ကုန်းမြေကြီးအစစ်ကို ရောက်ရှိခြင်း
Vol. 35 Ch. 487
အန်လင်းက မတ်တပ်ရပ်ကာ ရေခဲ ကုန်းမြေများဆီသို့ လျှောက်သွားလိုက်၏။
တီနာက အန်လင်း၏ ပခုံးပေါ်တွင် မတ်တပ်ရပ်ကာ သူမကိုယ်တိုင်နှင့် အန်လင်းအား အဖြူရောင် အလင်းလွှာလေးတစ်ခု ပုံစံဖြင့် ဖုံးအုပ်ထားသော ကာကွယ်ရေး မန္တန်နည်းစနစ်တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
အန်လင်းက အနည်းငယ် ကြောင်သွားလေ၏။ "နင်ဘာလုပ်တာလဲ။"
"အအေးဒဏ်ကို ကာကွယ်တာလေ။ ဘာလို့လဲ။" တီနာက နားဝေတိမ်တောင်ဖြင့် ပြန်ဖြေလိုက်လေ၏။
"သက်ရှိစွမ်းအင်တွေ အများကြီး မဖြုန်းနဲ့။ ငါတို့က တစ်ခြားတစ်ဖက်ကို မရောက်ခင် ဒီရေခဲ ကုန်းမြေတွေကို ဘယ်လောက်ကြာကြာ ဖြတ်သွားရမလဲ မသိသေးဘူး။ နင့်ရဲ့ ကာကွယ်ရေး အစီအရင်ကို ငါတို့ အအေးဒဏ် နောက်ထပ် မခံနိုင်တော့မှ သုံးဖို့ သိမ်းထားလိုက်။" အန်လင်းက အကြံပေးလိုက်၏။
"အိုး..." တီနာက နာနာခံခံနှင့် သူမ၏ ကာကွယ်ရေး မန္တန်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အန်လင်းက ဗဟုသုတများနှင့် ပြည့်နေပြီး နှစ်နှစ်သောင်းကျော် စုဆောင်းထားသည့် အတွေ့အကြုံများအမှန်ပင် စုစည်းနေသည်ဟု သူမကိုယ်သူမ တွေးတောနေလေ၏။
အန်လင်းက ကုန်းမြေကြီး၏ နယ်နိမိတ်ကို ဖြတ်သန်းကာ လက်ချောင်းတစ်ချောင်းကို ညွှန်ပြလိုက်ရာ ရေခဲကုန်းမြေများနှင့် အထူးမြူနှင်း စွမ်းအားများက သူ့လက်ချောင်း ပတ်လည်တွင် စုစည်းသွားလေ၏။
အပြာရောင် ဓာတ်ငွေ့များ အားလုံးက တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး အန်လင်း၏ လက်ချောင်းဆီသို့ စုစည်းလာကြလေ၏။
အန်လင်းက ထိုသည်များကို ရှောင်ရန်မကြိုးစားပဲ ထိုအစား သူက အပြာရောင် ဓာတ်ငွေ့ကို သူ့လက်ချောင်း တစ်ဝိုက်တွင် နားခိုခွင့်ပြုလိုက်လေ၏။
အထူးမြူနှင်း စွမ်းအားက ချက်ချင်းပင် သူ့လက်ချောင်းကို အေးခဲသွားစေကာ လေထဲမှ အက်ကွဲသံအများအပြားက ထွက်ပေါ်လာကာ လေထုက အက်ကွဲသွားလေတော့သည်။ အပြာရောင် ဓာတ်ငွေ့များမှ အထူးမြူနှင်း၏ စွမ်းအားက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရေခဲအမျိုးအစား မန္တန်နည်းစနစ်တစ်ခု သူ့အပေါ်ထုတ်လွှတ်သည့် အကျိုးသက်ရောက်မှုနှင့်ဆင်တူလှပေ၏။
အန်လင်းက အေးစက်စွာ ချောင်းဟန့်လိုက်ကာ မြင့်မြတ်သန့်စင်မီးတောက်က သူ့လက်ချောင်းတွင် ပေါ်လာပြီး သူ့လက်ချောင်းပတ်လည်ရှိ အပြာရောင် ဓာတ်ငွေ့များအားလုံးကို လောင်ကျွမ်းပစ်လိုက်လေ၏။
သူက ထိုတွေ့ရှိချက်တွင် ခေါင်းငြိမ့်လိုက်၏။ ထိုသည်က သူ့၏ အံ့ဖွယ်မီးတောက်များက အပြာရောင် ဓာတ်ငွေ့များကို ဖျက်ပစ်နိုင်ပုံရလေ၏။
ထို့နောက် သူက ရေခဲကုန်းမြေများဆီသို့ မီးဘောလုံးငယ်လေးများ ပစ်လွှတ်လိုက်၏။ သို့သော် အပြာရောင်ဓာတ်ငွေ့က မီးတောက်ဆီသို့ စုပြုံလာရမည့်အစား အဝေးသို့ရှောင်လိုက်လေ၏။ ကြည့်ရသည်မှာ အပြာရောင် ဓာတ်ငွေ့များက သက်ရှိသတ္တဝါများ ပေါ်သို့သာ စုစည်းလာသည်ဖြစ်ပုံရ၏။
အန်လင်းက ခေတ္တမျှ ရပ်တန့်နေလိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်လေ၏။ ထို့နောက် သူက တီနာကို ပခုံးပေါ်တွင်ကာ မြင့်မြတ်ရေခဲကုန်းမြေများဆီသို့ ဝင်လာလိုက်၏။
သူနှင့် တီနာတို့မှာ ရေခဲကုန်းမြေများသို့ ဝင်ဝင်ချင်း ပြင်းထန်သော အေးစိမ့်စိမ့် ခံစားချက်ကို ခံစားမိလေ၏။ ဤကဲ့သို့ အပူချိန် နိမ့်နိမ့်တွင် စိတ်ဝိညာဉ္ ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးဆိုလျှင် မိနစ်အနည်းငယ်ပင် တောင့်ခံနိုင်မည် မဟုတ်ပါပေ။
တီနာက သူမ၏ ကာကွယ်ရေးမန္တန်နည်းစနစ်ကို အသုံးပြုရန် ကြိုးစားလိုက်သော်လည်း သူမက အန်လင်း၏ ပညာရှိသော စကားလုံးများကို ပြန်ကြားပြီးနောက် ထိုသို့ ပြုလုပ်လိုစိတ်ကို ချိုးနှိမ်ထားလိုက်လေ၏။
အန်လင်းက သူ့၏ အနက်ရောင် အုတ်ခဲပေါ်တွင် ရှေ့ဆက်လိုက်ပြီး သူ့ပတ်လည်ရှိ အပြာရောင် ဓာတ်ငွေ့များက ချက်ချင်းပင် သူဆီသို့ စုဆုံရန် ကြိုးစားလာကြ၏။ သို့သော် သူက အပြာရောင် ဓာတ်ငွေ့များကို အရှိန်ဖြင့် ပြေးလွှားရန် စီစဉ္ နိုင်ခဲ့၏။
သူတို့က ရေခဲကုန်းမြေများဆီသို့ ပို၍ ဝင်ရောက်လာသောအခါ အပြာရောင် ဓာတ်ငွေ့များက လေထု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ရှောင်ရန် မဖြစ်နိုင်တော့ပါပေ။
သူတို့က အအေးဒဏ်ကို တောင့်ခံရန်သာ တတ်နိုင်ပေတော့၏။
အန်လင်းက သူ့၏ တစ်ကိုယ်လုံးမှာ အထူးမြူနှင်း၏ စွမ်းအင်ထဲတွင် နစ်မြုပ်နေပြီဟု ခံစားရကာ ထိုသည်က သူ့၏ ခန္ဓာကိုယ်ထဲသို့ အညှာအတာမဲ့ စိမ့်ဝင်နေပြီး သူ့သွေးနှင့် အကြောများကို အေးခဲသွားရန် ခြိမ်းခြောက်နေလေတော့သည်။
ထိုအချိန်မှာပင် သူ့နားက ရုတ်တရက် ယားယံလာသည်ကို ခံစားလိုက်ရ၏။
"ဟေး... နင်ဘာလို့ ငါ့နားထဲ ဝင်နေတာလဲ။" အန်လင်းက ဆိုလိုက်၏။
"အေး... အ-အရမ်း အေးလို့..." တီနာက ခိုက်ခိုက်တုန်နေကာ အန်လင်း၏ နားထဲတွင် ဘောလုံးလေးလို ကွေးထားလေ၏။
အန်လင်း : "..."
တီနာက အအေးဒဏ်ကို တောင့်မခံနိုင်တော့၍ အန်လင်းနှင့် သူမအား လွှမ်းခြုံးနိုင်သည့် ကာကွယ်ရေး မန္တန်တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။
အန်လင်းက သူက တောင့်ခံနိုင်သေးသည်ဟု ပြော၍ သူမအတွက်သာ ကာကွယ်ရေး မန္တန်နည်းစနစ်အသုံးပြုရန် ပြောလိုက်လေ၏။
သူတို့က ဆက်သွားနေစဉ်မှာပင် အပူချိန်က ပိုပို၍ နည်းလာကာ အပြာရောင် ဓာတ်ငွေ့များက ပိုပို၍ သိပ်သည်းလာတော့၏။
၁၀ ကီလိုမီတာနီးပါး သွားပြီးနောက် အန်လင်းက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပါပေ။ သူက မြင့်မြတ်သန့်စင်မီးတောက်ကို ထုတ်လွတ်ကာ သူနှင့် တီနာကို ကာကွယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်တောင့်ကို သောက်သုံးလိုက်လေ၏။
သူအံ့ဩသွားသည်မှာ မြင့်မြတ်သန့်စင်မီးတောက်က ၅ကီလိုမီတာထက်နည်းပြီး ပျောက်ဆုံးသွားလေ၏။
အန်လင်းက သူ့၏ ကြယ်မိစ္ဆာမီးတောက်ကို ထုတ်ယူရန်မှလွဲ၍ ရွေးစရာမရှိတော့ပါချေ။
ထို့နောက် သူ့၏ လရောင်ရှုခင်း မီးတောက်... ထို့နောက် ကောင်းကင်ဘုံ ဟာလာပြင် မီးတောက်...
တီနာက မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော အပြာရောင် ဓာတ်ငွေ့များကို ငေးကြည့်ကာ စကားတစ်ချို့ကိုသာ ဆက်တိုက်ရေရွတ်နေလေ၏။ "ငါတို့က သေတော့မယ်... ငါတို့က သေတော့မယ်..."
အန်လင်း၏ နှုတ်ခမ်းများက ထိုရင်းနှီးသောစကားလုံးများကို ကြားပြီးနောက် တွန့်ကွေးသွားလေ၏။
သူက ဘာလို့ အဲ့ဟာက သူ့နားဘေးမှာ အဆက်မပြတ်ရွတ်နေတာလဲ။
သူက သူ့ပခုံးပေါ်တွင်ထိုင်ကာ အဆက်မပြတ်ဆဲနေသော အမျိုးသမီး တစ္ဆေနတ်ဆိုးတစ်ကောင် ရှိသည်နေသည်ဟု ခံစားလိုက်ရ၏။ "ငါတို့က သေတော့မယ်... ငါတို့က သေတော့မယ်..."
ဤအတွေ့အကြုံမှာ... စောင်ကျိုးနည်း ကောင်းသည့်အရာမဟုတ်ပါပေ။
ဘုန်း...
သူတို့မသိလိုက်ခင်မှာပင် သူတို့က ရုတ်တရက် နက်စွေးစွေးနယ်မြေတစ်ခုကို ဝင်တိုက်မိသွား၏။
လေထဲရှိ အထူးမြူနှင်း၏ ကြောက်မက်ဖွယ် စွမ်းအင်က အံ့ဖွယ်မီးတောင်လေးခု၏ သိပ်သည်းမှုကို ဖြတ်သန်းလာလေ၏။ အန်လင်းက သူ့၏ မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို တုံ့ဆိုင်းခြင်းမရှိ အသက်သွင်းလိုက်ပြီး သူရရှိသော စွမ်းအား မြင့်တင်ရေးမှ အံ့ဖွယ်မီးတောက် လေးခုစလုံးကို တစ်ဖန်ပြန်လည် ဖြစ်ပေါ်စေလိုက်၏။
နောက်ဆုတ်ခြင်းက ရွေးချယ်စရာတစ်ခု မဟုတ်ပါပေ။ သူက ရှေ့သို့သာ ဆက်သွားနိုင်ပေ၏။
"သေချာကိုင်ထား..."
သူက သူ့၏ လေတောင်ပံများကို ဖြန့်ကာ ပေါက်ကွဲသော အပြုအမူဖြင့် အရှိန်မြှင့်လိုက်ပြီး အရှေ့သို့ အစွမ်းကုန် ပျံသန်းသွားလိုက်လေ၏။
တီနာက အန်လင်း၏ နားပေါ်သို့ တင်းတင်းဆုပ်ကာ သူမ၏ သွင်ပြင်များက ဖြူဖျော့နေကာ သူ့ပတ်ဝန်းကျင်မှ အဆုံးမရှိ ကျယ်ပြန့်နေသော အမှောင်ထုကို ငေးကြည့်နေလိုက်လေ၏။
အန်လင်းက ချက်ချင်းပင် သူ့၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်ကာ သူ့ရှေ့မှ အကာအကွယ်ကို ခုတ်ပိုင်းပစ်လိုက်လေ၏။
ဘုန်း...
အနက်ရောင်ဓားအလင်းတန်းတစ်ခုက အတားအဆီးကို ထိခတ်သွားသော်လည်း မည်သည့် အပျက်အစီးမှ မပြုလုပ်နို်င်ခဲ့ပါပေ။
အထူးမြူနှင်း၏ အဆုံးမရှိ စွမ်းအားတစ်ခုက သူ့၏ အံ့ဖွယ်မီးတောက်များကို တိုက်စားသွားသည်မှာ ထိုးဖောက်ရန် ခြိမခြောက်နေသကဲ့သို့ပင်။
အန်လင်းက ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ သူက နယ်မြေထိုးဖောက် လက်သည်းကို အလျင်အမြန်ဆင့်ခေါ်လိုက်ပြီး မန္တန်တစ်ခု ရွတ်ဆိုလိုက်၏။
အဆင့်မြင့် အင်မော်တယ် လက်နက်မှာ အကွာအဝေး အတအဆီးများကို ဖြတ်သန်းရန် အလားအလာအရှိဆုံးဖြစ်လေ၏။
"ဖြတ်သန်းစေ..." အန်လင်းက အော်ဟစ်လိုက်ပြီး နယ်မြေထိုးဖောက် လက်သည်းက ရှေ့သို့ ထိုးတက်သွားကာ အတားအဆီးကို အလွန်အမင်း ထိုးဖောက်တတ်သော စွမ်းအင်ဖြင့် ဝင်တိုက်မိသွားလေ၏။
ကြက်သွေးရောင် အလင်းတစ်ခုက အမှောင်ထုကို ဖြတ်သန်းကာ လင်းလက်သွားပြီး အန်လင်း၏ ရှေ့တွင် ပိတ်နေသော အတအဆီးကို ကွဲသွားစေ၏။
ဘုန်း...
နေ့အလင်းက ဝင်ရောက်လာပြီး အမှောင်ထုကို အလင်းပေးလိုက်လေ၏။
တုန့်ဆိုင်းခြင်းမရှိပဲ အန်လင်းက အကွာအဝေးထဲရှိ အက်ကွဲကြောင်းဆီသို့ တိုးဝင်ကာ ကမ္ဘာသစ်တစ်ခုကို ရောက်ရှိသွားလေ၏။
သူပတ်လည်မှ ဖိအားက ပျောက်ကွယ်သွားပြီး အတော်လေး အေးနေဆဲဖြစ်သော်လည်း သူ့ကို အခဲအဖြစ်သို့ အေးခဲသွားစေရန် ခြိမ်းခြောက်နေသော အထူးမြူနှင်း၏ ကြောက်မက်ဖွယ် စွမ်းအင်က လေထဲတွင် ဝဲပျံ့မနေတော့ပါပေ။
သူ့၏ မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်က ပျောက်ကွယ်သွားသောအခါ သူက မောပန်းခြင်းကြောင့် မြေပေါ်သို့ ဒူးထောက်ကျသွားလေ၏။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ အတားအဆီးပေါ်ရှိ အက်ကွဲကြောင်းက ပိတ်သွားပြီ ဖြစ်သည်အား တွေ့လိုက်ရ၏။
တီနာသည်လည်း သူမနောက်က အတားအဆီးကို ငေးကြည့်နေလေ၏။ သူမက တစ်စုံတစ်ခုကို အတည်ပြုလိုက်သကဲ့သို့ ခန္ဓာကိုယ်ကို အနည်းငယ် ခါယမ်းကာ မျက်လုံးများမှ မျက်ရည်များ စီးကျလာလေတော့သည်။
သူမ၏ ရှေ့တွင် အဆုံးမရှိ မြင်ကွင်းနှင့် ကျယ်ပြန့်လှသော အနက်ရောင် အတားအဆီးတစ်ခု ရှိလေ၏။
အနက်ရောင် အတားအဆီးက အနည်းငယ် တွန့်ကွေးနေသည်မှာ ထိုသည်က အလွန် ကြီးမားလှသည့် တစ်စုံတစ်ခု ပါနေသကဲ့သို့ပင်။
သူမက ထိုထဲတွင် ပါနေသည်က သူမ၏ ကမ္ဘာတစ်ခုလုံးဟု သူမအမြဲတမ်း ထင်ခဲ့သော ကုန်းမြေကြီးတစ်ခုဖြစ်သည်ကို သိပေ၏...။
တီနာက ဆန့်ကျင့်ဘက် ဦးတည်ရာသို့ လှည့်ကြည့်လိုက်ရာ တောင်တန်းများ အဆုံးမရှိမြင်ကွင်းတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ ရေခဲပြာရောင် နှင်းများက လေထဲတွင် မျောနေပြီး အထက်ကောင်းကင်ယံက အပြာနှင့် ခရမ်းရောင်ရောယှက်နေပေ၏။
"အဲ့... အဲ့တော့ ကမ္ဘာကြီးက တကယ့်ကို အရမ်း ကျယ်ပြန့်တာပေါ့..."
တီနာက အဝေးမှ ရှုခင်းကို ကြောင်ငေးကာ စိုက်ကြည့်နေပြီး မျက်ရည်များ ကျဆင်းလာတော့၏။
"အကုန်လုံးကို လိုက်ပြီး အံ့ဩချီးကျူးနေတာ တော်စမ်းပါ...။ ဒီမှာ ငါ့ကိုလာကူပြီး မန္တန်နည်းစနစ်တစ်ခုနဲ့ နွေးအောင် လုပ်ပေးအုံး...။" အန်လင်းက သွားချင်းရိုက်နေလေတော့သည်။
မြေအောင် ကမ္ဘာ၏ မူလစွမ်းအင်ကို အသုံးပြုခြင်း၏ အကျိုးဆက်မှာ သူ့၏ သက်ရှိစွမ်းအင် စီးဆင်းမှုကို ခေတ္တရပ်တန့်သွားစေကာ ချက်ချင်းပင် အအေးဒဏ်ကို ပိုခံရလာစေ၏။
တီနာက အသိစိတ်ပြန်ဝင်လာပြီး အန်လင်းဆီသို့ အံ့ဩတကြီး ကြည့်လိုက်လေ၏။ သူမက ဘီလူး အန်လင်းပင် ဤကဲ့သို့ အားနည်းလှသော အခိုက်အတန့်များရှိနေသည်ကို အံ့ဩသွားလေ၏။
သူမက ချက်ချင်းပင် နွေးထွေးသော အလင်းလွှာလေးတစ်ခုကို အန်လင်းပေါ်သို့ ဖြစ်ပေါ်စေလိုက်ပြီး လေထဲတွင် လက်ကြီးတစ်ခုဖြစ်ပေါ်စေလိုက်၏။ ထိုလက်ကြီးဖြင့် သူမက သူ့ကို ပွေ့ချီကာ အဝေးရှိ တောင်တန်းများဆီသို့ ပျံသန်းသွားလိုက်၏။
ရေခဲကုန်းမြေများဆီမှ ပျံထွက်လာပြီးနောက် တီနာက သက်ရှိများ ကင်းမဲ့နေသော တောင်တန်းများ အတွဲလိုက်၏ မြင်ကွင်းနှင့် မိတ်ဆက်ခြင်း ခံလိုက်ရ၏။
"အော်... နောက်ဆုံးတော့ အပြင် ကမ္ဘာကြီးက အဲ့လောက်လဲ မလှပါဘူး...။" သူမက စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းများကို တင်းတင့်စေ့လိုက်လေ၏။
အန်လင်းက မျက်လုံးများကို လှန်လိုက်၏။ "ကမ္ဘာကြီးက အကျယ်ကြီးပဲ။ ဒီဟာက လှပတဲ့ ရှုခင်းတွေအကုန်လုံးနဲ့ပဲ ပြည့်နေတာ မဖြစ်နိုင်ဘူးလေ။"
"အို... ဟိုမှာ တစ်ခုခု ရှိနေတယ် ထင်တယ်။ ကြည့်လိုက်။"
တီနာက အန်လင်းကိုသယ်ကာ နေရာတစ်ခုဆီသို့ စိတ်လှုပ်ရှားစွာ ပျံသန်းသွားလေ၏။
--------------