အမြုတေဖွဲ့စည်းမှု အောင်မြင်ခြင်း၊ မြူခိုးမိုးစက် အစီအရင်။
Vol. 11 Ch. 151
"ဟမ်..”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် တောင်ကြားထဲ၌ လေနှင့်တိမ်များ လှုပ်ရှားနေသကဲ့သို့ လှိုင်းထမှုတစ်ခုကို အာရုံခံလိုက်ရသည်။ သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြားသည် အလျင်အမြန် စုစည်းပြေးဝင်လာပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဝဲဂယက်၏ ဗဟိုချက်မှာ လန်ယွဲ့ရှီ တံခါးပိတ် တရားထိုင်နေသော သူမ၏ဂူစံအိမ် တည်ရှိရာနေရာပင် ဖြစ်သည်။ ဒုတိယအဆင့် ဝိညာဉ်ကြောမှ ဝိညာဉ်စွမ်းအင် အားလုံးသည် ဂူစံအိမ်ဆီသို့ အလုအယက်တိုးဝင်နေကြသည်။
လုံးဝ လုယက်ခံလိုက်ရသကဲ့သို့ အခြား မည်သူမျှ သဘာဝဝိညာဉ်စွမ်းအင်ကို အစအနမျှပင် မသုံးစွဲနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့သည်လည်း အပြောင်းအလဲအား သတိပြုမိလိုက်ကြပြီး သူတို့၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ကြသည်။
"ယောက်ျား.. အစ်မလန်က သူ့ရဲ့ အမြုတေဖွဲ့စည်းခြင်းကို စတင်တော့မယ့်ပုံပဲ.."
ကျိပင်းယွီသည် အဝေးရှိ ဂူစံအိမ်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် သူမအတွက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အမြုတေဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် မျက်မြင်တွေ့ရှိရခြင်း ဖြစ်ပြီး ဘာဖြစ်မည်ကို သူမ အလွန် စိတ်ဝင်စားနေသည်။
"ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုက အရမ်း ကြီးမားတာပဲ.. တောင်ကြားထဲမှာ ဒုတိယအဆင့် အစီအရင်ကြီးတစ်ခု ချထားမိတာ ကံကောင်းတာပဲ..”
"မဟုတ်ရင် ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုနဲ့ဆို.. ဒါက အဆင့်သုံး သားရဲတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိနိုင်တယ်.." ကျိုးစွေ့သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကျင့်ကြံသူများ အဆင့်တက်ချိန်တွင် သူတို့၏ ဂူစံအိမ်များကို ဖုံးကွယ်ရန် အစီအရင်ကြီးတစ်ခု အဘယ်ကြောင့် ချမှတ်ကြသည်ကို သူ ယခု နားလည်သွားပြီ ဖြစ်သည်။
ကျင့်ကြံသူများ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော မြင်ကွင်းသည် အလွန် ကြီးကျယ်ခမ်းနားလှသည်။
ကျင့်ကြံမှု မြင့်မားလေ၊ မြင်ကွင်းက ပိုမို အံ့ဩဖွယ် ကောင်းလေ ဖြစ်သည်။ ထို့အပြင် သူတို့သည် သားရဲများဝန်းရံနေသော တိမ်မြူခိုးတောင်တန်းထဲတွင် ရောက်ရှိနေကြသည်။
ဤဖြစ်ရပ်များ ပေါ်ထွက်သွားပါက သူတို့သည် သားရဲများစွာ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိမည် ဖြစ်ပြီး၊ သားရဲလှိုင်းတစ်ခုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
"စိတ်မပူပါနဲ့ ယောက်ျား.. ကျွန်မ ချမှတ်ထားတဲ့ အစီအရင်က ဒုတိယအဆင့် 'မြူခိုးမိုးစက် အစီအရင်'ပဲ.. ဒါက တိမ်တွေမြူတွေရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ရေဓာတ် အစီအရင်ကြီးတစ်ခု ဖြစ်ပြီးတော့ သဘာဝမြင်ကွင်းကို ဖုံးအုပ်ပေးနိုင်ပါတယ်…"
"ဒါကြောင့် အစ်မလန်ရဲ့ တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဖြစ်စဉ်တွေကို.. တောင်ကြား အပြင်ဘက်က သတ္တဝါတွေ တွေ့နိုင်မှာ မဟုတ်သလို… တိမ်မြူခိုးတောင်တန်းထဲက သားရဲတွေကိုလည်း ဆွဲဆောင်မိမှာ မဟုတ်ပါဘူး" ဟု ရှားကျင်းယန်က ပြောလိုက်သည်။
ပြီးခဲ့သော ကာလတစ်လျှောက်လုံးတွင် သူမသည် အစီအရင် ကျင့်ကြံမှုများတွင် ပိုမို တိုးတက်လာခဲ့ပြီး၊ ဒုတိယအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သည်။
ထို့အပြင် သူမယောက်ျားနှင့် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် သူမ၏ နားလည်နိုင်စွမ်းသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သကဲ့သို့ သူမ ခံစားရသည်။
ဒုတိယအဆင့် အစီအရင်များကို တွေးတေ်ဆင်ခြင်ခြင်းသည် ယခင်ကထက် များစွာ ပိုမို လွယ်ကူလာသယောင် ရှိ၏။
ဂျိမ်း…။
ဤအခိုက်အတန့်တွင် တောင်ကြားထဲမှ မြင်ကွင်းသည် ပိုမို ပြင်းထန်လာပြီး၊ မရေမတွက်နိုင်သော သဘာဝဝိညာဉ်စွမ်းအင်များသည် ကျယ်လောင်သော တာအိုရွတ်ဆိုသံများနှင့်အတူ အမျိုးမျိုးသော ငှက်များနှင့် သားရဲများအဖြစ်သို့ ပြောင်းလဲသွားပြီး ပဲ့တင်ထပ်တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။
၎င်းသည် ရှေးခေတ်က ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး တာအိုအား ပို့ချနေသည့်အလား ဖြစ်သည်။
ဤသို့သော ဖြစ်စဉ်များသည် တစ်နေ့နှင့်တစ်ညတိုင် ဆက်လက် ဖြစ်ပွားနေသည်။
ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ အားလုံး သတိအနေအထားဖြင့်၊ လန်ယွဲ့ရှီထံတွင် မမျှော်လင့်ထားသော အရာတစ်ခုခု ဖြစ်ပွားမည်ကို စိုးရိမ်လျက် အမြုတေဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို အဆက်မပြတ် စောင့်ကြည့်နေကြသည်။
ဘုန်း…။
ထိုအခိုက်အတန့်တွင် တောင်ကြားတစ်ခုလုံးရှိ သဘာဝဝိညာဉ်စွမ်းအင်များ ရပ်တန့်သွားပြီး ဖြစ်စဉ်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် လှပသော ပုံရိပ်တစ်ခု ဂူစံအိမ်ထဲမှ ထွက်ပေါ်လာသည်။
ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေသည့် အဖြူရောင် ဝတ်စုံဖြင့်၊ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားသည် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်ပြီး၊ လှုပ်ရှားမှုတိုင်းသည် တာအို၏ စည်းချက်နှင့်အတူ ပေါင်းစပ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ရွှေအမြုတေ ဥပဒေသပိုင်နက်၏ စွမ်းအားတစ်ခုက သူမထံမှ ပျံ့လွင့်လာပြီး တောင်ကြားတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
"ဒါက.."
ကျိုးစွေ့နှင့် အခြားသူများ ချက်ချင်းပင် အဆုံးမဲ့ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် မရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်သည် ဆိုသော်ငြား၊ သူတို့၏ခန္ဓာကိုယ်များအား လေးလံသော တောင်ကြီးတစ်လုံးဖြင့် ဖိကြိတ်ခံထားရသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များသည် ဖိအားအောက်တွင် ကျိုးကျိုးကျွတ်ကျွတ်ပင် မြည်နေပြီး၊ မြေပြင်ပေါ်သို့ ပြိုလဲကျတော့မည့်အလား မလှုပ်ရှားနိုင်တော့ပေ။
၎င်းသည် ရွှေအမြုတေ ဆရာသခင်တစ်ဦး ပိုင်ဆိုင်သော ရွှေအမြုတေ ဥပဒေသပိုင်နက်ပင် ဖြစ်သည်။ ပိုင်နက် အသက်ဝင်နေချိန်တွင် ရွှေအမြုတေအဆင့်အောက်မှ ကျင့်ကြံသူအားလုံးသည် ပုရွက်ဆိတ်များမျှသာ ဖြစ်သည်။
ဤသည်မှာ အားနည်းသူကို လွှမ်းမိုးချေမှုန်းနိုင်သည် အဆုံးစွန်နည်းလမ်း ဖြစ်ပြီး၊ ရွှေအမြုတေအဆင့်အောက်မှ ကျင့်ကြံသူများအတွက် ဧကန်မုချ တွန်းလှန်နိုင်စွမ်း မရှိပေ။
"ဒါက ရွှေအမြုတေ ဆရာသခင်တစ်ယောက်လား…"
ကျိုးစွေ့၏ သူငယ်အိမ်များ ကျုံ့သွားပြီး နှလုံးသားသည် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
လန်ယွဲ့ရှီသည် အမြုတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
သို့သော် အမြုတေ ဖွဲ့စည်းခြင်း အောင်မြင်ပြီးခါစတွင်ပင် သူမ၏ ခွန်အားသည် ဤမျှလောက်အထိ တိုးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အရင်ကသာ ဆိုလျှင်၊ သူ၏ကျင့်ကြံမှုဖြင့် လန်ယွဲ့ရှီအား ယှဉ်ပြိုင်နိုင်သေးသည်ဟု သူ ခံစားမိသည်။
သို့သော် ယခုမူ လန်ယွဲ့ရှီကို သူ လုံးဝ မယှဉ်နိုင်တော့ပေ။
အတွေးတစ်ချက်မျှဖြင့် ရွှေအမြုတေ ဥပဒေသပိုင်နက်သည် သူ့ကို ချက်ချင်းပင် ကြေမွသွားစေပြီး ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်။
အင်အားစုတစ်ခုတွင် ရွှေအမြုတေ ဆရာသခင်တစ်ဦးတည်း ရှိရုံမျှဖြင့် ဂိုဏ်းတစ်ခု တည်ထောင်နိုင်ပြီး၊ ရာစုနှစ်ပေါင်းများစွာ ဩဇာလွှမ်းမိုးနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
၎င်းသည် သာမန် ကျင့်ကြံသူတစ်ဦး စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
ရွှေအမြုတေ ဆရာသခင်တစ်ယောက်တည်းဖြင့် ကျင့်ကြံသူများစွာကို ချေမှုန်းနိုင်သည်၊ အင်အားမည်မျှ များပြားစေကာမူ အသုံးဝင်မည်မဟုတ်ချေ။
"ယောက်ျား.. ကျွန်မ အမြုတေ ဖွဲ့စည်းတာ အောင်မြင်သွားပြီ…"
ဤအခိုက်အတန့်တွင် လန်ယွဲ့ရှီသည်လည်း သူမ၏ကိုယ်ပိုင် ရွှေအမြုတေ ဥပဒေသပိုင်နက်၏ ကြောက်မက်ဖွယ် စွမ်းအားကို သိရှိသွားသည်။
သူမသည် အရှိန်အဝါကို ချက်ချင်း ဖယ်ရှားလိုက်ပြီး ကြီးမားသော ပျော်ရွှင်မှုနှင့်အတူ မျက်ဝန်းများဝါင် ချစ်ခင်မှုတို့ဖြင့် ပြည့်နှက်လျက် ကျိုးစွေ့ထံသို့ ချဉ်းကပ်လာသည်။
သူမ၏ နှလုံးသားသည် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အမြုတေဖွဲ့စည်းခြင်း အောင်မြင်ခဲ့သည်မှာ သူမ၏ချစ်ခင်ပွန်းကြောင့်သာ ဖြစ်သည်ကို သူမ သိသောကြောင့် ဖြစ်သည်။
သူသာ သူမကို 'အပြာရောင်မိစ္ဆာ'၏ ထူးဆန်းသောအဆိပ်ကို ဖြေပေးခဲ့ခြင်း၊ 'ရွှေရည်ကျောက်စိမ်း ပြန်လည်ရှင်သန်ခြင်းဆေးလုံး' တစ်လုံး ပေးခဲ့ခြင်း၊ ထို့အပြင် တူနှစ်ကိုယ်ကျင့်ကြံခြင်းမှတစ်ဆင့် သူမခန္ဓာကိုယ်ကို ချို့ယွင်းချက်မရှိသော အခြေအနေသို့ ရောက်ရှိစေပြီး ဆေးအဆိပ် အားလုံးကို ဖယ်ရှားပေးခဲ့ခြင်း မရှိခဲ့ပါက သူမ၏ အမြုတေဖွဲ့စည်းခြင်း အောင်မြင်မှုနှုန်းသည် လေးဆယ်မှ ငါးဆယ် ရာခိုင်နှုန်းမျှသာ ဖြစ်ပေလိမ့်မည်။
သူမ၏ အမြုတေဖွဲ့စည်းခြင်း အောင်မြင်ခဲ့သည်မှာ သူမ၏ချစ်ခင်ပွန်းကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။
"အံ့ဩစရာပဲ.. မင်း အမြုတေ ဖွဲ့စည်းနေတာ ခြောက်လတောင် ကြာသွားပြီ.. မင်းကို တစ်ခုခု ဖြစ်သွားပြီလားလို့ ငါ စိုးရိမ်နေခဲ့တာ…"
ကျိုးစွေ့လည်း သက်ပြင်းတစ်ချက် ချလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ အမြုတေ ဖွဲ့စည်းခြင်းတွင် ရာနှုန်းပြည့် အောင်မြင်မည်ဟု မည်သူမျှ အာမ မခံနိုင်ပေ။
သူသည်လည်း လန်ယွဲ့ရှီ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ကံကောင်းစွာဖြင့်၊ အဆုံးသတ်ရလဒ်က ကောင်းမွန်ခဲ့သည်။ နောက်ဆုံးတွင် လန်ယွဲ့ရှီ အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်ခဲ့သည်။
ဆိုလိုသည်မှာ လန်ယွဲ့ရှီသည် အင်မော်တယ်မြူခိုးကျွန်း တစ်ခုလုံးတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီး၊ ဤဒေသတွင်းရှိ အခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသော စစ်မှန်သောအုပ်ချုပ်သူ ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
"တကယ်တော့.. အမြုတေဖွဲ့စည်းတုန်းက အသေးစား မတော်တဆမှုတစ်ခုတော့ ရှိခဲ့တယ်…"
"ဘာပဲဖြစ်ဖြစ်.. ဒါက ဒုတိယအဆင့် ဝိညာဉ်ကြော တစ်ခုပဲလေ.. သဘာဝဝိညာဉ်စွမ်းအင်က တော်တော်လေး ပါးလွှာတယ်.."
"ဒါက ကျွန်မ အမြုတေဖွဲ့စည်းနေတုန်း ဝိညာဉ်စွမ်းအင် မလုံလောက်တာကို ဖြစ်စေခဲ့တယ်.."
"ကံကောင်းလို့ 'ရွှေရည်ကျောက်စိမ်း ပြန်လည်ရှင်သန်ခြင်းဆေးလုံး' ရှိနေခဲ့လို့ပေါ့.. အဲ့ဒါက ကျွန်မကို စွမ်းအင် အများကြီး ထောက်ပံ့ပေးခဲ့တယ်.."
"ဒါကြောင့် အဆုံးမှာတော့ ကြီးကြီးမားမားဖြစ်တော့ပဲ ကျွန်မ အမြူတေဖွဲ့စည်းနိုင်ခဲ့တာ..”
အမြုတေ ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်ကို ထိတ်လန့်စွာ ပြန်လည်တွေးတောရင်း ပြောပြလိုက်သည်။
အခြေတည်အဆင့် ပြီးပြည့်စုံသွားသော ကျင့်ကြံသူတိုင်းအတွက် ၎င်းသည် နောက်ပြန်မလှည့်နိုင်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
အကယ်၍ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် အခြေတည်ဆေးလုံး သောက်သုံးပါက၊ သူတို့တွင် အခြေတည်အဆင့်အတွက် အကြိမ်များစွာ အခွင့်အရေး ရှိသည်။
သို့သော် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမှာမူ အမြုတေဖွဲ့စည်းခြင်းအတွက် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်။
အကယ်၍ သူတို့ ကျရှုံးခဲ့ပါက၊ နောက်တစ်ကြိမ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် မည်သည့် အခြေတည်အဆင့် ကျင့်ကြံသူအတွက်မဆို အပြည့်အဝ မပြင်ဆင်ထားဘဲ အမြုတေ ဖွဲ့စည်းခြင်းကို ကြိုးစားမည် မဟုတ်ပေ။
တတိယအဆင့် ဆေးလုံးဖြစ်သော 'ရွှေရည်ကျောက်စိမ်း ပြန်လည်ရှင်သန်ခြင်းဆေးလုံး'ကို ရရှိပြီးမှသာ သူမ အမြုတေ ဖွဲ့စည်းခြင်းကို ကြိုးစားရဲခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ အောင်မြင်ခဲ့သည်။
သူမ၏ လက်ရှိ ကျင့်ကြံမှုကို ထည့်သွင်းစဉ်းစားပါက၊ အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သေချာပေါက် ဂိုဏ်းချုပ် ဖြစ်လာမည် ဖြစ်သည်။
သူမ၏ဖခင်သည် ယခုအခါ အသက် အလွန်ကြီးနေပြီး အသက် လေးရာကျော်နေပြီ ဖြစ်သည်။ သူမသည်လည်း အသက်ကြီးမှ မွေးဖွားခဲ့သော သမီး ဖြစ်သည်။
သူမသည် အင်မော်တယ်ရှားဂိုဏ်းကို ရာစုနှစ်ပေါင်းများစွာ ဦးဆောင်နိုင်သည်ဟု ဆိုနိုင်သည်။
"မင်း အောင်မြင်သွားပြီဆိုတော့.. ငါတို့ အောင်ပွဲ မခံသင့်ဘူးလား.. ငါတို့ မတွေ့တာ ခြောက်လတောင် ရှိပြီ.."
ကျိုးစွေ့သည် လန်ယွဲ့ရှီ၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။
သူသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သော်လည်း အလွန် စိတ်လှုပ်ရှားနေသည်။
ရွှေအမြုတေ ဆရာသခင်တစ်ဦးနှင့် တူနှစ်ကိုယ်ကျင့်ကြံနိုင်ခြင်း။
ဤသို့သော အရာသာ အပြင်သို့ ပေါက်ကြားသွားပါက လောကကြီးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
၎င်းကို ဖားပြုတ်က ငန်းသားစားသည်ဟု ဖော်ပြရုံမျှဖြင့် မလုံလောက်နိုင်ပေ။ နဂါးသားစားသော ဖားပြုတ်ဟုသာ ဆိုရပေလိမ့်မည်။
"ဟုတ်.."
ဤသည်ကို ကြားသောအခါ လန်ယွဲ့ရှီ မျက်နှာ နီမြန်းသွားပြီး အလွန်အမင်း ရှက်သွေးဖြာသွားသည်။
သူမ၏ ခန္ဓာကိုယ်သည် သူတို့ မျှဝေခဲ့ကြသော ညများကို အလိုအလျောက် ပြန်လည် သတိရသွားပုံရပြီး သူ့အလိုလို တုံ့ပြန်နေသည်။