← Chapters

ဖိုးဉာဏ်ကျယ်၏ ဒေါသ

Vol. 30 Ch. 445

ဖိုးဉာဏ်ကျယ်၏ ဒေါသ

Vol. 30 Ch. 445

ရှားလော့ခ်နှင့် ဘရုတို့၏ စကားပြောဆိုမှုကို အဝေးတွင် ရှိနေသော ဂိမ်းမာများ မကြား နိုင်ခဲ့ကြချေ။ သူတို့ အတွက်မူ ၎င်းသည် အထူးပြုလုပ်ချက် ကောင်းများဖြင့် ပြည့်နှက်နေသော ဇာတ်လမ်း တစ်ခုပင်။

ပရော်ဖက်ဆာ ဂေါ်ဖီထုပ် ထူးဆန်းသော သေတ္တာနှင့် ပေါင်းစည်းသွားခြင်း မတိုင်မီ ဂိမ်းမာများ သူမနှင့် တိုက်ခိုက်ရန် အခွင့်အရေးပင် မရရှိ ခဲ့ကြခြင်းမှာ နှမျောစရာ ကောင်းလှ၏။ အရှင်ရှားလော့ခ် သေတ္တာ၏ လက်တံများ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သူတို့ ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံကို ကြားလိုက် ကြရသည်။

ဝိညာဉ်ကောလိပ် အောက်မှ မာနာပုံစံကွက်က သေတ္တာ အပေါ်တွင် စုစည်း သွားခဲ့ပြီး လစ်ခ်ျ ကျောင်းသားများ၏ မျက်လုံးခွံများထဲမှ မီးခိုးရောင် အလင်းတန်းများ မာနာပုံစံကွက် ပျောက်ကွယ် သွားသည်နှင့် အတူ ပျောက်ကွယ် သွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ။"

"ဒါ ဘယ်နေရာလဲ။"

"မြေငလျင်လား။ ဒါက ဘာဖြစ်နေ တာလဲ။"

"စာမေးပွဲ တိုက်ခိုက်ရေး သမားတွေက ငါတို့ ရင်ပြင်ထဲမှာ ဘာလို့ ရှိနေကြတာလဲ။ ဒါက ဇာတ်တိုက် လေ့ကျင့်မှု တစ်ခု လား။"

လစ်ခ်ျ ကျောင်းသားများ သူတို့၏ အသိစိတ်များ ပြန်လည် ရရှိလာကြပြီး စကားပြောဆိုစ ပြုလာကြသည်။ သူတို့ စိတ်ရှုပ်ထွေးနေသော အခြေအနေနှင့် အခြား ကျောင်းသားများ၏ ပြန့်ကျဲနေသော အဖြူရောင် အရိုးများကို မြင်တွေ့လိုက် ရသောအခါတွင် သူတို့ ထိတ်လန့်စ ပြုလာကြသည်။

သူတို့ ရင်ပြင်၏ အလယ်တွင် ရှိနေသော သေတ္တာကြီးကိုလည်း သတိပြု မိလိုက်ကြသည်။ သေတ္တာက ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး အသားရောင် လက်တံ များစွာ ပါသော အသားလုံးကြီး တစ်လုံး အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ မကြာမီမှာပင် အရိုးကဲ့သို့သော အခွံ တစ်ခုက ၎င်း၏ ကိုယ်ခန္ဓာ တစ်ခု လုံးကို ဖုံးအုပ် သွားခဲ့သည်။

"ဝေါင်း—။"

အသားလုံးကြီး သူ၏ လက်တံများကို ဝှေ့ယမ်းကာ အော်မြည် လိုက်သည်။

"ပြေးကြဟေ့။"

ကျောင်းသား တစ်ဦး အော်ဟစ်လိုက်ပြီး နောက်တွင် ကျောင်းသား အားလုံး လားရာ အမျိုးမျိုးသို့ ထွက်ပြေး သွားခဲ့ကြသည်။

ရှားလော့ခ်က သူတို့ကို မတားဆီးခဲ့သလို ဂိမ်းမာများမှာလည်း ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံတွင်သာ ရှိနေ ခဲ့ကြသည်။

ပြန်လွတ်မြောက်ခဲ့သော လစ်ခ်ျ ကျောင်းသားတချို့ ဂိမ်းမာများနှင့် ဆက်သွယ်ကာ ဘာဖြစ်ခဲ့သည်ကို သိရှိလို ခဲ့ကြသော်လည်း ဂိမ်းမာများ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံတွင် ရှိနေသောကြောင့် စကားမပြော နိုင်ခဲ့ကြချေ။ သူတို့ ကျောင်းသားများထံသို့ သူတို့၏ မျက်လုံးများ ကိုသာ မှိတ်ပြ နိုင်ခဲ့ကြသည်။

လစ်ခ်ျ ကျောင်းသားအချို့ကမူ အသားလုံးကြီး ဆီသို့ ပြေးသွား ခဲ့ကြသည်။ ၎င်း ဘာလဲဆိုသည်ကို သူတို့ မသိရှိနိုင်မီမှာပင် သူတို့ ဝှေ့ယမ်းနေသော လက်တံများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ပရော်ဖက်ဆာ ဂေါ်ဖီထုပ် ကဲ့သို့ပင် အဖြူရောင် အရိုးအမှုန့်များ အဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြသည်။

မထွက်ခွာသေးသော လစ်ခ်ျ ကျောင်းသားများ စတင် ထွက်ပြေးစ ပြုလာကြသည်။ ရုတ်ရုတ်သဲသဲ အခြေအနေ ဖြစ်ပေါ် လာခဲ့သည်။

"အရှင်ရှားလော့ခ်၊ ကျွန်တာ်တို့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရမယ်။ ကျောင်းသားတွေ လွတ်မြောက် သွားတာနဲ့ သူတို့က တပ်စောင့်တွေကို သွားပြီး သတင်းပို့ကြလိမ့်မယ်။ တခြား သတ္တဝါတွေက ဒီမြင်ကွင်းကို တွေ့သွားရင် ဝန်ထမ်း အသစ်တွေ ခန့်အပ်ဖို့ ခက်ခဲလိမ့်မယ်။" ဘရုက ရှားလော့ခ်အား ဆို၏။

"မင်း ပြောတာက အဓိပ္ပာယ် ရှိတယ်။" ရှားလော့ခ် ခေါင်းညိတ် လိုက်သည်။ သူ သူ၏ တောင်ပံများကို ခတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့ပြီးနောက် အသားလုံးကြီးထံသို့ ညွှန်ပြကာ ဂိမ်းမာများအား ဆို၏။ "ထာဝရတိုင်းပြည်ရဲ့ စစ်သည်တော်တို့၊ ငါတို့ ဆိုးယုတ်တဲ့ ဗွိုင့်ဒ်စစ်တပ် တပ်မှူးကို ဒီနေရာကနေ အရှင် လွှတ်ပေးလို့ မဖြစ်ဘူး။ ထာဝရတိုင်းပြည် အတွက် တိုက်ခိုက်ကြ။။"

အရိုးစု လက်တစ်ဖက် မြေပြင်မှ ထိုးထွက် လာခဲ့ပြီးနောက် အရိုးစု လက်များစွာ ထိုးထွက် လာခဲ့ပြီး ကျောင်းသားများ၏ ပြိုကွဲနေသော အရိုးစုများ ပြန်လည် စုစည်းစ ပြုလာခဲ့သည်။

အသားလုံးကြီးနှင့် မလှမ်းမကမ်းတွင် ရှိနေသော ပရော်ဖက်ဆာ ဘေကွန်၊ ဖိုးဉာဏ်ကျယ် နှင့် အခြား ပရော်ဖက်ဆာများ၏ မျက်လုံးခွံများ မီးခိုးရောင် အလင်းတန်းများဖြင့် တောက်ပ နေဆဲပင် ဖြစ်သည်။ အသားလုံးကြီးက သူတို့ အပေါ်မှ ထိန်းချုပ်မှုကို မစွန့်လွှတ်ခဲ့ချေ။

"ငါက ဖရန်ဂျီပန်နီ။ မင်းတို့ သနားစရာ ကောင်းတဲ့ သေမျိုးတွေက ငါ့ရဲ့ ပြန်လည် ရှင်သန်ရေး အစီအစဉ်ကို နှောင့်ယှက် ရဲကြတယ်။ ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ ဒေါသကို ရင်ဆိုင်ကြလော့။"

သူ၏ စကားများမှာ လူဆိုး ဇာတ်ကောင် တစ်ဦး၏ ကောင်းမွန်စွာ ရေးသားထားသော ဇာတ်ညွှန်း စကားများနှင့် တူနေခဲ့သည်။ ပြန်လည် ရှင်သန်လာသော ဖရန်ဂျီပန်နီ အော်ဟစ်လိုက်ရာ သူ၏ အသံမှာ သေတ္တာ တစ်လုံးထဲတွင် ပိတ်မိနေသည့် အလား ထင်ရ၏။

ထိန်းချုပ် ခံထားရသော လစ်ခ်ျ ပရော်ဖက်ဆာများ အရိုးစု စစ်သားများကို ဂိမ်းမာများ ထံသို့ လျှောက်သွား စေခဲ့ပြီး ဂိမ်းမာများ၏ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ပုံစံ ပြီးဆုံးသွားသည် နှင့်အမျှ ဖိုးဉာဏ်ကျယ်၏ လက်ထဲတွင် မီးခိုးရောင် အလင်းလုံး တစ်လုံး ထပ်မံ ပေါ်ထွက် လာခဲ့သည်။

ဂိမ်းမာများ သူတို့၏ ရန်သူများထံသို့ ချီတက် တိုက်ခိုက် သွားခဲ့ကြသည်။

"အာသာ၊ တိုက်ခိုက် ကြရအောင်။"

ဂန်ဒမ်ထဲတွင် အချက်အလက် စောင့်ကြည့်လေ့လာရေး နှင့် စမ်းသပ်ရေး အဖွဲ့ဝင် ဖြစ်သော လျှော်ကြိုးနည်းပညာရှင်က အာသာထံသို့ အော်ပြော လိုက်သည်။

"သိပြီ။"

အာသာက ဖိုးဉာဏ်ကျယ်၏ မာနာစွမ်းရည် မည်သည့် လားရာကို ချိန်ရွယ် ထားသည်ကို မသိနိုင်ခဲ့ချေ။ အကယ်၍ အားပြင်းသော မီးခိုးရောင် အလင်းလုံးသာ ဂန်ဒမ်ကို ထိမှန်ခဲ့ပါက အကျိုးဆက်များ ဆိုးရွားလှပေလိမ့်မည်။

လူတိုင်း ဂန်ဒမ်ကို ထုတ်လုပ်ရန် အင်အားအပြည့် စိုက်ထုတ်ခဲ့ကြရပြီး အာသာလည်း ၎င်း ပျက်စီးသွားမည်ကို မလိုလားခဲ့ချေ။

အာသာ ပြေးစ ပြုလာခဲ့သည်။ ချီတက် တိုက်ခိုက်နေသော ဂိမ်းမာများ သူတို့ အနားမှ ပြေးဖြတ်သွားသော ဂန်ဒမ်ကို ကြည့်ရှုကာ အားပေးစ ပြုလာကြသည်။

ဖရန်ဂျီပန်နီလည်း ဤသတ္တုမွန်းစတားကို တွေ့ရှိ ခဲ့သည်။ သူ သူ၏ လက်တံများကို ဝှေ့ယမ်းကာ ဂန်ဒမ်ထံသို့ ရိုက်နှက် လိုက်သည်။

ဂန်ဒမ် သူ၏ လက်နှစ်ဖက်စလုံး သူ၏ ဓားရှည်ကို ဆုပ်ကိုင်ကာ လက်တံများထံသို့ ဝှေ့ယမ်းလိုက်စဉ် ကိုယ်ကို ဒူးညွှတ် ချလိုက်သည်။ လက်တံများ ပြတ်တောက် သွားခဲ့သည်။ ရှားလော့ခ် ဂန်ဒမ်ကို ထုတ်လုပ်ရန် ငွေကြေးများစွာ သုံးစွဲခဲ့ရသောကြောင့် လက်နက်မှာ ကစားစရာ အရုပ် တစ်ခု မဟုတ်သည်မှာ သေချာသည်။

ဓားရှည် လက်တံများကို ဂေါ်ဖီထုပ် တစ်လုံးကို လှီးဖြတ် သကဲ့သို့ လှီးဖြတ် သွားခဲ့ပြီး တုန်ခါနေသော လက်တံများ ဂိမ်းမာများ ရှိရာ မြေပြင်ပေါ်သို့ ပြတ်ကျ သွားခဲ့သည်။ အနီးအနားမှ ဂိမ်းမာများ သူတို့၏ လက်နက်များဖြင့် လက်တံများကို ခုတ်ပိုင်းစ ပြုလာကြသည်။

"ဘယ်လောက်တောင် ကြီးမားတဲ့ လက်တံ အပိုင်းအစလဲ။ ဒါက ဘယ်လောက်တောင် ငွေရမလဲဆိုတာ ငါ သိချင်မိတယ်။"

"ဖြစ်နိုင်တာက ဒါ မာနာပစ္စည်း ဒါမှမဟုတ် အဂ္ဂိရိတ် ပါဝင်ပစ္စည်း တစ်ခုပဲ။"

"ဖမ်းကြဟေ့။"

ဂိမ်းမာများ ရုတ်ရုတ်သဲသဲ အခြေအနေကြားတွင် အော်ဟစ် နေကြသည်။

အာသာ သူတို့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ဘဲ လက်တံများစွာ သူ့ဆီ ဆက်လက် တိုက်ခိုက် နေခဲ့သည်။ ပြတ်တောက်သွားသော လက်တံများလည်း လျင်မြန်သော နှုန်းထားဖြင့် ပြန်လည် ပေါက်ထွက်စ ပြုလာခဲ့သည်။

"အရှင်ရှားလော့ခ်၊ အရှင့်ရဲ့ လက်နက်က အရမ်း အစွမ်းထက်တယ်ရော။ ဂန်ဒမ်က ဖရန်ဂျီပန်နီကို အနိုင်ယူ နိုင်လောက်တယ်။" ဘရုက ရှားလော့ခ်အား ပျော်ရွှင်စွာ ဆို၏။

လက်တံ အနည်းငယ် ဂန်ဒမ်ကို ထိမှန်ရန် နီးကပ် လာစဉ်မှာပင် ၎င်းတို့ထဲမှ နှစ်ခုက ဓားရှည်၏ လှီးဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့သော် အခြား လက်တံများကမူ ဂန်ဒမ်ကို ရိုက်နှက် နိုင်လိုက်ရာ ၎င်း နောက်သို့ ယိမ်းယိုင်သွားပြီး ကျယ်လောင်သော မြည်ဟည်းသံ နှင့်အတူ အဆောက်အအုံ တစ်ခုပေါ် ယိုင်ကျသွားခဲ့သည်။

ထိမှန်မှုကြောင့် အဆောက်အအုံတွင် ကြီးမားသော အခေါင်းပေါက် တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ၎င်း တုန်ခါစ ပြုလာခဲ့သည်။ ၎င်းသည် ယခင်က လစ်ခ်ျ ကျောင်းသားများ၏ စာသင်ခန်းများ ဖြစ်ခဲ့သော်လည်း ယခုမူ အပျက်အစီးများသာ ဖြစ်နေခဲ့သည်။ ဖုန်မှုန့်များနှင့် အပျက်အစီးများ နေရာအနှံ့တွင် ရှိနေခဲ့သည်။

"အာသာကို အားဖြည့် ကူပေးကြ။" ဘောင်းဘီမဝတ်သူက အာသာ ရိုက်နှက်မှု ထိမှန်ပြီးနောက် ယိမ်းယိုင် သွားသည်ကို မြင်တွေ့လိုက် ရသောအခါတွင် အစည်းအရုံးဝင်များထံသို့ အော်ပြော လိုက်သည်။

"ရှေးအတိတ် ရေခဲအသိပညာ၊ ပုံရိပ်ယောင်တွေ ပေါများလှဘိ၊ အကျွန့် လက်ကောက်ဝတ်ကနေ ဆီးနှင်းမုန်တိုင်းကို ဆင့်ခေါ်ပါစေလော့။"

"အက်လ်ဖ်ရဲ့ စာချုပ်ကို ချီးကျူးပါ၊ စည်းကမ်းချက်တွေကို လိုက်နာပြီး အကျွန့်အား အကြီးမြတ်ဆုံး မာနာစွမ်းရည်နဲ့ အက်လ်ဖ်စွမ်းအားကို ချီးမြှင့်ပါ၊ ဖျက်ဆီးမှု အထွတ်အထိပ် ရောက်ပါစေသား။"

ဂိမ်းမာများ သူတို့၏ မာနာစွမ်းရည် ရွတ်ဆိုမှုများကို စတင် ခဲ့ကြပြီး ဒြပ်စင် မာနာစွမ်းရည် အမျိုးမျိုးလည်း ဖရန်ဂျီပန်နီထံသို့ ပျံသန်း ထွက်သွားခဲ့သည်။ မာနာစွမ်းရည် အချို့ကမူ အရိုးစု စစ်သားများနှင့် ဖရန်ဂျီပန်နီ၏ လက်တံများကို ထိမှန် ခဲ့သော်လည်း သိပ်ပျက်စီးမှု မရှိခဲ့ချေ။ ပျက်စီးသွားသော လက်တံများက လျင်မြန်စွာ ပြန်လည် ရှင်သန် လာခဲ့သည်။

တိုက်ပွဲမှာ ခမ်းနားထည်ဝါ လှ၏။ ဒြပ်စင် မာနာစွမ်းရည်များ၏ တိုက်ခိုက်မှုများ အပြင် ရာသီဥတု အကျိုးသက်ရောက်မှု အမျိုးမျိုးကလည်း ဖရန်ဂျီပန်နီ၏ အထက်တွင် ပေါ်ထွက် လာခဲ့သည်၊ ဆီးနှင်း၊ ဟာရီကိန်း၊ လျှပ်စီးနှင့် မိုးတို့ ကဲ့သို့ပင်။ ဂိမ်းမာများသည် ကန့်သတ်ဒန်ဂျင်နယ်မြေမှ ရရှိခဲ့သော မာနာစာလိပ်များ အပြင် မာနာစွမ်းရည် အမျိုးမျိုးကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးပြု နိုင်ခဲ့ကြသည်။

ဂိမ်းမာ အနည်းငယ် မျှသာ သူတို့၏ မာနာစွမ်းရည်များကို သူတို့၏ ဆန္ဒအတိုင်း အသက်သွင်း နိုင်ခဲ့ကြသည်၊ အကြောင်းမှာ အရိုးစု စစ်သားများက သူတို့ကို အနီးကပ် ဝင်တိုက်ခိုက် လာသောကြောင့်ပင်။

"အရှင်ရှားလော့ခ်၊ အရှင့်ရဲ့ မှော်ကျောက်တုံး တစ်သန်းက ရေထဲကို ပလုံသွားတော့မှာလား။" ဘရုက ဂန်ဒမ် ထိမှန်ပြီးနောက် လွင့်ထွက် သွားစဉ် စိုးရိမ်တကြီး မေးလိုက်သည်။

"စိတ်မပူပါနဲ့။ ဒါက ပွန်းပဲ့ရုံလေးပဲ။"

ရှားလော့ခ် ပျက်စီးမှုကို လျစ်လျူရှု လိုက်သော်လည်း သူသည်လည်း ဂန်ဒမ်ကို စိုးရိမ်တကြီး စိုက်ကြည့်နေ ခဲ့သည်။ ကံကောင်းစွာဖြင့် ဂန်ဒမ်က ထပ်မံ ထရပ် လိုက်ပြီး ဖုန်မှုန့် တစ်လွှာဖြင့် လျှောက်ထွက် လာခဲ့သည်။

ဂန်ဒမ် မပျက်မစီး ရှိနေသေးပုံ ရ၏။

"အာသာ၊ မင်း အဆင်ပြေရဲ့ လား။" လျှော်ကြိုးနည်းပညာရှင် မေးလိုက်သည်။ ထိမှန်မှု အတွင်းတွင် အာသာလည်း တည်ငြိမ်စွာ မရပ်နိုင်ခဲ့ဘဲ သူ၏ ဦးခေါင်း ဘေးမှ ကိရိယာများနှင့် ဝင်တိုက်မိ သွားခဲ့သည်။ ကံကောင်းစွာဖြင့် ကိရိယာများမှာ ခိုင်ခံ့သောကြောင့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။

လျှော်ကြိုးနည်းပညာရှင် သူ၏ ဦးခေါင်းမှ သွေးထွက် နေခြင်းကို ဂရုမစိုက်ခဲ့ချေ။ သူ ဂန်ဒမ်အတွက်ကို ပို၍ စိုးရိမ် နေခဲ့သည်။

အာသာ ယာဉ်မောင်းခန်း၏ အကာအကွယ်ကြောင့် ဒဏ်ရာ မရရှိခဲ့ချေ။ သူ သတိပြန်လည် ရရှိလာပြီး နောက်တွင် သူ ဂန်ဒမ်ကို အပျက်အစီးများထဲမှ ထရပ် စေလိုက်သည်။ ဖုန်မှုန့်များနှင့် အဆောက်အအုံ အပိုင်းအစများ မိုးစက်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျ လာခဲ့သည်။ ၎င်းသည် အလွန် ခမ်းနားသော မြင်ကွင်း တစ်ခုလည်း ဖြစ်သည်။

သူတို့ ဝမ်းသာနေရန် အခွင့်အရေး မရရှိမီမှာပင် ဖိုးဉာဏ်ကျယ်၏ မီးခိုးရောင် အလင်းလုံးများ ဂန်ဒမ်ထံသို့ ထပ်မံပျံသန်း လာခဲ့သည်။ ဖရန်ဂျီပန်နီက ဂန်ဒမ်ကိုသာ ပစ်မှတ်ထားနေခဲ့ပြီး ရှားလော့ခ်ကို မဟုတ်ချေ။ ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲအရ ဂန်ဒမ်သည် ရှားလော့ခ်ထက် ပို၍ ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်သည်။

အာသာ ရှောင်တိမ်းလိုက်သော်လည်း သူ နှေးကွေးနေဆဲပင်။ မီးခိုးရောင် အလင်းလုံး အများစုက အဆောက်အအုံများ အပေါ်သို့ ကျရောက်သွား ခဲ့သော်လည်း တစ်လုံးမှာမူ ဂန်ဒမ်၏ ခြေထောက်ကို ထိမှန် သွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲမှု တစ်သံ ထွက်ပေါ် လာခဲ့ပြီး ဂန်ဒမ် ခလုတ်တိုက် လဲကျသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

"သတိထား၊ အာသာ။" ချောင်းကြည့် ပြတင်းပေါက်မှ အပြင်သို့ ကြည့်နေသော လျှော်ကြိုးနည်းပညာရှင်က အာသာထံသို့ အော်ပြော လိုက်သည်။

ရေခဲချွန်များ ဒါဇင်ပေါင်း များစွာ ဘေကွန်၏ လက်များတွင် ပေါ်ထွက်လာပြီး ဂန်ဒမ်ထံသို့ ပျံသန်း သွားခဲ့သည်။ လစ်ခ်ျ ပရော်ဖက်ဆာများ၊ ပရော်ဖက်ဆာ ဘေကွန်နှင့် ဖိုးဉာဏ်ကျယ်တို့ အားလုံး ဂန်ဒမ်ကို အာရုံစိုက် နေခဲ့ကြသည်။

ဤသည်က ရှားလော့ခ် အတွက် အခွင့်အလမ်း တစ်ခု ဖန်တီးပေးခဲ့သည်၊ အကြောင်းမှာ သူတို့ သူ့ကို မတိုက်ခိုက် ခဲ့ကြသောကြောင့်ပင်။

ဖရန်ဂျီပန်နီ လက်တံများကို ခြိမ်းခြောက်မှု ရှိစွာ ဝှေ့ယမ်းနေစဉ် မှာပင် ရှားလော့ခ်က သူ့ထံသို့ ပျံသန်းသွားပြီး သူ့ ကိုယ်ကို ဖုံးအုပ်ထားသော အရိုးအခွံကို လက်သီးဖြင့် ထိုးလိုက်သည်။

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ အပြီးတွင် အရိုးအခွံ၌ အက်ကြောင်းများ တစ်စုံတစ်ရာမျှ မရှိလာ ခဲ့သော်လည်း မြေပြင်ကမူ အက်ကွဲစ ပြုလာခဲ့သည်။ ရှားလော့ခ်၏ အစွမ်းအစမှာ ကြီးမားလှသော်လည်း သူ၏ လက်သီးက သိသာထင်ရှားသော ပျက်စီးမှုကို မဖြစ်ပေါ်စေခဲ့ချေ။

ဖရန်ဂျီပန်နီ ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ သူ၏ လက်တံများဖြင့် ရှားလော့ခ်ကို ဖမ်းဆီးရန် ကြိုးစား ခဲ့သော်လည်း သူ ရှောင်တိမ်း သွားခဲ့သည်။ လက်တံများသည် သူတို့ ထိတွေ့မိသော မည်သည့် သတ္တဝါထံမှ မဆို မာနာစွမ်းရည်ကို စုပ်ယူ နိုင်ခဲ့သည်။

ရှားလော့ခ် လက်မလျှော့ခဲ့ဘဲ ဖရန်ဂျီပန်နီကို အဆက်မပြတ် တိုက်ခိုက် နေခဲ့သည်။ သူ အရိုးချပ်ဝတ် အပေါ်သို့ လက်သီးများ မိုးကဲ့သို့ ရွာသွန်းစေခဲ့ရာ တဒုန်းဒုန်း မြည်သံများ ရင်ပြင် တစ်ခု လုံးတွင် ပဲ့တင်ထပ် နေခဲ့သည်။

"ရှားလော့ခ်က အရမ်း မိုက်တာပဲ။"

"ကျွန်မရဲ့ ခင်ပွန်း၊ ရှားလီ။"

"ဒါက အရမ်း ရက်စက်လွန်းတယ်။ ကျွန်မ တိုင်ကြားချက် တစ်ခု တင်သွင်း တော့မယ်။"

သူတို့ တိုက်ပွဲကို ကြည့်ရှုနေရုံသာ မကချေ။ ဒြပ်စင် မာနာစွမ်းရည် တိုက်ခိုက်မှုများကို ပို၍ ပို၍ ဖရန်ဂျီပန်နီထံသို့ လမ်းညွှန်တိုက်ခိုက် နေခဲ့သည်။ သူတို့ သူတို့၏ မာနာစွမ်းရည် တိုက်ခိုက်မှုများ ဖရန်ဂျီပန်နီ သို့မဟုတ် ရှားလော့ခ်ကို ထိမှန်ခြင်း ရှိ၊ မရှိ ဂရုမစိုက် ခဲ့ကြချေ။ အမှန်စင်စစ် တိုက်ပွဲအတွင်း သူတို့၏ ဘက်မှ လူများကို တိုက်ခိုက်ခြင်းမှာ သူတို့၏ ထုံးတမ်းစဉ်လာလိုလို ဖြစ်နေသည်။

လက်သီး ဒါဇင်ပေါင်း များစွာ ရွာသွန်းစေပြီး နောက်တွင် ရှားလော့ခ် ကောင်းကင်သို့ ပျံတက် သွားခဲ့သည်။ ဖရန်ဂျီပန်နီ မြေပြင်အတွင်း နက်ရှိုင်းစွာ နစ်မြုပ်နေခဲ့ပြီး အရိုးချပ်ဝတ်၏ အပေါ်ဆုံး အပိုင်းတွင် အက်ကြောင်း အနည်းငယ်မျှ ပေါ်ထွက် နေခဲ့သည်။

"ဒီအရိုးချပ်ဝတ်က ခိုင်ခံ့တယ်ပဲ။" ရှားလော့ခ်က အရိုးချပ်ဝတ်ကို အကဲခတ် ကြည့်ရှုရင်း ဆို၏။

"သူက ရှေးဟောင်း နတ်ဘုရားများ စစ်တပ်ရဲ့ တပ်မှူး ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်သောင်းပေါင်း များစွာက အစွမ်းထက်တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းပကားအရ သူက ကာကွယ်ရေးဘက်ကို ပိုပြီး အားသာပုံရတယ်။" ဘရု ဆို၏။

ရှားလော့ခ် သဘောတူညီစွာ ခေါင်းညိတ် လိုက်သည်။

ရှားလော့ခ် ဖရန်ဂျီပန်နီကို သတ်ဖြတ်လိုခြင်း မရှိခဲ့ချေ။ သူ ဖရန်ဂျီပန်နီက ပရော်ဖက်ဆာ ဘေကွန်၊ ဖိုးဉာဏ်ကျယ်နှင့် အခြား ပရော်ဖက်ဆာများကို မည်သို့ ထိန်းချုပ်ခဲ့သည်ကို သိရှိ လိုခဲ့ပြီး သူတို့ကို ကယ်တင် လိုခဲ့သည်။ အကယ်၍ သူ အောင်မြင်ခဲ့ပါက သူ ပိုလီယိုနှင့် ဖီးနစ်ငှက်တို့၏ စာချုပ်များ ကဲ့သို့ပင် ဖရန်ဂျီပန်နီနှင့် အထူးစာချုပ် တစ်ခု ချုပ်ဆို ပေလိမ့်မည်။

ရှားလော့ခ် ဖရန်ဂျီပန်နီ၏ အားနည်းချက်ကို စူးစမ်းနေစဉ် မှာပင် မီးတောက်နေသော ဖီးနစ်ငှက် တစ်ကောင် ကြည်လင်စွာ အော်မြည် လိုက်ပြီး အောက်သို့ ထိုးဆင်း လာခဲ့သည်။

အောက်သို့ ဆင်းသက်နေစဉ် မှာပင် အရွယ်အစား တစစ သေးငယ် လာခဲ့သည်။ ထို့နောက် ၎င်း ကြက်တူရွေး တစ်ကောင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

အောက်သို့ ဆင်းသက်သည့် အရှိန် နှေးကွေးသွားခဲ့ပြီး သူ သူ၏ လက်သည်းများဖြင့် အနက်ရောင် ကြောင်ပေါက်စ တစ်ကောင်ကို ဆုပ်ကိုင် ထားသည်ကို မြင်တွေ့ နိုင်ခဲ့သည်။

ကြက်တူရွေးက အနက်ရောင် ကြောင်ပေါက်စကို ရှားလော့ခ်၏ ပခုံးပေါ်သို့ တင်ပေး လိုက်ပြီးနောက် အခြား ပခုံးသို့ သွားရောက် ခဲ့သည်။

"အရှင်ရှားလော့ခ်၊ ကျွန်တော် ဒီငှက် အချောင်ခိုနေတာကို တွေ့လိုက်တယ်။ သူက ဖရန်ဂျီပန်နီ အရှင့်ကို အပြီးသတ် ရှင်းလင်းပစ်မှာကို စောင့်ဆိုင်းနေပြီး ထွက်ပြေးဖို့ ကြိုးစားနေခဲ့တာ။" အနက်ရောင် ကြောင်ပေါက်စ ပခုံးပေါ်တွင် တည်ငြိမ် သွားပြီးနောက် အော်ပြော လိုက်သည်။

"အဲ့ဒါ မဟုတ်ပါဘူး၊ အရှင်ရှားလော့ခ်။ ဒီမိုက်မဲတဲ့ ကြောင်ကသာ ထွက်ပြေးဖို့ ကြိုးစားနေခဲ့တာပါ။ ကျွန်တော် သူ့ကို လူအုပ်ထဲမှာ အချောင်ခိုနေတာကို တွေ့လိုက်ရတယ်။ သူ အရှင့်အဖြစ် အယောင် ဆောင်နေဖို့ မလိုအပ်ခဲ့ပေမယ့် သူ လုပ်ခဲ့ပြီး သူ တိုက်ပွဲကို ပြပွဲ တစ်ခုလို ကြည့်ရှု နေခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ပြန်ခေါ် လာခဲ့တာပါ။"

ဖီးနစ်ငှက်က ဆို၏။ "အရှင်ရှားလော့ခ်၊ ကျွန်တော် ဖိုးဉာဏ်ကျယ်နဲ့ အကြိမ် ရာပေါင်း များစွာ မာနာစွမ်းရည်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အရှင်ရဲ့ ဘေးကို ပြန်ပျံသန်းလာရတာ ကျွန်တော့် အတွက် မလွယ်ကူ ခဲ့ပါဘူး။ ကျွန်တော့် ဘဝက ခက်ခဲလွန်းပါတယ်။"

အနက်ရောင် ကြောင်ပေါက်စ ပြန်လည် ချေပရန် ပြင်ဆင် နေသော်လည်း ရှားလော့ခ် သူတို့၏ စကားများမှုကို ဖြတ်တောက်လိုက်ပြီး ဆို၏။ "ပိုလီယို၊ ဖရန်ဂျီပန်နီရဲ့ လစ်ခ်ျတွေ အပေါ်က ထိန်းချုပ်မှုကို ဖြတ်တောက် လိုက်ပါ။"

ရှားလော့ခ် အမိန့် ပေးလိုက်သည်။

သေးငယ်သော မာနာပုံစံကွက် တစ်ခု အနက်ရောင် ကြောင်ပေါက်စ၏ ကိုယ်ပေါ်တွင် လင်းလက် သွားခဲ့သည်။ ထို့နောက် သူ အနက်ရောင် မြူခိုး တိမ်တိုက် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဖရန်ဂျီပန်နီထံသို့ ပျံသန်း သွားခဲ့သည်။

ဖရန်ဂျီပန်နီ၏ အရိုးချပ်ဝတ်က ပိုလီယို သူ၏ ကိုယ်ထဲသို့ ဝင်ရောက်ခြင်းကို မတားဆီး နိုင်ခဲ့သောကြောင့် အနက်ရောင် မြူခိုး သူ၏ ကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီး သူ သွေးရူးသွေးတန်း ဖြစ်သွားခဲ့သည်။

သူ၏ လက်တံများ ထိန်းချုပ်မှု လွတ်ကင်းစွာ ဝှေ့ယမ်း နေသောကြောင့် ရှားလော့ခ် အနီးကပ် သွားနိုင်ခြင်း မရှိခဲ့ချေ။ ရှားလော့ခ် ဤအချိန်တွင် ဝင်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိ ခဲ့သော်လည်း သူ ဘေးတွင် ရပ်ကာ ကြည့်ရှု နေခဲ့သည်။

ပိုလီယိုကား အမှန်တကယ်ပင် ၇၂ ပါးသော နတ်ဆိုးများထဲမှ တစ်ပါး ဖြစ်သည်။ ဖရန်ဂျီပန်နီ သူ၏ လက်တံများနှင့် ရုန်းကန် နေစဉ်မှာပင် ထိန်းချုပ် ခံထားရသော လစ်ခ်ျများ၏ မျက်လုံးခွံများထဲမှ မီးခိုးရောင် အလင်းတန်းများ တစစ ပြန်ပျောက်ကွယ် သွားခဲ့သည်။ ပထမဆုံး ထိန်းချုပ်မှု ပြန်လည် ရရှိခဲ့သူမှာ ဖိုးဉာဏ်ကျယ်ပင်။

သူ မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားပြီး သူ၏ ဦးခေါင်းခွံကို သူ၏ လက်ဖြင့် ဖုံးအုပ် လိုက်သည်။ မီးခိုးရောင် အလင်းတန်း သူ၏ မျက်လုံးခွံမှ ပျောက်ကွယ် သွားခဲ့သည်။ သူ ပတ်ဝန်းကျင်ကို ရီဝေစွာ ကြည့်လိုက်ပြီး လေထဲမှ ရှားလော့ခ်နှင့် သူ၏ ဘေးမှ ပရော်ဖက်ဆာ ဘေကွန်တို့ကို သတိပြုမိလိုက်သည်။

"ဆရာ။ ဆရာ။"

ဖိုးဉာဏ်ကျယ် ပရော်ဖက်ဆာ ဘေကွန်ထံသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ သူ ပရော်ဖက်ဆာ ဘေကွန်ကို ရှာဖွေ နေခဲ့သည်ကို သူ မှတ်မိသည်။

ပရော်ဖက်ဆာ ဘေကွန် ဖိုးဉာဏ်ကျယ်၏ လက်များထဲသို့ အားလျော့စွာ လဲကျ သွားခဲ့သည်။ သူ၏ မျက်လုံးခွံများထဲမှ မီးခိုးရောင် အလင်းတန်း ပြန်ပျောက်ကွယ် သွားခဲ့ပြီး ပရော်ဖက်ဆာ ဘေကွန်သည်လည်း ဖရန်ဂျီပန်နီ၏ ထိန်းချုပ်မှုမှ လွတ်မြောက် သွားခဲ့သည်။

"ဖိုးဉာဏ်ကျယ်။"

ပရော်ဖက်ဆာ ဘေကွန် သူ၏ လေးလံသော မျက်လုံးခွံများကို ဖွင့်ရန် အားတင်း ကြိုးစား နေခဲ့သည်။ သူ ဖိုးဉာဏ်ကျယ်၏ လက်များထဲတွင် အလွန် အားနည်းနေပုံ ရပြီး ထရပ်ရန်ပင် အင်အား မရှိခဲ့ချေ။

"ငါ မနေရတော့ဘူး၊ ဖိုးဉာဏ်ကျယ်။" ပရော်ဖက်ဆာ ဘေကွန်က သူ၏ တုန်ခါနေသော လက်ကို မြှောက်လိုက်ရင်း ဆို၏။

ဖိုးဉာဏ်ကျယ် မျက်ရည်များကျ လာခဲ့သည်။ သူ ပရော်ဖက်ဆာ ဘေကွန်၏ လက်ကို ဆုပ်ကိုင်ကာ ဆို၏။ "ဆရာ၊ အရမ်း မစဉ်းစားပါနဲ့။ ဘီးတယ်လ်မွန် လူနာတင်ယာဉ် လာနေပါပြီ။ ဆရာ အဆင်ပြေသွားမှာပါ။ ကျွန်တော် ဆရာ့ကို ပွဲချင်းပြီးသေ ဆေးရုံကို ပို့ပေးပါ့မယ်။ ဆရာဝန်တွေက ဆရာ့ကို ကယ်တင် ပေးပါလိမ့်မယ်။"

ဖိုးဉာဏ်ကျယ် ပရော်ဖက်ဆာ ဘေကွန်ကို စိုက်ကြည့်ရင်း တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

"ဖိုးဉာဏ်ကျယ်၊ ငါ ငါ့ အခြေအနေကို ကောင်းကောင်း သိပါတယ်။ ဖရန်ဂျီပန်နီအကြောင်း ကောလိပ်ကို သတင်းမပို့ခဲ့မိတာ ငါ့ အမှားပဲ။ ငါ မင်းကိုပါ ဒီအရှုပ်အထွေးထဲ ဆွဲသွင်းခဲ့မိတယ်။ အကယ်၍ ငါ့မှာ ထပ်ရွေးချယ်ခွင့် ရှိခဲ့ရင် ငါ အဲ့ဒီလို လုပ်မှာ မဟုတ်ဘူး။"

ပရော်ဖက်ဆာ ဘေကွန် အားလျော့စွာ ဆို၏။ "အရှင်ရှားလော့ခ်က ကောင်းမွန်တဲ့ အရှင်သခင် တစ်ပါးပဲ။ သူ မင်းကို စောင့်ရှောက် ပေးနေတဲ့ အတွက် ငါ ဝမ်းသာရပါတယ်။ မင်းမှာ အလားအလာ ကောင်းတဲ့ အနာဂတ် ရှိနေတယ်၊ ဖိုးဉာဏ်ကျယ်။ ကြိုးစားပမ်းစား အလုပ်,လုပ်ပါ။ မင်းက ငါ့ရဲ့ အချစ်ဆုံး တပည့်ပဲ။"

ပရော်ဖက်ဆာ ဘေကွန်၏ ဦးခေါင်း ဘေးသို့ လဲကျသွားစဉ် သူ၏ လက်ဆုပ်ကိုင်ထားမှုကို လွှတ်ချ လိုက်သည်။ သူ၏ ကိုယ်ခန္ဓာမှာ အင်အားကုန်ခမ်း နေခဲ့ပြီး အသက်ရှင်သန်မှု လက္ခဏာများ မရှိတော့ချေ။ သူက အသက်မဲ့သော အရိုးစုကောင် တစ်ကောင်နှင့် တူနေခဲ့သည်။

"ဆရာ။" ဖိုးဉာဏ်ကျယ် နာကျင်စွာ အော်ဟစ် လိုက်သည်။ ပရော်ဖက်ဆာ ဘေကွန် သူ့ကို ထပ်မံ ပြန်ဖြေနိုင်တော့မည် မဟုတ်ချေ။ ဖိုးဉာဏ်ကျယ် ထရပ် လိုက်ပြီး သူ၏ လက်များတွင် ကြီးမားသော မီးခိုးရောင် မာနာလုံး တစ်လုံးကို ပေါ်လာစေခဲ့သည်။

သူ ရုန်းကန်နေသော ဖရန်ဂျီပန်နီကို စိုက်ကြည့်ရင်း ဒေါသများဖြင့် ပြည့်နှက် နေခဲ့သည်။ မာနာလုံး အရွယ်အစား ပို၍ ကြီးထွား လာခဲ့သည်။ သူ၏ ခမ်းနား ထည်ဝါသော မာနာစွမ်းအားက ရှားပါးသော ပါရမီရှင် လစ်ခ်ျ တစ်ဦး၏ စစ်မှန်သော အရည်အချင်းကို ပြသ နေခဲ့သည်။ နောက်ဆုံးတွင် သူ မာနာလုံးကို ဒေါသနှင့် မုန်းတီးမှုများ အပြည့်ဖြင့် ဖရန်ဂျီပန်နီထံသို့ ပစ်လွှတ် လိုက်သည်။

ဖိုးဉာဏ်ကျယ် သူ၏ ရှိရှိသမျှ မာနာ အားလုံးကို အသုံးပြုခဲ့သည်။ မာနာလုံး ဖရန်ဂျီပန်နီကို ထိမှန်သွားသော အခါတွင် ရင်ပြင်၏ တစ်ဝက်ကိုပင် ဝါးမြိုသွားသော ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ကျန်ရှိနေသေးသော အရိုးစုကောင် အားလုံး မြေပြင်ပေါ်သို့ လွင့်စင် သွားခဲ့ကြသည်။

"ပရော်ဖက်ဆာ ဘေကွန် သေဆုံးသွားတာလား။" ဘရုက မယုံနိုင်စွာ မေးလိုက်သည်။

All Chapters