← Chapters

မင်းကို ဒီမှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး

Vol. 35 Ch. 489

မင်းကို ဒီမှာတွေ့မယ်လို့ မမျှော်လင့်ထားဘူး

Vol. 35 Ch. 489

ရှေးဟောင်း ထိုက်ချူနယ်မြေထဲမှ တစ်ခုသော ကုန်းမြေပြင်တွင် ဦးဂြိုလ်နှစ်ခု၊ နောက်ကျောမှ ထွက်နေသော လင်းနို့တောင်ပံ တစ်စုံနှင့် နက်စွေးစွေး နတ်ဆိုးတစ်ကောင်က အနောက်ပင်လယ်မှ ရှေးဟောင်း နတ်ဆိုးတစ်ကောင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်၏။

"ဟားဟားဟား... နယ်မြေအဆီအနှစ် သလင်းကျောက်တွေက ငါ့ဟာပဲ။"

နတ်ဆိုးကြီးက ရှေးဟောင်း မကောင်းဆိုးဝါးကြီး၏ သိုလှောင်လက်စွပ်ကို လက်ထဲတွင် ကိုင်ထားကာ ထိုအရာကြီး၏ ကြက်သွေးရောင် မျက်လုံးများက သွေးဆာမှုများနှင့် တောက်ပနေလေ၏။ ထိုသည်က မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အစိမ်းရောင် သလင်းကျောက်များကို ရေတွက်လိုက်ရာ စုစုပေါင်း ၁၆ခု ရှိသည်ကို တွေ့လိုက်ရ၏။

၁၅ ကီလိုမီတာ အဝေးရှိ မြူနှင်းတောင်တစ်ခု၏ ထိပ်တွင်...။

ပန်းရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်က သူမ၏ အဝါရောင် မျက်လုံးများကို ဖွင့်လိုက်ကာ ဦးတည်ချက်တစ်ခုသို့ စိုက်ကြည့်နေလေ၏။

သူမ၏ မျက်လုံးများက သိမ်းငှက်ကဲ့သို့ စူးရှနေပြီး သူမ၏ ပန်းရောင် လေးကိုင်းရှည်ကို ဆွဲထုတ်ကာ ခပ်ဖွဖွ ပင့်သပ်ရှိုက်လိုက်၏။

"နယ်မြေအဆီအနှစ် သလင်းကျောက် ၁၆ခု။ အဲဒါက ၄၈၀၀၀၀ စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ ညီမျှတာပဲ။ ပြီးတော့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ သိုလှောင်လက်စွပ်တွေလဲ ရှိသေးတယ်..."

"အံ့ဖွယ် နည်းစနစ် အကွာအဝေး မိစ္ဆာရှင်းမြှား..."

သက်ရှိ စွမ်းအင်က ပြင်းပြင်းထန်ထန် တိုးဝှေ့လာပြီး ပန်းရောင်မြှားတစ်ခု ဖြစ်ပေါ်လာကာလေထဲတွင် ရပ်တန့်နေရင်း စွမ်းအင်များ ဆက်လက် စုစည်းနေလေ၏။

သူမက ဒဏ္ဍာရီလာသားရဲ ကွန်ပန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေ၏။ သို့ဖြစ်၍ သူမက ထိုအရာ၏ စွမ်းရည်ဖြစ်သော ကွန်ပန်၏ မျက်လုံးများကို ပိုင်ဆိုင်ထားကာ သူမနှင့် အဝေးတွင် ရှိသော ပစ်မှတ်များကို ကြည့်ရှုနိုင်ရန် ခွင့်ပြုလေ၏။ သူမ၏ အလွန်ထူးခြားသော အပစ်အခတ်ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်ပါက ထိုသည်က သေချာသော သေဆုံးခြင်း ပစ်ချက်ဖြစ်လေ၏။

အဝေးမှ နတ်းဆိုးက သူမ၏ တတိယ ပစ်မှတ်ဖြစ်ပြီးလေပြီ။

နတ်ဆိုးက ပျော်ရွှင်ဖွယ် သီချင်းတစ်ပုဒ်ကို ညည်းဆိုနေကာ နယ်မြေအဆီအနှစ် သလင်းကျောက်များကို သိုလှောင်လက်စွပ်ထဲသို့ မုန်လာဥများကို ဂုဏ်ယူဝင့်ကြွားစွာ ရိတ်သိမ်းနေသော လယ်သမားတစ်ကဲ့သို့ သိမ်းဆည်းလိုက်၏။

နောက်ဆုံး မုန်လာဥကို ကောက်ယူလိုက်ပြီးနောက် ထိုသည်က ကျေကျေနပ်နပ်ပြုံးကာ သက်ပြင်းတစ်ခု ချလိုက်လေ၏။

ထိုအချိန်မှာပင် ထိုသည်က ရုတ်တရက် ကျောရိုးတစ်လျှောက်အေးစိမ့်လာသည်ကို ခံစားလိုက်ရ၏။

ထိုသည်က သဘာဝအလျောက်ပင် နောက်လှည့်လိုက်ပြီး ဦးခေါင်းကို လက်မောင်းဖြင့်ကာထားကာ သေဆုံးခြင်း၏ သန်မာသော စိတ်အာရုံကို တုန့်ပြန်လိုက်လေ၏။

ဝှစ်...

ပန်းရောင်မြှားတစ်ချောင်းက တောက်ပနေသော ပန်းရောင် လမ်းကြောင်းတစ်ခုဖြင့် လေထုကို ဖြတ်သန်းကာ စစ်မှန်နတ်ဆိုး၏ လက်မောင်းကို ထိုးစိုက်သွားလေ၏။

မြှားအတွင်း၌ ပြည့်နှက်နေသော ကြောက်မက်ဖွယ် စွမ်းအင်များက ထိုအရာ၏ လက်မောင်းကို ဆုတ်ဖြ​ဲကာ ဦးခေါင်းကို ထိုးစိုက်သွားလေ၏။

ဘုန်း...

ပေါက်ကွဲစေတတ်သော စွမ်းအင်များက တစ်ကီလိုမီတာ အချင်းဝက်အတွင်းရှိ မြေကြီကို အမှုန့်ချေပစ်ကာ သေးငယ်သော မှိုငယ်တိမ်တိုက်တစ်ခု လေထဲသို့ မြောက်တက်လာလေ၏။

"ကောင်းလိုက်တဲ့ ပစ်ချက်..." အမျိုးသမီးက ရွှင်ရွှင်ပြပြပြုံးကာ သူမကိုယ်သူမ ချီးကျူးရေရွတ်လိုက်ပြီး တိမ်တစ်ခုပေါ်သို့ ခုန်တက်ကာ ပေါက်ကွဲမှုဖြစ်ပွားရာဆီသို့ ပျံသန်းလာလိုက်လေ၏။

ပေါက်ကွဲမှု၏ အလယ်တွင် စစ်မှန်နတ်ဆိုး၏ အစွမ်းထက် ခန္ဓာကိုယ်က အနက်ရောင် မီးကျွမ်းသွားပြီး ခေါင်းကိုတော့ မည်သည့်နေရာတွင်မှ မမြင်ပါတော့ချေ...။

"ဟီးဟီးဟီး... ငါ့ရဲ့ ဆုလာဒ်ကို စုစောင်းရမဲ့ အချိန်ပဲ...။"

အမျိုးသမီးက မြေပေါ်မှ သိုလှောင် လက်စွပ်ကို ၂ခုကို ပြုံးပြုံးရွှင်ရွှင်ဖြင့်ကောက်ယူလိုက်ပြီး ထွက်ခွာတော့မည့် ဆဲဆဲဖြစ်၏။

ထိုအချိန်မှာပင် သူမပတ်လည်၌ ပေတစ်ထောင် အချင်းဝက်ရှိ ရေလွှာတိုင်ကြီးတစ်ခုက ရုတ်တရက် မြင့်တက်လာလေ၏။

ငွေရောင် လှံတံတစ်ခုကို ကိုင်ဆောင်ထားသော ကြီးမားလှပြီး ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများ လှည့်ပတ်နေသည့် ရေနဂါးလေးတစ်ကောင်က မီတာ ၅၀၀အဝေးတွင် ပေါ်လာလေ၏။ "တော်တယ် ပင်လယ်လိပ် ဘုန်းတော်ကြီး။ မင်းက ဦးတည်ချက် အမှန်ကို ခန့်မှန်းနိုင်ရုံတင် မကပဲ အချိန်ကိုက်လဲ ရောက်လာနိုင်တယ်။"

​ေရနဂါးကြီး၏ ဘေးမှ နေရာလပ်မှာ ချက်ချင်းပင် တွန့်လိမ်လာကာ အရွယ်အစား ပေသုံးဆယ်ရှိသော ပင်လယ်လိပ်ကြီးတစ်ကောင်က ပါးစပ်ထဲတွင် ရွှေရောင် ကျောက်တုံးတစ်ခုနှင့် ပေါ်လာလေ၏။

"ဟမ့်... မင်းက ငါတို့ရဲ့ အနောက်ဘက်ပင်လယ် မကောင်းဆိုးဝါးတွေထဲက တစ်ကောင်ကို သတ်လို့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်။"

ဖောက်...

ပင်လယ်လိပ်ကြီးက ရုတ်တရက် အစိမ်းရောင် ကျောက်တုံးကို ပန်းရောင်ဝတ်ရုံနှင့် အမျိုးသမီးဆီသို့ ထွေးထုတ်လိုက်လေ၏။

အမျိုးသမီးက ချက်ချင်းပင် တခြားသော ဦးတည်ချက်သို့ ထွက်ပြေးရန် ကြိုးစားလိုက်၏။

လက်ချင်းယှဉ်တိုက်ရသော တိုက်ပွဲမှာ သူမ၏ အားသာချက်မဟုတ်ပါပေ။ ထို့ပြင် သူမက ထိုမြှားကို ပစ်ရာတွင် စွမ်းအင်အလွန်အကျူး သုံးထားပြီးဖြစ်ရာ လက်ရှိအခြေအနေမှာ ထိုဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် အနောက်ဘက်ပင်လယ် မကောင်းဆိုးဝါးနှစ်ဦးနှင့် ယှဉ်နိုင်မည်မဟုတ်ပါပေ။

"ဟီးဟီး... နင်က လွတ်မယ်ထင်နေတာလား။" ရေနဂါးက အေးစက်စွာ လှောင်လိုက်ပြီး သူ့ခန္ဓာကိုယ်အား အမျိုးသမီးဆီသို့ မြန်ဆန်လှသော နှုန်းဖြင့် ဝင်ရောက်သွားသော လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလိုက်လေ၏။

ထိုအချိန်မှာပင် အန်လင်းနှင့် တီနာတို့က နောက်ဆုံးတွင် သူတို့ပိတ်မိနေသော အဆိပ်နယ်မြေမှ လွတ်မြောက်ရန် ကြိုးစားနိုင်ခဲ့ကြပြီး... တခုသော ကုန်းမြေပြင်ပေါ်သို့ ရောက်လာကြလေ၏။

"ဖူး... ဒီက မြင်ကွင်းက သင့်လျော်သေးတယ်။ ခဏ နားရအောင်။" အန်လင်းက လျောက်မသွားနိုင်တော့ပါပေ။ သူက ချက်ချင်းပင် သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်ခုကို သောက်သုံးပြီးနောက် မြေပြင်ပေါ်သို့ထိုင်ချကာ တရားထိုင်လိုက်လေ၏။

သူက ​မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို အသုံးပြုခြင်း၏ အကျိုးဆက်မှ အတော်များများ ပြန်ကောင်းလာပြီဖြစ်သော်လည်း တိုက်ပွဲတစ်ခုကို မတိုက်နိုင်သေးပါပေ။

သို့ဖြစ်၍ သူက ဤနေရာ၌ မကောင်းသည့် အကျိုးဆက်များ ပြန်ကောင်းသည်အထိ နေရန် ဆုံးဖြတ်လိုက်လေ၏။

"ဒီဟာကို သင့်တင့်တဲ့ ရှုကွင်းလို့ ခေါ်တယ်လား။" တီနာက သူ့ကို ခါးထောက်ကာ စိုက်ကြည့်နေလေ၏။ "ဒီမှာ စိမ်းစိမ်းစိုစို တစ်ခုလေးတောင်မရှိတာကို။ အကုန်လုံး မှောင်မဲနေပြီး ကုန်းမြေပြောင်ပြောင်ကြီးပဲ ရှိတာလေ။ ဘယ်လိုလုပ်ပြီး သင့်တင့်တဲ့ ရှုခင်းလဲ။"

အန်လင်းက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ "အဲဒါဆို... နင်က ပြန်သွားချင်လို့လား။"

တီနာ : "..."

အန်လင်းက တရားထိုင်ရန် မျက်လုံးများကို မှိတ်ထားလိုက်လေ၏။

အတန်ကြာပြီးနောက် အဝေးမှ ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာလေ၏။

"ဝိုး... ဘီလူး အန်လင်း၊ ကြည့်အုံး။ ဒီကနေ ၅ကီလိုမီတာလောက် အဝေးမှာ အရမ်း အစွမ်းထက် သတ္တဝါတွေ တိုက်ပွဲဖြစ်နေကြတယ်။" တီနာက စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

"တိတ်တိတ်လေးနေပြီး ငါတို့အပေါ်ကို ကိုယ်ပျောက် နည်းစနစ်တစ်ခု ထုတ်လွှတ်လိုက်။ ဒီကမ္ဘာက သတ္တဝါတွေက သူတို့ရဲ့ တိုက်ပွဲကို ကြည့်နေတဲ့ လူတွေကို ကြင်ကြင်နာနာ လက်ခံမှာ မဟုတ်လောက်ဘူး။" အန်လင်းက တီနာကို မျက်လုံးလှန် လိုက်လေ၏။

တီနာက အန်လင်း၏ စကားကြောင့် နာနာခံခံဖြင့် မြင့်မြတ်နတ်သမီး ကိုယ်ပျောက် နည်းစနစ်တစ်ခုကို ထုတ်လွှတ်လိုက်၏။

"ဝိုး... အဲ့ရေနဂါးနဲ့ ပင်လယ်လိပ်က အရမ်းသန်မာတာပဲ။ အဲ့မိစ္ဆာနတ်ဘီလူးက လွှမ်းမိုးခံရတော့မှာပဲ။" တီနာက ရေရွတ်လိုက်၏။

အန်လင်းက ထိုသည်ကိုကြားပြီး မျက်ခုံးများကို မြင့်လိုက်လေ၏။ "မိစ္ဆာနတ်ဘီလူး...။ မိစ္ဆာနတ်ဘီလူးမှာက တောင်ပံတွေ၊ ဂြိုလ်တွေ၊ အမြီးတွေဒါမှမဟုတ် တစ်ခုခုပါလား။"

"တောင်ပံ...။ ဂြိုလ်...။ အမြီး...။ မိစ္ဆာနတ်ဘီလူးတွေမှာ အဲဒါမျိုးတွေ မရှိပါဘူး။ အိုး... ဟုတ်သား။ သူမက နင်နဲ့ အတော်တူတာပဲ။ သူမက အဝတ်အစားဝတ်တယ်ပြီးတော့ လူနဲ့ အတော်တူတယ်။" တီနာက ဆက်ပြောလိုက်လေ၏။

အန်လင်းက မတ်တပ်ရပ်ကာ တီနာညွှန်ပြရာ နေရာသို့ အကြည့်ပို့လိုက်လေ၏။ သူက အဝေးတွင် လျှပ်စီးနှင့် လှိုင်းများ ထိုးထွက်နေသည်ကို မြင်လိုက်၏။ သို့သော် တိုက်ပွဲက ၅ကီလိုမီတာအဝေးတွင် ဖြစ်ပွားနေ၍ သူက တိုက်ပွဲထဲမှ ပါဝင်သူများကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။

"အဲ့မိစ္ဆာနတ်ဘီလူးက နောက်ထပ်လျှပ်စီးတစ်ခုနဲ့ ပစ်ခံရပြန်ပြီ။ ပြီးတော့ ငါတို့ဆီလာနေပြီဟ။ ငါတို့က တိုက်ပွဲထဲမှာ ပါမသွားအောင် ပုန်းနေရမလား။" တီနာက မေးလိုက်၏။

အန်လင်းက ခေတ္တရပ်တန့်ကာ ခေါင်းကို ခိုင်မာစွာ ငြိမ့်လိုက်လေ၏။ "အဲ့လိုဆိုလဲ ထားပါ။ တိုက်ကြတာပေါ့။"

တီနာ ပြောနေသော ထိုမိစ္ဆာနတ်ဘီလူးမှာ လူသားတစ်ယောက် ဖြစ်နိုင်ပြီး ကောင်းကင်ဘုံခုံရုံး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။

အန်လင်းက ကောင်းကင်ဘုံ ခုံရုံး၏ အဖွဲ့ဝင်တစ်ယောက်က သူ့မျက်စိရှေ့တွင် အလိုက်ခံနေရသည်ကို မဆိုင်သလို ရပ်နေမည်မဟုတ်သည်မှာ သိသာလှ၏။ သူက မတိုက်ခိုက်နိုင်သော်လည်း သူ့၏ ဂမ်ဒမ်နှစ်ကောင်က သူ့အစား တိုက်ခိုက်နိုင်ပေ၏။

ထိုအချိန်မှာပင် ပန်းရောင် ဝတ်စုံနှင့် အမျိုးသမီးက အန်လင်းနှင့် ၂ကီလိုမီတာပင် မဝေးတော့ပါပေ။ သူမက ဓာတ်လိုက်ခံရခြင်းကြောင့် အနည်းငယ် ကောက်နေသော အနက်ရောင်ဆံပင်ရှည်များ၊ သူမ၏ အချိုးကျလှသော ခြေတံများကို လှစ်ပြနေသော စုတ်ပြဲကာ သွေးစွန်းနေသည့် ဝတ်ရုံဖြင့် အလွန်ပင် ဖရိုဖရဲ ဖြစ်နေလေ၏။

"ဂမ်ဒမ် ၁၊ ဂမ်ဒမ် ၂ အဲ့ရေနဂါးနဲ့ ပင်လယ်လိပ်ကို ဖမ်းလိုက်စမ်း။"

အန်လင်း၏ သိုလှောင်လက်စွပ်က လင်းလက်သွားကာ ခမ်းနားလှသော စက်ရုပ်များက လေထဲတွင် ပေါ်လာလေ၏။

အန်လင်းနှင့် တီနာမှာ သူတို့၏ ကိုယ်ပျောက် မန္တန်နည်းစနစ်များကို ရုတ်သိမ်းလိုက်ပြီ ဖြစ်ရာ အဝေးမှ အမျိုးသမီးက သူတို့ကိုမြင်ပြီးနောက် သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြန်လည် အရောင်တောက်လာလေ၏။

အန်လင်းက အမျိုးသမီးကို မှတ်မိပါ၏။ ဝမ်ရွှမ်ကျန်းက သူမအား သူ့ကို လျိုချူးချူးဟု မိတ်ဆက်ပေးဖူး၏။

လျှိုချူးချူးမှာ သူ့ထက် ၁၃နှစ် စီနီယာကျသော အမျိုးသမီးတန်းမှ ဖြစ်လေ၏။ သူမက လက်ရှိတွင် ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်တွင် ဖြစ်ပြီး သူမ၏ ပုံတူကို ကျောင်းတော်ကြီး၏ နာမည်ကျော် ပုဂ္ဂိုလ်များ စာရင်းတွင် တွေ့နိုင်ပြီး သူမက ကျောင်းတော်ကြီး၏ သမိုင်းတွင် အစွမ်းအထက်ဆုံးသော ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်လေ၏။

"အန်လင်း... ကောင်းလိုက်တာ။ နင့်ကို ဒီမှာတွေ့ရမယ်လို့ ငါမထင်ထားဘူး။"

"လာပါ။ အဲ့ စောက်ပင်လယ်မကောင်းဆိုးဝါး နှစ်ကောင်ကို သတ်ကြစို့။"

လျှိုချူးချူးက ချက်ချင်းပင် အန်လင်းကို မှတ်မိသွားပြီး သူမ၏ မျက်လုံးများက အရောင်တောက်သွားကာ စိတ်လှုပ်ရှားစွာ အော်လာလေ၏။

သူမက အန်လင်း၏ စွမ်းဆောင်နိုင်ရည်ကို အလွန်ယုံကြည်ပြီး ချက်ချင်းပင် လှည့်ကာ ပင်လယ်မကောင်းဆိုးဝါးများဆီသို့ တန်ပြန်တိုက်ကွက်များ ထုတ်လွတ်လိုက်လေ၏။

"ပင်လယ်ရေနဂါး၊ ပင်လယ်လိပ်၊ ကောင်စုတ်နှစ်ကောင် ငါ့ကို ကုန်းမြေ တစ်ဝင်လောက်အထိလိုက်လာတာ။ အခုတော့ မင်းတို့ရဲ့ သေခြင်းကို ရင်ဆိုင်ဖို့ အချိန်ကျပြီ။" သူမက နောက်လှည့်ကာ ပင်လယ်ရေနဂါးဆီသို့ မြှားများ အဆက်မပြတ် ပစ်ခတ်လိုက်လေ၏။

အန်လင်းက လျှိုချူးချူးက သူ့ကို မှတ်မိမည်ဟု မမျှော်လင့်ထားပါချေ။ သူက ပြန်တိုက်ကွက်များ ထုတ်ရန် ရွေးချယ်လိုက်ခြင်းကို ပို၍ အံ့ဩသွားပေ၏။ သူက ချက်ချင်းပင် လျှိုချူးချူးကို သတိပေးစကာတစ်ခွန် အော်ပြောလိုက်လေ၏။ "မလုပ်နဲ့ စီနီယာကျောင်းသူ လျှို ငါက ငါ့ရဲ့ ခန္ဓာကိုယ်က ကန့်သတ်မှုတစ်ချို့ကြောင့် အခု လောလောဆယ် အတိုက်နိုင်သေးဘူး။"

လျှိုချူးချူးက အန်လင်း၏ စကားများ ကြားပြီးနောက် မေ့လဲတော့မလိုပင် ဖြစ်သွားကာ ကျောရိုးတစ်လျောက် စိမ့်အေးသွားလေ၏။

သူမက တုန့်ပြန်ရန် အခွင့်အရေးမရခင်မှာပင် ငွေရောင် လှံတံ ကိုင်ဆောင်ထားသော ရေနဂါးက မြှားများအားလုံးကို ရှောင်တိမ်းကာ သူမရှေ့တွင် ပေါ်လာလေ၏။

-------------

All Chapters