← Chapters

လူသတ်သမားနှင့် ဓားမြအုပ်စု ပေါင်းစည်းမှု

Vol. 35 Ch. 491

လူသတ်သမားနှင့် ဓားမြအုပ်စု ပေါင်းစည်းမှု

Vol. 35 Ch. 491

လျှိုချူးချူးက ပင်လယ်ရေနဂါး၏ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ကာ အန်လင်းဆီသို့ပစ်ပေးလိုက်၏။ "မင်းတို့က ဒီတိုက်ပွဲမှာ ငါ့ကိုကယ်ခဲ့တာဆိုတော့ စစ်ပွဲရဲ့ အကျိုးကျေးဇူးတွေနဲ့ ထိုက်တန်ပါတယ်။"

အန်လင်းက မငြင်းဆန်ခဲ့ပါပေ။ သူက ချက်ချင်းပင် သိုလှောင်လက်စွပ်ကို သန့်စင်လိုက်ကာ ပါဝင်ပစ္စည်းများကို စစ်ဆေးလိုက်လေ၏။

တီနာသည်လည်း ပင်လယ်ရေနဂါး၏ ငွေရောင်လှံကို ရရှိရန် ကြိုးစားလိုက်၏။ ထိုသည်က အဆင့်မြင့် စိတ်ဝိညာဉ် လက်နက်ဖြစ်ကာ စိတ်ကူးယဉ် လက်နက်လဲဖြစ်လေ၏။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီး ခံစားမှုတစ်ခု ပေါ်လာသော်လည်း သူမက လှံတံကို ကတိပေးထားသည့်အတိုင်း အသုံးအဆောင် စိတ်ဝိညာဉ် ပေးလိုက်လေ၏။

အန်လင်းက သိုလှောင်လက်စွက်ထဲသို့ ကြည့်လိုက်ရာ ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုမှ မရှိသည်ကို တွေ့လိုက်ရ၍ အနည်းငယ်စိတ်ပျက်သွားလေ၏။ သို့သော် အဆိုးဆုံး အမျိုးအစားဖြစ်သည့် အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၆ခုရှိလေ၏။

သူက နယ်မြေအဆီအနှစ် သလင်းကျောက်များကို ထုတ်ယူလိုက်၏။ သူက သူ့၏ ကျင့်ကြံခြင်း နည်းလမ်းကို အသက်သွင်းကာ အတွင်းမှ စွမ်းအင်ကို စုပ်ယူရန်ကြိုးစားလိုက်သောအခါ ထိုသို့ မပြုလုပ်နိုင်သည်ကို တွေ့လိုက်ရ၏။

ကြည့်ရသည်မှာ သူက ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များကိုသာ စုပ်ယူနိုင်ပုံရလေ၏...။

အန်လင်းက ခေါင်းခါလိုက်ပြီး ပါဝင်ပစ္စည်းများကို ဆက်လက်ရှာဖွေလိုက်၏။

သက်ရှိကျောက်တုံး ၃၆တုံး၊ စိတ်ဝိညာဉ် လက်နက် ၃ခု၊ စိတ်ဝိညာဉ် ဆေးတောင့် ၅ခုနှင့် တခြားပေါက်ကရများစွာ ရှိနေလေ၏။

ဖြစ်နိုင်သည်က သူက အလွန်ချမ်းသာနေသည်မို့ ဤကဲ့သို့ သူတောင်းစားတစ်ဦး၏ သိုလှောင်လက်စွပ်ကို ရှာဖွေရသည်ကို လုံးဝ မပျော်ရွှင်ရသည် ဖြစ်ပေမည်။

"ဘာလဲ။ အထဲမှာ ပစ္စည်းကောင်းတွေ မရှိဘူးလား။" လျှိုချူးချူးက အန်လင်း၏ မပျော်မရွှင် အမူအရာကို သတိပြုမိကာ မေးလိုက်၏။

"အေး။ အင်မော်တယ် ဆေးတောင့် ဒါမှမဟုတ် အင်မော်တယ် လက်နက်လေး တစ်ခုတောင်မရှိဘူး။ မွဲလိုက်တဲ့ ကောင်...။" အန်လင်းက သက်ပြင်းချလိုက်၏။

လျှိုချူးချူး : "..."

ဤခေါင်းစည်းကို ဆွေးနွေးရန်အတွက် သူတို့၏ ကြွယ်ဝမှု အယူအဆမှာ အလွန်ကွဲပြားလေ၏။

အန်လင်းက ထိုပစ္စည်းများအားလုံးကို သူ့၏ ကိုယ်ပိုင် သိုလှောင်လက်စွပ်ထဲတွင် သိမ်းလိုက်ပြီး မြူထူဓားရှည်တစ်ချောင်းကို ထုတ်လာလိုက်၏။ ဓားထွက် ပေါ်လာသည်နှင့် သူတို့ပတ်ဝန်းကျင်မှ အပူချိန်က ရေခဲမှတ်အောက် ကျဆင်းသွားလေ၏။

"နင်လုပ်တာ တော်တယ် တီနာ။ ဒီဟာက အခြေခံအဆင့် အင်မော်တယ် လက်နက် ကြာပွင့်နှလုံးသားရေခဲဓားပဲ။ အဲဒါက နင်အလိုရှိသလို အရွယ်အစား ပြောင်းလို့ရတော့ နင်နဲ့ အတော်လေး သင့်တော်တယ်။ နင် တခြားလက်နက်တွေ လိုရင်လဲ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောလေ။" အန်လင်းက ရှင်းပြကာ ဓားရှည်ကို တီနာအား ကမ်း​ပေးလိုက်၏။

တီနာက အန်လင်းလက်ထဲမှ ဓားရှည်ကို ကြောင်ငေးကြည့်နေလေ၏။ "ဘီလူး အန်လင်း၊ နင်... နင်က ငါ့ကို တကယ်ကြီး အဲဒါပေး မလို့လား။"

သူမက ထိုသည်မှာ မြင့်မြတ်လက်နက်များထက်ပင် အဆင့်မြင့်သော လက်နက်တစ်ခုဖြစ်သည်ကို ခံစားမိပေ၏။

"ဒါပေါ့။ ဘာပဲ ဖြစ်ဖြစ် အဲဒါက ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှ ဘာမှမှ မလုပ်ရတာ။ အဲ​ေတာ့ ငါက နင့်ရဲ့ တိုက်ခိုက်နိုင်စွမ်းရည်ကို တိုးတက်အောင် နင့်ကို ပေးလိုက်တာလေ။ တိုက်ပွဲက အရမ်းကြီး ရုတ်တရက်ထဖြစ်လို့ တိုက်ပွဲမတိုင်ခင်မှာ နင့်ကို မပေးလိုက်ရဘူး။ အဲ့တော့ နင့်ကို အခုပဲ ပေးလိုက်တယ်။" အန်လင်းက သူမကို ပြုံးပြကာ ပြောလိုက်လေ၏။

တီနာက အင်မော်တယ် လက်နက်ကို ပြန်လည်သန့်စင်လိုက်ပြီး ချက်ချင်းပင် သူမဆန္ဒရှိသလောက် ကျုံ့လိုက်လေ၏။

အပြာရောင်တောက်တောက် ကြာပန်းတစ်ပွင့်က ဓားရိုးပေါ်တွင် ပွင့်လာပြီး ထိုသည်ကို အထူးလှပသွားအောင် ပြုလုပ်နေလေ၏။

တီနာက အလွန်ပျော်ရွှင်နေကာ ဓားကို လက်မှ မချတော့ပါပေ။ သူက အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ တိုးဝင်သွားပြီး နောက်ထပ် ပွေ့ဖက်ခြင်းတစ်ခု ပြုလုပ်လိုက်၏။

ဘုတ်...

အန်လင်းက တကယ်တော့ သူမ၏ ပွေ့ဖက်မှုမှ ဘာမှ မခံစားရသော်လည်း သူက တုန်နေအောင်ချစ်သော အမှုအရာဖြင့် ပြုံးနေဆဲ ဖြစ်လေ၏။

တီနာက အန်လင်း၏ အမိန့်တွင် တုံ့ဆိုင်းခြင်းမရှိပဲ ပင်လယ်မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန်အတွက် သူမ၏ အသက်ကို စွန့်စားခဲ့၏။ ထိုသည်က အန်လင်းအတွက် သူမကို တန်ဖိုးထားရသော သူငယ်ချင်းတစ်ဦးအဖြစ် ရန်ဆက်ရန် လုံလောက်သည်ထက် ပိုလေ၏။

ထိုသည်ကို မြင်သောအခါ လျှိုချူးချူး၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ ဘယ်သူကများ အင်မော်တယ်လက်နက်တွေကို အဲ့လိုမျိုး လျှောက်ပေးပစ်လို့လဲ။

"နင်မှာ အစီအစဉ္ ရှိလား သခင်လေး အန်လင်း။" သူမက ခေတ္တ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်လေ၏။

"ငါက ဧရာမ ကြယ်အစုအဝေးတောင်နဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ထပ်ရှာချင်သေးတယ်။" အန်လင်းက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

လျှိုချူးချူးက ခပ်ဖွဖွ ပြုံးလိုက်၏။ "ငါတို့ အဖွဲ့ဖွဲ့လိုက်ရင်ရော ဘယ်လိုလဲ။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ထင်တဲ့ အတိုင်းပဲ။ ငါက ပတ်ဝန်းကျင်က လူတိုင်းကို သန်မာပြီး လုံခြုံတဲ့ ခံစားချက်ပေးနိုင်တဲ့ အမျိုးသားတစ်ယောက်ပဲ။"

လျှိုချူးချူး၏ မျက်နှာက အနည်းငယ် ရှုံ့တွသွားသော်လည်း အန်လင်း၏ အတ္တကို ရိုက်ခတ်ရန် ဆုံးဖြတ်လိုက်လေ၏။ "ငါ့ရဲ့ အားနည်းချက်တွေက ဒီတိုက်ပွဲမှာ သိသိသာသာပေါ်လာတာပဲ။ ငါက ကျွမ်းကျင်တဲ့ အပစ်အခတ်သမားပေမဲ့ လက်ချင်းယှဉ်တိုက်ရတော့မယ်ဆိုရင် အန္တရာယ်အကြီးကြီးဖြစ်သွားတယ်။ ရှေးဟောင်း ထိုက်ချူနယ်မြေထဲကို ဝင်ခွင့်ရတဲ့ ဘယ်ကိုယ်စားလှယ်ကမှ အားနည်းမှာ မဟုတ်ဘူး။ အဲ့တော့ ငါက စနိုက်ပါလုပ်၊ နင်က လက်ချင်းယှဉ် တိုက်ပြီး ငါကို ကာကွယ်ပေးတဲ့နေရာမှာ တွဲဖက်ဖွဲ့ရင်ရော။ ငါတို့ အတူတူဆိုရင် လုံးဝကို ပြီးပြည့်စုံတဲ့ အဖွဲ့ဖြစ်လာမှာ။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "ငါနားလည်ပြီ။ နင်က ACDလုပ်ပြီး ငါက အသားဒိုင်းလုပ်ရမယ်ပေါ့။"

လျှိုချူးချူး : "ဟုတ်တယ်... ပြီးတော့ ရန်သူတွေရဲ့ သို်လှောင်လက်စွပ်တွေထဲက ရလာတဲ့ ရတနာတွေကို သုံးယောက်သား ခွဲယူကြမယ်လေ။ ဘယ်လိုလဲ။"

အန်လင်း၏ မျက်လုံးများက အရောင်တောက်သွားလေ၏။ တီနာ၏ ဝေစုက သူ့ပိုင်မည်ဖြစ်သည်မှာ သိသာလှ၏။ သို့ဖြစ်၍ ထိုသည်က အကြံကောင်းတစ်ခုပင်။

"ကျင့်ကြံသူတစ်ယောက်ရဲ့ အဓိက ကုန်ဆုံးသွားတဲ့ အချိန်တွေက လူသတ် ဓားပြတိုက်တာတွေပဲ။ နင့်ရဲ့ တင်ပြချက်ကို လက်ခံတယ်။ အခုကစပြီး ငါတို့က တစ်ဖွဲ့တည်း ဖြစ်သွားပြီ။" အန်လင်းက အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်လေ၏။

လျှိုချူးချူးက သက်ပြင်းတစ်ချကာ ပြုံးဖြဲဖြဲနှင့် လက်တစ်ဖက် ဆန့်ထုတ်လိုက်လေ၏။

အန်လင်းက သူ့လက်ကို ဆန့်ထုတ်ကာ ဟိုက်ဖိုက်လုပ်လိုက်လေ၏။

တီနာက သူတို့ဘာပြောနေသလဲ ဆိုသည်ကို နားမလည်၍ သူမ၏ အသစ်စက်စက်ရရှိထားသော ကြာပွင့်နှလုံးသား ရေခဲဓားကို ကြည့်ရှုနေလေ၏။

အန်လင်းက ခတ္တတုံ့ဆိုင်းနေပြီးနောက် တီနာဆီသို့ ထိုက်ချူဘာသာစကား ၁၀၁ စာအုပ်ကို တီနာဆီသို့ ပစ်ပေးလိုက်၏။ ဤသည်က အကြေးခွံဖြူ ဝံပုလွေနတ်ဘုရားကို ထိုက်ချူဘာသာစကား သင်ပေးသည့်အချိန်က တပိုင်ရေးထားသော စာအုပ်ဖြစ်ပြီး ထိုသည်က ရှေးဟောင်းလူသား မျိုးနွယ်စု အဖွဲ့ဝင်များအတွက် အထူးပုံနှိပ်ထားခြင်း ဖြစ်၏။

တီနာက သူမထက် အဆပေါင်း များစွာ ကြီးမားသော စာအုပ်ကို ကိုင်ထားလိုက်၏။ သူမက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ "ဘီလူး အန်လင်း၊ ဒီ... ဒီဟာက ဘာအဓိပ္ပာယ်လဲ။"

"အဲဒါက နင့်အတွက် ဖတ်စရာလေ။ ဒီကရှေ့ နင်ကြုံရမဲ့ လူတွေက ထိုက်ချူ ဘာသာစကားပဲ ပြောကြတော့မှာ။ အဲ့တော့ အရူးတစ်ယောက်နဲ့ မတူချင်ရင် ဒီစာအုပ်ကို သေချာဖတ်ထားရင် ပိုကောင်းမယ်။" အန်လင်းက ရင်နှီးသော လေသံဖြင့် ရှင်းပြလိုက်၏။

တီနာ : "..."

သူမက စာအုပ်ကို ဂရုတစိုက်ဖွင့်လိုက်ရာ ရင်းနှီးသော အခေါ်အဝေါ်များနှင့် စကားလုံးများကို မရင်းနှီးသည်များနှင့် တွဲတွေ့လိုက်ရ၏။ မရင်းနှီးသော စကားလုံးများကို အသံထွက်နှင့် နားလည် လွယ်ကူစေရန် ဘေးဘက်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အသံထွက်များကို ရေးထား၏။

တီနာက စာအုပ်ထဲမှ စကားလုံးများကို အသံထွက်ရန် ကြိုးစားရင်း မရင်းနှီးသော အသံများ စတင်ပြုလုပ်လာလေတော့သည်။ သူမ၏ ပထမ ဦးစားပေးမှာ ထိုက်ချူဘာသာစကား ပြောဆိုနိုင်ရန်ဖြစ်သည်။

အန်လင်းက တီနာ သူမ၏ ထိုက်ချူဘာသာစကားခရီးလမ်းတွင် နစ်မြုပ်နေသည်ကို ကျေနပ်သောအပြုံးနှင့် ခေါင်းငြိမ့်လိုက်လေ၏။

အရင်နေ့များတွင် သူက ထိုက်ချူဘာသာစကားကို ခွေးဟောင်ခြင်းကို အတုယူခြင်းဖြင့် တတ်မြောက်ခဲ့၏။ သို့ဖြစ်ပါ၍ တခြားသူများ ထိုက်ချူဘာသာစကားကို သင်ယူရန် ရုန်းကန်နေရသည်ကို သူအလွန်ကျေနပ်ပါသည်။

မြေအောက် ကမ္ဘာ၏ မူလစွမ်းအင်ကို အသုံးပြုခြင်း၏ အကျိုးဆက်မှာ မပျောက်သေး၍ သူက ထိုင်ကာ အနားယူနေရ၏။

လျှိုချူးချူးမှာ အတော်လေး အရပ်ပုပြီး ကိုယ်လုံးကိုယ်ပေါက် လှပကာ ကျောက်တုံးကြီးတစ်ခုကို မီှပြီး တင်ပင်ခွေထိုင်နေလေ၏။ အဖြူရောင်အလင်းတစ်ခုက သူမ၏ လက်များမှ စတင်တောက်ပလာပြီး သူမက သူမ၏ ပန်းရောင် လေးကိုင်းရှည်ကို စစ်ဆေးနေတော့သည်။

အန်လင်းက သူအ၏ လေးကိုင်းရှည်မှ မည်သည့် စိတ်ဝိညာဉ် လက်နက် သို့မဟုတ် အင်မော်တယ် လက်နက်၏ စွမ်းအင်အတက်အကျကိုမှ ထောက်လှန်းမရပါချေ။ ထိုအစား ထိုသည်က သူအရင်က တစ်ခါမှ မမြင်ဖူးသော အထူးစွမ်းအင် အတက်အကျရှိနေပြီး သို့ဖြစ်၍ သူ့အား လေးကိုင်း၏ ရင်းမြစ်ကို စုံစမ်းရန် တွန်းအားပေးနေလေ၏။

လျှိုချူးချူးက သူ့၏ မေးခွန်းကို ကြားပြီးနောက် ပြုံးလိုက်ကာ သူမ လေးကိုင်း၏ ရင်းမြစ်ကို အန်လင်းအား တုံ့ဆိုင်းခြင်းမရှိ ပြောပြလေ၏။ ထိုလေးကိုင်းရှည်က သူမ၏ သွေးမျိုးဆက် အဆီအနှစ် အစိတ်အပိုင်း အနည်းအကျဉ္းဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုသည်က တခြား လက်နက်အမျိုးအစားများနှင့် ကွဲထွက်နေကာ သွေးမျိုးဆက် လက်နက် တစ်ခုဖြစ်နေလေ၏။

အန်လင်းက ထိုသည်ကို ကြားပြီးနောက် အလွန်အထင်ကြီးမိသွား၏။

သွေးမျိုးဆက် လက်နက်များမှာ သူစာအုပ်များထဲ၌ပင် ဖတ်ဖူးသော အလွန်ပင် ထူးခြားသော လက်နက်အမျိုးအစားဖြစ်၏။

အထူးသွေးမျိုးဆက်နှင့် လူများသာလျှင် ထိုကဲ့သို့ လက်နက်များ ပြုလုပ်နိုင်ပြီး ထိုသည်ပင်တောင် ထိုလက်နက်ပုံပေါ်လာရန် အချိန်အလွန်ကြာပေ၏။

ထိုကဲ့သို့ လက်နက်တစ်ခု ရှိခြင်း၏ အကျိုးဆက်မှာ အသုံးပြုသူက သူတို့သွေးမျိုးဆက်၏ စွမ်းအင်ကို လက်နက်ထဲသို့ သွင်းကာ အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းကို ရရှိနိုင်ပေ၏။ ထို့အပြင် လက်နက်က အသုံးပြုသူ၏ ဆန္ဒအလျှောက် ရွေ့လျားနိုင်၍ လိုက်လျောနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း အလွန်များလေ၏။

သို့သော် ထိုအရာ၏ အပြစ်များမှာ အတော်လေး သိသာထင်ရှားလှပေ၏။ လက်နက်မှာ အသုံးပြုသူ၏ သွေးမျိုးဆက်နှင့် ဆက်စပ်နေပြီး လက်နက် ထိခိုက်ဒဏ်ရာရပါက အသုံးပြုသူကိုလဲ တန်ပြန်ထိခိုက်နိုင်ပြီး တစ်ခါတစ်ရန် အပျက်အစီးက ပြန်မကောင်းနိုင်တော့ပါပေ။ ထိုသည်က တန်ပြန် လက်နက်များ အလွန်ရှားနေရသည့် အကြောင်းအရင်းဖြစ်၏။ မည်သူကမှ သူတို့၏ သွေးမျိုးဆက်ကို ရန်သူများ လာရောက်တိုက်ခိုက်ရန် ဖွင့်ဟမပြချင်ပါပေ။

လေးနာရီကြာပြီးနောက် အန်လင်းနှင့် လျှိုချူးချူး နှစ်ဦးစလုံးက အပြည့်အဝ ပြန်ကောင်းလာပြီဖြစ်သည်။

"သွားကြစို့..." အန်လင်းက သူ့လက်ကို ယမ်းလိုက်၏။

"သွားမယ်..." တီနာက လိုက်ပြောလိုက်၏။

လျှိုချူးချူးက တီနာကို အံ့ဩတကြီး လှည့်ကြည့်လိုက်၏။ "နင်က ငါတို့ရဲ့ ဘာသာစကားကို ပြောနိုင်ပြီလား နတ်သမီးလေး။"

တီနာက လျှိုချူးချူးကို စိတ်ရှုပ်ထွေးစွားကြည့်ပြီး မေးလိုက်၏။ "ငါက ၄နာရီလောက် စာလေ့လာဖို့ ကိုယ့်ကိုယ်ကို အသုံးပြုပြီးတာကို ဘာသာစကားတစ်ခုကိုတောင် မပြောနိုင်ဘူးဆို ငါက ဘယ်လို နတ်သမီးမျိုး ဖြစ်မလဲ။"

လျှိုချူးချူး : "..."

အန်လင်း : "..."

ကြည့်ရသည်မှာ သူက နတ်သမီးများ၏ သင်ယူနိုင်စွမ်းကို လျော့တွက်မိသည် ဖြစ်ပုံရ၏။ ဘာသာစကားတွေက အဲ့လောက်တောင် သင်ဖို့ လွယ်လား။

သူက အနည်းငယ် စိတ်ဓာတ်ပျက်ပြားစပြုလာလေပြီ။

---------------

All Chapters