ်ညှိစရာမလိုတော့ပါဘူး။ ငါနင်တောင်းဆိုတာတွေကို လက်ခံတယ်။" အန်လင်းက ပြုံးလိုက်၏။

"ဟမ်..." တီနာက အန်လင်းကို မယုံနိုင်စွာ ငေးကြည့်လိုက်၏။

သဘောတူညီမှုတစ်ခုက ဒီလိုလေးပဲ ရောက်လာတာလား။ ဘာအငြင်းအခုံမှတောင် မရှိပဲလေ။

အန်လင်းမှာ သူမ၏ အသက်ကို ကယ်တင်ခဲ့၍ သူမက အလွန်ကျေးဇူးတင်လှသဖြင့် မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်များကို အံ့ဖွယ်သစ်ပင်တစ်ခုတည်းနှင့်တောင် လဲလှယ်လိုစိတ်ရှိသော်လည်း အန်လင်းက သူမ၏ အခြေအနေများကို တခြား အငြင်းအခုံမပြုလုပ်ပဲ သဘောတူလိုက်ဖို့ သူမက မမျှော်လင့်ထားပါချေ။

ဤသို့နှင့် သဘောတူညီမှု ပြုလိုက်လေ၏။

တီနာမှာ မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်များအတွင်းမှ လူများကို ပြောင်းရွေ့ပေးလိုက်ပြီး အန်လင်းက မျှော်စင်ဘေးခုကို မြေပြင်မှ ဆွဲနုတ်ကာ အပြင်ပိုင်း တည်ဆောက်မှုများကို ဖျက်ဆီးကာ အလယ်အူတိုင်ကို ​ဖော်ပြလိုက်လေ၏။

ရေ္ရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များက တောက်တောက်ပပ ထွန်းလင်းနေပြီး အလျားတစ်မီတာ နီးပါးရှိလေ၏။ ထိုသည်များက စိတ်ဝိညာဉ် ကျောက်တုံးများနှင့် တူသော်လည်း သူတို့ပတ်ဝန်းကျင်မှ နေရာလပ်ကို ပိုမိုထင်ရှားအောင် ပြုလုပ်နိုင်သည့် အလွန်ထူးခြားလှသော စွမ်းအင် အတက်အကျတစ်ခုပေးနေလေ၏။

လူအားလုံးက အံ့ဖွယ်ရေကန်ပတ်လည်တွင် စုစည်းနေကြပြီး သူတို့ရှေ့မှ မြင်ကွင်းကြောင် ကြောင်ငေးနေလေသည်။

မိစ္ဆာနတ်ဘီလူးကြီးက မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်များကို ဆွဲထုတ်ပြီး မြင့်မြတ်အပျိုစင် နတ်သမီးက သူ့အား ထိုလုပ်ငန်းစဉ်တွင် ကူညီနေလေ၏။

သို့သော် သူတို့က မကြာမီပင် ဘာတွေ ဖြစ်နေသလဲ ဆိုသည်အား သဘောပေါက်သွားလေ၏။

မိစ္ဆာနတ်ဘီလူးကြီးက မြင့်မြတ်ဆေးတောင့် ငါးတောင့်၊ ကြီးမားသော မြင့်မြတ်လက်နက် သုံးခုနှင့် ထူးဆန်းလှသော ကြက်သွေးရောင် သစ်ပင်တစ်ပင်ကို ထုတ်လိုက်ပြီး မြင့်မြတ်အပျိုစင်နတ်သမီးကို ပေးလိုက်ကာ သူမက ထိုအရာများ အားလုံးကို သူမ၏ သိုလှောင်ရေး ပစ္စည်းထဲတွင် သိမ်းထားလိုက်၏။

"အဲ့တော့... သူတို့က အပေးအယူတစ်ခု ညှိနှိုင်းနေကြတာပေါ့။"

"အဲ့မိစ္ဆာနတ်ဘီလူးကြီးက ငါတို့တွေ့ဖူးတဲ့ တခြား မိစ္ဆာနတ်ဘီလူးတွေနဲ့ မတူဘူးဟ။ သူ့ရဲ့ သွင်ပြင်က လူတစ်ယောက်နဲ့ အရမ်းဆင်နေတာတင် မကဘူး အရမ်းကို ညာဏ်ကောင်းပြီးတော့ တိုက်ခိုက်နိုင်စွမ်းနဲ့ အစွမ်းထက် ရတနာတွေလဲ ပိုင်ဆိုင်သေးတယ်။ မြင့်မြတ်အပျိုစင် နတ်သမီးတောင် သူ့ကို နိုင်အောင်မတိုက်နိုင်ဘူး။ အဲ့တော့ ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်ကပဲ ငါတို့အတွက် အကောင်းဆုံး ရလာဒ် ဖြစ်မှာပါ။"

"အဲ့ သစ်ပင်ကြည့်ရတာ အတော်ထူးခြားတဲ့ ပစ္စည်းတစ်ခု နဲ့တူတယ်။ ပြီးတော့ သူက မြင့်မြတ်ဆေးတောင်နဲ့ မြင့်မြတ်လက်နက်တွေ အများကြီးလဲ ထုတ်လာသေးတယ်။ ငါက ဘာလို့ မိစ္ဆာနတ်ဘီလူးကြီးကို လူလိမ်လို့ ခံစားနေရတာလဲ။"

"အဲဒါက မိစ္ဆာနတ်ဘီလူးကြီး သူ့ရဲ့ ရတနာတွေအကုန်လုံးကို ထုတ်တုန်းက နင်ဒီမှာမရှိလို့လေ။ အဲဒါတွေအားလုံးက အစောတုန်းက ငါ့ရဲ့ ဘဝကို သံသယဖြစ်စေတဲ့ အထူးရတနာတွေ။"

...

လူတိုင်းက အချင်းချင်း ဆွေးနွေးနေကြစဉ်တွင် အန်လင်း၏ မြင့်မြတ်အပျိုစင်နတ်သမီးနှင့် အပေးအယူမှာ အဆုံးသတ်သွားလေ၏။

သူမကို ပေးလိုက်သော စိတ်ဝိညာဉ် လက်နက် သုံးခုမှာ ရေခဲ ဖန်စ၊ မြူနှင်း ဆူးချွန်နှင့် မြူထူ ပင်အပ်တို့ဖြစ်ပြီး အရာအားလုံးမှာ သေးငယ်ပြီး လျင်မြန်သော စိတ်ဝိညာဉ် လက်နက်များဖြစ်ကာ အန်လင်းအတွက် အသုံးပြုရန် ခက်ခဲပြီး တီနာကဲ့သို့ သေးငယ်သော တစ်စုံတစ်ယောက်အတွက်မူ အလွန်သင့်လျော်လေ၏။ သို့ဖြစ်၍ ထိုသည်က နှစ်ဦးနှစ်ဘက် အကျိုးရှိသော အခြေအနေပင်​ြဖစ်၏။

တီနာက မြူနှင်း ဆူးချွန်နှစ်ခုကို သူမလက်ထဲတွင် ပျော်ရွှင်စွာ ကိုင်ထားလိုက်၏။ ဆူးချွန်များက သူမကိုယ်တိုင်ထက်ပင် ရှည်လျားလေ၏။ သူတို့က နှစ်ခုတွဲလိုက်လာပြီး တစ်ခုက အပြာရောင်ဖြစ်ကာ တစ်ခြားတစ်ခုက အဖြူရောင်ဖြစ်လေ၏။ အခြေခံအားဖြင့် ထိုသည်က တစ်ခုတည်း တန်ဖိုးနှင့် မြင့်မြတ်လက်နက် နှစ်ခု ရရှိခြင်းနှင့် ညီမျှလေ၏။

"အင်း... ငါက ဒါတွေကို မန်ဒယ်နဲ့ ဟားရစ်ကို ပေးရမယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဗဟိုမြို့တော်မှ အစွမ်းအထက်ဆုံး အစောင့်တွေပဲ။ ပြီးတော့ ဒီလက်နက်တွေက သူတို့အတွက် လုံးဝ ကွက်တိပဲ။" တီနာက ဆုံးဖြတ်လိုက်၏။

ထို့နောက်သူမက ပတ်ဝန်းကျင်သို့ လည့်ကြည့်ကာ သူမ၏ အမူအရာက ချက်ချင်းပင် ပြောင်းသွားလေ၏။ "မန်ဒယ်၊ ဟားရစ် နင်တို့နှစ်ယောက်က အဲ့တွင်းတွေထဲမှာ ဘာလုပ်နေသေးတာလဲ။"

သူတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာလေ၏။

ဘုရားရေ... သူတို့၏ အရှင်မက နောက်ဆုံးတွင် သူတို့အား သတိပြုမိသွားပြီ။

...

အန်လင်းက နယ်မြေအဆီအနှစ် သလင်းကျောက်များကို စုပ်ယူရန် တိတ်ဆိတ်သောနေရာတစ်ခုကို လိုအပ်လေ၏။

တီနာက သူ့အား အသက်အင်အား စွမ်းအင်များ အလွန်ကြွယ်ဝသော အမြဲစိမ်း တားမြစ် ဧရိယာသို့ ခေါ်သွားလိုက်၏။ ထိုနေရာ၌ အပြင်လူများကို ဝင်ခွင့်တားမြစ်သော အစောင့်များလဲ ရှိပေ၏။

အန်လင်းက မြေပြင်တွင် ထိုင်ချကာ နယ်မြေအဆီအနှစ် သလင်းကျောက်လေးခုကို ထုတ်လိုက်လေ၏။

စနစ်၏ မစ်ရှင်က တစ်လအတွင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ်ခု ရရှိပြီး စုပ်ယူရမည်ဟု ဆိုထားလေ၏။

ထို့နောက် သူက စစ်နတ်ဘုရား၏ ခန္ဓာကိုယ်၏ အစပျိုးမှုကို ရရှိမည်ဖြစ်သည်။

သူက ထိုသည်က မည်သည် ဆိုသည်ကို မသိပါပေ။ သို့သော် နာမည်ကြည့်ရုံနှင့်တင် ထိုသည်က အထူးဖြတ်လမ်းနည်းတစ်ချို့ဖြစ်မည်မှာ သေချာလှပေ၏။

အန်လင်းက ဂမ်ဒမ်နှစ်ကောင်ကို သူ့၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ကာ သူ့၏ ကိုယ်ပိုင်အစောင့်များအဖြစ်ထားရှိပြီး သူ့၏ ကျင့်ကြံခြင်း နည်းစနစ်ကို အသက်သွင်းကာ နယ်မြေအဆီအနှစ် သလင်းကျောက်များထဲမှ စွမ်းအင်ကို စတင်စုပ်ယူလိုက်လေ၏။ ရှင်းမပြတတ်သော စွမ်းအင်က သလင်းကျောက်များထဲမှ သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာကာ သူ့၏ သွေးများ၊ သူ့၏ အင်္ဂါ အစိတ်အပိုင်းများ၊ သူ့၏ အရိုးတည်ဆောက်မှုများနှင့် သူ့၏ သွေးကြောများဆီသို့ ရောနှောသွားလေ၏...။

သူက အနည်းငယ် အံ့ဩသွားရ၏။ ဤတည်ဆောက်ပုံမှာ တကယ်ပင် ထူးခြားလှ၏။

သူက သာမာန်လူများက နယ်မြေသလင်းကျောက်များထဲမှ စွမ်းအင်များကို မစုပ်ယူနိုင်သော်လည်း သူအသုံးပြုနေသော ကျင့်ကြံခြင်းနည်းစနစ်က သူ့အား အတွင်းထဲမှ စွမ်းအင်များကို အလွယ်တကူ စုပ်ယူရန် ခွင့်ပြုနေလေ၏...။

လုပ်ငန်းစဉ်မှာ အလွန်မမြန်လှပါပေ။ သူက ရွှေရောင်နယ်မြေအဆီအနှစ် သလင်း​ကျောက်တစ်ခုစီတိုင်းကို စုပ်ယူရန် တစ်နာရီခန့်ပင် ကြာလေ၏။

တီနာက ဗဟိုမြို့တော်၏ အစောင့်များကို မြင့်မြတ်ဆေးတောင့်များနှင့် မြင့်မြတ်လက်နက်များကို ဖြန့်ဖြူးရန်နှင့် သွေးမီးတောက်အံ့ဖွယ်သစ်ပင်ကို စိုက်ရန် ညွှန်ကြားလိုက်လေ၏။

အန်လင်းက သလင်းကျောက်လေးခုကို စုပ်ယူပြီးသည့်အခါ မစ်ရှင် ဆောင်ရွက်မှု အတန်းမှာ ၄၀ ရာခိုင်နှုန်းထိ ရောက်သွားလေ၏။

ထိုသည်က သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့်ပြောင်းလဲမှုမှ မရရှိ၍ သူက စုပ်ယူထားသော စွမ်းအင်၏ အကျိုးသက်ရောက်မှုကို မသိပါပေ။

အန်လင်းက အသက်ပြင်းပြင်းရှုကာ မျက်လုံးမျကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ တီနာက သူ့ရှေ့မှ ကျောက်တုံးတစ်ခုတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ အဖြူရောင် ဝတ်ရုံက တိမ်တိုက်များနှင့် မြူခိုးများကဲ့သို့ လေထဲတွင် တဖြတ်ဖြတ်ခတ်နေပြီး ရွှေရောင်အလင်းမှုန်ကလေးများက သူမ၏ တောင်ပံများမှ တဖြုတ်ဖြုတ်ကြွေနေလေ၏။ သူမက မေးထောက်ကာ အန်လင်းကို နူးနူးညံ့ညံ့လေး စိုက်ကြည့်နေလေ၏။

-------------

All Chapters