အဖြူရောင်နယ်မြေအတွင်းမှ မကောင်းဆိုးဝါးကြီး
Vol. 35 Ch. 494
သို့ဖြစ်၍ အလွန်အမင်း အစွမ်းထက်သော သွေးမျိုးနွယ်စု ကျင့်ကြံသူ ငါးဦးက အန်လင်းကြောင့် သေဆုံးသည်အထိ အဆိပ်သင့်သွားလေ၏။
လျှိုချူးချူးက သက်ရှိ မျက်မြင်သက်သေတစ်ဦးဖြစ်သော်လည်း သူမက စိတ်ကူးယဉ် အိပ်မက်ကဲ့သို့ ခံစားနေရလေ၏။
အန်လင်းက နောက်ဆုံး သိုလှောင်လက်စွပ်နှစ်ခုကို ကောက်ယူလိုက်ပြီးနောက် ပြန်လှည့်လာလိုက်လေ၏။ ပြန်လာသည့် လမ်းတွင် သူက ပျော်ရွှင်ဖွယ် သံစဉ်တေးတစ်ခုကို ညည်းနေလေ၏။
"အန်လင်း ငါတို့က နင့်သွေးကို သုတေသနလုပ်သင့်တယ် ထင်တယ်။ ပြီးတော့ အနက်ရောင် စိမ့်မြေတွေဆီကို ပို့လိုက်။ သူတို့က သွေးမျိုးနွယ်စုတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း လူမျိုးတုန်း သဆ်ဖြစ်နိုင်မှာ။" လျှိုချူးချူးက စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
အန်လင်းက ခပ်ဖွဖွ ရယ်လိုက်လေ၏။ "နင်က ငါ့သွေးတွေ အကုန်လုံးကို စုတ်ထုတ်ဖို့ ကြိုးစားနေတာလား။"
လျှိုချူးချူးက မျက်နှာတည်ဖြင့် ခေါင်းခါပြလိုက်လေ၏။ "ငါဆိုလိုတာ အဲဒါမဟုတ်ဘူး။ ငါပြောတာက နင့်သွေးရဲ့ အရည်အသွေးတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ဘယ်ပါဝင်ပစ္စည်းက သွေးမျိုးနွယ်စုကို သေစေတာလဲဆိုတာ ကြည့်ရမယ်လို့။ ဖြစ်နိုင်တာက အဲ့ရှာဖွေတွေ့ရှိချက်တွေကို အခြေခံပြီးတော့ ငါတို့က သေနိုင်တဲ့ ဓာတုလက်နက်တွေ တီထွင်လို့ရနိုင်တာပဲ။"
အန်လင်းက မျက်လုံးလှန်ကာ ပြောလိုက်၏။ "အဲ့လိုတွေးမိတာ နင်က ပထမဆုံးမဟုတ်ပါဘူး။ တစ်ချို့လူတွေက တကယ်ပဲ ငါ့သွေးကို ယူပြီးတော့ သုတေသနတွေ လုပ်ကြသေးတယ်။ ဒါပေမဲ့ ဘာမှ ရှာမတွေ့ကြဘူးလေ။ ဒီအကြောင်းက နောက်မှ ပြောကြတာပေါ့။ အခုတော့ ငါတို့ စစ်ပွဲရဲ့ ပျော်စရာတွေကို ခံစားလိုက်ကြတာပေါ့။"
တီနာက သူမ ဘေးတွင် သွေးမျိုးနွယ်စု သိုလှောင်လက်စွပ် သုံးကွင်း ပေါလောပေါနေလျက် ပျံသန်းလာလေ၏။
သိုလှောင်လက်စွပ် ငါးကွင်းကို ခွဲခြားလိုက်ပြီးနောက် လျှိုချူးချူးက နှစ်ခုရရှိကာ အန်လင်းက ကျန်သော သုံးခုကို ရလေ၏။
တီနာက အန်လင်းဘေးတွင် မျှော်လင့်တကြီးဖြင့် စိတ်ဝင်စားစွာ ရပ်နေလေ၏။
အန်လင်းက သိုလှောင် လက်စွပ် သုံးကွင်းကို သန့်စင်လိုက်ပြီး အတော်ပင် ကျေနပ်ဖွယ် စပရိုက်တစ်ခုကို ရရှိလိုက်၏။
သက်ရှိ ကျောက်တုံး စုစုပေါင်း ၂၀၁တုံး၊ စိတ်ဝိညာဉ္ လက်နက် ၁၆ခု၊ စိတ်ဝိညာဉ္ ဆေးတောင့် ၃၀ကျော်နှင့် အင်မော်တယ် သစ်သီးနှစ်ခု ရှိလေ၏။
သူ့၏ အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်က ထိုသည်များမှာ နှစ်ခုစလုံးက သွေးနဂါးသစ်သီးများဖြစ်ပြီး အဆင့် ၇ အင်မော်တယ် သစ်သီးများ ဖြစ်ကြောင်း ပြောပြ၏။ သွေးနဂါးသစ်သီးကို စားသုံးသည့် မည်သူမဆိုက စွမ်းအင် မပမာဏ အများအပြားကို ပြန်လည် ဖြစ်ပေါ်စေနိုင်ပြီး အချိန်တိုအတွင်း၌ ဆုံးရှုံးသွားသော သွေးပမာဏကို ပြန်လည် ဖြည့်တင်းပေးနိုင်ပေ၏။ သို့ဖြစ်၍ သူတို့က ဒဏ်ရာအကြီးအကျယ်ရကာ သွေးအလွန်အကျွံ ဆုံးရှုံးထားသောသူများနှင့် အထူးသင့်တော်ပေ၏။
ထို့အပြင် အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၅၂တုံး၊ အစိမ်းရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၇တုံးနှင့် အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၂တုံးတို့လဲ ရှိလေ၏။
ကံမကောင်းစွာဖြင့် ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်တစ်ခုမှ ရှိမနေပါပေ။ ထိုသည်က ရှေးဟောင်း ထိုက်ချူနယ်မြေအတွင်း၌ အလွန်ရှားပုံရပေ၏။
ကျန်ရစ်သော ပေါက်ကရများကိုမူ အန်လင်းက ကြည့်ရှုရန် စိတ်မရှည်တော့ပါပေ။
လျှိုချူးချူးက သူမ၏ သိုလှောင်လက်စွပ်များကို ရှာဖွေလိုက်ပြီး အပြုံးတစ်ခု ပေါ်လာကာ တစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။ "ဟားဟား... ပိုက်ဆံတွေ အများကြီးပဲ... ဒီနေရာက ငါ့အတွက် ကောင်းကင်ဘုံလိုပဲ..."
အန်လင်းမှာ လျှိုချူးချူးကို အနည်းငယ် စိတ်ပူပါ၏။ သူက သူတို့၏ စိတ်လွတ်လက်လွတ် ပစ်ခတ်ခြင်းများကြောင့် သူမအနည်းငယ် ရူးသွပ်သွားပြီဟု ခံစားလိုက်ရ၏...။
သူက သိုလှောင်လက်စွပ် သုံးကွင်းအတွင်းမှ အသေးအမွှားလေးများကို ကြည့်ရှုလိုက်ပြီး အနက်ရောင် တိရစ္ဆာန်တစ်ကောင် ပုန်းကွယ်နေသကဲ့သို့ ဆွဲထားသော ပုံရိပ်တစ်ခုကို တွေ့လိုက်လေ၏။
ထိုသည်က ဆင်မ်ဆွန်၏ သိုလှောင်လက်စွပ်ထဲမှ သူရှာဖွေတွေ့ရှိထားသော တစ်စုံတစ်ခုပင်။ သူက သွေးမျိုးနွယ်စု ကျင့်ကြံသူ ငါးဦး၏ ခေါင်းဆောင် ဖြစ်ပုံရ၍ အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ထဲမှ ပါဝင်ပစ္စည်းများကို အနည်းငယ်ပို၍ အာရုံစိုက်ပေးလိုက်၏။
သူက သားရဲကောင် ပုန်းခိုနေသော ပန်းချီကို ထုတ်လိုက်ကာ ဂရုတစိုက် ကြည့်ရှုလိုက်လေ၏။
ပန်းချီမှာ အတော်လေး ပရမ်းပတာနိုင်လှ၏။ ထိုသည်က တောင်တန်းများစွာ အကြားတွင် တည်ရှိနေသော ရေကန်တစ်ခုကို ရေးဆွဲထား၏။ ေရကန်၏ အောက်ခြေတွင် အဖြူရောင်အမွှေးရှည်ဖြင့် ဖုံးအုပ်ထားသော ခြေလေးချောင်းရှိသော သတ္တဝါကြီးရှိလေ၏။ ထိုသည်က သူ့၏ နက်နက်စွေးစွေးမျက်လုံးများဖြင့် ကောင်းကင်သို့မော့ကြည့်လိုက်၏။ ထိုအရာကြီး၏ ခန္ဓာကိုယ်နှင့် ခြေလက်များက အနီရောင် မျက်လုံးသေးသေးလေးများနှင့် ပြည့်နှက်နေပြီး တရိုင်ပိုဖိုဘီယား ခံစားနေရသူများအတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေလေ၏။
လျှိုချူးချူးသည်လည်း ပန်းချီအား စိတ်ဝင်တစား ကြည့်နေလေ၏။ "ဟမ်... ပန်းချီထဲက ရေကန်နဲ့ တောင်တွေက ရေကန်ဖြူ နယ်မြေနဲ့ အတော်တူတာပဲ။"
သူတို့နှစ်ဦးစလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆွံ့အနေလေတော့သည်။
တစ်စက္ကန့်အကြာတွင် သူတို့ နှစ်ဦးက ရေကန်ဖြူနယ်မြေဆီတို့ အတူတပာကွ ပျံသန်းလာလိုက်လိုက်လေ၏။
"အဲ့ မကောင်းဆိုးဝါးမှာ စောက်ရမ်းကြမ်းတဲ့ ရတနာတွေ ရှိလောက်မယ်။" အန်လင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေ၏။
"အွန်း-ဟွန်း" လျှိုချူးချူးက ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။ "အဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူ ၅ယောက်က ရေကန်ဖြူမှာ အဲ့မကောင်းဆိုးဝါးကြောင့် ရှိနေတာ ဖြစ်နိုင်တယ်။"
"သူတို့ရဲ့ သိုလှောင်လက်စွပ်တွေထဲက အသုံးဝင်တဲ့ သတင်းတွေ ရနိုင်မလား ရှာကြည့်ရအောင်။" အန်လင်းက အကြံပြုလိုက်၏။
"အကြံကောင်းပဲ။" လျှိုချူးချူးက သူမ၏ သိုလှောင် လက်စွပ်နှစ်ခုထဲမှ ပစ္စည်းများကို မွှေနှောက်ရှာကြည့်လိုက်၏။
သူတို့နှစ်ဦးက မကြာမီပင် ရေကန်ဖြူအနီးတွင် ဆင်းသက်လိုက်ကြ၏။
ရေကန်ထဲမှ ရေမှာ အနည်းငယ် မှောင်မိုက်နေပြီးမြင်နိုင်စွမ်းမှာ အနက်မီတာ ၁၂ပေခန့်လောက်သာရောက်၏။
သွေးမျိုးနွယ်စု ကျင့်ကြံသူများ ချန်ထားခဲ့သော မန္တန်ဖွဲ့စည်းခြင်းများ ရှိနေပြီး ရေကန်ခြေမှ မကောင်းဆိုးဝါးနှင့် ရင်ဆိုင်ရန် ဖြစ်နိုင်ပေ၏။
"အိုး... ငါရလာပြီ။ ရေကန်အခြေက မကောင်းဆိုးဝါးရဲ့ သတင်းပဲ။"
လျှိုချူးချူးက သိုလှောင် လက်စွပ်ထဲမှ ရွှေရောင် စာရွက်ပုံစံ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ထိုအပေါ်တွင် ဖွဲ့စည်းခြင်း သုံခု ဆွဲထားလေ၏။"
သူမက ရွှေရောင် စာရွက်ပုံစံ ပစ္စည်းပေါ်မှ သွေးဖြင့်ရေးသားထားသော စာကြောင်းကို တဖြည်းဖြည်း ခပ်ကျယ်ကျယ် ထုတ်ဖတ်လိုက်လေ၏။ "ဒီဟာတွေက ရေကန်ဖြူရဲ့ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးကို သတ်ဖို့အတွက် ပြင်ထားတဲ့ ကြီးမြတ်ပေါက်ကွဲခြင်း၊ စိတ်ဝိညာဉ် ချိုးဖောက်ခြင်းနှင့် သွေးပိတ်လှောင်ခြင်း ဖွဲ့စည်းခြင်းတွေပဲ...။"
အန်လင်းက သူမလက်ထဲမှ ပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်နှာက အနည်းငယ် ရှုံ့တွသွားလေ၏။ "ဒီဟာက ဘယ်လိုလုပ်ပြီး နဂါးတစ်ကောင်နဲ့ တူသွားတာလဲ။ မျက်လုံးတစ်ထောင်ဆိုတာက သင့်တော်ပေမဲ့လည်း။"
လျှိုချူးချူးက မြေပေါ်မှ ဖွဲ့စည်းခြင်း သုံးခုနှင့်ရွှေရောင် စာရွက်ပုံစံ ပစ္စည်းပေါ်မှ ဆွဲထားသည်များနှင့် နှိုင်းယှဉ္ပြီး ခေါင်းငြိမ့်လိုက်လေ၏။ "အင်း... ဒီဟာတွေက ဒီမှာဆွဲထားတဲ့ ဖွဲ့စည်းခြင်းတွေနဲ့ တစ်ပုံတည်းပဲ။"
အန်လင်း : "အဲ့တော့ သွေးမျိုးနွယ်စု ကျင့်ကြံသူတွေက သူတို့ရဲ့ ပစ္စည်းတွေအားလုံးကို ငါတို့ဆီ လာလှူပြီးတော့ ငါတို့ တိုက်ခိုက်ရမဲ့ နောက်ဆုံး BOSSကို အနိုင်ယူဖို့ လိုတာတွေ အကုန်လုံးကိုပါ ပြင်ဆင်ပေးခဲ့တာပေါ..."
"ဟီးဟီးဟီး... ကံတရားဆိုတာ အံ့ဩစရာ အရာတစ်ခုပဲ။" လျှိုချူးချူးက လျှာထုတ်ကာ ချစ်စဖွယ် ပြုံးလိုက်၏။
"ရွှေရောင် စာရွက်ထဲမှာ ပြောထားတာကတော့ ရေကန်အခြေက မကောင်းဆိုးဝါးက လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀လောက်က သွေးမျိုးနွယ်စုတစ်ချို့ ရှာတွေ့ခဲ့တာတဲ့။ ဒါပေမဲ့ သူတို့က မကောင်းဆိုးဝါးကြီးကို ကောင်းကောင်းမကိုင်တွယ်လိုက်နိုင်လို့ အသတ်ခံရတော့မလိုတောင် ဖြစ်သွားတာတဲ့။ သူတို့က အဲ့အချိန်တုန်းကလဲ မကောင်းဆိုးဝါးကြီးကို အလွတ်မပေးချင်ဘူးတဲ့။ လေ့လာမှုတစ်ချို့ကို ပြုလုပ်ပြီးတော့ သူတို့က ရေကန်ဖြူထဲက မကောင်းဆိုးဝါးကို သတ်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဒီမန္တန်ဖွဲ့စည်းခြင်း သုံးခုကိုပြုလုပ်ခဲ့တာ။"
"ဒီမှာပြောထားသေးတာက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးက ပုံစံနှစ်မျိုး ရှိသေးတာတဲ့ တစ်ခုက လူသားပုံစံဖြစ်ပြီး နောက်တစ်ခုက နဂါးပုံစံတဲ့။ အဲဒါက အရမ်းကို မြန်တယ် အဲဒါမို့ သူ့ကို အနားကပ်ခွင့်မပေးနဲ့တဲ့ မဟုတ်ရင် စိတ်ကူးမယဉ္နိုင်တာတွေ ဖြစ်သွားမယ်တဲ့..."
"ဒီမှာ ဆက်ပြောထားတာက ငါတို့က ပထမဆုံးမကောင်းဆိုးဝါးကို ဒဏ်ရာရပြီး ဆွဲဆောင်နိုင်အောင် ကြီးမြတ် ပေါက်ကွဲရေး ဖွဲ့စည်းခြင်းကို အသုံးပြုသင့်တယ် ပြီးရင် သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်းကို သုံးပြီး ပိတ်လှောင်ထားရမည် နောက်ဆုံးကျရင် အဲဒါကြီးကို နည်းနည်းနဲ့ သိတ်လို့ ရအောင် စိတ်ဝိညာဉ္ ချိုးဖောက်ခြင်း ဖွဲ့စည်းခြင်းကို သုံးသင့်တယ်။"
လျှိုချူးချူး၏ အသံမှာ အန်လင်းကိုကြည့်ကာ တိုးတိုးသွားလေ၏။ ထိုသည်မှာ သူမက သူ့၏ အကြံတောင်းနေသကဲ့သို့ပင်။
အန်လင်းက ခေတ္တမျှ အခြေအနေကို တွေးတောလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။ "ငါတို့ စမ်းကြည့်လို့ရတာပဲ။ ငါမန္တန်ဖွဲ့စည်းခြင်းတွေကို အသက်သွင်းလိုက်မယ်။ တီနာ၊ နင်က ငါ့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်နော်။ စီနီယာ ကျောင်းသူ လျှို၊ နင်က ဒီကနေ ဝေးနိုင်သမျှ ဝေးဝေးသွားပြီးတော့ လိုအပ်လာရင် မကောင်းဆိုးဝါးကို ပစ်သတ်ဖို့ ပြင်ထားလိုက်။"
လျှိုချူးချူးက ဤအစီအစဉ္ကို လက်ခံကြောင်း ဖော်ပြကာ တီနာသည်လည်း သူမ၏ အထူးမြင့်မြတ်ဓားက လုပ်ရှားမှုတစ်ချို့ ဆာလောင်နေပြီဟု ပြောဆိုလာလေ၏။
လျှိုချူးချူးက ချောင်းမြှောင်းပစ်ခတ်ရာ စခန်းဖြစ်ရန် သင့်တော်သော အဝေးမှ နေရာတစ်ခုကို ရွေးလိုက်၏။
ထို့နောက် အန်လင်းက ကြီးမြတ်ပေါက်ကွဲရေး ဖွဲ့စည်းခြင်းဆီသို့ လျှောက်လာလိုက်၏။ ထိုဖွဲ့စည်းခြင်းအပေါ်မှ သွေးကြော ပုံစံများက ရေကန်ဖြူ၏ အောက်ခြေအထိ ဆန့်ထွက်လာလေ၏။ ထိုသည်က အလွန်ပင် ကြီးမားပြီး ပေါက်ကွဲရေး ဗဟိုချက်မှာ ရေကန်ဖြူ၏ အလယ်ခေါင်တွင် တည်ရှိလေ၏။
"ကြီးမြတ် ပေါက်ကွဲရေး ဖွဲ့စည်းခြင်း; ပေါက်ကွဲစေ..."
သူက အော်ဟစ်လိုက်ရာ သက်ရှိစွမ်းအင်က ပြင်းပြင်းထန်ထန် တိုးဝှေ့လာပြီး မြေပြင်ပေါ်မှ သွေးကြောပုံစံများကို အနီရောင် တောက်တောက် လင်းလက်လာစေ၏။
ရေကန်ဖြူထဲမှ ရေများက ဆူပွက်စပြုလာကာ ကြောက်မက်ဖွယ် စွမ်းအင်က ရေကန်အခြေတွင် ဖြစ်တည်လာလေ၏။
ဘုန်း...
ကမ္ဘာမြေအက်ကွဲစေနိုင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြီး ကမ္ဘာကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားလေ၏။
ကီလိုမီတာပေါင်းများစွာ ကျယ်ပြန့်သော ရေကန်အတွင်းမှ ရေများအားလုံးက လေထဲသို့ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် ပေါက်ကွဲမှုက ရေကန်အောက်ခြေကို ကြက်သွေးရောင် ပြောင်းသွားစေ၏။ အလွန်အမင်း လောင်ကျွမ်းနေသော အပူလှိုင်းများက အပြင်ဘက်သို့ ဖြာထွက်လာကာ ရေကန်ပတ်လည်မှ မြေကြီးပေါ်တွင် ပေါ်လာလေ၏။
"ဝေါင်း..."
ကြီးမားသော ရေမှုန်ရေမွှားများက လေထဲသို့ မပေါက်ကွဲထွက်မီတွင် ရေကန်အောက်ခြေမှ စူးရှစွာ အော်ဟစ်မြည်တမ်းသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ချက်ချင်းပင် ရေကန်၏ အလယ်ခေါင်တွင် ပုံရိပ် တစ်ခုပေါ်လာလေသည်။
ပုံရိပ်မှာ ၁၀ပေ ရှည်လျားပြီး ခြေလေးချောင်းနှင့် ဖြစ်သည်။ ထိုသည်က ပုန်းကွယ်နေသောသားရဲပန်းချီနှင့် တစ်ထပ်တည်းပင်။ မရေမတွက်နိုင်သော ကြက်သွေရောင် မျက်လုံးများက ထိုအရာ၏ ဖြူစွတ်စွတ် ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေကာ ထူးဆန်းသော အလင်းတစ်ခု ထုတ်လွတ်နေလေ၏။ ထိုအရာ၏ ဦးခေါင်းက လူပုံစံဖြစ်ကာ သေဆုံးခြင်းအကြည့်ဖြင့် သူ့၏စွေးစွေး မျက်လုံးများကို အန်လင်းဆီသို့ ကြည့်လာလေ၏။
မကောင်းဆိုးဝါးကြီးက နက်စွေးစွေးမျက်လုံးများဖြင့် သူ့ကိုကြည့်ကာ အော်ဟစ်လို်က်ရာ ကျောရိုးတစ်လျှောက်စိမ့်အေးသွားလေ၏။
ထိုသည်က ရေကန်ဖြူ၏ အောက်ခြေမ မကောင်းဆိုးဝါး မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးဖြစ်လေ၏။
"ငလူး။ သူတို့ပြောတာက ပေါက်ကွဲခြင်းက အဲဒါကို ဒဏ်ရာရပြီး ဆွဲဆောင်ဖို့ဆို။ အဲဒါက ဆွဲဆောင်လိုက်တာတော့ သေချာပေမဲ့ ဒဏ်ရာတွေက ဘယ်မှာတုန်းဟ။ ဒဏ်ရာရော ရသွားရဲ့လား။ ကြည့်ရတာ ခြစ်ရာလေးတစ်ခုတောင် မရတဲ့ ပုံပဲ..."
အန်လင်းက ဒုက္ခအကြီးအကျယ်ရောက်ပြီဟု ခံစားလိုက်ရ၏။
သို့သော် သူက တုံ့ဆိုင်းမနေနိုင်ပါချေ။ ချက်ချင်းပင် သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်းဆီသိုလ တိုးဝင်သွားကာ သက်ရှိစွမ်းအင်ကို ထိုးသွင်းလိုက်လေ၏။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ မျက်လုံးတစ်ထောင်လုံးမှာ ချက်ချင်းပင် အန်လင်းဆီသို့ လှည့်ကြည့်လိုက်ကြ၏။
စာစဉ် ၃၅ ပြီး၏။
----------------