← Chapters

ပန်းလုံတောင်ပေါ်တွင် အမဲလိုက်ခြင်း

Vol. 35 Ch. 492

ပန်းလုံတောင်ပေါ်တွင် အမဲလိုက်ခြင်း

Vol. 35 Ch. 492

အန်လင်း၊ တီနာနှင့် လျှိုချူးချူးက သူတို့၏ ခရီးစဉ်ကို စတင်လိုက်လေ၏။

လျှိုချူးချူးမှာ ယခင်က သူမ၏ မြေပုံပေါ်တွင် အနက်ရောင်မှော်ချိုင့်ဝှမ်းဟူသော နေရာတစ်ခုကို တွေ့ထားပြီး ဖြစ်၏။

ထိုချိုင့်ဝှမ်းကို အကိုးအကားယူကာ သူတို့က ရှေးဟောင်း ထိုက်ချူကုန်းမြေကြီး၏ အနောက်တောင်ပိုင်းရှိ နေရာတစ်ခုတွင် ရောက်ရှိနေသည် ဆိုခြင်းကို ဆုံးဖြတ်နိုင်ပေ၏။

သူတို့က လက်ရှိတွင် မြောက်ဘက်ရှိ ပန်းလုံတောင်ဟုခေါ်သော တောင်တစ်ခုဆီသို့ ဦးတည်ပျံသန်းနေကြ၏။ ထိုနေရာ၌ နယ်မြေအဆီအနှစ်သလင်းကျောင်များ ရှိနေနိုင်ခြေ အလွန်များလေ၏။

လျှိုချူးချူးက အန်လင်း၏ အနက်ရောင် အုတ်ခဲပေါ်တွင် မတ်တပ်ရပ်ကာ သူမ၏ မျက်လုံးများက တောက်ပနေပြီး သူတို့ရှေ့မှ နေရာလပ်ကို ထိုးဖောက်ကာ အလွန်အဝေးနေရာတွင် မည်သည်ရှိနေသနည်းကို မြင်နိုင်သကဲ့သို့ပင်။ "ပန်းလုံတောင်က ရှေးဟောင်းထိုက်ချူနယ်မြေထဲက နဂါးတွေ နေထိုင်တဲ့ ဒေသပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ဖြစ်နေနိုင်တာ သေချာတယ်။ အဲ့အပြင် အဲ့ဒေသမှာကို နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ပေါ်လာနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်။ အဲ့အကြောင်းတွေကြောင့် အဲ့မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပြီးတော့ အဲ့ဒေသကို အရမ်း အန္တရာယ်များတဲ့ နေရာဖြစ်အောင် လုပ်နေတာပဲ။"

အန်လင်းက ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "စွန့်စားရင် ရလာဒ်တွေ လက်ဝယ်ပိုင်ဆိုင်ရမယ်။"

"တစ်စုံတစ်ယောက်က ကျားဂူထဲဝင်ပြီးမှသာ ကျားကို သတ်နိုင်မှာ။" တီတာက ဝင်ပြောလိုက်၏။ သူမက အချိန်ခဏလေးအတွင်းမှာကို ဗန်းစကားများပါ ကျွမ်းကျင်နေပြီ ဖြစ်၏။

"စိတ်မပူပါနဲ့။ ငါက အခုလုံးဝ ကျန်းမာနေတာ။ အဲ့တော့ တစ်ယောက်ကိုမှ မကြောက်ဘူး။" အန်လင်းက ပြောကာ လျှိုချူးချူးကို ယုံကြည်ချက်အပြည့်ဖြင့် အာမခံလိုက်၏။

"ငါက သေးတော့သေးပေမဲ့ ထိုးချက်တွေ ထုတ်နိုင်ပါတယ်။" တီနာက ထိုက်ချူဘာသာစကား၏ အသုံးများသော စကားများကိုပင် ကျွမ်းကျင်နေလေပြီ။

လျှိုချူးချူး : "..."

လျှိုချူးချူးက အန်လင်းနှင့် တီနာတို့၏ စကားများကို နာထောင်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။

သူမက အန်လင်းအကြောင်း ကောလဟာလများ အများအပြား ကြားဖူးပြီးသား ဖြစ်ကာ သူက သူမစိတ်ကူးထဲက ပုံစံနှင့် အနည်းငယ် ခြားနားနေသည်ဟု အမြဲပင် ခံစားရ၏။

မကြာမီပင် သူတို့သုံးယောက်ရှေ့၌ တောင်တန်းရှည်ကြီးတစ်ခုကို တွေ့လိုက်ရလေ၏။

အောက်ဘက်မြေကြီးတွင် အပင် ကျိုးတိုးကျဲတဲ ရှိသော်လည်း အားလုံးမှာ အနီရောင်အပင်များ ဖြစ်ကာ အနက်ရောင်တောင်၏ နောက်ခံနှင့် အထူးပင် မလိုက်မဖက် ရှိနေလေ၏။

"ငါပတ်ဝန်းကျင်မှာ ရန်သူတွေရှိလား လိုက်ကြည့်နေတုန်း နင်တို့နှစ်ယောက်က ငါ့ကို ကာကွယ်ပေး။" လျှိုချူးချူးက တောင်ထိပ်ဆီသို့ ပျံသွားလေ၏။ သူမ၏ ပန်းရောင် ဝတ်ရုံက လေထဲတွင် တဖြတ်ဖြတ်လွင့်နေသည်မှာ တောင်ထိပ်တွင် ပွင့်လန်းနေသည့် မြူးကြွသော ပျိုနီပန်းလေး တစ်ပွင့်ကဲ့သို့ပင်။

အလင်းက သူမ၏ မျက်လုံးများတွင် ဖြတ်သန်းသွားပြီး သူမ၏ အဝါရောင် မျက်ဆံများက အလွန်စူးရှနေကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေလေ၏။

အန်လင်းက သူမဘေးတွင် သတိတကြီး လိုက်ပါစောင့်ရှောက်နေ၏။

ကွန်ပန်၏ မျက်လုံးများကို အသုံးပြုပြီးနောက် လျှိုချူးချူး၏ အများဆုံး အဝေးမြင်နိုင်စွမ်းမှာ ၁၅ကီလိုမီတာအထိ ရှိ၏။ ထိုသည်က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများက အချင်းဝက် ကီလိုမီတာများစွာအတွင်းရှိ ပစ္စည်းများကိုသာ အာရုံခံနိုင်သည်မို့ အလွန်ပင် ကြောက်မက်ဖွယ် ပမာဏဖြစ်ပေ၏။ ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူများပင်လျှင် အချင်းဝက် ငါးကီလိုမီတာ အပြင်ဘက်ရှိ ပစ္စည်းများကို အာရုံမခံနိုင်ပါပေ။

ထိုသည်က ရန်သူအဖွဲ့ တစ်ဖွဲ့သာ ရှိသည်ဆိုလျှင် လျှိုချူးချူးက သူတို့ကို အလစ်ဖမ်းကာ ၁၀၀ ရာခိုင်နှုန်း တိုက်ခိုက်နိုင်မည် ဖြစ်သည်။

၁၅ မိနစ်ကြာပြီးနောက် လျှိုချူးချူးက အနည်းငယ်တုံ့ဆိုင်းသွားကာ နေရာတစ်ခုကို ကြည့်နေလိုက်၏။

အန်လင်းက မနေနိုင်ပဲ မေးမြန်းလိုက်၏။ "ဘာလဲ။ တစ်ခုခုတွေ့လို့လား။"

လျှိုချူးချူးက ပြန်မဖြေပါပေ။ ထိုအစား သူမက လေးကိုင်းရှည်ကို ထုတ်လိုက်၏။

ထိုအခိုက်အတန့်၌ သူမက အသက်များကို ရိတ်သိမ်းမည့် သေဆုံးခြင်း နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ သူမက အလွန်အမင်း ဆန်းပြားကာ တစ်ချိန်တည်းမှာပင် အထူးအန္တရာယ်များဟန် ပေါ်လေ၏။

သက်ရှိစွမ်းအင် တိုးဝှေ့လာကာ ပန်းရောင် မြှားတံတစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ် စွမမးအင် အတက်အကျများ ထုတ်လွှတ်နေလေ၏။

"အံ့ဖွယ် နည်းစနစ်- အကွာအဝေး မိစ္ဆာရှင်း မြှား။"

ဝှစ်...

မြှားတံက ရှေ့သို့ ပျံထွက်သွားပြီး လေပြင်းများ တိုက်ခတ်လာစေ၏။

​မြှာတံက ချက်ချင်းပင် လေထုကို ထိုးဖောက်ကာ အဝေးသို့ ဦးတည်သွားပြီး နောက်ဆုံးတွင် အန်လင်းမမြင်နိုင်သော အဝေးတစ်နေရာသို့ တောက်ပသော အလင်းလုံးတစ်ခုကဲ့သို့ ရောက်ရှိသွား​လေ၏။

ထိုသည်ကို ကြည့်ပြီး အန်လင်းက စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်နေလေ၏။

ထိုသည်က ဤမျှအထိ အဝေးနေရာမှ ရန်သူအဖွဲ့ကို တစ်စုံတစ်ယောက်က ပစ်ခတ်ခြင်းကို ပထမဆုံး မြင်ဖူးသည်ဖြစ်ပြီး ထိုသည်က လုံးဝပင် ကြမ်းလှပေ၏။

"ရလဒ်တွေ သွားစုကြစို့။"

လျှိုချူးချူးက အန်လင်း၏ အုတ်ခဲပေါ်သို့ ခုန်တက်ကာ ဦးတည်ချက်တစ်ခုသို့ ညွှန်ပြလိုက်လေ၏။

အန်လင်းက ခေါင်းငြိမ့်ကာ အုတ်ခဲကို ပေါက်ကွဲမှု ဖြစ်ပွားရာဆီသို့ ဦးတည်လိုက်လေ၏။

မြေပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ရှိနေပြီး ၁၀ ကီလိုမီတာ အကွာမှပင် မြင်နိုင်ပြီး ထိုအထဲ၌ ကြီးအားသော မီးကျွမ်းနေသည့် ဦးခေါင်းမပါသော အလောင်းတစ်ခု ရှိနေ၏။ အန်လင်းက အကောင်သေမှ ပြောနိုင်သည်မှာ ထိုသည်က အလွန်အစွမ်းထက်သော ခြေ​ချောင်းထူထူလေးချောင်းနှင့် သတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး ထိုသည်၏ ဆူးချွန်များက တစ်ကိုယ်လုံးကို ဖုံးအုပ်ထားလေ၏။ ထိုသည်က ကြောက်မက်ဖွယ် သားရဲတစ်ကောင်ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။

"ဒါက နိမိတ်ဆိုး စိတ်ဝိညာဉ် သားရဲ ရေအိုင်က ဝိညာဉ်သားရဲဖြစ်ရမယ်။" လျိုချူးချူက ဦးခေါင်းမဲ့ ခန္ဓာကိုယ်ဆီသို့ ခပ်ဖွဖွတိုးသွားကာ အနားတွင် ကျနေသော ရွှေရောင်လက်စွပ်တစ်ခုကို ကောက်ယူလိုက်၏။ ထိုသည်က သတ္တဝါကြီး သူ့၏ ရတနာများကို သယ်ဆောင်သော အကွာအဝေးကိရိယာတစ်ခုဖြစ်ပုံရလေ၏။

"ပြီးပြီ။ ငါက ဓားပြတိုက်တာနဲ့ လူသတ်တာကို အရာအားလုံးထက် ပိုကြိုက်တယ်။"

"အဲဒါက သေချာပေါက်ကို ဒီနယ်မြေတစ်လျှောက်မှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ လိုက်ရှာရတာထက်ကို ပိုပြီး ပျော်စရာကောင်းတယ်။" လျှိုချူးချူးက ဆိုလိုက်၏။

အန်လင်းက သဘောတူညီစွာ ခေါင်းငြိမ့်ပြလိုက်၏။ သူက သူ့၏ချမ်သာကြွယ်ဝမှုအားလုံးကို လူသတ်ခြင်းနှင့် ဓားပြတိုက်ခြင်းတို့မှ စုစည်းခဲ့သည်ဖြစ်သည်။ အိုး... အစားသွပ် ပေါက်စီလဲ ရောင်းသေးတယ်။

အနည်းငယ် စာနာသနားသော အမူအရာဖြင့် သူက ဝိညာဉ္ သားရဲဆီသို့ လှည့်လိုက်ကာ ပြောလိုက်၏။ "ဟင်း... ဒီဟာက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ဝိညာဉ် သားရဲပဲ။ သေတာတောင် မသိလိုက်ပဲ သေသွားရတာက ဘယ်လိုတောင် ကံဆိုးလိုလဲနော်..."

"ဒီဟာက လက်ရှိ ကမ္ဘာကြီးက ဘာနဲ့ တူနေတာလဲဆိုတာပဲလေ။ ခွန်အားက တစ်ခုတည်းသော ယေဘုယျ ဥပဒေသပဲလေ။ နေရာတိုင်းမှာ ရန်သူတွေ ရှိနေတာ။ အဲ့တော့ သတ်မလား အသတ်ခံမလားပဲ။" မတည်ငြိမ် ရင့်ကျက်သော အမူအရာတစ်ခုက လျှိုချူးချူး၏ ချစ်စဖွယ် သွင်ပြင်များပေါ်တွင် ပေါ်လာလေ၏။

အန်လင်းက ခေါင်းငြိမ့်လိုက်၏။ သူက ဤကဲ့သို့ အရာများကြောင့် စိတ်အနှောက်အယှက်ရမည့်သူ မဟုတ်ပါပေ။ ဧကရာဇ် ဇစ်ဝေးက သူတို့အား ဤနေရာသို့ မလာခင်ပြောလိုက်သည်မှာ ဗုဒ္ဓနိုင်ငံတော်၊ ဧဒင်ဉယျာဉ်၊ ဖန်တီးခြင်း ခန်းမ၊ အရှေ့ပင်လယ် နဂါးခုံရုံး၊ မြောက်ပိုင်း ကန်တောင်နယ်မြေ၊ စိတ်ဝိညာဉ် ရေကန်နယ်မြေမှလွဲ၍ တခြားသော စွမ်းအားများမှ ကိုယ်စားလှယ်များ အားလုံးကာ သူတို့၏ ရန်သူများဖြစ်သည်ဟုပင်။

ရန်သူများကို သနာညှာတာခြင်းနှင့် ကိုယ်ချင်းစာခြင်းတို့ ပေးအပ်ခြင်းက သူတို့ကို သတ်ရန် အခွင့်အရေးပေးခြင်းနှင့် မခြားပါပေ။

လျှိုချူးချူးက အကွာအဝေး ကိရိယာကို သိုလှောင်လိုက်ပြီး ဆက်လက်အမဲလိုက်ကြလေ၏။

ဆန့်ကျင်ဘက် စွမ်းအားများမှ ကိုယ်စားလှယ်များ အများအပြား ရှိလေ၏။ ၆နာရီအတွင်း လျှိုချူးချူးက တောင်ပိုင်း ကောင်းကင်ဘုံတောင်ပံ နိုင်ငံမှ ခေါင်းနှစ်လုံးဖြင့် ငှက်တစ်ကောင်နှင့် တောင်ပံနက် မျိုးနွယ်စုမှ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးတို့ကို ပစ်ခတ်ခဲ့လေ၏။

ထိုနှစ်ဦးစလုံးက တစ်ယောက်တည်း ပြေးလွှားနေကြသည်မို့ အန်လင်းက အဖိုးတန် ရတနာများ ပါဝင်နေသော သိုလှောင်လက်စွပ်နှစ်ခုကို လက်ခံရရှိခြင်းအတွက် လျှိုချူးချူးကို အားပေးရန်မှ တခြားဘာမှ မလုပ်လိုက်ရပါပေ...။

သူက သိုလှောင်လက်စွပ်များကို မွှေနှောက်ကြည့်လိုက်ရာ သက်ရှိ ကျောက်တုံး ၁၅၀၊ စိတ်ဝိညာဉ် လက်နက် ၇ခု၊ စိတ်ဝိညာဉ် ဆေးတောင့် တစ်ဒါဇင်ခန့်နှင့် နယ်မြေအဆီအနှစ် သလင်းကျောက် အဖြူ ၂၀ခုနှင့် အစိမ်း ၃ခု ရှိနေလေ၏။

ကံမကောင်းစွာဖြင့် ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုမှ မရှိပါပေ။

တီနာ၏ ဝေစုအတွက်မူ အန်လင်းက သဘာဝအလျောက်ပင် သူမအတွက် ယူထားပေးလိုက်၏။

မည်သို့ဆိုဆို သူမကဲ့သို့ သေးငယ်သော အရာလေးက သူမ၏ ပစ္စည်းများကို စောင့်ရှောက်ပေးရန် လူကြီးတစ်ယောက်လိုအပ်ပါသည်။

သို့ဖြစ်၍ သူတို့သုံးဦးသားမှာ သိုလှောင်လက်စွပ် သုံးကွင်းကို ရလာလေ၏...။

ဤသည်က အတော်အတန်ပင် နှစ်သက်ဖွယ် လုပ်ငန်းဖြစ်ပြီး သုံးဦးသားမှာ အလွန်ပျော်နေကြလေ၏။

သူတို့က အဘယ့်ကြောင့် နယ်မြေအဆီအနှစ် သလင်းကျောက်များ ရှာဖွေရန် အသည်းအသန် ကြိုးစားရမည်နည်း။ သူတို့က ရန်သူများက သူတို့အတွက် နယ်မြေအဆီအနှစ် သလင်း​ကျောက်များ ရှာပေးသည်ကို စောင့်ပြီး ထို့နောက်တွင်တော့ လူသတ်မှုနှင့် ဓားပြမှုကျူးလွန်ကာ သူတို့၏ နယ်မြေအဆီအနှစ် သလင်းကျောက်များကို ယူလိုက်နိုင်ပေ၏။ ထို့ပြင် သူတို့၏ သိုလှောင်လက်စွပ်များလဲ ယူနိုင်ပေသေး၏...။

လျှိုချူးချူးကာ မြင့်မားသော တောင်ထိပ်ပေါ်တွင် ထပ်မံကာ ရပ်လိုက်ပြန်၏။ သူမက မျက်လုံးတောက်တောက်များဖြင့် ပတ်ဝန်းကျင်ကို လည့်ပတ်ကြည့်ရှုကာ အဝေးမှ နေရာတစ်ခုတွင် အကြည့်ရပ်ထားလိုက်၏။

အန်လင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေ၏။ သူတို့က နောက်ထပ်ပစ်မှတ်တွေ့သွားပုံရလေ၏။

သို့သော် လျှိုချူးချူးက ဤတစ်ကြိမ်တွင်မူ လေးကိုင်းကို ဆွဲမထုတ်ပါပေ။ ထိုအစား သူမက မျက်မှောင် ခပ်ဖွဖွ ကြုတ်လိုက်ပြီး မည်သို့ ပြုလုပ်လျှင် အကောင်းဆုံဖြစ်မည်ဟု တွေးတောနေသကဲ့သို့ပင်။

"ဘာလဲ။" အန်လင်းက မေးလိုက်၏။

"ငါက အဝေးမှာ သွေးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တွေကို တွေ့တယ်။ ဒါပေမဲ့ ငါးယောက်ရှိတယ်..." လျှိုချူးချူးက ပြန်ဖြေလိုက်၏။

"နင်သူဆို့ကို တစ်ခါတည်း အကုန် ပစ်လို့မရဘူးလား။" အန်လင်းက သိလိုစိတ်ပြင်းပြစွာ ပြောလိုက်လေ၏။

လျှိုချူးချူးက မျက်လုံးလှန် လိုက်၏။ "ငါက အများကြီးကို တစ်ခါတည်း သတ်နိုင်ရင် နင့်ကို ဘာလို့ လိုအုံးမှာလဲ။"

"ပုံမှန်အခြေအနေတွေမှာဆိုရင် ငါ့ရဲ့ အံ့ဖွယ်နည်းစနစ်-နဂါး နှစ်ကောင် နှိမ်နင်းခြင်းမြှား-က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို တစ်ခါတည်းနဲ့ သတ်နိုင်တယ်။ ဒါပေမဲ့ သွေးမျိုးနွယ်စုက လူတွေက သူတို့ရဲ့ အစွမ်းထက် အသက်အင်အားကြောင့် နာမည်ကြီးတယ်လေ။ ငါသူတို့ကို သတ်ချင်ရင် ငါက အံ့ဖွယ် စိတ်ဝိညာဉ် နှိမ်နင်းမြားကို အသုံးပြုရမှာ။ အဲဒါက အရမ်း ပင်ပန်းတယ်။ အဲဒါတောင်မှ တစ်ကြိမ်မှာ သူတို့ထဲက တစ်ယောက်ပဲ သတ်နိုင်မှာ။" လျှိုချူးချူးက ရှင်းပြလိုက်၏။

အန်လင်းက မျက်မှောင် ဖွဖွ ကြုတ်လိုက်လေ၏။ ရန်သူက ငါးယောက်ရှိနေသည်ဖြစ်၏။

လျှခိုချူးချူးမှာ သူမ၏ သေချာပေါက် သတ်ဖြတ်ခြင်း နည်းစနစ်ကို အသုံးပြုပြီးနောက် သေချာပေါက်ပင် အနားယူရမည်ဖြစ်သည်မို့ သူနှင့် တီနာက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူ လေးဦးကို တစ်ပြိုင်တည်း တိုက်ခိုက်ရမည်ဖြစ်သည်။ သူတို့မှာ သာမန် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများလဲ မဟုတ်ပါချေ။ သွေးမျိုးနွယ်စုက ပေးအပ်လိုက်သော စွမ်းအားအထက်ဆုံး ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများဖြစ်၏။ လျှိုချူးချူးကို ကာကွယ်ရင်း သူတို့လေးဦးစလုံးကို အနိုင်တိုက်ရမည်မှာ အနည်းငယ်ခက်ခဲနိုင်ပေ၏...။

အတွေးတစ်ခုပေါ်လာသောအခါ သူ့မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။ "နင် သူတို့ငါးယောက်ကို တစ်ခါတည်းနဲ့ မှန်အောင် ပစ်နိုင်လား။" အန်လင်းက မေးလိုက်၏။

"အေး။ ဒါပေမဲ့ မြှားတွေကတော့ သူတို့အတွက် လေသေနတ်လောက်လေးပဲ ခံစားရမှာနော်။ ဘာအကျိုးရှိမှာလဲ။"

လျှိုချူးချူးက အန်လင်းကို ထပ်မံ မျက်လုံးလှန်လိုက်လေ၏။

အန်လင်းက ခပ်ဖွဖွရယ်ကာ မေးလိုက်လေ၏။ "နင်က ငါ့ရဲ့ 'အဆိပ်သခင်'ဘွဲ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူးလား။"

------------

All Chapters