သွေးမျိုးနွယ်စု၏ အိပ်မက်ဆိုး
Vol. 35 Ch. 493
"အဆိပ်သခင်..." လျှိုချူးချူးက သူ့၏ စကားများကြောင့် အနည်းငယ် တွေဝေသွားလေ၏။ "နင်ကလား။"
အန်လင်း၏ မျက်နှာထက်တွင် အပြုံးကြီးတစ်ခု ပေါ်လာလေ၏။ "ဟုတ်တယ်။ ငါက မကျော်လွှားနိုင်တဲ့ အဆိပ်သခင်ပဲ။"
သူက ဆက်ပြောလိုက်၏။ "မြှားတွေရဲ့ ထိပ်ကို ငါ့သွေးနဲ့ သုတ်ပြီးတော့ ငါးယောက်လုံးကို တစ်ခါတည်း ပစ်လိုက်။ သူတို့တွေ ယင်ကောင်လိုမျိုး ပြုတ်ကျလာမယ်ဆိုတာ အာမခံတယ်။"
လျှိုချူးချူးက အနည်းငယ် သံသယဝင်နေလေ၏။ "နင်သေချာရဲ့လား။"
"ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ ကျိန်ရဲတယ်။" အန်လင်းက သူ့ရင်ဘတ်ကိုပုတ်ကာ ကြိမ်းသေ အာမခံလိုက်၏။
ထိုအခိုက်၌ သွေးမျိုးနွယ်စု စခန်းအတွင်းတွင်...
အနီရောင် ဝတ်ရုံနှင့် သွေးမျိုးနွယ်စု အဖွဲ့ဝင် လေးဦးက မြေပြင်ပေါ်ရှိ မန္တန်ဖွဲ့စည်းခြင်းတစ်ခုအပေါ်တွင် ထိုင်နေလေ၏။
ကြက်သွေးရောင် မျက်လုံးများ၊ ရွှေရောင်ဆံပင်များနှင့် အမျိုးသားတစ်ဦးက သူတို့လေးဦးရှေ့တွင် မတ်တပ်ရပ်နေကာ အနီးနားရှိ ရေကန်ဖြူလေးကို စိုက်ကြည့်နေလေ၏။
"လူးဝစ်... စိတ်ဝိညာဉ် ချိုးဖျက်ရေး ဖွဲ့စည်းခြင်းက အဆင့်သင့်ဖြစ်ပြီလား။" အမျိုးသားက မေးလိုက်၏။
ဆွဲဆောင်မှုရှိသာ အမျိုးသမီးတစ်ဦးက ပြုံးကာ ညင်သာသောအသံဖြင့် ပြန်ဖြေလိုက်၏။ "အရာအားလုံးက အဆုံးမှာ ပြင်ထားတာ။ ငါက ဆာချာရဲ့ သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်း ပြီးခြင်းကို စောင့်နေတာ။"
ထိုအခိုက်၌ ချောမောသော အမျိုးသားတစ်ဦးက ခေါင်းမော့လိုက်ပြီး အမူအရာမဲ့ ခေါင်းငြိမ့်ပြလိုက်၏။ "ဆင်မ်ဆွန် ငါ့ရဲ့ သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်းကလဲ အဆင့်သင့်ဖြစ်ပြီ။"
ဆင်မ်ဆွန်၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး သူ့ရှေ့မှ လူလေးဦးကို ခေါင်းငြိမ့်ပြလိုက်လေ၏။ "ကောင်းတယ်။ ဒီရေကန်အောက်မှာ ဘာပဲ ရှိနေနေ မျက်နှာပြင်ပေါ်ကို ဆွဲတင်ကြတာပေါ့။ အခုထိ အဲဒါက ဘာလဲဆိုတာ မသိသေးလို့ တအားတော့ သွားမကပ်သေးနဲ့အုံး။"
တခြားသော လေးဦးက မျက်နှာတည်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့၏ စွမ်းအင်များကို ဖွဲ့စည်းခြင်းများထဲသို့ ထိုးသွင်းလိုက်လေ၏။
ထိုအခိုက်မှာပင် ပန်းရောင်အလင်းတန်း ၅ကြောင်းက အရှိန်ပြင်းပြင်းနှင့် လေထုကို ဖြတ်သန်ကာ သူတို့ဆီသို့ ဦးတည်လာနေ၏။
"ဂရုစိုက်။" ဆင်မ်ဆွန်က အော်လိုက်လေ၏။
ဘုန်းဘုန်းဘုန်း...
မြှားတံများက လေထုကို သေစေနိုင်သော လမ်းကြောင်းများဖြင့် ထိုးဖောက်သွား၏။
လူးဝစ်က ဘေးသို့ရှောင်လိုက်သော်လည်း မြှားထိပ်က သူမ၏ ပခုံးကို တိုက်မိသွားကာ သွေးစွန်းနေဆဲဖြစ်၏။
တခြားသော ထွားထွားကြိုင်းကြိုင်း အမျိုးသား နှစ်ဦးက အနည်းငယ် အလွန်နှေးစွာ တုံ့ပြန်လိုက်သည်မို့ ရလာဒ်အနေဖြင့် မြှားတံများက သူတို့၏ ရင်ဘတ်၌ ထိုးစိုက်နေကြလေ၏။
ဆင်မ်ဆွန်က အချိန်မီပင် အလင်းအတားအဆီးတစ်ခုကို တည်ဆောက်ရန် စီစဉ္နိုင်ခဲ့ပြီး မြှားတံကို တားဆီးလိုက်နိုင်၏။
ဆာချာ၏ ခန္ဓာကိုယ်က လေထုထဲတွင် တွန့်ကွေးသွားပြီး မြှားတံကို ရှောင်လိုက်နိုင်၏။
"အိုး...နာတယ်ဟ။ ဘယ်လို အရိုင်းအစိုင်း ငပြောင်မျိုးက ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလဲ။ "လူးဝစ်၏ မျက်နှာထက်တွင် ဆွဲဆောင်မှုရှိလှသော အပြုံးတစ်ခု ပေါ်လာပြီး သူမက လုံးဝပင် စိတ်လှုပ်ရှားနေပုံ မရပါပေ။
"မပေါ့နဲ့။ မြှား ငါးချောင်းစလုံးက လူတစ်ယောက်တည်းရဲ့ စွမ်းအင်ကို ဝေမျှနေတယ်လို့ ငါခံစားရတယ်။ ငါတို့က သူတို့ကို အာရုံမခံနိုင်ပဲနဲ့ ငါတို့ရဲ့ နေရာကို သိနိုင်တယ်ဆိုတာ သတိထားသင့်တယ်ဆိုတဲ့ လက္ခဏာပြတာပဲ။" ဆင်မ်ဆွန်က မျက်မှောင်ကြုတ်လိုက်လေ၏။
"ဟမ့်...။ ဒီလိုမျိုး သနားစရာ တိုက်ခိုက်မှုလေးတွေကို ဘာကြောက်စရာရှိလို့လဲ။ ဒီဟာက လှုံ့ဆော်တာ သက်သက်ကြီးပဲကို။" ထွားကြိုင်းလှသော လူကြီးများထဲမှ တစ်ဦးက သူ့ရင်ဘတ်မှ ဓားကို ဆွဲနုတ်ကာ အရေးမစိုက်သော အမူအရာဖြင့် ပြန်ဖြေလိုက်လေ၏။
ထို့နောက် သူ့ရင်ဘတ် ပတ်လည်မှ အသားများက ကြုံ့လာပြီး မြှားကြောင့်ဖြစ်သော ဒဏ်ရာအပေါက်ကို ကုသလိုက်လေ၏။
ဆင်မ်ဆွန်က မြှားများလာရာ ဦးတည်ချက်ဆီသို့ ပျံသန်းသွားလိုက်၏။ "သူတို့ရဲ့ ရည်ရွယ်ချက်တွေက ဘာပဲဖြစ်ဖြစ်ဖြစ် ငါတို့ရဲ့ နေထာကို တွေ့သွားကြပြီ။ ငါတို့က ရေကန်အောက်ခြေက ပစ္စည်းကို မျက်နှာပြင်ပေါ် မဆွဲခေါ်ခင်မှာ သူတို့ကို အဆုံးသတ်ပေးရမယ်။"
ကျန်ရစ်သော သွေးမျိုးနွယ်စု ကျင့်ကြံသူ လေးဦးက သူ့စကားလုံးများတွင် ခေါင်းငြိမ့်လိုက်လေ၏။ ထို့နောက် သူတို့က မြှားများ လာရာ ဦးတည်ချက်သို့ ပျံသန်းသွားကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို အံ့ဖွယ်အာရုံများဖြင့် ကြည့်ရှုနေကြလေ၏။
၁၀ကီလိုမီတာ အဝေးမှ တောင်ထိပ်ပေါ်တွင် အန်လင်းက လျှိုချူးချူးကို ကြည့်လိုက်လေ၏။ "နင်က ငါးယောက်လုံးကို တစ်ခါတည်း ထိနိုင်တယ်လို့ ပြောတာမဟုတ်ဘူးလား။ ငါ့သွေးတွေကို ဖြုန်းတီးနေတာလား။"
လျှိုချူးချူးက သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်၏။ "သီအိုရီအရတော့ ငါးယောက်လုံ တစ်ပြိုင်တည်း ထိနိုင်တယ်လို့ ပြောတယ်လေ။ သုံးယောက်ထိတယ်ဆိုတာကလဲ ကောင်းတဲ့ နှုန်းပဲကို။ အဲ့လို ပြောကြေးဆို နင်ကလဲ 'အဆိပ်သခင်' ဖြစ်ရမှာမဟုတ်ဘူးလား။ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေ အကုန်လုံးက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ။"
"သူတို့က ဘာလို့ ကောင်းကောင်း ရှင်နေသေးတာလဲ။ ပြီးတော့ ဒီကိုလာနေကြပြီ။"
"ဟမ်...။ သူတို့က မသေဘူးလား။" အန်လင်းက ထိုသည်ကိုကြားပြီး တွေဝေသွားလေ၏။
သူ့၏ အမြင်အာရုံက ကန့်သတ်ထားသည်ဖြစ်၍ သူနှင့် ၁၀ကီလိုမီတာအဝေးမှ နေရာတွင် ဘာဖြစ်နေသလဲ ဆိုသည်ကို မမြင်နိုင်ပါပေ။
လျှိုချူးချူး : "အရင်ဆုံး ပုန်းဖို့ နေရာရှာရအောင်။"
အန်လင်းက မယုံမကြည်နှင့် ပြောလိုက်၏။ "ကိုယ်ပျောက်မန္တန်နည်းစနစ်တစ်ခု တည်ဆောက်ပြီး ဒီမှာ အရင်ဆုံး စောင့်နေရအောင်။ ငါ့သွေးက သူ့ရဲ့ အစွမ်းပျောက်သွားတာလား ဒါမှမဟုတ် သွေးမျိုးနွယ်စုက အကောင်တွေက ခံနိုင်ရည်တိုးလာတာလားဆိုတာ သိချင်တယ်။"
စက္ကန့်ပိုင်းအတွင်း၌ သွေးမျိုးနွယ်စု ကျင့်ကြံသူများက သူတို့၏ မြင်ကွင်းအတွင်းသို့ ပေါ်လာကြလေ၏။
သူတို့က သွေးလှိုင်းများထိပ်တွင် ရောက်ရှိနေကာ အော်ရာများက အံ့အားသင့်ဖွယ် ခွန်အားနှင့် တိုးဝှေ့နေလေ၏။
သူတို့က တကယ်ကြီး အသက်ရှင်နေတာပဲ...
အန်လင်းက အကြောင်းကြောင်းကြောင့် အတော်လေး စိတ်ဓာတ်ကျသွားရ၏။ သူက တစ်ချို့သော တကယ့်အကြမ်းစား စွမ်းဆောင်ရည်များ ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရ၏။
သို့သော် ထိုအချိန်မှာပင် သွေးမျိုးနွယ်စု ကျင့်ကြံသူများကြားမှ ထွားထွားကြိုင်းကြိုင်း အမျိုးသားနှစ်ဦးက ပြင်းပြင်းထန်ထန် တုန်ခါလာလေ၏။
"ဂျက်ဖ်၊ ဝိတ်ဒ် ဘာဖြစ်လို့လဲ။" ဆင်မ်ဆွန်က သူတို့၏ အခြေအနေကို သတိထားမိသာအခါချက်ချင်းမေးလိုက်လေ၏။
ဂျက်ဖ်၏ ခန္ဓာကိုယ်က တုန်ယင်နေကာ ဆင်မ်ဆွန်ကို မူးဝေနေသော အမူအရာဖြင့် ကြည့်လိုက်၏။ "အဖွဲ့ခေါင်းဆောင်၊ ငါ..."
သူက စကားပင်ဆုံးအောင် ပြောခွင့်မရခင်မှာပင် ပါးစပ်မှ အမြုပ်များ ထွက်လာကာ မြေပြင်ပေါ်သို့ ထိုးကျသွားလေ၏။
"ဒီမြှားတေွက အဆိပ်ရှိတယ်။" ဝိတ်ဒ်က အော်လိုက်၏။
ထို့နောက် သူက သွေးအန်ကာ အသက်က အလျင်အမြန်ပင် ပျောက်ကွယ်သွားလေ၏။ မကြာမီမှာပင် သူသည်လည်း မြေပြင်ပေါ်သို့ ထိုးကျသွားလေ၏။
ဆင်မ်ဆွန်က ထိုသည်ကို မြင်ပြီး အလွန် အံ့အားသင့်သွားကာ ချက်ချင်ပင် သက်ရှိစွမ်းအင် လက်ကြီးနှစ်ခု ဖြစ်ပေါ်လာစေပြီး သူတို့ကို လေထဲတွင် ဖမ်းထားလိုက်လေ၏။
သို့သော် နှစ်ဦးစလုံးက စက္ကန့်အနည်းငယ်အကြာတွင် အသက်များ ကုန်ဆုံးသွားလေပြီ...
တခြားသုံးဦးက သူတို့၏ လျှော့နည်းသွားသော အသ်းဝင်များကို ကြောင်ငေးကြည့်နေကြ၏။ သူတို့က ခတ္တမျှ တွေးနိုင်စွမ်း ပျောက်ဆုံးသွားလေ၏။
သူတို့က သူတို့၏ အစွမ်းထက် အသက်စွမ်းအင်ကြောင့် ကျော်ကြားသည့် သွေးမျိုးနွယ်စု အဖွဲ့ဝင်များ ဖြစ်ကြ၏။
ထို့အပြင် ဂျက်ဖ်နှင့် ဝိတ်ဒ်တို့ နှစ်ဦးစလုံးမှာ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူမားဖြစ်ကာ သူတို့၏ ခေါင်းများကို ဖြတ်လိုက်ပါလျှင်တောင် ပြန်လည် အသစ်ဖြစ်ပေါ်နိုင်သူများ ဖြစ်ကြ၏။
မည်သို့သော ကြောက်မက်ဖွယ်အဆိပ်က သူတို့အား ဤမျှ အချိန်တိုအတွင်း သတ်ပစ်နိုင်သနည်း။
လူးဝစ်က ရုတ်တရက် အတွေးတစ်ခုပေါ်လာလေ၏။ သူမက သူမ၏ ပခုံးကို ကြောက်လန့်တကြား ငုံ့ကြည့်လိုက်ရာ မြှားဒဏ်ရာက ပြန်မကျက်သေးသည်ကို တွေ့လိုက်ရ၏။ ထိုသည်က သွေးမျိုးနွယ်စု၏ ကျင့်ကြံသူများအတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းလှပေ၏။
"အား..." သူမက ကျယ်လောင်လှသော အော်သံတစ်ခုကိုပြုကာ ဆင်မ်ဆွန်နှင့် ဆာချာကို ကြည့်လိုက်လေ၏။ "ငါ့ကိုကယ်ပါ..."
သူမက ထိုစကားနှစ်ခွန်းကိုသာ ရေရွတ်နိုင်ပြီး သွေးအပြည့် အန်ချလိုက်လေ၏။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ယမ်းခါနေပြီး သူမ၏ အသက်က လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။ ခဏအကြာတွင် သူမက ကောင်းကင်မှ ထိုးကျသွားလေ၏။
ဆင်မ်ဆွန်နှင့် ဆာချာက တစ်ဦးနှစ်တစ်ဦးကြည့်လိုက်ကာ ကြောရိုးတစ်လျှောက်စိမ့်တက်သွားကြလေ၏။
သူတို့က ချက်ချင်းပင် နောက်လှည့်ကာ စကားတစ်ခွန်မဆိုပဲ ထွက်ပြေးလိုက်ကြ၏။
သူတို့က ထိုကဲ့သို့ ဆန်းကြယ်သော ရန်သူတစ်ဦးကို တိုက်ခိုက်ရန် သတ္တိမရှိပါပေ။ သွေးမျိုးနွယ်စု ကျင့်ကြံသူများက သူတို့၏ အစွမ်းထက်လှသော အသက်စွမ်းအားကို ဝင့်ကြွားကြပြီး တိုက်ပွဲများကို မကြောက်ရွံ့ပါပေ။ နှိုင်းယှဉ်နိုင်သော ခွန်အားနှင့် ပြိုင်ဘက်ကို ယှဉ္ပြီးတိုက်ခိုက်ရပါက သူတို့ကို သတ်ဖြတ်ရန် အလွန်ခက်ခက်နေပါကမူ သူတို့က အမြဲတမ်း ထွက်ပြေးနိုင်ပေ၏။
သို့သော်... သူတို့၏ အမည်မသိ ရန်သူက သူတို့အား ဓားရှရာလေးဖြင့်ပင် သတ်ပစ်နိုင်၏။ ထိုသည်တစ်ခုတည်းကပင် သူတို့၏ တိုက်ပွဲ ဆန္ဒများ ဆုံးရှုံးရန် လုံလောက်ပါပေ၏။
"တီနာ သူတို့ရဲ့ သိုလှောင် လက်စွပ်တွေကို ကောက်လိုက်။"
အန်လင်းက ညွှန်ကြားချက်တစ်ခုပြုကာ တပ်ဆုပ်သွားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများဆီသို့ သူ့၏ အုတ်ခဲနက်ပေါ်မှ လိုက်ဖမ်းလိုက်လေ၏။
လျှိုချူးချူးသည်လည်း လေထဲသို့ တက်လာကာ အန်လင်းကို အံ့ဩတကြီး ကြည့်လိုက်လေ၏။
သူမက မနေနိုင်ပဲ မေးလိုက်လေ၏။ "ဘာ... ဘာလို့ နင့်ရဲ့သွေးက အရမ်းအဆိပ်ပြင်းနေရတာလဲ။"
သူမက လူးဝစ်မှာ သူမ၏ မြှားကြောင့် ဒဏ်ရာအနည်းငယ်မျှသာ ရထားသည်ကို သိထား၏။ ထိုသို့ဆိုလျှင်တောင် သူမက သေခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပါပေ...။ အန်လင်း၏ သွေးက ထိုကဲ့သို့ ပြုလုပ်နိုင်သည်အထိ မည်မျှပင် အဆိပ်ပြင်းနေပါသနည်း။ ထိုသည်က သူမအတွက် ရိုးရှင်းလှစွာ တွေးကြည့်၍ပင် မရနိုင်ပါပေ။
"ငါလဲ မသိဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ့သွေးက လူသားတွေကိုတော့ အန္တရာယ်မပေးနိုင်ဘူး။ အခုထိတော့ ငါသွေးက သွေးမျိုးနွယ်စုနဲ့ ငရဲနတ်ဆိုးတွေကိုပဲ အဆိပ်သင့်စေတယ်ဆိုတာ အတည်ပြုရသေးတယ်။" အန်လင်းက ပြန်ဖြေလိုက်၏။
လျှိုချူးချူး၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေ၏။ အဆိပ်သခင်ရဲ့သွေးက ဓားစာခံလဲ ရွေးသေးတယ်လား။ ကြောက်စရာကောင်းလိုက်တာ...
"ငါတို့ မီတော့မယ်..."
အန်လင်းက ရုတ်တရက် ပြောလိုက်လေ၏။
လျှိုချူးချူးက ခေါင်းမော့ကြည့်လိုက်ရာ သူတို့နှင့် ၅၀၀မီတာထက်နည်းသော အကွာအဝေးတွင် သွေးမျိုးနွယ်စု ကျင့်ကြံသူများကို တွေ့လိုက်လေ၏။
သို့သော် သူတို့က အန်လင်းနှင့် သူတို့ကြားမှ အကွာအဝေးကို တိုးလာစေရန် သူတို့ကို အရှိန်တိုးလာစေသော မန္တန်နည်းစနစ် နည်းလမ်းတစ်ချို့ကို အသက်သွင်းလိုက်ပုံရ၏။
ထိုအခိုက်မှာပင် အန်လင်းက သူ့၏ လက်မောင်းကို မိစ္ဆာရှင်းဓားဖြင့် လှီးဖြတ်လိုက်၏။
ချွင်...
သေများက လေထုထဲတွင် ပျံ့နှံ့သွားလေ၏။
လေတောင်ပံ...။ ဝါယောဓား...။
ဘုန်း...
အန်လင်းသည်လည်း အရှိန်မြှင့်တင်လိုက်ကာ လေထုကို ဖြတ်သန်းသွားပြီး အသံကျယ်ကြီးတစ်ခု ချန်ရစ်ထားခဲ့လေ၏။
"မြန်လိုက်တာ...။" လျှိုချူးချူး၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားပြီး သူမ၏ အရှိန်က အန်လင်းချန်ခဲ့သော လေပြင်းများကြောင့် တုန်ခါသွားလေ၏။
အန်လင်းက သွေးမျိုးနွယ်စု ကျင့်ကြံသူများကို ချက်ချင်းနီးပါး လိုက်မီသွားပြီး သူ့၏ ဓားက လေထုကို ဖြတ်သန်း လင်းလက်သွားကာ သွေးကြောင်းနှစ်ခုကို ဖန်တီးလိုက်လေ၏။
"စောက်ကျိုးနည်း။ သူက ဘယ်လိုလုပ်ပြီး အဲ့လောက်မြန်တာလဲ။" ဆင်မ်ဆွန်က အလန့်တကြား ဖြူဖျော့သွားလေ၏။
"ဟုတ်တယ်။ သူ့နောက်က အမျိုးသမီးက အဆိပ်မြှားနဲ့ အမျိုးသမီး။ အဲ့ အမျိုးသားရဲ့ အရှိန်တိုးတာက ခဏပဲထင်တယ်။ ငါတို့က သူ့ကို ဖယ်ထားလို့ရပြီ။ အခု အမျိုးသမီးရဲ့ အဆိပ်မြှားတွေကိုပဲ ဂရုစိုက်ကြည့်ရအောင်။" ဆာချာက အေးဆေးစွာ ခွဲခြမ်းစိတ်ဖြာရင်း ပြောလိုက်၏။
ဆင်မ်ဆွန်က သူ့၏ ခွဲခြင်းလေ့လာမှုကို ခေါင်းငြိမ့်ပြလိုက်ပြီး အန်လင်းနှင့် လျှိုချူးချူးတို့၏ မျက်နှာများပို မှတ်သားလိုက်လေ၏။ သူက နောက်တစ်ကြိမ်တွင် သူတို့အပေါ်တွင် သေခြင်းထက် ဆိုးဝါးသော နာကျင်မှုတစ်ခုကို ပြသကာ လက်စားချေမည်ဖြစ်သည်။
ဆင်မ်ဆွန်က ထိုသည်ကို တစ်ကိုယ်တည်းတွေးနေသော်လည်း ရုတ်တရက် စက်ဆုတ်ရွံ့ရှာဖွယ် ခံစားလိုက်ရ၏။
"အွတ်..."
ပါးစပ်အပြည့်သွေးများ အန်ထွက်လာကာ သူ့ခန္ဓာကိုယ်က စတင် ဆုတ်ယုတ်လာပြီး သူ၏ အသက်က သိသိသာသာလျော့နည်းလာသည်ကို ခံစားလိုက်ရ၏...။
ဆာချာသည်လည်း အံ့ဩတကြီး မျက်လုံးပြုးသွားပြီး ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားလေ၏။ ကြောက်လန့်တကြား အမူအရာဖြင့် သူက နောက်သို့လှည့်လိုက်ရာ အနက်ရောင်ဓားနှင့် အမျိုးသားက သူတို့နောက်လိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့ကို လှောင်ပြုံးတစ်ခုနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"အဲဒါ မင်းပဲ..."
သူက နောက်ဆုံးတွင် အန်လင်း၏ လက်မောင်းကို မြင်ပြီးနောက် ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်သွားလေပြီ။
သို့သော် ထိုသည်က သူတို့အတွက် အလွန်နောက်ကျသွားခဲ့ပြီဖြစ်၏။ ဆာချာနှင့် ဆပ်မ်ဆွန်၏ မျက်လုံးများက နောက်လှန်ကာ ပါးစပ်မှ အမြှုပ်များ ထွက်လာကြ၏။ ခဏအကြာတွင် သူတို့၏ ခန္ဓာကိုယ်များက အသက်လုံးဝ ကုန်ဆုံးသွားသည့် လက္ခဏာဖြင့် မြေပြင်ပေါ်သို့ ထိုးကျသွားလေတော့သည်...။
-------------