← Chapters

ကမ္ဘာကြီးက အရမ်းကြီးတယ်

Vol. 35 Ch. 486

ကမ္ဘာကြီးက အရမ်းကြီးတယ်

Vol. 35 Ch. 486

"ငါက မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်ရဲ့ စွမ်းအားကို အဲ့လို စုပ်ယူလို့ရမှန်း မသိဘူး။"

သူမ၏ ခပ်ဆတ်ဆတ်အသံက ငှက်ငယ်လေးတစ်ကောင် တေးကြူနေသကဲ့သို့ ထွက်ပေါ်လာလေ၏။

အန်လင်းက သူ့ခြေထောက်အောက်တွင် အဖြူရောင်အမှုန့်ပုံတစ်ပုံအဖြစ်ပြောင်းသွားသော နယ်မြေအဆီအနှစ် သလင်းကျောက်ဆီသို့ ငုံ့ကြည့်လိုက်လေ၏။ "ငါလာတဲ့ နေရာမှာ ဒီဟာကို နယ်မြေ အဆီအနှစ် သလင်းကျောက်လို့ခေါ်တယ်။ သူတို့က ရွှေရောင်တင်မကဘူး အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်နဲ့ အနီရောင်တွေလဲ ရှိတယ်။ နင့်မှာ အဲဒါတွေ အများကြီးရှိရင် ငါ့ဆီက ပစ္စည်းတွေနဲ့ လာလဲလို့ရတယ်။"

တီနာက အပြုံးလေးနှင့် ခေါင်းခါလိုက်လေ၏။ "ကံမကောင်းစွာနဲ့ပဲ ငါ့မှာမရှိတော့ဘူး။ ငါသိတာကတော့ ဒီဟာက ဗဟိုမြို့တော်ထဲမှာရှိတဲ့ သလင်းကျောက် အကုန်ပဲ။"

"အဲ့လိုဆိုရင်တော့ ငါထွက်သွားဖို့ အချိန်ရောက်ပြီ။" အန်လင်းက အသံခပ်ဖွဖွဖြင့် ဆိုလိုက်၏။

"နင်က ထွက်သွားတော့မှာ...။ အ... အပြင်ကမ္ဘာကြီးကိုလား။" တီနာ၏ အသံမှာ တုန်ခါနေကာ အန်လင်းကို စိုက်ကြည့်နေလေ၏။

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်တယ်။ ငါက ဝင်ရိုးစွန်း ပိုပြီး ကျယ်ပြန့်တဲ့ အပြင်ကမ္ဘာကြီးကို သွားတော့မှာ။"

"ဒါပေမဲ့ ကုန်းမြေကြီးက ရေခဲ နယ်မြေတွေနဲ့ဝန်းရံထားတာ။ ဘယ်သူမှ အဲ့နေရာကို ဖြတ်မသွားနိုင်ဘူး။ ပြီးတော့ မင်းအဲ့လိုလုပ်ဖို့ကြိုးစားရင် သေအောင် အေးခဲသွားနိုင်ဖို့ ဖြစ်နိုင်ခြေတော့ အတော်များတယ်။" တီနာက အန်လင်း သေချာပေါက် သေဆုံးမည်လားကို မပြောနိုင်ပါပေ။ အဘယ့်ကြောင့်ဆိုသော် သူက ဤကုန်းမြေကြီးတစ်ခုလုံးတွင် လူတိုင်းထက်ပို၍ အစွမ်းထက်နေသည်မို့ပင်။

"အဲဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ။ ငါက ငါ့ခွန်အားကို ယုံတယ်။ ပြီးတော့ အဲဒါက အရမ်းအန္တရာယ်များနေလို့ ရှာဖွေစူးစမ်းခြင်းကို ရပ်လိုက်တာက ငါ့ရဲ့ စတိုင်မဟုတ်ဘူး။"

အန်လင်းက ကောင်းကင်သို့ ကြည့်လိုက်ပြီး ဝင်နေသော နေမင်းကြီးဆီမှ အလင်းရောင်က သူ့ကို ခမ်းနားလှသောရွှေရောင် ချယ်ပေးနေလေ၏။

သူက တီနာကို အပြုံးလေးနှင့် ငုံ့ကြည့်လိုက်လေ၏။ "ကမ္ဘာကြီးက အရမ်းကြီးတယ်။ တစ်နေရာတည်းမှာပဲ နေနေရင် ငါက ရှုခင်းတွေအများကြီး လွဲကုန်လိမ့်မယ်။ အဲဒါကြောင့် ငါက ထွက်သွားရမယ်။"

တီနာက သူမ၏ မျက်စိရှေ့မှ ဘီလူးကြီးကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက ကျောက်မျက်များကဲ့သို့ တောင်ပနေလေ၏။

"နာလေး ငါအခု ထွက်သွားတော့မယ်။" အန်လင်းက တီနာကို နှုတ်ဆက်ကာ သူ့၏ အနက်ရောင် အုတ်ခဲကို ဆင့်ခေါ်လိုက်လေ၏။

"ခဏလေး..."

တီနာ၏ လှပသောအသံက သူ့၏ အနောက်မှ ထွက်ပေါ်လာလေ၏။

အန်လင်းက ကြောင်တောင​်တောင်ဖြင့် လှည့်ကြည့်လိုက်လေ၏။ "ဘာလဲ..."

"အဲ့ စတုရန်းပုံ ပစ္စည်းထဲက နင်ငါ့ကိုပြတဲ့ ရှုခင်းတွေက... အစစ်တွေလား။" တီနာက လက်သီးကို ခပ်ဖွဖွ ဆုပ်လိုက်လေ၏။

အန်လင်းက ခပ်ဖွဖွ ရယ်မောလိုက်၏။ "အစစ်ပဲ။ ငါက နင့်ကို့ လိမ်စရာအကြောင်းမရှိပါဘူး။"

"အဲဒါဆို... ငါ့ကို ခေါ်သွားပေးလို့ ရမလား။" တီနာက သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ အန်လင်းကို မျက်လုံးတောက်တောက်များဖြင့် စိုက်ကြည့်နေလေ၏။

အန်လင်းက သူမ၏ စကားလုံးများကြောင့် အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမကို ကြောင်ကာ ပြန်ကြည့်နေလေ၏။

"ငါလဲ ကြီးမား ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်ချင်တယ်။ ငါက ရူခင်းအသစ်တွေ ကြည့်ချင်တယ်။ ပြီးတော့ ငါက ဒီကမ္ဘာကြီးက ဘယ်လောက်ထိ ကြည့်ပျော်ရှုပျော် ရှိလဲဆိုတာ မြင်ဖူးချင်တယ်။" တီနာက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြောကာ တောင်လောင်နေသော ဆန္ဒများက သူမ၏ မျက်လုံးထဲတွင် လောင်ကျွမ်းနေလေ၏။

"နင့်ရဲ့ ဗဟိုမြို့တော်ကရော ဘယ်လိုလုပ်မှာလဲ...။" အန်လင်းက တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်လေ၏။

"ငါက ဒီမြို့ထဲနဲ့ ဒီကုန်းမြေကြီးပေါ်မှာ နှစ်တစ်သောင်း​တောင် နေလာတာ။ ငါလုပ်ချင်တာဆိုလို့ ဒီကနေ ထွက်သွားချင်တာပဲ ရှိတာ။ ငါ့ရဲ့ ဝမ်းကွဲက အံ့ဖွယ်အဆင့် အထွတ်အထိပ်တောင် ရောက်နေပြီ။ သူမက ငါ့နေရာကိုယူဖို့ စွမ်းအင် အလုံအလောက်ရှိနေပြီ။" တီနာက ပြန်ဖြေလိုက်၏။

အဲ့တော့ သူမက တာဝန်တွေ အကုန်လုံးကို သူမရဲ့ ဝမ်းကွဲဆီကို ပစ်ပေးလိုက်တော့မယ်ပေါ့။

အန်လင်းက ခတ္တတုံ့ဆိုင်းသွားပြီး ခေါင်းငြိမ့်ပြလိုက်လေ၏။ "ဟုတ်ပြီ။ အဲဒါဆိုလဲ ငါနင့်ကို ခေါ်သွားပေးမယ်။"

"ကျေးဇူးပါ ဘီလူး အန်လင်း။ နင်က တကယ်ပဲ လူကောင်းတစ်ယောက်ပဲ။" တီနာက သူမ၏ လက်မောင်းများနှင့် တောင်ပံများကို ခပ်ကျယ်ကျယ် ဖြန့်ကာ အန်လင်း၏ ရင်ဘတ်ဆီသို့ ပျံသန်းလာလေ၏။

ဖုတ်...

တီနာ၏ ခန္ဓာကိုယ်လေးက အန်လင်း၏ ရင်ဘတ်သို့ ဝင်တိုက်ကာ ပွေ့ဖက်မှုတစ်ခုဟုပင် ခေါ်ရခက်လှပေ၏။

အန်လင်း : "..."

အန်လင်းသည်လည်း သူမကို ပြန်ကာ ဖက်ချင်ပါသော်လည်း သူက မတော်တဆ တီနာကို သေအောင် ဖိမိသွားကို စိုးရိမ်ပါ၏။

"ငါ့ကို ဒီမှာ စောင့်နေ။ ငါက တာဝန်တစ်ချို့ လွှဲပေးလိုက်လေ၏။" တီနာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

အန်လင်းက အပြုံးလေးနှင့် ပြောပြကာ ထိုင်စောင့်နေလိုက်လေ၏။

မြင့်မြတ်အပျိုစင် နတ်သမီးက ထွက်သွားပြီး သူမ၏ ဝမ်းကွဲနှင့် နေရာအစားထိုးမည့် သတင်းက မကြာမီပင် တောမီးလောင်သကဲ့သို့ ဗဟိုမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။ ပြည်သူများအားလုံးက ထိတ်လန့်သွားကာ အဘယ့်ကြောင့် ဤသို့ဖြစ်လာသည်ကို နားမလည်နိုင်ပဲ ရှိနေကြလေ၏။

ဗဟိုမြို့တော်၏ ရာထူးကြီးပိုင်းများက သူမ၏ ဆုံးဖြတ်ချက်ကို အလွန်အမင်း ဆန့်ကျင်ကြ၏။

သို့သော် ဗဟိုမြို့တော်၏ မြင့်မြတ်အဆင့် အစောင့်နှစ်ဦး မန်ဒယ်နှင့် ဟားရစ်တို့ကမူ ဆုံးဖြတ်ချက်ကို ထောက်ခံပေးကာ တီနာက ဘဝတစ်လျှောက်လုံး ဤနေရာတွင် နေထိုင်သွားသည်ထက် ပိုမိုကြီးမားသော ကံကြမ္မာကို ဖြည့်ဆည်းရန် ရှိသည်ဟု ဆိုကြလေ၏။

မြင့်မြတ်အပျိုစင်နတ်သမီးမှာ ဆုံးဖြတ်ချက် ခိုင်မာလွန်းကာ သူမ၏ မြင့်မြတ်လက်နက်များကို သူမ၏ ဝမ်းကွဲဆီသို့ ပေးအပ်ကာ ထိုနေမှာပင် သူမအတွက် နန်းတက်ပွဲတစ်ခုကို ကျင်းပပေးလိုက်လေ၏။

လူသောင်းချီ၏ အကြည့်အောက်တွင် မယ်လိုဒီက သူမ၏ မြင့်မြတ်ဓားကို ခေါင်းပေါ်တွင် မြှောက်ကာ အဖြူရောင်အလင်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာလေ၏။

ထိုအခိုက်မှာပင် မယ်လိုဒီမှာ နတ်မျိုးနွယ်စု၏ မြင့်မြတ်အပျိုစင် နတ်သမီးအသစ်တစ်ဦး ဖြစ်လာလေ၏။

ညအချိန် ကျရောက်သွားလေပြီ။

တီနာက သူမ၏ တာဝန်များ ဘွဲ့အမည်များ အားလုံးကို လွတ်ချကာ အန်လင်းဘေးတွင် ပေါ်လာလေ၏။

သူမ၏ တောင်ပံများက ညကောင်းကင်ယံတွင် ရွှေရောင် ဖျော့ဖျော့တောက်ပနေပြီး သူမကို အထူးပင် လှပနေစေ၏။

သူမ၏ အဖြူရောင် ဝတ်ရုံမှာ ညခင်းတွင် ပွင့်လန်းနေသော အဖြူရောင် ကြာပန်းတစ်ပွင့်ကဲ့သို့ သစ်လွင်နေလေ၏။

"စောင့်နေစေရလို့ တောင်းပန်ပါတယ် ဘီလူး အန်လင်း။ ငါတို့အခု သွားလို့ ရပြီ။" တီနာက ပြုံးပြလိုက်၏။

အန်လင်းက သူ့၏ အနက်ရောင် အုတ်ခဲကို ဆသ့်ခေါ်ကာ ထိုအပေါ်တွင် ထိုင်ပြီး သူ့ဘေးမှ နေရာလွတ်ကို ပုတ်ပြလိုက်၏။ "လာလေ။"

တီနာက တောင်ပံများဖြန့်ကာ လေထဲတွင် တောင်ပနေပြီး အန်လင်း၏ ပုခုံးပေါ်သို့ ဆင်းလိုက်ပြီး အန်လင်း၏ ဆံပင်များကို သူမ၏ လက်သေးသေးများဖြင့် ဆွဲလိုက်လေ၏။ "ငါဒီမှာရပ်နေမယ်။ အဲဒါမှ ငါက ရှေ့ကို ပိုမြင်ရမှာ။"

အန်လင်း : "..."

သို့ဖြစ်၍ သူတို့နှစ်ဦးက ညအချိန်မှာပင် ကုန်းမြေကြီး၏ အဆုံးသတ်ဆီသို့ ပျံသန်းလာလေ၏။

ဤကုန်းမြေကြီးက အလွန်ပင် သေးငယ်လှပြီး အဆုံးသတ်ကိုရောက်ရန် အန်လင်းအတွက် ခြောက်နာရီသာကြာ​ေလ၏။

အဆုံးသတ်တွင် သူက အပြာရောင် ရေခဲကမ္ဘာတစ်ခုနှင့် မိတ်ဆက်ခြင်း ခံလိုက်ရ၏။

သူတို့က လေထုကို ဖြတ်သန်းကာ ပျံသန်းလာသည်မှာ သူတို့က ကုန်းမြေကြီးနှင့် ရေခဲနယ်မြေများကြားတွင် ဖန်တီးထားသော ကြီးမားလှသည့် နံရံကြီးတစ်ခုကဲ့သို့ပင်။

ရေခဲကုန်းမြေများ အဆုံးမရှိပါပေ။ ထို့ကြောင့် သူက ညကောင်းကင်ယံအတွင်းရှိ အပြာရောင် အငွေ့များက မည်သည်ဆိုသည်ကို မသိပါပေ။ သို့သော် သူက ရေခဲကုန်းမြေများဆီသို့ ရုတ်တရက် ဝင်လာကာ ရေခဲရုပ်ထုများအဖြစ် အေးခဲခံလိုက်ရသော သက်ရှိတစ်ချို့ကို မြင်လိုက်ရလေ၏။

အန်လင်းက အခြေအနေကို ခတ္တသုံးသပ်လိုက်ပြီး နေရာတွင် တရားမှတ်နေလိုက်၏။

"ဟင်...။ ဘာလဲ...။ အခု ငါတို့က မဝင်တော့ဘူးလား...။" တီနာက သိလိုစိတ်ပြင်းပြစွာ မေးလိုက်၏။

"နင်က အဲဒါတွေက ရေခဲကုန်းမြေတွေလို့ မပြောဘူးလား။ ငါတို့က မဝင်ရောက်ခင်မှာ အနွေးဆုံးဖြစ်နိုင်မဲ့ နေ့ခင်းနေကို စောင့်သင့်တယ်။"

တီနာ : "..."

သဘာဝ ကျပေ၏။

သူတို့နှစ်ဦးက စောင့်ခြင်းဂိမ်းတစ်ခု ကစားနေလေ၏။

အန်လင်းက ထိုအချိန်အတွင်း၌ သူ့၏ အကြော်ဒယ်အိုးဖြင့် အစာသွပ်ပေါက်စီတစ်ရာကို ချက်လိုက်လေ၏။ ထို့နောက် သူက ကျက်ပြီးသား အစာသွပ်ပေါက်စီများကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်​ေလ၏။

တီနာက အန်လင်းဘာလုပ်နေသည်ကို မသိပဲ လုပ်ငန်းစဉ္ တစ်ခုလုံးအား နားဝေတိမ်တောင်ဖြင့် ကြည့်နေလေ၏။

သို့သော် သူမက ပေါင်းအိုးမှ ထွက်လာသော စွဲမက်ဖွယ် ရနံ့နှင့်ပင် ထိုပေါက်စီများက အတော်လေး အရာရှိမည်ဖြစ်ကြောင်း ပြောနိုင်လေ၏။

အတန်ကြာပြီးနောက် အန်လင်း၏ မျက်လုံးများက ရုတ်တရက် အရောင်တောက်လာလေ၏။

သူက ဗာမီလီယမ်ငှက် ကြေးမုံကို ဆွဲထုတ်လိုက်ပြီး မေးခွန်းတစ်ခုမေးလိုက်လေ၏။ "မှန်လေးရေ၊ ငါ့လက်ထဲက မှန်လေးရေ အဲ့ရေခဲကုန်းမြေတွေကို ဖြတ်သွားလို့ရတဲ့ နည်းလမ်းကောင်းတစ်ခုလောက် ငါ့ကိုပြောနိုင်မလား။"

"ငါမသိဘူး..."

ဗာမီလီယမ်ငှက် ကြေးမုံ၏ တုန်ပြန်ချက်မှာ အလွန်ပင် တည့်တိုး ဆန်လှပေ၏။

ခွပ်...

အန်လင်းက ကြေးမုံကို ဒေါသတကြ မြေပေါ်သို့ ပစ်ပေါက်လိုက်၏။ "နင်ပြောတော့ အရာအားလုံးကို သိတယ်ဆို။ ငါမေးခွန်းမေးလိုက်တိုင်း နင်က ဘာလို့ 'ငါမသိဘူး'ဆိုပြီး ပြန်ဖြေရတာလဲ။ နင်က ဘယ်နားအသုံးကျလဲ။"

"အဲဒါ အမှားကြီး။ ငါက နင့်မေးခွန်းတွေထဲက တစ်ခုကို ပြန်​ဖြေပေးတယ်လေ...။ နင်က ဒီကမ္ဘာပေါ်မှာ အချောဆုံး ယောက်ျားလေး မဟုတ်ဘူးဆိုတဲ့ဟာ။" ဗာမီလီယမ်ငှက်ကြေးမုံက ဒေါသကြီးပြီး နူးညံ့သောအသံဖြင့် ပြန်တုန့်ပြန်လိုက်လေ၏။

အန်လင်း : "..."

"ဝိုး... အဲဒါက ဘာလေးလဲ။ စိတ်ဝင်စားစရာ​ကောင်းလိုက်တာ။" တီနာက ကြေးမုံဆီသို့ စိတ်ဝင်တစား ပျံသန်းသွားကာ ထိုအရာ၏ မျက်နှာပြင်ကို ပွတ်သပ်နေလိုက်၏။

"ကလေးမလေး၊ နင်က ကံဆိုးမိုးမှောင်ကျတော့မယ်လို့ ငါပြောနိုင်တယ်။ နင့်ရဲ့ ဘေးကင်းလုံခြုံမှုအတွင် အဲ့အမျိုးသားနဲ့ ဝေးဝေးနေဖို့ နင့်ကို အကြံပေးလိုက်မယ်။" ဗာမီလီယမ်ငှက်ကြေးမုံက တီနာကို ပြောလိုက်၏။

အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ "နင်ပြောတော့ ရှေ့ဖြစ်ဘယ်လို ဟောရမလဲ မသိဘူးဆို။"

"ငါက နင့်ရဲ့ ကံကြမ္မာကိုပဲ မပြောမှာ။" ဗာမီလီယမ်ငှက် ကြေးမုံက ပြန်ဖြေလိုက်၏။

အန်လင်းက ရုတ်တရက် ထိုကြေးမုံအား ရိုက်ခွဲချင်လာပေတော့သည်။

ခဏလေး။ မဟုတ်သေးဘူး။ သူက ထိုသည်ကို တစ်ကြိမ် ရိုက်ခွဲရန် ကြိုးစားဖူး၏။ ထိုသည်က မကွဲခြင်းပင်။

ကြေးမုံက သူထင်ထားသည်ထက်ပင် ခုခံနိုင်စွမ်းမြင့်လေ၏။ သူက ထပ်ခွဲသင့်သည်လား။

ခွမ်း...

အန်လင်းက ရုတ်တရက် ကြေးမုံကို မြေပြင်ပေါ်သို့ ထပ်မံ ရိုက်ခွဲလိုက်၏။

စကားလုံးများ အတန်းလိုက်က ကြေးမုံ၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာလေ၏။ "ကံကြမ္မာ လှည်းဘီးဆိုတာ အမြဲတမ်းလည်နေတာနော်။ နင်က အခုငါ့ကို ရိုက်ခွဲတယ်။ ဒါပေမဲ့ မကြာခင်မှာ ငါက နင့်ကို ရိုက်ခွဲမဲ့လူဖြစ်လာနိုင်တယ်။"

ခွမ်း ခွမ်း ခွမ်း...

အန်လင်းက အေးစပ်စက် လှောင်ပြုံးဖြင့် ကြေးမုံကို ဆက်တိုက် တိုက်ခိုက်လိုက်၏။ "နင်က သင်ခန်းစာတစ်ခု ရဖို့ လိုအပ်တယ်။"

...

နှစ်စင်းရှိနေသော နေမင်းများက ဝင်ရိုးစွန်းပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာလေ၏။

သူတို့ထဲမှ တစ်ခုက ရွှေရောင်ဖြစ်ကာ တစ်ခြားတစ်ခုက အနီရောင် ဖြစ်လေ၏။ သူတို့က ဝင်ရိုးစွန်းအပေါ်သို့ အတူတကွ ခုန်ကျော်လာသော အမွှာာီအစ်ကို နှစ်ယောက်ကဲ့သို့ဖြစ်နေကာ ကောင်းကင်သို့ မြင့်တက်လာပြီး ကုန်းမြေကြီးတစ်ခုလုံးကို အဆုံးမဲ့ အလင်းနှင့် နွေးထွေးမှုများ  ပေးစွမ်းနေလေတော့သည်။

အန်လင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။ နေမင်းနှစ်လုံးကိာ အတူတကွ တည်ရှိနေစရန် ကမ္ဘာ မြေဆွဲအားက မည်သို့ အလုပ်လုပ်သနည်း။

မကြာခင်မှာပင် နေ့လည်ခင်းသို့ ရောက်လာလေ၏။

ကုန်းမြေကြီး၏နယ်စပ်ရှိ အပြာရောင်အငွေ့များသည် အမှန်တကယ်ပင် သိသိသာသာ လျော့နည်းသွားလေ၏။ သို့သော် ၎င်းသည် နေရောင်ခြည်ကြောင့် အမြင်အာရုံကို မထင်ရှားစေခြင်း သို့မဟုတ် အမှန်တကယ် လျော့နည်းသွားခြင်းလားဆိုသည်ကို သူအမှန်တကယ် မသိပါပေ။

အန်လင်းက မတ်တပ်ရပ်ကာ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်လေ၏။ "ခရီးဆက်ကြစို့။"

-------------

All Chapters