← Chapters

ကြောက်မက်ဖွယ် ပြိုကျနေသော ကုန်းမြေကြီး

Vol. 35 Ch. 488

ကြောက်မက်ဖွယ် ပြိုကျနေသော ကုန်းမြေကြီး

Vol. 35 Ch. 488

"နာလေး၊ အရမ်းကြီး အလုပ်မလုပ်နဲ့။ ပြီးတော့ ခေါင်းမပါတဲ့ ကြက်လိုပြေးနေတာ ရပ်တော့။"

"ငါက အကျိုးဆက်တွေကြောင့် အားအင်ကုန်ခမ်းနေတုန်းပဲရှိသေးတာ။ ငါတို့က အရင်ဆုံး အနားယူပြီး ပြန်ကောင်းအောင်လုပ်လို့ မရဘူးလား။"

အန်လင်းမှာ သက်ရှိစွမ်းအင်မှ ဖြစ်ပေါ်လာသော လက်ကြီးဖြင့် ဟိုဒီလျှောက်ဆွဲသွားခံနေရသည်ကို မပျော်ရွှင်လှပါပေ။

"စိတ်မပူပါနဲ့။ သူတို့ရဲ့ အော်ရာက အဲ့လောက်လဲ အစွမ်းမထက်ပါဘူး။ သူတို့က အများဆုံးမှ ကောင်းကင်ဘုံ အဆင့်ပဲ ရှိမှာ။" တီနာ၏ မျက်ခုံးများက အရောင်တောက်နေသည်မှာ အလွန်စိတ်ဝင်စားဖွယ် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား သကဲ့သို့ပင်။

အန်လင်းက သူ့မျက်လုံးများကို လှန်လိုက်လေ၏။ "ကောင်းကင်ဘုံအဆင့်ဆိုတာကို ရပ်စမ်းပါ။ နင်တို့ရဲ့ အဆင့်သတ်မှတ်ချက်ကို ဒီအထိ ယူမလာနဲ့တော့။"

သူက အဝေးမှ ပုံရိပ်များကို နီးနကပ်ကပ်ကြည့်ရှုရန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေ၏။ သို့သော် ထိုသည်က အလွန်ဝေးလှသည်မို့ ထိုပုံရိပ်မှားက လူနှင့် တူသည်လားဆိုသည်ကိုပင် မဆုံးဖြတ်နိုင်ခဲ့ပါပေ။

"အား... မိစ္ဆာနတ်ဘီလူးတွေ အများကြီးပဲ။" တီနာက အံ့ဩတကြီး ငိုကြွေးလာလေ၏။

အန်လင်းက ထိုသည်များကို ယခုတွင် ရှင်းရှင်းလင်းလင်းမြင်နိုင်လေပြီ။ သူက ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အမွှေးထူထူများဖြင့် လူတစ်စုကို တွေ့လိုက်လေ၏။ မှန်ပါ၏။ ထိုသည်များက လူများဖြစ်ပြီး မျောက်ဝံများ မဟုတ်ပါပေ။

လူများအားလုံးက လှည့်ကြည့်လာလေ၏။ သူတို့က အန်လင်းကိုမြင်သောအခါ အနည်းငယ် ကြောင်အသွားပြီး သူတို့၏ ပါးစပ်များကို ကျယ်ကျယ်ဟကာ ချွန်ထက်သော အစွယ်များကို ထုတ်ပြရင်း အန်လင်းနှင့် တီနာဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာလေ၏။

ထိုသတ္တဝါများ တစ်ရာနီးပါးရှိပြီး သူတို့၏ အော်ရာမှာ တာအိုခန္ဓာ အဆင့် ၇ သို့မဟုတ် အဆင့် ၈ ဝန်းကျင် ရှိကြလေ၏။

"ငါသူတို့ကို သတ်ပစ်လို့ရလား။" တီနာက မေးလိုက်၏။

အန်လင်းက ခေါင်းခါပြလိုက်၏။ "သူတို့ကို ထားလိုက်ပါ။ သူတို့က ငါတို့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က စွမ်းအင်ကို ချွေတာရမယ်။ အဲ့တော့ ရှေ့ဆက်သွားကြစို့။"

သူက မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို အချိန်တိုလေးသာ အသုံးပြုသည်မို့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု အချိန်မှာလည်း တိုတောင်းပေ၏။

တီနာကတောင်တန်းများဆီသို့ ဆက်လက် ရွေ့လျားသွားပြီး နားရန်နေရာတစ်ခု ရှာလိုက်လေ၏။

သို့သော် သူတို့က ရှေ့ဆက်သွားလေလေ ပိုပိုပြီး အန္တရာယ်များလာသော ပတ်ဝန်ကျင်များကိုသာ တွေ့လာရလေ၏။

အဆိပ်ဓာတ်ငွေ့အမျိုးအစားများ အားလုံးကို အောက်ဘက်မြေပြင်မှ လွတ်ထုတ်နေပြီး ပင့်ကူများ၊ ကင်မြှီးကောက်များနှင့် အနက်ရောင် စပါးအုံးမြွေများကဲ့သို့ အဆိပ်ရှိသတ္တဝါများနှင့် ​ပြည့်နေပေ၏။

သူတို့အားလုံးက ထူးခြားသော လက္ခဏာတစ်ခု ရှိလေ၏။ ထိုသည်က အနက်ရောင် အမွေးများက တစ်ကိုယ်လုံး ဖုံးလွှမ်းနေခြင်းပင်။ သူတို့၏ အနက်ရောင် အမွေးမှာ နေ၏ အလင်းရောင်ကို အမြဲတမ်း စုပ်နေပုံရပြီး အောက်ဘက်မှ မြေကြီးကို ကြီးမားသော လှုပ်ရှားနေသည့် မင်နက် ကတ္တရာကဲ့သို့ ဖြစ်နေစေ၏။

ထိုသတ္တဝါများ အားလုံးက အလွန်အန္တရာယ်များလှပြီး တစ်ခါတစ်ရန် အန်လင်းနှင့် တီနာတို့အား အဆိပ်များဖြင့် ထွေးထုတ်လေ၏။

တီနာက ရေခဲနယ်မြေများကို ဖြတ်သန်းပြီးနောက် စွမ်းအင် အမြောက်အများကို ကုန်ဆုံးထားပြီး သူတို့ပတ်လည်မှ သတ္တဝါများ၏ ရန်စခြင်းကို အမြဲတမ်း သတိချပ်နေရခြင်းကြောင့် အနည်းငယ် စိတ်တိုလာပေ၏။

မီးတောက် လင်းတများ၊ ကြက်သွေးရောင် သွေးစုပ်ဖုတ်ကောင်များ၊ နတ်ဆိုး သိမ်းငှက်များ စသည်ဖြင့်...။ ကြောက်မက်ဖွယ် သတ္တဝါများ၏ အပြုအမူများ အားလုံးက တီနာဆီသို့ ထိုးသုတ်လာလေ၏။

"ဝါးးး... ဒီကမ္ဘာက သတ္တဝါတွေ အားလုံးက ဘာလို့ ကြောက်ဖို့ကောင်းနေရတာလဲ။ သူတို့က ဘာလို့အရမ်းကြီး၊ အရမ်း သန်မာ၊ အရမ်း ရွံစရာကောင်းပြီး အရမ်းကို ဖော်​ဖော်ရွေရွေ မရှိရတာလဲ...။" တီနာက ရက်စက်ယုတ်မာသော သတ္တဝါများနှင့် သူမ၏အောက်ရှိ ကင်းရှင်းနေကာ အဆိပ်ရှိသော ကမ္ဘာကို ငုံ့ကြည့်ရင်း မျက်နှာပေါ်တွင် မခံမရပ်နိုင်ဖြစ်ခြင်း၊ ဒေါသထက်ခြင်းတို့နှင့် ငြီးတွားနေလေသည်။

"အဲ့စတုရမ်းပုံ ပစ္စည်းပေါ်က ပုံရိပ်တွေက အတုတွေမလား။ လှတဲ့ ရှုခင်းတွေက ဘယ်မှာလဲ။ ချစ်စရာ တိရစ္ဆာန်လေးတွေက ဘယ်မှာလဲ။" သူမက အလိမ်ခံလိုက်ရသကဲ့သို့ အန်လင်းဆီသို့ ဝမ်းနည်းသောအမူအရာဖြင့် လှည့်ကြည့်လိုက်လေ၏။

အန်လင်းက သက်ပြင်းချကာ ရှင်းပြလိုက်၏။ "ငါ့ဖုန်းထဲက ပုံရိပ်တွေ အကုန်လုံးက ထိုက်ချူကုန်းမြေကြီးအစစ်ရဲ့ ပုံရိပ်တွေ။ ဒီပြိုကျနေတဲ့ ကုန်းမြေကြီး မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီကုန်မြေကြီးက ဘာလဲဆိုတာ ငါလဲ မသိဘူး။"

တီနာက နှုတ်ခမ်းဆူကာ သူမပတ်ဝန်းကျင်မှ ကမ္ဘာကို ကြည့်ရှုနေရင်း ချောင်းခပ်ဖွဖွ ဆိုးနေလေ၏။ ဤသည်က ကြမ်းတမ်းသော ကမ္ဘာကြီးတစ်ခု ဖြစ်ပါသော်လည်း သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသော အရာများ ရှိပါသေး၏။

"အဲ့တောင်အကြီးကြီးက ဘာလဲ။" တီနာက အဝါရောင်တောစ်တစ်လုံးဆီသို့ ဦးတည်ချက်ပြောင်းကာ ပျံသွားရင်း ပါးစပ်အဟောင်းသားဖြစ်နေလေ၏။

အန်လင်းက တောင်ကြီးကိုကြည့်လိုက်ရာ ထိုသည်က ပေတစ်ထောင် နီးပါး မြင့်သည်ကို တွေ့လိုက်ရ၏။ ထိုအရာ၏ မတ်စောမှုက အနည်းငယ် မှတ်သားထိုက်သော်လည်း အမှန်တကယ်တော့ မြင့်မားသည်သည်ဟု ယူဆ၍ အရပါပေ။

ဟင်း...။ ဉာဏ်နည်းတဲ့ လူတွေက မြင်သမျှကို အံ့ဩနေတော့တာပဲ။

တီနာက အန်လင်းကို သယ်ကာ တောင်ဆီသို့ ပျံသန်းသွားလေ၏။ တောင်မှ အဆိပ်ဓာတ်ငွေ့များ ထုတ်နေသည်နှင့် တောင်နံရံတွင် တွားသွားနေသော ရွံ့စရာသတ္တဝါများ မရှိခြင်းကြောင့် သူမက ထိုသည်ကို ယာယီ ရပ်နားစခန်းပြုလုပ်ရန် စီစဉ္ လိုက်လေ၏။

ထိုအချိန်မှာပင် တောင်၏ အပေါ်ပိုင်း တစ်ဝက်တွင် အနီရောင် မျက်လုံးတစ်စုံပေါ်လာပြီး နောက်ချက်ချင်ပင် တောင်နံရံတွင် ကြီးမားလှသည့် ပါးစပ်ကြီးတစ်ခုကို ဖွင့်ဟပြကာ အန်လင်းနှင့် တီနာကို မျိုချရန် ခြိမ်းခြောက်လာလေ၏။

"အား..." တီနာက အန်လင်းကို သယ်ကာ အဝေးသို့ ​ပြေးရင်း အော်ဟစ်နေတော့၏။

တောင်ကြီးမှာ လည်ပင်းကို ဆန့်ထုတ်နိုင်လေ၏။ ဧရာမ စပါးအုံး မြေကြီးတစ်ကောင်ကဲ့သို့ ထိုသည်က ရှေ့သို့ တိုးဝင်လာလေ၏။

တီနာ၏ အမြင်မှဆိုလျှင် ထိုသည်က သူမကို ကိုက်ရန် ကြိုးစားနေသော ကြီးမားလှသည့်ပါးစပ်ကြီးခုလိုပင်ဖြစ်နေ၏။

သူမက ဤကဲ့သို့ ​အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသည်မို့ သူမ၏ မျက်နှာမှာ ကြောက်ရွံ့ခြင်းကြောင့် ဖြူဖျော့နေလေ၏။

"လန့်မသွားနဲ့။ အဲဒါက အကြီးကြီး ဖြစ်နေပေမဲ့ နင့်ရဲ့ ပြိုင်ဘက်တောင် မဖြစ်နိုင်ဘူး။" အန်လင်းက အော်ဟစ်လိုက်၏။

တီနာက သဘာဝအလျောက် နတ်သမီးအလင်း အမြှောက်တစ်ခုကို ထုတ်လွတ်လိုက်လေ၏။

အဖြူရောင်အလင်းတန်းကြီးက တောင်ကြီး၏ ပါးစပ်ထဲတွင် အသံကျယ်ကြီးဖြင့် ပေါက်ကွဲသွားပြီး အထဲမှ အနက်ရောင် အတွင်းပိုင်းကို အလင်းပေးလိုက်လေ၏။

ဧရာမတောင်ကြီးက လှုပ်ယမ်းကာ တုန်ခါသွားပြီး နောင်ဆုပ်သွားလေ၏။

အန်လင်းက သက်ပြင်းတစ်ခု ချလိုက်လေ၏။ တောင်ကြီးမှာ အကြမ်းအားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ဖြစ်ပြီး တီနာမှာ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ဖြစ်လေ၏။ အန်လင်းက ဤကဲ့သို့ အားနည်းသော ရန်ဘက်အား ရင်ဆိုင်ရာတွင် သမာဓိနည်းပါးခြင်းကြောင့် သူမအစား ရှက်မိပါ၏။

တီနာက နောက်ဆုပ်သွားသော တောင်ကြီးကို အံ့ဩတကြီး ကြည့်ကာ သူမကိုယ်သူမ ရေရွတ်လိုက်လေ၏။ "အဲဒါက ဒီလောက်ကြီးတာ ဘယ်လိုလုပ်ပြီး အဲ့လောက် အားနည်းနေတာလဲ..."

"နင့်ကို အရွယ်အစားနဲ့ ခွန်အားက တိုက်ရိုက် ဆက်သွယ်နေပါတယ်ဆိုတဲ့ အကြံကို နင့်ကို ဘယ်သူကပေးလဲ။" အန်လင်းက မေးလိုက်လေ၏။

"နင်လေ..." တီနာက ပြန်ဖြေလိုက်၏။

အန်လင်း : "..."

သူတို့ နှစ်ဦးက ထွက်ခွာတော့မည့်အချိန်မှာပင် သူတို့အထက်မှ ကောင်းကင်ကြီးက ရုတ်တရက် တုန်ခါလာလေ၏။

ထို့နောက် ချက်ချင်းပင် မရေမတွက်နိုင်ဿာ အနက်ရောင် အက်ကွဲကြောင်းများက လေထဲတွင် မျက်စိတစ်ဆုံး ပွင့်လာလေ၏။

အန်လင်း၏ ရှုထောင့်မှ ဆိုလို အနက်ရောင် အက်ကွဲကြောင်းများက ၁၀ ကီလိုမီတာ နီးပါးရှိလေ၏။

အက်ကွဲကြောင်းများမှာ ကောင်းကင်တစ်ခုလုံးကို ဧရာမ အနက်ရောင် ပိုက်ကွန်ကြီးသဖွယ် လွှမ်းခြုံထားလေ၏။

အလွန်အမင်း နက်မှောင်လှသော အရည်များက အက်ကွဲကြောင်းများမှ စိမ့်ထွက်လာလေ၏။ ထိုအရည်များမှာ အလွန်ထူထည်း နက်မှောင်ပြီး မြေပြင်ထက်သို့ အနက်ရောင် ဓားသွားများသဖွယ် ဆင်းသက်လာလေ၏။

"ဟမ်... အဲဒါက ဘာလဲ။" တီနာက ထိုသည်က ဘာလဲဆိုသည်အား ကြည့်ရန် အနက်ရောင် အရည်ဆီသို့ လက်တစ်ချောင်း ဆန့်ထုတ်လိုက်၏။

အန်လင်းက သူမ၏ အပြုအမူကြောင့် လန့်သွားလေ၏။ "အဲဒါက အန္တရာယ်များတယ် ။ အဲ့အရည်တွေကို မထိနဲ့။"

အန်လင်းအား တီနာ၏ နှလုံးသားထဲတွင် အလွန် ဗဟုသုတကြွယ်ပြီး အတွေ့အကြုံရင့် စီနီယာတစ်ဦးကဲ့သို့ အသေမှတ်ယူထား၍ သူမက အနက်ရောင်အရည်များဆီမှ ချက်ချင်းပင် လက်ကိုရုတ်လိုက်လေ၏။

အောင်ဘက်မှ ကြီးမားသော တောင်ကြီးက အလန့်တကြား ကိုယ်ကို ကျုံ့ထားဟန်ပေါ်နေလေ၏။ ထိုသည်က သေးနိုင်သမျှ သေးအောင် ကျုံ့ထားပြီး ရွှေရောင် အလင်းပြားလေးတစ်ခုက တောင်ပေါ်တွင် ထီးအကြီးကြီးတစ်ခုကဲ့သို့ ပေါ်လာလေ၏။

မြေပြင်ပေါ်သို့ ဆင်းသက်လာသော အနက်ရောင် အရည်က အကာအကွယ်မဲ့ မြေပြင်အား ဖြတ်သန်းသွားကာ ထောပတ်ကို ဖြတ်သွားသော ဓားပူပူတစ်ချောင်းကဲ့သို့ မြေပြင်တွင် ကြောက်မက်ဖွယ် အက်ကြောင်းများ ဖြစ်ပေါ်လာစေ၏။ မြေပြင်ပေါ်ရှိ တစ်ချို့သော သတ္တဝါများက အနက်ရောင် အရည်ကို ရှောင်ရန် အချိန်မလုံလောက်လိုက်ပါ၍ သူတို့၏ ခန္ဓာကိုယ်များက ပွင့်ထွက်သွားကာ နာကျင်စွာ ငိုကြွေးနေလေတော့သည်။

"ဘာ...ဘာအရည်ကြီးလဲ..." တီနာ၏ မျက်နှာက အလန့်တကြား ဖြူဖျော့သွားလေ၏။

သူမက အနက်ရောင်အရည်မှ မည်သည့် စွမ်းအင်အတက်အကျမှ အာရုံမခံမိပါသော်လည်း ထိုသည်က အလွန်အမင်း ​ဖျက်ဆီးစေတတ်သော ဖျက်ဆီးစွမ်းအားများ ပါနေလေ၏။ အန်လင်း၏ အချိန်မီ သတိပေးစကားကြောင့် မဟုတ်ပါက သူမ၏ လက်က ပြတ်သွားပြီး ဖြစ်ပေလိမ့်မည်။

"ဒီဟာက ကမ္ဘာထဲကို ဖိတ်စင်လာတဲ့ ပရမ်းပတာဖြစ်ခြင်းရဲ့ စွမ္းအားပဲ။ ဒီပြိုပျက်နေတဲ့ ကမ္ဘာကြီးက သူ့ရဲ့ တည်ငြိမ်မှုကို ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး။" အန်လင်းက သက်ပြင်း ချလိုက်လေ၏။

သူရရှိလာသော သတင်းအချက်အလက်များအရ ဤကုန်းမြေကြီး၏ ​မြေထုမှာ ထိုက်ချူကုန်းမြေကြီး၏ ၁ရာခိုင်နှုန်းထက်ပင် နည်းသည်ဟုပင်။ ဤအရာ၏ မြေထုအများစုမှာ ဗဟာအဖြစ်သို့ လျော့ချခံလိုက်ရပြီး ဤနေရာမှာလည်း ဗလာအဖြစ်သို့ လျော့ချခံရခြင်း လုပ်ငန်းစဉ်အတွင်း ရှိနေသည် ဖြစ်နိုင်ပေ၏။

တီနာက သူမ၏ လှုပ်ရှားမှုနည်းစနစ်များကို ထုတ်လွှတ်ကာ အပေါ်မှ ကျဆင်းနေသော အနက်ရောင် အရည်ကို ရှောင်နေပေ၏။

သူတို့အောက်ခြေမှ တောင်ကြီးပင်လျှင် လုံးဝ မထိမခိုက်ပဲ ကျန်နေရန် အလွန်ရှင်းလင်းသော်လည်း ရွှေရောင်အလင်း ထီးမှာ အနက်ရောင် အရည်တစ်ချို့ကို ဖယ်ပေးလေ၏။

ထိာအခိုက်၌ အလွန်အမင်း ကြီးမားလှသော အပေါက်ကြီးတစ်လာခုက ရုတ်တရက် ကောင်းကင်တွင် ပေါ်လာ​ေ၏။ ကြီးမားသော အက်ကွဲကြောင်းကြီးက တောင်ပေါ်သို့ ရေတံခွန်ငယ်လေးတစ်ခုကဲ့သို့ အနက်ရောင် အရည်များကို ပမာဏအများအပြား လောင်းချလိုက်ရာ ချက်ချင်းပင် ရွှေရောင် အလင်းထီးကို ဖြတ်သန်းသွားလေတော့၏။

အနက်ရောင်အရည်က တောင်ကြီးကို တိုဖူးကိုဖြတ်သွားသော ဓားတစ်ချောင်းကဲ့သို့ ဖြတ်ပိုင်းလိုက်ပြီး နှစ်ပိုင်းတိတိ ပိုင်းပစ်လိုက်လေ၏...။

တောင်ကြီးမှာ အသံပြုရန် အခွင့်အရေးပင် မရလိုက်ပါပဲ ခန္ဓာကိုယ်က နှစ်ပိုင်း ပိုင်းခံလိုက်ရ၏။ အဖြူရောင် အရည်များက အများအပြား ပန်းထွက်လာလေ၏။ ထိုသည်က သွေးများ ဖြစ်နိုင်ပေ၏...။

ထို့နောက် ကြီးမားသော တောင်ကြီး၏ အကြွင်းအကျန်များသည် ကောင်းကင်မှ ကျဆင်းလာသော လက်ကျန် အနက်ရောင်အရည်များကြောင့် ပြိုပျက်သွားပြီး မကြာမီပင် မ​ရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ လျော့ကျသွားလေတော့၏။

တီနာ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားလေ၏။ သူမ၏မျက်လုံးထဲတွင် အနက်ရောင်အရည်များသည် အလွန်ကြောက်စရာကောင်းသော သေမင်းအော်ရာတစ်ခုနှင့် ပြည့်နှက်နေပြီး သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

ကံကောင်းစွာဖြင့် ဤဘေးဒုက္ခက အချိန်မကြာလိုက်ပါပေ။

ကောင်းကင်နှင့် မြေကြီးက ပြန်လည်ကောင်းမွန်လာသော စွမ်းအင်က ရုတ်တရက် လေထုကို ဖြတ်သန်းလာကာ ကောင်းကင်မှ အနက်ရောင် အပေါက်များ အားလုံးကို ချိတ်ပိတ်လိုက်လေ၏။

အေးဆေး တည်ငြိမ်မှုက ထပ်မံ ဖြစ်တည်လာလေ၏။

သူတို့အောက်မှ အရာအားလုံးက အဆုံးသတ်ခြင်း ခံလိုက်ရ၏။ ထိုသည်က အနက်ရောင် အရည်မှာ အောက်ဘက်ကမ္ဘာ၏ အသက်စွမ်းအင်အားလုံးကို သန့်စင်ပေးသော အံ့ဖွယ် တုံ့ပြန်ချက်တစ်ခု ကဲ့သို့ပင်။

သို့သော် မြေပြင်ပေါ်ရှိ အဆုံးမဲ့ အပေါက်များက ဒဏ်ရာ တဖြည်းဖြည်း အနာကျက်သကဲ့သို့ ရုတ်တရက် စတင် ချိတ်ပိတ်လာပြီး  နဂိုအခြေအနေသို့ ပြန်ရောက်သွားလေ၏။

အသက်ရှင်မှုက ထပ်မံ ရောက်ရှိလာပြီး အောက်ဘက်မှ လူစုကွဲသွားသော သတ္တဝါများအားလုံးက စတင် တွားသွားလာကြတော့သည်...။

"အဲ့တော့ ဒီဟာက အပြင်ကမ္ဘာမှာ မိုးရွာရင် ဘာနဲ့ တူတာလဲဆိုတာလား...။ ကြောက်စရာ​ကောင်းလိုက်တာ... ကြောက်စရာ ကောင်းလိုက်တာ..." တီနာက ထပ်ခါတလဲလဲ ရေရွတ်နေလေ၏။

အန်လင်း : "..."

သူမက အဲ့ဒီ့ ဆက်နွယ်ချက်ကို ဘယ်လိုလုပ်ပြီး ပြုလုပ်လိုက်သည်လဲ။ သူမက သူ့၏ရှင်းပြချက်ကို နားရောထောင်ခဲ့သည်လား။

"ကြောက်စရာကောင်းလိုက်တာ... ဒါပေမဲ့... စိတ်လှုပ်ရှားစရာကောင်းတယ်..." တီနာ၏ အသံမှာ တုန်ယင်နေပြီး ရုတ်တရက် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေ၏။

အန်လင်း : "..."

သူမက သူမကိုယ်ထဲက အဒရီနလင်း စွဲလမ်းသူကို လှုပ်နိုးလိုက်သည်လား။ (အဒရီနလင်းဆိုတာ စိတ်လှုပ်ရှားရင် ထွက်လာတဲ့ ဟော်မုန်းပါ။)

------------

All Chapters