← Chapters

အနောက်ဘက်ပင်လယ် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ခြင်း

Vol. 35 Ch. 490

အနောက်ဘက်ပင်လယ် မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ခြင်း

Vol. 35 Ch. 490

လျှိုချူးချူးက အစွမ်းကုန် နောက်ဆုပ်လိုက်သော်လည်း ရေနဂါး၏ ငွေရောင်လှံက သူမနောက်ဆုတ်နိုင်သည်ထက်ပင် ပိုမို လျှင်မြန်စွာ ရှေ့သို့ ထိုးစိုက်လိုက်နိုင်လေ၏။

ထိုအချိန်မှာပင် အပြာရောင် အလင်းပြားလေးတစ်ခုက လျှိုချူးချူးရှေ့တွင် ပေါ်လာလေ၏။

ဂမ်ဒမ်နှစ်ကောင်က တိုက်ပွဲထဲသို့ ဝင်ရောက်လာလေ၏။

ဘုန်း..

လှံတံက သံဓာတ်ချို့တဲ့ခြင်း အကာအကွယ် ဖွဲ့စည်းခြင်းနှင့် အသံကျယ်ကြီးဖြင့် တိုက်မိသွားလေ၏။

စွမ်းအင်များက ပေါက်ကွဲထွက်လာပြီး လှံတံက နောက်ဆုံးတွင် အပြာရောင် အလင်းပြားကို ဖောက်ထွင်းနိုင်သွားလေ၏။

သို့သော် နှောက်နှေးသွားသောအချိန်က လျှိုချူးချူးအတွက် မီတာ၁၀၀ အဝေးသို့ လွတ်မြောက်ရန် လုံလောက်ပေ၏။ သူမက သူမ၏ လေးကိုင်းကိုဆွဲကာ ပန်းရောင်မြှားတစ်တန်းကို ထပ်မံပစ်လွတ်လိုက်လေ၏။

မြှားများက အလွန်ပင် လျင်မြန်ပြီး ရေနဂါးမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ပါပေ။

ထိုအချိန်၌ ကြီးမားသော ရေအတားအဆီးကြီးတစ်ခုက ရေနဂါး၏ ရှေ့တွင် ပေါ်လာလေ၏။

ဘုန်း ဘုန်း ဘုန်း...

မြှားတံများက ရေအတားအဆီးပေါ်တွင် ရေပေါက်များ အတန်းလိုက် ဖြစ်ပေါ်စေလိုက်၏။

သို့သော် အတားအဆီးက စတီးဘုတ်ပြားကြီးတစ်ခုကဲ့သို့ ခိုင်ခိုင်ခံခံ ကျန်ရစ်နေပြီး မြှားတံများ အားလုံးကို တားဆီးလိုက်လေ၏။

အိုစာသော်လည်း တည်ငြိမ်ပြီး စုစည်းသော အသံတစ်ခုက ထွက်လာ၏။ "အို... သူမမှာ အကူအညီပေးမဲ့သူ တစ်ချို့ ရှိတာပဲ။"

"ဘာပဲ ဖြစ်ဖြစ် နင်က မလွတ်နိုင်ပါဘူး။ ငါ့ရဲ့ ရွှေရောင် ကျောက်တုံး နေရာလပ်က အသင့်ဖြစ်နေပြီ ဒီဟာက နင့်ရဲ့ နောက်ဆုံး အနားယူရာ နေရာဖြစ်လိမ့်မယ်။"

ပင်လယ်လိပ်ကြီးတစ်ကောင်က ရေနဂါး၏ ဘေးသို့ ပျံသန်းလာကာ ကျယ်လောင်စွာ ဆင်းသက်လိုက်၏။ ထို့နောက် ထိုသည်က ရွှေရောင်အလင်းများဖြာထွက်ရင်း လေထဲသို့ ပျံသန်းသွားသည့် ရွှေရောင် ကျောက်တုံးတစ်တုံးကို ထွေးထုတ်လိုက်၏။

ထို့နောက် ချက်ချင်းပင် အန်လင်းနှင့် လျှိုချုးချူးတို့နှစ်ဦးက အချင်းဝက် မီတာ၅၀၀ရှိသော ရွှေရောင် နေရာလပ်တစ်ခု၏ အုပ်မိုးခြင်းကို ခံလိုက်ရ၏။

"ဝိုး... ကြီးလိုက်တဲ့ ကုန်းလိပ်ကြီး။ ဒီ ကုန်းလိပ်ကြီးက ငါမြင်ဖူးသမျှဟာတွေထက် ပိုကြီးတယ်။" တီနာက ပင်လယ်လိပ်ကြီးကို အံ့ဩတကြီး ငေးကြည့်နေလေ၏။

အန်လင်းက နှုတ်ခမ်းများကို တင်းတင်း စေ့လိုက်၏။ "အဲဒါက ပင်လယ်လိပ်ကြီးဟ ကုန်းလိပ်မဟုတ်ဘူး။"

"အိုး... နင်ဘာပြောလိုက်တာ။ ငါဘာလို့ နားမလည်တာလဲ။ အဲဒါက ပင်လယ်လိပ် ဘာသာစကာလား။" တီနာက စိတ်ဝင်တစား မေးလိုက်လေ၏။

"အဲဒါက ထိုက်ချူဘာသာစကား။" အန်လင်းက မျက်လုံးလှန်လိုက်၏။

"လိမ်နေတာ။ ငါတို့အခုပြောနေတာက ထိုက်ချူဘာသာစကားလေ။" တီနာက ခါးထောက်က ပြန်ပြောလေ၏။

အန်လင်းက ခေါင်းခါပြလိုက်၏။ "နင်ဘာမှ မသိပါဘူး။ ငါတို့အခုပြောနေတာက ရှေးဟောင်းလူသားဘာသာစကားဟ။"

တီနာက ပါးစပ်ဖွင့်လိုက်သော်လည်း အန်လင်း၏ စကားကို ပြန်မပြောနိုင်ပါပေ။ မည်သို့ဆိုဆို အန်လင်း၏ ကျဟ်ပြန့်လှသော အတွေ့အကြုံနှင့် ဗဟုသုတများက သူမအား ဘာမှမသိသော တောသူမလေးလို ခံစားရစေ၍ သူမက အန်လင်းဘာပြောပြော ယုံရန်သာ ဆုံးဖြတ်လိုက်တော့၏။

လျှိုချူးချူးက အန်လင်းဘေးမှ နတ်သမီးလေးကို တွေ့သွားလေ၏။ သူတို့က ဤအချိန်မှာတောင် ဘာမှန်းမသိသော ဘာသာစကားဖြင့် အပြန်အလှန် ပြောဆိုနေကြဆဲဖြစ်ပြီး သူမကမူ အနည်းငယ် အထိတ်တလန့် ဖြစ်လာလေပြီ။ "သခင်လေး အန်လင်း၊ ငါတို့က ဒီ ရွှေရောင် နေရာလပ်ထဲမှာ ပိတ်မိနေတာနော်။ နင် မတိုက်နိုင်ဘူးဆိုရင် အဲ့ငွေရောင် စက်ပစ္စည်းရုပ်သေးရုပ်တွေရဲ့ အကူအညီနဲ့တောင် ငါလဲ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။"

သူမက ထိုသို့ ပြောလိုက်ပြီးမှာပင် ဂမ်ဒမ်နှစ်ကောင်မှာ လျှပ်စီး ရေနဂါးကြောင့် မြေပြင်သို့ ကျရောက်နေပြီး ဖြစ်ကာ ပင်လယ်လိပ်ကြီးမှာမူ လျှိုချူးချူးဆီသို့ ပျံလာလေသည်။

"စိတ်မပူပါနဲ့ ငါတို့ကို ကူညီဖို့ နတ်သမီးလေး ရှိပါသေးတယ်။" အန်လင်းက သူမကို နှစ်သိမ့်ပေးလိုက်၏။

"နတ်သမီးလေး...။"

လျှိုချူးချူးက ခြင်အရွယ်အစားခန့် ရှိသော နတ်သမီးလေးကို လှည့်ကြည့်လိုက်လေ၏။

"သွားလေ နာလေး။ အခုက နင် တောက်ပရမဲ့ အချိန်ပဲ။"

ဝှစ်...

ပင်လယ်ရေလိပ်ကြီးက အန်လင်းနှင့် လျှိုချူးချူးဆီသို့ ရေလှိုင်းများ ထွေးထုတ်လိုက်ပြီး ပေတစ်ထောင်ကျော် မြင့်မားသည်အထိ အလျင်အမြန် ကျယ်ပြန့်လာကာ သူတို့အပေါ်သို့ ကျရောက်လာလေတော့၏။

"မြင့်မြတ် အဆုံးအဖြတ်-သင့်တင့်သော မြင့်မြတ် ခုတ်ပိုင်းခြင်း..."

တီနာက သူမ၏ လက်​မောင်းများကို လေထဲသို့ မြှောက်လိုက်ရာ ငွေရောင် ဓားရှည်က ကောင်းကင်သို့ ပျံသန်းသွားပြီး ပတ်ဝန်းကျင် နေရာလပ်ကို တုန်ခါအောင် ပြုလုပ်နေသော ပြိုင်ဘက်ကင်း ချွန်ထက်မှုနှင့် လှိုင်းကြီးကို ခုတ်ပိုင်းချလိုက်လေ၏။

ငွေရောင် ဓားရှည်က လှိုင်းကြီးကို အဆုံးမဲ့ ခွန်အားဖြင့် ခွဲချလိုက်ပြီး ပင်လယ်လိပ်ကြီးဆီသို့ ဆက်သွားလေ၏။

ပင်လယ်လိပ်ကြီးက အံ့ဩတကြီး ဖြစ်သွားကာ ချက်ချင်းပင် သူ့ခေါင်းကို အခွံထဲသို့ သွင်းလိုက်လေ၏။

ဘုန်း...

ကြောက်မက်ဖွယ် ဓားအလင်းတန်းက ပင်လယ်လိပ်၏ အခွံကို ခုတ်ပိုင်းလိုက်ပြီး အမှတ်အသားတစ်ခုချန်ထားကာ ပင်လယ်လိပ်ကြီးကို မီတာပေါင်းများစွာ အဝေးသို့ လွင့်သွားစေ၏။

လျှိုချူးချူးက အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ တိုက်ခိုက်ရန် ပြင်ဆင်နေသော ရေနဂါးပင် ထိတ်လန့်သွားလေ၏။

ထိုနတ်သမီးလေးက... သူမက အရမ်းအစွမ်းထက်လှ၏။

အန်လင်းက ကျေကျေနပ်နပ်ဖြင့် ခေါင်းငြိမ့်လိုက်၏။ တီနာမှာ အန်လင်းနှင့် တိုက်ခိုက်တုန်းကထက် အများကြီး ပိုအစွမ်းထက်လာလေ၏။

တီနာက ထိုအချိန်က နတ်ဆိုးနဂါးကို နှိမ်နင်းပြီး ပြန်လာသည်ဖြစ်ရာ သူမက သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း ကျိန်စာနှင့် လုံးပမ်းနေရသေး၏။ ထိုသည်ပင်လျှင် သူမက ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသော စွမ်းအင်ကို ထုတ်နိုင်ခဲ့၏။ ယခုတွင်မူ သူမက လုံးဝ ပြန်ကောင်းသွားပြီ ဖြစ်ကာ သူမ၏ ခွန်အားသည်လည်း တိုးတက်လာလေ၏။

လျှိုချူးချူး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြန်လည်တောက်ပလာလေ၏။ "နတ်သမီးလေး၊ ငါက မန္တန်နည်းစနစ်တစ်ခုပြင်နေတုန်း နင်က အဲ့ပင်လယ်မကောင်းဆိုးဝါးတွေကို ၁၀စက္ကန့်လောက် ထိန်းထားပေးလို့ရမလား။"

အန်လင်းက တီနာ၏ စကားပြန်လုပ်ပေးကာ တီနာက လျှိုချူးချူး၏ တောင်းဆိုချက်ကို ခေါင်းငြိမ့်ပြလိုက်လေ၏။ "ငါ အကောင်းဆုံး လုပ်ပေးမယ်။"

လျှိုချူးချူးက အသက်ပြင်းပြင်းရှုကာ စူးရှသော အကြည့်တို့က သူမမျက်ဝန်းထဲသို့ ပြန်ရောက်လာလေ၏။

သူမက ပန်းရောင် လေးကိုင်ရှည်ကို တဖြည်းဖြည်း ဆွဲထုတ်ကာ အလွန်အမင်း အစွမ်းထက်သော အောရာက တဖြည်းဖြည်း သူမခန္ဓာကိုယ်ထဲတွင် တည်ဆောက်လာလေ၏။

ပင်လယ်ရေနဂါးက လျှိုချူးချူးအား သူမပြင်ဆင်နေသော နည်းစနစ် မည်သည်မဆိုအား ခွင့်မပြုသင့်မှန်း သိလေ၏။

တီနာက အဖြူရောင် မြင့်မြတ်အလင်းဓားတစ်ချောင်းကို ဖြစ်ပေါ်စေလိုက်ကာ ပင်လယ်ရေနဂါးဆီသို့ တိုဝင်သွားလေ၏။

"ထွက်သွားစမ်း။" ပင်လယ်ရေနဂါးက အော်ဟစ်ကာ လှံတံ၏ ပတ်လယ်တွင် လျှပ်စီးများ ပေါက်ကွဲလာလေ၏။

တီနာက နှုတ်ခမ်းများကို တင်းတင်းစေ့ကာ သူမ၏ အလင်းဓားမှ ဓားအလင်းတန်းများက မထိုးဖာက်နိုင်သော ပိုက်ကွန်တစ်ခုကို သူမကိုယ်ပတ်လည်တွင် ဖန်တီးလိုက်ပြီး သို့ဖြစ်၍ ပင်လယ်ရေနဂါး၏ တိုက်ခိုက်မှုများကို တားဆီးထားနိုင်ပေ၏။

သုံးစက္ကန့်အကြာတွင် ပန်းရောင် စွမ်းအင်မြှားတစ်စင်းက လုံးဝ ပေါ်လာလေပြီ။ သို့သော် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအားမှာ မြှားအတွင်းသို့ အညှာအတာမဲ့ စီးဆင်းနေဆဲ ဖြစ်ကာ အရောင်အဝါက ပိုပိုပြီး မဲနက်လာပြီး စွမ်းအင်အတက်အကျများက ခွန်အားကို တိုးလာရန် ဆက်လက်ဖြစ်နေလေ၏။

အန်လင်းက လျှိုချူးချူးဆီသို့ အံ့ဩတကြီးလှည့်လိုက်လေ၏။ သူက သားကောင်ကို ငုံ့ကြည့်နေသော ဒဏ္ဍာရီလာ ငှက်တစ်ကောင်က ကောင်းကင်တွင် ပျံသန်းနေသည်ကို ကြည့်နေသလို ခံစားရ၏။

ထိုအခိုက်အတန့်တွင် လျှိုချူးချူးက သူမ၏ ယခင်အခြေအနေနှင့် လုံးဝကို ခြားနားပုံပေါ်လေ၏။ သူမက ပြီးပြည့်စုံသော မုဆိုးတစ်ဦးအသွင်းပြောင်းသွားပြီး ကောင်းကင်ဘုံအထက်တွင် မတ်တပ်ရပ်နေကာ ရန်သူ၏ အသက်များကို သတိပင် မထားလိုက်မိပဲ နုတ်ယူနိုင်သော သေခြင်းနတ်ဘုရား တစ်ပါးကဲ့သို့ပင်။

ကျောင်းတော်ကြီး၏ ကျော်ကြားသော ပုဂ္ဂိုလ်စာရင်းတွင် ဝင်နိုင်သော ကျောင်းသူတစ်ဦးဆိုသည့်အတိုင်း သူမက သူမ၏ အသိုင်းအဝိုင်းတွင် စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်ပြီး သေချာပေါက်ပင် နာမည်နှင့် အလိုက်နေထိုင်နေလေ၏။

ဝှစ်...

၁၀ စက္ကန့်အကြာတွင် သေးငယ်သော ကြက်သွေးရောင် မြှားလေးတစ်စင်းက ပန်းရောင် စွမ်းအင် မြှား၏ အလယ်တွင် ပေါ်လာပြီး ထိပ်ဖျားက ကြောက်မက်ဖွယ် ကြက်သွေးရောင်အလင်းဖြင့် တောက်ပနေလေ၏။

"အံ့ဖွယ်နည်းစနစ်-သွေးမျိုးဆက် ခြေရာခံ နတ်ဆိုးမြှား..."

လျှိုချူးချူး၏ အသံတွင် မြှားတံက လေထုကို ထိုးဖောက်သွားလေ၏။

ပန်းရောင်မြှားတံက ကြက်သွေးရောင် အလင်းဖြင့် တောက်ပနေကာ လေထုကို ကြောက်မက်ဖွယ် အရှိန်ဖြင့် စုတ်ဖြဲသွားပြီး ပင်လယ်ရေနဂါး၏ ခေါင်းဆီကို ဦးတည်သွားလေ၏။

ပင်လယ်ရေနဂါးက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လျှပ်စီးက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ပေါက်ကွဲသွားကာ ချက်ချင်းပင် မီတာပေါင်းများစွာသို့ ရွေ့သွားလေ၏။

ဝှစ်...

ပန်းရောင် မြှားတံက ကြက်သွေးရောင် အလင်းများ လင်းလက်နေပြီး ရုတ်တရက် နဂို လမ်း​ကြောင်းဖြစ်သော ပင်လယ်ရေနဂါး၏ ဦးခေါင်းဆီမှ ဦးတည်ချက်ပြောင်းသွားလေ၏။

ပင်လယ်ရေနဂါး၏ ​ကျောရိုးတစ်လျှောက်မှာ စိမ့်အေးလာပြီး ကပ်ဆိုးကျလုဆဲဆဲ ဖြစ်သော အလွန်အမင်း ကြောက်မက်ဖွယ် အာရုံက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာလေ၏။

"အခု ထွက်သွားစမ်း။"

ထိုသည်က အော်ဟစ်ကာ ငွေရောင် လှံတံမှ လျှပ်စီးက ပေါက်ကွဲထွက်သွားပြီး မြှားဆီသို့ ထိုးစိုက်လိုက်လေ၏။ လှံတံက အရှိန်ပြင်းပြင်းနှင့် ရှေ့သို့ ပျံသန်းသွားကာ မြှားနှင့် တိုက်မိမည့် လမ်းကြောင်းပေါ်သို့ ​ေရာက်သွားလေ၏။

သို့သော် ထိုအချိန်မှာပင် မြှားတံက ရုတ်တရက် ​ပျောက်သွားလေ၏။

"အမြင်မှားတာလား။" ပင်လယ်ရေနဂါးက စိတ်ရှုပ်ထွေးစွာ မျက်တောင် ခပ်လိုက်၏။

တင်...

ထို့နောက်မှာပင် သူ့၏ ဦးခေါင်းက သွေးတိမ်မြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး မြှားအတွင်းရှိ ကြောက်မက်ဖွယ် စွမ်းအားက သူ့၏ အသိစိတ်ကို ဗဟာကျင်းသွားစေလေသည်။

အနီးရောင် သွေးကြောပုံစံများက ပင်လယ်နဂါး၏ ကိုယ်တစ်လျှောက်သို့ သွေးကြောများကဲ့သို့ ပျံ့နှံ့သွားလေ၏။

ဘုန်း...

ပင်လယ်ရေနဂါး၏ ခန္ဓာကိုယ်မှာ ပိုကြီးသော သွေးတိမ်မြူများအဖြစ် ပေါက်ကွဲသွားလေ၏။

အန်လင်း၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားလေ၏။ ဤသည်က မည်သို့သော မြှားပစ်နည်းစနစ်နည်း။

အကွာအဝေး ကျော်ဖြတ်ခြင်းလား။ သို့သော် ပျက်ပြယ်ခြင်းအဆင့်သို့ မရောက်မီတွင် အကွာအဝေး ကျော်ဖြတ်ခြင်း နည်းစနစ်ကို မည်သို့ ထုတ်လွတ်နိုင်ပါသနည်း။

သို့သော် ထို့နောက် အန်လင်းကိုယ်တိုင်သည်လည်း သူ့၏ နယ်မြေထိုးဖောက်လက်သည်းဖြင့် နေရာလပ်များကို ဆုပ်ဖြဲနိုင်သည်မို့ လျှိုချူးချူးသည်လည်း ထိုကဲ့သို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်သည်ဟု နားလည်လိုက်ပေ၏...။

ထိုမြှားကို ထုတ်လွှတ်ပြီးနောက် လျှိုချူးချူး၏ သွင်ပြင်များက အနည်းငယ် ဖြူဖျော့သွားလေ၏။ သူမ၏ မျက်လုံးများက သူမရှေ့မှ တိုက်ပွဲကို စိတ်ရှုပ်ထွေးစွာ ကြည့်ရှုလိုက်လေ၏။ "ဟမ်...။ ပင်လယ်လိပ်ရော။"

အန်လင်းက ထိုသည်ကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွား၏။ "ဟုတ်သား။ ပင်လယ်လိပ် ဘယ်ရောက်သွားလဲ။"

ယခုတွင် ပင်လယ်လိပ်သာမက ရွှေရောင် အတားအဆီးသည်လည်း ပျောက်ဆုံးသွားလေပြီ။

လျှိုချူးချူးက ပတ်ပတ်လည်ကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ "ထွက်ပြေးသွားပြီ။ သရဲဘောကြောင်လိုက်တဲ့ ပင်လယ်လိပ်..."

ကီလိုမီတာပေါင်းများစွာ အကွာအဝေးတွင် ပင်လယ်လိပ်မှာ ပါးစပ်ထဲတွင် ရွှေရောင် ကျောက်တုံးဖြင့် အဝေးသို့ လျင်မြန်စွာ တပ်ဆုပ်နေလေ၏။

"စက်ရုပ်နှစ်ရုပ်၊ အစွမ်းထက် နတ်သမီးတစ်ယောက်နဲ့ အထူးအစွမ်းထက် မြှားသမား... အောင်မြင်မှုကို ထိန်းသိမ်းဖို့ ငါတို့ရဲ့ အခွင့်အရေးတွေက ၅၀ရာခိုင်နှုန်းထက် နည်းနေပြီ။ ငါတို့နှစ်ယောက်စလုံး တိုက်ပွဲမှာ ရှုံးရင် သေလိမမ့မယ်။"

"တစ်ချိန်တည်းမှာ ထွက်ပြေးရင်လဲ ပင်လယ်ရေနဂါး သေနိုင်ခြေက ၃၀ရာခိုင်းနှုန်းရှိပြီး ငါသေနိုင်ခြေက ၂၀ ရာခိုင်နှုန်းရှိတယ်။"

"ဒါပေမဲ့ ငါတစ်ယောက်တည်း ပြေးလာရင် ၁၀၀ရာခိုင်နှုန်းလုံး အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိတယ်...။ အဲဒါက ဉာဏ်မရှိတာပဲ..."

"ရှေ့ဖြစ်ဟောစွမ်းရည်တွေကို တိုးတက်အောင်လုပ်တာက အသက်ရှည်စေဖို့ သော့ချက်ပဲ။"

"စိတ်မပူပါနဲ့ ညီလေး ပင်လယ်ရေနဂါး။ တစ်နေ့မှာ မင်းအတွက် ငါ ဂလဲ့စားချေပေးပါ့မယ်။"

ပင်လယ်လိပ်၏ အသံက လေထဲတွင် ပျံ့နှံ့နေပြီး သူ့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက အထက်တိမ်တိုက်များဆီသို့ ပျောက်ဆုံးသွားလေတော့သည်။

-----------------

All Chapters