ဝိညာဉ်ကောလိပ်သို့ ပြန်လည် ရောက်ရှိခြင်း
Vol. 30 Ch. 438
နဂါးမျိုးနွယ်သားသည် ဂျော့ချ်၏ စစ်တပ်မှ ရရှိခဲ့သော မြင်းအုပ်စု တစ်စုကို မြင်းရထားများသို့ ချည်နှောင် နေခဲ့သည်။ မြင်းများ၏ တစ်ဝက်ကျော်မှာ ဂိမ်းမာများ ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ လီလို ပိုင်ဆိုင်ခြင်း ဖြစ်သည်။
သူတို့သည် ဘုရင်မ ဗစ်တိုးရီးယား၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ ဤမြင်းများကို လာမည့် စစ်ပွဲတွင် အသုံးပြု ပေလိမ့်မည်။
အဓိက လုပ်ဆောင်ချက်မှာ မြင်းရထားများကို ဆွဲယူရန် ဖြစ်သည်။
ဂိမ်းမာများသည် တပ်ဖွဲ့ဝင် ၅,၀၀၀ကို သယ်ဆောင် နိုင်သည့် မြင်းရထား ထောင်ပေါင်း များစွာကို ထုတ်လုပ် ခဲ့ကြသည်။
အစားအသောက် ကဲ့သို့သော စစ်သုံးရိက္ခာနှင့် ပစ္စည်းများကို သယ်ဆောင်ရန် အတွက်ပင် နေရာလွတ်များ ရှိနေခဲ့သည်။
ဤသည်မှာ ဘုရင်မ ဗစ်တိုးရီးယား အစီအစဉ် ဆွဲထားခဲ့သည့် အရာ ဖြစ်သည်။
အစီအစဉ်မှာ ပြင်းထန်သော ပြဿနာများနှင့် ကြုံတွေ့ ခဲ့ရသည်။
ပထမဆုံးမှာ စည်းကမ်းပင်။
"တန်းစီကြ။ အုပ်စုအားလုံး စနစ်တကျ တန်းစီကြ။" ဘော့စ်အကြီးက ရူးသွပ်နေသော ဂိမ်းမာများကို ထိန်းချုပ်ရန် ကျယ်လောင်စွာ အော်ပြော လိုက်သည်။
၎င်းသည် မဖြစ်နိုင်သော တာဝန် တစ်ခုပင်။
ဂိမ်းမာများ ယုန်များကဲ့သို့ ခုန်ပေါက် နေခဲ့ကြသည်။ သူတို့ ပျော်ရွှင်စွာ စကားပြောဆို နေခဲ့ကြသည်။ အချို့မှာမူ မြေပြင်ပေါ်တွင် လူးလိမ့် နေကြပြီး အနည်းငယ် မှာမူ မိမိကိုယ်ကို နှိပ်စက် ညှဉ်းပန်းကာ ကိုယ်လက်အင်္ဂါများ ဖြတ်တောက် နေခဲ့ကြသည်။ သို့သော် မည်သူမျှ တန်းစီရန် ဆန္ဒ မရှိခဲ့ကြချေ။
နာရီအနည်းငယ်ကြာ ကြိုးစားပြီး နောက်တွင် ဘော့စ်အကြီး ဗစ်တိုးရီးယား တောအုပ်အနီးမှ ဂိမ်းမာများ လျော့နည်း သွားသည်ကို တွေ့ရှိ ခဲ့သည်။
ပစ္စည်းများ သယ်ဆောင်ရန်နှင့် မြင်းများကို မြင်းရထားများသို့ ချည်နှောင်ရန် မစ်ရှင် ရရှိခဲ့သော ဂိမ်းမာများ သာလျှင် အလုပ်,လုပ် နေခဲ့ကြသည်။ သူတို့၏ မစ်ရှင်များကို ပြီးမြောက် အောင်မြင်ခဲ့သော ဂိမ်းမာ အများစုမှာ အချိန်အနည်းငယ် အကြာတွင် ထွက်ခွာသွား ခဲ့ကြသည်။
ကံကောင်းစွာဖြင့် ဂိမ်းမာ ရာပေါင်း များစွာ ခရီးစဉ် အတွက် ပြင်ဆင်ရန် စနစ်တကျ တန်းစီ နေခဲ့ကြသေးသည်။
ရာပေါင်း များစွာသော ဂိမ်းမာများ မည်သို့ ထွက်ခွာ ကြမည်နည်း။
ဂိမ်းမာများ၏ နာခံမှု မရှိခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။
မည်သည့် ဂိမ်းမာက နေရာ တစ်ခုတွင် ရပ်ကာ အမ်ပီစီ နာရီ အနည်းငယ်ကြာ အော်ဟစ်နေသည်ကို ကြည့်ရှု နေမည်နည်း။ သူတို့ သူတို့၏ နေ့စဉ် မစ်ရှင်များကို ပြီးမြောက်အောင်မြင် ခဲ့ကြပြီလော။ သူတို့ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ် ခဲ့ကြပြီလော။ သူတို့ သူတို့၏ ပစ္စည်း ကိရိယာများကို တိုးတက်စေခဲ့ပြီး ပစ္စည်းများ စုဆောင်း ခဲ့ကြပြီလော။
ဂိမ်းမာများ အဘယ်ကြောင့် သူတို့၏ အချိန်ကို ရပ်နေပြီး ဘာမှ မလုပ်ဘဲ ဖြုန်းတီး နေကြမည်နည်း။ သူတို့ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း စတင်ရန်နှင့် ခရီးစဉ် စတင်ရန် အတွက် စောင့်ဆိုင်း နေကြပြီးမှ စုရုံးကြ ပေလိမ့်မည်။
ဤသည်မှာ အကြောင်းရင်းပင်။
တပ်ဖွဲ့ဝင်များ အပြည့်အဝ စုစည်းခြင်း မရှိသေးသောကြောင့် ဗစ်တိုးရီးယားစစ်တပ် ထွက်ခွာနိုင်ခြင်း မရှိခဲ့ချေ။
လန်ဆလော့၌ ဖြေရှင်းနည်း တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။ သာမန် စစ်တပ် တစ်ခု စည်းစနစ်ကျရန်အတွက် စစ်ဥပဒေကို အားကိုးရသည်။ စည်းကမ်းများကို ချိုးဖောက်သော တပ်ဖွဲ့ဝင်များအား ကြိမ်ဒဏ်ပေးခြင်း သို့မဟုတ် သေဒဏ်ပေးခြင်း ခံကြရသည်။
ဤဂိမ်းမာများ အတွက်မူကော။
သူတို့ သေဆုံးခြင်းကိုပင် မကြောက်ရွံ့ ကြသောကြောင့် ဒဏ်ပေးခြင်းက အဘယ်ကြောင့် အသုံးဝင်နိုင်မည်နည်း။
...
ထာဝရတိုင်းပြည်၏ ဒန်ဂျင်အရှင် ခန်းမဆောင်တွင်။
ကြက်ဥခေါင်း ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ကုန်းကုန်းကွကွ ထိုင်နေစဉ် သူ၏ ဝဖီးနေသော လက်သည်းများဖြင့် ပြင်းထန်စွာ ရိုက်နှိပ် နေခဲ့သည်။ မျက်နှာပြင်ပေါ်တွင်မူ ကာရှာဟု ခေါ်သော အမျိုးသမီး ဇာတ်ကောင် တစ်ဦး ခံစစ် မျှော်စင် တစ်ခု၏ ရှေ့တွင် သူ့ကို လှောင်ပြောင် နေသည်ကို ပြသ နေခဲ့သည်။
နီရဲသော စကားလုံးများ ဆက်တိုက် မျက်နှာပြင်ပေါ်တွင် ပေါ်ထွက် လာခဲ့သည်။
[ပီလ်တိုဗာမြို့၏ ရဲအရာရှိ (ကွန်ပျူတာ): မင်းရဲ့ ပျက်စီးဆုံးရှုံးမှုကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားပါ။]
"ကျစ်၊ ဒီမိန်းမက ကြွားဝါနေတာပဲ။ သူ့ရဲ့ အဆင့်ကို ငါ စစ်ဆေးကြည့်လိုက်ဦးမယ်... ဟမ့်၊ အဆင့် တစ်ခုတောင် မရှိဘူး။" ကြက်ဥခေါင်းက ၇၅၀ အထိ ရောက်ရှိသွားသော လက်လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်ရင်း မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် မျက်နှာပြင်ပေါ်တွင် ပြသ နေခဲ့သည်။
[သင် အသတ်ခံလိုက် ရပါပြီ။]
ထို့နောက် မျက်နှာပြင်ပေါ်တွင် ပီလ်တိုဗာမြို့၏ ရဲအရာရှိ လက်နက်ချ နေသည်ကို ပြသ နေခဲ့သည်။
"သောက်ကျိုးနည်း။"
ကြက်ဥခေါင်း သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ကီးဘုတ်ကို ရိုက်ချ လိုက်သည်။ ထို့နောက် သူ နောက်သို့ မှီလိုက်သည်။
ဤအခိုက်အတန့်တွင် ဒန်ဂျင်အရှင် ခန်းမဆောင်၏ တံခါး ပွင့်လာခဲ့ပြီး ရှားလော့ခ် ပိုလီယိုနှင့် ဖီးနစ်ငှက်တို့ နှင့်အတူ ဝင်ရောက် လာခဲ့သည်။ ကြက်ဥခေါင်း ဖောက်သည် ဝန်ဆောင်မှု စာမျက်နှာကို ပြသရန် မျက်နှာပြင်ကို လျှပ်တပြက် ပြောင်းလဲလိုက်သည်။
[နေ့လည်: ဖောက်သည် ဝန်ဆောင်မှု လား။ ဖောက်သည် ဝန်ဆောင်မှု အမျိုးသမီး ဘယ်မှာလဲ။ ခင်ဗျား ကျွန်တော့်ကို မိနစ် ဆယ်ဂဏန်းလောက် ဘာလို့ လျစ်လျူရှု ထားခဲ့တာလဲ။]
မျက်နှာပြင်ပေါ်တွင် နေ့လည်ဟု ခေါ်သော ဂိမ်းမာ တစ်ဦး၏ စကားပြောဆိုမှု ဝင်းဒိုးကို ပြသ နေခဲ့သည်။
ကြက်ဥခေါင်း သူ၏ ကီးဘုတ်ကို ဒေါသတကြီး ရိုက်နှိပ် လိုက်သည်။
"ကြက်ဥခေါင်း၊ မင်း ထူးဆန်းတဲ့ အရာ တစ်ခုခု ထပ်တွေ့ခဲ့သေးလား။" ရှားလော့ခ် ဝင်ရောက်လာပြီး ကြောင်ရုပ်သေးကို သေတ္တာ တစ်လုံးထဲသို့ ထည့်လိုက်ပြီးနောက် မေးလိုက်သည်။
"မဟုတ်ပါဘူး၊ အရာအားလုံး ပုံမှန်ပါပဲ။"
ရှားလော့ခ် ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "အမှောင်မီးလျှံတွေရဲ့ သခင်လား။"
"အရှင် ကျွန်တော့်ကို ဘာလို့ ခေါ်နေ တာလဲ..."
ကြက်ဥခေါင်း စကားမဆုံးမီမှာပင် ရှားလော့ခ် ကြက်ဥခေါင်း၏ ဦးခေါင်းကို ခေါက်လိုက်ပြီး ဆို၏။ "ဘာမှ မဟုတ်ပါဘူး၊ အထုပ် ထုပ်ပိုးပြီး သွားကြရအောင်။"
"ကျွန်တော့် အလုပ်က,ကော။"
"ငါ မင်းကို တစ်ရက် အနားယူခွင့် ပေးမယ်။"
ကြက်ဥခေါင်း သူ၏ ကွန်ပျူတာနှင့် ရှားလော့ခ်ကို မလိုလားစွာ ကြည့်လိုက်သည်။ ထို့နောက် သူ လိဂ်အော့ဖ်လီဂျန့် မျက်နှာပြင်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး သတင်းစကား တစ်ခု ရိုက်နှိပ် လိုက်သည်။
[အမှောင်မီးလျှံတွေရဲ့ သခင် (အထီးကျန်အမျိုးသမီး): တောင်းပန်ပါတယ်၊ ကျွန်တော့်ဇနီး မီးဖွားနေလို့ပါ။]
ထို့နောက် သူ ကွန်ပျူတာကို ပိတ်လိုက်ပြီး ရှားလော့ခ်နောက်သို့ ထပ်ချပ်မခွာ လိုက်ပါ သွားခဲ့သည်။
...
ဝိညာဉ်ကောလိပ်၏ စာမေးပွဲကွင်း၏ စောင့်ကြည့် လေ့လာရေး အခန်းတွင်။
ပရော်ဖက်ဆာ ဂေါ်ဖီထုပ် စောင့်ကြည့် လေ့လာရေး အခန်းတွင် ရှိနေပြီး မှော်ဖန်လုံးထဲမှ ပုံရိပ်များကို ကြည့်ရှု နေခဲ့သည်။ သူမ ထာဝရတိုင်းပြည်မှ ဂိမ်းမာငါးဦး အဖွဲ့ အော့ခ်အရိုးစုကောင် တစ်ကောင်နှင့် တိုက်ခိုက် နေသည်ကို တွေ့မြင်လိုက် ရသည်။
သူတို့ ငါးဦး ရှိသော်ငြား တစ်ဦး တည်းကသာ တိုက်ခိုက်နေခဲ့ပြီး ဂိုဘလင်လေးဦးမှာမူ အတူတကွ ထိုင်ကာ စကားပြောဆို နေခဲ့ကြသည်။ အော့ခ် တစ်ဦးတည်းသာ အရိုးစုစစ်သားနှင့် တိုက်ခိုက်နေခဲ့ပြီး သူ ဒဏ်ရာများဖြင့် ပြည့်နှက် နေခဲ့သည်။
ခက်ခဲသော တိုက်ပွဲ အပြီးတွင် အော့ခ် အရိုးစုစစ်သားကို အနိုင်ယူ နိုင်ခဲ့သည်။ ဤသည်မှာ စာမေးပွဲမှ နောက်ဆုံး အရိုးစုစစ်သား ဖြစ်သည်။
ဒဏ်ရာရနေသော အော့ခ် မိမိကိုယ်ကို မကုသခဲ့ချေ။ အမှန်တကယ်တွင် သူ ဂိုဘလင်အုပ်စု နှင့်အတူ စကားပြောဆိုမှုတွင် ပူးပေါင်းပါဝင် ခဲ့သည်။
သူ ချက်ချင်း ထွက်ခွာသွား နိုင်ခဲ့သော်လည်း ဒဏ်ရာများ ဆိုးရွားလာပါက သူ အသက်ဆုံးရှုံးနိုင်သည့် အချက် ရှိနေသော်ငြား သူ ထိုသို့ မပြုလုပ်ခဲ့ချေ။ ပရော်ဖက်ဆာ ဂေါ်ဖီထုပ် ဤသို့သော အရာမျိုးကို ပထမဆုံး အကြိမ် မျက်မြင် တွေ့ရှိ ခဲ့ခြင်း မဟုတ်ချေ။
ပရော်ဖက်ဆာ ဂေါ်ဖီထုပ် သူမ၏ လက်ကို မှော်ဖန်လုံးပေါ်သို့ တင်လိုက်ပြီး သူမ၏ မာနာစွမ်းရည်ကို သွင်းလိုက်သော အခါတွင် သူမ ၎င်းမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက် ရသည်။
အော့ခ်: "ဘော့စ်လေးယောက်နဲ့ မွန်းစတားတွေကို အနိုင်ယူ ပြီးသွားပြီ။ အဖွဲ့ရဲ့ ဘော့စ်က ကြိုတင် မှာယူထားတဲ့ ရင်ကာချပ်ဝတ်က လွဲရင် တခြားပစ္စည်း ကိရိယာ အားလုံးကို ငွေဒင်္ဂါး တစ်ပြားကနေ စတင်ပြီး လေလံတင် ရောင်းချမှာ ဖြစ်ပြီး လေလံဆွဲမှုတိုင်းက ကြေးဒင်္ဂါး ၁၀၀ တိုးမြှင့် သွားမှာပါ။"
အော့ခ်: "ဒီသံခမောက် အတွက် လေလံဆွဲမယ့်သူ ရှိသေးလား။"
ဂိုဘလင် ၁: "ငွေဒင်္ဂါးတစ်ပြား။"
ဂိုဘလင် ၂: "ငွေဒင်္ဂါး ၁.၁ ပြား။"
အော့ခ်: "နောက်ထပ် လေလံဆွဲမယ့်သူ ရှိသေးလား။ ငါ မင်းကို ငွေဒင်္ဂါး ၁.၁ ပြားနဲ့ ရောင်းချ ပေးမယ်။ ဘော့စ်၊ ငွေပေးချေမှု အတွက် လာခဲ့ပါ။"
ပစ္စည်း ကိရိယာ လေလံပွဲ ဆယ်မိနစ်ကြာ ဆက်လက် ဖြစ်ပွား နေခဲ့သည်။ အော့ခ်နှင့် ဂိုဘလင်လေးဦး ပစ္စည်း ကိရိယာ လေလံပွဲ ပြီးမြောက်သောအခါတွင် အော့ခ် မရောင်းချရသေးသော ပစ္စည်းလေးခုကို ယူလိုက်သည်။
အော့ခ်: "ဘော့စ်တို့၊ ခင်ဗျားတို့ ကန့်သတ်ဒန်ဂျင်နယ်မြေကို စိန်ခေါ်မယ်ဆိုရင် ကျွန်တော့်ကို ဝီချက်မှာ ထည့်ထားပေးပါ။ ကျွန်တော့်ကို ဝီချက်မှာ တိုက်ရိုက် စာပို့ပါ။ ကျွန်တော် ခင်ဗျားတို့ အတွက် အဖွဲ့ တစ်ခု ဖွဲ့စည်း ပေးပါ့မယ်။"
ဂိုဘလင် ၃: "ကန့်သတ်ဒန်ဂျင်နယ်မြေရဲ့ စိန်ခေါ်မှုက ချောမွေ့ပြီး ထိရောက်ခဲ့တယ်။ မင်းရဲ့ ဝီချက်က ဘာလဲ။ ငါ မင်းကို ထည့်ထားပေးမယ်။"
ဂိုဘလင် ၄: "ငါလည်း မင်းကို ထည့်ထားပေးမယ်။"
ဂိုဘလင် ၂: "ဒီဂိမ်းက လူမှုကွန်ရက် စနစ်ကို ပြုပြင်သင့်တယ်။ လက်တွေ့ကျမှုက အံ့ဩစရာ ကောင်းပေမယ့် ကန့်သတ်ဒန်ဂျင်နယ်မြေ ဝင်ပေါက်မှာ အဖွဲ့ တစ်ခု အတွက် အော်ဟစ် ခေါ်နေရတာက အဆင်မပြေဘူး။"
ဂိုဘလင် ၁: "အဲ့ဒါ မကောင်းဘူးလား။ ငါတော့ အလုပ်ရှုပ်တယ်လို့ မထင်ပါဘူး။"
သူတို့ ငါးဦး ထွက်ပေါက် နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီသို့ လျှောက်သွားရင်း စကားပြောဆို နေခဲ့ကြသည်။ ဖြူဖျော့နေသော အော့ခ်မှာမူ သေလုမျောပါး ဖြစ်နေသည့် အလား ထင်ရ၏။ အမှန်တကယ်တွင် သူ နေရာရွှေ့ပြောင်း ဝင်ပေါက်သို့ ခြေလှမ်း လှမ်းဝင်စဉ် မှာပင် သေဆုံး သွားခဲ့သည်။ ဂိုဘလင်လေးဦး သူ့ကို ထာဝရတိုင်းပြည်သို့ ပြန်လည် သယ်ဆောင် သွားခဲ့ကြသည်။
လစ်ခ်ျ ဘွဲ့လွန်စာမေးပွဲ အော့ခ် ဂိမ်းမာ၏ သေဆုံးမှုဖြင့် အဆုံးသတ် သွားခဲ့သည်။
လစ်ခ်ျ ကိုယ်စားလှယ်လောင်း နှစ်ဦး စိတ်ဓာတ် ကျဆင်းစွာ ပြန်သွား ခဲ့ကြသည်။ ပရော်ဖက်ဆာ ဂေါ်ဖီထုပ် တိတ်ဆိတ် နေခဲ့သည်။
ဤထာဝရတိုင်းပြည်မှ တိုက်ခိုက်ရေးသမားများနှင့် ပတ်သက်၍ အဘယ်အရာ မှားယွင်း နေသနည်း။ သူတို့ ဤမျှ ထူးဆန်းကြသလော။ အကယ်၍ ပရော်ဖက်ဆာ ဘေကွန် ပျောက်ဆုံးသွားခြင်း မရှိခဲ့ပါက ပရော်ဖက်ဆာ ဂေါ်ဖီထုပ် ဤသို့သော တာဝန်မျိုးကို လက်ခံရရှိမည် မဟုတ်ချေ။ သူမ ရက်အနည်းငယ် မျှသာ စာစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရ သေးသော်လည်း ထူးဆန်းသော အရာ များစွာကို မြင်တွေ့ ခဲ့ရသည်။ လစ်ခ်ျကျောင်းသား များစွာ အဘယ်ကြောင့် သူတို့၏ စာမေးပွဲများတွင် ကျရှုံးခဲ့ကြသည်ကို သူမ နောက်ဆုံးတွင် နားလည် သွားခဲ့သည်။
ဤတိုက်ခိုက်ရေးသမားများကား တိုက်ပွဲတွင် ကြောက်ရွံ့ခြင်း မရှိခဲ့ကြဘဲ ထူးဆန်းသော ပစ္စည်းများနှင့် လက်နက်များစွာ ရှိနေ ခဲ့ကြသည်။ လစ်ခ်ျကျောင်းသားများ သူတို့ကို အနိုင်ယူနိုင် ခဲ့ပါက အံ့ဩစရာပင်။
သူမ "ဝိညာဉ်ကောလိပ်၏ ဘွဲ့လွန်စာမေးပွဲ အတွက် အောင်မြင်မှု လက်စွဲ"၏ လစဉ်အပ်ဒိတ်ကို အမှတ် ရလိုက်သည်။ အစပိုင်းတွင် သူမ အတွင်းမှ မှတ်စုများကို ရယ်စရာ ကောင်းသည်ဟု ခံစား ခဲ့ရသော်လည်း ပြန်စဉ်းစားကြည့်သော အခါတွင် ၎င်းတို့မှာ အမှန်တကယ် အသုံးဝင်သော အကြံပြုချက်များ ဖြစ်နေခဲ့သည်။
ပရော်ဖက်ဆာ ဂေါ်ဖီထုပ် နောက်ထပ် စာမေးပွဲကို စာစစ်အဖြစ် တာဝန်ထမ်းဆောင် နေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက် ရသည်။ သူမ သူမ၏ ဦးခေါင်းကို မော့လိုက်ရာ နဂါးနက်နှင့် ရှားလော့ခ် သူ၏ အိမ်မွေးတိရစ္ဆာန်များ နှင့်အတူ တံခါးဝတွင် ရပ်နေသည်ကို တွေ့မြင် လိုက်ရသည်။
"မင်္ဂလာနေ့လည်ခင်းပါ၊ ပရော်ဖက်ဆာ ဂေါ်ဖီထုပ်။ နောက်တောင် ကျနေပြီ၊ ဒါပေမဲ့ ခင်ဗျား နေ့လည်စာ မစားရသေးဘူးလား။"
ရှားလော့ခ် သူမကို နှုတ်ဆက်လိုက်ပြီး ဝင်ရောက်လာကာ ဆို၏။ "ကျောင်းသားတွေဆီကနေ ခင်ဗျား ဒီမှာ ရှိနေတယ်လို့ ကျွန်တော် ကြားလိုက်တယ်၊ ဒါကြောင့် ကျွန်တော် လာခဲ့တာပါ။ ခင်ဗျား ဒီအချိန်မှာ အလုပ်,လုပ်နေ လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့် ထားခဲ့ပါဘူး။"
"အရှင်ရှားလော့ခ်၊ အကယ်၍ ပရော်ဖက်ဆာ ဘေကွန်နဲ့ ပတ်သက်ရင် စိတ်မပူပါနဲ့။ သူက အဲ့ဒီ သနားစရာ ကောင်းတဲ့ ကျောင်းသားတွေကိုပဲ ကူညီပေးနေတာ ဖြစ်နိုင်ပါတယ်။" ပရော်ဖက်ဆာ ဂေါ်ဖီထုပ်က သူမ၏ ခေါင်းကိုက်ခြင်းကို လျှော့ချရန် သူမ၏ နဖူးကို ပွတ်သပ်ရင်း ဆိုလိုက်၏။
"မဟုတ်ဘူး၊ ဒါက သာမန် အဖြစ်အပျက် တစ်ခု မဟုတ်ဘူးလို့ ယုံကြည်ဖို့ ကျွန်တော့်မှာ အကြောင်းပြချက် ရှိနေတယ်။"
ရှားလော့ခ် ပရော်ဖက်ဆာ ဂေါ်ဖီထုပ်အား ဆို၏။ "အကယ်၍ ငါတို့ အလျင်စလို မလုပ်ခဲ့ရင် ပရော်ဖက်ဆာ ဘေကွန် သေဆုံး သွားရလိမ့်မယ်။ သူ့ တပည့် ဖိုးဉာဏ်ကျယ်တောင် အန္တရာယ် ကျရောက် နေလိမ့်မယ်။"
ပရော်ဖက်ဆာ ဂေါ်ဖီထုပ် ရှားလော့ခ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"ဒါက မဖြစ်နိုင်ပါဘူး..."
"ခင်ဗျား စကားလုံးတွေချည်း သက်သက်နဲ့ပဲဆို ကျွန်တော့်ကို မယုံကြည်နိုင်ဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ပရော်ဖက်ဆာ ဘေကွန်ရဲ့ သဲလွန်စတွေရဲ့ သက်သေ အထောက်အထား အားလုံးနဲ့ ပုံရိပ်တွေကို ကျွန်တော် ဒီမှာ စုစည်း ထားပေးပါတယ်။ ခင်ဗျား ကြည့်ရှု ပြီးသွားတာနဲ့ ခင်ဗျား ကျွန်တော့် စကားတွေကို ယုံကြည်လာလိမ့်မယ် ဆိုတာ သေချာပါတယ်။" ရှားလော့ခ်က အဒါမန်တိုင်း ကျောက်တုံး တစ်တုံးကို ပရော်ဖက်ဆာ ဂေါ်ဖီထုပ်ထံသို့ ပေးအပ်ရင်း ဆို၏။