← Chapters

ဂိမ်းမာများ၏ တန်ပြန် တိုက်ခိုက်မှု

Vol. 30 Ch. 446

ဂိမ်းမာများ၏ တန်ပြန် တိုက်ခိုက်မှု

Vol. 30 Ch. 446

ဘရု သူ မြင်တွေ့လိုက်ရသည့် အရာကို မယုံကြည်နိုင်ခဲ့ဘဲ ဂိမ်းမာများမှာလည်း ဇာတ်လမ်း၏ ကြီးမားသော လှည့်ကွက်ကြောင့် စိတ်ထိခိုက် နေခဲ့ကြသည်။

"အလိုလေး၊ ဖိုးဉာဏ်ကျယ်က ဘေကွန်ရဲ့ တပည့်တဲ့လား။"

"ဘေကွန်ရဲ့ သေဆုံးမှုက အရမ်း ရုတ်တရက် ဆန်တာပဲ။ သူ ပြန်ကောင်းသွားပြီး နောက်မှာ ဇာတ်လမ်း အဖြစ်အပျက်တွေ ပိုရှိလာမယ်လို့ ငါ ထင်ခဲ့တာ။ ဝါးခရက်ဖ်ကမ္ဘာက သေမင်း သူရဲကောင်း လိုမျိုးပေါ့၊ နောက်ဆက်တွဲ ဇာတ်လမ်းတွေမှာ လစ်ခ်ျ အတတ်ပညာကို ရရှိ နိုင်ခဲ့တာလေ။ ဘေကွန်က ငါတို့ရဲ့ ဆရာ ဖြစ်နိုင်ခဲ့တယ်။"

"ဒါက ဂျပန်အန်နမီ ထဲကလိုမျိုး ကြီးကျယ်ပြီး ဒရာမာ ဆန်တယ်လို့ ငါတော့ ထင်တယ်။ ဆရာက ဆိုးယုတ်တဲ့ သူတစ်ယောက် ကနေ ကောင်းတဲ့ သူတစ်ယောက် ဖြစ်သွားပြီး နောက်ဆုံးမှာ သေဆုံး သွားခဲ့တယ်။ သူ့ တပည့် ဖိုးဉာဏ်ကျယ်က ဒေါသထွက်ပြီး ဖရန်ဂျီပန်နီကို အနိုင်ယူခဲ့တယ်။ ဒါက အရမ်း ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက် တစ်ခုပဲ။ အွန်လိုင်းဝတ္ထုတွေက ဒီလိုပဲ ရေးကြတာ။"

"ငါတော့ ဂိမ်းဇာတ်လမ်း တည်းဖြတ်သူကို သတ်ပစ် မိတော့မယ်။ ငါ ဘော့စ် ဘေကွန်နဲ့တောင် မတိုက်ခိုက် ရသေးဘူး၊ သူက သေသွားပြီတဲ့လား။"

"အကောင်းဆုံး ကြိုးစားပါ၊ ဖိုးဉာဏ်ကျယ်။ နောက် ဘော့စ်ကို အားနည်းအောင် လုပ်ဖို့ ငါတို့ကို ကူညီပါ။"

"အရိုးစု စစ်သားတွေ မရှိတော့ဘူးဟေ့၊။ ချီတက်ကြ။"

ဂိမ်းမာများ မာန်သွင်း အော်ဟစ်ကြပြီး သူတို့၏ လက်နက်များကို ဖရန်ဂျီပန်နီထံသို့ မြှောက်ကာ ရှေ့သို့ ချီတက် တိုက်ခိုက် သွားခဲ့ ကြသည်။

သူတို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အဖြူရောင် အရိုးများကို နင်းခြေသွားကြရာ "ကချ၊ ကချ" ဟူသော အသံများ ထွက်ပေါ် လာခဲ့သည်။ ၎င်းတို့မှာ ဝိညာဉ်ကောလိပ်မှ ကျောင်းသားများ၏ အရိုးများ ဖြစ်သော်လည်း ဂိမ်းမာများကမူ ထိုအကြောင်းကို မသိရှိ ခဲ့ကြချေ။

အာသာလည်း ဖရန်ဂျီပန်နီထံသို့ တုံ့ဆိုင်းခြင်း မရှိဘဲ ချီတက် ပြေးဝင် သွားခဲ့သည်။ ဂိမ်းမာများ စိတ်ဓာတ် မြင့်မား နေခဲ့ကြသည်။ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း အတွင်းတွင် ဖရန်ဂျီပန်နီ ရှားလော့ခ်နှင့် ဖိုးဉာဏ်ကျယ်တို့၏ တိုက်ခိုက်ခြင်းကို နှစ်ကြိမ် တိုင်တိုင် ခံခဲ့ရသည်။ ထို့ကြောင့် သူ အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး အသက်မှတ်များ နည်းပါးနေ ရမည်ဟု ယူဆခဲ့ကြသည်။ သူ သေလုမျောပါးပင် ဖြစ်နေ နိုင်ခဲ့သည်။ ၎င်းသည် ဂိမ်းမာများ နောက်ဆုံး အကျိုးအမြတ်များကို ရယူရန် အတွက် အကောင်းဆုံး အချိန်ပင်။

ဖရန်ဂျီပန်နီ၌ အာသာ၏ ဒဏ္ဍာရီလာ ဆီဇာ၏ ပစ္စည်း ကိရိယာများထက် ပိုမို ကောင်းမွန်သော ပစ္စည်း ကိရိယာများ ရှိနေနိုင်သည်။ ဤသည်မှာ ဂိမ်းမာများ ထင်မြင်ခဲ့သည့် အရာ ဖြစ်သည်။

ဂိမ်းမာများ၏ စိတ်လှုပ်ရှားမှု နှင့် နှိုင်းယှဉ်လျှင် ရှားလော့ခ်ကမူ တည်ငြိမ်နေပုံ ရ၏။ သူ လဲကျနေသော ပရော်ဖက်ဆာ ဘေကွန်နှင့် ဖရန်ဂျီပန်နီထံသို့ မာနာတိုက်ခိုက်မှု အမျိုးမျိုးကို ပစ်လွှတ်နေသော ဒေါသ ထွက်နေသည့် ဖိုးဉာဏ်ကျယ်တို့ကို ကြည့်ရှု နေခဲ့သည်။ သူ ဘရုအား ဆို၏။ "လစ်ခ်ျတစ်ယောက် အပေါ်မှာ သေဆုံးတယ်ဆိုတဲ့ စကားလုံးကို သုံးတာက မသင့်တော်ဘူး။ ငါတို့ ပရော်ဖက်ဆာ ဘေကွန်ရဲ့ အရိုး အားလုံးကို တစစီ ချိုးခဲ့ရင်တောင် သူ လအနည်းငယ် ကြာပြီးရင် နဂိုအတိုင်း ပြန်သက်သာသွားလိမ့်မယ်။"

လစ်ခ်ျ တစ်ဦးသည် လစ်ချ် ဖြစ်လာခြင်း မတိုင်မီကပင် သေဆုံးနေပြီးသား ဖြစ်သည်။ ထို့ကြောင့် လစ်ခ်ျ တစ်ဦး အတွက် ထပ်မံ သေဆုံးရန် မဖြစ်နိုင်ချေ။ ထို့အပြင် လစ်ခ်ျတိုင်း၌ သူတို့၏ ကိုယ်ပိုင် အထူးဝိညာဉ်သိမ်း သေတ္တာ ရှိနေခဲ့သည်။ အကယ်၍ ဝိညာဉ်သိမ်း သေတ္တာသာ ပျက်စီးခြင်း မရှိခဲ့ပါက ထိုလစ်ခ်ျသည် ထာဝစဉ် အသက်ရှင် နေနိုင်ပေလိမ့်မည်။ ဒါပေါ့၊ သူတို့၏ ဝိညာဉ်များက မြင့်မြတ်သော အလင်းတန်း၏ တိုက်ခိုက်မှုများကြောင့်တော့ အပြီးတိုင် ပျက်စီးသွား နိုင်ခဲ့သည်။

ဤသည်မှာ ဂိမ်းမာများက မြင့်မြတ်သော အလင်းတန်း၏ စွမ်းအားကို အသုံးပြုသော အခါတွင် ဝိညာဉ်ကောလိပ် အလွန် စိုးရိမ်ပူပန် ခဲ့ရသည့် အကြောင်းရင်းပင်။ ပရော်ဖက်ဆာ ဘေကွန်ပင်လျှင် ထိုကိစ္စကို စုံစမ်း စစ်ဆေးရန် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။

"ကျွန်တော် ဂိမ်းမြင်ကွင်းထဲမှာ နစ်မြုပ်နေအောင် ကြိုးစား နေတာပါဗျာ။ ဘာလို့လဲဆိုတော့ ဒါက တော်တော်လေး စိတ်ထိခိုက်စရာ ကောင်းလို့ပါ။ စိတ်မပူပါနဲ့။" ဘရုက လျင်မြန်စွာ ပြန်ဖြေ လိုက်သည်။

ရှားလော့ခ် ဘရုနှင့် စကားပြောဆို နေစဉ်မှာပင် ဂိမ်းမာများနှင့် ဖိုးဉာဏ်ကျယ်တို့ ဖရန်ဂျီပန်နီနှင့် ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် နေကြဆဲပင်။ ပိုလီယိုက ဖရန်ဂျီပန်နီအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး သူ အခုထိ သွေးရူးသွေးတန်း သောင်းကြမ်း နေဆဲပင်။ ဖရန်ဂျီပန်နီ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသော ပရော်ဖက်ဆာများကမူ တုံ့ဆိုင်းခြင်း မရှိဘဲ ထွက်ပြေး သွားခဲ့ကြသည်။ ပရော်ဖက်ဆာ တစ်ဦးက ပရော်ဖက်ဆာ ဘေကွန်နှင့် ဖိုးဉာဏ်ကျယ်တို့ကို ဆွဲခေါ်သွားရန် ကြိုးစား ခဲ့သော်လည်း အခြေအနေက ခွင့်မပြုခဲ့ချေ။ သူပင်လျှင် ထွက်ပြေးနေသော ပရော်ဖက်ဆာများ၏ ဆွဲယူခြင်းကို ခံခဲ့ရသည်။

ဖိုးဉာဏ်ကျယ် ဖရန်ဂျီပန်နီကို သူ၏ မာနာ တိုက်ခိုက်မှုများဖြင့် သူ၏ မာနာစွမ်းရည် အားလုံး ကုန်ခမ်းသည်အထိ တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့သည်။

ဖိုးဉာဏ်ကျယ် သူ၏ လက်ကို ထောက်ကူရန် အသုံးပြုရင်း ဒူးတစ်ဖက် ထောက်ကာ ထိုင်နေခဲ့သည်။ သူ ပင်ပန်းနွမ်းနယ်စွာ သူ၏ ဦးခေါင်းကို မော့လိုက်ပြီး မယုံနိုင်စွာ ကြည့်နေ ခဲ့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ့ရဲ့ မာနာ တိုက်ခိုက်မှုတွေက ဘာလို့ အကျိုးသက်ရောက်မှု မရှိတာလဲ။" ဖိုးဉာဏ်ကျယ် မိမိကိုယ်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။

အနက်ရောင် မြူခိုး တိမ်တိုက် တစ်ခု ဖရန်ဂျီပန်နီထံမှ ထွက်ပေါ် လာခဲ့သည်။ ၎င်း ကောင်းကင်တွင် ပျံဝဲနေပြီး အနက်ရောင် ကြောင်ပေါက်စ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကာ ရှားလော့ခ်၏ ပခုံးပေါ်သို့ ဆင်းသက် လာခဲ့သည်။

"အရှင်ရှားလော့ခ်၊ ကျွန်တော် ခင်ဗျားရဲ့ အမိန့်ကို လိုက်နာပြီး ဖရန်ဂျီပန်နီရဲ့ လစ်ခ်ျတွေ အပေါ်က ထိန်းချုပ်မှုကို ဖြတ်တောက် ပေးခဲ့ပါတယ်။" ပိုလီယိုက ဂုဏ်ယူစွာ ဆိုလိုက်ပြီး သူ ဂုဏ်ယူ ဝင့်ကြွားနေသည့် အလား ပြောဆို နေခဲ့သည်။

"မင်း ဘာလို့ သူ့ကို မသတ်ပစ်ခဲ့တာလဲ။"

ထို့နောက် ကြက်တူရွေး ဆို၏။ "အရှင်ရှားလော့ခ်၊ သူက ရှေးဟောင်း နတ်ဘုရားများ စစ်တပ်နဲ့ ပူးပေါင်းထားတာ ဖြစ်ရမယ်။"

"ရှေးဟောင်း နတ်ဘုရားများရဲ့ တပ်မှူးက ရိုးရှင်းတဲ့ ဇာတ်ကောင် တစ်ယောက်လို့များ မင်း ထင်နေတာလား။ မင်းမှာ အရည်အချင်း ရှိရင် သူ့ကို သွားသတ်ပစ်ကြည့်စမ်းပါ။" ပိုလီယိုက ဒေါသတကြီး ပြန်လည် ချေပလိုက်သည်။

"၇၂ ပါးသော နတ်ဆိုးတွေထဲမှာ မင်းက အားအနည်းဆုံးပဲလို့ ငါ ပြောခဲ့ပြီးသားပါ။" ဖီးနစ်ငှက် ပိုလီယိုကို မထီမဲ့မြင် ပြုလိုက်သည်။

ရှားလော့ခ် သူတို့၏ စကားနိုင်လုမှုကို ဂရုမစိုက်ခဲ့ချေ။ သူ ဖရန်ဂျီပန်နီ၏ ခိုင်ခံ့သော အရိုးချပ်ဝတ်ကို မည်သို့ ထိုးဖောက် ရမည်ကိုသာ စဉ်းစား နေခဲ့သည်။ ယခုမှ ဖြစ်ပွားခဲ့သော သူ၏ ရိုက်နှက်မှု အရ အခွံ၏ ခိုင်ခံ့မှုမှာ သူ၏ မျှော်လင့် ထားသည်ထက် ကျော်လွန် နေခဲ့သည်။ ရှားလော့ခ် ပြုလုပ်ခဲ့သော အက်ကြောင်းများပင် ပြန်လည် ပျောက်ကင်းစ ပြုလာခဲ့သည်။

ရှားလော့ခ်သာ မကချေ။ ဘော့စ်ကို တိုက်ခိုက်နေသော ဂိမ်းမာများလည်း စိတ်ပျက်လက်ပျက် ဖြစ်နေ ခဲ့ကြသည်။

"အာသာ၊ ငါ ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာ သိတယ်။"

ချောင်းကြည့် ပြတင်းပေါက်မှ ကြည့်နေသော လျှော်ကြိုးနည်းပညာရှင်က အာသာအား ဆိုလိုက်၏။ "သူ့ ကျောပေါ်ကို တက်လိုက်။"

လျှော်ကြိုးနည်းပညာရှင် အဘယ်ကြောင့် ဤသို့သော အရာကို ပြုလုပ်ခိုင်းသည်ကို အာသာ နားမလည်ခဲ့ချေ။

သူ သူ၏ လက်နက်ကို ဝှေ့ယမ်းလိုက်ပြီး လက်တံ များစွာကို ဖြတ်တောက် လိုက်သော်လည်း ၎င်းက စစ်မှန်သော ပျက်စီးမှုကို မဖြစ်ပေါ် စေခဲ့ချေ။ သူ လျှော်ကြိုးနည်းပညာရှင်၏ အကြံပြုချက်ကိုသာ နားထောင် နိုင်ခဲ့သည်။

အာသာ လက်တံ တစ်ခု ဆီသို့ လျင်မြန်စွာ ပြေးဝင် သွားခဲ့သည်။ ဖရန်ဂျီပန်နီ ပိုလီယို၏ အကျိုးသက်ရောက်မှုများမှ ပြန်လည် သက်သာလာခဲ့ပြီး ဂန်ဒမ်ကို သူ၏ လက်တံများဖြင့် တားဆီး နေခဲ့သည်။ သူ သူ၏ လက်တံများကို မြှောက်လိုက်သည်နှင့် ဂိမ်းမာများ၏ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဂိမ်းမာများ၏ တိုက်ခိုက်မှုများက အရိုးအခွံအပေါ် အကျိုးသက်ရောက်မှု မရှိ ခဲ့သော်လည်း လက်တံ တစ်ခု ပေါ်တွင်သာ စုစည်းလိုက်လျှင်မူ ၎င်းမှာ အကျိုးသက်ရောက်မှု ရှိနေဆဲပင်။

ပြတ်တောက်သွားသော လက်တံများ ပြန်လည် ရှင်သန်လာမည် ဖြစ်သော်လည်း ဂိမ်းမာများ၏ ရည်ရွယ်ချက်မှာ ဖရန်ဂျီပန်နီကို အန္တရာယ်ပြုရန် မဟုတ်ဘဲ ဂန်ဒမ် ရှေ့သို့ တိုးဝင်နိုင်ရန် အတွက် လမ်းဖွင့်ပေးရန်သာ ဖြစ်သည်။

ဂိမ်းမာများ၏ အကူအညီဖြင့် အာသာ ဖရန်ဂျီပန်နီ၏ ဘေးသို့ ချီတက် တိုက်ခိုက် သွားခဲ့သည်။

"ဖိအားမြင့် ခုန်ပျံမှု အတွက် ပြင်ဆင်ထား။" လျှော်ကြိုးနည်းပညာရှင် အော်ပြော လိုက်သည်။

"ကောင်းပြီ။"

အာသာ ပြင်ဆင်ရန် ဒူးညွှတ်လိုက်စဉ် လျှော်ကြိုးနည်းပညာရှင်က ထိန်းချုပ်မှု လီဗာ တစ်ခုကို ဆွဲချလိုက်သည်။ ကြီးမားသော ဂန်ဒမ် ဒူးညွှတ်လိုက်ပြီးနောက် သူ၏ ခြေထောက်များ၏ နောက်ကျောဘက်မှ ရေနွေးငွေ့ အမြောက်အမြား ထွက်ပေါ် လာခဲ့သည်။ အတွင်းပိုင်း ယန္တရားများ၏ စွမ်းအားဖြင့် ဂန်ဒမ် အမြင့်သို့ ခုန်တက်လိုက်ပြီး ဖရန်ဂျီပန်နီ၏ ချပ်ဝတ်ပေါ်မှ အက်ကြောင်းကို ချိန်ရွယ်ရင်း သူ၏ ဓားရှည်ကို မြှောက်လိုက်သည်။

အာသာ အက်ကြောင်းထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်လိုက်ရာ ဖရန်ဂျီပန်နီ နာကျင်စွာ အော်မြည် လိုက်ရသည်။ သူ၏ အော်မြည်သံက ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ် နေခဲ့သည်။

ဖရန်ဂျီပန်နီ နာကျင်စွာ သူ၏ လက်တံများကို ဝှေ့ယမ်းလိုက်သည်။ သူ သူ၏ ကျောပေါ်မှ ဂန်ဒမ်ကို တိုက်ခိုက်လို ခဲ့သော်လည်း သူ၏ လက်တံများက ဂိမ်းမာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ လက်တံ အနည်းငယ်မျှ ဂန်ဒမ်ကို ထိမှန်နိုင် ခဲ့သော်လည်း အားနည်းသော တိုက်ခိုက်မှုများက ၎င်းကို ပျက်စီးစေနိုင်ခြင်း မရှိခဲ့ချေ။ အမှန်စင်စစ် ရှားလော့ခ် ဤ စက်ယန္တရား လက်နက်ကို တည်ဆောက်ရာတွင် မှော်ကျောက်တုံး သန်းပေါင်း များစွာ သုံးစွဲခဲ့သည်။

ဂန်ဒမ် ဖရန်ဂျီပန်နီ၏ ကျောပေါ်တွင် ရှိနေခဲ့ပြီး ကြီးမားသော အက်ကြောင်း အများအပြား ပျောက်ကင်းနေပြီ ဖြစ်သည်ကို တွေ့မြင်လိုက် ရသည်။ ပတ်ဝန်းကျင်မှ အရိုးများက အက်ကြောင်းများကို ပြုပြင်ရန် စဉ်ဆက်မပြတ် ပွားများ နေခဲ့သည်။

၎င်းတို့မှာ ရှားလော့ခ်၏ ရိုက်နှက်မှု များကြောင့် ဖြစ်ပေါ်ခဲ့သော အက်ကြောင်းများပင်။

အာသာ သူ ဘာလုပ် ရမည်ကို နားလည် သွားခဲ့သည်။

သူ ရှေ့မှ အက်ကြောင်းဆီသို့ ပြေးဝင်သွားစဉ် လူသားပုံသဏ္ဌာန် မွန်းစတားများ ချပ်ဝတ် အခွံမှ ထိုးထွက်လာခဲ့သည်။ သူတို့ကိုလည်း ဖရန်ဂျီပန်နီ၏ အခွံနှင့် တူညီသော အရိုး ပစ္စည်းများဖြင့် ပြုလုပ် ထားခဲ့သည်။ သူတို့က ဖရန်ဂျီပန်နီ၏ ကိုယ်မှ ခွဲထွက်သွားသည့် အလား ထင်ရ၏။

အာသာ သူ၏ ဓားရှည်ကို ဆုပ်ကိုင်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ ပစ်မှတ်ထားသော အက်ကြောင်းဆီသို့ ပြေးဝင် သွားခဲ့သည်။

ဂန်ဒမ်၏ ဓားရှည်က ပြေးဝင်တိုက်ခိုက် လာသော မွန်းစတားများကို ခုတ်ပိုင်း ဖြတ်တောက် သွားခဲ့သော်လည်း မွန်းစတားများ ပို၍ ပို၍ ဂန်ဒမ်ပေါ်သို့ တက်လာ ခဲ့ကြသည်။ အာသာက ဂန်ဒမ် ပို၍ လေးလံလာပြီး လှုပ်ရှားရန် ပို၍ ခက်ခဲလာသည်ကို ခံစားလိုက် ရသည်။

"ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ အာသာ။ ဒီအတိုင်း ဆက်သွားရင် ငါတို့ ပြိုလဲ ကျသွားလိမ့်မယ်။ ရေနွေးငွေ့ စွမ်းအားကို တိုးမြှင့်လိုက်တော့။" လျှော်ကြိုးနည်းပညာရှင် အော်ပြော လိုက်သည်။

"ငါ သိပြီ။" အာသာ ကျယ်လောင်စွာ ပြန်တုန့်ပြန်လိုက်သည်။ အကယ်၍ သူသာ ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့ပါက ဂန်ဒမ် ပျက်စီးသွား ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူ ချပ်ဝတ်အခွံပေါ်တွင် ရှိနေစဉ် ဂိမ်းမာများ သူ့ကို ပါဝင်၍ မကူညီနိုင်ခဲ့ကြချေ။

ဂန်ဒမ်၏ အဆစ်နေရာများမှ ပူလောင်သော ရေနွေးငွေ့များ ထွက်ပေါ် လာခဲ့ပြီး မွန်းစတားများကို လွင့်စင်သွား စေခဲ့သည်။ သို့သော် မွန်းစတားများ ပို၍ ပို၍ အခွံပေါ်သို့ တက်လာကြပြီး ထူထပ်သော အစုအဝေး တစ်ခု အဖြစ်သို့ ဖွဲ့စည်း သွားခဲ့သည်။

"ငါတို့ အဲ့ဒါကို ထပ်ပြီး မသုံးနိုင်တော့ဘူး၊ စွမ်းအင်က တော်တော် မြန်မြန် ကုန်ခမ်းနေပြီ။" လျှော်ကြိုးနည်းပညာရှင် အော်ပြော လိုက်သည်။

အာသာ အကယ်၍ သူ ယခု ရပ်တန့်လိုက်ပါက ဂန်ဒမ် နောက်ထပ် ဘယ်တော့မှ လှုပ်ရှားနိုင်တော့မည် မဟုတ်ကြောင်း သိနေခဲ့သည်။ ဤအခိုက်အတန့်တွင် ကြိုးများဖြင့် ချည်နှောင်ထားသော ပစ်စင်ကြီး မြားများ လားရာ ပေါင်းစုံမှ ပစ်လွှတ် လာခဲ့သည်။

မြားအများစုက ခိုင်ခံ့သောအခွံ၏ ပြန်ကန် ဖယ်ရှားခြင်းကို ခံခဲ့ရသော်လည်း မြားအနည်းငယ်မျှက အက်ကြောင်းများ သို့မဟုတ် ဂန်ဒမ်၏ ကိုယ်ပေါ်သို့ ချိတ်ဆက် မိခဲ့သည်။

"ကြိုးတွေကို ကိုင်ထား။" ချောင်းကြည့် ပြတင်းပေါက်မှ ကြည့်နေသော လျှော်ကြိုးနည်းပညာရှင် အော်ပြော လိုက်သည်။

အာသာ တုံ့ဆိုင်းခြင်း မရှိဘဲ မြားများကို ဆုပ်ကိုင် ထားလိုက်သည်။

ကြိုးများ ပါသော မြားများမှာ ဂိမ်းမာများ အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင် တပ်ဖြန့် ထားသော ပစ်စင်ကြီးများမှ ဖြစ်သည်။

ဂိမ်းမာများသည် ရုပ်ရှင်များထဲမှ အထူးအေးဂျင့်များ ကဲ့သို့ပင်။ သူတို့ ကြိုးပေါ်တွင် ချိတ်ဆွဲထားသော အဝတ်စကို ဆုပ်ကိုင်ကာ အမြင့်မှ လျှောဆင်း လာခဲ့ကြသည်။

ဆယ်ဗားနပ်စ် သူမ၏ လေးရှည်ကို သူမ၏ နောက်ကျောတွင် လွယ်ထားကာ ကြိုးကို ဆုပ်ကိုင်လိုက်ပြီး လျှောဆင်း လာခဲ့သည်။

ဆယ်ဗားနပ်စ်၏ ဘေးမှ ဂိမ်းမာများ ဒြပ်စင် မာနာစွမ်းရည် တိုက်ခိုက်မှု အမျိုးမျိုးကို ထုတ်လွှတ်နေခဲ့ ကြသော်လည်း သူမ မကြောက်ရွံ့ခဲ့ချေ။

ဂနိုင်သား အဆောက်အအုံပေါ်မှ အံ့ဩတကြီး ကြည့်နေ ခဲ့သည်။ သူ ပြောလိုက်၏။ "မိုက်တယ်ကွာ။ ငါ မှတ်တမ်း တင်ထားလိုက်ပြီ။ နောက်ကျရင် ဆွေးနွေးခန်းဖိုရမ်မှာ တင်လိုက်ရင် ပြန်ကြားချက်တွေ အများကြီး ရလိမ့်မယ်။"

"သွားကြစို့။ ငါတို့ နောက်မှာ လူတွေ အများကြီးပဲ။" ရင်မွှေးမီးလောင်က ဂနိုင်သားကို တွန်းလိုက်ရင်း ဆို၏။

ဂနိုင်သား ခေါင်းညိတ် လိုက်သည်။ သူ ဆယ်ဗားနပ်စ် နောက်သို့ လိုက်ပါသွားပြီး ခုန်ချ လိုက်သော်လည်း အဝတ်စကို မဆုပ်ကိုင် မိလိုက်ဘဲ အဆောက်အအုံမှ ကားယားကြီး ပြုတ်ကျ သွားခဲ့သည်။ သူ့ အော်သံ ရင်ပြင်တွင် ပဲ့တင်ထပ် နေခဲ့ပြီး ကျယ်လောင်သော ဆောင့်ရိုက်သံ တစ်သံဖြင့် အဆုံးသတ် သွားခဲ့သည်။ သူ ပျောက်ကွယ် သွားခဲ့သည်။

"ဒါက ကပ်ဘေး တစ်ခုပဲ။" ရင်မွှေးမီးလောင်က ခေါင်းခါရင်း ဆို၏။

သူ ခုန်ချလိုက်ပြီး ကြိုးပေါ်မှ လျှောဆင်းကာ ဖရန်ဂျီပန်နီ၏ ချပ်ဝတ်အခွံပေါ်သို့ ရောက်ရှိ သွားခဲ့သည်။

ဂိမ်းမာများ ပို၍ ပို၍ အလားတူ နည်းလမ်းကို အသုံးပြု၍ ဖရန်ဂျီပန်နီ၏ ချပ်ဝတ်အခွံပေါ်သို့ ရောက်ရှိလာ ခဲ့ကြသည်။ သို့သော် သူတို့ အရိုးမွန်းစတားများ ထက်တော့ အရေအတွက် နည်းပါး နေခဲ့သည်။ မကြာမီမှာပင် ဂိမ်းမာများ၏ အားဖြည့် အကူတပ်ဖွဲ့များ ရောက်ရှိ လာခဲ့သည်။

ဖိုးဉာဏ်ကျယ်သည်လည်း သူ၏ မာနာစွမ်းရည်များကို အသုံးပြု၍ ဖရန်ဂျီပန်နီ၏ ချပ်ဝတ်အခွံပေါ်သို့ ပျံသန်း သွားခဲ့သည်။ ဂိမ်းမာများ ဘာလုပ်နေသည်ကို သူ သေချာ မသိ ခဲ့သော်လည်း ဂန်ဒမ်မှာ အလှပြပွဲ အတွက် မဟုတ်သည်မှာတော့ သေချာသည်။ သူ၏ မာနာတိုက်ခိုက်မှုများက ဖရန်ဂျီပန်နီအပေါ် အကျိုးသက်ရောက်မှု မရှိသောကြောင့် သူ ဤအံ့ဩဖွယ်ရာ ဂိမ်းမာများ အပေါ်တွင်သာ မျှော်လင့်ချက် ထားနေခဲ့သည်။ သူ ဂန်ဒမ်ကို အကူအညီ ပေးတော့မည် ဖြစ်သည်။

မီးခိုးရောင် မာနာကျည်ဆန်များ ဂန်ဒမ်၏ ပတ်ဝန်းကျင် ဧရိယာတွင် ရွာသွန်း ကျရောက် လာခဲ့သည်။ ဂန်ဒမ်ပေါ်သို့ တက်ရန် ကြိုးစားနေသော အရိုးမွန်းစတားများ လွင့်စင်သွားခဲ့ပြီး အာသာ သူ၏ ကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက် ရသည်။ သူကိုယ်တိုင်လည်း ဖိုးဉာဏ်ကျယ်၏ မာနာ ကျည်ဆန်များကြောင့် ယိမ်းယိုင်သွား ခဲ့သော်လည်း ထိုအရိုးမွန်းစတားများ၏ ဖိနှိပ်ခြင်းကို ခံနေရသည်ထက်တော့ ပိုကောင်းခဲ့သည်။

ဂန်ဒမ် ဖိုးဉာဏ်ကျယ်၏ အကာအကွယ်ဖြင့် ရှေ့သို့ ပြေးဝင်ချီတက် သွားခဲ့သည်။ ပေါက်ကွဲမှုများစွာ အပြီးတွင် ဂန်ဒမ်က အရိုးမွန်းစတားများ၏ ကာကွယ်ရေး စည်းများကို ချိုးဖောက် ထွက်သွား နိုင်ခဲ့သည်။ ကျန်ရှိနေသေးသော မွန်းစတားများမှာမူ အာသာ၏ ဓားရှည်၏ လှီးဖြတ်ခြင်းကို ခံခဲ့ရသည်။

"ချီတက်ထား၊ အာသာ။"

"ကြိတ်ထား၊ အာသာ။"

"ဘော့စ်ကို အနိုင်ယူလိုက်။"

"မင်း ဘာလုပ်နေလဲဆိုတာတော့ ငါ မသိဘူး။ အားတင်းထား။"

အာသာကို အားဖြည့် ကူညီပေးနေသော ဂိမ်းမာများ အော်ဟစ် လိုက်ကြသည်။ နောက်ဆုံးတွင် အာသာ ဖရန်ဂျီပန်နီ၏ အခွံပေါ်မှ အကြီးဆုံး အက်ကြောင်း၏ ဘေးသို့ ရောက်ရှိ သွားခဲ့သည်။

ပတ်ဝန်းကျင်မှ အရိုးမွန်းစတားများ အာသာကို တားဆီး လိုခဲ့ကြသော်လည်း ဖိုးဉာဏ်ကျယ်၏ မာနာကျည်ဆန်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အာသာ ဓားရှည်ကို အက်ကြောင်းထဲသို့ ထိုးစိုက် လိုက်သည်။ ဓားသွားက အက်ကြောင်းကို ဒဏ်ရာ ပျောက်ကင်းခြင်းမှ တားဆီးပေး ထားခဲ့သည်။

"အာသာ။ အပြည့်အဝ ပေါက်ကွဲမှု အတွက် ပြင်ဆင်ထားတော့။" လျှော်ကြိုးနည်းပညာရှင် အော်ပြော လိုက်သည်။

"ရေနွေးငွေ့ပုံစံ အပြည့်အဝ အသက်သွင်းခြင်း။" အာသာ အော်ဟစ်လိုက်စဉ် လျှော်ကြိုးနည်းပညာရှင် ဘေးမှ လီဗာ တစ်ခုကို ဆွဲချလိုက်သည်။ အာသာ သူ၏ အာရုံစူးစိုက်မှု အားလုံးကို ဂန်ဒမ်အပေါ်တွင် ထားရှိ လိုက်သည်။

ဂိမ်းမာများ၏ ရှုထောင့်မှ ကြည့်လျှင် ဂန်ဒမ် သူ၏ ကိုယ်မှ ရေနွေးငွေ့များ ထုတ်လွှတ် နေခဲ့သည်။ ဂန်ဒမ်၏ အဆစ်နေရာများမှ ထူးဆန်းသော မာနာ မှော်အက္ခရာများနှင့် စက်များလည်း ထွက်ပေါ် လာခဲ့သည်။ ညှပ်ကဲ့သို့သော ဆုပ်ကိုင်ယန္တရားများ ဂန်ဒမ်၏ ခြေထောက်များတွင် ပေါ်ထွက်လာပြီး ချပ်ဝတ်အခွံကို တင်းတင်းကြပ်ကြပ် ချိတ်ဆက် ထားခဲ့သည်။

"ဘုန်း— ချီ၊ ချီ—။"

ရေနွေးငွေ့များ ဖရန်ဂျီပန်နီ၏ ချပ်ဝတ်အခွံ အပေါ်သို့ ထုတ်လွှတ် နေခဲ့သည်။ အာသာက ထုတ်လွှတ်လိုက်သော ရေနွေးငွေ့များဖြင့် ဝန်းရံခံထားခဲ့ရပြီး အာသာထံသို့ ပြေးဝင် ချီတက်လာကြသော အရိုးမွန်းစတားများ ရေနွေးငွေ့များအတွင်း ပျောက်ကွယ် သွားခဲ့ကြသည်။

ရှားလော့ခ်က အာသာနှင့် ဂိမ်းမာများကို အထက်စီးမှ ကြည့်ရှု နေခဲ့သည်။ အထက်တန်းစား နတ်ဆိုး တစ်ဦး အနေဖြင့် သူ ဂိမ်းမာများ ပြသခဲ့သော တိုက်ခိုက်ရေး စွမ်းအားကို လေးစား နေခဲ့သည်။

အထူးသဖြင့် သူ ဂန်ဒမ်ကို ဖန်တီးရန် မှော်ကျောက်တုံး ၁၀ သန်း သုံးစွဲခဲ့ရပြီး ၎င်းက ဂိမ်းမာများ၏ လက်ထဲတွင် တားဆီး၍ မရသော အစွမ်းထက် လက်နက် တစ်ခု ဖြစ်နေခဲ့သည်။ သူ့ ဂန်ဒမ်က အပြည့်အဝ ရုပ်ခန္ဓာ မရှိသေသည့် ရှေးဟောင်း နတ်ဘုရားများ တပ်မှူး ဖရန်ဂျီပန်နီနှင့်ပင် တန်းတူ ယှဉ်ပြိုင် နိုင်ခဲ့သည်။ ၎င်းမှာ အတော်အတန် တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။

"အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ ဝင်ပါကြမလား။" ဘရုက ရှားလော့ခ်အား မေးလိုက်သည်။

"မဟုတ်ဘူး၊ ဂိမ်းမာတွေ အတော့်ကို ကောင်းကောင်း လုပ်ဆောင်နေတယ်လို့ ငါ ထင်တယ်။ သူတို့ ငါ့ရဲ့ မာနာစွမ်းရည်ကို အသုံး ပြုနေပြီး ငါကပါ ဝင်ကူညီပေးရဦးမယ် ဆိုရင် မဟုတ်သေးဘူး။ ဒါက နောက်ဆုံး လက်နက်ကို စမ်းသပ်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။" ရှားလော့ခ် သူ၏ လက်များကို ပိုက်ထားကာ တည်ငြိမ်စွာ ဆို၏။

ဂိမ်းမာများ ကောင်းကောင်း လုပ်ဆောင် နေခဲ့ကြသည်၊ အထူးသဖြင့် အာသာ ထိန်းချုပ်ထားသော ဂန်ဒမ်ပင်။ လျှော်ကြိုးနည်းပညာရှင်၏ နက်နဲသော နည်းပညာနှင့် မာနာပုံစံကွက်များ၏ အကူအညီဖြင့် အက်ကြောင်းထဲသို့ ထိုးစိုက်ထားသော ဓားရှည်က ချပ်ဝတ်အခွံကို ဖြဲခွဲ ဖွင့်လှစ် နေခဲ့သည်။

ဖရန်ဂျီပန်နီ နာကျင်စွာ ဆက်လက် အော်မြည် နေခဲ့သည်။ သူ ပြန်လည် ရှင်သန်လာကတည်းက သူ အော်မြည်နေခြင်းကို မရပ်တန့်ခဲ့ရချေ။

ရှေးဟောင်း နတ်ဘုရားများ၏ တပ်မှူး တစ်ဦး အနေဖြင့် သူ ပထမဆုံး ပြန်လည် ရှင်သန်လာသော အခါတွင် ဤမျှ များပြားသော ထူးဆန်းသည့် မြေအောက်လောက သတ္တဝါများကို တွေ့မြင် ရမည်ဟု မမျှော်လင့် ထားခဲ့ချေ။

ရူးသွပ်နေသော အထက်တန်းစား နတ်ဆိုး တစ်ဦး နှင့် တစ်ခါမျှ မမြင်ဖူးသော ကြီးမားသော သတ္တုဘူးခွံ မွန်းစတား တစ်ကောင်အပြင် အရေးကြီးဆုံး အချက်မှာ အနှီး သတ္တုဘူးခွံ မွန်းစတားကောင်က သူ၏ ချပ်ဝတ်ကို ဟက်တက်ဖြဲ၍ ဖွင့်နေခြင်းပင်။

ရှားလော့ခ်လည်း အံ့ဩတကြီး ဆို၏။ "အချိန်က လျင်မြန်စွာ တိုးတက်နေတယ်။ လက်ရှိ မာနာနဲ့ ပစ္စည်း နည်းပညာက ဒီလောက်တောင် တိုးတက်သွားပြီပဲ။ နှစ်ထောင်ပေါင်း များစွာ ကြာပြီးမှ ပြန်လွတ်မြောက်လာတဲ့ ရှေးဟောင်း နတ်ဘုရားတွေက သာမန် မြေအောက်လောက သတ္တဝါတွေကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"

"အဲ၊ အရှင်ရှားလော့ခ်၊ အရှင် ချဲ့ကားပြောဆို လွန်းနေပါပြီ။" ဘရုက ရှားလော့ခ်ကို ပြန်လည် ချေပနေသည့် အလား ထင်ရသော်လည်း အမှန်စစ်စစ် သူ ရှားလော့ခ်ကို မြှောက်ပင့်ရန် ကြိုးစား နေခဲ့သည်။

"မဟုတ်ဘူး၊ ငါ တကယ်ပြောနေတာ။ အာသာရဲ့ ဂန်ဒမ်ကို တစ်ချက် ကြည့်လိုက်စမ်း။ သူ အောင်မြင်ခဲ့တဲ့ အရာက တုန်လှုပ်စရာတောင် ကောင်းတယ်။" ရှားလော့ခ်က ဂုဏ်ယူစွာ ဆို၏။

အာသာ သူ၏ ဓားရှည်ကို မြှောက်လိုက်သည်။ ချပ်ဝတ်အခွံမှ အက်ကြောင်း အပြီးတိုင် ပျောက်ကင်းခြင်း မတိုင်မီ သူ အတွင်းသို့ ခုန်ဝင် သွားခဲ့သည်။ အခွံအတွင်းမှ လက်တံများနှင့် တုန်ခါနေသော ကြွက်သားများက ဂန်ဒမ် တစ်ကိုယ်လုံးကို ဖုံးအုပ် သွားခဲ့သည်။ ရှားလော့ခ် နိမိတ်မကောင်းသည့် ခံစားချက် တစ်ခု ရလိုက်သည်။ သူ အာသာကို မတားဆီးနိုင် မီမှာပင် ဂန်ဒမ်မှ ရေနွေးငွေ့များ ထွက်လာသည်ကို တွေ့မြင်လိုက် ရသည်။

ထို့နောက်တွင်မူ ဂန်ဒမ် တစ်ခုလုံး ဖရန်ဂျီပန်နီ၏ ကိုယ်အတွင်း နက်ရှိုင်းစွာ နစ်မြုပ်သွားပြီး ပျောက်ကွယ် သွားခဲ့သည်။

"အာသာ၊ မင်း အဆင်သင့်ဖြစ်ပြီလား။" လျှော်ကြိုးနည်းပညာရှင်က အာသာအား ပြောလိုက်သည်။ သူ ချောင်းကြည့် ပြတင်းပေါက်မှ တစ်ဆင့် ဖရန်ဂျီပန်နီ၏ ကြွက်သားများကိုသာ မြင်တွေ့ နိုင်ခဲ့သည်။

"ငါ အဆင်သင့် ဖြစ်နေပြီ။ ဂန်ဒမ် အတွက်တော့ ဝမ်းနည်းစရာ ကောင်းတယ်၊ ငါ ဒီစက်ကို တော်တော် ကြိုက်တယ်။" အာသာ သက်ပြင်း ချကာ ဆို၏။

"အဆင်ပြေပါတယ်လေ၊ ငါတို့ နောက်တစ်စီး ထပ်တည်ဆောက်လို့ ရပါသေးတယ်။ ဂိမ်းသာ ပိတ်သိမ်းသွားရင် ငါတို့ အတွက် ဇာတ်သိမ်းသွားပြီပဲ။ ငါ့ရဲ့ ပျော်ရွှင်မှုကို ဒီဂိမ်းအပေါ်မှာ ပုံအပ်ထားတာဆိုတော့လည်း...။"

လျှော်ကြိုးနည်းပညာရှင် အားရပါးရ ပြုံးပြလိုက်သည်။ ဂိုဘလင် တစ်ကောင်တွင် ဤမျှ လှပသော အပြုံးမျိုး ရှိနေသည်မှာ စိတ်ကူးယဉ် ကြည့်ရန် ခက်ခဲလှ၏။

"အင်း၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း လုပ်ငန်းစဉ် — အသက်သွင်းလိုက်ပြီ။" အာသာ အော်ပြော လိုက်သည်။

"ဘုန်း—။"

သေတ္တာထဲတွင် ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဖရန်ဂျီပန်နီ၏ ကိုယ် တစ်စစီ လွင့်စင် သွားခဲ့သည်။ လွင့်ထွက်သွားသော ကြွက်သားများ ကောင်းကင်မှ မိုးကဲ့သို့ ရွာကျလာခဲ့ပြီး သူ၏ ချပ်ဝတ်အခွံသည်လည်း အပိုင်းပိုင်း ကွဲကြေ သွားခဲ့သည်။

ပတ်ဝန်းကျင်မှ ဂိမ်းမာများသည်လည်း ပေါက်ကွဲမှု အတွင်း ဝါးမြိုခြင်း ခံခဲ့ရသည်။

ရှားလော့ခ် သူ၏ ရှေ့မှ မီးရှူးမီးပန်းများကို ခပ်ထွေထွေ စိုက်ကြည့် နေခဲ့သည်။ သူ၏ နှလုံးခုန် ရပ်တန့်လု နီးပါး ဖြစ် သွားခဲ့သည်။ နီရဲသော မီးမိုး ရင်ပြင်ပေါ်သို့ ကျဆင်းလာသော အခါတွင်မှ ရှားလော့ခ် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါ့ရဲ့ ၁၀ သန်းတန်လေး..."

All Chapters